ကရင်လူမျိုးတို့၏ စကားအုပ်စုများ
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅) မျိုးရှိသည့်အနက် ကရင်မျိုးနွယ်စု (၁၁) မျိုးပါဝင်သည်။
၁၉၃၁-ခုနှစ်၊ မြန်မာနိုင်ငံ သန်းခေါင် စာရင်းအရ ကရင်မျိုးနွယ်စု (၁၇) မျိုးကို အောက်ပါအတိုင်း အစီရင်ခံတင်ပြသည်။
၁၉၃၁-ခုနှစ်၌ သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…
သီးခြားမဖော်ပြထားသော ကရင်မျိုးနွယ်စု၊
-စကောကရင်၊
-ပကူးကရင်၊
-ဝေေ၀ါ်ကရင်၊
-မိုးဝေပ္ပါကရင်၊
-ဘွဲကရင်၊
-ပရင်းဘော်ကရင်၊
-မိုပ္ပါကရင်၊
-ပအို့ဝ်ကရင်၊
-ပဒေါက်ကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ဂဲခိုဂဲဘားကရင်၊
-ဇယိမ်းကရင်(ပဒေါင်ခေါင်းတို)
-တလိုင်းတလစီကရင် ဟူ၍ ခွဲခြား သတ်မှတ်ထားသည်။
ယနေ့သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…
-ပိုးကရင် (မွန်ကရင်)၊
-စကောကရင်၊
-ဘွဲကရင်၊
-ပကူးကရင်၊
-တလပ္ပါကရင်၊
-မော်နေပ္ပကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ပလေကြီး(ခလေချီ)၊
-ပိုးကရင် (အနောက်)၊
-ဖိုးပ္ပါ (မိုပ္ပါ)။
သီးခြား ဖော်ပြမထားသော ကရင်…
ယနေ့တွင် ကရင်မျိုးနွယ်စုကို (၁၁) မျိုး သတ်မှတ်ထားသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေထိုင်ကြသော အခြားကရင်မျိုးနွယ်စုများ မပါဝင်သေးပါ။ ကရင်လူမျိုးတို့တွင် ဘာသာစကားအနေဖြင့် တချို့မှာ နီးစပ်မှုရှိပြီး ကွဲပြားခြားနားမှုလည်း ရှိပါသည်။
+ Read more
Mar 28, 2010
Mar 24, 2010
မှန်
သူမှန် ငါမှန်၊ တန်ပြန်အလင်း၊
စစ်ခင်းပမာ၊ သူသာ အမှား၊
ငါကား အမှန်၊ ဝေဖန်ရှုတ်ချ၊
မာနမလျှော့၊ ရင်ကော့ပြိုင်ကာ၊
နိဂုံးပြာဖြစ်၊ သေချာကြည့် ဘယ်သူပြစ်ရှိ…။
အညတြလုလင်
မှတ်ချက်။ ။သထုံမြို့နယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်စာစောင်မှ။

ပြည်ပရောက် ပညာသင် ကရင်ရဟန်းတော်များ
ပြည်ပရောက် ပညာတော်သင် ကရင်ရဟန်းတော်များရဲ့ ဓာတ်ပုံနှင့် နေရပ်လိပ်စာတွေကို အလွယ်တကူ
သိရှိနိုင်ရန်ရည်ရွယ်၍ဇွဲကပင်ဘလော့မှာ စုစည်းတင်ထားခြင်းဖြစ်သည်။ တစ်ချို့ရဟန်းတော်များရဲ့ ဓာတ်
ပုံနှင့် နေရပ်လိပ်စာတွေကို ဆက်သွယ်ရန်ခက်ခဲမှုကြောင့် အခုမတင်ပေးနုင်သေးတာကို နားလည်ပေးစေ
ချင်သည်။ အားလုံးပျော်ရွှင်ကြပါစေ....

အရင်ဣန္ဒာစာရ
ဇာတိ = သိုက်တောရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = အိန္ဒိယ

အရှင်ကုဝေရ (ထိုင်းနိုင်ငံ)၊ ဇွဲကပင်ဘဏ္ဍာရေးမှူး
ဇာတိ = အံဖကျေးရွာ၊ ကော့ကရိတ်မြို့နယ်
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်းငံ

+ Read more
အရှင်နိမလ
ဇာတိ = လွမ်းမပြေကြိမ်ကုန်းကျေးရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ

အရှင်ဂုဏသာမိ
ဇာတိ = ထွီးမောင်ထိုရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ပညာအရည်အချင်း = သာသနဓဇမ္မာစရိယ၊ M.A {Buddhist and Pali University and Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ

အရှင်မေတ္တာနန္ဒ
ဇာတိ = ထီဖိုးစံရွာ၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇမ္မာစရိယ၊ M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ

အရှင်နာဂ၀ံသ
ဇာတိ = ကစိုရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = မြန်မာနိုင်ငံ

အရှင်သုနန္ဒ
ဇာတိ = နောင်ကမြိုင်ရွာ၊ ဘားအံ
ပညာအရည်အချငင်း = B.A {Buddhist and Pali University of Sri Lanka} M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ

အရှင်ဣန္ဒာစာရ
ဇာတိ = ကျုံပကိုရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Buddhist and Pali University of Sri Lanka}
Ph.D {Thesis - India}
လက်ရှိသီတင်းသုံးရာ = ပုနေး၊ အိန္ဒိယ

အရှင်မေဓာနန္ဒ
ဇာတိ = ထီဖိုးစံရွာ၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ B.A M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ

အရှင်ခေမိန္ဒ
ဇာတိ = ရသေ့ပျံရွာ၊ ဘားအံ
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka} M.A {Hayai Uninversity of Thailand}
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်ငံ

အရှင်ဉာဏသာမိ
ဇာတိ = ကော့လှိုင်းရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka} M.A{ Still study - Chulalaungkun University of Thailand}
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်ငံ

အရှင်မင်္ဂလာဒီပ
ဇာတိ = နောင်ကမြိုင်ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ

အရှင်သုဇန
ဇာတိ = နောင်မြလွဲရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A (First Class) {Buddhist and Pali University of Sri Lanka}. M.A {Kelaniya University of Sri Lanka}
Ph.D (thesis-India) Punai University of India}
လက်ရှိသီတင်းသုံးရာ = အိန္ဒိယနိုင်ငံ

အရှင်ပညောဘာသ
ဇာတိ = အင်းနို့သိပ္ပံရွာ၊ လှိုင်းဘွဲ့မြို့နယ်

လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ

အရှင်ဣန္ဒောဘာသ
ဇာတိ = တလာညားကျေးရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ

အရှင်ဉာဏောဒယ
ဇာတိ = ခလောက်နို့ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ

အရှင်အရိယ၀ံသ
ဇာတိ = ကော့ကူးရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ

အရှင်ကုဏ္ဍလ
ဇာတိ = ကော့ရင်းရွာ၊ ဘားအံမြို့နယ်

အရှင်က၀ိဓဇ
ဇာတိ = ဘီလင်းမြို့နယ်

အရှင်ဣန္ဒာစရိယ
ဇာတိ = ထွီးမံထို၊ ကြာအင်းဆိပ်ကြီးမြို့နယ်

အရှင်အာလောက
ဇာတိ = လောင်းကိုင်၊ ကော့ကရိတ်မြို့နယ်

အရှင်ဝိလာသ
ဇာတိ = တ၀န်ဖန်ရရွာ၊ လှိုင်းဘွဲမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ

အရှင်ထေရိန္ဒ
ဇာတိ = ကျုံခ၀န်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်

အရှင်စန္ဒောဘာသ
ဇာတိ = ပတ်ကျောရွာ၊ လှိုင်းဘွဲ့မြို့နယ်

အရှင်သီဟဗလ
ဇာတိ = ပေါ့ထော်ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ

အရှင်သုနန္ဒ
ဇာတိ = နန်းထိုက်စံရွာ၊ လှိုင်းဘွဲ့မြို့နယ်

အရှင်စန္ဒာဝရ
ဇာတိ = ကော့မြတ်ကြီးရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A (တက်ရောက်ဆဲ Kelaniya)

Mar 23, 2010
သဲုးလ၀်ဆ်ုခႜါင်
ထုံၟက်ုဆုဂ် ကဲဍာ်“မာ”
ထုံၟက်ုဆုဂ် အေသှေ်ဍာ် “ထုံၟ”
ထုံၟကု်ဆုဂ် အေဏေ၀်ၟဍာ်“အှ်”
ထုံၟက်ုဆုဂ်္ဘးလ်ုအေးစာ်္ဘိုဝ်…
တႜာ်ပွယ်သာ့ အေယာင်။
ထင်းလ်ုကျး သီ့လု္ဘႜင်၊
အှ်ကောဝ်ကြင်လံင်မ၀့်မှ်၊
စူးလာၟခ၀့်အေ၀ါဍာ်၊
သာအိုင်ခါ် မ်ုထုဂ်ယှး။
သဲုးဍေယး မွဲာဟ်ုဆိုဒ်ဟှင်ၟ
မ်ုအင်းလယ်ဍေအ်ုကျး၊
ယှးမုဂ်ခေါဟ် က္ဘာါ်လာၟဏင့်၊
ဆ်ုအုင်းဍီအေပႜီပႜာခိုတ်၊
အ်ုသဲုးသာ် ယး္ဘေႜ၀်ဍးဝေ့၊
အ်ုဖါ်ဏံင် ဃှံင်ထံင့်အှ်ဍာ်၊
မ်ုတိုဒ်ဆိုင် ထံင်ၟအေဏေ၀်ၟလှ်။
ဆ်ုယ၀့်ကးကါ် လ်ုအှ်္ဘးယိုဝ်၊
တိုဒ်မ၀့်မှ် ကုက်မ၀့်မှ်လှ်။
ထောဟ်ယှးဓံင့်( နံင်းမျလွဲာ)
ထုံၟက်ုဆုဂ် အေသှေ်ဍာ် “ထုံၟ”
ထုံၟကု်ဆုဂ် အေဏေ၀်ၟဍာ်“အှ်”
ထုံၟက်ုဆုဂ်္ဘးလ်ုအေးစာ်္ဘိုဝ်…
တႜာ်ပွယ်သာ့ အေယာင်။
ထင်းလ်ုကျး သီ့လု္ဘႜင်၊
အှ်ကောဝ်ကြင်လံင်မ၀့်မှ်၊
စူးလာၟခ၀့်အေ၀ါဍာ်၊
သာအိုင်ခါ် မ်ုထုဂ်ယှး။
သဲုးဍေယး မွဲာဟ်ုဆိုဒ်ဟှင်ၟ
မ်ုအင်းလယ်ဍေအ်ုကျး၊
ယှးမုဂ်ခေါဟ် က္ဘာါ်လာၟဏင့်၊
ဆ်ုအုင်းဍီအေပႜီပႜာခိုတ်၊
အ်ုသဲုးသာ် ယး္ဘေႜ၀်ဍးဝေ့၊
အ်ုဖါ်ဏံင် ဃှံင်ထံင့်အှ်ဍာ်၊
မ်ုတိုဒ်ဆိုင် ထံင်ၟအေဏေ၀်ၟလှ်။
ဆ်ုယ၀့်ကးကါ် လ်ုအှ်္ဘးယိုဝ်၊
တိုဒ်မ၀့်မှ် ကုက်မ၀့်မှ်လှ်။
ထောဟ်ယှးဓံင့်( နံင်းမျလွဲာ)
Mar 22, 2010
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှု အဖြာဖြာ အပိုင်း(၂)
(က)ဘိုးဘိုးကြီးနတ်(ဖူ့ပါဒိုး)
ဘိုးဘိုးနတ်ကို ကရင်ဘာသာဖြင့် `ဖူ့ပါဒိုး´ ဟုခေါ်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်၊ စကောကရင်များ ကိုးကွယ်ပသကြသည်။ ရုက္ခစိုးနတ် ဟုလည်း ခေါ်ကြသည်။ တစ်နှစ်လျှင်(၃) ကြိမ် ပူဇော်ပသကြသည်။တချို့မှာ သက်သတ်လွတ် အစားအစာဖြင့် ကန်တော့၍ ကြက်၊ ဘဲ၊ ၀က်၊ ဆိတ်၊ အရက်များဖြင့် ပူဇော်ကန်တော့ကြသည်။ ၀က်သားဖြူဖြင့် ကန်တော့၍ မရပါ။ နတ်ကိုးကွယ်မှုများတွင်
စည်းကမ်းလွန်စွာကြီးသည်။ ရိုသေမှု၊ ကိုင်းရှိုင်းမှုရှိရသည်။ တွေ့ရာစကားပြော၍ မရပါ။ ကရင်ပြည်နယ် အနှံ့အပြားတွင် ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။နတ်စားခြင်းသည် လူတိရိစ္ဆာန်တို့ ရောဂါကင်းဝေး၍ ဆန်ရေစပါးဖြစ်ထွန်းသည်။ စီးပွါးတိုးတက်၍ အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။

(ခ)ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု
ကရင်လူမျိုးများသည် ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ပိုးကရင်နှင့် စကောကရင်အချို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသကဲ့သို့ ဧရာဝတီတိုင်းရှိ ပိုးကရင်နှင့် စကောကရင်အချို့တို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။
ကော့ကရိတ်မြို့နယ်၊ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဗုဒ္ဓဘာသာသည် ဦးစွာဝင်ရောက်လာသည်ဟု ယူဆလျှင် မမှားနိုင်ပေ။
ဘိုးတော် အဉ္စနမင်း ဖြိုခွင်းသက္ကရာဇ် ၈၈-ခုနှစ်တွင် ဇယျမြို့ကို တည်ထောင်ခဲ့သည်။ ထိုမြို့ကို တည်ထောင်ခဲ့သည်မှာ မွန်လူမျိုး တိဿသက္ကမင်းဖြစ်သည်။ ထိုမင်းသည် ကရင်အမျိုးသား ဗျညားအိန္ဒာ ဆိုသူကို အိန္ဒာသေနရာဇာဘွဲ့ပေး၍ မင်းမြှောက်ခဲ့သည်။ ဗျညားအိန္ဒာလက်ထက်တွင် ဇယျမြို့ကို ပိုင်သရောင်ဒုံ ´တခါးမြို့` ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေကြပြီး ဖြစ်သည်။
+ Read more
ကရင်နှင့် မွန်တို့သည် တစ်သွေးတစ်သားတည်း ဖြစ်နေသောအချိန်ဖြစ်၍ ဗုဒ္ဓဘာသာသည် ထိုအချိန်ကပင် အမြစ်တွယ်နေပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ သို့ရာတွင် ဦးနန္ဒမာလာ ဘွဲ့ခံ ဘုန်းတော်ကြီးသည် ခရစ်နှစ် ၁၇၃၈-ခုတွင် အင်းဝသို့ သွားရောက်၍ ပါဋ္ဌိ ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ခဲ့ပြီး အင်းဝရှိ သာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ဗုဒ္ဓဘာသာစာပေများကိုလည်း ကရင်ဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဆရာတော်အား ကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်စွယ်(စွယ်စုံ) သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယနေ့တိုင် တည်ရှိခဲ့သည်။
(ဂ)ကလကုရသေ့ဂိုဏ်း
ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်
အများဆုံးနေထိုင်ကြပြီး တရားတော်နှင့် အကျင့်သိက္ခာကိုအခြေခံ၍ စောင့်ထိန်းကြသည်။ ငါးပါးသီလကို အလေးထားကာ ယနေ့တိုင် ရိုးရာဝတ်စုံများကို ၀တ်ဆင်နေကြဆဲဖြစ်သည်။ ကော့ကရိတ်မြို့နယ် ရှိ ထင်ရှားလှသော ပွဲတော်များတွင် မီးပုံပွဲသည် တစ်ခုအပါအ၀င်ဖြစ်သည်။ တပို့တွဲလပြည့်နေ့တွင် ကျင်းပကြသည်။ ၄င်းပွဲတော်ကို ဦးဆောင်ကျင်းပသည်မှာ ရသေ့ဂိုဏ်းကို ကိုးကွယ်သော ဂိုဏ်းသားများဖြစ်ကြသည်။ ၄င်းရသေ့သည် ငယ်စဉ်ကာလမှစ၍ သက်ဆုံးတိုင် သီလသမာဓိပြည့်စုံအောင် ကျင့်ကြံပြီး ဖန်ရည်စွန်းသောသင်္ကန်းကို သက်ဆုံးတိုင် ၀တ်ဆင်ခဲ့သည်။
(ဃ) ခရစ်ယာန်ဘာသာ
ကရင်လူမျိုးများအနက် ဒေါက်တာဂျက်ဆင်၏ တပည့်ဖြစ်သူ ဦးသာဖြူသည် ၁၈၂၈-ခုနှစ် မေလ(၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ ပထမဆုံး နှစ်ခြင်းခံခဲ့ရသော ကရင်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၁၈၂၈-ခုနှစ်မှ ၁၈၇၈-ခုနှစ်အတွင်း မော်လမြိုင်၊ ပုသိမ်ခရိုင်၊ တောင်ငူနယ်များသို့ သွား၍ သာသနာပြုခဲ့သည်။ ကရင်လူမျိုးများအတွင်း ခရစ်ယာန်သာသနာပြု ဂိုဏ်းပေါင်းစုံ ရှိပါသည်။ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ဘားအံမြို့နယ်၊ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စကောကရင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် နတ်စားခြင်းစသော ကိစ္စရပ်များကို ယုံကြည်ကိုးကွယ်မှုမရှိပါ။
(င)လဲကယ်ဘာသာ
လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။
(စ)ဗြဟ္မစိုရ်ဂိုဏ်း
ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓဘာသာအယူဝါဒနှင့် ကရင့်ရိုးရာဓလေ့များ ပေါင်းစပ်ထားသော အယူဝါဒဂိုဏ်းဖြစ်သည်။ရွှေကျင်နယ်၊ အရှေ့ဖာပွန်ဒေသတွင် ဖိုးပိုက်ဆံမှ စတင်တည်ထောင်ခဲ့ပြီး စောဒါမေဖိုးမင်းက ၎င်း၏သား ဂျွန်ဆင်ဒီဖိုးမင်းနှင့် သောင်ဇင်၏အစ်ကို ဂျွန်ဆင်ဖိုးမင်းက ဆက်လက်ဦးဆောင်သည်။ တောင်ပေါ်ဒေသရှိ ဂဲဘားနှင့် ပဒေါင်လူမျိုး၊ အောက်မြန်မာပြည် စကောကရင်အချို့ ယုံကြည်ကြသည်။မှောဘီတွင် ဂိုဏ်းဌာနချုပ်ရှိသည်။ ဗုဒ္ဓဘာသာတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ကို မိရိုးဖလာဓလေ့အပေါ် အရောင်တင်ပြီး တီထွင်ထားသော ဒေသအလိုက် အဖွဲ့ငယ် ဂိုဏ်းဂဏများလည်း မကြာခဏ ပေါ်လာတတ်သည်။
စာပေနှင့် စကားအုပ်စုများ
ကရင်စာပေသည် ယဉ်ကျေးမှုတွင် ကျမ်းတစ်ဆူအနေဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ပေ။ ကရင်စာပေကို ပထမခေတ်အနေဖြင့် ရှေးပဝေသဏီမှ ၁၈၃၇-ခုနှစ်အထိကာလကို သတ်မှတ်ခဲ့သည်။ ထိုခေတ်သည် ဘာသာစကားနှင့်စာပေကို နှုတ်အားဖြင့်မှတ်တမ်းတင်ခဲ့တာကြောင့် လင်္ကာခေတ်ဟု ခေါ်ဆိုနိုင်သည်။
ဒုတိယခေတ်ကို ၁၈၄၇-ခုနှစ်မှ ၁၉၆၄-ခုနှစ်ကာလကို သတ်မှတ်ရပေမည်။ စက်တင်ပုံနှိပ်သောခေတ်ဖြစ်ပြီး လင်္ကာဖွဲ့ဆို သီကုံးခြင်းထက် စကားပြေအရေးအသားများတွင် လွှမ်းမိုးသောခေတ်ဖြစ်သည်။ တတိယခေတ်ကို ၁၉၆၄-ခုနှစ် စတင်သည်ဟု သတ်မှတ်ရမည်။ အင်းဝနေပြည်တော်၌ ရဟန်းခံ၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျောင်း၌ သီတင်းသုံးခဲ့သော ဆရာတော် ဖူ့တာမိုက်(ဦးနန္ဒမာလာ)သည် ၁၇၅၀-ခုနှစ်တွင် မွန်အက္ခရာကိုအခြေခံ၍ ဗျည်းသရ အက္ခရာများကို လိုတိုးပိုလျှော့ဖြင့် တီထွင်ခဲ့ပြီး ဗိန္ဒုတော်ကျမ်းကို ပေပေါ်၌ ရေးသားခဲ့သည်။ပထမခေတ်တွင် စကောကရင်၏ ခရီဖိုး အမည်ရှိ စာပေနည်းစနစ်ရှိသည်ဟု ဆိုသည်။ စာပေ အရေးအသားမရှိဘဲ ရာစုများစွာကို ကျော်ဖြတ်လာသော စာပေနည်းပညာတစ်ရပ်ရှိသည်ကို တိကျခိုင်လုံစွာ ပြောဆိုနိုင်ပေသည်။
ကရင်လူမျိုးတို့၏ ဒဏ္ဍရီတစ်ခုတွင် ဖော်ပြသည်မှာ ရှေးယခင်က ကရင်စာပေ ရှိခဲ့ဖူးသည်။သားရေပေါ်တွင် ရေးသားထားသော စာ ဖြစ်သည်။ စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသဖြင့် ပျောက်ကွယ်သွားသည်ဟု ဆို၏။ ယနေ့ ကရင်လူမျိုးတို့၏ စာရေးနည်း (၉) မျိုးထက်မနည်း ရှိသည်။ ၎င်းတို့အနက် မွန်-မြန်မာအက္ခရာကို
မှီး၍ တီထွင်ထားသော ကရင်စာရေးနည်း (၄) မျိုးနှင့် ရောမအက္ခရာဖြင့် တီထွင်ထားသော ဒူးဂဏန်းစာရေးနည်း အပါအ၀င် (၄) မျိုးကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်သည်။
(၁) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် စကောကရင်စာပေ၊
(၄) မြိုင်သာယာဆရာတော်ပြုစုသော စကောကရင်စာပေ၊
(၅) ဖာပွန်မြို့နယ် စကောကရင်စာပေ၊
(၆) ဦးဘထွန်း တင်ပြပြုစုသော စကောကရင်စာပေ၊
(၇) ဒူးဂဏန်းနှင့် ပိုးကရင် (လိုက်ဆောင့်ဝှေ့) ကြက်ယက်စာပေ၊
(ဂ) ဗရင်ဂျီဘာသာ သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး၊
(၉) ပအိုဝ့်အမျိုးသားများ၏ သင်ပုန်းကြီး (ယခုအခါ ပအိုဝ့်လူမျိုးများအား ကရင်အမျိုးအနွယ်တွင် ထည့်သွင်းထားခြင်းမရှိပါ။)
ယခုလက်ရှိ သုံးစွဲနေသော ကရင်စာပေများမှာ….
(၁) မွန်အက္ခရာကို အခြေခံသော ပိုး(အရှေ့) ကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသော စကောကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် ပိုး(အနောက်) ကရင်စာပေ ဟူ၍ ဖြစ်သည်။
(က) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေကို အေဒီ ၁၀၅၇ -ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက် လိုက်သည်နှင့် နှစ်ပေါင်း ကိုးရာခန့်က စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။(သုတေသနပြုဆဲ)။
အချို့မှာ ၁၇၅၀-ခုနှစ်တွင် ဖူ့တာမိုက် ပြုစုမှုမှ ဖြစ်ပေါ်လာသည်ဟု ကွဲလွဲမှုရှိသည်။
(ခ) စကောကရင်စာပေမှာ ၁၈၃၂-ခုနှစ် ဒေါက်တာ ဂျိုနသန်ဝိတ်၏ ခရစ်ယာန်သာသနာ ပြန့်ပွါးဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သည်။
(ဂ) မြန်မာ အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေမှာ ၁၈၅၂-ခုနှစ် ဒေါက်တာ အယ်လ်ဘရေတန်မှ မြန်မာအက္ခရာကို မှီး၍ ရေးသားခဲ့သည်။
ဆက်လက်ဖော်ပြပါဦးမယ်…။

Mar 21, 2010
ဘလော့တစ်ခုကို စတင်ပြုလုပ်ခြင်း
အှ်ဆံင်လာဆာ် ကို၀္ဟွာေဍၟၟၟၟၟ
ဒီတစ်ခါတော့ လာလည်တဲ့ ညီအစ်ကိုမောင်နှမများ ဘလော့ကို စိတ်ဝင်စားလို့ ဘလော့ လုပ်ချင်တယ်ဆိုရင် အထောက်အကူပြုရအောင် အောက်မှာ ပေးထားတဲ့လင့်များကို ဒေါင်းလုတ်ယူပြီး လေ့လာမယ်ဆိုရင် ဘလော့ကို လွယ်လွယ်ကူကူနဲ့ ရနိုင်ပါတယ်။ လုပ်ပုံလုပ်နည်းလည်း အားလုံးရှင်းပြထားပါတယ်။ ကျနော်က မိတ်ဆက်အနေနဲ့ နည်းနည်း ရှင်းပြပါ့မယ်။ ဘလော့တစ်ခုကို လုပ်မယ်ဆိုရင် အရင်ဆုံး အီးမေးလ် အကောင့်ဝင်သလို blog start page မှာ အကောင့်ဝင်ရပါတယ်။ အကောင့်ဝင်လို့ ရပြီးဆိုရင် ဘလော့နာမည်ပေးတဲ့နေရာမှာ မိမိစိတ်ကြိုက် နာမည်တစ်ခုကို ပေးလိုက်ပါ။ နောက်ပြီး ပေးထားတဲ့ အဆင့်ဆင့်ထဲမှာStep by step အနေနဲ့ ပြုလုပ်ရပါမယ့်။
ဒေါင်းလုတ်ယူမယ့် ဖိုင်ထဲမှာ ပုံနှင့်တကွ ရှင်းပြထားပါတယ်။
အဲဒီအဆင့်တွေ ကျော်သွားပြီရင် ဘလော့တစ်ခု ရလာမယ်။ blog ကပေထားတဲ့ template တွေကို မိမိက မကြိုက်ဘူးဆိုရင် အခြား templat site မှာ မိမိစိတ်ကြိုက် ရွေးယူလို့ရပါတယ်။ ဘလော့တစ်ခု ရလာပြီးဆိုရင်
Sing in ၀င်ထားတဲ့ အကောင့်ထဲမှာ dashboard ကို တွေ့ရပါမယ်။ အဲဒီအောက်က မိမိ ပြုလုပ်ထားတဲ့ ဘလော့နာမည်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအောက်မှာ မှ newpost /setting / layout / monetize ပုံစံတွေကို တွေ့ရပါ့မယ်။
(၁)newpost ကို နှိပ်ပြီး box တစ်ခု ပေါ်လာမယ်။ အဲဒီ box ထဲမှာ မိမိတင်ချင်တဲ့ အကြောင်းအရာ(သို့) တစ်ခြားမှာ ကူးထည့်ပြီး pulish post ကို နှိပ်ပြီး ပို့စ်တင်ဖို့ပါ။
(၂) setting ဆိုတာ မိမိဘလော့ကို basic / pulish/ format/ စတာတွေကို manage လုပ်ဖို့ပါ။
(၃)layout ဆိုတာက မိမိဘလော့ကို စိတ်ကြိုက် edit ဖို့ပါ။ အဲဒီမှာ အများဆုံး edit လုပ်ဖို့က page element နဲ့
HTML နေရာတွေပါပဲ။ page element နေရာက add a gadge အတွက် edit ဖို့ပါ။ html နေရာက ဘလော့တစ်ခုလုံးရဲ့ ကုဒ်တွေကို edit ဖို့ပါ။
+ Read more
မိမိဘလော့ကို မြန်မာစာ ကောင်းကောင်းပေါ်ဖို့အတွက်ဆိုရင် html code ထဲမှာ font format ချရပါမယ်။ အဓိကကတော့
Font family တွေရဲ့နောက်မှာ မြန်မာဖေါင့်၊ ကရင်ဖေါင့် တွေကို ထည့်ဖို့ပါပဲ။ template တွေက မတူနိုင်တဲ့အတွက် တစ်ချို့က IE နဲ့ ဖွင့်တာ အဆင်ပြေသလို တစ်ချို့ကျတော့လည်း Firefox နဲ့မှ ဖွင့်လို့ အဆင်ပြေတတ်ပါတယ်။ ဒါကြောင့် မြန်မာစာတွေ ကောင်းကောင်းပေါ်အောင် font download ဆိုတာ ဘလော့တိုင်းမှာလိုလို ထည့်ပေးထားပါတယ်။ အဲဒီဖေါင့်တွေကိုဒေါင်းလုတ်ပြီးမိမိကွန်ပျူတာထဲမှာInstallလုပ်ပြီးမှစာတွေကိုကောင်းကောင်းဖတ်နိုင်မှာဖြစ်ပါတယ်။
ကျန်တဲ့အပိုင်းတွေကို မိမိက စိတ်ဝင်စားလို့ လေ့လာလိုက်စားမယ်ဆိုရင် တဖြည်းဖြည်း လုပ်တတ်သွားမှာဖြစ်ပါတယ်။ ခုရှင်းပြတာက နမူနာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိမှာပါ။ တကယ်လို့ ရှင်းပြတာ မပြည့်စုံရင်လည်း ကျနော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ်။ လိုအပ်တာရှိရင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ PDF file နဲ့တင်ပေးထားတဲအတွက် အခက်အခဲ မရှိလောက်ဘူးထင်ပါတယ်။
ဒီပို့စ်က ဘလော့ကို စိတ်ဝင်စားလို့ စတင်ပြုလုပ်ချင်တဲ့ ညီအစ်ကို မောင်နှမအတွက်သာ ဖြစ်ပါတယ်ခင်ဗျာ။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ။
ဘလော့ရေးနည်း(၁)
မှတ်ချက်။ ။ဒီစာအုပ်တွေကို နည်းပညာစာအုပ်စင် မှ ယူထားတာဖြစ်ပါတယ်။

Mar 17, 2010
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကရင်လူမျိုးများ ထွက်ခွာလာခြင်းသုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကရင်လူမျိုးများ မက်ဆိုပိုတေးမီးယား ဒေသမှ ထွက်ခွာလာကြခြင်းနှင့် ပတ်သက်၍ မည်သည့် အချိန်က ထွက်ခွာလာသည်ကို အတိအကျ ပြောရန် ခဲယဉ်းပေသည်။ သို့သော် ဆာဂွန်ဘုရင်သည် ဘီစီ ၂၇၅၀ ခန့်တွင် မက်ဆိုပိုတေးမီးယားတွင် အုပ်ချုပ်မင်းလုပ်နေပြီ ဖြစ်၍ ဆာဂွန်ဘုရင် လက်ထက်အထိ ကရင်များ ရှိခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စကော ဟူသော အကြီးအကဲ ခေါင်းဆောင် အခေါ်အဝေါ်ကို ဆာဂွန် အမည်မှတဆင့် ကရင်များ ရခဲ့ပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ဘီစီ ၂၅၀၀ ခန့်လောက်တွင် ထွက်ခွာလာကြသည်ဟု ခန့်မှန်းယူဆလျှင် သင့်တော်ပေလိမ့်မည်။
တဖန် မည်သည့်လမ်းကလာ၍ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသသို့ မည်သည့်အချိန်က ၀င်ရောက်လာကြသနည်းဟူသော အမေးကို စဉ်းစားကြပါစို့။ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ အာရှအလယ်ပိုင်း တပြင်တခွင်တွင် ကရင်အမည်နှင့် မှည့်ခေါ်ခဲ့သော အင်းအိုင်များကို ကြည့်ခြင်းဖြင့် ကရင်လူမျိုးများသည် မြစ်နှစ်မွှာ ဒေသမှ အရှေ့ဘက်သို့ ထွက်ခွာလာကြသည်ဟု ယူဆရသည်။
အများအားဖြင့် ရှေးလူမျိုးများ ရွေ့ရှားပုံကို လေ့လာပါက သွားလာရေး လွယ်ကူသော မြစ်ကြောင်းဖြင့်သာ စုန်လိုက် ဆန်လိုက် ပြောင်းရွှေ့ကြသည်ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် ရှိနလွင်ပြင် အောက်ပိုင်းမှ ယူဖရေးတီး၊ တိုက်ဂရစ် မြစ်ကို ဆန်ပြီး ကော့ကေးဆပ် (Caucasus) တောင်တန်းဘက်သို့ ရွေ့သွားပုံရသည်။ ကရင်လူမျိုးများ ကော့ကေးဆပ် တောင်တန်းတွင် နေထိုင်ခဲ့ကြောင်းနှင့် ကော့ကေးဆပ် တောင်တန်းသားဟု အဆိုပြုမှု ရှိခဲ့ပါသည်။ (The loyal Karen of Burma by D.M. Smeton. M.A. 1920, p77, The Karen are small in Nature … and the features of those of pure blood are caucasian intype.) ၎င်းပြင် မြစ်ကြောင်းသည်လည်း ကော့ကေးဆပ် တောင်တန်းမှ မြစ်ဖျားခံသောကြောင့် ဖြစ်သည်။ သတိပြုရမည်မှာ ကရင်လူမျိုးများ ပြောင်းရွှေ့သွားခြင်းသည် တရွေ့ရွေ့နှင့် ပြောင်းရွှေ့သွားခြင်းမျိုး ဖြစ်မည်။ မြစ်ဖျားခံရာ ကော့ကေးဆပ် တောင်တန်းသို့ ရောက်သောအခါ ၎င်းတောင်တန်း၌ ရေခဲမြစ်များ၊ ကျောက်နံရံများ စသည့် အခက်အခဲများ ရှိသဖြင့် ရှေ့သို့ ဆက်မသွားနိုင်တော့ပုံရသည်။
+ Read more
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁၊ စာ ၂၄၈) ၌ ကော့ကေးရှားနယ်ရှိ တောင်တန်းများသည် အချို့နေရာ၌ မိုင်ဝက်ခန့်သာ မြင့်သည်။ ကျောက်နံရံကြီးသဖွယ် ဖြစ်နေပြီးသော် အချို့တောင်ထိပ်များမှာ ပေ ၁၆၀၀၀ ကျော်မြင့်သည်။ အမြင့်ဆုံး တောင်ထိပ်မှာ ပေ ၁၈၄၈၁ မြင့်သော အဲလ်ဗရူး တောင်ထိပ်ဖြစ်သည်။ ယင်းမှာ ဥရောပ တောင်များအနက် အမြင့်ဆုံးဖြစ်သည်။ တောင်ကြားများတွင် ရေခဲမြစ်ပေါင်း ၉၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းအခက်အခဲများကြောင့် ကရင်များသည် ကော့ကေးဆပ်တောင်တန်းကို မကျော်နိုင်တော့ဘဲ အရှေ့ဘက်သို့ ထွက်ခွာလာသည်ဟု ယူဆရသည်။
ထိုမှတဆင့် ထီးဆဲ့မဲ့ယွာ ရှိသည်ဟု ယူဆရသော တာကစ္စတန်နယ်ကို ဖြတ်ပြီး ကမ္ဘာ့အမိုး “ပါမီယာ” (Pamirs) တောင်၏ မြောက်ဘက်ဝန်းကျင်မှ ဖြတ်ကာ တရုတ်ပြည် အနောက်ဘက်နှင့် တောင်ဘက်သို့ ရောက်ရှိပြီး တိဘက်ဒေသမှ မဲခေါင်၊ သံလွင်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း အရှေ့တောင် အာရှသို့ ပြောင်းရွှေ့လာကြသည်ဟု ယူဆရသည်။ ပြောင်းရွှေ့လာပုံမှာ တရွေ့ရွေ့နှင့် တသုတ်ပြီး တသုတ် လူရေစီးကြောင်းသဖွယ် ပြောင်းလာသည်ဟု ယူဆရပေမည်။
အင်းများ အိုင်များ ပတ်ဝန်းကျင် ရောက်သောအခါ နှစ်အတန်ကြာ နေကြပုံရသည်။ ထိုသို့ နေခဲံ၍သာ အင်းအိုင်များသည် ၎င်းတို့ခေါ်သော အမည်နှင့် တွင်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
စိုက်ပျိုးမွေးမြူရေး ကောင်းသောနေရာ ဒေသများ၌ နှစ်အတန်ကြာ နေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှသို့ ရောက်သောအခါ ဤဒေသ၌ ကြေးခတ် ထွန်းကားသော အချိန်နှင့် တိုက်ဆိုင်မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော ကရင်လူမျိုးများ အမြတ်တနိုး တန်ဘိုးထားသော ဖားသည် (Frog drum) မှာ ကြေး၊ သတ္တုနှင့် ပြုလုပ်ထားသဖြင့် ဖားစည်သုံးသော ခေတ်သည် အရှေ့တောင် အာရှ၌ ကြေးခေတ် ထွန်းကားနေပြီဟု ယူဆရသည် (ဗိုလ်မှူး ဘရှင် ရေးသည့် အနော်ရထာဘုရင်နှင့် မြန်မာနိုင်ငံ၊ ပထမနှိပ်ခြင်း၊ စာ ၆၇၊ စာကြောင်း ၉)။ ထို့ပြင် တိဘက် မြန်မာ ရှေ့ပြေးလူများ မ၀င်ရောက်မီ ကတည်းကပင် အရှေ့တောင်အာရှ၌ ကြေးသွန်းအတတ် ရှိနေပြီဟုလည်း ဆိုနိုင်ပါသည်။
အရှေ့တောင်အာရှသို့ ၀င်ရောက်လာပုံ
အထက်ဖော်ပြပါအတိုင်း မွန်ဂိုအနွယ်ဝင် ကရင်များသည် အာရှအရှေ့တောင်သို့ ကျောက်ခေတ်နှောင်း ကုန်ဆုံးပြီး ကြေးခေတ် ထွန်းကာချိန်၌ ၀င်ရောက်လာခဲ့သည်ဟု ယူဆရသည်။ ကြေးလက်နက် ပစ္စည်းများကို မြောက်ဗီယက်နမ် မြစ်နီမြစ်ဝှမ်းရှိ “ဒုံးစောင်း ယဉ်ကျေးမှု” (Donsonnian culture) ၌ တွေ့ရှိသည့်အပြင် မြန်မာပြည်နှင့် ကမ်ပူးခြား (ကမ္ဘောဒီးယား) ၌လည်း တွေ့ရသည်။
မာကိုပိုလိုသည် မွန်ဂိုတာတာ စစ်တပ်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ယူနန်ရှိ ကရင်များ နေထိုင်ရာ ပြည်နယ်ကြီးကို ဖြတ်ခဲ့ပြီး နယ်က ကျယ်လွန်းသဖြင့် (၇) ပိုင်းခွဲကာ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချီ (Yachi) ဖြစ်ပြီး တာလီဖူ ဟုလည်း ခေါ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
မူရင်း။ ။ Zwekabin.org(ကျော်ခရော့စ်မှ ပြန်လည်ဖော်ပြပါတယ်။
Subscribe to:
Posts (Atom)
ရိုးရာဓလေ့ထုံးစံများ
ကရင်လူမျိုးတို့သည် ဘာသာစကားနှင့် တော်ပေါ်မြေပြန့်နေထိုင်မှု ကွာခြားခြင်းကြောင့် ရိုးရာဓလေ့ထုံးစံများ အနည်းငယ် ကွဲပြားမှုရှိသော်လည်း အများစုမှာ တူညီကြပါသည်။
ရိုးရာဓလေ့ အနည်းငယ်ဖော်ပြရလျှင်…
(၁)အုပ်ချုပ်ရေးဆိုင်ရာနှင့်ပတ်သက်သော ရိုးရာဓလေ့များ၊
(၂)ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဓလေ့များ၊
(၃)လူမျိုးရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၄)ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၅)ရိုးရာနတ်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၆)ပွဲလမ်းသဘင်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၇)ကျေးရွာနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၈)မျိုးနွယ်စုနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၉)အရှောင်/အဆောင်နှင့် ပတ်သက်သော ရိုးရာဓလေ့များ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။
ကရင်လူမျိုးတို့သည် အစွဲအလမ်းကြီးသည်။ ယုံကြည်လွယ်သည်။ မကောင်းမှုပြုရမည်ကို လွန်စွာဝန်လေးသူများဖြစ်ပါသည်။ ထို့ကြောင့် ရိုးရာဓလေ့ထုံးစံအချို့သည် ခေတ်ကာလနှင့် မဆီမလျော်ဖြစ်သည်။ ရှေးရိုးကိုလည်း မပယ်ဖျက်နှင့်၊ ဆိုသောစကားအရ အရိုးကို အရွက်မဖုံးစေရန်နှင့် လက်ခံသင့်သည်ကိုသာ လက်ခံ၍ ခေတ်နောက်ကျပြီး ဆွေးမြေ့နေသော အယူအဆများကို ပစ်ပယ်သင့်က ပစ်ပယ်ရမည်ဖြစ်သည်။
ကရင်လူမျိုးတို့၏ ၀တ်စားဆင်ယင်မှု
ကရင်လူမျိုးတို့သည် မျိုးနွယ်စုများသလို ၀တ်စားဆင်ယင်မှုလည်း အရောင်အဆင်း စုံလင်သည်။ လူမျိုးနွယ်စုအလိုက် ၀တ်ဆင်သည့် အရောင်အဆင်းကို မူတည်ပြီး ကရင်လူမျိုးစုများကို ခွဲခြားသိသာနိုင်ပါသည်။ ထို့ကြောင့် ရှေးက ကရင်နီ၊ ကရင်ဖြူ၊ ကရင်နက်၊ လိပ်ပြာကြီး၊ လိပ်ပြာငယ်၊ တောပြာကြီး အစရှိသည့်နာမည်များဖြင့် ကရင်လူမျိုးစုများကို ကွဲပြားခေါ်ဝေါ်သတ်မှတ်လေသည်။
ကရင်လူမျိုးများတွင် ထွင်းသင်တိုင်းသည် အဓိကဖြစ်သည်။သင်တိုင်းအတိုအရှည်ရှိသည်။ သင်တိုင်းနှင့် ဘောင်းဘီဝတ်သောအမျိုးနှင့် သင်တိုင်းနှင့် လုံချည်ဝတ်သောအမျိုး ဟူ၍ ခွဲခြားနိုင်သည်။သံတောင်နယ် မြောက်ပိုင်းမှစ၍ အရှေ့ဘက် ကယားပြည်နယ် မြောက်ဘက်ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် ပျည်းမနာ၊ ရမည်းသင်း၊ အရှေ့ဘက်တွင် နေထိုင်ကြသော မျိုးနွယ်စု အမျိုးသားများသည် ဘောင်ဘီတို၊ ဘောင်းဘီရှည်များ ၀တ်ဆင်ကြပြီး သင်တိုင်း(သို့) ကိုယ်ထည် ကြုတ်ကျယ်ပေါ် အတိုများကို ၀တ်ဆင်ကြသည်။အမျိုးသမီးများသည် သင်တိုင်းခါးပြတ်နှင့် အနီ၊ အနက်နှင့်အဖြူရောင် အဆင်းရှိ ထမီတို့ကို ၀တ်ဆင်ကြသည်။
လက်ဝတ်ရတနာအဖြစ် ကြေးနှင့်ငွေတို့ကို အသုံးပြုကြသည်။ ကျောက်ရောင်စုံပုတီးများ သုံးကြသည်။ နားထောင်း၊ လည်ဆွဲ၊ လက်ကောက်ဝတ်များနှင့် ငွေခေါင်းပတ်များ ငွေသားများ ဖြစ်ကြသည်။ ကရင်လူမျိုးများမှာ ပဲခူးရိုးမ ရှိ စကောကရင်နှင့် ပိုးကရင်တို့ ဖြစ်ကြသည်။ ကရင်အမျိုးသားများသည် သင်တိုင်းအနီ ခေါင်းပေါင်းနှင့် ပုဆိုးများ ၀တ်ဆင်နေဆဲဖြစ်သည်။ အမျိုးသမီးများမှာလည်း သင်တိုင်းတို၊ သင်တိုင်းရှည် ခေါင်းပေါင်းထမီများကို ၀တ်ဆင်နှစ်သက်ဆဲဖြစ်သည်။
အမျိုးသမီးထမီများကို အောက်ပါအတိုင်း ခွဲခြားထားသည်။
(၁)ရိုးရာထမီ( ထူရူ့နီး)
(၂)လူငယ်ဝတ်ထမီ(နီးဂူထူ)
(၃)အပျိုဘော်ဝင်စထမီ (နီးသိုင်းဆက်)
(၄)မပျိုဝတ်ထမီ(နီးလောင်းဝေါ်) ဟူ၍ (၄) မျိုးခွဲခြားထားသည်။
ရှမ်းပြည်နယ်နှင့် နီးစပ်သောဒေသရှိ ကရင်လူမျိုးနွယ်စုသည် ရှမ်းဆန်ဆန်ဝတ်လာပြီး မြန်မာလူမျိုးတို့နှင့် နီးစပ်ရောနှော နေထိုင်သူတို့မှာ မြန်မာဆန်ဆန်ဝတ်လာကြသည်။ ရွှေကျင်ကျောက်ကြီး အရှေ့ဖာပွန်၊ လှိုင်းဘွဲ့ ဒေါနတောင်ခြေတစ်လျှောက်ရှိ အမျိုးသမီးတို့သည် သင်တိုင်းရှည်အဖြူကိုသာ ၀တ်ဆင်ကြသည်။အိမထောင်ကျမှသာ သင်တိုင်းတိုနှင့် အခြားအရောင်အဆင်းရှိသော သင်တိုင်းများကို ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။
ယခင် ကရင်အမျိုးသမီးများသည် မိမိမင်္ဂလာဆောင်ရာတွင် ၀တ်ဆင်မည့် သင်တိုင်နှင့် ထမီအား မိမိကိုယ်တိုင် အလှပဆုံးသော ဆန်းသစ်သော ဒီဇိုင်းများ ကိုယ်တိုင်ရက်လုပ်သည်။ တစ်သက်လုံး သိမ်းဆည်းထားသည်။ အမျိုးသမီးခြုံမည့်ဆောင်၊ အမျိုးသားခြုံမည့်ဆောင်ကိုလည်း ကိုယ်တိုင်ရက်လုပ်သည်။ ထို သင်တိုင်းထမီများ၊ မြေး၊မြစ်အထိ အမြတ်တနိုး ကိုင်တွယ်၍ လွန်စွာ တန်ဖိုးထားကြသည်။
ဆက်လက်ဖော်ပြပါဦးမည်...။