Sep 18, 2011

အားလုံးကို သတိရကြောင်း လာပြောပြတာပါ..

အှ်ဆံင်းလာဆာ် ထိုင့်ဖူၟ၀ဲါသီးကိုဝ်ဟှာဍေ...

ကျနော်က ပို့စ်တွေ ပုံမှန်မတင်တော့ ညီအစ်ကိုမောင်နှမအားလုံးကို အားနာမိပါတယ်။ဒါကြောင့် ကျနော်ပို့စ်တွေ ပုံမှန်မတင်နိုင်တဲ့ အတူတူ ဘလော့ရေးခြင်းမှ ခေတ္တခဏ ရပ်နားပါ့မယ်....။ ကျနော်ပို့စ်တင်တဲ့ ရည်ရွယ်ချက်က ကရင်စာပေ၊ သမိုင်းကြောင်းတွေ၊ ကရင်ရိုးရာယဉ်ကျေးမှုဓလေ့တွေကို စုစည်းချင်တဲ့ ဆန္ဒနဲ့ပါ။ ကျနော်က ဘလော့ရဲ့အပေါ်ပိုင်းတွေမှာ ကရင်စာ၊ စကား၊ ယဉ်ကျေးမှုတွေကို လေ့လာသင်ယူဖို့ ဆိုတဲ့ စာတန်းဖြစ်ဖြစ်၊ flash နဲ့ဖြစ်ဖြစ် တင်ထားလေ့ရှိပါတယ်။ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ကရင်ဖြစ်ပါတယ် ဆိုတဲ့ အတွေး ခေါင်းထဲမှာ ၀င်နိုင်ဖို့ပါ။

လူတိုင်းလူတိုင်းမှာ ကိုယ့်အမျိုး၊စာပေ၊ ယဉ်ကျေးမှု ချစ်တတ်တာ သဘာဝပါ။ အဲ့လိုမှ မဟုတ်ရင် အဲ့ဒီလူမျိုးဟာလည်းပဲ ကမ္ဘာပေါ်မှာ မရပ်တည်နိုင်တော့ပါဘူး။မြန်မြန် ပျောက်ကွယ်သွားမှာပါ။ကိုယ့်ကိုယ်ကိုယ် ဒီစာပေ၊ ဒီစကား၊ ဒီယဉ်ကျေးမှု မသုံးရင်၊ မပြသနိုင်တော့ရင် ဒါက ကရင်လူမျိုးပါလို့ သွားပြောရင် ဘယ်သူကယုံတော့မှာလဲ။ဒါကြောင့် လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောဟာ စာပေ၊ စကားပဲ လို့ ပညာရှင်တွေက ဆိုထားပါတယ်။

အရင်ပို့စ်မှာလည်း ဆောင်းပါးတစ်ပုဒ်တင်ခဲ့ပြီးပါပြီ။ ကမ္ဘာပေါ်မှာ နှစ်တိုင်းနှစ်တိုင်း လူမျိုးဘယ်နှစ်မျိုး ပျောက်ကွယ်သွားတာလဲ ဆိုတာ တင်ခဲ့ပါတယ်။ အဝေးရောက်အစ်ကိုမောင်နှမတွေအတွက်လည်း ကရင်အကြောင်းနဲ့ပတ်သက်တဲ့ စာပေတွေကို ဖတ်နိုင်၊ သိရှိနိုင်ဖို့ပါ..။ဘလော့တင်ရင်းနဲ့ ဘလော့အကြောင်းနည်းနည်းပါးပါးကိုလည်း လေ့လာဖြစ်ပါတယ်...။ဒါကြောင့် ညီအစ်ကိုမောင်နှမတွေ အနေနဲ့ သိချင်တာလေးရှိရင် ကျနော့်အီးမေလ်မှာ တတ်နိုင်တဲ့ဘက်က ကူညီချင်ပါတယ်..။ကျနော့်ရဲ့ အကြောင်းကြောင်းကြောင့် ဘလော့ရေးခြင်းမှ ရပ်နားတာပါ...။ နောင်တစ်ချိန် အဆင်သင့်ရင် ကရင်စာပေတွေ၊ သမိုင်းကြောင်းတွေ စတာတွေကို ဒီထက်ကောင်းအောင် ကြိုးစားချင်ပါတယ်...။ဒီဘလော့ကိုလည်း ဒီတိုင်းပဲ ရှိနေမှာပါ...။စာပေ၊ သမိုင်းကြောင်းတွေကို တတ်နိုင်သမျှ တင်ခဲ့ပြီးပါပြီ။ လိုအပ်ရင် ပို့စ်အဟောင်းတွေမှာ ဖတ်နိုင်ပါတယ်ခင်ဗျာ..။

ငါတို့တစ်ထွေဟာ အသိပညာ၊အတတ်ပညာ၊ နည်းပညာတွေ၊ စီးပွါးရေး၊ နိုင်ငံရေးစတာတွေကို အများကြီး လိုအပ်ချက်တွေ ရှိမယ်ထင်ပါတယ်။
ဒါကြောင့် ဒီလိုအပ်ချက်တွေကို သူသူငါငါ၊ နောင်တက်လာမယ့် မျိုးဆက်သစ်အားလုံး တတ်နိုင်တဲ့ဘက်က ပါဝင် ဖြည့်ဆည်းပေးဖို့ တောင်းဆိုချင်ပါတယ်။ဒါကတော့ ကျနော့်ရဲ့ တောင်းဆိုချက် သက်သက်ပါ။ ဖြစ်လာဖို့
မဖြစ်လာဖို့ကတော့ လုပ်ဆောင်ချက်အပေါ်မှာပဲ တည်ရှိနေမှာပါ။
အားလုံးကိုလည်း အမြဲတမ်း သတိရနေမှာပါ...။

ကျာ်သြီ့ထင်းထ၀့် အှ်ဆံင်းအှ်ခႜါင့်္ဘေ့္ဘးသာသိုဝ်..ဏေ၀်္ဘးလာၟကိုဝ့်ဟှာဍေဆာ်...။
မူၟယံင့်ဖါန်

Sep 12, 2011

အဲဍောဟ်ဏှ် ယှင်းယ်ုသုင်းသာ (ယိုင်ၟၟၟဖ၀့်ဆိုဝ်ခိုင့်) flash song

အှ်ဆံင်းလာဆာ်....
ဒါကတော့ ကရင် flash song အသစ်တစ်ပုဒ်ပါ...ခံစားပေးပါဦးနော့်..
စာသားတွေ လိုချင်ရင်လည်း အောက်မှာ သီချင်းစာသားတွေ ထည့်ထားပါတယ်...
သီချင်းဖြင့် ဘ၀အမောတွေ ပြေပျောက်နိုင်ပါစေ...

fullscreen and watch click here



အဲဍောဟ်ဏှ် ယှင်းယ်ုသုင်းသာ
ယုိင္ၟၟၟဖ၀့္ဆုိ၀္ခုိင့္

ဏ်ုနိုဝ်လ၀် ဏ်ုအဲယ်ုလာဏင့် ဏ်ုသာအှ်ဏှ် လ်ုဖႜုံ ဟှူ့ဟှာ
အ္ဘဲးဏ်ုယိုဝ် လ၀်သီးလ်ုလုက်လိုင် ကိုဝ်ဏ္ဘီးအှ် ယှင်းယ်ုသုင်းသာ

လ၀်အေသှေ် ဏ်ုခႜယ့်အေဖံင်ဏှ် ကိုဝ်မိင်လ၀့်ဏယ့် ဆံင့်ဏးမုက်ယ်ုဏါ
သှေ်ယာ့လာဏင့် ဏ်ုအဲလောဟ်ကဦု ဍေဏု ယ်ုလုဏေ၀်ၟ ဏ်ုထုက်ယှးသာ

ဏ်ုဆုအဲ မာဖႜူ မာယူၟယုဂ် ယ်ုသုင်းသာ
ထုင်ၟလု္ဘးလိုင် ခေါဝ်ၟအိုင် ယ်ုလွသာ သင့်သင့်ဏါ
္ဘေ့ဏေ၀်ၟသာ့ ယှင်းယ်ုကျး ဏ်ုလုဍး္ဘိုဝ် ထံင်ဏ်ုလုယင့်သာ

မေံထီ့္ဘးလင်ယွာ ယှင်းယးယ်ုအုကျး မွဲာဏ်ုခ၀့်လ်ုဍး ထုင်ၟ္ဘးကး
အဲဍောဟ်ဏင့်တ်ုယှာၟ္ဘးယှင်းနုံ့ဏါအး ဏ်ုလုဍံင်သာ ယ်ုအုကျး…
ဍေဏ်ုအုကျံင် ယု္သာမု္ေထံဖါၟၟၟၟၟ

ဏ်ုနိုဝ်လ၀် ဏ်ုအဲယ်ုလာဏင့် ဏ်ုသာထိင်ၟဏှ် လ်ုဖႜုံဟှူ့ဟှာ…(ထါင်ခႜါ်ထင်းဏေ၀်ၟ ဏင်္ဘႜင်ဍ၀်ဆာ်)