Aug 31, 2009

“ ဖႜုံလိက်ထူ့လီ ”ခေါ်ပေရေးရှေးဟောင်းကရင်စာပေသမိုင်း...

“ဖႜုံလိက်ထူ့လီ ”ခေါ် ပေရေးကရင်စာပေတစ်မျိုးကို အရှေ့ဘက် ပိုးကရင်များက မိမိတို့အမျိုးသားအသံထွက်ဖြင့် လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာကပင် ရေးသား ဖတ်ရှုခဲ့ကြောင်း အဆိုရှိကြ၏။ ယခုလက်တွေ့မြင်နိုင်သော ပေစာများအရ လေ့လာ ကြည့်မယ်ဆိုလျှင် အထက်ပါနှစ်ပေါင်းမြောက်များစွာကပင် ရေးသားဖတ်ရှုလာခဲ့ကြောင်း ဆိုသည့်စကားသည် ယုတ္တိကင်းခဲ့သောစကားဟု ဆိုရန်ခဲ့ယဉ်သည်ကို တွေ့နိုင် မည်ဖြစ် သည်။ ယခုအခါ တွေ့မြင်နိုင်သော ပေရေးကရင်စာပေ(၎င်းကို အချို့က လိက်ရုက်လး(သို့မဟုတ်)လိက်ဓ၀်ၟထူ့လည်းခေါ်သည်) တွင် ရေးသားထားသည်။ ရေးဟန်များမှာ များသောအားဖြင့် ကဗျာလင်္ကာဖြင့် စီကုံးရေးသားသော လင်္ကာစာတန်းရှည်ကြီး များချည်း လိုပင်တွေ့နိုင်မည်ဖြစ်သည်။ အရေးအသားများမှာ အဆင့်အတန်းအားဖြင့် အတော် ပင်မြင့် မားလှသည်ကိုတွေ့နိုင်သည်။ ရေးသားသည့်အကြောင်းအရာများမှာလည်းစုံလင်လှသည်။ လောကီရေးရာ လောကုတ္တရေးရာများကို အခြေခံပြီး ရေးသားထား ချက်များဖြင့်ပြည့်နှက် လျှက်ရှိပေသည်။ ယင်းပေရေး ဖႜုံလိက်ထူ့လီဋ္ဋဋ္ဋစာပေကိုလေ့လာစီစစ်မည်ဆိုလျှင် အရာ အားဖြင့်ကျယ်ဝန်၍ ဝေါဟာရအသုံးအနှုန်းရော အမျိုးသားတစ်ရပ်၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို ဖေါ်ထုတ်ရေးသားချက်များပါ ကြွယ်ဝစွာ ရေးသားမှတ်သားလျှက်ရှိသော စာပေတစ်ရပ်ဖြစ်ကြောင်းတွေ့မြင်နိုင်မည်ဖြစ်သည်။

တကယ်ဆို၍ စာပေဆိုသည်မှာ အမျိုးသားတစ်ရပ်၏ ယဉ်ကျေးမှုကိုထိန်းသိမ်း ရာတွင် အဓိကအရေးပါလှသော အကွပ်အကတစ်ခုဖြစ်ပေသည်။ စာပေ အရေးအသား ကြွယ်ဝမှုနှင့် လေးနှက်မှုသည် အမျိုးသားတစ်ရပ်၏ ယဉ်ကျေးသိမ်မွေ့မှုကို ညွန်ပြသော မီးရှူးတစ်ဆောင်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ အရေးအသားအားဖြင့် လေးနက်မှုမရှိ ကြွယ်ဝမှု မပြည့်စုံသောစာပေသည် အမျိုးသားတစ်ခုကို ယဉ်ကျေးစေသည့် အဆင့် အတန်း မြင့်မားစေသည့်အဖြစ်သို့မညွှန်ပြ မပို့ဆောင်နိုင်ပေ။ (ညွှန်ပြပို့ဆောင်ပေးနိုင်မည် မဟုတ်ပေ) တစ်ဖန်စာပေး၏ အလေးအနက် ကြွယ်ဝမှု စသည်များကို တိုင်းတာလေ့ လာ တတ်သော ကမ္ဘာ့စာပေပညာရှင်ကြီးများ၏ အလယ်တွင်မျက်နှာပန်းလှနိုင်မည်မဟုတ်ပေ။
လူမျိုးတစ်မျိုးမှာ မိမိတို့အသုံးပြု ဖတ်ရှူ့ရေးသားသည့် စာပေသည် ကြွယ်ဝမှု လေးနက်မှု ရှိမှသာလျှင် အခြားသော အဆင့်အတန်းမြင့်ပြီး ယဉ်ကျေးသိမ်မွေ့ပြီးဖြစ်သော သူတို့၏ အလယ်တွင် မျက်နှာမငယ်ဖြစ်နိုင်မည်သာဖြစ်သည်။ အထက်ဆိုခဲ့သော “ဖႜုံလိက်ထူ့လီ”ခေါ် ပေရေးကရင်စာပေကို ကမ္ဘာ့စာပေ အဆင့်အတန်မှီသည့် စာပေတိုင်း တာမှု မျိုးဖြင့် ဖိတ်ခေါ် နိုင်စွမ်ရှိမည် မဟုတ်သော်လည်း အောက်ပါ အချက်အလက်များ အပေါ် မူတည်ပြီလေ့လာကြည့်ပါက အတော်ပင်ကြွယ်ဝပြီး အဆင့်အတန်းအားဖြင့် မနိမ့်ကျလှသော စာပေတစ်ခုဖြစ်ကြောင်းရိပ်မိနိုင်မည်ဖြစ်သည်ဟု ထင်မိပေသည်။
“ဖႜုံလိက်ထူ့လီ” လေ့လာာရာတွင်--

ဆက်ဖတ်ရန်...


၁။ ဗျည်း၊ သရ၊ သဒ္ဒါနည်းစသည်တို့၏ ပြည့်စုံမှု ကြွယ်ဝမှုရှိ မရှိ၊
၂။ ၎င်းစာပေ၏ အရေးအသား ကျယ်ပြန့်ကြွယ်ဝမှု ရှိ မရှိ၊
၃။ ၎င်းစာပေဖြင့် လူမူရေး စီးပွါးရေး ဘာသာရေး စသည်ဖြင့် ရေးသားထားခဲ့မှု ရှိ မရှိ၊
၎။ အမျိုးသား၏ ယဉ်ကျေးမှု ဓလေ့ထုံးစံစသည်များကို ထိန်းသိမ်ကွပ်ကဲ နိုင်စွမ်းရှိသည့် စာပေဟုတ် မဟုတ်၊
၅။ အဆင့်အတန်းမြင့်မားသော အခြားစာပေတို့၏ ရေးထုံးအသံထွက်နည်း ရေးဟန်စသည်များနှင့် ယှဉ်နိုင် မယှဉ်နိုင်၊
၆။ ၎င်းစာပေကို ရေးသားအသုံးပြုလာခဲ့ကြသည့် ကာလတို့ကို အကျဉ်းအားဖြင့် လေ့လာကြည့်မြင်ဆိုလျှင်
(၁)အရ ဗျည်းသရများ စုံလင်မှု ရှိ မရှိကို ရှေးဦးစွာ စီစစ်ကြည့်ရန်လိုပေသည်။

ကရင်အမျိုးသားအသံထွက်ဖြင့် ရေးသားရာတွင်၎င်းတို့၏ပြောဆိုရသော ဝေါ်ဟာရအလိုက်ပြည့်စုံသောအသံထွက် ရှိရမည်ဖြစ်သည့်အားလျော်စွာ “ဖႜုံလိက်ထူ့လီ”တွင် ရေးသားထားသော ဗျည်းသရများ လုံလောက်စွာရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့ယူငင်သုံးစွဲထားသည့် ဗျည်အရေအတွက်အားဖြင့်(၃၆) လုံးရှိပြီး သရအားဖြင့်(၁၄)ရှိပေသည်။ သရ(၁၄) ယူငင်ရေးသားထားသည်မှာ လိုအပ်သလိုယူငင်ရေးသားရသည်ဖြစ်၍ များစွာစောဒကတက်ဖွယ် ဆိုဖွယ်ရာ မရှိသော် လည်း ဗျည်းလို(၃၆)လုံးမျှ ယူငင်သုံးစွဲထားခြင်းကြောင့် အချို့သောဗျည်းများမှာ လိုအပ်သည်ထက်ပိုမို ယူငင်သုံးစွဲထားသည်ဟု ယူဆဖွယ်ရာရှိနေသည် ကိုတွေ့ရမည်ဖြစ် ပေသည်။ သို့သော ပေစာအရေးအသားများတွင် စိစစ်လေ့လာကြည့်သောအခါ ရှေးလူကြီး သူမတို့ ရေးသားလာခဲ့သော စာပေများတွင် ယခု တွေ့မြင်ရသောဗျည်း(၃၆)လုံးကို သူ့နေရာနှင့်သူအံဝင်ခွင်ကျဖြစ်အောင် သုံးနှုန်းရေးသားထားသည်ကိုတွေ့ရပေသည်။
စင်စစ်ဗျည်(၃၆)လုံးတွင် သူ့အသံထွက်နှင့်သူ ခြားနှားစွာရှိကြပေသည်။ အသံထွက်ခြင်း မတူညီကြပေ၊ အသံထွက်မတူညီကြသည့်အလျှောက် ရေးသားရာတွင် သူ့နေရာနှင့်သူ အံကိုက်အောင် နေရာတကျ သုံးနှုန်းရေးသားထားသည်မှသာလျှင် ဆိုလိုသည့် အဓိပ္ပါယ်သို့ သက်ရောက်နိုင်မည့် စကားလုံးပေါ်ထွက် လာနိုင်မည်ဖြစ်သည်။ သာမာန်ကာလျှံကာ အသံထွက်ရာတွင်စည်းစနစ်မကျတော့ဘဲ ဆိုလိုရင်းအဓိပ္ပါယ်လည်း လွဲချော်တတ်ပေသည်။ ဤသည်များမှာ အဆင့်အတန်းမြင့်မားသောစာပေများ၏ ရေးထုံးအစဉ်အလာ တစ်ရပ်ဖြစ်ပေသည်။ “ဖႜုံလိက်ထူ့လီ”ခေါ် ပေရေးစာပေတွင်ဤ အ စဉ်အလာများကို လိုက်နာသောအားဖြင့် ပြည့်စုံကြွယ်ဝသောဗျည်းများကို အပြည့်အဝ သုံးစွဲရေးသားလာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်၏။
လူမျိုျးတစ်မျိုး၏ သုံးစွဲရေးသားလာကြသောစာပေသည် ၎င်း၏ ဆင်းသက်ပေါ်က် ဖွားလာခဲ့ရာ မူလစာပေ၏ အခြေခိုင်မူ၊ ရှေးကျမူ၊ ခံငြားမူ၊ အဆင့်အတန်းမြင့်မားမူ စသည်များပေါ် အားထားသမှူပြုပြီး ဂုဏ်ယူတတ်ကြစမြဲ ဓမ္မတာပင်ဖြစ်ပေသည်။ ယခုသော် မွန်၊ မြန်မာ စသော စာပေများသည်ရှေးက ဗြဟ္မီ၊ ကုသန၊ ကဒမ္ပ စသောကျော်ကြားသည့် ရှေးဟောင်းစာပေများမှ ဆင်းသက်လာကြောင့် ဂုဏ်ယူတတ်ကြသကဲ့သို့ ဖြစ်လေသည်။ “ဖႜုံလိက်ထူ့လီ” ကရင်စာပေကိုလည်း တကယ်အရင်းအမြစ် ၎င်း၏ ဗျုပ္ပတ်ကိုစီစစ်ကြည့်သောအခါအထက်ဆိုခဲ့သော ဗြဟ္မီ စသည့်စာပေများမှ ဆင်းသက်ခဲ့သော စာပေဖြစ်ကြောင်း ငြင်းနိုင်စရာအ ကြောင်းမရှိပေ ၎င်း၏ ဆင်းသက်လာရာ မူလရေသောက်မြစ်သည် စင်စစ်ဆို ခန့်ငြားပြီး အခြေခံသည် သာဖြစ်ကြောင်း တွေမြင်ရပေသည်။ “သဒ္ဒါနည်းအရ” “ဖႜုံလိက်ထူ့လီ” စာပေလေ့လာ လျှင်လည်း ရေးထုံးသဒ္ဒါနည်းကို တစ်ကျမ်းတစ်ဖွဲ့အနေဖြင့် ရေးသားထားခဲ့သော သဒ္ဒါကျမ်းရှိသည်ဟု မတွေ့ရသေးသော်လည်း မကယ်တမ်း စာပေများတွင်ရှိအပ်သည့် သဒ္ဒါ စစ်တန်းဖြင့် လေ့လာစီစစ်မည်ဆိုလျှင် စည်းစနစ်ကျသော သဒ္ဒါနည်းများဖြင့် အတော်ပင်ပြည့်စုံစွာနှင့် ပြီးဖြစ်သည်ကို တွေ့ရပေမည်။ “ဤနေရာတွင် သဒ္ဒါနည်းဆိုသည့် အဓိပ္ပါယ်ကို အကျယ်ရှင်းရန်လိုမည်မထင်၍ ဤကဲသို့ အရိပ်အမြွက်မျှသာ ရေးသားရခြင်းဖြစ်သည်။
နပါတ်(၂) အရ အရေးအသား ကျယ်ပြန့်ကြွယ်ဝမှု ရှိမရှိဆိုသည့် အချက်နှင့်ပတ် သက်ပြီး လေ့လာကြည့်လျှင် ပထမဦးစွာ ရေးထုံးရေးဟန်၏ ကြွယ်ဝမှုကို လေ့လာရ ပေမည်။ ရေးထုံးရေးဟန်အရ အထက်ကဆိုခဲ့သည့်အတိုင်း သဒ္ဒါနည်းအရရော ကဗျာ၊ လင်္ကာ၊ စကားပြေ၊ အရေးအသားများပါ တော်တော်ပင် ပြည့်စုံကြွယ်ဝစွာ ရေးသားခဲ့ ကြသည်ကို တွေ့ရမည်ဖြစ်၏။ သိရှိသမျှ လွန်ခဲ့သော နှစ်ပေါင်း(၃၀၀)ခန့်က ရေးသားသည့် ပေစာ များတွင် ကဗျာအရေးအသား ဆန်သောပြဇာတ် “လိက်ဏဲဍံင်” များကိုပင်ရသ မြောက် မျွာ စွာရေးသားဖတ်ရှူ့လာခဲ့ကြောင်းကို သိရှိရပေသည်။ “သို့သော် ထိုစာပေ များမှာ လောကဓံ၏ လှိုင်းချက်ကြောင့် ပျောက်ပျက်ဆုံးပါးရခြေပြီး ၎င်းစာပေများကို ဖတ်ရှူ့လိုက်ရသောသူများ အသက်ရှင်နေသေးသည် ဖြစ်၍သာ ထိုအကြောင်းကို သိရှိခွင့်ရတော့သည်။ ယခုအခါ ဘားအံမြို့တွင် ၎င်းပေမူ “စဝ်ထၞူလာ” စသော ကရင် ရှေးဟောင်းပုံပြင် စသည်များကို ဖတ်ရှူ့လိုက်ရသော အဖိုးအိုများရှိပါသေးသည်။
အခြားသော နီတိကျမ်းများ ပုံပြင်များ ဓလေ့ထုံးစံများ၊ စိတ်ပညာကျမ်းများ၊ ကမ္ဘာဦး အကြောင်းများကို ရေးသားထားသည့်ကျမ်းများ လူဖြစ်စဉ်သမိုင်းကျမ်းများ ရာဇဝင်ကဏ္ဍများ ဆုံးမစကားများ စသည်တို့ကို တခမ်းတနား ရေးသားထားသည့် ပေမူကျမ်းစာများ မြောက်များစွာရှိနေသည်ကို တွေ့ရသောအားဖြင့် ၎င်း“ဖႜှုံလိက်ထူ့လီ”၏ အရေးအသားအတွေးအခေါ်ရေးဟန် လေးနက်ကြွယ်ဝမှုများမှာ အတော်အဆင့် အတန်းမြင့်မားကြောင်း လေ့လာသူတိုင်းပင် တအံ့တသြဖြစ်သွားကြပေသည်။ (အထူးသဖြင့်) “ပရပိုဒ်” ဖြင့်ရေးသားသော အတော်ရှေးကျပြီး အထောက်အထားခိုင်လုံ သည့် ရှေးဗေဒင်ကျမ်းများကိုပင် ရေးသားထားချက်ရှိသည်ကို တွေ့မြင်ရသောအခါ ၎င်း “ဖႜုံလိက်ထူ့လီ”၏ အဆင့်အတန်းကို အထင်မသေးကြတော့ပေ။ အခြားသော ဘာသာရေး သက်ဆိုင်ရာကျမ်းစာများကိုမူ ယခုလက်ရှိ တွေ့မြင်ရသော ပေမူများအရ ကျမ်းစာပေ မပေါင်း(၁၅၀)မျှ ရေးသားထားချက်ရှိပြီးဖြစ်ကြောင်း သိရှိရပေသည်။ ဤသည်များမှာ ယခုအခါ တွေ့မြင်နိုင်သည့်ပေစာများပင်ဖြစ်သည်။ ပျောက်ဆုံးသွားသောပေမူပေါင်း မည်မျှရှိပြီး ချောင်ကြိုချောင်ကြားတွင်သိမ်းဆည်း ထားသည့်ပေမူပေါင်း မည်မျှရှိသေး သည်ကိုမူ သိရှိဟန်ခဲယဉ်နေပေးသေးသည်။
နံပါတ်(၃) အရ စီစစ်ကြည့်လျှင် အထက်ပါရေးသားထားသော ကျမ်းစာများကို လေ့လာကြည့်သောအားဖြင့် သိသာလောက်ပေပြီ၊ ခေတ်မှီရေးသားထားမှုပေမူကျမ်းစာ များ နည်းပါးနေသည်တိုင်အောင် တဖြည်းဖြည်းနှင့် လူမူရေး၊ စီးပွားရေးစသော ခေတ်နှင့်ရင်ဘောင်တန်းနိုင်မည့် အရေးအသားသို့ရောက်အောင်ဆွဲဆောင်လာလျှက်ရှိနေကြပေပြီ။
နံပါတ်(၄) အရ လေ့လာစီစစ်မည်ဆိုလျှင် “ဖႜုံလိက်ထူ့လီ”ဖြင့် အမျိုးသား၏ ယဉ်ကျေးမှုဓလေ့ထုံးစံ စသည်များကို ထိန်းသိမ်းကွက်ကဲနိုင်မည့် စာပေဟုတ်မဟုတ် ဆိုသည့် အချက်နှင့်ပတ်သက်ပြီး စီစစ်စရာများစွာပင် ရှိနေပေသည်။ ယဉ်ကျေးမှူဆိုသည် မှာ အရာကျယ်ဝန်းလှပေသည်။ ထို့အတူ ယင်းယဥကျေးမှူများကို ကွတ်ကဲ ထိန်းသိမ်းမည် စာပေကို စီစစ်ရန်မှာလည်း အရာကျယ်လှမည်ဖြစ်သည်။ နောက်ဆုံးတွင် “ဖႜုံလိက်ထူ့လီ” ဖြင့် ကရင်အမျိုးသားတို့၏ဂုဏ်ကို ဆောင်နိုင်သော ယဉ်ကျေးမှု၊ ထိန်းသိမ်း ကွတ်ကဲနိုင် မည့်စာပေ ဖြစ်နိုင်မနိုင်ကို သိရှိရန်မှာ ကိုယ်တိုင်ကိုယ်ကျ ယင်းစာပေကိုလေ့လာပြီး တတ်မြောက်ကျွမ်းကျင် လာသောအခါတွင်မှ ဆုံးဖြတ်သတ်မှတ်နိုင်မည် ဖြစ်သည်ဟု ထင်မိပေသည်။
(အချို့က၎င်းစာပေသည် မွန်စာပေနှင့်တူသည်၊ မြန်မာနှင့်မကွဲမပြားဟုဆိုပြီး အထင်မကြီးကြချေး။ သို့သော် တကယ့်ပင် မွန်စာနှင့်တူသလော၊ အသွင်ဟန်တူရုံဖြင့် အထင်သေးစရာဟုဆိုလျှင် အင်္ဂလိပ်စာနှင့် အသွင်တူသော ဂျာမာန်စာကို အထင်ကြီး စရာမရှိတော့ချေ။ တရုတ်စာနှင့်တူသော ဂျုပန်စာကို အထင်သေးစရာ ပင်ဖြစ်တော့သည် သာ) စင်စစ် ဂျာမာန်စာသည် အင်္ဂလိပ်စာ၏ ဩစာခံမဟုတ်သလို ဂျပန်စာသည်လည်း တရုတ်စာ၏ လက်အောက်ခံမဟုတ်ပါပေ။ အခြားသော အသွင်တူပြီး အရည် အချင်းခြား နားသော စာပေမြောက်များစွာရှိသကဲသို့တည်း)
နံပါတ်(၅)အရ အဆင့်အတန်းမြင့်မားသော အခြားသောစာပေတို့နှင့် ယှဉ်နိုင်၊ မယှဉ်နိုင်ကိုမူ အထူးစီစစ်ရန် လိုအပ်သော်လည်း ဤနေရာတွင် အလွန်ကျယ်ဝန်း သွား မည်ဖြစ်၍ အရိပ်အမြွက်လောက်သာ လေ့လာစီစစ်သင့်ပေသည်။ အခြားသော အဆင့် အတန်းမြင့်မားပြီး ကျယ်ဝန်းကြွယ်ဝလှသည့်စာပေများကို ကြည့်လျှင် ရေးသားသည့်ဟန်၊ ရေးသားသည့်အမူအရာများနှင့် ရေးထုံးတို့အလိုက်စာရေးသားသူကို ဥာဏ်ကွန့်မြူးလျှင် ကွန့်မြူးသလောက် စာပေများမှာလည်း အဆင့်အတန်းမြင့် မားလာတော့သည် သာဖြစ် သည်။ “ဖႜုံလိက်ထူ့လိ” တွင်လည်း ရေးသားသောအကြောင်းအရာနှင့် ရေးသားကြ သည့် ဟန့်တို့မှာ တကယ်ပင်လေ့လာလျှင် လေ့လာသလောက် အဆင့်အတန်းမနိမ့်သော စာပေဖြစ်ကြောင်းသိလာရမည်ဖြစ်ပေသည်။ ရေးထုံးသဒ္ဒါနည်းများမှာ အသံအနေအထား သဒ္ဒါနည်းစသည်တို့ကိုအထူးဂရုစိုက်ပြီး သူ့ရေးထုံးနှင့်သူ၊ ခွဲခြားရေးသား တတ်ခြင်း ကြောင့် အချို့နေရာများမှာ ရုတ်တရက်အားဖြင့် ရေးထုံးရှုတ်ထွေးသွားသကဲသို့ ထင်ရ သော်လည်း စင်စစ် သူ့အသံထွက်နှင့်သူ၊ သူ့ရေးထုံးနှင့်သူ၊ ခွဲခြားလို၍သာ ခြားနားသော ရေးထုံး(ဝ) အသံထွက် တူသယောင်နှင့် ရေးထုံးမတူသည့် ရေးနည်းများကို အသုံးပြု ထားကြောင်းတွေ့ရမည်ဖြစ်လေသည်။
ဥပမာအားဖြင့်--ထောဟ်-ငှက်
ထောဝ်- ဝက်
ထောတ်- ခြံစည်းရိုး--ဤကဲသို့ အသံတူမယောင်နှင့် ရေးထုံးကွဲပြီး အဓိပ္ပါယ်ခြားနားသော ရေးထုံးပေါင်းမြောက်များစွာကိုတွေ့ရမည်ဖြစ်ပေသည်။ စင်စစ်ဤကဲသို့ ခွဲခြားရေးသားသည့်အသွင်ထုံးတမ်းမှာ စာလုံးပေါင်းရှုတ် ထွေးများပြား ချက်မျှသာဖြစ်သည်ဟု ထင်မှားစရာရှိသော်လည်း သေချာစွာလေ့လြာ့ကည့်သောအခါ အရေးအသားစာလုံးပေါင်း ကြွယ်ဝမူနှင့် အသံနေအသံထား (အသံထွက်)တို့ကို ဂရုစိုက် ကြောင်းတွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် ဤမျှလေ့လာခြင်းဖြင့် “ဖုံလိက်ထူ့လီ”၏ ရေးထုံးရေးဟန်များမှာ အဆင့်အတန်းမနိမ့်ကြောင်းအမြွက်အားဖြင့်သိသာနိုင်သည်။
နံပါတ်(၆) အရ စီစစ်ကြစို့။ “ဖႜုံလိက်ထူ့လီ” ကိုမည်သည့်ခေတ်ကာလ မည်သူသည်စတင်တည်ထွင်ရေးသာလာခဲ့သနည်း- ဆိုသည့်မေးခွန်းမျိုးကို သိလို သူ တိုင်းက မေးမြန်းသည်သာဖြစ်သည်။ အချို့သောအားဖြင့် စာရေးသားသည့်အသွင် သဏ္ဍန်ကိုကြည့်သောအားဖြင့် မွန်(သို့မဟုတ်) မြန်မာတို့လို မှီငြမ်းပြီး ရေးသားကြောင်း လွယ်ကူစွား ဆုံးဖြတ်ကြမည်သာဖြစ်သည်။ မည့်သည့်ခေတ်ကာလ မည်သူထွင်ခဲ့သနည်း ဆိုသည့်မေးခွန်းနှင့် “ဖႜုံလိက်ထူ့လီ”ကိုရေးသားအသုံးပြုသူတို့သည် မကြာမကြာရင်ဆိုင် ရမည်မှာ မလွဲပေ။ ထိုအခါ သူတို့သည် အဖြေရှာရန်ခက်ခဲသွားတတ်ကြတော့သည်။ ဟုတ်ပေသည် ဤမေးခွန်းမျိုးသည် ဖြေဆိုရန် လွယ်ကူသောမေးခွန်းမျိုးမဟုတ်ပေ။ အကယ်၍သာ လွန်ခဲ့သော နှစ်ပေါင်းမကြာာသေးမှီကမှ တစ်စုံတစ်ဦးက တည်ထွင်ပြီး ၎င်း၏ တီထွင်ရေးသားချက်ကိုမှတ်တမ်းနှင့်ရေးသားထားခဲ့မှုရှိပါက ထိုမေးခွန်းမျိုးကို ဖြေဆိုရန်လွယ်ကူမည်ဖြစ်ပေသည်။ သို့သော် အချို့သော စာပေတို့မှာ ဤကဲ့သို့ မှတ်သား ထားချက် မရှိသည်ကတကြောင်း၊ ကာလအားဖြင့်ကြာငြောင်းခဲ့ပြီးဖြစ်၍ အစရှာရခဲ့ပြီး တိမ်မြုမ်ပျောက်ကွယ်သွားသည်ကတကြောင်း၊ ထို့ကြောင်း အထက်ပါ မေးခွန်းမျိုးကို ဖြေဆိုရခဲ့သည်သာဖြစ်ပေသည်။ ယခုအခါ အထောက်အထားခိုင်လုံပြီး ကျော်ကြား လာသော မွန်စာပေကို မည်သည်ခေတ်ကာလက မည်သူတီထွင်ရေးသားလာခဲ့သည်ကိုပင် မှန်ဆချက်ကလွဲပြီး အဖြေရှာရ ခက်ခဲဆုံးပင်ရှိနေသေးသည်။ ၎င်းနည်းတူ မြန်မာစာတိုက လည်း မွန်စာပေမှတစ်ဆင့် (သို့မဟုတ်) တိုက်ရိုက်ဗြဟ္မီမှ တဆင့်ကူးပြောင်းရေးသားလာ ခဲ့ကြောင်း စသည်များဖြင့်သာ မှန်းဆနိုင်ကြပြီး မည်သူက မည်သည့်ခုနှစ်တွင် စတင်တီ ထွင်ရေးသားလာခဲ့သည် ဆိုသည်ကို အတိအကျရေးသားမှတ်သားလာခဲ့ခြင်းရှိသည်ဟု မသိရသေးပေ။ “ဖႜုံလိက်ထူ့လီ”ကိုလည်း ဤနည်းဖြင့်ပင် ဖြေဆိုရပေမည်။ သို့သော် မွန်စာပေ၊ (သို့မဟုတ်) မြန်မာစာပေတို့နှင့် မြစ်ဖျားခံလာရာ (သို့မဟုတ်) ရေးထုံးကို ကွင်းဆက်မကင်းကြဟုဆိုလျှင် မှားယွင်းမည် မဟုတ်ဟု ထင်ပေသည်။ သို့သော် မည် သည့်ခေတ်က မည်သူတို့သည် ထွင်လာခဲ့သည် ဆိုသည့် အထောက်အထား သေချာ တိကျစွာ မှတ်သားလာခဲ့မှု မရှိခြင်းကြောင့် အဖြေရှာရန် ထုံးစံအတိုင်း ခဲယဉ်းသွားပြန် လေသည်။ တိုင်းတာသိရှိနိုင်ရန်အကြောင်းရှာ၍ မရတော့ပြီလောဟု မေးမြန်း ဘွယ် ရှိပြန်သည်။
အမှန်စင်စစ် “ဖႜုံလိက်ထူ့လီ” ကိုရေးသားအသုံးပြုခဲ့သည့် ခေတ်ကာလကို (အတိအကျ မဟုတ်သော်လည်း) မှန်းချေအားဖြင့် မှန်းဆကြည့်နိုင်ရန်နည်းလမ်းများ ရှိပေသည်။ ဖႜုံလိက်ထူ့လီ”ကိုရေးသားအသုံးပြုသူတို့သည် မိမိတို့ရေးသားသုံးစွဲသည့် စာပေ၏အတိမ်အနက်နှင့် ခေတ်ကာလ မည်မျှကြာငြောင်းခဲ့ပြီး စသည်တို့ကို စီစစ် လေ့လာရန် မျက်ခြေပြတ်ခဲ့သည်မဟုတ်ပေ။ ရှာကြံကြသည်သာဖြစ်သည်။ သူတို့သည် ပေစာများမှ ရေးသားသုံးနှုန်းထားသည့် အချက်အလက်များကိုကြည့်ပြီး မှန်းဆသည့် နည်းဖြင့် အဖြေရှာခဲ့ာကသည်။ ထိုအခါနီးစပ်သော အဖြေကိုရခဲ့ကြည် လေသည်။ မည်သို့နည်း အချို့သောစာပေများမှ ရေးသားသည့် အက္ခရာ၊ ရေးသားသည့် ဟန်၊ ရေးသားသည့် ဝေါဟာရ၊ ရေးသားသည့် အကြောင်းအရာတို့သည် အခြားသော မွန်စာပေ၊ မြန်မာစာပေတို့နှင့် နှိုင်းယှဉ်ကြည့်သောအခါ “ဖႜုံလိက်ထူ့လီ”၏ ရေးသာလာခဲ့ သော ခေတ်ကာလသည် ကြာညောင်းပြီးဖြစ်ကြောင်းသိသာနိုင်တော့သည်။ မွန်ဖြစ်စေ၊ မြန်မာ ဖြစ်စေရေးသားခဲ့သောစာပေတို့သည် တခေတ်နှင့်တခေတ်မတူကြချေ။ ရေးဟန်ပြောင်း လဲလာခဲ့သည်ကို တွေ့ရသည့်နည်းတူ “ဖႜုံလိက်ထူ့လီ”ကိုလည်း သေချာစွာစီစစ်သောအခါ ထိုကဲသို့သောသဘောကိုတွေ့မြင်ရတတ်ပေသည်။ အချို့သောပေစာမျာတွင် အလွန်ရှေး ကျသောအက္ခရာနှင့် အကြောင်းအရာတို့ အသုံးပြုရေးသားထားကြ သည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ဖြေးဖြေးခေတ်ကာ လအလျှောက် ရေးထုံးအကြောင်းအရာ ဆိုသည့် ပြောင်းလဲလာခဲ့ကြသည်။ အလွန်နီးကပ်လာသောခေတ၏ အရေးအသားများသည် ပြောင်းလဲလာခဲ့ကြသည်ကိုတွေ့မြင်ရမည်ဖြစ်ပေသည်။ နီးကပ်လာပြီဖြစ်သောခေတ်ကာလ၏ အရေးအသား၊ ရေးဟန်၊ ရေးသားသည့် အကြောင်း အရာတို့ကို ကြည့်ပြီးနှစ်ပရိစ္ဆေဒအားဖြင့် မကြာမြင့်သေးဟု ဆုံးဖြတ်ခလျှင် မှန်မည်မဟုတ် ပေ။ အဘယ်ကြောင်းဆိုသော် “ဖႜုံလိက်ထူ့လီ”ဖြင့်နှစ်ပေါင်းမြောက်များစွာက ရေးသားကြ သည့်ရေးဟန်အကြောင်းအရာတို့ဖြင့်ရေးသားထားချက်များကို အချို့သောစာမူများက ရှေးလူကြီသူမတို့ အစဉ်အဆက်သီဆိုလာကြသော ပါးစပ်ရာဇဝင်သဘော၊ ရှေးလင်္ကာကား ---ဍုံသုဝဏဟှာဟှံင်ခါ့၊ ဍုံဖေါဟ်ဍုံလ္ဘီးစာင်းဟှာ၊ မာန်ဒုင်ဍ၀်တႜာအ်ုမတ်၊ လံင့်ကံင်ဖႜုံလိက်ပိဋကတ်၊ ယံင့်ဝဲါဍ၀်ဟှာဟှံင်ပႜ၀်္ဘး၊ ဍေထီဍေဖႜဲာဍေဖေါဟ်မာ့၊ လေ၀်ထင်းဟှာအှ်ဍုံဌာန့်ဝ၊ လေ၀်ထင်းယောဝ်ဆိုင်လိက်ရုက်လး၊ ယွာၟလီၟဆီ့ဟု္ခြြါ႔ထၞာၟ၊ ယောဝ်ဏေ၀်ၟဖူးဏေ၀်ၟခေါဝ်ၟသုဦ့ယွာ၊ စာင်းဟှာဏေ၀်ၟဖႜုံလိက်မူ့လာ၊ အးဆိုဝ်အးဆင့်မိင်လကႜာ၊ ဒဒုက်အးထ၀်္ဘးယှင်ဏါ၊ ဍုံဌာန့်ဝဖိုင်ထံင်ထင်း္ဘါ၊ ပ္တံင်ဍုံဌါန့်အှ်ထာင်သာ့၊ မာလောဟ်ပ၀်ၟအ်ုဆိုဝ်ယှာ၊ လ်ုလင်ထုက်ဏင်ၟဆိုဝ်ဏင်ၟတာ။ ၎င်း၏ အဓိပ္ပါယ်မှာ သုဝဏ မြို့တော် ပျက်စီးစဉ်အခါက မြို့သူမြို့သားတို့ ထွက်ပြေးတိမ်းရှောင် ကြသည့်အထဲတွင် “မန်းဒုံး”ခေါ် ကရင်အမျိုးသားအမတ်တဦးလည်းပါဝင်လာလေသည်။ သူသည်ကရင်ဘာသာဖြင့်ရေးသားပြန်ဆိုထားပြီးဖြစ်သော ပိဋကတ်ကျမ်းစာ များကိုနှစ် မျောလှပြီး အချီးအနှီးပျက်စီးပျောက်ပျက်သွားမည်ကိုစိုးရိမ်သဖြင့် “ဍုံဌါန့်ဝ”ခေါ် (ယိုးဒယားပြည်နယ်စပ်) ဒေသသို့ပြောင်းရွှေ့နေထိုင်တိမ်းရှောင်ခဲ့ကြသည်။ သူသည်ပိဋကတ်ပေစာ (ပေထုတ်) များကို လူပေါင်းလေးဆယ်(၄၀)ဖြင့်ထမ်းစေပြီး ၎င်း၏တပည့်လက်သား၊ သားမယားများကို ခေါ်ဆောင်ကာ ဆင်းရဲပင်ပန်းစွာ ထွက်ခွာပြောင်းရွှေ့သွားကြလေသည်။ သူတို့သည်ဍုံဌါန့်ဝဒေသသို့ရောက်ရှိသွားသောအခါ နေထိုင်ရာ မြို့ရွာတည်ထောင်ပြီး နေထိုင်လာခဲ့ကြသည်။

ထိုအချိန်ကစပြီး၎င်းတို့သည်၎င်းတို့ယူဆောင်လာခဲ့ကြသောပိဋကတ်ကျမ်းစာများကို ကရင်တို့ဘာသာဖြင့် အဆက်ဆက်သင်အံလာခဲ့ကြပါသည်။ ထိုလင်္ကာ၏အဓိပ္ပါယ်ကို ကြည့်သောအားဖြင့် “ဖႜုံလိက်ထူ့လီ” ကိုသထုံခေတ်တွင်လည်း မွန်စာပေတို့နှင့်ခေတ်ပြိုင် ရေးသားနေပြီးဖြစ်ကြောင်းမှန်းဆနိုင်ပေမည်။သထုံပျက်စီးသည်နှစ်မှသက္ကရာဇ်(၄၁၉)နှစ်ဖြစ်၍ ယင်းသက္ကရာဇ်များကို ရှေးရှူထောက်မည်ဆိုလျှင် နှစ်ပေါင်း(၈၀၀)ကျော်(၉၀၀) ခန့် လောက်က “ဖႜုံလိက်ထူ့လီ”ကိုရေးသာရာတွင် အတော်ကျယ်ဝန်းစွာ ရှိနေပြီးဖြစ်လေသည်။
ယင်းအကြောင်းကိုရေးသားမှတ်တမ်းတင်ထားသည့် ပေစားများလည်းလွန်ခဲ့သော ဒုတိယ ကမ္ဘာစစ်တွင် သထုံနယ် ရွာတစ်ရွာမှ ဘုန်းတော်ကြီးကျောင်းတွင် တွေ့ရသေးပြီး၊ ယင်းပေ စာမှာ မီးထဲပါသွားသည်ဟု သိပြန်သည်။ ၎င်းဆရာတော်မှာ ယခုမော်လမြိုင်မြို့ပြည် ကျောင်းတွင် သီတင်းသုံးနေထိုင်လျှက်ရှိနေပေသေးသည်။ ၎င်းနှင့်ပတ်သက်ပြီး အနီးစပ်ဆုံးအထောက်အထာအနေဖြင့် သက္ကရာဇ်(၁၁၅၁)ခုနှစ် ဒုတိယ အင်းဝခေတ် ကုန်ဆုံးခါနီး အချိန်နှင့်တိုက်ဆိုင်သောကာလတွင် ပေါ်ထွန်းလာသည့်“ဖူ့ကျာ်တာမိတ်”ခေါ် ကရင်အမျိုးသားဗုဒ္ဓဘာသာဘုန်းတော်ကြီး၏ စာပေကိုထောက်ထားပြီး ပြောဆိုတတ်ကြ ပြန်သည်။ သို့သော် တခါပြန်ပြီး လေ့လာသောအခါလွန်ခဲ့သည့် နှစ်ပေါင်း(၃၀၀)ကျော်(၄၀၀)လောက်က “ဖူ့ကျာ်တာမိက်ထက်အရင်) “ဖူ့ယောင့်တာပိုင်”စသောပုဂ္ဂိလ်တို့ ရေးသားသည့် စန္ဒကုမ္မာ “စောထမူလာ”(စဝ်ထၞ့ာလာ) စသောပုံပြင်များကိုတဖန်တွေ့ ရှိရခြင်းအားဖြင့် ထိုစာပေသည် လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀)ကျော် “ဖူ့တာမိုက်” ခေတ်ကပင်မဟုတ်ဘဲ ထိုထက်ရှေးကျသည့်ခေတ်က ရေးသားနှစ်ကြပြီး ဖြစ်ကြောင်း သိလာရပြန်ပေသည်။ တဖန်ပြန်ပြီးလေ့လာစင်စစ်ကြည့်သောအခါ ကရင်အမျိုးသားတို့ သည် ယခုတွေ့မြင်နိုင်သော ကရင်တို့ နေထိုင်ရာဒေသသို့မြောက်ပိုင်းမှနေပြီး ဆင်းသက် လာရောက်နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းရာပေါင်းများစွာကြာညောင်းခဲ့ပြီးဖြစ်ကြောင်း မည်သူမျှမငြင်းဆိုနိုင်ပေ။
(ဗြဟ္မီ) သို့မဟုတ် မွန်ခမာတို့ အရေးအသားသည် မြန်မာပြည်အောက်ပိုင်းဆီသို့ ရောက်လာခဲသည်မှာလည်း ၎င်းနှစ်ပေါင်းထောင်နှစ်ချီပြီးကြာညောင်းခဲ့လေပြီ၊ ၎င်းအရေးအသားတို့သည် ကရင်အမျိုးသားနှင့် စောစွာသောခေတ်ကာလကပင်တွေ့ဆုံ ရင်းနှီးမှုပြုလာခဲ့ကြပြီးဖြစ် ကြောင်းသံသယဖြစ်ဘွယ်မလိုတော့ပေ။ ထိုသို့ဆိုလျှင် ကရင်တို့သည် “ဖႜုံ လိက်ထူ့လီ” အရေးအသားနှင့်တွေ့ဆုံရေးလာသည့်ကာလမှာ မကြာမြင့်သေးဟုဆိုရခဲ့ယဉ်သွားတော့သည်။ ရှေးခေတ်က ရှေးအရေးအသားဖြင့် ရှေးဝေါဟာရ အသုံးအနှုံးများကိုသုံးပြီးရေးသားခဲ့မည်ဖြစ်သောလည်းကာလ၏ ပြောင်းလဲလာမှူ အရေးအသား၏ ပြောင်းလဲလာမှုကြောင့် ယခုမြင်ရသောအခြေသို့တိုင် ရောက်လာခဲ့ဟန်ရှိပေသည်။၎င်းထို အထောက်အထားကိုပြပါဟုဆိုလျှင် ရှေးခေတ်က ကရင်အမျိုးသားတို့၏ ပေါ့လျှော့မှု၊ အမြင်မကျယ်မှူ၊ စည်းလုံးသည့်အင်းအားမရှိမှူ၊ စသောများစွာသောအောကာင်းများကြောင့်ဖြစ်ဟန်တူသည်။ ၎င်းတို့၏ ရှေးကျ သော တိကျသည့် လက်ရာများကိုတွေ့ရန်ခဲယဉ်းသွားပြန်တော့သည်။ ဤသည်များမှာ မိမိ ပေါင်ကို မိမိမြန်လှန်ပြီးထောင်းသည့်သဘော သက်ရောက်သွားနိုင်သော်လည်း ပအိုဝ်၊ တောင်သူတို့ ရှေးဟောင်းစာပေမှ ရေးသားမှတ်ထားသည့် ကရာရာဇဝင်၊ ယိုးဒယား (ဆူခိုထိုင်း) စသောရာဇဝင်မှ ကရင်အကြောင်းရေးသားချက်၊ မွန်ရာဇဝင်များမှ ကရင်အ ကြောင်းများစွာ ရေးသားချက်များကို များစွာတွေ့နိုင်သော်လည်း ကရင်အကြောင်းကို ပြည့်စုံစွာ ရေးသားမှတ်ထားချက်များကိုယခုတိုင်အောင် ကျေနပ်ဘွယ်ရာ ရေးသားချက် မရှိသေးသည်ကိုထောက်သောအားဖြင့် ရှေးခေတ်ကရင်ရော၊ ယခုခေတ်ကရင်များပါ မိမိတို့၏ ပေါ့လျှော့မှု၊ အမြင်မကျယ်မှုကိုပြသလျှက်ရှိသေးကြောင်းထင်ရှားလျှက်ရှိနေေ ပသေးသည်။ ဤအတိုင်းသာ သွားမည်ဆိုလျှင် နောင်နှစ်ရာစုပေါင်းများစွာ ကြာညောင်း သည့်တိုင်အောင် နောင်လာနောက်သားတို့သည် ကရင်အကြောင်းကို အခြားသော စာပေများစွာတွင်သာ ဖတ်ရှူနိုင်မည်ဖြစ်ပြီး ပုံပြင်၊ ဒဏ္ဍာရီသဖွယ် မှတ်တမ်းကြ မည်သာ ဖြစ်လေသည်။ အထက်ပါအကြောင်းပြချက်သည် အရိပ်အမြွက်များသာဖြစ်ပြီး အခြားအ ထောက်အထားရှာစရာ “ဖႜုံလိက်ထူ့လီ” အကြောင်းမြောက် များစွာရှိသေးသော် လည်း ဤမျှ ဆိုထားခြင်းဖြင့် ခေတ်အမြင်ရှိသောသူသည် မှန်းဆနိုင်မည်ဟုယုံကြည်မိပါ
သတည်း။

မာန်းနဲာစံ(ဘားအံ)
၁၉၆၆-ခုနှစဂျူလိုင်လ၊ အိမ်ထောင်ရေးမဂ္ဂဇင်းတွင် ပြန်လည်ဖေါ်ပြလျှက်..။

The Karen bronze drums of Burma...


ဒီစာအုပ်တွေကတော့ ကိုးရီးယား ကရင်အမျိုးသားအဖွဲ့ ဘလော့မှတွေ့ရတာပါ။ တကယ်ရှားပါးတဲ့ ကရင်အမျိုးသားသမိုင်းစာအုပ်မို့
သိသင့်ဖတ်သင့်သောစာအုပ်တွေပါ။ ကရင်အမျိုးသားတွေရဲ့တိမ်မြုပ်နေတဲ့ သမိုင်းကြောင်း၊ တစ်ချို့ဆိုရင် မဖတ်ဖူး မသိသေးတဲ့သမိုင်းကြောင်းတွေ အများကြီးရှိမှာပါ...။စာရေးသူက ကိုယ့်သမိုင်းကြောင်းသိဖို့နဲ့ တတ်နိုင်သလောက် စုစည်းချင်တဲ့ဆန္ဒနဲ့ပါ တော်လို့တတ်လို့မဟုတ်ပါဘူး ဒါဟာလည်း ဘလော့ရေးဖြစ်တဲ့ အကြောင်းရင်းတွေပါပဲ...။ ရိုးသားစွာ ၀န်ခံပါရစေ...။
မူယံင့်ဖါန်

ကရင့်သမိုင်းဖတ်ချင်သူများဒီမှာ ကလစ်ပါ...


The loyal Karens of Burma စာအုပ်အတွက် ဒီမှာကလစ်ပါ.

The Karen People of Burma စာအုပ်အတွက် ဒီမှာကလစ်ပါ.


ကရင့်သမိုင်းစာအုပ်တွေကို ရှာတင်ပေးတဲ KYO(KOREA) ကိုးရီးယား ကရင်အဖွဲ့သားများကိုလည်း ကျေးဇူးအထူးတင်ပါတယ်..။

Aug 19, 2009

ဒါတွေကိုမမေ့မှ စိတ်ချမ်းသာမယ် ။

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာတန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ
Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
အကောင်းဆုံး သဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။

ဆက်ဖတ်ရန်...

(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသားစေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။

(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။
လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။

(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ
သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်
စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ
အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်
ဖြေရှင်းရတာကို သဘောကျတယ်။

မှတ်ချက်။ ။ဆရာတော်ဦးဇောတိကတရားတော်မှ ကောက်နှုတ်ချက်...။ သူငယ်ချင်း အီးမေးလ်မှ တဆင့် ဗဟုသုတများ ဖြစ်စေရန် ဖော်ပြလိုက်ပါတယ်...။

Aug 17, 2009

ကရင့်အမျိုးသားအာဇာနည်နေ့ (MARTYRS DAY)နေ့ ဖြစ်ပေါ်လာပုံ

၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့သည် ဥက္ကဌ စောဘဦး ကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် အပေါင်းပါတို့သည် တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကရင်အမျိုးသားသစ္စာဖေါက် ထီးစွမ်း ရွာသား မောင်အဲ၏သစ္စာဖေါက်မှုကြောင့် နဘူးမြို့နယ် ထို ကော့ကိုးကျေးရွာအနီး လယ်တဲတတဲတွင် ရန်သူ၏ ၀ိုင်းရံပစ် ခတ်မှုများခံရရာ အင်အားမမျှသော်လည်း သူကိုယ်တိုင် ချမှတ်သည့် မူ (၄)ချက်အရ ရန်သူကို အရှုံးမပေး လက်မမြှောက်ဘဲ ရှိသည့်လက်နက်များဖြင့် ရဲရင့်ပြတ် သားစွာ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်မြောက်စွာ ကျဆုံးသောနေ့ဖြစ်သည်။ ထို သြဂုတ်လ (၁၂)ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည် သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွား သူများအားလုံးကို ရည်ညွှန်းချီးကျူး ဂုဏ်ပြုသောနေ့ ဖြစ်သည်။


ဥက္ကဌစောဘဦးကြီးသည် ၁၉၅၀ ခုနှစ် ဇူလိုင်လ (၁၇)နေ့မှ (၁၉)ရက်နေ့အထိ ဖါပွန်မြို့တွင် ကျင်းပသော အမျိုးသားညီလာခံကို ဦးဆောင် ကျင်းပခဲ့သည်။ ထိုညီလာခံအပြီးတွင် သူ၏ ကျော်ကြားသော ဘဦးကြီးမူ (၄) ချက်ကို တရားဝင်ရေးသားပြီး ၎င်းအချိန် မော်ချီးတွင် ရှိသည့် ကော်သူးလေ အသံလွှင့်ဌာနတွင် ကြေငြာလေ သည်။
၎င်း၏ မူ (၄)ချက်မှာ…….

ဆက်ဖတ်ရန်...


၁။ လက်နက်ချစကားအလျဉ်းမပြောရ
၂။ ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်
၃။ ကရင့်ကံကြမ္မာကရင်ဖန်တီးမည်
၎။ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်
၎င်းကျော်ကြားသော မူ (၄)ချက်ကို ကြေငြာပြီးသည့်နောက် အရေးကြီးကိစ္စအတွက် ကော့ကရိတ်ဘက်ဆင်း သွားသည်။ မိုးသည်ထန်စွာ ရွာသွန်း၍ ချောင်းရေများလည်းကြီးသည့် အချိန်ဖြစ်သည်။ တာဝန်ကို လေးစားခြင်း၊ မိမိအမျိုးသားများကို လုံးဝယုံကြည်ခြင်းများကြောင့် တပ်စိတ်တစိတ်နှင့် မိုးထဲရေထဲ ခရီးဆက်ခဲ့သည်။
ထိုအခါ နဘူးမြို့နယ်တ၀ိုက် အထူးသဖြင့် ထိုကော့ကိုးနှင့် အနီးအနားတွင် တာဝန်ကျသော ကရင်တပ်မှ တပ်ခွဲ မှူးတဦးသည် တော်လှန်ရေးလုပ်သည်မဟုတ်ဘဲ တော်လှန်ရေးဆန့်ကျင်ရေး၊ လူထုဆန့်ကျင်ရေးများစွာ လုပ် သည်။ အနီးအနားကျေးရွာများလည်း ငုံ့ခံကြလေသည်။ ထီးစွမ်းရွာသား မောင်အဲသည် ဥက္ကဌစောဘဦးကြီး ထို ကော့ကိုးကျေးရွာသို့ ရောက်သွားသော် ကောင်းစွာကြိုဆိုသယောင်နှင့် သတင်းများကို တိကျစွာယူပြီး နဘူးမြို့ရှိ ရန်သူတပ်ကို သွားရောက်သတင်းပေးရာ ရန်သူလည်းညအချိန်တွင် မိုးထဲရေထဲ အတင်းချီတက်၍ ဥက္ကဌစောဘ ဦးကြီးနေသည့် တဲကို ၀ိုင်းထားလျှက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်းတိုက်ခိုက်လေတော့သည်။ ဥက္ကဌ စောဘဦးကြီးသည် အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ အသက် ပေးလှူရသွားလေသည်။
သစ္စာဖေါက် မောင်အဲအနေနှင့် ဥက္ကဌစောဘဦးကြီးမရှိက ကရင့်တော်လှန်ရေးကျဆုံးမည်ဟုတွက်သည်။ သို့ သော်သူထင်သည့်အတိုင်း မဟုတ်ဘဲ တော်လှန်သည့် သူရဲကောင်းစိတ်ဓါတ်ဖြစ်သည့် တဗိုလ်ကျ တဗိုလ်တက် စိတ်ဓါတ်ဖြင့် တရားမှန်ကန်သော ကရင့်တော်လှန်ရေးသည် ယနေ့ထိတိုင် ရန်သူ့ထံအညံ့မခံ အရှုံးမပေးဘဲ ကြံ့ ကြံ့ခံကာ တော်လှန်ရပ်တည်လျှက်ရှိသည်။

အဲခါန်ၟသင့် ဘ်ုလောဝ့် မာဏေ၀်ၟ္ဘးဆေ၀်ၟလှ်။

Aug 11, 2009

ပ်ုဆိုဒ်ဖေါဟ်ဍေဆ်ုသှေ်ဆု္ဘး....

ဒ်ုဂုမ်ၟနူက်လင်ဟှံင် မ်ုထံင်ထာင်ဝေ့ လာခုဂ်ဍ၀်လှ်။ထံင်ထာင်လာခုက်စာ်္ဘိုဝ် အ်ုတိုင်ၟဍး ထူ့ရူ့မုင်ၟ္ဘျာအှ် မု္ဘးခါင်ထာင် လာခုဂ်ခါင်စူးဍ၀်လှ်။လာခုဂ်ခါင်စူးဏှ် ဆောတ်ဖးဝေ့ ဏယ်ဖႜူၟလ်ုဃှေဝ်၊ဏယ်မိင်လ်ုဃှေဝ်သီးလ်ုဖး
ပါဝေ့ဍးဆေ၀်ၟလှ်။လာခုဂ်ဖိုင် ခါင်ၟခွိက်စူးယုဂ်၊ ဏယ်ဖႜူၟလ်ုဃှေဝ်၊ ဏယ်မိင်လ်ုဃှေဝ် ဆောတ်ဖးခွိက်ယုဂ်၊ ဍေဖႜူၟ ဍေမိင်ဏှ် မ်ုဖံင်ဖေႜခွိက်လှ်ဟှး…၊
ဖႜူၟဏှ် မွဲာဆ်ုအုဏှ်၊ မိင်ဏှ် မွဲာဆ်ုအုဏှ် သှေ်ယာ့ထ၀ယ် ထီ့ထီ့ဆာဆာဟှံင် ဟ်ုအေဝေင်ၟပွယ်ခိွက်ဝေ့မ မ်ုဖံင်ဖေႜ ကဲဝေ့ဆေ၀်လှ်။စင်္ဘိုဝ် လိုဝ့်ဝေ့ဍး အ်ုဍောဟ်ထုက်ဏှ် မွဲာဆ်ုသှေ်ဆု္ဘး လ်ုဖႜုံးဏှ်လှ်။ ခါန်ၟပ်ုယာင်ဖိုင်ယိုဝ် ပ်ုဖႜုံယှင်ဖေါဟ်သီးလ်ုဖး (ဒုတိယ) ဟ်ုမႝီၟအ်ုအးထုက်လှ်။ ထံင်ပ်ုဖႜုံယှင်ဖေါဟ်ဏှ်ဍ၀် ပ်ုဖႜုံထီ့ခါန်ၟ ကႝင့်ဖိုင်ယိုဝ် မွဲာပ်ုဖႜုံယှင်ဖေါဟ်သီးလ်ုဖး ဟု္မႝီၟအးေ၀့ဍး လ်ုဖူ့ဆေ၀်လှ်။ လာဏင့်ဍ၀်္ဘးဆာင့်ဍေ ဆ်ုသှေ်ဆု္ဘးခ၀့်မွဲာအှ်္ဘေ့သှေ်လယ့်ဏှ် ဟ်ုအေဆံင့်မံင်းယောဝ်ၟ၊ ဟ်ုအေဍွာယောဝ်ၟစာ်္ဘိုဝ် ပ်ုမုသှေ်ယာ့္ဘး ထီ့ထီ့ဆာဆာဆေ၀်လှ်။ပ်ုဖႜုံဆိုဒ်ဖေါဟ်ယိုဝ် ဏယ်အင်းဏယယ်အ၀် ကျာ်က်ုဆာကႜံင်ဏှ် အးအးလေံဆေ၀်လှ်။စင်္ဘိုဝ် လ်ုသင့်ဂၞီ့ခင့်ဖါၟ မွဲာအ်ုဟှေဝ်၊ လု ခ၀့်ရ၀့်ဖါ ခ၀့်သီးမွဲာအ်ုဟှေဝ်၊ ဆ်ုသှေ်ဆု္ဘးလ်ုဖႜုံးဏှ် ဟ်ုအေယောဝ်ၟဃှံင် ဍေ ပ်ုဖူၟ၀ဲါထီ့ခါန်ၟဖေါဟ်သီးစာ်္ဘိုဝ် အှ်ထ၀်ၟလင်ဆင့်ဝေ့ဍး ယာင်မာၟဆေ၀်ၟလှ်။
ပ်ုဆိုဒ်ဖေါဟ်ယိုဝ် ညာၟစုဂ်ပါအေး -ဟ်ုအေလ၀် စာ်္ဘိုဝ် အေအှ်္ဘး ယှူးယှူးမုက်မုက်၊ အေအှ်္ဘး ခႜင်ခႜင့်ဏှ်္ဘးယုဂ်၊္ဘးဆာင့်ဍေ ဆ်ုကံင်ဆ်ုသိုဝ်သီးလ်ုဖး လု ဖႜဟ်ထင်း အ်ုသင့်သင့် လင်တေၞင့်(တ်ုမျင့်)ဏှ်သီးလ်ုဖး လ်ုကံင်လ်ုသိုဝ်္ဘးသီးကဲ၊ လ်ုမိင်ဟှေဝ် လ်ုမိင်ဟှေဝ် အေကံင်သိုဝ်္ဘး အ္ဘေါ်ထလံင်ဏှ် ဟှံင်လှ်။္ဘးဆာင့်ဍေဆ်ုအင်း ဆ်ုအ၀်သီးဍ၀် အ်ုယောတ်အ်ုယာင် ထောဝ်ယး၊ ဆင့်ယးသီးလ်ုဖး လ်ုအင်း္ဘးသီးကဲ၊ ထီ့လးယးအူးအေအှ်ဏှ်ဟှံင်လှ်။္ဘးဆာင့်ဍေ ဆ်ုပါမုက်ပါလာသီးဍ၀် (ဗီဒီယို၊ တီဗီ)သီးလ်ုဖး လ်ုယောဝ်ၟ္ဘးသီးကဲ၊ လ်ုဟှာဍေလ်ုဟှာ မုက္မုက္ယူၟယူၟ အေမာၟဖိုဝ်းဍိုဝ်္ဘးဏှ် ဟှံင်လှ်။္ဘးဆာင့်ဍေ ဆ်ုလေ၀်ၟဆ်ုထာင်ခ၀့်ဍ၀် မ်ုထင်းလ်ုမူၟလာၟဏှ် လ၀်ဍ်ာလုဃှေဝ်၊ ဍေက႟င်ယူၟ ဍေမ၀်တ၀်ကာၟ သီးလ်ုဖး လ်ုထုက်္ဘး လာဏင့်သီး အေထုက်္ဘးလာင်းဏှ် ဟှံင်လှ်။ ပ်ုဆိုဒ်ဖေါဟ်ယိုဝ်္ဘေ့ဏှ်သိုဝ် သုင်းသာယှူးခႜိင်းဝေ့ဆေ၀်ၟလှ်။

ဆက်ဖတ်ရန်...

လာၟဏင့်္ဘိုဝ် ယှူးခႜိင်းသီး ယှူးခႜိင်း္ဘးအှ်ဝေ့ ဍေအ်ုလင်ၟ၊ ဆ်ုခေါဝ်ၟသီး ဆ်ုခေါဝ်ၟ္ဘးအှ်ဝေ့ ဍေအ်ုလင်ၟ၊ အေလ်ုမွ္ဘဲားစာ်္ဘိုဝ် ပ်ုဆိုဒ်ဖေါဟ်ယိုဝ် မု္ဘးဍံင်ဝေ့ ဍေဆ်ုဟှင်လှ်။ ဆ်ုလု ဆ်ုဟှင်သီးယိုဝ် ဏ်ုခႜိုဝ်လင်ထံင်ဏှ် အှ်ဝေ့ဍး ထံင်ဏှ် ဟှုင်ၟဖုင်ၟထံင်ဏှ်လှ်။ ဟ်ုမႝီၟလ်ုဟှာဟှေဝ်၊ လ်ုဟှာဟှေဝ် ဆာမွဲာမ်ုမာၟ္ဘးသာဏှ်္ဘးထုံၟဝေ့လှ်။
စင်္ဘိုဝ် ခႜိင်းဏှ် ခႜိင်းဍေအ်ုလင်ၟ၊ ခေါဝ်ၟဏှ်္ဘးခေါဝ်ၟဝေ့ ဍေအ်ုလင်၊္ဘးအှ်ဝေ့ဍး္ဘေ့ဏှ်သိုဝ်ဆေ၀်.လှ်။
ဆ်ုလု ဆ်ုသှေ်ဆု္ဘးသီးယိုဝ် အ်ုခင်းထာ် အ်ုဝီၟခႝါဏှ် မွဲာဝေ့ လိက်လဲာလှ်။္ဘးဆာင့် ဍေပ်ုဖႜုံဆိုဒ်ဖေါဟ် လိက်လဲာယိုဝ် မွဲာဖႜဟ်ထင်း ကဲထင်း ယိက်ယိက်ယုဂ်ဟှး……၊ ဟ်ုအေအင်းစာစာ်္ဘိုဝ် ခီအ္စာတႜာပညာ့ဆာသီးလ်ုဖး လ၀်လင်ဝေ့ အ်ုမိင်မိင် အ်ုစိင်စိင်ဆေ၀်ၟလှ်။ ပ်ုဖႜုံဆိုဒ်ဖေါဟ်လိက်လဲာယိုဝ် ဍေယောဝ်ၟလိက်ဏှ် လ်ုဝင့်ဃှင်ၟ လ်ုခီဃှင်ၟလ၀့်သီး လ၀်သှေ်ဆေ၀်ၟ၊ အ်ုဏိင်းခ၀့်ဍ၀်သီး မ်ုအှ်ထင်းဝေ့ လ်ုအ်ုဏိင်း နဦု့ယ္ဘာႜဲ ဃှိုဝ်းယ္ဘာႜဲသီး လ၀်ဝေ့ဆေ၀်ၟ၊လ်ုမိင်ဟှေဝ်၊ လ်ုမိင်ဟှေဝ် အှ်ဍးဝေ့ ခႜိုဝ်ထ၀်ၟထ၀ယ် ဏင်ၟဆင့်္ဘိုဝ်၊
ပ်ုဝေ့ဍး သှေ်ယာ့ပျဏှ် ပ်ုဆိုဒ်ဖေါဟ်လိက်လဲာယိုဝ် အှ်ထ၀ယ် ယိက်ယိက်ယုဂ်ဏှ် မွဲာဍးဝေ့လှ်၊ လာဏင့်သီး္ဘေ့မ်ုဍောဟ်ယှာ၊ မ်ုစီကႜာထင်းထ၀့်သိုဝ်ဏှ် ကဲထင်းဝေ့ အ်ုခင်းထ်ာဏှ် ခါန်ၟပ္ကုံမူၟဏီ( ခါန်ၟဆိုဒ်ဖေါဟ်မူၟဏီ) ပြုဂ်လင်ဝေ့ဍး လ်ုဍုံထ်ုအင်လ်ုဏိင်းဏှ်မ ဖႜဟ်ထင်းထာင်ဝေ့ မွ္ဘဲာိုဝ်လှ်။မ်ုအှ်ထင်းဝေ့ အ်ုဏိင်းလီၟဆီ့္ဘိုဝ်ဍ်ာလှ်။ လေ၀်ဝီၟဝေ့ဍး အ်ုခေါဟ်ကႜိုင်သီးလ်ုဖး မွဲာဝေ့ဍး ထီ့လေင်ၟ သင့်အ္စာ မာန်ကျာ်တေဇိန္ဒ၊္ဘုံးက္တိုက်သင့်အ္စာ မာန်ကျာ်ဥတ္တမ၊ တၞိုဝ်က်ုစိင်ဘာၟသင့်၊ သင့်အ္စာ မာန်ကျာ်စန္ဒနသီးလ်ုဖးဆေ၀်ၟလှ်။္ဘိုဝ်ဏါင်းဍးယိုဝ် လေ၀်ၟ၀ီၟဝေ့ အ္စာတႜာသီးလ်ုဖး အှ်လိုင်အေးဆေ၀်ၟလှ်။ ခႜိုဝ်ထ၀်ၟခွိက် ပ်ုဆိုဒ်ဖေါဟ်သီးလ်ုဖးယုဂ်။(လ်ုယိက်လ်ုမ၀်ခါ့ဍ၀် ကောဝ်ကျာ်ဘာၟ သင့်အ္စာမာန်ကျာ်ပညာဝံသလ်ုပါ ပ၀်ထႜိုင့်ခွိက်ဍ၀်လှ်) အှ်ထ၀်ၟထာင်ဝေ့ ကောဝ်ဍင် သင့်အ္စာ မာန်ကျာ် ဇာဂရ လ်ုပါၟသာ့လှ်။
စင်္ဘိုဝ် လေ၀်ၟ၀ီၟတ်ာဝီၟ အ်ုခေါဟ် သင့်ဂၞီ့အ္စာတႜာသီးလ်ုဖး အ်ုလင်ဏှ် ပ်ုဝေ့ဍး ဟှယ့်ထင်းထာင် လ်ုခါင့် ဖေါဟ်ဍီပြီးသီးလ်ုဖး မု္ဘးမာဏေ၀်ၟဝေ့ အ်ုတာလှ်။ အ်ုတာဏှ် ဟု္ဘးမာဏေ၀်ၟမွဲာယုဂ်၊ လာဏင့်္ဘေ့အ်ုတာ မ်ုဆိင့်ဖေႜ၀့်သိုဝ်ဏှ် မွဲာပ်ုဝေ့ဍးသီးလ်ုဖး သဲုးထီ့သောတ်ယါင် မွဲာအ်ုဍုဂ်ပါင်ယုဂ်ဟှး…။လာဏင့် မာန်ကျာ်စန္ဒန လ၀်ဆောဝ်ထးဝယ်ဝေ့ြ ပ်ုဆိုဒ်ဖေါဟ်သီးသယ်ဟှေး..္ဘးဆာင့်ဍေ ပ်ုဆိုဒ်ဖေါဟ်အ်ုဟှင်ၟ ဆ်ုဖါ်ဆ်ုမာ လ်ုမိင်မိင်ဟှေဝ်၊ ဆာမွဲာမာသှေ်မ္ဘားဏှ် မ္ဘားလာလုက်ထုက်၊ထံင်ဆ်ုသှေ်ဆု္ဘး ဍုဂ်ပါင်ယိုဝ်ကျးမ မ်ုမာၟစာ်္ဘိုဝ် မ္ဘားလိုင်အေးဋ္ဋ္ဘေ့ဏှ်သိုဝ်ဆေ၀်ၟလှ်။
စင်္ဘိုဝ် ဆာမွဲာဟ်ုသှေ်ဟု္ဘးဏှ် ဟု္ဘးမာဝေ့ဍးလှ်၊ ကိုဝ်ဟှာဍေ ဆိုဒ်ဖေါဟ်အ်ုဟှင် ဆာမွဲာသှေ် ကုဂ်ပျုက်၊္ဘေ့ဆ်ုသှေ် ဆု္ဘး မ်ုဍုဂ်ပါင် ယိုင်ကျးသိုဝ်ဍ၀်၊ ကေႜစိုဒ်ပျုက်စာ်္ဘိုဝ် ပ်ုဆိုဒ်ဖေါဟ်ယိုဝ် ဍေဖူၟ၀ဲါထီ့ခါန်ၟသီးလ်ုဖး လ်ုအုမေံယာ့ လ်ုလေ၀်ၟ္ဘးဏင့်သီး ထ၀့်ထ၀့်ဟှံင်လ်ုမွ္ဘဲားသီး အ်ုခါင့်္ဘုဂ်ထ ဟ်ုမုပျုက်ကဲဝေ့ဆေ၀်ၟလှ်။
ပ်ုဆိုဒ်ဖေါဟ်သီးဟှေး…ဆ်ုသှေ်ဆု္ဘးလ်ုဖႜုံးဏှ် ဖ်ုယာၟပႜယ်တ၀်္ဘးလ်ုဃှေဝ်၊ ကြိုဒ်္ဘးသှေ်ယာ့၊္ဘးဋ္ဋ္ဘးဏှ် သှေ်ထ၀ယ်ဆာ်၊ ဍေခီအ်ုခိင်အ်ုခါ့ယိုဝ် ဟ်ုသုင်ၟ္ဘး ဟ်ုသုင်ၟသှေ်အေးဋ္ဋ္ဘေ့ဏှ်သိုဝ် ခႜိုဝ်လင်္ဘးသုင်းသာလ်ုဃှေဝ်၊ လြုင်ၟထောဝ်ခင်း ဟ်ုကိက်အေခိုင့်၊ မ်ုသီ့ဝေ့ လ်ုအှ်ဏင်ဖိုင့်ဋ္ဋ္ဘေ့ဏှ်သိုဝ်သီး ခႜိုဝ်လင်သုင်းသာလ်ုဃှေဝ်၊ ဟ်ုကဲထင်း မႝီၟသီးယိုဝ် ဍေဆ်ုအင်း ဆ်ုအ၀်လှ် ဟ်ုပါတႜာယုဂ် မွဲာဍ်ာအေး၊ ဍေဆ်ုသှေ် ဆု္ဘးပညာ့ဏှ် ဟ်ုအေပါတႜာ ယုက်ဏှ်မ ဟ်ုကဲထင်းမႝီၟအ်ုခ၀့်ပ်ုယ၀့် မ်ုအှ်ဝေ့ဍးဆေ၀်ၟလှ်။ဍေဆ်ုအင်း ဆ်ုအ၀် ယုက်ထ၀့်လာဏင့် ဏင်ၟယာသီးဟှေဝ်၊ အ်ုခ၀့်ပ်ုယ၀့်အှ်အေး၊ ဍေဆ်ုသှေ်ဆု္ဘး ပညာ့ဏှ် ဟ်ုပါတႜ္ဘားစာ်္ဘိုဝ် ဟ်ုယုက်အှ်္ဘး ဏင်ၟဏီ ဏင်ၟသင့်သီးဟှေဝ် အ်ုခ၀့်ပ်ုယ၀့်အှ်ဝေ့ဍး ဍောဟ်မာဆေ၀်ၟလှ်။
အေလ်ုမွ္ဘဲားစာ်္ဘိုဝ် ဟ်ုအေလ၀် လ်ုဆု္ဘုဂ်ထုက်ဏှ် ဆ်ုပြုဂ်လင်လူၟတုဂ်ဖိုင်ဏှ် ပ်ုဆိုဒ်ဖေါဟ်သီးအ်ုဟှင် ပါလင်ပျဝေ့ဍးဆေ၀်ၟလှ်။လာဏင့် ပ်ုဝေ့ဍးသီးလ်ုဖး သဲုးထီ့သောတ်ယာင် လ်ုဍုဂ်ပါင်္ဘး အ်ုခေါဟ်ကျံင် လ၀်လင်ခႜါင်လင်ဏှ် ကြိုဒ်ဟ်ုမု္ဘး လ၀်လင်ခႜါင်လင်လာဏင့်သီး လ၀်လင်ခႜါင်လင်္ဘးအေးဆေ၀်ၟလှ်။ဆ်ုလ၀်လင် ဆ်ုခႜါင်လင်လ်ုဖးဏှ် မွဲာဟ်ုသာခေ၀်ၟဏှ်မွဲာအေး၊ မွဲာဆာ့္ဘးသာ လ်ုက်ုဆာဖင့်ခေါဟ်ဏှ် ဆေ၀်ၟလှ်။စင်္ဘိုဝ်ဏှ် ပ်ုဖႜုံဖေါဟ်သီးဟှေး…. ဆ်ုသှေ်ဆု္ဘး ပညာ့လ်ုမိင်ဏှ် ခွိက်ယှိုဝ်ပႜယ်တ၀်္ဘးလာ ဏင်ၟဟှာလ်ုဃှေဝ်။ဟ်ုသုင်ၟဟှေဝ်၊ လ်ုသုင်ၟဟှေဝ်၊ ကြိုဒ်္ဘးသုင်ၟခါ့္ဘေ့သိုဝ်ဟ်ုဟှင် မ်ုသှေ်မ်ုကဲသိုဝ်ဏှ် ကေႜစိုဒ်အင်းဃှူ့ပ္ကုံထ၀ယ်ဏှ် အဲုးသာဆိုင် လ၀်ဟှိုင့် ဆ၀့်ပ၀်ၟ္ဘးမွ္ဘဲာိုဝ်လှ်။ ကိုဝ်ဟှာဍ္ဘေးဆာင့်ဍေပညာ့ဏှ် ဍုဂ်ပါင်ယိုင်ၟကျး္ဘးလာကိုဝ်ဟှာဍေဆာ်….။

မာန်နဲာဝေ(ဍုံလ်ုဂုင်ၟ)

Aug 9, 2009

စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော ကရင်အမျိုးသားအဖွဲ့က ၀ါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပကြပုံ..

စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော ကရင်အမျိုးသားအဖွဲ့က တစ်နှစ်တစ်ကြိမ် ကျရောက်လျက်ရှိသော ကရင့်ရိုးရာ ချည်ဖြူလက်ဖွဲ့မင်္ဂလာပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပကြသည်ဟုသိရသည်။
၎င်းချည်ဖြုဖွဲ့မင်္ဂလာပွဲကို စင်္ကာပူနိုင်ငံ Jurong,West street 64, BLK 662 B တည်ရှိရာအရပ်တွင် ကျင်းပကြသည်ဟု သိရသည်။ စင်္ကာပူနိုင်ငံ လက်ဖြူဖွဲ့ မင်္ဂလာပွဲကို အောက်ပါအတိုင်း ကြည့်ရှုနိုင်ပါသည်။





















သတင်းဓာတ်ပုံ-နန်းမူမူအေး.နန်းမိတူး-စင်္ကာပူ။