Feb 21, 2010

ကရင်၏ မူလဇာစ်မြစ် (၄)

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၄)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။

အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ -
၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚
၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚
၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15
၎။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚
၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45
၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45
၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45
၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45

စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။

ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကို ဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။

သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက် ပြည်ထောင်စုတွင် ပါဝင်သော တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့် ကိုက်ညီသော နေရာ ထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol III, p163- “A Glimpse of Turkestan” In this strange land of Turkeston, The surface of the earth is constanl changing, rivers are shifting their courses or wandering off to be swallowed up by the desert courses or wandering off to be swallowed up by the desert sands.)

+ Read more


အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု ယူဆကြသည်။ မြစ်ဝါမြစ်သည် ‘လိုးအက်စ်’ ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော “သဲစီးဆင်းသောမြစ်” “သဲစီးဆင်းသောချောင်း” ဆိုသည်မှာ ၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ် ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။

မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည် လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။ ဖြစ်နိုင်သည်က မြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန် နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက သဲကန္တာရထဲပင် မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊ ချောင်းများသည် တနေရာရာတွင် ပြန်၍ ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည် သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။ ဤအချက်အရ ကရင် ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။

တဖန် ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။ ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့ ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက အုပ်ချုပ်သူ မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့် အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို တနေရာရာမှ တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော နေရာကို ဆက်၍ စူးစမ်းရပေမည်။

အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည် တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ) အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော “မြစ်နှစ်မွှာ” မြစ်ဝှမ်းဒေသကို ရောက်ပေမည်။ လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road) နှင့် မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။

သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့် သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော ‘စကော’ သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် ‘ဆာဂွန်’ နှင့် အခေါ်အဝေါ် တူပါသည်။ မြန်မာ့ သမိုင်းမှာ “မင်းကြီးစွာစော်ကဲ ဘယ်သူလဲ” သိလိုသော ကရင်လူငယ်များ “မှန်နန်းရာဇ၀င်” ကို အခေါက်ခေါက် အခါခါ ဖတ်၍ လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 “Sargon Empire” Propably about 275089, a Semitie chieftain called Sargon ruled in Akkad, and he was a truly great soldier.)
ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ လူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။

ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။

ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)

ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.)

ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။ အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင် ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။ ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည် ဓမ္မတာပင် ဖြစ်သည်။

အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာ (Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။

ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့် အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ် သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊ မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။

မက်ဆိုပိုတေးမီးယား ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟု အဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊ စာကြောင်းရေ ၁၁)

ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည် အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ သဲစီးဆင်သော အန္တရာယ်ရှိသည့် မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။ စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။

မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့) မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည် (Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး ရှိနှင့်သော လူမျိုးများကို တိုက်ခိုက် အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ ရှောင်ခွာသွားကြပြီး အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။

ဥပမာ ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌ အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော် အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး အကာဒီးယန်းဒေသကို သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏ ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကို ထူထောင်ခဲ့သည်။

တခါတရံ ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊ ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊ မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊ အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့် မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့် လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု ထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။


မူရင်း။ ။ ဇွဲကပင်(ကျော်ခရော့)မှ ပြန်လည်ဖော်ပြပါသည်။

Feb 14, 2010

ပဒိုမန်းရှာ အတ္ထုပ္ပတ္တိ



ဖဒိုမန်းရှာလဖန်းသည် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်သားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်(၇) ရက်အရေးတော်ပုံပေါ်ပေါက်ချိန်၌ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်နေဆဲ ကျောင်းသားတစ် ဦးဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိပြီး ၁၉၆၅ ခုနှစ်တွင် ကရင်တော် လှန်ရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ရောက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က KNU အထွေထွေ အတွင်းရေးမှုး ဖဒိုစကောလယ် ထောနှင့်အတူ တရုပ်ပြည်နယ်စပ်နှင့် ရှမ်းပြည်ဒေသများ သို့ကွင်းဆင်း စည်းရုံးရေး၌ လိုက်ပါခဲ့သည်။ ၁၉၇၅ ခုနှစ်၌ KNUP နှင့် KNU တို့ပေါင်းစည်း ညီညွတ်ရေး လုပ်ပြီးချိန်၌ ညောင်လေးပင်ခရိုင်၌ တာဝန်ကျပြီး ခရိုင်တွဲဖက် အတွင်းရေးမှုး တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၆ - ၇၇ - ၇၈ )ခုနှစ်များတွင် KNLA တပ်မတော်နှင့်အတူ တသားထဲ နေထိုင်ခဲ့သည်။ (၂၀၀၀) ခုနှစ် KNU ကွန်ဂရက်မှ စတင်ကာ အထွေထွေ အတွင်းရေးမှုးအဖြစ် ရွေးချယ်ခြင်းခံရကာ လုပ်ကြံခံ ရချိန် (ယနေ့) အထိတာဝန် ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်ချိန်၌ အဝေးရောက်နေသော အင်္ဂလန်နိုင်ငံနေ ဇိုရာဖန်းအပါအ၀င် သားသမီးလေးဦးကျန်ရှိခဲ့ပြီး ဇနီးဖြစ်သူ နန့်ရွှေကျင်မှာ လွန်ခဲ့သော သုံးနှစ်ကျော်ကကွယ်လွန်ခဲ့ သည်။
ဖဒိုမန်းရှာသည် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို့စတင်ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင်သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ ရရှိကာ ကရင်တော်လှန်ရေး တွင် ပါဝင်ခဲ့သူဖြစ်သည်။ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဖြိုဖျက်ကာ ကျောင်းသားများကို နှိပ်ကွပ်သည့် ၁၉၆၂ ဆဲဗင်းဇူလိုင်နှင်ကြုံခဲ့သည့် ဖဒိုမန်းရှာသည်ရေဆန် ဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။

+ Read more


ပဒိုမန်းရှာရေးသားသည့် နာမည်ကြီးကဗျာတပုဒ်

ချစ်သမီးသို့

သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။

ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊

လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊

မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊

သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။

ရေဆန်(ပဒိုမန်းရှာလာဖန်း)

မူရင်း။ ။ အဲခါန်ၟသင့်မှပြန်လည်ဖော်ပြပါတယ်။

Feb 10, 2010

Poe Karen Dictionary မိတ်ဆက်

အရင်က အွန်လိုင်းပေါ်မှာ စာအုပ်တင်ဖို့ စဉ်းစားခဲ့တာ ကြာပါပြီ။ စာအုပ်က လက်ထဲမှာ ရှိပေမယ့် ဘယ်လိုလုပ်ရမှန်း မသိတော့ မတင်ဖြစ်ခဲ့ပါဘူး၊ဒါကြောင့် တစ်ချို့က လိုအပ်ပေမယ့် ရှာလို့မရဘူးလေ၊
ဒီတစ်ခါတော့ အွန်လိုင်းပေါ်မှာ မတွေ့ရှိသေးတဲ့ Poe Karen Burmese English Dictionary ကို လာလည်သူ ကရင်ညီအစ်ကို မောင်နှမအားလုံးအတွက် မိတ်ဆက်ပေးချင်ပါတယ်။

Karen Dictionary

+ Read more



အဘိဓာန်ဆိုတာ လူတိုင်းအတွက် ဆောင်ထားသင့်တဲ့ ဘာသာပြန်လမ်းညွန်လို့ ဆိုနိုင်ပါတယ်။ ဒီလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဘာသာပြန်ကဏ္ဍမှာ အရမ်းလိုအပ်တယ်လို့ ထင်ပါတယ်။
ဒီ Poe Karen Dictionary ကတော့ တစ်အုပ်လုံး မတင်နိုင်သေးပါဘူး၊ အခက်အခဲအမျိုးမျိုးကြောင့် နောက်မှ တစ်အုပ်လုံး တင်နိုင်ဖို့ ကြိုးစားပါမယ်။ ခုတော့ မိတ်ဆက်အနေနဲ့ စာမျက်နှာ ၁၀၀ အထိ တင်ပေးလိုက်ပါတယ်။ စာမျက်နှာများတော့ ဒီ Scribd နဲ့ ဖွင့်တာ နည်းနည်းကြာပါတယ်။ အဆင်ပြေ နောက်မှ တစ်အုပ်လုံး ဒေါင်းလုတ်နိုင်အောင် စီစဉ်ပါ့မယ်။
ညီအစ်ကို မောင်နှမအားလုံး အဆင်ပြေပါစေၟၟၟ။

ကရင်သီချင်းစုစည်းတင်ဆက်မှု karensongs.net

အားလံုးမဂၤလာပါၟၟၟ လာလည္သူ ညီအစ္ကို မောင်နှမများကို ကရင်သီချင်းဆိုက်အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့
အဲလာက အကောင်အထည်ဖော်ပြီး စုစည်းတင်ဆက်မယ့် karensongs.net ပဲဖြစ်ပါတယ်။ကရင်သီချင်းများ အလွယ်တကူ ရယူနိုင်ရန်၊ မျှဝေခံစားနိုင်ရန် ရည်ရွယ်ပြီး တင်ဆက်မယ်လို့ပြောပါတယ်။ တကယ်ဆိုရင် တို့ကရင်တွေလည်း ဒီလို သီချင်းဆိုက်တွေ အင်တာနက်စာမျက်နှာမှာ ရှိသင့်ပါတယ်။ တကယ်ဝမ်းသာစရာပါ။ youtube ပေါ်မှာပဲဖြစ်ဖြစ်၊ တစ်ခြားဆိုက်မှာတွေလည်းဖြစ်ဖြစ် ကရင်သီချင်းတွေ အများကြီး ရှိပေမယ့် မိမိတို့ ဆိုက်သီးသန့်နဲ့ စုစုစည်စည်း မရှိခဲ့ပါဘူး။ တင်ထားကြတာတော့အများကြီးပါ။ ဒါကြောင့် တို့ကရင်လူမျိုးမှာလည်း အနုပညာကဏ္ဍမှာ ရုပ်ရှင်တွေ သီချင်းတွေ အများကြီးရှိပေမယ့်လည်း ဆိုက်သီးသန့် စုစုစည်းစည်းရှိခဲ့တာ တော်တော်နည်းလိမ့်မယ်ထင်ပါတယ်။ ရှိချင်လည်း ရှိမှာပေါ့နော့်။ဒါပေမယ့် သီးသန့်အနေနဲ့ မတွေ့ဖူးသေးပါ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတို့ဆီမှာ သီချင်းအသစ်တွေပဲဖြစ်ဖြစ်၊ အဟောင်းတွေပဲဖြစ်ဖြစ် ပို့ပေးကူညီပေးပို့နိုင်ပါတယ်။



Karensongs.net



ဒီkarensongs.net ကတော့ ခုမှ စပြီးလုပ်တာပါ။ ခြေလှမ်းသစ်လို့ ဆိုရမှာပေါ့။ နောက်နောင်လည်း ဒီထက်ကောင်းအောင်
ဆက်ပြီး စုစည်းတက်ဆက်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။ဒါကြောင့် သီချင်းများပို့ပေးလိုလျှင် ehlar@karensongs.net သို့ ဆက်သွယ်ပို့ပေးနိုင်ပါနော့်။ အွ္ဆံင္လာဆာ္ၟၟကို၀္ဟွာေဍၟၟၟ။

Feb 3, 2010

ပညာ့ဟွာင္ၟ႓်ာ

ယခင်ပို့စ် အဆက်

္ဘေ့သိုဝ်သိင့်ပင်(science) တႜာပညာ့ဆာၟ အာင်းစ်ုတာင်း(Einstein)၊ အယ်ဒီဆေန်(Edison) လ်ုဖးဏှ် အ်ုသီးဝေ့ ဏင့်ဆာၟသီ့လာဏင့်သီး ပညာ့ဍေ ထ်ုယ၀်အ်ုမိင်အ်ုသး လ်ုဖးဏှ် လင်မာဝေ့ ဏင်္ဘႜင်အေးဆေ၀်ၟလှ်။ အှ်ထ၀်ၟထါင်ဝေ့ လ်ုလိက်မေင်ၟစိင်ဖိုင် ထံင်အ်ုခါ့ယိုဝ်လ်ုဆင့် ဟ်ုဍး္ဘး၊ ပ၀်္ဘး ကိုဝ်ဟှာဍေဆေ၀်ၟလှ်။တႜာပညာ့ဆာၟသယ် ဆ်ုခုင်ၟဆ်ုတာ လ်ုဖးဏှ် ထံင်အ်ုခါ့ယိုဝ်သီး ဏ်ုဏုယ်ုယု အင်း္ဘးထာင် အ်ုဖ၀့်အ်ုသး ကိုဝ်ဟှာဍေဆေ၀်ၟလှ်။
ပ်ုဖႜုံဖေါဟ်ယှင်ဖေါဟ်သယ်သီး္ဘေ့တႜာပညာ့ဆာၟသိုဝ် လ်ုကဲထင်း္ဘး ဟ်ုလ၀်သှေ်အေးဆေ၀်ၟ။မႝီၟမ၀့်မှ်လ၀့်အ်ုခေါဟ်စံင် ဟ်ုအေကေႜစိုဒ်ဏှ် ဖႜံင့်ဟှးသှေ်ဝေ့ ကိုဝ်ဟှာဍေဆေ၀်ၟလှ်။ အေဟှံင်ဍ၀် ဟ်ုအေယောဝ်ထါင် လ်ုကျာ်အ်ုလံင်သီး လ်ုဖးဏှ်ဍ၀် လ်ုကဲထင်း ကျာ်က်ုဆာၟခါ့အိုဝ် မွဲာဝေ့ဍး ဟ်ုမႝီၟလ်ုဟှာဆေ၀်ၟလှ်။ ပ္တံင်ပါရမီ့( ဆု္ဘုံးခႜီ့) ယှာၟမ ကဲထင်းထာင်ဝေ့ က်ာ္ကု္ဆာၟကႜံင္ဏွ္ လု္က်ာ္ကု္ဆာၟကႜံင္ မေင်ၟစိင်လိက်္ဘိင်းဖိုင် ဟ်ုဍး္ဘးဆေ၀်ၟလှ်။
စင်္ဘိုဝ် ဟ်ုမႝီၟကိုဝ်ဟှာဍေ မ်ုကဲထင်း္ဘးသာ ဆ်ုအုခေါဟ်၊ အ်ုဍောဟ်ယှာၟ၊ မ်ုဖႜံင့်ဟှး္ဘးသာ ပညာ့ဆာၟသီးမွဲာအ်ုဟှေဝ်၊ ဟ်ုမႝီၟကိုဝ်ဟှာဍေ အ်ုခိင့်အခါ့(အချိန်အခါ)၊ ဆ်ုဏေ၀်ၟသာ(အခွင့်အရေး) အှ်ဝေ့ကိုဝ်ဟှာဍေလှ်။ဆ်ုတ၀်ဆ်ုလံင် လ်ုမိင်မိင် မ်ုဏေ၀်ၟ္ဘးသာ၊ မ်ုဖႜံင့်ဟှး္ဘးသာစာ်္ဘိုဝ် မု္ဘးအှ်ကှေ်လင်သာ္ဘေ့သှေ်လယ့်စာ်္ဘိုဝ်ၟၟၟၟ
-မု္ဘးအှ်ဍေ ဆ်ုကေႜစိုဒ်၊
-မု္ဘးအှ်ဍေ ဆ်ုကုင်းဆ်ုမံင်း၊
-မု္ဘးအှ်ဍေ ထီသိုဝ်ဟှေဝ်၊
မု္ဘးအှ်ဍေ ပညာ့ဆ်ုထံင်ဏါင်း၊
မု္ဘးဍံင်ထိုဝ်သာ ဍေ တႜာပညာ့ဆာၟ၊
ဏင့္ဆာၟ ႓းဏယ္အးသာ၊
မု္ဘးအှ်ဍေ ဆု္ပု္ေယာတ္ၟၟၟၟ
ဟ်ုစာ် ပႝံင့်လ်ုဖးဏှ်သီး မု္ဘးဍုဂ်ပါဝေ့ ဆေ၀်ၟလှ်။္ဘေ့အ်ုကျး မ်ုထင်းထ၀့်သိုဝ် ပ်ုအေ ထောဟ်လင်သာ အင်းကှေ်လင်သာ ဍေ ပႝံင့်ခိုင့်ခိုင့်ဏံင်ဏံင်စာ်္ဘိုဝ် မ်ုဖႜံင့်ဟှးကဲဝေ့ ကိုဝ်ဟှာဍေဆေ၀်ၟလှ်။ ပ်ုဝေ့သီးလ်ုဖး္ဘးဏှ်လယ့် လ်ုကဲထင်း မိင်ထ်ုယ၀်ၟ တႜာပညာ့ဆာၟ္ဘးဏှ်စာ်္ဘိုဝ်္ဘေ့လ၀်ထ လ်ုအုဖင့်ခေါဟ် ဍေပႝံင့်သယ်လ်ုဖး လ်ုဍုဂ်ပါင်္ဘး အ်ုခေါဟ်စံင်လှ်။ အေဟှံင်ဍ၀် လ်ုဟှာဍေလ်ုဟှာ ထင်းထ၀့်ဖႜံင့်ဟှး လ်ုစယ်လ်ုခႜဲစာ်္ဘိုဝ် သာကဲုလောဟ်သာအေး၊္ဘေ့မ်ုလင်ဖိုဒ်သိုဝ် ဆင်းလင်ထါင်ဝေ့ လု္ဘႜင်ဍ၀်ဆေ၀်ၟလှ်။

+ Read more



စင်္ဘိုဝ် အေအှ်ကှေ်လင်သာ္ဘေ့ဏှ်သိုဝ်စာ်္ဘိုဝ် ထံင်ခ၀့်လယ့် မ်ုဍးဆ်ုဖႜံင့်ဟှး၊ မ်ုဏေ၀်ၟဆ်ုဟှေဝ်၊ ထင်းထ၀့်ဝေ့ ယ၀့်အေးတယ်လှ်။္ဘေ့မ်ုထင်းထ၀့် ဖႜံင့်ဟှးအ်ုဟှင်ၟ္ဘေ့မ်ုဏေ၀်ၟပညာ့ဟှာင်ၟ္ဘျာသိုဝ်ဏှ် ဆ်ုလုဟှေဝ်္ဘး၊ ဍောဟ်ယှာၟထင်းထ၀့်အ်ုဟှင် လ်ုမွ္ဘဲား ဆ်ုဖါ်ဆ်ုမာဏှ် မု္ဘးဝေင်ၟပွယ်ခွိက် ကိုဝ်ဟှာဍေဆေ၀်ၟလှ်။ခီၟအ်ုခါ့ယိုဝ် လိက်ပညာ့ဏှ်္ဘေ့မ်ုခႜုဂ်ခီၟသိုဝ် မု္ဘးကေႜစိုဒ် ကိုဝ်ဟှာဍေလှ်။ ပညာ့လ်ုမိင်မိင် ဟ်ုအေပိုင်္ဘး လ်ုဟှာဟှာစာ်္ဘိုဝ် ထင်းထ၀့်ဝေ့ကဲ ထံင်အ်ုကျးထုက်ဆေ၀်ၟလှ်။ ဟ်ုအင်းသီး လုက်ဝေ့ ဏင်္ဘႜင်အေးလှ်။ ဆ်ုအင်းဆ်ုအ၀်သီး မွဲာအ်ုဟှေဝ်၊ ဖါ်္ဘိင်းကံင်သိုဝ်သီး မွဲာအ်ုဟှေဝ်၊ မႝီၟအ်ုကျးအ်ုဟှင် ဟှုင်ၟခိုင့်သှေ်ဝေ့ အှ်ဏင်မိင်အေးလှ်။ ဆ်ုအင်းဟှူး မာဟှာဟှံင်ကဲဝေ့ ကိုဝ်မိင်ဆေ၀်ၟလှ်။ လ်ုပညာ့ဏှ်္ဘေ့ဏှ်သိုဝ် ဆ်ုအင်းဟှူး မာဟှာဟှံင်ဝေ့ ယ၀့်အေးဆေ၀်ၟလှ်။
လု္အု္၀ီၟ တႜာပညာ့ဆာၟသီးလု္ဖး ဏင့္ဆာၟသီ့လာဏင့္သီး အ်ုမိင်ထ်ုယ၀် ဍေ အ်ုသီးပညာ့လ်ုဖးဏှ် အှ်ထ၀်ၟထါင်ဝေ့ ထံင်အ်ုခါ့ယိုဝ် ဆေ၀်ၟလှ်။ လု္အု္၀ီၟ တႜာပညာ့ဆာၟ ပ္တံင်ထးဝယ် ပညာ့အ်ုခႜီ့အ်ုဖ၀့်သယ်ဏှ် ယောဝ်ဍံင်ဏေ၀်ၟဝေ့ဟှံင် ဟှယ့်ထါင်လ်ုခါင့် ပညာ့ဆာၟလ်ုဖး္ဘေ့မ်ုထင်းထ၀့် အးထင်းသိုဝ် ပ္တံင်ထာင်ဝေ့ လ်ုအုသင့်လု္ဘႜင်ဍ၀်ဆေ၀်ၟလှ်။
အ်ုခါ့ယိုဝ် ဟ်ုဍးဍေဟ်ုမေံထာ်္ဘးဆါင့်လု အေန်တာနယ့်(Internet) ဖိုင် လ်ုဟှာဍေ လ်ုဟှာ အှ်လာဏင့် ထံင်အ်ုယါင်သီး ဍးထါင်လောဟ်သာ္ဘေ့သိုဝ် အှ်ခင်းထ်ာသိုဝ် ဆေ၀်ၟလှ်။ဆ်ုပြိုင့်သယ် ဆာဃှာသာ(communication) ထိုင်ကောဝ်ကြင်သာ့ အ်ုခေါဟ်စံင် လ်ုမိင်မိင် ဟှယ့်ကဲထင်း အ်ုခါ့ယိုဝ်စာ်္ဘိုဝ် ဟ်ုဍး္ဘး၊ သှေ်ယာ့္ဘး အ်ုခါ့ယိုဝ်ဆေ၀်ၟလှ်။ ဆ်ုတာင်ဍောဟ်ထီ့ခါန်ၟဏှ်သီး မွဲာဝေ့ဍး ပညာ့ဟှာင်ၟ္ဘျာလုက်ဆိင့်လှ်။
လ်ုထီ့ခါန်ၟထင်းထ၀့်္ဘေ့သိုဝ် (American)သယ်၊ ဥရောပ(Europium) သယ်ဏှ် သှေ်ခီၟပညာ့ဆာၟ အးအးလေံ အှ်ဝေ့အ်ုခေါဟ်စံင် ထင်းထ၀့်ဝေ့ ဟ်ုဍး္ဘးဆေ၀်ၟလှ်။
ဆ်ုလုဖးဏှ် မွဲာဝေ့ဍး ခီၟပညာ့ မှေ်ထ်ာခါ့ ပညာ့ဟှာင်ၟ္ဘျာထၞာၟလှ်။ စင်္ဘိုဝ် ပ်ုဖႜုံဖေါဟ် ယှင်ဖေါဟ်သီး ကိုဝ်ဟှာဍေ္ဘေ့ပညာ့မ်ုသှေ်၊္ဘေ့ပ်ုထီ့ခါန်ၟမ်ုထင်းထ၀့်သိုဝ် မု္ဘးကေႜစိုဒ်ကိုဝ်ဟှာ အ်ုတာအှ်ဝေ့လှ်။လ်ုမေင်ၟစိင်လိက်္ဘိင်းဖိုင်
္ဘေ့တႜာပညာ့ဆာၟသယ် အ်ုမိင်ထ်ုယ၀် အှ်ထ၀်ၟသိုဝ် ပ်ုဝေ့သီးလ်ုဖး မိင်ဖႜဟ်ထ်ုယ၀်ၟ မ်ုအှ်ထ၀်ၟအ်ုဟှင်ၟ မု္ဘးအင်းဃှူ့ဝေ့ပညာ့ဏှ်ဆေ၀်ၟလှ်။အေသှေ်ပညာ့သယ်ဟှံင် ဍေပညာ့ဟှာင်ၟ္ဘျာဏှ် ဏ်ုဏုယ်ုယု တာင်ဍောဟ်က္ဘဲးလာ ပ်ုဆိုဒ်ဖေါဟ်ဆ်ုဃှီ့လာကိုဝ်ဟှာဍေဆာ်ၟၟၟ။

စောကရင်

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု စောညွန့်ဝင်းရရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၀၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ဒေသခံများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်နေသည့် ကျန်းမာရေး လုပ်သား စောညွန့်ဝင်းကို ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်လိုက်သည်။

ကရင် အမျိုးသား အစည်းအရုံး KNU ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သူ ပဒိုမန်းရှာလားဖန်း (ကွယ်လွန်) ကို ဂုဏ်ပြုသည့်အနေဖြင့် ကရင်လူထုအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လူငယ်များကို ဒုတိယမြောက် ချီးမြှင့်သော ထိုဆုကို ၃၂ နှစ်အရွယ် စောညွန့်ဝင်း ရရှိခြင်း ဖြစ်သည်။

“ဆုပေးဖို့ရွေးတဲ့အခါ အဆိုတင်သွင်းထားတဲ့လူ ၇ ယောက်လုံးက သူ့နယ်ပယ်တွေမှာ တော်နေကြတော့ တော်တော်လေး ခက်ခက်ခဲခဲ ရွေးခဲ့ရတယ်။ ကိုစောညွန့်ဝင်းက တကယ်ကြိုးစားတယ်၊ လူထုအကျိုးအတွက် လုပ်တယ်။ လူငယ်တွေရဲ့ စံပြဖြစ်တယ်။ လူငယ်တွေ အတုသူသင့်တဲ့သူဖြစ်လို့ ရွေးချယ်ရေး အဖွဲ့ဝင်တွေက ရွေးလိုက်ကြတာ” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သော ပဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်းက မဇ္ဈိမကို ပြောသည်။

ယခုဆုကို စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း KNU ကျင်းပသည့် ၆၁ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းရှာသည် လူငယ်များကို အားပေးကူညီလေ့ရှိပြီး အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်စေချင်သူ ဖြစ်သောကြောင့် ဖခင်၏ ဆန္ဒများ ဆက်လက် အကောင်အထည် ဖော်လိုသဖြင့် ယခုကဲ့သို့ ဖောင်ဒေးရှင်း တည်ထောင်၍ အမျိုးသားရေးအလုပ် လုပ်ကိုင်သည့် ကရင်လူငယ်များကို ယခုဆုနှင့်အတူ အမေရိကန် ဒေါ်လာ ၂၀၀၀ ချီးမြှင့်ကြောင်း သမီးဖြစ်သူ ဇိုယာဖန်းက ပြောသည်။

စောညွန့်ဝင်းအတွက် ဖန်းဖောင်ဒေးရှင်းသို့ ကရင်သတင်းစဉ်မှ အယ်ဒီတာ မနန်းဖောဂေးက အဆိုပြုလွှာ တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

နန်းဖောဂေးက “စောညွန့်ဝင်းက အသက် ၁၂ နှစ်အရွယ်လောက်ကတည်းက လူမှုရေး လုပ်ငန်းတွေမှာ လုပ်ကိုင်လာတာ။ ဖာပွန်နဲ့ အရမ်းဝေးတဲ့ နေရာမှာ ဆေးခန်းလေးဆောက်ပြီး ဒေသခံတွေကို စေတနာ့ ဝန်ထမ်းအဖြစ် ကူညီပေးနေတာ။ ပညာရေး နယ်ပယ်တွေမှာ လစာနည်းနည်း ဒါမှမဟုတ် မရဘဲနဲ့ လုပ်နေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ သူက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ လူထုအကျိုးကို တကယ် လုပ်နေတာကြောင့် အဆိုတင်သွင်းပေးဖြစ်သွားတာ” ဟု ပြောသည်။

+ Read more



စောညွန့်ဝင်းသည် KNU ထိန်းချုပ်နယ်မြေတခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် KNU ၏ ကျန်းမာရေး လုပ်သားအဖြစ် လွန်ခဲ့သည့် ၉ နှစ်ခန့်ကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်ကြောင်း ဖာပွန်ခရိုင်မှ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့မှ ဒေသတာဝန်ခံ စောကျော်ဝင်းက ပြောဆိုသည်။

“စောညွန့်ဝင်းရဲ့ ဆေးခန်း (တာအိုဒဲ့) က ဒေသခံ ၂၀၀၀ ကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်။ သူက လူနာတွေအပ်ါမှာ တကယ် စေတနာထားပြီး လုပ်ပေးတယ်။ သူက ပြောတယ်၊ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုတွေအတွက် လုပ်စရာ အများကြီးရှိသေးတယ်တဲ့” ဟု သူက ဆိုသည်။

တာအိုဒဲ့ ဆေးခန်းသည် ဖာပွန်မြို့မှ ကုန်းကြောင်း ရေကြောင်းခရီးဖြင့် သွားရောက်လျှင် ၂ ရက်ခရီး ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည်။

ထိုနေရာဒေသတွင် နေထိုင်သူများသည် တောင်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြပြီး ၎င်းတို့၏ ဝင်ငွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် မပြည့်စုံကြောင်း သိရသည်။

“ဒီဒေသမှာ ကျန်းမာရေးမကောင်းဘူးဆိုရင် ဖာပွန်မြို့ပေါ်ကိုပဲ သွားပြရတယ်။ သွားပြရင်လည်း မြို့ပေါ်မှာ နေစရိတ်၊ စားစရိတ်တွေ၊ ဆေးရုံစရိတ်တွေကို မတတ်နိုင်ကြဘူး။ နေမကောင်းလို့ သွားပြရင် တနေ့ကို အနည်းဆုံး ၆၀၀၀ လောက် ကုန်တယ်လို့ ပြောတယ်။ ဒီတော့ ဒေသခံတွေက ကျနော်တို့လို ဒေသခံ ကျန်းမာရေး လုပ်သားတွေကိုပဲ အားကိုးရတယ်” ဟု စောကျော်ဝင်းက ပြောသည်။

သူက ဆက်ပြီး ''တရွာနဲ့တရွာ သွားမယ်ဆိုရင် တတောင်တက်၊ တတောင်ဆင်း သွားရတာ ရှိသလို၊ ဗမာစစ်တပ်တွေနားကလည်း သွားရတာမျိုး ရှိတယ်။ အဲဒီအခါ အန္တရာယ် အရမ်းများတဲ့အတွက် မလိုအပ်ဘဲ အချိန်တွေ ကုန်သွားတယ်။ ကျနော်တို့က အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပဲ ပေးနိုင်တယ်။ အဆင့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်မပေးနိုင်ဘူးလေ။ ကလေးမမွေးနိုင်တဲ့ မိခင်တွေဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု မရလို့ သေသွားတာတွေ အများကြီး ရှိတယ်” ပြောသည်။

၂၀၀၈ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်မှ လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်သူ နော်ဖောကဘလာထူးကို ချီးမြှင့်ခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့ နေအိမ်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည့် ပဒိုမန်းရှာလားဖန်းကို ဂုဏ်ပြုသောအားဖြင့် ကျန်ရစ်သူ သားသမီး ၄ ဦးက ဖန်းဖောင်းဒေးရှင်းကို တည်ထောင်၍ ထူးချွန်ထက်မြက်ပြီး အမျိုးသားရေးအတွက် အစဉ်တစိုက် လုပ်ကိုင်သော ကရင် လူငယ်များကို ဆုအဖြစ် ပေးအပ်ချီးမြှင့်လာခြင်း ဖြစ်သည်။

“အဖေက သဘောကောင်းတယ်။ ခေါင်းဆောင်ဖြစ်တဲ့အတွက်လည်း အလုပ်လုပ်တဲ့နေရာမှာ ပြတ်သားတယ်။ ဆုံးဖြတ်ချက်လည်း ခိုင်မာတယ်။ လူငယ်တွေကို အားပေးတယ်။ မိသားစုအပေါ်မှာလည်း ကောင်းတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုလည်း အရမ်းချစ်တဲ့သူ ဖြစ်တယ်။ အဖေပြောတဲ့အထဲမှာ ကျမ မမေ့နိုင်တာက လွတ်လပ်ရေးကို ကိုယ်ကိုယ်တိုင် ကြိုးစားတိုက်ယူမှ ရမှာ၊ ထိုင်နေလို့ လွတ်လပ်ရေးက ရှေ့ကို ရောက်လာမှာ မဟုတ်ဘူးဆိုတာ လုံးဝ အမှတ်ရနေတယ်” ဟု နမ့်ဇိုယာဖန်းက ပြောသည်။

မဇ္ဈိမ သတင်းဝက်ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။

Feb 1, 2010

ပညာ့ဟှာင်ၟ္ဘျာ


္ဘးဆာင့်ဍေပညာ့ဟှာင်ၟ္ဘျာ လိက်သာထိင် ယိုဝ် လ်ုဏးသှေ်္ဘး၊ ပ၀်္ဘး၊ ထံင်ဏါင်း္ဘးလ်ုဆင့်ဏှ် မ်ုကေ၀်သှေ်ယာ့္ဘး သာဆေ၀်ၟလှ်။ ကေ၀်လိက်ဆာၟ၊ ဍေပ၀်လိက်ဆာၟ အင်းဏင် ဆ်ုသှေ်ယာ့၊ ဆ်ုထံင်ဏါင်း လ်ုစယ်လ်ုခႜဲသီး ဟ်ုလ၀်သှေ်ဆေ၀်ၟ။ လ်ုမွဲာတႜာပညာ့ကေ၀်လိက်ဆာၟ (စာရေးဆရာ)္ဘးအ်ုခေါဟ်စံင် ပႜယ်တ၀်ဏးသှေ်ဖှေ်လာဆာ်။
ဆ်ုသှေ်ယာ့ဏာၟဟှိုင့်(အကြားအမြင် ဗဟုသုတ) သီးယိုဝ် လ်ုဟှာဍေလ်ုဟှ္ဘားဍံင်လောဟ်သာယ၀့်အေးလှ်။္ဘေ့ပ၀်လိက်ဆာၟ သှေ်ယာ့ထသိုဝ် ကေ၀်လိက်ဆာၟ လ်ုသှေ်ယာ့္ဘးသီး မ်ုအှ်ဆေ၀်ၟ။္ဘေ့ကေ၀်လိက်ဆာၟသှေ်ယာ့သိုဝ် ပ၀်လိက်ဆာၟ လ်ုသှေ်ယာ့္ဘးသီး မ်ုအှ်ကႜင်ဆေ၀်ၟလှ်။ စင်္ဘိုဝ် ဆ်ုဍးစိုဝ်၊ ဆ်ုထံင်ဏါင်း အေလု္ဘးဍံင်လောဟ်သ္ဘား အေအှ်ဆေ၀်ၟစာ်္ဘိုဝ် ပႜယ်တ၀်ကဲလာဆာ်။
လိုဒ်ၟကာခေါဟ်ဍာယိုဝ်္ဘးဆာင့်ဍေ ဆ်ုဖါန်ၟလုက်ဆိင့်ဏှ် ပညာ့မှေ်ယိုဝ် မွဲာဝေ့ဍး အ်ုဖါန်ၟထုက်လှ်။ ဆ်ုဖါန်ၟဏါင်း ပညာ့မှေ်ယိုဝ် ဟ်ုအင်းဃှူ့ဝေ့္ဘးလိုင်အေးလှ်။စင်္ဘိုဝ် ပညာ့ယိုဝ် အ်ုဟှာင်ၟအု္ဘျာ ဆံင်းဖု္ဘုက်လယ့်ဏှ် အ္စာတႜာပညာ့ဆာၟသယ် လ်ုအုဝီၟအိုဝ် ခႜိုဝ်ထ၀်ၟထ၀ယ်ဝေ့ ဍေအ်ုဍီးအ်ုဍံင်၊ ဍေလ်ုဝါ်၊ လင်္ကာသယ် အ်ုဆင့်ဆင့်ဆေ၀်ၟလှ်။ မု္ဘးမာလောဟ်အ်ုဟှင်ၟဏှ် မွဲာဝေ့ဍး ဏ်ုသယ်ပ်ုသယ် ဖေါဟ်ဍီပႜီးသယ်ကိုဝ်ဟှာ အ်ုတာဆေ၀်ၟလှ်။

+ Read more



လ်ုပုဋ္ဌာ်(ပါဋ္ဌိ)လိက်ဖိုင်ဏှ်သီး္ဘးဆာင့်ဍေပညာ့အ်ုဟှာင်ၟအ်ုစံင်းဏှ် အင်းသံင်းထ၀ယ် အးအးဏှ် ဟ်ုဍး္ဘးထီ့ဆာလှ်။ပြညာ သဘာ အာဘာ နတ္ထိဋ္ဋ ပြညာ့မှေ်ဖါန်ၟယိုဝ် လိုဒ်ၟကာခေါဟ်ဍာ မ်ုတုဂ်ဍံင် ဍေဆ်ုဖါန်ၟ အှ်ဏင်မိင်အေးဋ္ဋ အင်းသံင်းလ၀်ထဝေ့္ဘေ့ဏှ်သိုဝ်ဆေ၀်ၟလှ်။ ဟ်ုယောဝ်ထါင် လ်ုမေံထ်ာခါ့ ပ်ုဖႜုံဖေါဟ်၊ယှင်ဖေါဟ် ဖေါဟ်ဍီပႜီးသယ်လ်ုဖး္ဘေ့ပညာ့မ်ုအှ်သိုဝ် လိက်ပညာ့ဏှ် မာလောဟ်္ဘးလာၟ၊ ကျုင်းလာၟလ်ုဃှေဝ်၊ အေလ်ုသှေ်လိက်္ဘးဏှ် ပ်ုမေံမု္ဘႜဟ်၊ ဆ်ုမုအင်းကှ်ဟု၊ လ်ုဂမႜိုင်ၟမှေ်ယာ့ မု္ဘးကးသာ၊ အေလ်ုသှေ်လိက်စာ်္ဘိုဝ် လေ၀်ဖႜံင့်ဟှးဆု အှ်ဏင်မိင်အေးဏှ် ဖႜံဳအၥာတႜာပညာ့ဆာၟသယ္ ဍးစိုဝ်ဝေ့ အ်ုခေါဟ်စံင် ခႜိုဝ်ထ၀်ၟထ၀ယ် ဍေ လ်ုဝါ်လင်္ကာသယ်ဏှ်ဆေ၀်ၟလှ်။

(၁) ေဟွးဖႜံဳေဖါဟ္ၟၟၟေဟွးဖႜံဳေဖါဟ္္ဘးလယ့်လိက်ဏှ် လ်ုမာလောဟ်၊ ဟှင်ပေ၀့်ခါ့ၟၟၟဟှင်ပေ၀့်ခါ့ ကိုဝ်ဟှာဍေ မာလောဟ်ပညာ့။
(၂)ေဟွး စ၀္ပၚၟၟၟ ဟှေးစ၀်ပါ်၊္ဘးလယ့် လ်ုမာလောဟ် လိက်ဍာ်၊ အေသှေ်လိက်ၟၟအေသှေ်လိက်၊ ဍောဟ်ယှာၟထင်းထ၀့် မိင်ဖႜဟ်ယိက်။
(၃)ေဟွးဖႜံဳသီးၟၟၟေဟွးဖႜံဳသီး၊ မာေလာဟ္ေဏ၀္ၟလာၟ လိက္ဏင္ထီး၊ စွ္ဏ္ုသာၟၟ စွ္ဏု္သာ၊ လ်ုသှေ်လက် ေမံ႓ႜဟ္လုက္ခႜါ။
(၄) ေဟွးၟၟဍး႓ိုဒ္ၟၟၟေဟွးၟၟဍး႓ိုဒ္၊ မာလောဟ်ဏေ၀်ၟလိက် အဲဏ်ုဆိုဒ်၊ လိက်အေသှေ် လိက်အေသှေ်၊ လ်ုခါင့်လ်ုယာ့ ဖါန်ၟ္ဘေ့မှေ်။
္ဘေဏှ်သိုဝ် လ်ုဝါ်ဆ်ုထံင်ဏါင်း အှ်ဝေ့ဆေ၀်ၟလှ်။
လ်ုဝါ်လင်္ကာလ်ုဖးသယ်ဏှ် ဟ်ုအေအင်းဃှူ့ထါင် အ်ုဝီၟခႝာ အ်ုခ၀့်ပ်ုယ၀့် လ်ုအုအိင်းခ၀့်စာ်္ဘိုဝ် ဆ်ုလုပညာ့သီးယိုဝ် ဟု္မႝီၟအု္က်းဖုိင္သာ အု္ဟွင္ၟ မု္ဘးပါဍောဟ်၊ မု္ဘးအှ်ကှေ်ထ္ဘေ့သိုဝ်စူးဖံင်သိုဝ်၊္ဘေ့ဆြာ့သိုဝ်ဏှ် မွဲာလ်ုမိင်၊ အေသှေ်လိက်ဏှ် မ်ုဏေ၀်ၟဆ်ုဟှေဝ်၊ လ်ုသှေ်လိက်ဏှ် မ်ုဍးခံင်ဆ်ုကး၊ ဆ်ုဒဒုက်တႝာ့္ဘေ့ဏှ်သိုဝ်လ်ုမိင် ဟ်ုဏးသှေ်္ဘးဆေ၀်ၟလှ်။
လေ၀်ဆ်ုဖႜံင့်၊ ထာင်ဆ်ုဖႜံင့်၊ ဟှးခါန်ၟ၊ ဟှးလိုဒ်ၟကာဏှ် မွဲာဝေ့ဍး ပညာ့ဟှာင်ၟထၞာၟလှ်။ဟ်ုအေယောဝ်ၟထာင် IT ပညာ့ထင်းထ၀့်ခီၟ (Information and Technology) အ်ုခါ့ဍးယိုဝ်စာ်္ဘိုဝ် လ်ုအုဝီၟဍးအိုဝ် ဟ်ုမႝီၟလ်ုဆံင့်မံင်း္ဘး ဏင်ဖိုင့်၊ လ်ုလာၟပုင်းဖိုင်၊ လ်ုဂြိုဒ်လိုဒ်ၟကာဖိုင်(ဂြိုဟ်ကမ္ဘာ)ဏှ် ထံင်ထာင်အ်ုခါ့ယိုဝ် ဍေပညာ့အ်ုဟှာင်ၟဏှ် ထံင်္ဘးဝေ့ ဃှိင်ဃှိင်ဆေ၀်ၟလှ်။ အေဟှံင်ဍ၀် က႟င္ယူၟ၊ ကံင္ပ်ဳတာ၊ ဆ်ုဟှင်မိုင့် ဟ်ုစာ်ထံင်လုက်ဆိင့် ဟု္မႝီီၟအု္ဟွင္ၟ အင္းတာင္ထး ဆု္လု္ဖးဏွ္သီး မြာဲေ၀့ဍး ပညာ့ဟွာင္ၟထၞာၟလွ္။ စင်္ဘိုဝ်္ဘေ့မ်ုခႜုဂ် ခီၟပညာ့သိုဝ် ဏ်ုဏုယ်ုယ်ု လ်ုယာ့အ်ုဟှင်ၟ္ဘေ့မ်ုထင်းထ၀့်သိုဝ် အင်းယာဟှုက်လောဟ်သာ ကိုဝ်ဟှာဍေဆေ၀်ၟလှ်။
ပ်ုဖႜုံဖေါဟ်ယှင်ဖေါဟ်သီး မွဲာဝေ့ ဟ်ုမႝီၟလ်ုဟှာလ၀့် အ်ုခေါဟ်စံင်္ဘေ့မႝီၟအ်ုဟှူ့ဟှာသှေ်သိုဝ် ပ်ုသီးမု္ဘးသှေ်၊္ဘးအှ်ကှေ်လင်သာ္ဘေ့ဏှ်သိုဝ်ဆေ၀်ၟလှ်။ ဍေပညာ့အ်ုဟှင်ၟ ဆ်ုမူ့လာၟ ဆ်ုဏာ့ဟှာၟ္ဘးအှ်ကှေ်လင်သာ ဍောဟ်ဍောဟ်လေံဆေ၀်ၟလှ်။ အေလ်ုအှ်္ဘေ့ဏှ်သိုဝ်္ဘး စာ်္ဘိုဝ် မ်ုဖႜံင့်ဟှးဏှ် ယ၀့်အေးဆေ၀်ၟလှ်။ ပ်ုအေယောဝ်ၟထာင် လ်ုဟုမႝီၟပညာ့ဆာၟလ်ုဖးသီးစာ်္ဘိုဝ် အ်ုသီးဝေ့္ဘေ့မ်ုသှေ်ပညာ့၊ မ်ုဏေ၀်ၟပညာ့လ်ုမိင်မိင်ဏှ် က်ုဏင်က်ုဏင်္ဘးအင်းလယ်လင်ဝေ့ ဍေအ်ုသီးသာမိုင့်ဏှ်လှ်။
အေဖႜံင့်ဟှးဏေ၀်ၟ ကႜုဖးဏေ၀်ၟလု္ဘႜင်စာ်္ဘိုဝ် ဟု္မႝီၟ ထိုင့်ကောဝ်ကြင်သာ့ ထ်ုယ၀်ၟပြာထာ့ဆိုင်ဝေ့ဆေ၀်ၟလှ်။မိင်ဟှေဝ်လ်ုဖႜုံးသီး အှ်ထ၀်ထာင်ဝေ့ ထံင်က၀်တူၟလ်ုဆင့်ဆေ၀်ၟလှ်။စင်္ဘိုဝ် ဟှယ့်ထါင်လ်ုခါင့် ဖေါဟ်ဍီပႜီးသယ်လ်ုဖး ပညာ့အ်ုဟှင်ဏှ်္ဘးအှ်ကှေ်လင်သာ ဍေဆ်ုပုယောတ်ဍောဟ်ဍောဟ်လေံကိုဝ်ဟှာဍေဆေ၀်ၟလှ်။

ဆက်လက်ဖော်ပြပါဦးမယ်
မူၟယံင့္ဖါန္ၟ