Jul 29, 2010

ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ

ဤဓာတ်ပုံကို ဖူ.တာမိက် ဘလော့ဂ်မှကူးယူသည်။

ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ
ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။
ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။ ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါသော်လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ခြည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ခြည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။

ဝါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသောရည်ရွယ်ချက်များ ထားရှိပေသည်။ ၀ါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါလရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။

ဝါခေါလတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။
ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စုအလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။

အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ ၀ါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။
ကရင်ရိုးရာ လက်ခြည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာခြည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။

ကရင်ရိုးရာလက်ခြည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ခြည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ခြည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ခြည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။
ခြည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။


ဤဓာတ်ပုံကို ဖားစည်သံ ဘလော့ဂ်မှကူးယူသည်။

(၁) ဆန်ကော
ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကိုဝါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂) ယောက်မ
အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆိုရမည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကိုဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃) ခြည်ဖြူ
ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ခြည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ
ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

(၆) ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်း ဖြစ်ပါသည်။

(၇) ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈) နတ်ပန်းညို(ဖ၀့်ဝီ)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်ညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉) ရေ
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။

လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေးတစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ခြည်ဖြူများကိုဖြတ်ပြီး ဖြန့်စီထားလေသည်။
လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်းတစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။ လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ခြည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ခြည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ခြည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။

ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန် ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသောစကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ဖားစည်ကိုတီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။ လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်သည်။ ထိုခြည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤခြည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။

(ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့်အလျောက် ဆိုကြသည်။ အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)
ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။ လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်းခြည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။

မူရင်း=ကရင်လူငယ်အစည်းအရုံးမှ ပြန်လည်ဖော်ပြပါတယ်။

Jul 28, 2010

ဆု္ကု္ရၜ....

အှ်ဆံင်းလာဆ်ာကိုဝ်ဟှာဍေ....

အ်ုယိုဝ်ဏှ်...မွဲာဝေ့ဍး...karen flash sound လှ်။ ယ်ုလုဟှာ အ်ုမေံယာ့ထုက် လု္ဘႜင် ထာခေါဟ်အှ်ဝယ်ထးဏှ် ဍုဂ်လင်ဏေ၀်ၟ လုflash sound ဖိုင်ဏှ်လှ်။ စူးလင် လ်ုဟှေဝ်္ဘးလာဏင့်သီး...ဆံင်းဏး၊ ယောဝ်ၟဖိုင် မာထာခေါဟ်္ဘေ့သိုဝ် (Karaoke) သိုဝ်သှေ်ဍးသာလှ်။စင်္ဘိုဝ်..ဟှယ့်စါင်းကိဲု ထိုင့်ဖူၟ၀ဲါသယ်အ်ုဟှင်..မွဲာဝေ့ဍး ဆ်ုကုရၜ ထာခေါဟ်လု္ဘံင်ယိုဝ် ဆံင့်ဏးယောဝ်ၟ္ဘးလာဆာ်....။ ဆ်ုကုရၜ ထာခေါဟ်အ်ုမိင်မွဲာဝေ့..မှေ်ဍုံဆာ..(က်ုလုဏံင်္ဘင်)ဏှ်လှ်။

အေဆံင့်ဏး္ဘးသာ လ်ုအေန်တာနက်ဖိုင်စာ်္ဘိုဝ်...မာဏေ၀်ၟဆင်းလင်ဏေ၀်ၟ
မှေ်ဍုံဆာ ထံင်ယိုဝ်ဆာ်...။အေမ်ုဍင်းလ၀့်္ဘးသာစာ်္ဘိုဝ်...
မာဏေ၀်ၟဆင်းလင်download here ထံင်ယိုဝ်ဆာ်..။

ဍင်းလ၀့်အေဟှံင်...္ဘေ့မ်ုဆံင့်ဏး၊ ယောဝ်ၟဖိုင်ယှံင်္ဘေ့မ်ုဏေ၀်ၟသိုဝ်ဏှ်..မု္ဘးအှ်ဝေ့ဍေ player လ်ုမိင်ယိုဝ်ဆေ၀်ၟလှ်။
စင်္ဘိုဝ်..flash player လ်ုဍူယိုဝ် အေလ်ုအှ်္ဘးစာ်္ဘိုဝ်..ဆံင့်ဏးၟယောဝ်ၟဖိုင် ဏေ၀်ၟအေးဆေ၀်ၟလှ်။
ဍင်းလ၀့်..ဏေ၀်ၟလာၟ flash player
Geovid Flash Player download  ထံင်ယိုဝ်ဆာ်..။

ယှူးမုက်လာဆာ်..ကိုဝ်ဟှာဍေ....။

Jul 25, 2010

Kee la but satt( စကောကရင်သီချင်း)



အရင်က လာရောက်တောင်းဆိုထားတဲ့ ဖိုးခွါးအတွက် ကောင်းနိုးရာရာလို့ ထင်တဲ့ စကောကရင်သီချင်းတစ်ချို့ကို youtube ကနေ ရှာပြီး တင်ပေးလိုက်ပါတယ်။အချိန်ရရင် MP3 စကောကရင်သီချင်းများ ဒေါင်းလုတ်နိုင်အောင် တင်ပေးပါ့မယ်။
တစ်ခြားလင့်တွေကို အောက်မှာ ပေးထားပါတယ်..။စကောကရင် သီချင်းနဲ့ ခံစားပျော်ရွှင်နိုင်ပါတယ်...။
အားလုံးကို ခင်မင်လျက်....။

(1)ယသးဟ့နဿ(အဲဢ္၀ါ)
(2)ဟံးယစုဒီးဆွဿက့ၯယၯ(gayemorris)
(3)cry..(အဲဢ္၀ါ)
(4)kae the blou choe nye 12

Jul 18, 2010

လာခုဂ်ခါင်စူး ထာခေါဟ်သယ်လ်ုဖး...

(1)ပ်ုမုခါင်စူးလ၀့်-နာန်သိင်းလး္ဘင်



အှ်ဆံင်းလာဆာ် ကိုဝ်ဟှာဍေ...ပ်ုဖႜုံယှင်ဖေါဟ် ထူၟရူ့မုင်ၟ္ဘျာ မေင်ၟစိင်ဖိုင်ဏှ် လာခုဂ်ခါင်စူးယိုဝ် အှ်ဝေ့ဍးလ်ုမိင်ဆေ၀်ၟလှ်။
ဏိင်းသာထာ်..၂၇၄၉-ဏိင်း အ်ုခါ့ယိုဝ် ပ်ုဖႜုံယှင်ဖေါဟ်သယ် ဖီ့ဖူ့ဍိုဝ်ထ၀်ၟထးဝယ် လာခုဂ်ခါင်စူးမူၟဏီ မ်ုထံင်ထါင် ဏင်္ဘႜင်ဍ၀်ဆေ၀်ၟလှ်။ထိုင့်ဖူၟ၀ဲါသယ် က်ုဏင်က်ုဏင်..လာခုဂ်ခါင်းစူးအ်ုဟှင်..ထာခေါဟ်သယ် ပ္တံင်ထင်းသာ အှ်ဝေ့လ်ုဏင်ယုက်ဆေ၀်ၟလှ်။စင်္ဘိုဝ်...္ဘေ့သိုဝ် လာခုဂ်ခါင်စူးအ်ုဟှင်ၟ ထာခေါဟ်သယ် အင်းဃှူ့္ဘးမ်ုယ၀့်သိုဝ်ဏှ်..လု youtube ဖိုင် အင်းဃှူ့ဖှေ်ဟှံင် ပ္ကုံ္ဘးထံင်အ်ုဏေ၀်ၟလ်ုဆင့်ဏှ်ဆေ၀်ၟလှ်။ အ်ုယိုဝ်ဏှ် မွဲာဝေ့ဍး ထိုင့်ဖူၟ၀ဲါအ်ုဟှင်ၟ အ်ုခိင်အ်ုခါ့္ဘေ့လ်ုလုက်္ဘးသိုဝ်သီးမွဲာဆေ၀်ၟ၊္ဘေ့သိုဝ် မာဏေ၀်ၟ္ဘးမ်ုယ၀့်သိုဝ်သီးမွ္ဘဲာိုဝ်လှ်။ အ္ဘေးသာလ်ုဟှာဟှာ..လ်ုဖင့်လးလ်ုခ၀့်..ဍုဂ်လင်ထး links ဏှ် မာဏေ၀်ၟလာဆာ်...။ယှူးမုက်လာဆာ် ကိုဝ်ဟှာဍေ....။

(2)လာခုဂ်ခါင်စူး-ကုံလွဲာ click here
(3)လာခုဂ်ခါင်စူး-ဍူး+ဍွဲါဖါန် click here
(4)ခေါဟ်အွာယင်လူးထိုဝ်-စ၀်သိင်းဖ၀့် click here
(5)ဖီ့ဖူ့ကိုဝ်ကုံဝီ့လာ click here

Jul 8, 2010

ပညာခေတ် လူ့အဖွဲ့အစည်း

ယခင်ပို့စ်မှ အဆက်...

အခန်း(၅)

ပညာရေးနှင့် ဦးနှောက်ဆက်စပ်မှု

၂၁-ရာစုပညာခေတ် (Knowledge Scociety- age of wisdom) ကို ပညာရှင်များက ရေးသားဖော်ပြကြရာတွင် ဦးနှောက်နှင့် ဆက်စပ်နေမှုကို ပို၍ပို၍ ရေးသားလာကြသည်ကို တွေ့ရှိရပါသည်။
`လက်ဇပ်နှင့် သံလွင်ပင်` စာအုပ်ရေးသားသူ ဂျာနယ်လစ် `တောမတ်ဖရင်းမင်း` က မပစ်မခတ်သော ကျည်ဆန်မဲ့စစ်ပွဲအသစ်ဖြစ်သော ဦးနှောက်စစ်ပွဲများ `Brain Wars` ပေါ်လာမည်ဟူ၍လည်းကောင်း၊ ပညာရှင်များစွာကလည်း Brain Storming ဟု ရေးသားကြရာတွင် စာရေးဆရာပညာရှင် နေဇင်လတ်ကလည်း Brain Storming မှ တီထွင်ကြံဆမှု ‘Creativity` ကို ရလာတတ်ကြောင်း၊ Idea ဆိုသည့် အတွေးအိုင်ဒီယာမှာလည်း Brain Storm မလုပ်ဘဲ မရတတ်ကြောင်း ဓါးကိုသွေးမှ ထက်သကဲ့သို့ ဦးနှောက်ကို သွေး `Brain Storming` လုပ်ပေးပါမှ ထက်မြက်လာမည်ဟု ဆိုပါသည်။

ထို့ကြောင့် ဒေါက်တာနန်းဥမ္မာရေးသော `အံ့သြဖွယ်ရာ လူ့ခန္ဓာ` မှ ဦးနှောက်၏ ခန္ဓာဗေဒ `Anatomy` နှင့် ဇီဝကမ္မဗေဒ Physiology အကြာင်းတို့ကို ကောက်နှုတ်ဖော်ပြလိုပါသည်။ ဦးနှောက်သည် ဦးခေါင်းခွံအတွင်းတွင် တည်ရှိ၍ တစ်ပိသာမရှိတရှိ ၃/၄ ပေါင်ခန့်လေးသည်။ ယောကျာ်းများတွင် အနည်းငယ်ပိုလေးသည်။ သို့သော် အလေးချိန်မှာ ဉာဏ်ကောင်းမှု/ မကောင်းမှုနှင့် မဆိုင်။ အကြောင်းမှာ ဉာဏ်ကောင်းခြင်း မကောင်းခြင်းသည် ဦးနှောက်အတွင်းတွင် ရှိသော ဦးနှောက်ကလပ်စည်း အရေအတွက်၊ ယင်းတို့ အလုပ်လုပ်ပုံနှင့် ထိုသို့ အလုပ်လုပ်နိုင်အောင် အာဟာရရရှိမှု၊ လေ့ကျင့်အသုံးချမှုပေါ်တွင်သာ တည်ရှိသောကြောင့်ဖြစ်ပေသည်။ သို့ဖြစ်၍ ဦးနှောက်ပိုလေးတိုင်း ဉာဏ်ပိုမရှိ၊ ဦးနှောက်ကြီးတိုင်း၊ ခေါင်းကြီးတိုင်း ဉာဏ်ကြီးသည်မဟုတ်။

ဦးနှောက်တစ်ခုတွင် ကလပ်စည်းအရေအတွက်မှာ သန်းပေါင်းတစ်သောင်းနှစ်ထောင်ခန့်ရှိ၏။ ယင်းတို့သည် လျှပ်စစ်ဓာတ်ကူးခြင်းဖြင့် အလုပ်လုပ်သည်။ ယင်းကလပ်စည်းတို့က ထုတ်လွှင့်သော လျှပ်စစ်ဓာတ်သည် ဖယောင်းတိုင်(၂၅) တိုင်အားခန့် (၀ပ် ၂၅) ရှိသည်ဟု သိရသည်။တစ်စက္ကန့်လျှင် လျှပ်စစ်ဓာတ်ဖြင့် အာရုံပေါင်း သန်းတစ်ရာခန့် ဦးနှောက်ထဲတွင် လှည့်လည်နေသည်ဟုလည်း သိရသည်။ အံ့သြစရာပေတည်း။

ဦးနှောက်တစ်ခုလုံးသည် ခံစားမှု၊ စေစားမှု၊ စဉ်းစားမှု၊ မှတ်ဉာဏ်၊ တွေးခေါ်ဉာဏ်တို့ဖြင့် သက်ဆိုင်ရုံမျှမက အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလုပ်မှန်မှန်လုပ်ရန်လည်း ထိန်းချုပ်ကွပ်ကဲပေးသည်။ အာရုံ ငါးပါး ကျက်စားရာလည်းဖြစ်သည်။ အမှန်အားဖြင့် မည်သည့်အင်္ဂါမျှ ဦးနှောက်အောက်မှ မလွတ်။သို့ဖြစ်၍ ဦးနှောက်သည် ခန္ဓာကိုယ်တစ်ခုလုံး၏ ဘုရင်ဖြစ်လေသည်။
ထို့ကြောင့် ဦးနှောက်မှာ အလွန်အရေးကြီး၏။ သူ့ကို ဒဏ်ရာအလွယ်တကူ မရအောင် ဦးခေါင်းခွံဖြင့် ကာထားသည်။ဆောင့်ခြင်း၊ အောင့်ခြင်းကို ခံနိုင်ရန် အမြှေးပါးများ၊ ဦးနှောက်အမြှေးရည်များဖြင့် ၀န်းရံထားသည်။လိုအပ်သော အာဟာရအောက်စီဂျင်များကို သူများထက်စော၍ ပို၍ရသည်။

တစ်ကိုယ်လုံးအလေးချိန်၏ ၂ ရာခိုင်နှုန်းသာရှိသော ဤဦးနှောက်သည် တစ်ကိုယ်လုံးအတွက် ပို့သော သွေးထုထည်၏ ၂၅ ရာခိုင်နှုန်းကို ရသည်။ ဤသို့ရနိုင်ရန် ဦးနှောက်၌ သွေးကြောများသည် (၇) စက္ကန့်၌ ဦးနှောက်သွေး တစ်ပတ်လည်သည်။ ဦးနှောက်သို့ သွေးရောက်ရှိခြင်းမရှိသည်မှာ ၁၂ မိနစ်ကြာလျှင် မျက်စိပြာတတ်၊ မူးတတ်၏။ ဦးနှောက်သည် အသက်ရှင်ရေးအတွက် အရေးကြီးဆုံး အင်္ဂါဖြစ်သကဲ့သို့ အလုပ်လုပ်ဆုံးလည်းဖြစ်သည်။ သို့ဖြစ်၍ သူ၏အတွင်းပိုင်း တည်ဆောက်ပုံမှာလည်း ရှုပ်ထွေးလှ၏။ ယခတိုင် တိတိကျကျ မသိရသေး။သို့ဖြစ်၍ ဦးနှောက်ကို အတုလုပ်၍ မရ၊ အစားထိုး၍ မရသေးခြင်း ဖြစ်သည်။

ထို့ကြောင့် ဦးနှောက်ကို မထိခိုက်အောင်၊ ဦးခေါင်းဒဏ်ရာမရအောင်၊ အရိုက်မခံရလေအောင် ဂရုစိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာအောင် ဂရုဟစိုက်မှလည်း ဦးနှောက်ကြည်၍ အလုပ်လုပ်နိုင်ပေသည်။ဉာဏ်ကောင်း/ မကောင်းမှာ မျိုးရိုးဗီဇ၊ မွေးရာပါဦးနှောက်၏ အစွမ်းသတ္တ၊ အလုပ်လုပ်ပုံတို့ အပေါ်တွင် အဓိကတည်သော်လည်း လေ့ကျင့်မှု၊ အသုံးချမှုအပေါ်တွင်လည်း တည်သည်။သို့ဖြစ်၍ ဦးနှောက်ကို အမြဲအသုံးချသူ၊ ကြိုးစားသူများသည် အခြားသူများထက် ဉာဏ်ရည်သာပေသည်။
ဦးနှောက်ကို အသုံးချလွန်း၍ ဦးနှောက်ပျက်သည်၊ ရူးသည်ဆိုသည်မှာ မမှန်ပါ။ အသုံးမချ၊ အသုံးချလွဲ၍သာ ရူးရခြင်းဖြစ်သည်။ ဦးနှောက်ကား အသုံးချလေ ကောင်းလေပင်။


အခန်း(၆)

ပညာရေးအတွက် သမိုင်းမှပေးသော သင်ခန်းစာ

၁၈၀၆-ခုနှစ်တွင် ပရပ်ရှား(ဂျာမနီ)နိုင်ငံသည် ပြင်သစ်တို့နှင့် စစ်ဖြစ်ပွါးရာ ယေးနား(Jena) မြို့စစ်ပွဲတွင် ပရပ်ရှားတို့ အတုံးအရုံး၊ မရှုမလှ ကျဆုံးကြပြီး၊ ယင်းဖြစ်ရပ်ကို ပရပ်ရှားတို့က `ယေးနားကံဆိုးမိုးမှောင်ကျမှု`(Disaster if Jena) ဟု ခေါ်တွင်ခဲ့ကြလေသည်။

စစ်ရှုံးမှုမှာ ပရပ်ရှားတို့၏ဇာတ်မာန်ကို ကျင်စက်နှင့်တို့၍ လှုပ်နိုးသကဲ့သို့ ခံစားကြရပြီး အမျိုးသား ရှင်သန်ထမြောက်ရေးအတွက် နည်းလမ်းများကို သုံးသပ်ကြံဆကြရာ..ပရပ်ရှားနိုင်ငံသည် ဖရက်ဒရစ် ၀ီလျံ လက်ထက် ၁၇၁၇-ခုနှစ်တွင် ကလေးများ၏ပညာရေးကို နိုင်ငံတော်မှ စတင်ဂရုစိုက်သော်လည်း အမျိုးသားပညာရေးအဖြစ် တစ်မျိုးသားလုံး၏ပညာရေးအထိ မရောက်ရှိကြောင်း တွေ့ရှိလာကြပါသည်။

ထို့ကြောင့် ပညာရေးကိုပုဂ္ဂိုလ်တစ်ဦး၏ကိစ္စ၊ မိဘကိစ္စ၊ လူတစ်စု၏ကိစ္စအနေနဲ့ မစဉ်းစားတော့ဘဲ ဉာဏ်ပညာကို အမျိုးသားရေးအဖြစ် အသုံးပြုနိုင်ရန် တစ်ခဲနက် သန္နိဋ္ဌာန်ချပြီး ကြိုးပမ်းဆောင်ရွက်ကြပါတော့သည်။
သို့နှင့် ယေးနားမြို့၌ စစ်ဖြစ်ပွါးပြီး (၆၄)နှစ်အကြာ ၁၈၇၀-ခုနှစ်တွင် စစ်ထပ်မံဖြစ်ပွါးရာ ဆီးဒန်းမြို့(Sedan)စစ်ပွဲ၌ ပြင်သစ်တို့ မရှုမလှရှုံးပြီး တတိယမြောက် နပိုလီယံမှာ ပရပ်ရှားများထံ လက်နက်ချလိုက်ရလေတော့သည်။
ယင်းစစ်ပွဲနှင့်ပတ်သက်ပြီး သမိုင်းမှတ်တမ်းတင်ချက်မှာ `ပရပ်ရှားကျောင်းဆရာများ၏အောင်ပွဲ`(Victory of Prussian Schoolmasters) ဟူ၍ ဖြစ်သည်။`ပရပ်ရှား တပ်မတော်၏အောင်ပွဲ`(Victory of Prussain Army) ဟု မှတ်တမ်းမတင်ကြပါ။အမျိုးသားပညာရေးစနစ် အောင်မြင်စွာ တည်ဆောက်နိုင်သောကြောင့် စစ်အောင်နိုင်ခြင်းဖြစ်သည်ကို တင်စားထားခြင်း ဖြစ်ပါသည်။

ယင်းဖြစ်ရပ်အပေါ်သုံးသပ်ချက်မှာ ပညာရေးစနစ်ပြောင်းလိုက်သောကြောင့်….
(က)တစ်မျိုးသားလုံး ဉာဏ်ပညာထက်မြက်လာမှု၊
(ခ)တာဝန်သိတတ်လာမှု၊
(ဂ)စည်းရုံးလာကြမှု စသည်များကြောင့် ပြင်သစ်တို့ကို အနိုင် တိုက်နိုင်သည် ဟူ၍ ဖြစ်ပါသည်။

နိဂုံး

ထို့ကြောင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းတွင် ပညာရေးကို အမျိုးသားပညာရေးစီမံကိန်းချပြီး ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။
ကြွက်သား(Muscle) စွမ်းအားထက် ဦးနှောက်(Brain) စွမ်းအားက ပိုပြီးထိရောက်သည်ကို လက်ရှိကမ္ဘာကြီး၏ အခြေအနေအရ သက်သေခံနေပါသည်။
ကျွန်ုပ်တို့ ကရင်အမျိုးသားများအနေဖြင့်လည်း ပညာခေတ်လူမှု အဖွဲ့အစည်းတွင် ပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်သင့်ပါသည်။ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီအနေနှင့်လည်း အမျိုးသားရေးကို ထမ်းဆောင်နေရသော အဖွဲ့အစည်းဖြစ်၍ တစ်ချိန်က `ဒေါကလု`အဖွဲ့အစည်းလို အမျိုးသားပညာရေးပိုင်းတွင် မြှင့်တင်နိုင်လျှင် ပို၍ကောင်းမည်ဟု ယူဆမိပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်။

ပဒိုမန်းသိန်းရွှေ(ပိုးကရင် ကွန်ဖရင့်)
၂၇၄၉-ခုနှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ကရင့်ကြေးမုံမှ…..။

Jul 6, 2010

English-ဗမာ-ကရင် အဘိဓာန်


ယခုတင်ပြမယ့် Postက ဆရာOgre မှ တင်ပြပြီးသား Postဖြစ်ပါတယ်။ သူရေးသားထားတဲ့
စာသားအတိုင်း တင်ပြသွားပါမယ်။

Eglish-ဗမာ-ကရင် Dictionary လေးပါ ။
Comment ထဲမှာတွေ့လို့တင်ပေးလိုက်ခြင်း ဖြစ်ပါ၏ .. :-P
ကရင် font အတွက်တော့
knu ဆိုတဲ့ font ကို font folder ထဲမှာ သွားထည့်ဖို့တော့လိုပါတယ် ..
.NET
Framework (2.0) လေးလည်းလိုပါတယ်ဗျာ .. window ထဲမှာ Framework မရှိရင်တော့ဒါလေးကိုdownload ချပြီး install လုပ်ဖို့တော့လိုပါတယ်ဗျာ ..
အဆင်ပြေပါစေ ... :-)

ဒီအဘိဓာန်ကို ဒေါင်းလုတ်ချင်ရင်...အောက်မှာ ဒေါင်းလုတ်ယူပါ။

Download

မှတ်ချက်။ ။ဒီပို့စ်ကတော့ သင့်အတွက်မနက်ဖြန် မှတဆင့်တွေ့လိုက်လို့ ပြန်လည်တင်ပြပါတယ်။အဘိဓာန်တီထွင်တဲ့ပုဂ္ဂိုလ်များကို ကျေးဇူးအထူးတင်ပါတယ်။ကျနော်လည်း လွယ်လွယ်ကူကူနဲ့ ယူသုံးနိုင်အောင် အဆင်ပြေတဲ့ file hosting တစ်ခုမှာ ပြန်လည်တင်လိုက်ပါတယ်။မူရင်းလင့်က ဒီမှာပါ။ အှ်ဆံင်းလာဆာ်...။

Jul 5, 2010

ဖူ့တာမိက်( အေစီ+ထူးဝါး)



အ်ုယိုဝ်.ဏှ်္ဘးဆာင့်လ်ုပုဖႜုံသာသနာ့၊ဖႜုံသင့်ဃာ့အ်ုဟှာင်အ်ုကျံင်း ကေ၀့်ဆူ့ထး ဍေထာခေါဟ် ဆ်ုဟှင်မိုင့်ဆေ၀်ၟလ၀့်...ဆံင့်ဏးယှံင်လာဆာ်...။

Jul 4, 2010

(၁၁)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအောင်မြင်ပြီးဆုံး

(၁၁) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးကို (၄-၇-၂၀၁၀) တနင်္ဂနွေနေ့ ဘန်ကောက်
မြို့၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတိုက်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေးပွဲကို
သံဃာတော် (၂၈)ပါးဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းပြီး တစ်ဆက်တည်းမှာပဲ အခမ်းအနားကို ဆက်လက်
ကျင်းပကာ ကြွရောက်လာသော သံဃာတော်များအား လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်း၍
အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။