Sep 25, 2009

ကရင်စာပေရေစီးကြောင်း(၂)

ကရင်စာပေရေစီးကြောင်း
(မန်းလင်းမြတ်ကျော် ပြုစုသော ကရင်းရိုးရာ သုတပဒေသာစာအုပ်မှ)

ဒေါက်တာ ဂျိုနာသန်ဝိတ် သည် ကရင် ခရစ်ယာန်လောကတွင် ကရင်စာပေကို တည်ထွင်ပေးခဲ့သူ ကရင်စာပေ ဖခင်ကြီးဟု ခေါ်ဆိုရမည်ဖြစ်ပေသည်။ ဒေါက်တာဝိတ်သည် ဇနီးဖြစ်သူနှင့် အမေရိကန်ပြည်မှ အေဒီ ၁၈၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် စတင်ထွက်ခွာပြီး ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိလာရာမှ ခရစ်ယာန် သာသနာပြု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။

၁၈၃၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ “ပိုင်ကြုံ” ရွာသို့ သွားရောက်ပြီး ခရစ်ယာန်တရားတော်ကို ဟောပြောခဲ့သည်။ ထိုအခါ ကရင်အဘိုးကြီးတဦးက ဒေါက်တာဝိတ်အား ကရင်စာပေကို ပြန်ပေးရန် အတင်းတောင်းတော့၏။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးတို့၏ ရှေး “ထား” ကဗျာ လင်္ကာမှ မိမိတို့ ပျောက်ဆုံးနေသော စာပေသည် မိမိတို့၏ ညီထွေး “ပူဒေးဝါး” ခေါ် အသားဖြူသော ညီထွေးက ပြန်လည် ယူခဲ့ပေးမည်ဟု ပါရှိသောကြောင့် ဖြစ်၏။

ကရင်လူမျိုးတို့၏ ရိုး၇ာ ယုံကြည်မှုကို နားမလည်နိုင်သော ဒေါက်တာဝိတ်သည် တအံ့တသြဖြစ်နေမိ၏ ။ အကြောင်းစုံကို မေးမြန်း သိရှိသွားးသောအခါ မြန်မာအက္ခရာကိုမှီပြီး စကော ကရင်စာပေကို တည်ထွင်ပေးခဲ့သည်။

ဒေါက်တာမေဆင်သည် အမေရိကန်ပြည်မှ အေဒီ ၁၈၃၀ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး ထားဝယ်မြို့သို့ ထိုနှစ် ဒီဇင်ဘာသတွင် ရောက်ရှိလာခဲ့၏။ ဒေါက်တာဝိတ် တည်ထွင်ထားသော စကောကရင်စာပေဖြင့် ၁၈၄၃ ခုနှစ်တွင် ခရစ်ယာန် ဓမ္မဟောင်းကျမ်း (Old Testament) ကို ၁၈၅၃ ခုနှစ်တွင် ဘာသာပြန်ဆို ပြီးဆုံးခဲ့သည်။


မှတ်ချက်။ ။ဒီပို့စ်ကို အဲလာ ဘလော့မှ ပြန်လည်ဖော်ပြပါတယ်။
မူရင်း...smilemay.blogspot.com

Sep 23, 2009

လက်ဝှေ့ တွေ့မရှောင်နဲ့ ၀င်းထွန်း...

လက်ဝှေ့( တွေ့မရှောင်နှင့် ၀င်းထွန်း...

Sep 22, 2009

ဃှီ့လာယဲာမိင်္ဘးပါဍောဟ်...

ကဲထင္းမႝီၟ ဍံဳလုိဒ္ၟကာ၊
အွ္ထၞာၟလ၀့္ ကို၀္ဟွာတာ၊
ဖႜုံဆိုဒ်ဖေါဟ်သယ် ပ်ုလုဖး၊
္ဘးကေႜစိုဒ်စွး ဆိုဒ်ဟှင်ၟအး။
ဖႜုံဆိုဒ်ဖေါဟ်သီး ဆ်ုကံင်သိုဝ်၊
ကးသာလ်ုဃှေဝ်္ဘးကံင်သိုဝ်၊
ဖႜုံဆိုဒ်ပ်ုဝေ့ ဆ်ုဖေါဟ်အူး၊
ယုဂ်ယာန်းပါဍောဟ်္ဘးဖေါဟ်အူး။
ဖႜုံဆိုဒ်ဖေါဟ်သယ် လိက်ထူ့လီ၊
္ဘေ့မ်ုဍောဟ်ယှာၟ္ဘးပ္တဲု၊
ဖႜုံဆိုဒ်ပ်ုဝေ့ အ်ုထူ့ရူ့၊
္ဘေ့လ်ုလင်မာၟ္ဘးအင်းဃှူ့၊
ဖႜုံဆိုဒ်ဖေါဟ် ထုင်းလီ၊ထုင်းထာင်၊
ကိုဝ်ဟှာယောဝ်ၟဟှေဝ် ယုဂ်ယာန်းထါင်၊
အဲဆိုဒ်အေအှ် သ္ဘာင်းဖေါဟ်၊
ဃှီ့လာယဲာမိင်္ဘးပါဍောဟ်။
စ၀်ကောဝ်ကြင်ယှူးခႜိင်း
ခႜိုင့်တွါန့်

Sep 20, 2009

ကရင်စာပေရေစီးကြောင်း(၁)

ကရင်စာပေရေစီးကြောင်း

(မန်းလင်းမြတ်ကျော် ပြုစုသော ကရင်းရိုးရာ သုတပဒေသာစာအုပ်မှ)


ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ “ဖလုံလိုက်ထူလီ” ပေရေးကရင်စာပေသည် မည်သည့်ပုဂ္ဂိုလ်က မည်သည့်နှစ်တွင် စတင်တည်ထွင်ရေးသားခဲ့သည်ကို တိတိကျကျ မပြောဆိုနိုင်သော်ငြားလည်း ဗုဒ္ဓဘာသာ အယူဝါဒများကို ပြန့်ပွားစေရန် ရည်ရွယ်တည်ထွင်ပြီး ပေပေါ်တွင် စတင်ရေးသား အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။

ယနေ့ဗုဒ္ဓဘာသာ ပိုးကရင်တို့၏ သြပွဲများတွင် သီဆိုသော “ထာခူးဖါဒူး” ခေါ် သီချင်းကြီး၊ ဇာတ်နိပါတ် သမိုင်းအကြောင်း၊ တေး၊ လင်္ကာ၊ ကဗျာများတွင် ဗုဒ္ဓဘာသာအယူဝါဒများနှင့် မွန်ပေါရာဏစကားများ ထည့်သွင်း သီကုံးထားသည်ကို ထောင့်ချင့်လျှင် အရှေ့ဘက်ဒေသနေ ကရင်လူမျိုးများသည် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စာပေအရေးအသားများကို ၁၉ ရာစု မတိုင်မီ စောစောပိုင်းကပင်ရရှိနေပြီဟု ယူဆနီုင်ပေသေည်။

မည်သို့ပင်ဆိုစေ ဗုဒ္ဓဘာသာဝင် ပိုးကရင်တို့၏ အက္ခရာများဖြင့် နှစ်ပေါင်းများစွာက ရေးသားပြုစုခဲ့သော လောကီ လောကုတ္တရာ စာပေကျမ်းဂန်များသည် ဖားအံ၊ လှိုင်းဘွဲ၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနယ်များရှိ ဘုန်းတော်ကြီးကျောင်းတိုင်းတွင် အမြောက်အမြားရှိနေပေသည်။

၁၈၇၁ ခုနှစ် နောက်ပိုင်းတွင် မွန်မြန်မာ အက္ခရာ ပိုးကရင် အသံထွက် စာရေးနည်းဖြင့် ရေးသားကြသော ကျမ်းများနှင့် ကျမ်းပြုပုဂ္ဂိုလ် အတော်များများ ထွန်းပေါက်လာသည်ကိုတွေ့ရပေသည်။ ပိုးကရင်ဗုဒ္ဓဘာသာဝင်များ အနက် ထင်ရှားသော ပုဂ္ဂိုလ်များမှာ ဘုန်းတော်ကြီး ဦးစိန္တာက၀ိ၊ ဦးသုခ၊ နဲပညာ၊ နဲစန္ဒာဝရ၊ ဦးရွှေဝါ၊ ဦးနဲဒုမ်း၊ ဦးသီဟတေဇ၊ တပိုအိန်ဆင်၊ ဦးပရမနှင့် ဦဇာဂရတို့ဖြစ်ကြသည်။

ဆရာတော် နဲပညာမှာ ဆရာတော် ဦးစိန္တာက၀ိ၏ တပည့်ရင်းဖြစ်သည်။ ဦးစိန္တာက၀ိနှင့် တွဲဖက်ပြီး ၁၈၇၁ ခုနှစ်မှ ၁၉၂၈ခုနှစ် အထိ ကျမ်းပေါင်း ၁၆ ကျမ်းပြုစုခဲ့သည်။
ဆရာတော် ဦးစန္ဒာဝရသည် ၁၉၀၀ ပြည့်နှစ်မှ ၁၉၀၄ ခုနှစ်အတွင်း ကျမ်းပေါင်း ခုနှစ်ကျမ်းကို ပြုစုခဲ့သည်။
ဆရာတော် ဦးဇာဂရမှာ ကော့ဒန်ရွာ (တဝေါင်ကိုဒေါင်) ဇာတိဖြစ်သည်။ ကျမ်းပေါင်း ၄၀ ကျော်ပြုစုခဲ့သည်။

မှတ်ချက်။ ။ အဲလာ မှ ပြန်လည်ဖော်ပြလိုက်ပါတယ်။

မူရင်း... http://smilemay.blogspot.com

Sep 17, 2009

ကရင်စာပေသမိုင်း..

ကရင်စာပေ သမိုင်း

(မန်းလင်းမြတ်ကျော် ပြုစုသော ကရင်းရိုးရာ သုတပဒေသာစာအုပ်မှ)

ကရင်လူမျိုးတွေက လူ့သမိုင်းမှာ ဘာသာစကား အရေးအသားမရှိပဲ ရာစုများစွာ ဖြတ်ကျော်လာခဲ့ကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မိရိုးဖလာ တေးကဗျာ လင်္ကာများကို မြတ်နိုးထိန်းသိမ်း တတ်ကြပြီး မိမိတို့ ဘာသာယဉ်ကျေးမှုကို ရေးသားမှတ်သားနိုင်ခြင်းမရှိပဲ နှုတ်တိုက်အာဂုံဆောင်ဘ၀နဲ့ ရပ်သည်ခဲ့ကြသော်လည်း တိမ်မြှုပ်ပျောက်ကွယ်မသွားပဲ ဆက်လက်ရှင်သန်လျက်၇ှိခဲ့ပါတယ်။

ယေဘုယျအားဖြင့် ကရင်စာပေသမိုင်းကို အလွယ်တကူလေ့လားနိုင်ရန်အတွက် ၃ ပိုင်းခွဲခြားတင်ပြရမည်ဖြစ်သည်။ ပထမပိုင်းမှာ က၇င်စာကို အလင်္ကာဖြင့်ရေးသားကြသောကြောင့် လင်္ကာခေါ်လို ခေါ်ဆိုနိုင်ပါတယ်။ ဒုတိယခေတ်တွင် ကဗျာလင်္ကလာစပ်ဆိုတာနည်းပါပြီး စကားပြေအရေးအသားများလာသောခေတ်လို့ဆိုနိုင်ပါတယ်။ လက်နဲ့ ရေးသားခြင်းကနေ ပုံနှိပ်အဆင့်သို့ ရောက်ရှိသွားတော ကာလလို့လဲဆိုနိုင်ပါတယ်။ တတိယခေတ်မှာ တခုတည်းသောကရင်စာပေဖြစ်ပေါ်လာရေး အားထုတ်မှုကြိုးပမ်းမှုများနှင့် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးမှုအတွက် စာပေအစွမ်းသတ္တိများကို အသုံးပြုရန် ဦးတည်ချက်နဲ့ စာပေလှုပ်ရှားမှုတစ်ရပ်ဖြစ်ပေါ်လာခြင်းနဲ့ ရိုး၇ာယဉ်ကျေးမှုတစ်ရပ် ပြန်လည်ဖေါ်ထုတ်လာခြင်းတို့ကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် တတိယခေတ်ကို ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းလို့ ခေါ်နိုင်ပါတယ်။

ကရင်လူမျိုးတွေ ၁၉ ရာစုထက်စောသောအချိန်ကပင် စာပေကို တတ်မြောက်နေပြီလို့ ပြောနိုင်ကြသော်လည်း 1932 ခုနှစ်တွင် မြန်မာ အက္ခရာကို မှီးပြီး ရေးသားသော ကရင်စာရေးနည်း ပညာတရပ် ရှိနေသည်ဟု တိတ်ကျကျ ခိုင်ခိုင်လုံလုံပြောဆိုနိုင်ပေသည်။ ကရင်စာပေးနည်းပညာ အသီးသီးကိုတီထွင်ပြုစုပေးကြသော ကျမ်းပြုပုဂ္ဂိုလ်အားလုံးလိုလိုပင် သာသနာ ၀န်ထမ်းများဖြစ်ကြပြီး မိမိတို့ယုံကြည်ကိုးကွယ်သော အယူဝါး ကိုဖြန့်ချီရန် ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ခြင်းဖြစ်ရာ ဘာသာရေးကို အလေးပေးရေးသားထားသော စာပေးများသာဖြစ်ကြသည်။

ယနေ့ ကရင်လူမျိုးတို့သည် စာရေးနည်းစနစ် ကိုးမျိုးထက်ရှိလိမ့်မည်ဟုပြောဆိုနိုင်ပါတယ်။ ၄င်းတို့အနက် မွန်မြန်မာ အက္ခရာကိုမှီးပြီး တီထွင်ထားသော စာရေးနည်း ငါမျိုးနှင့် ရောမအက္ခထည့်သွင်းထားသော စာရေးနည်းနှင့် ဒူးဂဏန်း စာရေးနည်းအပါအ၀င် လေမျိုးကို အောက်ပါအတိုင်းခွဲခြာဖေါ်ပြနိုင်ပါတယ်။

ဆက်ဖတ်ရန်...


၁။ မွန်အက္ခရာကို အခြေခံတဲ့ ဗုဒ္ဓဘာသာ ပိုးကရင်တို့၏စာပေ။

၂။ မြန်မာအက္ခရာကိုအခြေခံတဲ့ ခရစ်ယာန်ဘာသာ ပိုးကရင်စာပေ။

၃။ မြန်မာအက္ခရာကိုအခြေခံတဲ့ ခရစ်ယာန်ဘာသာ စကောကရင်စာပေ။

၎။ ဦးနန္ဒမာလာ “ဖူတာမိုက်” ပြုစုသော ဗုဒ္ဓဘာသာ ပိုးကရင်စာပေ။

၅။ မြိုင်သာယာဆရာတော်ပြုစုတဲ့ ဗုဒ္ဓဘာသာ စကောကရင်စာပေ။

၆။ ဗရင်ဂျီ(ရိုမန်ကက်သလစ်) ဘာသာဝင ဖါပွန်နယ် စကောကရင်စာပေ။

၇။ ဗရင်ဂျီ(ရိုမန်ကက်သလစ်) ဘာသာဝင်သံတောင်မြောက်ပိုင်း စကောကရင်စာပေ။

၈။ ဦးဘထွန်းတင် စီစဉ်ပြုစုထားတဲ့ စကောကရင်စာပေ။

၉။ ဒူးဂဏန်းဖြင့်ရေးသားထားတဲ့ လဲကယ်ဘာသာဝင် ပိုးကရင် “လိုက်ဆောင်ဝေ့” ကြက်ယက်စာပေ။

တို့ဖြစ်ပါတယ်။

အထက်က ဖေါ်ပြခဲ့တဲ့ စာပေကိုးမျိုးအနက်မှ ယနေ့ခေတ် အများစုက အသုံးပြုနေကြတဲ့စာပေ (သို့) ဆိုရှယ်လစ်စနစ်အောက်မှာ အကျယ်တ၀င့် အသုံးပြုခဲ့ကြတဲ့ စာပေးသုံးမျိုးတွေကတော့ -

(၁) မွန် အက္ခရာကို အခြေခံသည့် ဗုဒ္ဓဘာသာ ပိုးကရင်စာပေ။

(၂)မြန်မာ အက္ခရာ အခြေခံသည့် ခရစ်ယာန်ဘာသာ စကောကရင်စာပေ။

(၃) မြန်မာ အက္ခရာ အခြေခံသည့် ခရစ်ယာန်ဘာသာ ပိုးကရင်စာပေ တွေပဲ ဖြစ်ကြပါတယ်။

ဗုဒ္ဓဘာသာ ပိုးကရင်စာပေ

ကရင်ဘာသာဖြင့် “ဖလုံလိုက်ထူလီ” ဟုခေါ်သော ပေရေး ကရင်စာပေတမျိုးဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖတ်ရှုခဲ့ကြောင်းအဆိုရှိပါတယ်။ အချိန်ဘယ်လောက်စောခဲ့ကြောင်း ခိုင်လုံသော အထောက်အထား သက်သေ မထူနိုင်လို့ တိတိကျကျ မပြောနိုင်ပါဘူးသလို ဘယ်ကာလတုန်းက ဘယ်သူတီထွင်ခဲ့တယ်ဆိုတဲ့ မေးခွန်းကိုလည်း အခုထက်ထိတိုင် မဖြေနိုင်သေးပါဘူး။

စာရေးနည်းပညာကတော့ မွန်စာကိုမှီငြမ်းပြီး ရေးသားထားတယ်လို့ပဲ လွယ်ကူစွာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
“ဖလုံလိုက်ထူလီ” ဟုခေါ်တဲ့ ကရင်စာပေကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် နှစ်ပရိစ္ဆေဒအားဖြင့် မကြားဘူးလို့ ဆုံးဖြစ်မယ်ဆိုရင် မှားပေးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရှေးနှစ်ပေါင်းများစွာက ရေးသားထားတဲ့ ရေးသားဟန်များကိုတွေ့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ပိုးကရင်ဘာသာဖြင့် စပ်ဆိုထားတဲ့ ရှေးအဆက်ဆက်က ကရင်လူကြီးသူမများ သီဆိုလာကြတဲ့ အလင်္ကာ အထောက်အထား တရပ်ကိုလည်း တွေ့ရပါတယ်။

“ဒုံသုဝဏ္ဏဂါဂွန်တာ့၊ ဒုံဖူးဒုံလီဘားစိုင်းဂါ၊ မောင်ဒုံးဒေါ်တလာအမတ်၊ လွန့်ကွန်ဖလုံလိုက်ပီဒကတ်၊ ယွန့်ဝဲဒေါ်ဂါဂွန်ပလော်ဘား၊ ဒေးထီဒေးဖလဲ ဒေးဖူးမာ့၊ လီထောင်းဂါ အောဒုံထောင်ဝ ၊ လီထောင်းယိုချန် လိုက်ရောက်လား၊ ရှာလီးချီဟခွာထမား၊ ယိုနီးဖုနီး ခူးသွေ့ယွာ၊ ကြိုင်းဂါနီးဖလုံလိုက်မုလား၊ အားချိုအားချောင့်မိန်လားကလာ၊ ထတောက် အားထော် အားရှောင်းနာ၊ ဒုံထောင်ဝဖန် ထွန်ထောင်းဘာ၊ ဖတွန်ဒုံထောင် အောထိုင်သာ၊ မာလူးပေါလူးအား ချိုရှား၊ လလော်ထောက်နောင်း ချိုနောင်ထား”

အဓိပ္ပာယ်ကတော့ -

သုဝဏ္ဏ သထုံမြို့တော် ပျက်ပြီး မြို့သူမြို့သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ မောင်ဒုံး “မွန်ဒိင်” အမည်ရှိတဲ့ ကရင်အမတ်ကြီးတစ်ဦးက ကရင်ဘာသာဖြင့်ရေးသာပြန်ဆိုထားပြီးဖြစ်တဲ့ ပိဋကတ်ကျမ်းများကို နှမြောပြီး ပျောက်ပျက်သွားမှာ ဆိုးတဲ့အတွက် ထောင်ဝမြို့ (ယိုးဒယားပြည်နယ်စပ်) သို့တိမ်းရှောင် အခြေခြခဲ့ကြပါတယ်။ သားမယားများနှင့်အတူ တပည့်လက်သား အယောက်လေးဆယ်တို့က ကရင်စာပေထုပ်များကို ချွေးတလုံးလုံးဖြင့် တောင်အဆင့်ဆင့် တောင် အထပ်ထပ်ဖြတ်ကျော်ပြီ ထမ်းပိုးသွားကြပါတယ်။ ထိုကရင်စာပေများဖြင့် ကရင်များအား သင်အံ ဖတ်ရှုလာခဲ့ကြသည်မှာ ပြောမကုန်နိုင်အောင် ခေတ်အဆက်ဆက်ပင်ဖြစ်ပါတယ်။

အထက်ပါ ကဗျာ အလင်္ကာရဲ့ အဓိပ္ပါယ် ဖော်ပြချက်ကို ကြည့်ချင်းဖြင့် “ဖလုံလိုက်ထူလီ” ဟုခေါ်တဲ့ ပေရေး ကရင်စာပေကို သုဝဏ္ဏဘူမိ သထုံပြည်ကို အုပ်ချုပ်ခဲ့တဲ့ “မနူဟာမင်း” လက်ထက်ကပင် မွန် အမျိုးသား စာပေနှင့် ခေတ်ပြိုင်ရေးသားနေပြီးဖြစ်ကြောင်း ငြင်းဆိုဖွယ်ရာမရှိချေ။ သထုံပျက်စီးသည့်နှစ် (၀ါ) ပုဂံပြည့်ရှင့် အနော်ရထားမင်းကြီး တိုက်ခိုက်သိမ်းပိုက်သည့် နှစ်မှာ ၄၁၉ (အေဒီ ၁၀၅၇) ပြည့်နှစ်ဖြစ်သည်။ အဆိုပါ အချိန် ကာလကို ထောက်ရှုခြင်းအားဖြင့် “ဖလုံလိုက်ထူလီ”ခေါ် ပေရေးကရင်စာပေမှာ နှစ်ပေါင်းကိုးရာ အထက်ကပင် ကျယ်ဝန်းစွာ ရေးသားခဲ့ကြောင်း တွေ့ရှိရပေသည်။

တဖန် အနီးကပ်ဆုံး အထောက်အထား အနေဖြင့် မြန်မာ သက္ကရာဇ် ၁၁၁၁ ခု၊ (အေဒီ ၁၇၅၀) ပြည့်နှစ်တွင် ဒုတိယ အင်းဝခေတ် ကုန်ဆုံးခါနီး အချိန်နှင့် တိုက်ဆိုင်သောကာလတွင် ပေါ်ထွက်လာသည့် “ဖုတာမိုက်” ခေါ် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးနန္ဒမာလ ဘွဲ့ခံ ပုဂ္ဂိုလ်ကြီး၏ စာပေကို အထောက်အထား ပြောဆို တတ်ကြပြန်သည်။ သို့သော် ဆက်လက်ရှာဖွေလေ့လာသောအခါ “ဖူတာမိုက်” ထက် အရင် နှစ်ပေါင်းသုံးရာကျော် လေးရာလောက်က “ဖုရောင်တာပိုင်” စသော ပုဂ္ဂိုလ်များ ရေးသားသည့် နန်ဂျကုမ္မာ (စော်ထမူလာ) စသော ပုံပြင်များကို တဖန်တွေ့ရှိရပြန်ပါသည်။ ထိုစာပေသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်“ဖူတာမိုက်” ခေတ်တွင် ရေးသားခြင်းမဟုတ်ပဲ ထိုထက် ရှေးကျသည့် ခေတ်ကာလကပင် ရေးနှင့်ပြီး ဖြစ်ကြောင်း သိရှိရပြန်ပါသည်။

အထက်ဖော်ပြပါ တိုင်းရင်းသားများ၏ အဆိုနှင့်ဆန့်ကျင်ပြီး မာရှယ် (Marshall) က မြန်မာနိုင်ငံ၏ ကရင်လူမျိုးများ ( The Karen People of Burma) စာအုပ်နှင့် မြန်မာနိုင်ငံ၏ ကရင်များ (The Karens Of Burma) စာအုပ်များတွင်လည်းကောင်း၊ စမီတန် (Smeaton) က မြန်မာနိုင်ငံ သစ္စာရှိ ကရင်များ (The Loyal Karens of Burma) စာအုပ်တွင်လည်းကောင်း၊ မက္ကမဟောင်း (McMahon) က ရွှေကျွန်းဆွယ်ကရင်များ (Karens of the Golden Chersones) စာအုပ်တွင်လည်းကောင်း ကရင်လူမျိုးတို့တွင် ၁၈၃၂ခုနှစ်၊ ဒေါက်တာ ဂျိုနာသန်ဝိတ် (Dr. Jonathan Wade) စကော ကရင် အက္ခရာများကို မတည်ထွင်မီ စာရေးနည်း ပညာမရှိခဲ့ကြောင်း အသီးသီး ရေးသားတင်ပြခဲ့ကြပေသည်။

ကရင်လူမျိုးတို့သည် ၁၈၃၂ ခုနှစ် မတိုင်မီက စာရေးနည်း ပညာကို မတတ်မြောက်ကြသေးဟူသော အနောက်တိုင်းသားတို့၏ အဆိုကို မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ ကရင်လူမျိုးများ ပျံ့နှံ့နေထိုင်ရာ အရပ်ဒေသ၊ မြန်မာနိုင်ငံတွင်းသို့ လူမျိုးများရောက်ရှိလာပုံ သမိုင်း၊ မွန် မြန်မာ အက္ခရာသမိုင်း၊ စာပေသမိုင်း၊ ဗုဒ္ဓဘာသာ အယူဝါဒများရောက်ရှိလာပုံသမိုင်း၊ ကရင်လူမျိုးတို့နှင့် မွန်လူမျိုးတို့၏ ဘာသာစကားများ၊ စာပေများ၊ ယဉ်ကျေးမှုနှင့် ရိုးရာထုံးတမ်းဓလေ့များ၊ တေး ကဗျာ လင်္ကာများ၊ ပုံပြင်၊ ဒဏ္ဍာရီများနှင့် နှိုင်းယှန်ချိန်ဆပြီး ယထာဘူတ ကျကျ ဆင်ခြင်တွေးတော ကြည့်သည့်အခါ ယင်းတို့၏ အဆိုသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကို နှံ့နှံ့စပ်စပ် ရှာဖွေလေ့လာ တင်ပြခြင်း မဟုတ်ပဲ အလျင်စလို တင်ပြသော အဆို၊ သက္ကယ၀ါသမကင်းသော အဆိုဟူသာ ဆင်ခြင်မိပြီး ကရင်လူမျိုးတို့တွင် ၁၈၃၂ ခုနှစ်ထက်စောပြီး စာရေးနည်းပညာ တခုခု ရှိနှင့်နေကြောင်းဖော်ပြအပ်ပါသည်။

ခရစ်ယာန်ဘာသာ စကောကရင်စာပေ

၁၈၃၂ ခုနှစ်တွင် အမေရိကန်ခရစ်ယာန်နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ် (Dr. Jonathan Wade) သည် ခရစ်ယာန်ဘာသာ ပြန့်ပွားရေးကို ရည်ရည်ပြီး စကောကရင် ဘာသာစကားဖြင့် ခရစ်ယာန် ကျမ်းစားများကို ရေးသား ဖြန့်ချီနိုင်ရန် မြန်မာ အက္ခရာကို မှီးပြီး စကောကရင် စာရေးနည်းတရပ်ကို တည်ထွင်ခဲ့ပေးသည်။ ဒေါက်တာ ဂျိုနာသန်ဝိတ်သည် ထိုအချိန်ကပင် ရောမ အက္ခရာကို အသုံးပြုလိုသော်ငြားလည်း က၇င်စာဖတ်ပရိတ်သတ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းထွက်များ ဖြစ်ကြသဖြင့် ယင်းတို့နှင့် နီးစပ်သည့် မြန်မာ အက္ခကိုပင် တည်ထွင်လိုက်ခြင်းဖြစ်သည်။ ဒေါက်တာ မေဆင် (Dr. Mason)သည် ဒေါက်တာ ၀ိတ် တီထွင်သော စကောကရင်စာဖြင့် သမ္မာကျမ်းစာကို ပြန်ဆိုရေးသားခဲ့ပါသည်။

ခရစ်ယာန်ဘာသာပိုးကရင်စာပေ

ခရစ်ယန်ပိုးကရင်စာပေကို ဒေါက်တာ ဂျိုနာသန်ဝိန် ကပင် စတင်တည်ထွင်ခဲ့သည်။ သို့သော် ခေါမ၊ ရောမနှင့် အမျိုးအမည်မကွဲပြားသော အက္ခရာများ ပါနေသဖြင့် ရေးဖတ်ရာတွင် မလွယ်ကူခြင်း၊ အများက မနှစ်ခြိုက်ခြင်းကြောင့် ၁၈၅၂ ခုနှစ်တွင် ဒေါက်တာ အယ်လ်ဘရေတန် (Dr. L. Brayton) က မြန်မာ ဗျည်းအက္ခရာများပေါ်တွင် လုံးဝမှီြး့ပီး ပြန်လည်တည်ထွင် ပြုစုပါမှ ရေးဖတ်မှတ်ရာတွင် ပိုမိုလွယ်ကူမူရှိသည်ဖြစ်ရာ ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်သမ္မာကျမ်းစာ တအုပ်လုံးကို ထိုစာဖြင့်ပင် ဘာသာပြန်ဆိုရေးသားခဲ့လေသည်။

မှတ်ချက်။ ။မူရင်း.. http://smilemay.blogspot.com မှ ကူးယူဖော်ပြပါသည်။

Sep 15, 2009

ဒေါက်တာ စင်သီယာမောင်...


စိုးနေလင်း
-ဒေါက်တာစင်သီယာမောင်(သို့)အရိပ်ကောင်းသစ်တစ်င်




စိုးနေလင်း...ဒေါက်တာစင်သီယာမောင်အကြောင်းကို ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်..။
ဒီလိုစာအုပ်ကောင်းတွေကို မျှဝေပေးတဲ့ ကိုးရီးယားကရင်အမျိုးသားအဖွဲ့ knfkorea.blogspot.com မှ အထူးဘဲကျေးဇူးတင်ပါတယ်။

စာအုပ်ကို ဒေါင်းချင်သူများ... ဒီနေရာ မှာသွားပါနော်..။

Sep 13, 2009

ဆု္ခႜါင္ပၠံဳ(၂)...

၆၈။ကျာၟအူဝိက်= စက်(လယ်ထွန်စက်၊ မီးစက်စသည်)၊
၆၉။ထ်ုဍံင်= လုံချည်၊
၇၀။ဃှာ်(ဃှာ)ဍာ်= အိမ်သာ၊
၇၁။ညာၟစုက်္ဘး= အားနာသည်၊
၇၂။ထီ့တ်ုမိုင့်= ရေကာတာ၊
၇၃။ကောဟ်ထီ့ခုဂ်= ရေခဲမုန့်၊
၇၄။ဌာန့်= ဌာန၊
၇၅။လင်ဍာ= နေရာ၊
၇၆။အ်ုခေါဟ်စံင်း= နာယက၊
၇၇။အ်ုခေါဟ်ကႜိုင်ၟ= ဥက္ကဌ၊
၇၈။နဲာလွဲာ= အတွင်းရေးမှူး၊
၇၉။ဆ်ုမာဆာၟ= အဖွဲ့ဝင်၊

ဆက်ဖတ်ရန်...


၈၀။လေ၀်လာဍေသ္တာ်= သတိနဲ့သွားပါ၊
၈၁။၀ီၟ၀ယ္သႝာ= အႏၱရာယ္၊
၈၂။၀ီၟပါဒဒုက္တု္ဏာ့= ၀ဋ်ဆင်းရဲဒုက္ခ၊
၈၃။ဝီ.၀ယ်သ်ုရေင့်= ဘေးဒုက္ခ၊
၈၄။ဆ်ုယာင်ၟကျုဂ်= ဆိုက္ကား၊
၈၅။လါင်းမှေ်က႟င်(က႟င်)= သင်္ဘော၊
၈၆။ထ်ုမျာ့ဏံင်လ၀့်= နောင်တကြီးစွာ ပြန်ပြောသည့်စကား၊
၈၇။ထုင်ၟက်ုစုက်= ကြိတ်မှိတ်ခံစားသည်၊
၈၈။လိုဒ်ၟကာ= လောက၊
၈၉။ခၝါင်= လှည့်လည်သည်၊
၉၀။ခၝါင်သံင်သာ့= သံသရာမှလှည့်လည်သည်၊
၉၁။ကောဝ်ကြင်ခေါဟ်ဍာ= ကမ္ဘာလောကမှာ၊
၉၂။မႝီ.= လူသား၊
၉၃။မႝိက် သိင်.လာ့= ကျောက်မျက်ရတနာ၊
၉၄။ဆ်ုထင်းအဲုးထင်းဖး= တိုးတက်ရာတိုးတက်ကြောင်း၊
၉၅။သံင်သာ့= သံသရာ၊
၉၆။ကုံၟလွဲာ= အဖွဲ့အစည်း၊(လူစု)၊
၉၇။လါင်းကႜိင်တ်ာသောဟ်= မော်တော်ကား၊
၉၈။လင်ဖုဒ်လင်ထင့်(ဆင့်)= အောက်ကျနောက်ကျသည်၊
၉၉။လင်ထိုင့်= ချူချာသည်၊နုံသည်၊
၁၀၀။ထီ့ခုဂ်တႜာ့= ရေခဲသေတ္တာ။
၁၀၁။က်ုဆိင့်ဃှီ့= အငြိမ့်၊
၁၀၂။လိက်သံင့်ကေ၀်= စာစီစာကုံး။

Sep 10, 2009

နေ့စဉ်သုံး ကရင်စကားလုံးပြောင်းလဲလာမှု...

ပထမတော့ (ဆ်ုခႜါင်ပ္ကုံ) သက်သက်သာ ပို့စ်တင်ဖို့ ရည်ရွယ်သော်လည်း ကရင်လူမျိုးတို့ရဲ့ နေ့စဉ်သုံး၊နေ့စဉ်ဘ၀မှာ ဖြစ်တည်နေတဲ့ လူနေမှုပုံစံ၊ စကားလုံးပြောင်းလဲလာမှု၊ စာပေအကြောင်းအနည်းငယ်ကို မသိသေးတဲ့ ကရင်လူမျိုး ညီအစ်ကိုမောင်နှမတွေကို သိသင့်သိထိုက်တယ်လို့ ယူဆပြီး၊ စကားလုံးများ ပြောင်းလဲလာမှု ရေစီးကြောင်းကို မိမိသိမျှ စုစည်းမှုတွေနဲ့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
အမြင်မတူတာတွေ၊ အယူအဆတွေမတူတာတွေ ရှိရင် အကြံပေးရေးသားနိုင်ပါတယ်။

(ဆ်ုခႜါင်ပ္ကုံ )ဆိုတာ မြန်မာလိုဆိုလျှင် (စကားများ ပြန်လည်စုစည်းခြင်း )လို့ ပြောရမှာဖြစ်ပါတယ်။ ကရင်လူမျိုးတွေဟာ သမိုင်းမှတ်တမ်းအရ လူမျိုး ၁၁ မျိုးကွဲပြားပါတယ်။ ဒီအထဲမှာမှ နေ့စဉ်သုံးစကားလုံးအနေနဲ့ အများအပြား ကွဲပြားပြန်တယ်.။ ဥပမာ..ပိုးကရင် တစ်မျိုးထဲကိုပင် နေရာဒေသအလိုက် အခေါ်အဝေါ် လေယူလေသိမ်း အများကြီးကွဲပြားပြန်သည်။ (ဖန်းခါးသီး)ကို ဘားအံတို့ ၊လှိုင်းဘွဲတို့ ကရင်ပြည်နယ်တစ်ဝိုက်တွင် (မာနာသး )လို့ခေါ်ကြသည်။ ဒါပေမယ့် ကြာအင်းဆိပ်ကြီးမြို့နယ်တစ်ဝိုက်တွင် (မင်နာသး) လို့ အသံထွက်သည်။

ဆက်ဖတ်ရန်...

တစ်ခြားစကားလုံးတွေလည်း အနည်းငယ်ကွဲပြားတာ ကျန်ရှိသေးသည်။ ဘာကြောင်းဒီအကြောင်းတွေကို ရေးရသလဲဆိုလျှင် ကရင်ဘာသာစကားသည် အများအပြားကွဲပြားလေ တိမ်မြုပ်ပျောက်ကွယ်ဖို့ ပိုလို့ပင် လွယ်ကူပါသည်.။အဘယ်ကြောင့်ဆိုသော် များပြားသောသာသာစကားကို ထိန်းသိမ်းရကြောင့်ဖြစ်ပါသည်။
နေ့စဉ်သုံးစကားထဲတွင် တစ်ချို့ဆိုလျှင် ပျောက်ကွယ်လုလုဖြစ်နေပြီ၊ ဖာသိဖာသာနေကြသည်.။
ကိုယ့်ဘာသာစကားကို ကောင်းကောင်းနားမလည်နိုင်တော့သသည့်ပုံစံမျိုးလည်းရှိတတ်သည်။တစ်ချို့ဆိုရင် အမွှေးစားခံရပြီး သိသိသာသာအသုံးနည်းလာသည်ကို တွေ့မြင်နိုင်ပါသည်။ဥပမာ (အားနာပါတယ် )ဆိုတဲ့စကားကို နေ့စဉ်သုံးစကားတွင်( အာနာ့္ဘးဏု)ဆိုတဲ့မွှေးစားပုံစံမျိုးနဲ့ တွင်တွင်ကျယ်ကျယ်သုံးနေကြပြီ။ (ညာၟစုဂ်္ဘးဏု )လို့ သိပ်မသုံးကြတော့ပေ။ ကြာရင် ပျောက်ကွယ်သွားနိုင်သည်။ တစ်ချို့နေရာတွင် အသုံးပြုဆဲပင် ဖြစ်ပါသည်။နောက်ပြီး (အိမ်သာ )ဆိုတဲ့စကားလုံးလည်း (အိင်သာ့ )လို့သာ သုံးကြတော့သည်။ (ဃှာဍာ်) လို့ မသုံးကြတော့ပေ။ တစ်ချို့ဆိုရင် (ဃှာဍာ် အှ်ခ၀့်လယ့် )( အိမ်သာဘယ်မှာလဲ)လို့ မေးရင် နားမလည်တော့ပေ။ (လုံချည်)ကိုလည်း (ထ်ုဍံင်) လို့ အသုံးမတွင်ကျယ်တော့ပေ။( လံုၟခ်ိ(လံုၟတိ) လို့သာ သုံးကြတော့သည်။ ဒါကြောင့် မိမိဘာသာစကားကို ဖာသိဖာသာ မနေကြဘဲ ကရင်စာပေသင်တန်းဖွင့်တဲ့အခါလည်း မိမိတို့ဘာသာစကားအကြောင်းကို ကောင်းကောင်းသင်ပေးပြီး၊ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကို လေးလေးနက်နက် သင်တန်းသားကလေးတွေကို ပြောပြသင့်ပါသည်.။ အသဲုးပြုဖို့လည်းတိုက်တွန်းရပါမည်။အများအားဖြင့် ကရင်လူမျိုးတို့သည် နေ့စဉ်သုံးစကားသာ တတ်မြောက်ကြပြီး စာပေကိုတော့ မတတ်ကြတော့ပေ၊ ဒီကိစ္စမှာ စာရေးသူအမြင်အရ အများစုဖြစ်နေပါသည်.။မွှေးလာကတည်းက မိခင်ကရင် ဖခင်ကရင်မို့ ကရင်စကားကိုတော့ ကောင်းကောင်းပြောတတ်ပါသည်။
ဒါပေမယ့် စာပေကိုတော့ ကောင်းကောင်းမတတ်ကြပေ။ဒီအကြောင်းကိပြောပြခြင်းသည် ကိုယ်လူမျိုးကို (သို့)တစ်စုံတစ်ယောက်ကို ထိခိုက်လိုသောကြောင့် ရေးသားခြင်းမဟုတ်ပါ၊ ဖြစ်ပေါ်လာသော ခေတ်ရေစီးကြောင်းအတိုင်း တင်ပြခြင်းသာဖြစ်ပါသည်။ တစ်စုံတစ်ယောက်နဲ့ တိုင်ဆိုင်မှုရှိလျှင် ခွင့်လွတ်နားလည်ပေးစေချင်ပါသည်။
ဒါကြောင့် ကရင်ဘာသာစာပေကို မိမိတို့တတ်နိုင်တဲ့ဘက်က မပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိသည်။ ဖာသိဖသာနေလျှင် မိမိစကား၊စာပေတွေကို ဖာသိဖာသာ ပျောက်ကွယ်သွားလိမ့်မည်။
တစ်စုံတစ်ခုကို အောင်မြင်လိုလျှင်
(၁)ထကြွလုံ့လ၀ီရိယရှိရမည်။
(၂)စိတ်းအားထက်သန်မှု(စိတ်ပါဝင်စားမှု)ရှိရမည်။
(၃)ယုံကြည်ချက်ထားရမည်။
(၄)အခေါက်ခေါက်အခါခါ လေ့ကျင့်မှုရှိရမည်။
အထက်ပါ အချက်များနှင့် လုပ်ဆောင်လျှင် မအောင်မြင်စရာ အကြောင်းမရှိတော့ပေ။
ဥပမာ ကိုယ်ကြိုက်နှစ်သက်တဲ့ မိမိတို့ဘာသာစကားမဟုတ်တဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို တစ်ခါလာလိုက် ဖွင့်လိုက်၊ နှစ်ခါလာလိုက် ဖွင့်လိုက်နဲ့ အကြိမ်တစ်(၁၀)ထက်မနည်း ကြားရဖန်များတော့ အလိုလိုရသွားတတ်သည်။အင်္ဂလိပ်ဘာသာစကားဆိုရင်လည်း တစ်ခြားနိုင်ငံကို သွားရတော့မည်ဆိုရင် ကိုယ်က မတတ်မြောက်သော်လည်း တတ်မြောက်အောင်လုပ်ရတော့မည်။ မဖြစ်မနေလုပ်ရတော့မည်။ အင်္ဂလိပ်ဘာသာစကားက အသုံးတွင်ကျယ်သောကြောင့်လည်း ဖြစ်နိုင်သည်။
ဒါကြောင့် တစ်ခြားသော ဘာသာစကားတွေကို မိမိတို့က ကျွမ်းကျင်စွာ တတ်နိုင်ပါလျက်နှင့် မိမိဘာသာစကားကို ဘာကြောင့် မတတ်နိုင်ရမည်နည်း လို့ စိတ်ထဲမှာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာထားရပါမည်။
ဒါမှ လွယ်ကူစွာ တတ်မြောက်နိုင်ပါသည်။တစ်ချို့က အကြောင်းအမျိုးမျိုးကြောင့် ကရင်စာပေကို သင်ကြားခွင့်မရှိပါပေ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ တတ်မြောက်အောင် ကြိုးစားတဲ့ ကရင်လူမျိုးများကိုလည်း သူတို့၏ ဇွဲလုံ့လတွေကို ချီးကျူးစရာကောင်းပါသည်။ အတုယူစရာလည်း ကောင်းပါသည်။
မိမိဘာသာစကားက မိမိတို့ လူမျိုးအတွင်းသာ သုံးနိုင်သောကြောင့် ပိုပြီးဂစိုက်ပေးရမည်။ ပျောက်ကွယ်ဖို့ ပိုမိုလွယ်ကူပါသည်။
ဒါကြောင့် မိမိဘာသာစကားကို ထိန်သိမ်းဖို့ရာ တတ်နိုင်သလောက်တော့ ကြိုးစားရမည်။ ဒီ (ဆ်ုခႜါင်ပ္ကုံ )(စကားလုံးများကို ပြန်လည်စုစည်းခြင်း) သည်လည်း လက်လှမ်းမီသမျှကို စုစည်းဖို့ ရည်ရွယ်ပါသည်။တစ်ထောင့်တစ်နေရာမှာ အကျိုးဖြစ်ထွန်းမှု ရှိလျှင် ကျေနပ်ရပါသည်။ဒါကြောင်း ညီအစ်ကိုမောင်နှမများ အကြံမတူတာ၊ အသိမတူတာ၊ အမြင်မတူတာ၊ အကြံပေးချက်ရှိလျှင် အကြံပေးနိုင်ပါသည်။ တင်တဲ့အထဲမှာ မပါတာတွေကို ညီအစ်ကိုမောင်နှမတို့ ဆီမှာ ရှိလျှင် ပို့ပေးဖို့ တောင်းခံပါသည်။ ဒါကြောင့် အပိုင်းတွေ ခွဲပြီး အလျဉ်းသင့်သလို စုစည်းတင်သွားပါမည်။
(ဆ်ုခႜါင်ပ္ကုံ)အပိုင်း(၂)ကို နောက်ပို့စ်တွင် တင်ပြသွားပါမည်။

မူယံင့်ဖါန်

Sep 5, 2009

ကရင်စာကောင်းကောင်း ဖတ်နိုင်ဖို့..အတွက်..

အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ…။

ဒီပို့စ်ကို ရေးဖို့စိတ်ကူးထားတာကြာပါပြီ..။ဒါပေမယ့် မရေးဖြစ်ပါဘူး..။ခုမှ ကရင်ညီအစ်ကိုမောင်နှမတွေအတွက် လိုအပ်မယ်ထင်လို့ ရေးဖြစ်လိုက်တာပါ..။ စာရးသူက ကျွမ်းကျင်မှုမရှိတော့ အမှားပါရင်လည်းခွင့်လွတ်ပါနော့်..။
ကရင်ဖေါင့်ကို အင်တာနက်စာမျာနှာမှာ ကောင်းကောင်းဖတ်လို့၊ ကြည့်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးပါ..။သိပြီးသားသူတွေအတွက် မရည်ရွယ်ပါ..။မသိသေးသူများရှိရင် အဆင်ပြေအောင်လို့ ဒီပို့စ်ကို တင်ဖြစ်လိုက်တာပါ..။ ကရင်ဖေါင့်(သို့) zwekabin font (သို့)စောကျောင်ခရောစ်ရဲ့ ဖေါင့်ကို အက်တာနက်စာမျက်နှာပေါ်မှာ ကရင်စာကောင်းကောင်းဖတ်လို့ရအောင် အထူးသဖြင့် (္ဘ) ဆိုတဲ့ကရင်စာလုံးဟာ ဖတ်လို့ အဆင်မပြေတတ်ပါဘူး..။ဒါကြောင့် ကရင်စာနဲ့တင်ထားတဲ့ ဆိုက်တွေကို ကြည့်ရတာတစ်မျိုးဖြစ်နေတယ်လေ…။အဲဒီစာလုံးကို ကောင်းကောင်းဖတ်လို့ အဆင်ပြေအောင် မြန်မာဇော်ဂျီ ယူနီကုဒ် ထုတ်ထားတဲ့ Alphazawgyi version 3 exe နဲ့တွဲသုံးမှ ကောင်းကောင်းမြင်ရမှာဖြစ်ပါတယ်..။ခုနောက်ဆုံးပေါ်တဲ့ 2008 zawgyi version နဲ့ဆိုရင် (္ဘ) ဆိုတဲ့စာလုံးကို ကောင်းကောင်းမမြင်ရပါဘူး..။ကျန်တဲ့ စာလုံးတွေတော့ ပြဿနာမရှိပါ..။

ဒါက စာရေးသူကိုယ်တိုင် သုံးဖူးတဲ့ အမြင်နဲ့ ပြောပြတာပါ..။တကယ်လို့ တစ်ခြားအဆင်ပြေတဲ့နည်းလမ်းကောင်းများရှိရင် ပြောပေးပါဦးလို့ မေတ္တာရပ်ခံပါရစေ…။
အားလုံးအဆင်ပြေဖို့အတွက်ပါ…။Alphazawgyi version 3 exe မရှိသေးဘူးဆိုရင် …….
ဒီနေရာမှာ..
ဒေါင်းလုတ်ယူနိုင်ပါတယ်ဗျာ…။Zwekabin ဖေါင့်နဲ့ KB ကိုတော့ ဆိုက်ဘားမှာ ယူနိုင်ပါတယ်…။
နောက်တစ်ခုက KB ဖေါင့်ကတော့ video edit တာတို့ ၊ Photoshop သုံးတာတို့ဆိုရင် ကရင်စာ ကောင်းကောင်း Creat နိုင်ပါတယ်နော့်…။
အားလုံးအဆင်ပြေကြပါစေဗျာ…။

ကရင်သီချင်းများနဲ့ ...ပျော်ရွှင်နိုင်ပါစေ...

*ကရင်သီချင်း နားဆင်လိုသူများ 2008 Karen liveshow ထဲက ကောင်းနိုးရာရာကို ရွေးထုတ်ပြီး တင်ပေးလိုက်ပါတယ်.အောက်မှာဒေါင်းလုတ်ယူနိုင်ပါတယ် နောင်လည်း ကရင်သီချင်းများကို ကောင်းမယ်ထင်တဲ့ သီချင်းတွေကို တင်နိုင်ဖို့ ကြိုးစားပါ့မယ်.အမြဲတမ်း ယူနိုင်အောင် ဆိုက်ဘားမှာလည်း တင်ထားပါတယ်.သီချင်းလိုချင်သူများ..ပျော်ရွှင်နိုင်ပါစေဗျာ...။

(၁)စလင်းလင်း

(၂)အကြင်နာသောမတ်စ်

(၃)ထူးဝါး

(၄)အဲမိက်

(၅)အကြင်နာသောမတ်စ်

(၆)ကျဝ်သိင်းဖ၀့်
အားလုံးကို ကျေးဇူးတင်လျက်...။ မူယံင့်ဖါန်

Sep 3, 2009

မာလုပ်လ၀်ထဦု့ လ်ုအုယာင်

ယှူးမုက်္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်လာဆာ်….။
အှ်လုအ်ုယာင် ဖူၟဍးလ်ုဟှာအ်ုဟှင် ၀ဲါက်ုတ၀်္ဘး ဍောဟ်ဍောဟ်လေံအ်ုခေါဟ်ကျံင် ကေ၀်ပြိုင့်လ၀်ဟှိုင့်စိုဝ်္ဘး ဍေလိက်လု္ဘ်ါယိုဝ်ဆေ၀်ၟလှ်။ ဖူၟဟှေး…ကဲထင်းမႝီၟယိုဝ် ဆ်ုကးဆ်ုဟှယ်လ်ုမိင်ဏှ် ဟ်္ဘုးဍးခံင်ဝေ့ ကိုဝ်ဟှာဍေ ဆေ၀်ၟလှ်။ လာဏင့်သီး ဆ်ုကးဆ်ုဟှယ် အေအှ်မ ဆ်ုဖႜံင့်အ်ုဟှးဏှ် မ်ုဏေ၀်ၟဝေ့ မွ္ဘဲာိုဝ်ဆေ၀်ၟလှ်.။ ဆ်ုကးဆ်ုဟှယ် လ်ုမိင်ဟှေဝ် လ်ုမိင်ဟှေဝ် ဟ်ုအေဍးခံင်္ဘးဏှ်္ဘေ့ခင့်ဖးမ်ုဏေ၀်ၟသိုဝ်္ဘးကေႜစိုဒ်ဝေ့ဍး ကိုဝ်ဟှာဍေဆေ၀်ၟလှ်။
ကောဝ်ကြင်ခေါဟ်ဍာ ဃှဦုအှ်ဆိုဒ်သယ်သီးလ်ုဖး ထံင်လုက်ခႜါဏှ် အ်ုသီးဆ်ုဃှီ့ဆ်ုလာဍေအ်ုသီး အှ်ဝေ့ထၞာလှ်။ ပ်ုဖႜုံဆိုဒ်ဖေါဟ်ယိုဝ်သီး မွဲာဆိုဒ်ဖေါဟ်ဖါဍောဟ် လ်ုဖူ့ဆေ၀်ၟအ်ုခေါဟ်ကျံင်…..
(၁)လိက္လာဲဆု္ခႜါင္လူၟထာ့
(၂)ဖါ်္ဘိင်းကံင်သိုဝ်
(၃)ထာၟေခါဟ္ထာၟဖုိင္
(၄)ဆ်ုဖေါတ်ဆ်ုအူး
(၅)ထူ့ရူ့မုင်္ဘျာ

ဟ်ုစာ်ဆ်ုဃှီ့လာယဲာမိင်ဏှ် ပ်ုမ်္ဘုးသှေ်ယာ့ထးဝယ် မွ္ဘဲာိုဝ်လှ်။
(၁)လိက်လဲာဆ်ုခႜါင်လူၟထာ့ဏှ် ပ်ုမု္ဘးမာလောဟ် ခႜါင်ထင်းထာင်၊
(၂)ဖါ်္ဘိင်းကံင်သိုဝ်ဏှ်သီး ပ်ုမု္ဘးကံင်သိုဝ်ထာင်၊
(၃)ပု္ထာၟေခါဟ္ထာၟဖုိင္ဏွ္သီး ပ်ုမု္ဘး ယိုင်ထင်းထာင်၊
(၄)ပ်ုဆုဖေါဟ်ဆ်ုအူးဏှ်သီး္ဘးဖေါဟ်္ဘးအူးထာင်၊
(၅)ပ်ုထူ့ရူ့မုင်ၟ္ဘျာဏှ်သီး ပ်ုမ်္ဘုးသှေ်ယာ့ ၀ီၟကုံဏေ၀်ၟထာင်ကိုဝ်ဟှာဍေလှ်။
ဖူၟခႜိင်းဟှေး…..ဟ်ုကဲထင်းမၞီၟလ်ုကျးယိုဝ် ဆ်ုဃှီ့လာယဲာမိင်ဍုဂ်ပါင်ယိုင်ဃှဦုယုဂ်သီး ဟှံင်ဍ်ာအေး၊ ထီ့ခါန်ဆ်ုဖံင်ဖေႜ၀် အေလ်ုအှ်္ဘးစာ်္ဘိုဝ် ဆိုဒ်လ်ုဆိုဒ်ဟှေဝ် လ်ုဆိုဒ်ဟှေဝ် မ်ုဍောဟ်ယှာထင်းထ၀့်ဏှ် မွဲာအေးဆေ၀်ၟလှ်။ စင်္ဘိုဝ်ဏှ် ဖူၟဟှေး… ပ်ုဆိုဒ်ဖေါဟ်ယိုဝ်္ဘေ့မ်ုဏေ၀်ၟဆ်ုဖံင်ဖေႜ၀်သိုဝ် ဏ်ုဏုယ်ုယု ပ်ုဖႜုံယှင်ဖေါဟ်ကိုဝ်အ်ုဟှာ မု္ဘးဟှယ့်ထုင်းထင်း ဖေံဃှောဝ့်ပြင်ဆိုင် ဆိုဒ်ဖေါဟ်မေင်ၟစိင် ဖိုင်သာ ကိုဝ်ဟှာဍေဏှ်လှ်။္ဘိုဝ်ပ်ုဟှာင်ၟပု္ဘျာ အှ်ဍာ်အ်ုခါ့ယိုဝ်ဏှ် ကေႜစိုဒ်မာလာၟ ပ်ုဖႜုံဆ်ုမာဏှ်၊ ပ်ုအေလ်ုကေႜစိုဒ် လ်ုမ္ဘားစာ်္ဘိုဝ် အ်ုခါ့ထႜိုင့်စူးယာ့ခိုတ် ပ်ုမု္ဘးထၝံင့်ပႜ၀်ထာင်သာ့ ၊ မု္ဘးကဲထင်း ပ်ုဖႜုံဟှူ့ဟှာဃှံင်္ဘေ့ဆ်ုအင်းမိုင့်သိုဝ် ပ်ုမ်္ဘုးမာဝေ့ဍးဆေ၀်ၟလှ်။္ဘေ့လ်ုကဲထင်း ဖႜုံဟှူ့ဟှာ ဃှံင်္ဘးသိုဝ် ဖ၀်ၟဏေ၀်ၟအ်ုခိင်အ်ုခါ့ အ်ုခါ့ဍးယိုဝ်ဏှ် ပ်ုမု္ဘးဏင်းထင်းသာ၊ ပ်ုမ်္ဘုးကေႜစိုဒ်ဝေ့ဍး မွ္ဘဲာိုဝ်လှ်။ အေဟှံင်္ဘးဆာင့်လ်ုဆုသှေ်ဆု္ဘး ပညာ့သယ်ခ၀့် ဟှယ့်လ်ုခါင့် သ္ဘာင်းသယ်လ်ုဖး မု္ဘးပ္တဲုအင်းဃှူ့ဏေ၀်ၟထာင်ဆေ၀်ၟလှ်။ လင်ခါင့်ထုက် ၀ဲါမ်ုမာလုက်ထဦု့ထာင်္ဘးသာဏှ်ဟှး….မ်ုမာဆိုဒ်ဆဟှင် ဟှယ့်လ်ုခါင့် သ္ဘာင်းဖေါဟ်သီး လ်ုစံင်းဏှ်္ဘေ့စာင်းဖိုင်သာ မု္ဘးဟှေဝ်အွာသိုဝ် ဖူၟလ်ုဟှာ တ်ာခေါဟ်တ်ာဏာၟ ဍုဂ်ဏဲဖိုင်သာ ကဲလာဝေ့ဆာ်…။
အှ်ဆံင်းလာဆာ်…။
ဝဲါစ၀်..မေင်ၟစိင်ဆာၟ
တိုဒ်က်ုလေင့်