Apr 23, 2010

ဖြေမဆည်နိုင်...

-အင်ဖက်မိုးကာ တဲသာသာနှင့်၊
မိုးရွာသောအခါ မလုံပါလည်း၊
သူ့မှာဆင်းရဲ ၀မ်းမနည်…။

-ငါးပိရည်ဆမ်း ထမင်းကြမ်းနှင့်၊
လုပ်ငန်းပြန်လာ စားရပါလည်း၊
သူ့မှာဆင်းရဲ ၀မ်းမနည်း…။

-ခေတ်ပေါ်အထည် အသွယ်သွယ်ကို၊
ကိုယ်ဝယ်အလှ မဆင်ရလည်း၊
သူကဆင်းရဲ ၀မ်းမနည်း…။

+ Read more

-ခရီးကွာဝေး သွားမည့်ရေး၌၊
ကားသေးလှလှ မစီးရလည်း၊
သူကဆင်းရဲ ၀မ်းမနည်း…။

-အမျိုးဘာသာ သာသနာနှင့်၊
တစ်ဖြာစကား စာပေများတို့၊
ကြွားကြွားဝင့်ဝင့် ထွန်းတောက်တင့်ရေး၊
အစဉ်တွေးလျက် စိတ်လက်ကိုယ်ပါ၊
မသက်သာသည် ဖြေပါသော်လည်း
ဖြေနိုင်ခဲ…။

နန်းကိုကို(လှိုင်းဘွဲ)
၂၇၄၉-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကရင့်ကြေးမုံမှ..။

Apr 20, 2010

Audio အဆင်မပြေသူများ အတွက်ပါ...

Audio အဆင်မပြေသူများ အတွက်ပါ။
Sound driver( audio) နဲ့ပတ်သက်၍ အဆင်မပြေသူများအတွက် အနည်းငယ်အကူအညီဖြစ်လိမ့်မယ်ထင်ပါတယ်။ window xp မှာတစ်ချို့ အသံကောင်းကောင်း မလာဘူးဆိုပြီး ကလိရင်းနဲ့ setting လွဲသွားတာတို့၊ တစ်ချို့က ဗိုင်းရပ်စ်ကြောင့် အသံပျောက်သွားတာတို့ ဖြစ်တတ်ပါတယ်။
တစ်ချို့က output အသံရလျက်သားနဲ့ input အသံ မရတာ၊ input အသံ ရလျက်သားနဲ့ output အသံမရတာဟာ setting လွဲသွားလို့ဖြစ်ပါတယ်။ ဘာအသံမှ မရတော့ဘူးဆိုရင် အကြောင်းတစ်ခုခုကြောင့် ပျက်သွားတာလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။

အဲလိုဖြစ်ရင် အောက်က နည်းလမ်းနဲ့ စမ်းကြည့်ပါ။
ပထမဆုံး sound icon ကို right click နဲ့ထောက်၊ addjust proparties ကိုနှိပ်လိုက်ပါ။ သို့မဟုတ် control panel >sound device မှာပဲ ဖြစ်ဖြစ်ကို ဖွင့်လိုက်ပါ။
အောက်က အတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။ အပေါ်ဆုံးက volume/sound/audio/voice စတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကတော့ audio နဲ့ voice အသံဝင်၊ ထွက်တာနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ audio ကိုရွေးပါ အောက်ကလိုမျိုးကြည့်ပါ။



output အသံပျက်တာဖြစ်ရင် output အကွက်မှာ volume ကို နှိပ်လိုက်ပါ။ အောက်ကလိုမျိုး box တစ်ခုပေါ်လာမယ်။ အပေါ်က option ကို ရွေးပါ။ advance controls ကို နှိပ်ပြီးတော့ ရွေးလိုက်ပါ။ အောက်က ပုံစံမျိုးလို advance အကွက်လေးပေါ်လာမယ်။

+ Read more



အဲလိုပေါ်လာရင် advance ကို ဆက်နှိပ်ပါ။ အောက်ကလို box တစ်ခု ထပ်ပေါ်လာပါတယ်။


ဒီအကွက်ထဲမှာ အမှတ်ခြစ် နှစ်ခုလုံးဖြစ်နေရင် ပြထားတဲ့အတိုင်း အမှတ်ခြစ်တစ်ခုကို ဖြုတ်လိုက်ပါ။
input audio အတွက်လည်း ဒီအတိုင်းပါပဲ။ အမှတ်ခြစ်တစ်ခုကို ဖြုတ်လိုက်ပါ။
အောက်က ပုံစံမျိုးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ အဆင်မပြေသေးရင် ပြထားတဲ့ ပုံစံအတိုင်း တစ်လှည့်စီ အမှတ်ခြစ်တစ်ခုစီကို ဖြုတ်ပြီးတော့ စမ်းကြည့်ပါ။ အကောင်းဆုံးကတော့ မိမိရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကို gtalk မှာပဲဖြစ်ဖြစ်၊ တစ်ခြားဖုန်းခေါ်နိုင်တဲ့ program ပဲဖြစ်ဖြစ် အသံ လာ၊ မလာ စမ်းကြည့်ပါ။



တစ်ခါတစ်လေ ဒီလိုမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အောက်ကလို ကြက်ခြေခတ်ဖြစ်နေရင် ဖြုတ်လိုက်ပါ။



နောက်ပြီး ၀င်းဒိုး audio driver လုံးဝ မလာတဲ့သူများအတွက် ဒီမှာ သွားပြီးတော့ ဒေါင်းလုတ်ပါ။
(1)i acceptto the above ကိုနှိပ်ပါ။ next ကို နှိပ်ပြီးရင် ဒေါင်းလုတ်လင့်ပေးပါလိမ့်မယ်။မိမိကွန်ပျူတာ ၀င်းဒိုးနဲ့ ကိုက်ညီတဲ့ လင့်တွေကို ရွေးပြီး install လုပ်၊ ကွန်ပျူတာကို restart ချပြီးရင် အသံကောင်းကောင်းလာပါလိမ့်မယ်။
အဲဒီလင့် ဖွင့်ရင် တစ်ခါတစ်လေ ဒေါင်းလုတ်လင့် အဆင်မပြေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ...
ဒီလင့်ရဲ့ စာမျက်နှာမှာ အပေါ်ဆုံးက download ဆိုတာကို နှိပ်ပါ။ အဲဒီအောက်မှာ ဒုတိယမြောက်စာကြောင်း high definition audio codecs software ဆိုတာကို နှိပ်ပါ။ အပေါ်ကလို နောက်တစ်ခေါက် i accept to the above နဲ့ next ကို ဆက်နှိပ်ပါ။ ဒေါင်းလုတ်လင့် ပေးပါလိမ့်မယ်။
အဆင်ပြေ ပျော်ရွှင်ပါစေ...
ခင်မင်လေးစားလျှက်...
စောကရင်

Apr 18, 2010

အင်းလ၀့်...အ်ုဏါင်း(၃)

ိုလိုဒ်.ကာခေါဟ်ဍာ ဆ်ုအင်းလ၀့်
အ်ုမိင်အးမာ.လ၀့်
ဍေ.အင်းဟှင်.သီးဍ၀်အင်းလ၀့်
သာမဲဍ၀်အင်းလ၀့်
ကျးမ်ုဃှီ့ဟှင်.ဍ၀်အုးလ၀့်
လင်ဖိုဟ်ဍ၀် အင်းလ၀့်
သာထိင်.ဍောဟ်ဍ၀် အင်းလ၀့်
ဖီးမေံဍ၀် အင်းလ၀့်
ဆ်ုအင်းလ၀့်ဏှ်ဆာ.မွဲာအှ်
အင်းလ၀့်လင်ဆိုဒ်ဏှ်
ဟှာဟှံင်ဍောဟ်ထုက်ဆ်ုအင်းလ၀့်
အိုင်ခ်ါဆုအင်းလ၀့်
လိုဒ်.ဘာတိုဒ်.သာအ်ုထါ်ခ၀့်
မွဲာဍ၀် ဆ်ုအင်းလ၀့်
လိုဒ်.ဘာတိုဒ်.သာ အေ.လုက်ခ၀့်
မ်ုဖံင်ဆ်ုအင်းလ၀့်။

sawdi(သုဂ်ကျာထီ့ဖါန်)
မှတ်ချက်။ ။အင်းလ၀့်ပီပီသီးဝေ့ဆ်ုမီ့မင်.မှ ဖော်ပြပါတယ်။

Poe Karen Dhamma Music

အှ်ဆံင်လာဆာ်....

ပိုးကရင် ဓမ္မသီချင်းက အတော်ရှားတယ်လို့ ပြောရမယ်။ Karen Dhamma songs mp3 တစ်ခွေထွက်လာပါတယ်။
ဒီသီချင်းကတော့ တော်တော်ကြိုက်ပါတယ်။အဆင့်မြင့်တယ်၊ခေတ်မှီတယ်၊အဓိပ္ပါယ်ပြည့်ဝတယ်လို့ ဆိုနိုင်ပါတယ်။ကရင်အနုပညာပိုင်းမှာ အားတက်စရာ၊ဂုဏ်ယူစရာကောင်းပါတယ်။
ဒီသီချင်းရဲ့ခေါင်းစဉ်နာမည်ကတော့ (အနန္ဒစက္က၀ါ.အိုဝ်)ဖြစ်ပါတယ်။ ပူဇော်သီကုံး တေးရေးဆရာကတော့ ကရင်အနုပညာလောကမှာ အထင်ကရ နာမည်ကြီး၊နောက်မျိုးဆက်သစ်တွေ
အတုယူလေးစားရတဲ့ -စ၀်ဖ၀့်္ဘူးသင့် (လာ့တ်ုမျင့်) နဲ့ စ၀်မူ.လျာ.၀၀် တို့ပဲဖြစ်ပါတယ်။

ဓမ္မသံစဉ်ကို သီဆိုပူဇော်သူတွေကတော့
ကရင်အဆိုတော် နာမည်ကြီး အမျိုးသမီးဖြစ်တဲ့- နာန်သိင်းလ္ဘင်၊ နာန်ယှူးခႜိင်းဖါန်၊ နာန်ဖ၀့်ထောဟ်ကႜိ္ဘင်၊ နာန်ဆုင်ၟဖ၀့်အွာ တို့ဖြစ်ပါတယ်။လိုချင်ရင် အောက်မှာ ဒေါင်းလုတ်ယူပါ။ ကရင်ဓမ္မသီချင်းနဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ…။

(1)Download

(2)Dwonload

Apr 10, 2010

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှု အဖြာဖြာ အပိုင်း(၄)

လင်္ကာတေးသီချင်းများ

ကရင်လူမျိုးများသည် ရှေးယခင်က စာပေမတတ်ကြသော်လည်း တေးသီချင်းသီဆိုမှု၊ တေးသီချင်းဖွဲ့ဆိုမှုများတွင် ထူးချွန်ကြသည်။ ကရင်သြပွဲ(တာခေါင်ပွယ်) များတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သီဆိုပေး၊ စကားထာဖွဲ့ကြပုံတို့မှာ နှစ်သက်ဖွယ်ကောင်းသည်။

ရှေးက အဘိုးအဘွားတို့ သီဆိုခဲ့သော ကဗျာများ၊ လင်္ကာများကို သားစဉ်မြေးဆက်အထိ သီချင်းသီဆိုခြင်းဖြင့်သာ လက်ဆင့်ကမ်းသယ်ဆောင်သွားကြသည်။ပေထက်အက္ခရာတင်ခြင်း မရှိခဲ့၍ တေးသီချင်းလင်္ကာနှင့် သမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ စာပေအထောက်အထားများ နစ်နာ ဆုံးရှုံးခဲ့ရသည်။
တေးသီချင်းဖွဲ့ဆိုရာတွင် တောအလှ၊တောင်အလှ တခြားအလှဘွဲ့များနှင့် ငါးရာငါးဆယ် နိပါတ်တော်လာ ဇာတ်တော်များကိုပင် ဖွဲ့ဆိုသီကုံးကြလေသည်။

ရှေးက ဒုံးအက ကရာတွင် မြေ၀ိုင်းကကြသည်။ ဖြည်းဖြည်းနှင့် မှန်မှန် ငြိမ့်ငြိမ့်ညောင်းညောင်း ကကြသည်။ ဒုံးကရာတွင် မှတ်သားစရာတေးသီချင်းစာသားများကို ထည့်သွင်း အသုံးပြုကြသည်။ အပျို လူပျို လှည့်ရာတွင် ဗုံသံစုံ၊ ပလွေ(သို့မဟုတ်) တတို့ (ခွေ) ဂိန်တို့ကို အသုံးပြုကြသည်။ ဆောင်းသီချင်းများသည် လွန်စွာ နားထောင်၍ ကောင်းသည်။ ကရင်သြသံသည်လည်း နှစ်သက်ဖွယ်ကောင်းသည်။အခမ်းအနားများတွင် ဖားစည်တီး၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ဖားစည်တွင် မင်္ဂလာဖားစည်နှင့် အမင်္ဂလာဖားစည် ဟူ၍ရှိရာ
အသုဘ အခမ်းအနားများတွင် တီးသော အမင်္ဂလာဖားစည်၏အသံသည် ၀မ်းနည်းဖွယ်ကောင်းလှသည်။

ယနေ့ခေတ်ကာလကို လိုက်၍ ခေတ်ပေါ်ကရင်တေးသီချင်းများ လွန်စွာဆန်းသစ်လာသည်။ ရှေးတူရိယာများကို တီးခတ်နိုင်သူ ရှားပါးလာသကဲ့သို့ ကဗျာ၊ လင်္ကာများကိုဖွဲ့ဆိုတတ်သူများလည်း နည်းပါးလာသည်။ ဒေါနတောင်တန်းရှိ ကရင်ကျေးရွာများ၊ ပဲခူးရိုးမရှိ ကရင်ကျေးရွာများ၌ ကရင်လူမျိုးတို့သည် မြန်မာစကားကို လုံးဝမတတ်ဘဲ ရှေးဟောင်းကရင်လင်္ကာတေးများ သီဆိုနိုင်ဆဲ၊ မှတ်သားနိုင်ဆဲ၊ လက်ဆင့်ကမ်းနိုင်ဆဲဖြစ်သည်။ ဆုံးမစာနှင့်နွယ်သော စာလင်္ကာများ၊ ရှေးဟောင်းသီချင်းများကို ယနေ့လူငယ်တို့သည် မိမိတို့၏ ဘိုးဘွားများထံတွင် ပြန်လည်လေ့လာသင်ကြားသင့်လေသည်။

+ Read more

ကရင်တူရိယာများ

ကရင်လူမျိုးများ တီးမှုတ်လေ့ရှိသော တူရိယာများမှာ အများအားဖြင့် ရိုးရာသဘာဝ ကွက်သစ်/၀ါးနှင့် တိရိစ္ဆာန်များမှရသော ဦးချိုတို့ဖြင့် ပြုလုပ်ကြသည်။ ကရင်လူမျိုးများ အသုံးပြုသော တူရိယာများမှာ…

(၁)ဖားစည်၊
(၂)ကွယ် (ခေါ်) ခွေ (ခေါ်) ကျွဲချို၊ တံပိုး၊
(၃)စောင်းကောက်၊
(၄)၀ါး (ခေါ်) အိုးစည်၊
(၅)၀ါးဖြင့်ပြုလုပ်ထားသော ပီးဘား (ခေါ်) ဗုံသံစုံပလွေ၊
(၆)ပီးဘာပလွေ၊
(၇)တဟီ (ခေါ်) တယော၊
(၈)သော့တူး (ခေါ်) တယော၊
ပေါ်ကူး (ခေါ်) ၀ါးပတ္တလား၊
(၁၀)ဖွန်ဒွါ၊
(၁၁)လင်းလင်း၊
(၁၂)နွဲ့၊
(၁၃) စည်းဝါး၊ မောင်း၊
(၁၄)ဗျတ်စောင်း (ခေါ်) ဓဏာ၊
(၁၅)စည်ဒို ဟူ၍ တူရယာများကို ခွဲခြား အသုံးပြုကြလေသည်။

ယနေ့ ဒုံးအက ကရာတွင် ဘင် တူရိယာကို အသုံးပြုနေသည်ကိုလည်း တွေ့ကြရမည်။ သစ်သားစည်အစား ဘင် ကိုအသုံးပြုထားခြင်းဖြစ်သည်။ သားရေကြပ်ထားသော သစ်သားစည်၏အသံသည် လွန်စွာမြည်ဟီး၍ နားထောင်၍လည်း ကောင်းပါသည်။ သို့ရာတွင် သစ်သားစည် ပြုလုပ်ရန် အခက်အခဲရှိသောကြောင့် သယ်ရလွယ်ကူသော ဘင် ကို အစားထိုး သုံးစွဲခြင်းဖြစ်ပါသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းခြင်း

ကရင်လူမျိုးတို့တွင် ရှေးဘိုးစဉ်ဘောင်ဆက်က အသုံးပြုခဲ့သော ရှေးဟောင်းပစ္စည်းများမှာ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဦးစီးဌာနမှ (၇၅) နှစ်ကျော်သော ပစ္စည်းများကို ရှေးဟောင်းပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။ ကရင်ပြည်နယ်တွင် ကော့ဂွန်းဂူဘုရားသည် ရှေးဟောင်း သမိုင်းဝင်ဖြစ်သည်။ ရှေးကျသောဘုရားများအနက် ကျောက်စာများလည်း ရှိသည်။ သို့သော် လုံခြုံမှု၊ ထိန်းသိမ်းမှု မရှိခဲ့ခြင်းတို့ကြောင့် ဆင်းတုများ ပျောက်ဆုံးခြင်း၊ နံရံတပ်ဘုရားများ ကွာကျခြင်း၊ ရာသီဥတုဒဏ်ကြောင့် ရှေးဟောင်းရုပ်ပွါးတော်များနှင့် ပညာလက်ရည်များ များစွာ ဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ စေတီပုထိုးကျောင်းကန်များသည် အပြင်ရိုးရာ အ၀တ်အစား၊ စာပေ၊အသုံးအဆောင်၊ တူရိယာများ၊မပျောက်ပျက်အောင် ထိန်းသိမ်းရမည်။ ဈေးကောင်းရသဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးထုတ်၍ ရောင်းချခံရသော တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ အများအပြားရှိသည်။ ကရင်လူမျိုးတို့သည် ပေထက်၌ အက္ခရာတင်နိုင်သော်လည်း ထိန်းသိမ်းမှုစနစ်မကျခြင်းတို့ကြောင့် စာပေများ ပျက်စီးခဲ့ရသည်။ သမိုင်းအထောက်အထားများတွင် အဆက်ပြတ်ခဲ့သည်။ ကရင်လူမျိုးတို့၏ သင်တိုင်းနှင့် အထည်များဖြင့် ရက်လုပ်ထားသော ရှေးဟောင်း အနုပညာလက်ရာများသည် အလွန်အနုစိပ်ပြိး အဆင့်မြင့်သည်။ ထိုလက်ရာများသည် တောကြို တောင်ကြားတွင်နေထိုင်ကြသော ကရင်အမျိုးသမီးများ၏ စိတ်ကူးစိတ်သန်းမှ ထွက်ပေါ်လာပြီး လှပသည့် ဒီဇိုင်းအသစ်များဖြစ်သည်။ ၎င်းကဲ့သို့ အနုပညာလက်ရာများလည်း ဆက်လက်ထိန်းသိမ်းသွားရမည် ဖြစ်ပါသည်။

ရိုးရာယဉ်ကျေးမှု အကများ

ကရင်ဒုံးအကသည် ကရင်လူမျိုးတို့၏ ထင်ရှားသော အကဖြစ်သည်။ မြန်မာနိုင်ငံသာမက ကမ္ဘာ၌ လူကြိုက်များသော အက ဖြစ်သည်။ ဒုံးအကများအနက် …

(၁)ယောက်ျားလေးများသာ က ရသော ဒုံးအက၊
(၂)မိန်းကလေးများသာ က ရသော ဒုံးအက၊
(၃)အသက်(၆၀) ကျော် အဘိုးကြီးများသာ က ရသော ဒုံးအက၊
(၄) အမျိုးသား၊ အမျိုးသမီးများ ပါဝင်ရောနှောသော ဒုံးအက၊
(၅)အပျိုလူပျို ဒုံးအက၊
(၆)လူဦးရေ အကန့်အသတ် မရှိ ပါဝင်ကြသော ဒုံးအက ဟူ၍ ဖြစ်သည်။

အရိုးကောက်ပွဲ၊ဧည့်ခံပွဲ၊ ဘုရားပွဲ၊ နှစ်သစ်ကူးပွဲတော်တို့တွင် ကပြကြသည်။ ဇာတ်တော်များကို သရုပ်ဖော်ကာ က ပြသော ဒုံးအကလည်း ရှိသည်။
သံတောင်နယ်တစ်ဝိုက်တွင် ဒိုင်းအကကို အဓိကထား ကပြကြသည်။ ၀ါးညှပ်အကကို တောင်ပေါ်မြေပြန့် ကရင်များ အထူးသဖြင့် ကပြကြသည်။ ကရင်ပြည်နယ်၊ ပဲခူးတိုင်းရှိ စကောကရင်အချို့သည် ထောင်ကနဲ (ခေါ်) ပျားဖွတ်ခြင်း အားကစားကို ရိုးရာအက အနေဖြင့် ဆန်းသစ်ကပြကြသည်။ တချို့ ၀ါးညှပ်အကမှာ ၀ါးနှစ်လုံးသာ ပါပြီး တရစပ်ညှပ်သဖြင့် က သူမှာလည်း လျင်မြန်စွာ ခုန်၍ က ရသည်။အမျိုးသာများသာ က ရသော ရင်တုန်ဖွယ် အက ဖြစ်သည်။ လက်ညှပ်ဝါးထောက်အက၊ ဆူးထိုးအက၊ ကြိုးကျစ်အကများသည် စကောကရင်တို့၏ ရိုးရာအကများဖြစ်သည်။ ဒေါနတောင်ခြေရှိ အသုဘအိမ်တွင် အခေါင်းကိုလှည့်ပတ်၍ သီဆိုကန်တော့ က ပြရသော အက နှင့်တေးသီချင်းတို့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်သည်။

ကရင်ရိုးရာ ဇာတ်များ ပေါ်ထွက်လာသော်လည်း ခေတ်အကြိုက် ဖွဲ့ဆိုသီကုံးခြင်းဖြင့်သာ ပရိသတ်အကြိုက် လိုက်နေကြသည်။
အချုပ်ဆိုရသော် ကရင်ရိုးရာ ကဏ္ဍအနေဖြင့် လေ့လာစရာ၊ မှတ်သားစရာ၊ သိဖွယ်ရာများစွာ ကျန်ပါသေးသည်။ ယဉ်ကျေးမှုကို ခြုံငုံမိစေရန်အတွက် အနှစ်ချုပ်တင်ပြခြင်းသာ ဖြစ်ပါသည်။ ကရင်လူမျိုးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်ဓာတ်၊ ရိုင်းပင်းကူညီတတ်သော စိတ်ဓာတ်၊ ချစ်ခင်ကြည်နူးစွာဖြင့် ပြုံးရွှင်စွာနေတတ်သော ကရင်တို့၏ ဓလေ့စရိုက်သည် နဂိုယဉ်ကျေးသော ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုများပင် ဖြစ်ပါသည်။

ပြီးပါပြီ…။

စောအောင်သိန်း

သထုံမြို့နယ်၊ ၂၇၄၉-ခုနှစ်၊ ကရင်နှစ်သစ်ကေူးပွဲတော် စာစောင်မှ ပြန်လည်ရိုက်နိပ် တင်ပြလိုက်ပါသည်။


Apr 9, 2010

ချစ်စရာ ဖြတ်ထုံး

ကမ္ဘာပေါ်ရှိ တိုင်းရင်းသား လူမျိုးတိုင်းဝယ် အစဉ်တစိုက် လိုက်နာခဲ့ကြသော ဓလေ့ထုံးတမ်းများ ရှိကြပေသည်။
လူမျိုးတိုင်းသည် မိမိတို့ သက်ဆိုင်ရာ ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာကြသည်။ လက်ဆင့်ကမ်း ကျင့်သုံးခဲ့ကြသည်။ ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။

ထိုဓလေ့ထုံးတမ်းတို့သည် သက်ဆိုင်ရာ လူမျိုးတို့က လေးစားလိုက်နာကြသည့်အလျောက်၊ မဖျောက်ဖျက်၊ မကျူးလွန်ရဲသည့်အလျောက် ဥပဒေများပမာ ခိုင်မာလာကာ အာဏာသက်ဝင်ကြလေသည်။ အငြင်းပွါးမှုများကို ဖြေရှင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် လက်ခံထားသော ဓလေ့ထုံးတမ်းများဖြစ်ကြသောကြောင့် စည်းမျဉ်းဥပဒေများသဖွယ် ကိုးကားလာခဲ့ကြသည်။ ထို့ကြောင့် ဓလေ့ထုံးတမ်း ဥပဒေ (Customary law) ဟူ၍ ပေါ်ပေါက်လာခဲ့ပေသည်။

ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ဥပဒေများကို အကြမ်းမြည်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ပြဋ္ဌာန်း ဥပဒေ (Statute law) နှင့် ဓလေ့ထုံးတမ်းဥပဒေ (Customary law) ဟူ၍ ဖြစ်သည်။ ယနေ့ လူမှုအဖွဲ့အစည်းများတွင် တိုးတက်လာမှုများနှင့်အညီ တိုးပွါးလာသော အရှုပ်အထွေးကို ဖြေရှင်းရန် ဥပဒေအသစ် (Statute law) များကို ပြဋ္ဌာန်းလာသလို ဓလေ့ထုံးတမ်း ဥပဒေ (Customary law) များကိုလည်း ပစ်ပယ်၍ မရ၊ ဆက်လက် ကျင့်သုံးရစမြဲ ဖြစ်သည်။

မည်သည့် ကြီးကျယ်မြင့်မြတ်သည့် လူမျိုးဖြစ်စေ၊ မိမိတို့ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းလိုက်နာမြဲဖြစ်သည်။ မည်မျှပင် သေးနုပ်သော လူမျိုးဖြစ်စေ၊ မိမိတို့ ဓလေ့ထုံးတမ်းကို ပစ်ပယ်ဖျောက်ဖျက်ရိုး မရှိပေ။ ဓလေ့ထုံးတမ်းဟူသည် လူမျိုး၏ အသက်သွေးကြောပင် ဖြစ်သည်။ ဓလေ့ထထုံးတမ်းဥပဒေ (Custnmary law) ဟူသည် လူမျိုး၏ ၀ိညာဉ်ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ကိုလိုနီဘ၀က အမွေရခဲ့သော Penal, Code, Code of Civil procedure, Evidence Act စသော အင်္ဂလပ် ဥပဒေအပြင် မြန်မာ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း ဥပဒေကို ကျင့်သုံးလျက် ရှိပေသည်။

+ Read more

ကရင်လူမျိုးတို့တွင်လည်း မည်သည့်လူမျိုးထက် မနိမ့်ကျသော ဓလေ့ထုံးတမ်းဥပဒေများ ပိုင်ဆိုင်ထားကြပါသည်။ ကရင်လူမျိုးတို့၏ ဓလေ့ထုံးတမ်းဥပဒေမှ လင်မယား ကွာရှင်းလိုမှုကို ဖြေရှင်းပေးသော ဖြတ်ထုံးမှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ကရင်လူမျိုးတို့၏ အိမ်ထောင်ရေးစနစ်မှာ တစ်လင် တစ်မယားစနစ်ပင် ဖြစ်ပါသည်။ လင်မယား ကွာရှင်းလိုမှု အလွန်နည်းပါးသည်။ တောင်ပေါ်ဒေသတွင် မရှိသလောက် ရှားသည်။ အချို့ဒေသများတွင် လင်မယားကွာရှင်းမှုကို ကျေးရွာလူကြီးများက လုံးဝ ကွာရှင်းခွင့်မပြုချေ။တစ်ဖက်သတ် ကွာရှင်းလိုမှုကိုလည်း ကျေးရွာလူကြီးများက အားမပေးကြချေ။
လင်မယားကွာရှင်းခြင်းသည် ကရင်လူနေမှုစနစ်တွင် မလိုအပ်သော ကိစ္စဟု မှတ်ယူကြသည်။အကြောင်း အမျိုးမျိုးကြောင့် မလွှဲရှောင်သာသော အခြေအနေမျိုးနှင့် ကြုံကြိုက်လာပါမှ ရပ်ရွာအကြီးအကဲများက ကွာရှင်း
ရေးကို ဆောင်ရွက်ပေးလေ့ရှိသည်။ လင်ကွာ၊မယားကွာမှုများတွင် နှစ်ဦးနှစ်ဖက်စလုံး ကွာရှင်းလိုကြောင်း အကြိမ်ကြိမ်တင်ပြလာလျှင် ရပ်ရွာအကြီးအကဲများက ကွာရှင်းပေးသည်။

သို့သော် ရပ်ရွာအကြီးအကဲတို့သည် လင်မယားနှစ်ဦးအား ကွာရှင်းပေးခြင်းမှ ရှောင်ရှားကြသည်။ ရွာအကြီးအကဲက ဖျောင်းဖျပြောဆိုသော်လည်း မရသည့်အခါမျိုးတွင် ကွာရှင်းလိုသော လင်းမယားအား မိမိတို့နေအိမ်တွင် ခုနှစ်ရက်ပတ်လုံး တစ်ခန်းထဲတွင် အတူနေစေပြီး နေ့စဉ် ထမင်းလက်ဆုံ စားစေသည်။
ခုနှစ်ရက်မြောက်သော် ကွာရှင်းလိုကြသေးလျှင် ရွာအကြီးအကဲက လူသိရှင်ကြား ကွာရှင်းပေးသည်။
ထိုသို့ နှစ်ဦးနှစ်ဖက်စလုံး သဘောတူ ကွာရှင်းပေးပြီးပါက ပစ္စည်းများကို အမျိုးအမည် အတန်းအစား ခွဲခြားခြင်းမရှိဘဲ စုပေါင်း၍ အညီအမျှ ခွဲဝေပေးသည်။ အိမ်ထောင်ပစ္စည်းများကို ခန်းဝင်ပစ္စည်း၊ နှစ်ပါးစုံလက်ထက်ပွါး၊ ပါရင်း စသည်ဖြင့် ပိုင်းခြားသတ်မှတ်ပြီး ယူသင့်သူအား ယူစေသည့် သဘောမျိုးမရှိချေ။

သားငယ်၊သမီးငယ်များကို မိခင်နောက် လိုက်ပါစေ၍ သားကြီး၊သမီးကြီးများကို ဆန္ဒအလျောက် ရွေးချယ်ပိုင်ခွင့်ပေးသည်။
အထက်ပါစီရင်ထုံးကိုလေ့လာကြည့်လျှင် ကရင်လူမျိုးတို့၏ ချစ်စရာကောင်းလှသော စိတ်နေသဘောထားကို တွေ့မြင်နိုင်မည်ဖြစ်သည်။ `ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ´`ငယ်ကပေါင်း နှစ်တစ်သောင်း မမေ့ကောင်း´ ဆိုသကဲ့သို့ပင် ကွာရှင်းလိုသော လင်မယားအား တစ်ခန်းတည်းအတူထား၍ ထမင်းလက်ဆုံ ခုနှစ်ရက် စားစေခြင်းဖြင့် ရရှိလာမည့်ရလဒ်မှာ ကွာရှင်းခြင်းထက် ပြန်လည်သင့်မြတ်ခြင်းသို့သာ ဦးတည်နေမည်မှာ မလွှဲပေ။ရှေးကရင်လူကြီးများ၏ ပညားသားပါလှသောဖြေရှင်းပုံနှင့် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးစေပုံမှာ ချီးကျူးဖွယ်ဖြစ်သည်။

ကွာရှင်းပြီးလင်မယား၏ ပစ္စည်းခွဲဝေပုံမှာလည်း လိင်ခွဲခြားခြင်းမရှိ၊ လင်နှင့်မယား အညီအမျှထားရှိသော ကရင်လူမျိုးတို့၏ စိတ်သဘောထားများ၊ ထင်ဟပ်လျက်ရှိပေသည်။သားသမီးများကို ခွဲဝေပုံမှာလည်း အခြားယဉ်ကျေးမှုမြင့်မားသောလူမျိုးများနည်းတူ အမြော်အမြင်ကြီးစွာဖြင့် ကလေးငယ်ကို ပိုမိုဂရုစိုက် စောင့်ရှောက်နိုင်မည့် မိခင်ထံ လိုက်ပါစေသည်။ အသက်အရွယ်ရပြီး သား၊သမီးများကို စိတ်ဆန္ဒအတိုင်း လွတ်လပ်ခွင့်ပေးခြင်းမှာလည်း နိုင်ငံတကာဥပဒေများ အဆင့်မီသည်ကို တွေ့ရသည်။
ထို့ကြောင့် ကရင်ဓလေ့ထုံးတမ်းဥပဒေမှ အပြုသဘောဆောင်သော၊ တစ်လင်တစ်မယားစနစ်ကိုသာ အားပေးသော၊ လိင်ခွဲခြားခြင်းမရှိသော၊ အမြော်အမြင်ကြီး၍ အဆင့်အတန်းမြင့်လှသော လင်မယားကွာရှင်းမှု
ကရင့်ရိုးရာ ဖြတ်ထုံးတစ်ခုကို လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။

ကိုးကား---
၁။တိုင်းရင်းသားယဉ်ကျေးမှုရေးရာဓလေ့ထုံးစံများ(ကရင်) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊
၂။ကရင်ရိုးရာ သုတပဒေသာ(မန်းလင်းမြတ်ကျော်)။

စကျော်မျိုးအောင်(ဥပဒေ)
၂၇၄၉-ခုနှစ်၊ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင့်ကြေးမုံမှ။

Apr 8, 2010

သိမှတ်ဖွယ် webpage. computer အတိုအထွာလေးများ…

အားလုံး မင်္ဂလာပါ….အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ…

လာလည်တဲ့ ညီအစ်ကို မောင်နှမများအတွက် ဗဟုသုတလည်းဖြစ်၊ တစ်ချို့သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ ဖြစ်တတ်တဲ့ webpage ဆိုင်ရာ ပြဿနာငယ်လေးတွေကို ဖြေရှင်းရအောင်ဆိုပြီး
သိမှတ်ထားတာလေးကို ပြန်လည်ပေးဝေချင်တာနဲ့ ပို့စ်တင်လိုက်ပါတယ်။တစ်ချို့ကလည်း မြန်မာ ၀က်၊ဘလော့တွေ ဖွင့်ဖတ်ချင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုလုပ်ရမှန်းမသိသေးတဲ့ ညီအစ်ကို မောင်နှမတွေရယ်၊
အီးမေးလ်မှာ ဖြစ်တတ်တဲ့ မြန်မာစာဖေါင့် ကောင်းကောင်းမပေါ်တာ၊ gtalk မှာ ဇွဲကပင်ဖေါင့်က ဇော်ဂျီဖေါင့်လိုပါပဲ ထည့်ရိုက်လို့ ရတာရယ် စတဲ့ ဗဟုသုတလေးများ တင်ပြချင်တာပါ.။ ကျနော်က ကျွမ်းကျင်သူ မဟုတ်ပါဘူး။ မိမိမှာလည်း ကြုံတွေ့ခဲ့ရတာတွေကို သူများမှာလည်း တကယ်လို့ ဖြစ်ခဲ့ရင် အဆင်ပြေရအောင်ဆိုပြီး တတ်နိုင်သလောက် အခြေခံ ဗဟုသုတလေးတွေကို မျှဝေချင်တာပါ။

Webpage များကို မြန်မာစာ ဖတ်နိုင်အောင်…

မြန်မာ၊ကရင် ၀က်ဆိုက်၊ ဘလော့တွေကို မြန်မာစာ ကောင်းကောင်း ဖွင့်ဖတ်လို့ မရလို့ ဆိုပြီး မေးလာတတ်လို့
သူတို့အတွက် ရည်ရွယ်ပြီး အဓိက တင်ပေးလိုက်ပါတယ်။ အရင်ကလည်း ဇော်ဂျီဖေါင့်၊ ဇွဲကပင်ဖေါင့် ထည့်ပုံထည့်နည်းကို ပို့စ်တစ်ခါ တင်ပေးထားပြီးပါပြီ။ ဖတ်ချင်ရင် ဒီမှာ သွားပါ။ မြန်မာစာပေါ်ဖို့ အရေးက အဓိက ကတော့ မိမိ အသုံးပြုနေတဲ့ ကွန်ပျူတာထဲမှာ ပထမဆုံး install လုပ်ရပါ့မယ်။ အဲလိုမှ မလုပ်ထားရင် ဖတ်လို့၊ ရေးလို့ မရပါဘူး၊နောက်ပြီးတော့ တစ်ချို့ ၀က်ဆိုက်တွေမှာ ဖေါင့်မတူတာကြောင့် စာကောင်းကောင်း ဖတ်လို့ အဆင်မပြေပါဘူး။ ဒါကြောင့် သက်ဆိုက်ရာ ၀က်ဆိုက်တွေမှာ ဖေါင့်ဒေါင်းလုတ်ဖို့ အမြဲတမ်း တင်ထားကြပါတယ်။ ဥပမာ ဘီဘီစီ သတင်းစာမျက်နှာမှာဆိုရင် myanmar 3 ဖေါင့်ကို အသုံးပြုထားတဲ့အတွက် သူ့စာမျက်နှာကို စာကောင်းကောင်းဖတ်ချင်ရင် ဘီဘီစီ ၀က်ဆိုက်က ပေးထားတဲ့ myanmar 3 ဖေါင့်ကို ဒေါင်းလုတ်ပြီး မိမိစက်မှာ ထည့်ပြီးမှ ၀က်ဆိုက်ကို ပိတ်၊ ပြန်ဖွင့်ရင် စာကောင်းကောင်းဖတ်နိုင်ပါပြီ။ မြန်မာ ဧရာ ဖေါင့်မှာလည်း ထို့အတူပါပဲ။

မြန်မာဝက်ဆိုက်တွေကို ဖွင့်မယ်ဆိုရင် Mozilla firefox နဲ့ ဖွင့်တာ အကောင်းဆုံးပါပဲလို့ အကြံပြုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ window က ပါလာတဲ့ IE( Internet Explorer)က တစ်ချို့ ၀က်ဆိုက်တွေမှာ ကောင်းကောင်းမပေါ်နိုင်လို့ပါပဲ။ အများအားဖြင့် ကွန်ပျူတာကို ၀ယ်လာကတည်းက ၀င်းဒိုးထဲမှာ IE တစ်ခါတည်း ပါလာတာမို့ ဒါနဲ့ သုံးနေကြတတ်ပါတယ်။ တကယ်လို့ mozilla firefox မရှိသေးဘူးဆိုရင်
ဒီမှာ ဒေါင်းလုတ်ယူပါ။ နောက်ပြီး Mozilla firefix နဲ့ IE ရောသုံးနေတဲ့ နေရာမှာ webpage တစ်ခုခုဖွင့်ရင် mozilla နဲ့ default ထားမှာလား IE နဲ့ default ထားမှာလားလို့ box တစ်ခုပေါ်လာပြီးတော့ မေးတတ်ပါတယ်။ မိမိထားချင်တဲ့ တစ်ခုကို ok ပေးလိုက်ပါ။ မထားချင်ဘူးဆိုရင် no ပေးလိုက်ပေါ့။

+ Read more

နောက်ဖွင့်မရတဲ့ ပြဿနာတစ်ခုက တစ်ချို့ဘလော့တွေမှာ JavaScript လုပ်ထားတဲ့ fresh player တွေ၊
Slideshow တွေကို ဖွင့်မရလို့ အကွက်အဖြူတွေပဲ ပေါ်လာပါတယ်။ဒါကြောင့် အဲဒါတွေကို ကောင်းကောင်း ပေါ်နိုင်အောင် မိမိစက်မှာ လိုအပ်တဲ့ Mozilla plug in တွေ ထည့်ထားဖို့လိုပါတယ်။ဥပမာ အဖြူရောင်သံစဉ် radio သံလွှင့်လိုင်းလို နားထောင်လို့ရအောင် window media player firefox plug in 11 ထည့်ထားရမှာ ဖြစ်ပါတယ်။ဒေါင်းလုတ်ယူချင်ရင် ဒီမှာ သွားပါ။ ကျန်တဲ့ လိုအပ်တဲ့ player တွေကို အောက်မှာ စုစည်းတင်ပေးလိုက်ပါတယ်။
(1)adobe flash player
(2)adobe AIR
(3)adobe shockwave player
(4)adobe reader

အီမေးလ်မှာ မြန်မာစာ မပေါ်သည့်ပြဿနာ…

ဒီပြဿနာလေးကတော့ တော်တော်များများ အဖြစ်များပါတယ်။ မိမိအီးမေးလ် inbox ထဲမှာ ဖွင့်လိုက်ရင် မြန်မာစာဖေါင့်တွေ ပုံစံမကျဘဲ ပေါ်လာတတ်ပါတယ်။ကောင်းကောင်းလည်း ဖတ်မရပါဘူး။ဒါကြောင့် ဒီဟာကို ကျနော်လုပ်ဖူးသမျှ အဆင်ပြေတာလေးကို ပြောပြချင်ပါတယ်။တကယ်လို့ အဲလိုဖြစ်ရင် Mozilla firefox ကို ဖွင့်လိုက်ပါ။ အဲဒီစာမျက်နှာရဲ့ အပေါ်ဆုံးမှာ file.edit. bookmark tools စတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

tools ကို ရွေး၊> option ကို ရွေး>နောက် box တစ်ခုကျလာမယ်။ အဲဒီအကွက်မှာ main. Tabs. Content စတာတွေကို အပေါ်ပိုင်းမှာ တွေ့ရလိမ့်မယ်။content ကို select လုပ်ပြီးတော့ default font ဆိုတဲ့ အကွက်ထဲမှာ time new Roman ဖြစ်နေရင် zawgyi-one လို့ ပြောင်းပေးလိုက်ပါ။ advanced setting မှာလည်း self အကွက်ထဲမှာ zawgy-one လို့ ပြောင်းပေးပြီး default character encoding ဆိုတဲ့အကွက်မှာ Unicode(UTF-8)ကိုရွေးပါ။ ok ပေးလိုက်ပါ။ webpage တွေအားလုံး ပိတ်ပြီးတော့ ပြန်ဖွင့် အီးမေလ်း ထဲမှာ ပြန်ကြည့်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ မရသေးဘူးဆိုရင် zawgyi-one ဖေါင့်ကို ထပ်ပြီး install လုပ်ကြည့်ပြီး ကွန်ပျူတာကို restart ချပြီးတော့ ဖွင့်ကြည့်လိုက်ပါ။ နောက်တစ်ခု မိမိဝင်းဒိုး sreen ပေါ်မှာ Microsoft word နဲ့ ရိုက်ထားတဲ့ စာခေါင်းစဉ်ပဲဖြစ်ဖြစ်၊ သီချင်းတွေကို မြန်မာလို နာမည်ပြောင်းထားတာပဲ ဖြစ်ဖြစ် မြန်မာစာ မပေါ်ဘဲ အကွက်လေးပဲ ပေါ်ပါတယ်။ အဲလိုပေါ်ရင် ခုနကလိုပဲ zawgyi-one installer ကို ပြန်ပြီး install လုပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ မိမိကွန်ပျူတာရဲ့ test bar မှာ language bar မပေါ်တဲ့ ပြဿနာကတော့ အရင် ရေးပြီးပြီးမို့ ထပ်မရေးတော့ပါဘူး။

gtalk နဲ့ ဇွဲကပင်ဖေါင့်…

ဇွဲကပင်ဖေါင့်လို့ ခေါ်တဲ့ ကရင်ဖေါင့်ကို gtalk chat တဲ့နေရာမှာ ဇော်ဂျီဖေါင့်လိုပါပဲ ရိုက်ချင်တယ်ဆိုရင်
Gtalk ကို ဖွင့်ပြီး setting ကို နှိပ်၊ box တစ်ခုပေါ်လာမယ်၊ change font ကိုရွေး၊ box နောက်တစ်ခုပေါ်လာရင် zwekabin ကို ရွေး၊ ok ပေးပြီးတော့ ကရင်စာ ရိုက်နိုင်ပါပြီး။ အဓိက ကတော့ ကရင်စာဖြစ်တဲ့ ( ႜ ) ( ႓ ) ( ၞ )
( ႝ ) တို့ စာရိုက်တဲ့ အတိုင်း ကောင်းကောင်းရိုက်နိုင်ပါတယ်။ဒါကတော့ ကရင်စာကို ရိုက်ချင်တဲ့ သူများအတွက် ဗဟုသုတ အဖြစ် ရေးလိုက်တာပါ။

ကွန်ပျူတာ အခြေခံ ထိန်းသိမ်းနည်းလေးပါ။

မိမိကွန်ပျူတာကို ရေရည်သုံးနိုင်အောင် သိသင့်သိထိုက်တာလေးတွေ၊ ဂရုစိုက်စရာလေးတွေ ဂရုစိုက်မယ်ဆိုရင် မိမိကွန်ပျူတာလည်း ကြာရှည်ခံမယ်၊ ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ရတာပေါ့နော့်။အမှန်မှာဆိုရင်
ကွန်ပျူတာနည်းပညာက အဆင့်မြင့်မြင့် လုပ်ဆောင်ထားတာပါ။ ကျွမ်းကျင်သူများအဖို့တော့ ကောင်းကောင်းထိန်းသိမ်းတတ်ပေမယ့် စသုံးတဲ့ user အနေနဲ့ ဗိုင်းရပ်နဲ့တိုးရင်ဖြစ်စေၟၟဂရုမစိုက်မိလို့ဖြစ်စေ
စက်သုံးတာ ကြာလာရင် လေးလံတာတို့၊ ဟန်းဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

-ဗိုင်းရပ်ကာကွယ်ရန် intivirus တစ်ခုခုကို မိမိကွန်ပျူတာမှာ ထည့်ထားပါ။ update ဖြစ်အောင်လည်း ဂရုစိုက်ရပါ့မယ်။နောက်ပြီး ကွန်ပျူတာက လိုအပ်တဲ့ update ကိုလည်း ပြုလုပ်ပေးပါ။ တစ်ချို့ ဆော့ဝဲရ်တွေက
Update မဖြစ်ရင် ကောင်းကောင်း အလုပ်မလုပ်လို့ပါ။မိမိကွန်ပျူတာမှာ လိုအပ်သလောက် ဆော့ဝဲရ်တွေပဲ
ထည့်ထားတာ အကောင်းဆုံးပါ။ မလိုအပ်တဲ့ ဆော့ဝဲရ်တွေကို ပြန်ပြီး uninstall လုပ်ပါ။ တစ်ချို့ဆော့ဝဲရ်တွေက
ကွန်ပျူတာထဲမှာ ထည့်ပြီးဆိုရင် ပြန်ထွက်မရတာလည်း ရှိတတ်ပါတယ်။ အဲဒီလို ဆော့ဝဲမျိုးတွေကို ရှောင်ပါ။အဲလိုဖြစ်ခဲ့ရင် uninstall ဆော့ဝဲရ်တွေ ရှာပြီး ပြုလုပ်နိုင်ပါတယ်။

မိမိကွန်ပျူတာကို နေ့တိုင်းသုံးနေတာဖြစ်ရင် အနည်းဆုံး တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။ (disk clean up နဲ့ လုပ်ပေးပါ)။ my computer> open>local disk C:\> right click> properties>disk clean up)ကွန်ပျူတာမှာ programs ပါပြီးသားဖြစ်သလို ဆော့ဝဲရ်နဲ့ ရှင်းထုတ်ချင်လည်း ရှာယူပြီးတော့ ရှင်းထုတ်နိုင်ပါတယ်။
ဒါတွေက မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းထုတ်တာပါ။ နောက် ဖိုင်တွေ ပြန်စီပေးပါ။ (tools>defragment now)
Run common ကနေ မလိုအပ်တဲ့ဖိုင်တွေကို ၀င်ဖျက်နိုင်ပါတယ်။(%temp%, prefetch, recent, တွေကို run မှာ ရိုက်ထည့်ပြီး ဖိုင်တွေကို ရှင်းထုတ်နိုင်ပါတယ်။)

မိမိကွန်ပျူတာ OS ဖြစ်တဲ့ local C:\(အများအားဖြင့် OS ကို C:\ programs မှာ ထားတာများပါတယ်)မှာ ကွန်ပျုတာတစ်ခုလုံးကို လုပ်ဆောင်နေရတဲ့အတွက် အပြင်မှ ကူးယူထားတဲ့ ရုပ်ရှင်၊ သီချင်း၊ space များများ နေရာယူတဲ့ ဖိုင်တွေကို local D:\ မှာ ထားတာ အကောင်းဆုံးပါ။ ဒေါင်းလုတ်ထားတဲ့ ဖိုင်တွေပဲ ဖြစ်ဖြစ်၊ desktop ပေါ်မှာ ထားတဲ့ဖိုင်တွေပဲ ဖြစ်ဖြစ် ဒေါင်းလုတ်ပြီးရင် သိမ်းထားချင်ရင်လည်း local D:\ ထဲမှာပဲ ထည့်ပါ။ အားလုံး အဆင်ပြေပါစေ….။

Apr 6, 2010

ကရင်များသို့ သိစေညွန်း…

-သူငယ်ချင်း..
ကွေ့ကောက်သမိုင်း၊ ကျောက်ရိုင်းတစ်စ၊
ကောက်ယူကြ၍၊ ဘ၀တစ်ခု၊
ယိုင်နဲ့လုနေ၊ တွေဝေမြူခိုး၊
ကောင်းဆိုးနှစ်တန်၊ မှန် မမှန်ကို၊
ဝေဖန်ပိုင်းဖြတ် အကဲခတ်ရင်း…။

-လူမျိုးတစ်စု ၊ကြီးပွါးထုထည်၊
ဖြစ်ခဲ့သည်ထား၊ ရေများရေနိုင်၊
မီးများ မီးနိုင်၊ ယိုင်နဲ့သွေလှန်၊
ဖိနှိပ်ခံရာ ၊ မသက်သာပဲ၊
မျက်နှာချင်းဆိုင်၊ သူငါနိုင်ဟု၊
ရင်ဆိုင်တိုက်ပွဲ၊ ဆင်နွှဲတိုးလိုက်၊
အမှိုက်ကမ္ဘာ၊ မမြင်သာပြီ၊
ရှောင်ခွါမရ၊ နိယာမဖြင့်၊
ဘ၀နိဂုံး မဆုံးသေး…။

+ Read more

-အို…သူငယ်ချင်း…
ပြန်စဉ်းစားရင်၊ သမင်လှည်ပြန်၊
နောက်ခံသမိုင်း၊ စိတ်ရိုင်းမွှေနှောက်၊
ရိုးဖြောင့်မညီ၊ မပီပြင်ခဲ့…။
-တို့ရဲ့ သမိုင်း၊ ကွေ့ကောက်ကိုင်းညွတ်၊
အမှတ်မထင်၊ မျောချင်ရာမျော၊
မြစ်ယဉ်ကြောမှာ၊ ဖွါရ ရာကြဲ၊
မတည်မြဲခဲ့၊ ၀မ်းကွဲစိတ်ဓာတ်၊
မြစ်မပြတ်ကြောင့်…။

-ရိုးဖြောင့်အသိ၊ သတ္တိကိုမွေး၊
ကရင့်သွေးဟု၊ လေးလေးမှန်မှန်၊
သန္နိဌာန်မှတ်၊ စိတ်ပိုင်းဖြတ်၍၊
ကရင်အားလုံး သိစေဖို့..၊
တို့တွေ အားလုံး စည်းလုံးစို့…။

ကျော်ထက်ခိုင်(ဖားစည်မြေ)
၃၁.၅.၂၀၀၉

Apr 5, 2010

ထောဟ်ဃှံင်လ်ုဏေ၀်.

ယ်ုအဲထုက် ပ်ုဖႜုံထီ့ခါန်ၟ
အှ်္ဘုဂ်ထတယ်ခွဲါက႟င်
လု္ဘုဂ်လ်ုယာင်ဍုံထ်ုအင်
မိင်ဖႜဟ်သှ်ဖႜာထိုင့်ကောဝ်ကြင်။

ကၞ၀့္ေယွာတ္ထီ့ဖါန္သႜာ
အင်းလူၟယှံင်မုက်သုင်းမိင့်သာ
ဖႜုံယှင်ဖေါဟ်ဍုံဌာန့်လင်ၟဍာ
မြာဲတု္ယွာၟ ယွဴးမုက္လု္ဖါ။

ဆ်ုယ၀်ထင်းအေထံင်အ်ုခါ့
လီဟှယ့်အူး ခႜိင်းယှူးလ်ုသာ
လ်ုမုဂ်ဍင် ဆိင်းဃှီးသႜာ
ကျာ်သြီ့အှ်ထိုင်ၟလိုဒ်ၟကါ။

+ Read more

ထိုင့်ဖူဝဲါ ပ်ုဖႜုံဍေယှင်
မာဆိက် မာဃှုဂ်အှ်လုဏင်
ပ်ုတာ တ်ုဝယ့် ဆိက်လင်ကျင်
သုင်း္ဘူးဖႜာ်္ဘူး မုက်ကိုဝ်္ဘႜင်။

အေထံင်ဍ၀်ထီ့ခါန်ၟမူၟဏီ
ဆ်ုဃှီ့ဆ်ုလာ တုံၟထုင္းလီၟ
ၿပိဳင္ဃွံင္ပါမုက္လံင္ေဍခီၟ
ပု္ယွာၟခႜဳိ၀္ထ၀္ၟလု္အု္၀ီၟ။

ကုဂ်္ဘူးဟှံင် ဏိင်းသင့်အေထံင်
ဖႜုံယှင်ဖေါဟ်ဟှယ့်ထာင်ဍးခံင်
ဍောဟ်ထင်းကေႜာဟ်ဏိင်းသင့်ပ္တံင်
ထုင်းလီၟတုံး ပါမုက်အှ်ယှံင်။
ထာသ်ုဝါ်(ထီ့ဝါန်ၟရ၀်)

Apr 1, 2010

အ်ုလီကဲထင်းအသင့် - ကျဝ်လိက်သိင့်

ဒါကတော့ လာလည်သူအပေါင်း သီချင်းနဲ့ပျော်ရွင်နိုင်ဖို့ပါ။ ကျဝ်လိက်သိင့် သီချင်းတွေက အဟောင်းဆိုပေမယ့် အရမ်းနာမည်ကြီးခဲ့တဲ့
သီချင်းတွေ ဖြစ်ပါတယ်...။ဒီသီချင်းတွေကို လိုက်ရှာနေတာ ကြာပြီ။ ဖူ့တာမိက် ဆီမှ တွေ့လိုက်လို့ ပြန်လည် ခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်။အရမ်းကြိုက်တဲ့ သီချင်းလည်းဖြစ်ပါတယ်။ ကရင်သီချင်းပတ်သက်တဲ့ ကာရာအိုကေတွေကိုကိုဇော်မင်းထွန်း က စုစည်းတင်ဆက်ထားတာရှိပါတယ်။ သွားရောက်ခံစားနိုင်ပါတယ်ခင်ဗျာ..။


ကရင်သီချင်နဲ့ ပျော်ရွင်နိုင်ပါစေ...။