Showing posts with label ခီပညာ့ဆ်ုထံင်ဏါင်း. Show all posts
Showing posts with label ခီပညာ့ဆ်ုထံင်ဏါင်း. Show all posts

Jun 16, 2011

ဒ နဲ့ဓ ပြဿနာ ဖြေရှင်းနည်း

ဒါကတော့ ဒ နဲ့ ဓ ဟာ စာရိုက်တဲ့အချိန်မှာ အများအားဖြင့် ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ဒီပြဿနာဖြစ်ခဲ့မယ်ဆိုရင် နည်းနည်းပါးပါး အကူအညီရအောင် ရှာဖွေပြီး တင်ပေးလိုက်ပါတယ်။
``ဒ ၊ ဓ´´ပြဿနာဖြေးရှင်းနည်းများ
`` ဒ ၊ ဓ´´ ပြဿနာဖြေးရှင်းနည်းများ….ကို Zulu ရဲ့ Program အလိုက် ဖြေးရှင်းနည်းများကို စုစည်းတင်ပြထားပါတယ်။ဒဒွေး ဒုက္ခပေးနေသလား
• InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
• Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
• Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။
• PageMaker 7 ... File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။
• Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)
• Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။
ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။ အားလုံးပြုံးပျော်ကြပါစေဗျား ...icefiresterpmd ရဲ့ ဖြေးရှင်းနည်းအသေးစိတ်ကို တင်ပြဆွေးနွေးပါမယ်..Pmd အားလုံးမှာ file new တောင်းခံသည့်အချိန်၊ Word (သို့) powerpnt ထဲက စာသားတွေကို Pmdသို့ ကူးယူတဲ့ အချိန် ဖြစ်ပေါ်လေ့ရှိပါတယ်…
• Pmd အားလုံးမှာ မှာ file - Preferences - General…. – More… - Use typographer’s – quotes ထဲက Uncheck လုပ်ပါ။အဆင်ပြေပါမယ်.
• Office 2007 Microsoft Word မှာဆိုရင် office Button – Word Options – Proofings –Auto correct Option… - AutoFormat As you type – ‘’strainght quotes’’ with “smart quotes” ကို Uncheck လုပ်ပါ
• Office 2007 Microsoft powerpoing မှာဆိုရင် အထက်ပါနည်းလမ်းအတိုင်းပါပဲ။
• Office 2007 Microsoft excel မှာဆိုရင် cell တစ်ကွက်ထဲမှာ``ဒ နဲ့ ဓ ´´ ကို တစ်လုံးတည်းထားရှိအသုံးပြုလို့ မရပါဘူး။ စမ်းသပ်လေ့လာဆဲပါ။
အဆိုပါ ကိစ္စရပ်တွေဟာ font နဲ့ပတ်သက်ပြီ fake ကိစ္စများကြောင့်သာဖြစ်ပါတယ်..မြန်မာစာကိုစတင်အသုံးပြုသူတွေမှာ ဖြစ်တက်ပါတယ်..Zawgyi သုံးရင်မဖြစ်လာပါဘူး၊Zawgyi ရဲ့အောင်မြင်မှုက တစ်ချိန်မှာ ဒဒွေး ဓ ပြဿနာတွေ ကျော်လွှာသွားမယ် ထင်တယ်စာဖတ်သူ လေ့လာမည်ဆိုပါက Computer Magazine no.6 October 2007 မှာပါတဲ့ ယူနီကုတ်ဆိုတာ ချိုနဲ့လား title ကိုလေ့လာပါ။
(ချစ်စွာသော icefirester@gmail.comTechnorati Tags ဒဒွေး,ဒ,စာစီစာရိုက်,quotes,DTP, font+quotes,မြန်မာစာ)

စ၀်အဲဆိုဒ်(ထ်ုအင်)

May 3, 2011

7 PDF maker 1.0.9 (PDF Converter)

အားလုံးမင်္ဂလာပါ....ကျနော်လည်း ပို့စ်မတင်ဖြစ်တာကြာပြီ။ အားလုံးကိုတောင်းပန်ပါတယ်။ အားလုံးကိုလည်း ခင်ပါတယ်။
အကြောင်းကြောင်းကြောင့် ပို့စ်တွေ မတင်ဖြစ်တာပါ။နောက်ဆိုရင် ပုံမှန်တင်နိုင်အောင် ကြိုးစားပါ့မယ်။
ဒီနေ့ ကရင်စာကို PDF file ပြောင်းလို့ အဆင်မပြေတာနဲ့ အင်တာနက် လိုက်ကလစ်ရင်းနဲ့အဆင်ပြေတဲ့ ဆော့ဝဲရ် တစ်ခုတွေ့ရပါတယ်။ ဇွဲကပင်ဖေါင့်က အခြားသော PDF file creater တော်တော်များကို စမ်းသပ်ကြည့်ပေမယ့် အဆင်မပြေပါဘူး။


တော်တော်ဦးနောက်ခြောက်သွားတယ်။ အရင်ကလည်း ကရင်စာကို pdf file ပြောင်းလို့ရအောင် ကြိုးစားဖူးပါတယ်။ဒါပေမယ့် အဆင်မပြေပါဘူး။ကျနော်ကပဲ နားမလည်တာလဲ ဖြစ်နိုင်ပါတယ်။ အခြားသော kp font အားလုံးကျနော့် ပြောင်းလို့ရပေမယ့် ဇွဲကပင်ဖေါင့်က မရဘူးဖြစ်နေတယ်။ ပြောင်းလိုက်ရင် error ချည်းပဲ ပြနေပါတယ်။ ကျနော်သုံးတာ freeware ဖြစ်နေလို့ power full မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် အဆင်ပြေတဲ့ ဆော့ဝဲတစ်ခုကို တွေ့လိုက်ရလို့ ညီအစ်ကိုမောင်နှမများ တကယ်လို့ လိုအပ်ရင် အဆင်ပြေရအောင် တင်ပေးလိုက်ပါတယ်။file size ကတော့ နည်းနည်းများတယ်။ တကယ်လို့ ဒေါင်းရတာ အဆင်မပြေရင် ပြန်လည်ပြောကြားနိုင်ပါတယ်။ ဒီဆော့ဝဲရ်လေးလည်း freeware ပါပဲ။ ကျနော်ကတော့ ကရင်စာကို( ဇွဲကပင်ဖေါင့်နဲ့ ရိုက်ထားတဲ့ ကရင်စာ)ပြောင်းလို့ အဆင်ပြေသွားပါပြီး။
အားလုံးအဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။ အောက်မှာ ဒေါင်းလုတ်ယူပါ...။
File size 51.4 MB

Download Here


အှ်ဆံင်းလာဆာ် ကိုဝ်ဟှာဍေ....။

Feb 26, 2011

KP Font Keyboard layout

အှ်ဆံင်းလာဆ်ာကိုဝ်ဟှာဍေ....
ပို့စ် မတင်ဖြစ်တာကြာပါပြီ။ အားလုံးကို တောင်းပန်ပါတယ်။ ကျနော်ခရီးသွားနေလို့ပါ။
ဒါကတော့ KP Font keyboard layout (ကရင်စာအတွက်) ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ကျတော်လည်း ရှာနေတာကြာပါပြီ။ဒီ ကေဘီ ဖေါင့်ကတော့ Video Edit/ photo shop လုပ်တာတို့ နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ဒီဖေါင့်ကို ဒေါင်းလုတ်ဖို့က အရင်ကလည်း တင်ထားပြီးသားပါ။ဒါပေမယ့် ဘယ်လို ရိုက်ရမလဲဆိုတာ မသိသေးသူများအတွက် ဒီမြေပုံကို ကြည့်ပြီး ရိုက်နိုင်ပါတယ်။

Sep 6, 2010

မြန်မာဖေါင့်နဲ့ IE (Internet Explorer) browse ပြဿနာ

အရင်တုန်းကလည်း ဒီကြောင်းနဲ့ ပတ်သက်ပြီး မြန်မာစာ၊ကရင်စာတွေကို အင်တာနက်စာမျက်နှာမှာ ကောင်းကောင်းပေါ်ဖို့ ဆိုပြီး ပို့စ်တင်ခဲ့ပါပြီ။
ခုဟာက နောက်တစ်နည်းပေါ့နော့်။ တစ်နည်းအဆင်မပြေရင် နောက်တစ်နည်းပေါ့။
browse အမျိုးမျိုးထဲမှာ window နဲ့ တစ်ခါတည်းပါလာတဲ့ IE browse မှာ တော်တော်များများ မြန်မာစာအဆင်မပြေတာကို တွေ့ရပါတယ်။
တစ်ချို့ကလည်း firefox browse ကို သုံးရကောင်းမှန်း မသိလို့ IE နဲ့ပဲ သုံးကြပါတယ်။ တစ်ချို့ကျတော့လည်း အီးမေးလ် ဖွင့်လိုက်ရင် တစ်ခါတည်း IE နဲ့ ပွင့်လာတတ်ပါတယ်။
အီးမေးလ် inbox ဖွင့်လိုက်တော့ လေးထောင့်ကွက်ပဲ ပေါ်ပါတယ်။ ဒါကြောင့် အဲ့ဒါကို ဖြေရှင်းဖို့ အောက်မှာ အဆင့်ဆင့် သွားလိုက်ပါ။ အိုကေ ပါလိမ့်မယ်လို့ မျော်လင့်ပါတယ်။

Tools > Internet Options > General > Fonts button ကို နှိပ်လိုက်ပါ။ Language Scripts မှာ သူ့အတိုင်း Latin Based ကိုပဲထားလိုက်ပါ။
Webpage font မှာတော့ Zawgyi-One ကိုရွေး၊ ok ပေးလိုက်ပါ။ တကယ်လို့ ကရင်ဖေါင့်ဆိုရင် Zwekabin ကိုရွေး၊ OK ပေးလိုက်ပါ။

ဒါမှ အဆင်မပြေသေးဘူးဆိုရင် ...


အရင်ဆုံး notepad ဖွင့်

body
{
font-family:Zawgyi-one, Zwekabin;
}
input, select , textarea
{
font-family:Zawgyi-one, Zwekabin;
}

ဆိုပြီးရိုက်လိုက်ပါ။ ပြီးရင် notepad မှာရိုက်ပြီး D:\ partition ဖြစ်ဖြစ် E:\ partition ဖြစ်ဖြစ်၊ D မှာဆိုရင် D:\ie.css နာမည်/ E မှာဆိုရင် E:\ie.css နာမည်နဲ့သိမ်းလိုက်ပါ။

ပြီးတော့ IE (Internet Explprer )ကိုဖွင့်ပါ။
Tool ->Internet option -> general tab> အောက်ဆုံးနားလေးလောက်မှာ Accessibility ကို နှိပ်ပါ။ box တစ်ခု ကျလာမယ်။ formating အောက်မှာ...
Ignore Font Style specified on webpages ကို check လုပ်ပါ။
user style sheet အောက်မှာ...
Format documents using my style sheet ကို check လုပ်ပါ..
Browse အကွက်ကို နှိပ်ပါ။
D:\ie.cssနဲ့ သိမ်းထားတဲ့ ဖိုင်ကို ရွေး၊ open နှိပ်ပါ။
ပြီးရင် OK နှိပ်၊ OK ထပ်လုပ်ပါ..။

ပြီးရင် IE ကို ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ...မြန်မာစာကောင်းကောင်းပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေဗျာ....။

Jun 30, 2010

မိမိဘလော့ပေါ်မှာ စာတန်းပြေးပုံစံများထည့်ချင်ရင်...

အှ်ဆံင်းလာဆာ် ကိုဝ်ဟှာဍေ…

ဘလော့နဲ့ ပတ်သက်တာတွေ မရေးဖြစ်တာကြာပါပြီ။တစ်ချို့ညီအစ်ကိုတွေက တောင်းဆိုလာလို့ ဒီပို့စ်ကို ရေးဖြစ်ရခြင်း ဖြစ်ပါတယ်။ဒီကုဒ်တွေက ဘလော့ရေးတဲ့လူတိုင်းနီးပါး သိပြီးသားတွေဖြစ်မှာပါ။ဒါပေမယ့် ဘလော့ကို စတင်ရေးတဲ့လူများအတွက်သာ ရည်ရွယ်ပါတယ်။နောက်ပြီး လိုက်ရှာရတာ အချိန်ကုန်သက်သာအောင် သိသမျှ စုစည်းပေးလိုက်တာပါ။

တစ်ချို့က မိမိဘလော့ရဲ့ အပေါ်ဆုံးမှာပဲဖြစ်ဖြစ်၊ဆိုက်ဘားပေါ်မှာပဲဖြစ်ဖြစ်၊ ဘလော့ပို့စ်ရဲ့ အောက်ခြေမှာပဲဖြစ်ဖြစ် ကျေးဇူးတင်စကားတွေ၊ အမှတ်တရစကားတွေ အမြဲတမ်း ကြည့်လို့ရအောင် ဒီကုဒ်ဒင်းတွေနဲ့ အသုံးပြုပြီး စာသားတွေ လှလှပပ ထည့်လို့ရပါပြီ။လင့်ချိန်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။

ဒီလို လုပ်သောအားဖြင့် လာလည်သူတွေကို အမြင်ဆန်းစေပါတယ်။ ကြည့်ရတာလည်း ခန့်ညားစေပါတယ်။
ဒီကုဒ်ထည့်ပုံကတော့ ဘလော့ထဲကို sign in ၀င်ပါ။ page element ကို သွားပါ။ အရင်က ပုံစံဆိုရင် layout ပေါ့။ နောက်မှ ဒီဇိုင်းနည်းနည်းပြောင်းထားလို့ အဲ့ဒီနေရာမှာ Design လို့ နာမည်ပြောင်းထားပါတယ်။ အဲ့ဒါကို နှိပ်ပါ။ page element ပေါ်လာမယ်။ ဒီစာမျက်နှာမှာ add a gadget ကို နှိပ်ပါ။ ဘောက်စ် တစ်ခု ပေါ်လာရင် HTML/javascrit ကိုရွေးပါ။

အောက်မှာ ဖော်ပြထားတဲ့ မိမိစိတ်ကြိုက် ကုဒ်တစ်ခုကို အဲ့ဒီ HTML/javascrit အကွက်မှာ ထည့်ရပါတယ်။
ပြီးရင် save လိုက်ရုံပါပဲ။ အဲ့ဒီလို save ပြီးလို့ နေရာထားတာ မကြိုက်ဘူး၊ ဒီနေရာမဟုတ်ဘူးဆိုရင် မိမိထားချင်တဲ့ရောမှာ mouse နဲ့ထောက်၊ ဖိနှိပ်ပြီး ပြောင်းရွှေ့လို့ ရပါတယ်။

+ Read more


အောက်မှာ ပေးထားတဲ့ ကုဒ်တွေကို ဘယ်လို အလုပ်လုပ်တယ်ဆိုတာ.. နည်းနည်း ရှင်းပြပါ့မယ်။

(၁)အောက်မှာ ပြထားတဲ့ စာတစ်ပိုဒ်ဟာ marquee လို့ခေါ်တဲ့ ဘေးကို ပြေးတဲ့ စာတန်းထိုးနည်းလေးပါ။ ပြေးချင်တဲ့စာကို ဘယ်မှာ ရိုက်ထည့်ရမလဲဆိုရင်…

<marquee>
</marquee> ဒီနှစ်ခုရဲ့ ကြားမှာ ထည့်ရမှာဖြစ်ပါတယ်။

ဥပမာ…
<center><marquee>အဲလာဏ်ုလိက် ဍေဏ်ုဆိုဒ်</marquee> </center>

ဒီလိုကရင်စာနဲ့ ပြထားတဲ့ စာသားကို ထည့်ရမှာဖြစ်ပါတယ်။
<center>ကတော့ စာသားကို အလည်တည့်တည့်မှာ ပေါ်စေချင်လို့ ထည့်ထားတာဖြစ်ပါတယ်။
ဒါက ပုံမှန်ပြေးခိုင်းတဲ့နည်းပါ။

အောက်က အနှေးပုံစံထည့်မယ်ဆိုရင် ..
<marquee align=”center”direction=”left”scrollamount=”3”>အဲလာဏ်ုလိက် ဍေဏ်ုဆိုဒ်
</marquee>
ဒီလို ထည့်ရမှာဖြစ်ပါတယ်။scrollamount=”3” ဒီနေရာမှာ “3”ကို မိမိကြိုက်တဲ့ အနှေး/အမြန် (1.2.3.4.5)စသည့်ဖြင့် ပြောင်းထည့်ပေးပါ။

(၂)ဒီနည်းကလည်း marquee ပါပဲ။ ဒါပေမယ့် သူက ဘေးပြေးတာကို ပျောက်သွားတာ မဟုတ်ဘဲ ဟိုဘက်ဒီဘက် ဘောင်ခတ်ပြီး ပြန်လာတဲ့ စတိုင်ဖြစ်ပါတယ်။
<marquee behavior="alternate">အင်းဟှးလင်ဖ၀်...</marquee>

သူလည်းပဲ အနှေးပုံစံ လုပ်ချင်ရင် …
<marquee behavior=”alternate”scrollamount=”3”>အင်းဟှးလင်ဖ၀်</marquee>

လို့ ထည့်ပေးရမှာဖြစ်ပါတယ်။

(၃)ဒီအောက်မှာ ကုဒ်ကတော့ စာသားတွေ အများကြီး ထည့်ပြီးတော့ box ပုံစံနဲ့ အပေါ်နဲ့ အောက် ပြေးခိုင်းတဲ့ ကုဒ်တွေဖြစ်ပါတယ်။
<marquee onmouseover="this.stop()" onmouseout="this.start()
"scrollamount="2" direction="up" width="100%" height="200"
align="center">
</marquee>

စာသားကတော့ </marquee>
စာလုံးအရှေ့မှာ မိမိထည့်ချင်တဲ့ စာသားကို ရိုက်ထည့်ပါ။

(၄)အောက်မှာ ကုဒ်ကတော့ စာလုံးကို ဟိုဘက် ဒီဘက်ပြေးတာ မဟုတ်ဘဲ တစ်နေရာတည်းမှာပဲ မှိန်တုတ်မှိန်တုတ် ပြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
<center><blink></blink> </center>

စာသား ထည့်ပုံကတော့ ခုနကအတိုင်းမှာပါပဲ…ဒီကုဒ်တွေ အလုပ်လုပ်ပုံကို ကြည့်ချင်ရင် ဒီမှာ Demo သွားကြည့်ပါ။ တကယ်လို့ အဆင်မပြေတာရှိရင် ပြောကြားနိုင်ပါတယ်…။ယှူးမုက်လာဆ်ာကိုဝ်ဟှာဍေ….။

Apr 20, 2010

Audio အဆင်မပြေသူများ အတွက်ပါ...

Audio အဆင်မပြေသူများ အတွက်ပါ။
Sound driver( audio) နဲ့ပတ်သက်၍ အဆင်မပြေသူများအတွက် အနည်းငယ်အကူအညီဖြစ်လိမ့်မယ်ထင်ပါတယ်။ window xp မှာတစ်ချို့ အသံကောင်းကောင်း မလာဘူးဆိုပြီး ကလိရင်းနဲ့ setting လွဲသွားတာတို့၊ တစ်ချို့က ဗိုင်းရပ်စ်ကြောင့် အသံပျောက်သွားတာတို့ ဖြစ်တတ်ပါတယ်။
တစ်ချို့က output အသံရလျက်သားနဲ့ input အသံ မရတာ၊ input အသံ ရလျက်သားနဲ့ output အသံမရတာဟာ setting လွဲသွားလို့ဖြစ်ပါတယ်။ ဘာအသံမှ မရတော့ဘူးဆိုရင် အကြောင်းတစ်ခုခုကြောင့် ပျက်သွားတာလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။

အဲလိုဖြစ်ရင် အောက်က နည်းလမ်းနဲ့ စမ်းကြည့်ပါ။
ပထမဆုံး sound icon ကို right click နဲ့ထောက်၊ addjust proparties ကိုနှိပ်လိုက်ပါ။ သို့မဟုတ် control panel >sound device မှာပဲ ဖြစ်ဖြစ်ကို ဖွင့်လိုက်ပါ။
အောက်က အတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။ အပေါ်ဆုံးက volume/sound/audio/voice စတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကတော့ audio နဲ့ voice အသံဝင်၊ ထွက်တာနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ audio ကိုရွေးပါ အောက်ကလိုမျိုးကြည့်ပါ။



output အသံပျက်တာဖြစ်ရင် output အကွက်မှာ volume ကို နှိပ်လိုက်ပါ။ အောက်ကလိုမျိုး box တစ်ခုပေါ်လာမယ်။ အပေါ်က option ကို ရွေးပါ။ advance controls ကို နှိပ်ပြီးတော့ ရွေးလိုက်ပါ။ အောက်က ပုံစံမျိုးလို advance အကွက်လေးပေါ်လာမယ်။

+ Read more



အဲလိုပေါ်လာရင် advance ကို ဆက်နှိပ်ပါ။ အောက်ကလို box တစ်ခု ထပ်ပေါ်လာပါတယ်။


ဒီအကွက်ထဲမှာ အမှတ်ခြစ် နှစ်ခုလုံးဖြစ်နေရင် ပြထားတဲ့အတိုင်း အမှတ်ခြစ်တစ်ခုကို ဖြုတ်လိုက်ပါ။
input audio အတွက်လည်း ဒီအတိုင်းပါပဲ။ အမှတ်ခြစ်တစ်ခုကို ဖြုတ်လိုက်ပါ။
အောက်က ပုံစံမျိုးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ အဆင်မပြေသေးရင် ပြထားတဲ့ ပုံစံအတိုင်း တစ်လှည့်စီ အမှတ်ခြစ်တစ်ခုစီကို ဖြုတ်ပြီးတော့ စမ်းကြည့်ပါ။ အကောင်းဆုံးကတော့ မိမိရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကို gtalk မှာပဲဖြစ်ဖြစ်၊ တစ်ခြားဖုန်းခေါ်နိုင်တဲ့ program ပဲဖြစ်ဖြစ် အသံ လာ၊ မလာ စမ်းကြည့်ပါ။



တစ်ခါတစ်လေ ဒီလိုမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အောက်ကလို ကြက်ခြေခတ်ဖြစ်နေရင် ဖြုတ်လိုက်ပါ။



နောက်ပြီး ၀င်းဒိုး audio driver လုံးဝ မလာတဲ့သူများအတွက် ဒီမှာ သွားပြီးတော့ ဒေါင်းလုတ်ပါ။
(1)i acceptto the above ကိုနှိပ်ပါ။ next ကို နှိပ်ပြီးရင် ဒေါင်းလုတ်လင့်ပေးပါလိမ့်မယ်။မိမိကွန်ပျူတာ ၀င်းဒိုးနဲ့ ကိုက်ညီတဲ့ လင့်တွေကို ရွေးပြီး install လုပ်၊ ကွန်ပျူတာကို restart ချပြီးရင် အသံကောင်းကောင်းလာပါလိမ့်မယ်။
အဲဒီလင့် ဖွင့်ရင် တစ်ခါတစ်လေ ဒေါင်းလုတ်လင့် အဆင်မပြေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ...
ဒီလင့်ရဲ့ စာမျက်နှာမှာ အပေါ်ဆုံးက download ဆိုတာကို နှိပ်ပါ။ အဲဒီအောက်မှာ ဒုတိယမြောက်စာကြောင်း high definition audio codecs software ဆိုတာကို နှိပ်ပါ။ အပေါ်ကလို နောက်တစ်ခေါက် i accept to the above နဲ့ next ကို ဆက်နှိပ်ပါ။ ဒေါင်းလုတ်လင့် ပေးပါလိမ့်မယ်။
အဆင်ပြေ ပျော်ရွှင်ပါစေ...
ခင်မင်လေးစားလျှက်...
စောကရင်

Apr 8, 2010

သိမှတ်ဖွယ် webpage. computer အတိုအထွာလေးများ…

အားလုံး မင်္ဂလာပါ….အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ…

လာလည်တဲ့ ညီအစ်ကို မောင်နှမများအတွက် ဗဟုသုတလည်းဖြစ်၊ တစ်ချို့သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ ဖြစ်တတ်တဲ့ webpage ဆိုင်ရာ ပြဿနာငယ်လေးတွေကို ဖြေရှင်းရအောင်ဆိုပြီး
သိမှတ်ထားတာလေးကို ပြန်လည်ပေးဝေချင်တာနဲ့ ပို့စ်တင်လိုက်ပါတယ်။တစ်ချို့ကလည်း မြန်မာ ၀က်၊ဘလော့တွေ ဖွင့်ဖတ်ချင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုလုပ်ရမှန်းမသိသေးတဲ့ ညီအစ်ကို မောင်နှမတွေရယ်၊
အီးမေးလ်မှာ ဖြစ်တတ်တဲ့ မြန်မာစာဖေါင့် ကောင်းကောင်းမပေါ်တာ၊ gtalk မှာ ဇွဲကပင်ဖေါင့်က ဇော်ဂျီဖေါင့်လိုပါပဲ ထည့်ရိုက်လို့ ရတာရယ် စတဲ့ ဗဟုသုတလေးများ တင်ပြချင်တာပါ.။ ကျနော်က ကျွမ်းကျင်သူ မဟုတ်ပါဘူး။ မိမိမှာလည်း ကြုံတွေ့ခဲ့ရတာတွေကို သူများမှာလည်း တကယ်လို့ ဖြစ်ခဲ့ရင် အဆင်ပြေရအောင်ဆိုပြီး တတ်နိုင်သလောက် အခြေခံ ဗဟုသုတလေးတွေကို မျှဝေချင်တာပါ။

Webpage များကို မြန်မာစာ ဖတ်နိုင်အောင်…

မြန်မာ၊ကရင် ၀က်ဆိုက်၊ ဘလော့တွေကို မြန်မာစာ ကောင်းကောင်း ဖွင့်ဖတ်လို့ မရလို့ ဆိုပြီး မေးလာတတ်လို့
သူတို့အတွက် ရည်ရွယ်ပြီး အဓိက တင်ပေးလိုက်ပါတယ်။ အရင်ကလည်း ဇော်ဂျီဖေါင့်၊ ဇွဲကပင်ဖေါင့် ထည့်ပုံထည့်နည်းကို ပို့စ်တစ်ခါ တင်ပေးထားပြီးပါပြီ။ ဖတ်ချင်ရင် ဒီမှာ သွားပါ။ မြန်မာစာပေါ်ဖို့ အရေးက အဓိက ကတော့ မိမိ အသုံးပြုနေတဲ့ ကွန်ပျူတာထဲမှာ ပထမဆုံး install လုပ်ရပါ့မယ်။ အဲလိုမှ မလုပ်ထားရင် ဖတ်လို့၊ ရေးလို့ မရပါဘူး၊နောက်ပြီးတော့ တစ်ချို့ ၀က်ဆိုက်တွေမှာ ဖေါင့်မတူတာကြောင့် စာကောင်းကောင်း ဖတ်လို့ အဆင်မပြေပါဘူး။ ဒါကြောင့် သက်ဆိုက်ရာ ၀က်ဆိုက်တွေမှာ ဖေါင့်ဒေါင်းလုတ်ဖို့ အမြဲတမ်း တင်ထားကြပါတယ်။ ဥပမာ ဘီဘီစီ သတင်းစာမျက်နှာမှာဆိုရင် myanmar 3 ဖေါင့်ကို အသုံးပြုထားတဲ့အတွက် သူ့စာမျက်နှာကို စာကောင်းကောင်းဖတ်ချင်ရင် ဘီဘီစီ ၀က်ဆိုက်က ပေးထားတဲ့ myanmar 3 ဖေါင့်ကို ဒေါင်းလုတ်ပြီး မိမိစက်မှာ ထည့်ပြီးမှ ၀က်ဆိုက်ကို ပိတ်၊ ပြန်ဖွင့်ရင် စာကောင်းကောင်းဖတ်နိုင်ပါပြီ။ မြန်မာ ဧရာ ဖေါင့်မှာလည်း ထို့အတူပါပဲ။

မြန်မာဝက်ဆိုက်တွေကို ဖွင့်မယ်ဆိုရင် Mozilla firefox နဲ့ ဖွင့်တာ အကောင်းဆုံးပါပဲလို့ အကြံပြုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ window က ပါလာတဲ့ IE( Internet Explorer)က တစ်ချို့ ၀က်ဆိုက်တွေမှာ ကောင်းကောင်းမပေါ်နိုင်လို့ပါပဲ။ အများအားဖြင့် ကွန်ပျူတာကို ၀ယ်လာကတည်းက ၀င်းဒိုးထဲမှာ IE တစ်ခါတည်း ပါလာတာမို့ ဒါနဲ့ သုံးနေကြတတ်ပါတယ်။ တကယ်လို့ mozilla firefox မရှိသေးဘူးဆိုရင်
ဒီမှာ ဒေါင်းလုတ်ယူပါ။ နောက်ပြီး Mozilla firefix နဲ့ IE ရောသုံးနေတဲ့ နေရာမှာ webpage တစ်ခုခုဖွင့်ရင် mozilla နဲ့ default ထားမှာလား IE နဲ့ default ထားမှာလားလို့ box တစ်ခုပေါ်လာပြီးတော့ မေးတတ်ပါတယ်။ မိမိထားချင်တဲ့ တစ်ခုကို ok ပေးလိုက်ပါ။ မထားချင်ဘူးဆိုရင် no ပေးလိုက်ပေါ့။

+ Read more

နောက်ဖွင့်မရတဲ့ ပြဿနာတစ်ခုက တစ်ချို့ဘလော့တွေမှာ JavaScript လုပ်ထားတဲ့ fresh player တွေ၊
Slideshow တွေကို ဖွင့်မရလို့ အကွက်အဖြူတွေပဲ ပေါ်လာပါတယ်။ဒါကြောင့် အဲဒါတွေကို ကောင်းကောင်း ပေါ်နိုင်အောင် မိမိစက်မှာ လိုအပ်တဲ့ Mozilla plug in တွေ ထည့်ထားဖို့လိုပါတယ်။ဥပမာ အဖြူရောင်သံစဉ် radio သံလွှင့်လိုင်းလို နားထောင်လို့ရအောင် window media player firefox plug in 11 ထည့်ထားရမှာ ဖြစ်ပါတယ်။ဒေါင်းလုတ်ယူချင်ရင် ဒီမှာ သွားပါ။ ကျန်တဲ့ လိုအပ်တဲ့ player တွေကို အောက်မှာ စုစည်းတင်ပေးလိုက်ပါတယ်။
(1)adobe flash player
(2)adobe AIR
(3)adobe shockwave player
(4)adobe reader

အီမေးလ်မှာ မြန်မာစာ မပေါ်သည့်ပြဿနာ…

ဒီပြဿနာလေးကတော့ တော်တော်များများ အဖြစ်များပါတယ်။ မိမိအီးမေးလ် inbox ထဲမှာ ဖွင့်လိုက်ရင် မြန်မာစာဖေါင့်တွေ ပုံစံမကျဘဲ ပေါ်လာတတ်ပါတယ်။ကောင်းကောင်းလည်း ဖတ်မရပါဘူး။ဒါကြောင့် ဒီဟာကို ကျနော်လုပ်ဖူးသမျှ အဆင်ပြေတာလေးကို ပြောပြချင်ပါတယ်။တကယ်လို့ အဲလိုဖြစ်ရင် Mozilla firefox ကို ဖွင့်လိုက်ပါ။ အဲဒီစာမျက်နှာရဲ့ အပေါ်ဆုံးမှာ file.edit. bookmark tools စတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

tools ကို ရွေး၊> option ကို ရွေး>နောက် box တစ်ခုကျလာမယ်။ အဲဒီအကွက်မှာ main. Tabs. Content စတာတွေကို အပေါ်ပိုင်းမှာ တွေ့ရလိမ့်မယ်။content ကို select လုပ်ပြီးတော့ default font ဆိုတဲ့ အကွက်ထဲမှာ time new Roman ဖြစ်နေရင် zawgyi-one လို့ ပြောင်းပေးလိုက်ပါ။ advanced setting မှာလည်း self အကွက်ထဲမှာ zawgy-one လို့ ပြောင်းပေးပြီး default character encoding ဆိုတဲ့အကွက်မှာ Unicode(UTF-8)ကိုရွေးပါ။ ok ပေးလိုက်ပါ။ webpage တွေအားလုံး ပိတ်ပြီးတော့ ပြန်ဖွင့် အီးမေလ်း ထဲမှာ ပြန်ကြည့်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ မရသေးဘူးဆိုရင် zawgyi-one ဖေါင့်ကို ထပ်ပြီး install လုပ်ကြည့်ပြီး ကွန်ပျူတာကို restart ချပြီးတော့ ဖွင့်ကြည့်လိုက်ပါ။ နောက်တစ်ခု မိမိဝင်းဒိုး sreen ပေါ်မှာ Microsoft word နဲ့ ရိုက်ထားတဲ့ စာခေါင်းစဉ်ပဲဖြစ်ဖြစ်၊ သီချင်းတွေကို မြန်မာလို နာမည်ပြောင်းထားတာပဲ ဖြစ်ဖြစ် မြန်မာစာ မပေါ်ဘဲ အကွက်လေးပဲ ပေါ်ပါတယ်။ အဲလိုပေါ်ရင် ခုနကလိုပဲ zawgyi-one installer ကို ပြန်ပြီး install လုပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ မိမိကွန်ပျူတာရဲ့ test bar မှာ language bar မပေါ်တဲ့ ပြဿနာကတော့ အရင် ရေးပြီးပြီးမို့ ထပ်မရေးတော့ပါဘူး။

gtalk နဲ့ ဇွဲကပင်ဖေါင့်…

ဇွဲကပင်ဖေါင့်လို့ ခေါ်တဲ့ ကရင်ဖေါင့်ကို gtalk chat တဲ့နေရာမှာ ဇော်ဂျီဖေါင့်လိုပါပဲ ရိုက်ချင်တယ်ဆိုရင်
Gtalk ကို ဖွင့်ပြီး setting ကို နှိပ်၊ box တစ်ခုပေါ်လာမယ်၊ change font ကိုရွေး၊ box နောက်တစ်ခုပေါ်လာရင် zwekabin ကို ရွေး၊ ok ပေးပြီးတော့ ကရင်စာ ရိုက်နိုင်ပါပြီး။ အဓိက ကတော့ ကရင်စာဖြစ်တဲ့ ( ႜ ) ( ႓ ) ( ၞ )
( ႝ ) တို့ စာရိုက်တဲ့ အတိုင်း ကောင်းကောင်းရိုက်နိုင်ပါတယ်။ဒါကတော့ ကရင်စာကို ရိုက်ချင်တဲ့ သူများအတွက် ဗဟုသုတ အဖြစ် ရေးလိုက်တာပါ။

ကွန်ပျူတာ အခြေခံ ထိန်းသိမ်းနည်းလေးပါ။

မိမိကွန်ပျူတာကို ရေရည်သုံးနိုင်အောင် သိသင့်သိထိုက်တာလေးတွေ၊ ဂရုစိုက်စရာလေးတွေ ဂရုစိုက်မယ်ဆိုရင် မိမိကွန်ပျူတာလည်း ကြာရှည်ခံမယ်၊ ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ရတာပေါ့နော့်။အမှန်မှာဆိုရင်
ကွန်ပျူတာနည်းပညာက အဆင့်မြင့်မြင့် လုပ်ဆောင်ထားတာပါ။ ကျွမ်းကျင်သူများအဖို့တော့ ကောင်းကောင်းထိန်းသိမ်းတတ်ပေမယ့် စသုံးတဲ့ user အနေနဲ့ ဗိုင်းရပ်နဲ့တိုးရင်ဖြစ်စေၟၟဂရုမစိုက်မိလို့ဖြစ်စေ
စက်သုံးတာ ကြာလာရင် လေးလံတာတို့၊ ဟန်းဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

-ဗိုင်းရပ်ကာကွယ်ရန် intivirus တစ်ခုခုကို မိမိကွန်ပျူတာမှာ ထည့်ထားပါ။ update ဖြစ်အောင်လည်း ဂရုစိုက်ရပါ့မယ်။နောက်ပြီး ကွန်ပျူတာက လိုအပ်တဲ့ update ကိုလည်း ပြုလုပ်ပေးပါ။ တစ်ချို့ ဆော့ဝဲရ်တွေက
Update မဖြစ်ရင် ကောင်းကောင်း အလုပ်မလုပ်လို့ပါ။မိမိကွန်ပျူတာမှာ လိုအပ်သလောက် ဆော့ဝဲရ်တွေပဲ
ထည့်ထားတာ အကောင်းဆုံးပါ။ မလိုအပ်တဲ့ ဆော့ဝဲရ်တွေကို ပြန်ပြီး uninstall လုပ်ပါ။ တစ်ချို့ဆော့ဝဲရ်တွေက
ကွန်ပျူတာထဲမှာ ထည့်ပြီးဆိုရင် ပြန်ထွက်မရတာလည်း ရှိတတ်ပါတယ်။ အဲဒီလို ဆော့ဝဲမျိုးတွေကို ရှောင်ပါ။အဲလိုဖြစ်ခဲ့ရင် uninstall ဆော့ဝဲရ်တွေ ရှာပြီး ပြုလုပ်နိုင်ပါတယ်။

မိမိကွန်ပျူတာကို နေ့တိုင်းသုံးနေတာဖြစ်ရင် အနည်းဆုံး တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။ (disk clean up နဲ့ လုပ်ပေးပါ)။ my computer> open>local disk C:\> right click> properties>disk clean up)ကွန်ပျူတာမှာ programs ပါပြီးသားဖြစ်သလို ဆော့ဝဲရ်နဲ့ ရှင်းထုတ်ချင်လည်း ရှာယူပြီးတော့ ရှင်းထုတ်နိုင်ပါတယ်။
ဒါတွေက မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းထုတ်တာပါ။ နောက် ဖိုင်တွေ ပြန်စီပေးပါ။ (tools>defragment now)
Run common ကနေ မလိုအပ်တဲ့ဖိုင်တွေကို ၀င်ဖျက်နိုင်ပါတယ်။(%temp%, prefetch, recent, တွေကို run မှာ ရိုက်ထည့်ပြီး ဖိုင်တွေကို ရှင်းထုတ်နိုင်ပါတယ်။)

မိမိကွန်ပျူတာ OS ဖြစ်တဲ့ local C:\(အများအားဖြင့် OS ကို C:\ programs မှာ ထားတာများပါတယ်)မှာ ကွန်ပျုတာတစ်ခုလုံးကို လုပ်ဆောင်နေရတဲ့အတွက် အပြင်မှ ကူးယူထားတဲ့ ရုပ်ရှင်၊ သီချင်း၊ space များများ နေရာယူတဲ့ ဖိုင်တွေကို local D:\ မှာ ထားတာ အကောင်းဆုံးပါ။ ဒေါင်းလုတ်ထားတဲ့ ဖိုင်တွေပဲ ဖြစ်ဖြစ်၊ desktop ပေါ်မှာ ထားတဲ့ဖိုင်တွေပဲ ဖြစ်ဖြစ် ဒေါင်းလုတ်ပြီးရင် သိမ်းထားချင်ရင်လည်း local D:\ ထဲမှာပဲ ထည့်ပါ။ အားလုံး အဆင်ပြေပါစေ….။

Mar 21, 2010

ဘလော့တစ်ခုကို စတင်ပြုလုပ်ခြင်း

အှ်ဆံင်လာဆာ် ကို၀္ဟွာေဍၟၟၟၟၟ

ဒီတစ်ခါတော့ လာလည်တဲ့ ညီအစ်ကိုမောင်နှမများ ဘလော့ကို စိတ်ဝင်စားလို့ ဘလော့ လုပ်ချင်တယ်ဆိုရင် အထောက်အကူပြုရအောင် အောက်မှာ ပေးထားတဲ့လင့်များကို ဒေါင်းလုတ်ယူပြီး လေ့လာမယ်ဆိုရင် ဘလော့ကို လွယ်လွယ်ကူကူနဲ့ ရနိုင်ပါတယ်။ လုပ်ပုံလုပ်နည်းလည်း အားလုံးရှင်းပြထားပါတယ်။ ကျနော်က မိတ်ဆက်အနေနဲ့ နည်းနည်း ရှင်းပြပါ့မယ်။ ဘလော့တစ်ခုကို လုပ်မယ်ဆိုရင် အရင်ဆုံး အီးမေးလ် အကောင့်ဝင်သလို blog start page မှာ အကောင့်ဝင်ရပါတယ်။ အကောင့်ဝင်လို့ ရပြီးဆိုရင် ဘလော့နာမည်ပေးတဲ့နေရာမှာ မိမိစိတ်ကြိုက် နာမည်တစ်ခုကို ပေးလိုက်ပါ။ နောက်ပြီး ပေးထားတဲ့ အဆင့်ဆင့်ထဲမှာStep by step အနေနဲ့ ပြုလုပ်ရပါမယ့်။
ဒေါင်းလုတ်ယူမယ့် ဖိုင်ထဲမှာ ပုံနှင့်တကွ ရှင်းပြထားပါတယ်။

အဲဒီအဆင့်တွေ ကျော်သွားပြီရင် ဘလော့တစ်ခု ရလာမယ်။ blog ကပေထားတဲ့ template တွေကို မိမိက မကြိုက်ဘူးဆိုရင် အခြား templat site မှာ မိမိစိတ်ကြိုက် ရွေးယူလို့ရပါတယ်။ ဘလော့တစ်ခု ရလာပြီးဆိုရင်
Sing in ၀င်ထားတဲ့ အကောင့်ထဲမှာ dashboard ကို တွေ့ရပါမယ်။ အဲဒီအောက်က မိမိ ပြုလုပ်ထားတဲ့ ဘလော့နာမည်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအောက်မှာ မှ newpost /setting / layout / monetize ပုံစံတွေကို တွေ့ရပါ့မယ်။

(၁)newpost ကို နှိပ်ပြီး box တစ်ခု ပေါ်လာမယ်။ အဲဒီ box ထဲမှာ မိမိတင်ချင်တဲ့ အကြောင်းအရာ(သို့) တစ်ခြားမှာ ကူးထည့်ပြီး pulish post ကို နှိပ်ပြီး ပို့စ်တင်ဖို့ပါ။

(၂) setting ဆိုတာ မိမိဘလော့ကို basic / pulish/ format/ စတာတွေကို manage လုပ်ဖို့ပါ။

(၃)layout ဆိုတာက မိမိဘလော့ကို စိတ်ကြိုက် edit ဖို့ပါ။ အဲဒီမှာ အများဆုံး edit လုပ်ဖို့က page element နဲ့
HTML နေရာတွေပါပဲ။ page element နေရာက add a gadge အတွက် edit ဖို့ပါ။ html နေရာက ဘလော့တစ်ခုလုံးရဲ့ ကုဒ်တွေကို edit ဖို့ပါ။

+ Read more

မိမိဘလော့ကို မြန်မာစာ ကောင်းကောင်းပေါ်ဖို့အတွက်ဆိုရင် html code ထဲမှာ font format ချရပါမယ်။ အဓိကကတော့
Font family တွေရဲ့နောက်မှာ မြန်မာဖေါင့်၊ ကရင်ဖေါင့် တွေကို ထည့်ဖို့ပါပဲ။ template တွေက မတူနိုင်တဲ့အတွက် တစ်ချို့က IE နဲ့ ဖွင့်တာ အဆင်ပြေသလို တစ်ချို့ကျတော့လည်း Firefox နဲ့မှ ဖွင့်လို့ အဆင်ပြေတတ်ပါတယ်။ ဒါကြောင့် မြန်မာစာတွေ ကောင်းကောင်းပေါ်အောင် font download ဆိုတာ ဘလော့တိုင်းမှာလိုလို ထည့်ပေးထားပါတယ်။ အဲဒီဖေါင့်တွေကိုဒေါင်းလုတ်ပြီးမိမိကွန်ပျူတာထဲမှာInstallလုပ်ပြီးမှစာတွေကိုကောင်းကောင်းဖတ်နိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းတွေကို မိမိက စိတ်ဝင်စားလို့ လေ့လာလိုက်စားမယ်ဆိုရင် တဖြည်းဖြည်း လုပ်တတ်သွားမှာဖြစ်ပါတယ်။ ခုရှင်းပြတာက နမူနာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိမှာပါ။ တကယ်လို့ ရှင်းပြတာ မပြည့်စုံရင်လည်း ကျနော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ်။ လိုအပ်တာရှိရင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ PDF file နဲ့တင်ပေးထားတဲအတွက် အခက်အခဲ မရှိလောက်ဘူးထင်ပါတယ်။
ဒီပို့စ်က ဘလော့ကို စိတ်ဝင်စားလို့ စတင်ပြုလုပ်ချင်တဲ့ ညီအစ်ကို မောင်နှမအတွက်သာ ဖြစ်ပါတယ်ခင်ဗျာ။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ။

ဘလော့ရေးနည်း(၁)

ဘလော့ရေးနည်း(၂)


မှတ်ချက်။ ။ဒီစာအုပ်တွေကို နည်းပညာစာအုပ်စင် မှ ယူထားတာဖြစ်ပါတယ်။

Mar 7, 2010

စာအုပ်ကို PDF ဖြစ်အောင် လုပ်ပုံလုပ်နည်း

ကျနော်သိတဲ့ PDF ဖိုင်အဖြစ် စာအုပ်ကို ဆော့ဝဲရ် အကူနဲ့ လွယ်ကူအောင် လုပ်နည်းလေးကို ဖော်ပြလိုပါတယ်။ လာလည်တဲ့ ညီအစ်ကို မောင်နှမအားလုံးလည်း စာအုပ်တွေကို အင်တာနက်ပေါ်မှာ
တင်ချင်ရင် အနည်းအကျဉ်း အထောက်အကူပြုလိမ့်မယ်လို့ မျော်လင့်ပါတယ်။ဒါပေမယ့် ဒီလုပ်နည်းကလည်း
နည်းနည်းတော့ စိတ်ရှည်ရပါမယ်။ ကျနော်လုပ်တာ တော်တော်အချိန်ယူလိုက်ရပါတယ်။ပထမဆုံး ကိုယ်လုပ်မယ့် စာအုပ်ကို scan ဖတ်ရပါ့မယ်။ ကျနော့်ကတော့ စာအုပ်ကို တစ်ရွက်ချင်းမဖြုတ်ပဲ ခေါက်ချိုးပြီးးတော့ ဖတ်ပါတယ်။ စာအုပ်တော့ နည်းနည်းနာမှာပေါ့။ နောက်ပြီး scanner စက်ကောင်းရင် ကောင်းသလို အရည်အသွေး ကောင်းကောင်းရတာပေါ့။ မိမိတို့ scanner စက်ဟာလည်း စာအုပ်များရင် များသလို စက်နာတတ်ပါတယ်။ စာအုပ်တစ်ခုလုံး ဆက်တိုက် scanner မဖတ်သင့်ပါ။ scan ဖတ်တဲ့အခါ စာရွက်၊ စာမျက်နှာ မညီဘူးဆိုရင် Photoshop အကူနဲ့ ညီမျှအောင် ပြန်ပြီး ဖြတ်တောက်ရပါတယ်။ စာမျက်နှာ နံပါတ်စဉ်အလိုက်ဖြစ်အောင်လည်း
Folder တစ်ခု သီးသန့် ထားရပါမယ်။ဒါမှ ကိုယ် convert လုပ်တဲ့အခါမှာ နံပါတ်အစဉ်အတိုင်းဖြစ်မှာလေ။

+ Read more

စာရွက်ဆိုက် မညီဘူးဆိုရင် convert လုပ်တဲ့အခါမှာလည်း မညီမညာပဲ ထွက်ရှိပါလိမ့်မယ်။ဒါကြောင့် photoshop နဲ့ စာရွက်ဆိုက်ကို အညီဖြစ်အောင် အရင် လုပ်ပြီးမှ စာမျက်နှာ အစဉ်အတိုင်း ကိုယ်ပေး ချင်တဲ့နာမည်တစ်ခုနဲ့ အလွယ်ပေးလို့ရပါတယ်။ scan ဖတ်ထားတဲ့ စာအုပ်ကို အင်တာနက်ပေါ်မှာ ဒီတိုင်း တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဖတ်ထားတဲ့ စာရွက်တွေဟာ ဓာတ်ပုံ ပုံစံမျိုးနဲ့ ရှိနေလို့ပါပဲ။
ဒါကြောင့် ဆော့ဝဲရ်အကူနဲ့ PDF ဖိုင်ဖြစ်အောင် convert လုပ်ပြီးမှ တင်လို့ရပါတယ်။ အင်တာနက်ပေါ်မှာ တင်တဲ့အခါမှာလည်း ဖိုင်ဆိုက်ကြီးနေရင် တင်ရတာ အဆင်မပြေသလို ဒေါင်းလုတ်ယူတဲ့အခါမှာလည်း အဆင်မပြေပါဘူး။ ခုကျနော်လုပ်တာကတော့ စာအုပ်ဖိုင်ဆိုက် 106 MB ရှိတဲ့အတွက် ဖိုင်ဆိုက်သေးအောင်
၃ ဖိုင်ခွဲပြီးတော့ တင်ပါတယ်။ ဒါမှ ဒေါင်းလုတ်ယူတဲ့အခါ အဆင်ပြေမယ်။ PDF ဖြစ်အောင် convert တဲ့ ဆော့ဝဲရ်ကို ဒီမှာ ဒေါင်းလုတ်ယူပါခင်ဗျာ။ လုပ်ပုံလုပ်နည်းကတော့ ပုံနဲ့ ရှင်းပြထားပါတယ်။တစ်ခု ပြောချင်တာက စာအုပ်ကို convert မယ်ဆိုရင် converter ရဲ့ ပုံစံထဲမှာ setting ကို နှိပ်လိုက်ရင် အောက်မှာ
လုပ်ဆောင်ရမယ့် ပုံစံတွေ့ပါလိမ့်မယ်။ အဲဒီမှာ width နဲ့ heigth အကွက်မှာ မိမိတို့ စာအုပ်ဆိုက်ကို photoshop မှာတုန်းက လုပ်ထားတဲ့ ဆိုက်အတိုင်း ရိုက်ထည့်ရပါ့မယ်။ presets နေရာမှာ A4 ရွေးပြီး ခေါင်းစဉ်( title ) နေရာမှာ စာအုပ်နာမည် ရိုက်ထည့်ပြီးတော့ convert လိုက်ရုံပါပဲ။ ဒါမှ ညီညီညာညာ PDF ဖိုင် စာအုပ်တစ်ခု ထွက်လာမှာ ဖြစ်ပါတယ်။
ကျနော်လုပ်တဲ့ ပိုးကရင် အဘိဓာန်ကိုတော့ ပြီးဆုံးသွားပါပြီ။ လိုချင်တဲ့ ညီအစ်ကိုမောင်နှမများ ဒေါင်းလုတ်ယူလို့ ရပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။တကယ်လို့ ခုကျနော် ပို့စ်မှာ မရှင်းတာရှိရင် cbox မှာပဲဖြစ်ဖြစ်၊ comment ရေးတာပဲဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ကျနော်သိသလောက် ရှင်းပြပါ့မယ်။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ…..။
စောကရင်

Dec 13, 2009

ဘလောဂါများအတွက် ကျန်းမာရေးအကြံပြုချက်

ယနေ့ကမ္ဘာ၏ ရော်ဖက်ရှင်နယ် စီးပွားရေးလုပ်ငန်းများတွင် အိုင်တီလုပ်ငန်းသည် တွင်ကျယ်စွာနေရာယူလျှက်ရှိလေသည်။ ဘလော့ဂ်ဂါလုပ်ငန်းသည်လည်း (အချိန်ပိုင်းဖြစ်စေ အချိန်ပြည့်ဖြစ်စေ) ထို အိုင်တီလုပ်ငန်းထဲတွင်ပါဝင်လျှက်ရှိပေသည်။

အထက်ပါလုပ်ငန်းကိုလုပ်ကိုင်သော ပုဂ္ဂိုလ်များတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာအမြောက်အများရှိလေသည်။ ၄င်းတို့ ကျန်းမာရေးချွတ်ယွင်းရခြင်း၏ အဓိကအကြောင်းအရင်းများမှာ......


-သူတို့၏ကျန်းမာရေးကို သူတို့ ဂရုမစိုက်ခြင်း
-ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် အချိန်မရှိခြင်း
-အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း
-စိတ်ဖိစီးခြင်း တို့ဖြစ်ကြသည်။

ဆက်ဖတ်ရန်...


ရိုးရှင်း၍ အသုံးဝင်သော ဘလော့ဂ်ဂါကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို မျှဝေလိုပါသည်။ သက်ရှည်ကျန်းမာကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ထိုအကြံပြုချက်များက ဘလော့ဂ်ဂါများကို ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

၁။ ကျော၊ လည်ပင်းနှင့် လက် နာကျင်ခြင်းများ

အလုပ်မစခင် သင်၏ ကျော၊ ခါးနှင့် လည်ပင်းတို့ကို အညောင်းဆန့်ပေးခြင်း လက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်း လေ့ကျင့်ခန်းများလုပ်ပေးခြင်းဖြင့် အထက်ပါပြဿနာများကို ဖြေရှင်းနိုင်ပါတယ်။ ကိုယ်နေဟန်ထားကို တရားထိုင်သလို ဖြောင့်ဖြောင့်ထားဖို့ အရေးကြီးပါတယ်။ ပြီးတော့ အချိန်အကြာကြီးအလုပ်လုပ်မယ်ဆိုရင် ကြားထဲမှာ နားချိန်လေးတွေ သတ်မှတ်ထားဖို့လိုပါမယ်။

၂။ မျက်စိပြဿနာ

မျက်စိပြဿနာကတော့ အိုင်တီ ဘလော့ဂ်ဂါသမားတိုင်း ကြုံတွေ့နေကျပြဿနာပါ။ အဲဒီအတွက် ကွန်ပျူတာရှေ့ နာရီများစွာထိုင်ခြင်းကို ရှောင်ရပါလိမ့်မယ်။ မျက်စိဖူးရောင်ခြင်းကနေ ကာကွယ်ဖို့ ရေများများသောက်ပါ။ မျက်စိလေ့ကျင့်ခန်းများလုပ်ပေးပါ။ မျက်လုံးနာကျင်ကိုက်ခဲမှုမဖြစ်စေဖို့ စူးရှတဲ့အလင်းရောင်ကို ကာကွယ်ပေးနိုင်တဲ့ မျက်မှန်ကို အသုံးပြုနိုင်ပါတယ်။

၃။ အ၀လွန်ခြင်းနှင့် ကိုယ်အလေးချိန်တိုးခြင်း

အထိုင်များတဲ့ ဘ၀နေထိုင်မှုပုံစံကြောင့် ဒီပြဿနာတွေဖြစ်ရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်းလုပ်နေဖို့ပါပဲ။ နံနက်ခင်းလေ့ကျင့်ခန်းများကို အနည်းဆုံး မိနစ် (၃၀) လုပ်ပါ။ သင့်တွင် အချိန်မရှိခဲ့လျှင် သင်အလုပ်လုပ်ရာနေရာ သို့မဟုတ် သင်၏ရုံးတွင် အလုပ်မစခင် လေ့ကျင့်ခန်းတစ်ချို့လုပ်ပါ။ အာဟာရမဖြစ်သော အစားအစာများကိုစားခြင်းမှ ရှောင်ကြဉ်ပါ။

၎။ စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်း

ဤပြဿနာများကို ဖြေရှင်းရန် သင့်တွင် အကောင်းမြင်ဝါဒ ရှိရမည်။ အိပ်ရေးဝအောင် အိပ်ပါ။ ယောဂကျင့်ခြင်း တရားထိုင်ခြင်းများဖြင့် သင်၏ မွန်းကျပ်တင်းမာနေသာ စိတ်များကို ဖြေလျော့ပါ။

၅။ မူးယစ်ဆေးစွဲခြင်း (အထူးသဖြင့် အရက်နှင့် ဆေးလိပ်)

ဒီကိစ္စဟာ ကျန်းမာရေးအတွက် အရေးကြီးလှတာကြောင့် သေသေချာချာ ဂရုစိုက်ဖို့လိုပါတယ်။ နည်းပညာကမ္ဘာကြီးထဲမှာနေထိုင်တဲ့လူတွေအဖို့ ကျန်းမာရေးကိုသာမက စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေတဲ့ မူးယစ်ဆေးဝါးများကို ရရှိအသုံးအချဖို့ဆိုတာ အလွန်လွယ်ကူပါတယ်။ မူးယစ်ဆေးဝါးများကိုရှောင်ကြဉ်ရန် သင့်ကို အကူအညီပေးနိုင်မည့် အကြံပြုချက်များကို ရယူပါ။ ဆရာဝန်နှင့် ဆွေးနွေး၍ အကြံပြုချက်များတောင်းခံပါ။

အထက်ပါ အကြံပြုချက်များသည် သင့်ကို ကျန်းမာပျောက်ရွှင်သော ဘ၀ဆီသို့ ဦးတည်တည့်မတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျှက်………….

မူရင်း။ ။မူရင်းလင့် အင်္ဂလိပ်လိုဖတ်ချင်ရင် ဒီနေရာ မှာ သွားဖတ်ရှုနိုင်ပါတယ်။
မှတ်ချက်။ ။ဘာသာပြန်ဆိုသူ ဦးဥတ္တမ မှ ပြန်လည်ဖော်ပြပါတယ်။

Nov 29, 2009

အီးမေးလ် ပုံများ ပြုလုပ်နည်း

Email- ပုံများ ပြုလုပ်နည်း

Email- icon ပုံများ ပြုလုပ်နည်းလေးပါ..။မသိသေးသူများအတွက်ပါ။ တစ်ခါတစ်လေကျတော့ လွယ်လွယ်လေးနဲ့ ရှာရခက်တတ်ပါတယ်။ အရင်ကဆိုရင် မသိလို့ တော်တော်ရှာယူရပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့ရင် လွယ်ကူအောင်လို့ တင်ပေးလိုက်ပါတယ်။ ကိုယ့်အီးမေးလ် လိပ်စာကို ရိုက်ထည့်ပြီး genarate ထုတ်လိုက်ရုံပါပဲ။ အောက်က လင့်ကို သွားလိုက်ပါ။



ဒီနေရာ မှာ သွားပါ။


animation icon ပုံလေးများ

နောက် Email- icon animation လုပ်ပြီးသားများကို လိုချင်သူများအတွက် အောက်ကလင့်ကိုနှိပ်ပြီး...ဒေါင်းလုတ်ယူနိုင်အောင် ဖော်ပြလိုက်ပါတယ်...။




  • ဒီနေရာ နဲ့ ဒီနေရာမှာ သွားယူနိုင်ပါတယ်...။

    အဆင်ပြေ ပျော်ရွှင်ပါစေ..။

    Nov 1, 2009

    Mozilla firefox နဲ့ ပတ်သက်တာတွေ..

    mozilla firefox နဲ့ပတ်သက်တဲ့ add on အသစ်တွေ မိတ်ဆက်ချင်ပါတယ်...။ဗဟုသုလေးပါ..ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး..။ add on တွေကတော့ အများကြီးပါပဲ.။ဒါပေမယ့် တစ်ချို့က သုံးလို့အဆင်ပြေသလို တစ်ချို့ကလည်း သုံးရတာ firefox browser အတွက်လေးလံစေပါတယ်..။ အဆင်ပြေတဲ့ဟာ စမ်းကြည့်ဖို့ မျှဝေလိုက်တာပါ..။ add on အသစ်တွေ တော်တော်များများထွက်တာကို တွေ့ရပါတယ်..
    ခုပြောတာက PDF Download add on နဲ့ gmail google redesigned ပုံစံပါ..။ PDF Download ကို add on ကနေ install လုပ်ပြီးရင်



    ဒီလိုပုံစံမျိုး မြင်ရမှာပါ ဒီနေရာ မှာ သွား စမ်းကြည့်ပေါ့ဗျာ..။
    သူက webpage တစ်ခုလုံးကို pdf file နဲ့ သိမ်းထားချင်ရင် ပုံပါ ပြထားတဲ့အတိုင်း နှိပ်လိုက်ရင် webpage တွေကို pdf file အဖြစ် ပြောင်းပေးပါလိမ့်မယ်..။

    ဆက်ဖတ်ရန်...

    နောက်တစ်ခုက gmail homepgageကို ဒီဇိုင်းအသစ် သုံးချင်သူများအတွက်ပါ..

    ကိုယ့်ရဲ့ gmail homepage ကို ဒီလိုမြင်ရမှာပါ...သူလည်း firefox add on တစ်ခုပါပဲ..။



    gmail inbox ထဲဝင်ရင် ဒီလိုပုံစံမြင်ရမှာပါ...။



    စမ်းကြည့်ချင်သူများအတွက် ဒီနေရာ မှာ သွားပြီး စမ်းကြည့်ပါခင်ဗျာ...။

    နောက်တစ်ခုက..firefox homepage စတိုင်အသစ်ပါ...။



    အဲလာ net မှ ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်..။
    လိုချင်ရင်တော့ ဒီနေရာ မှာ နှိပ်ပြီးတော့ စမ်းကြည့်နိုင်ပါတယ်နော်.။ ပုံစံတွေ အမျိုးမျိုး ရှိပါတယ်..။ကြိုက်တဲ့ ပုံစံကို ရွေးယူပြီးတော့ ကိုယ့်ရဲ့ homepage ကို အလှဆင်ပါပြီ...။

    တစ်ခုပြောချင်တာက firefox browser မှာ toolbars တွေ မလိုအပ်ဘဲနဲ့ အများကြီးထည့်ထားလို့ မကောင်းပါဘူး။..လိုအပ်သလောက်ပဲ ထည့်ထားတာကောင်းပါတယ်..။ တစ်ချို့က software ထည့်ကတည်းက ပါလာတတ်ပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ များများထည့်ထားရင် webpage ဖွင့်တဲ့အခါမှာ loading လေးစေပါတယ်..။
    ကိုယ်လုပ်ထားတဲ့ add on တွေကို မလိုအပ်တော့ဘူး ဖြုတ်ချင်တယ်ဆိုရင်....firefox မှာ tool> add on> box ပေါ်လာရင် extensions ကိုရွေး၊ uninstall လုပ်လိုက်ရုံပါပဲခင်ဗျာ..။
    နောက်ပြီး ကိုယ်နေ့တိုင်းဖွင့်တဲ့ webpage တွေကို history အနေနဲ့ အများကြီးကျန်ရှိနေတတ်တယ်...။အဲဒါတွေကို ရှင်းလိုက်ရင် webpage သုံးရတာ ပေါ့ပါးစေပါတယ်..။ ရှင်းလင်းချင်ရင်တော့..ခုနက firefox မှာ tool> clear recent history> box ပေါ်လာရင် clear now ကိုနှိပ်လိုက်ရုံပါပဲ..ဒါမှမဟုတ် tool> option> box ပေါ်လာရင် privacy ကိုရွေး၊ clear recent history ကိုနှိပ်၊ ok ပေးလိုက်ရင် ရပါပြီ..။ကိုယ်နေ့တိုင်း ၀က်ဆိုက်တွေကို ၀င်ထားတဲ့ အကောင့်တွေ၊ နာမည်တွေ၊ password တွေကိုလည်း ကျန်ခဲ့မယ်ဆိုရင် ရှင်းလင်းပြီးသား ဖြစ်ပါတယ်...။
    ပျော်ရွှင်ပါစေ.... မသိသေးသူများအတွက်ပါ....။

    Oct 16, 2009

    gmail message translation

    ဒီတစ်ခါတော့ လာလည်သူညီအစ်ကိုမောင်နှမများ..အပျင်းပြေ ဗဟုသုလေးတစ်ခုမျှဝေချင်ပါတယ်။ ဘာမှတော့မဟုတ်ပါဘူး gmail နဲ့ပတ်သက်တဲ့ ဗဟုသုတလေးပါ။ သိပြီးသူများကတော့ မသိချင်ဟန်ဆောင် နေလိုက်ပေါ့နော့်..။ ဘာလဲဆိုတော့ translate message new feature လို့ဆိုရမှာပေါ့။ ဘာသာစကားတွေကို automaticaly ဘာသာပြန်ပေးတဲ့ အကြောင်းလေးပါ။ဒီဘာသာပြန်ကဏ္ဍမှာ ဘာသာစကား ၃၀ ကျော် ၄၀ လောက် ပြန်လို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာဘာသာတော့ မပါဘူးပေါ့ဗျာ။ တစ်ချို့ ကိုးရီးယားလို၊ ထိုင်းလိုစတဲ့ ဘာသာစကားတွေကို ကိုယ့် အီးမေးလ်မှာ လာရင် အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ဖတ်လို့ရတာပေါ့။ ဒီလိုပါပဲ အင်္ဂလိပ်ကနေ တစ်ခြားဘာသာသို့ ပြန်နိုင်ပါတယ်။ webpage တွေ၊ document တွေအတွက်ဆိုရင် ဒီမှာသွားကြည့်နိင်ပါတယ်ဗျာ။

    အခုပြောတာက ကိုယ် gmail message inbox ထဲမှာ လာတဲ့ စာတွေကို ဘာသာပြန်တာပါ။ ဘယ်လိုလုပ်ရမလဲဆိုတာ… လွယ်လွယ်လေးပါ။ message in box ကို ဖွင့်လိုက်ပါ။ ပြီးရင် setting > labs>ကို နှိပ်။ အဲဒီမှာ message translation ကိုတွေ့ပါလိမ့်မယ်။ enable, disable မှာ enable ကိုရွေး၊ save change ကို နှိပ်ပြီးပါပြီ။ နောက် ကိုယ့် gmail in box ထဲမှာ အောက်မှာ ပြထားတဲ့အတိုင်း စမ်းကြည့်လိုက်ပါနော်။



    ဆက်ဖတ်ရန်...



    ဒီကနေတစ်ဆင့် အောက်ကလို ဘာသာပြန်ချင်တဲ့ ဘာသာစကားတွေကို ရွေးယူရုံပါပဲနော့်။

    ဒါဆိုရင် ဘာသာတော်တော်များများ ပြန်လို့ရပါပြီဗျာ။
    အားလုံးပျော်ရွှင်ပါစေ…။

    Oct 15, 2009

    ဇွဲကပင်ဖေါင့် အသုံးပြုပုံ အသုံးပြုနည်း

    အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ…

    ဒီပို့စ်ကိုတော့ ကရင်စာတွေ အင်တာနက်ပေါ်မှာ အသုံးပြုဖို့ အဆင်ပြေအောင်ဆိုပြီးရေးဖြစ်ပြန်ပါတယ်။ အရင်ပို့စ်တုန်း တစ်ခါရေးပြီးပါပြီ။ ဒါပေမယ့် အသေးစိတ်ရှင်းပြတာ မရှိသေးတဲ့အတွက် ဒီပို့စ်ကို ထပ်ရေးလိုက်ပါတယ်။ ကရင်စာတွေကို ကောင်းကောင်းအသုံးပြုတတ်သူများအတွက်မဟုတ်ပါ။

    သုံးခါစ၊ ဘယ်လို install လုပ်ရမလဲ? ဘယ်လိုဒေါင်းလုတ်ယူရမလဲ ဆိုတဲ့ မသိသေးသူ ကရင်ညီအစ်ကို မောင်နှမများအတွက်သာ ရည်ရွယ်ပါတယ်။ တစ်ခါတလေကျတော့လည်း လွယ်လွယ်လေးနဲ့ သတိမထားမိလို့ မသိတာလည်း ရှိတတ်ပါတယ်။ သိပြီးသူများ၊ သုံးတတ်သူများကိုတော့ အားနာပါတယ်။ နားလည်ခွတ်ခွတ်ပေးလိမ့်မယ်လို့ မျော်လင့်ပါတယ်။ဒီပို့ရေးရတာ ခပ်ရှက်ရှက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးကစားစရာဖြစ်နေမှာ စိုးလို့ပါ။ဒါပေမယ့် တစ်စုံတစ်ရာ အကျိုးဖြစ်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။

    ကရင်ဖေါင့်ကို အရင်က အင်တာနက်စာမျက်မှာမှာ ဘယ်လိုပေါ်အောင် လုပ်ရမလဲဆိုတာ မိမိကိုယ်တိုင် အမြင်မကျယ်လို့လား..တကယ်မရှိသေးလို့လားတော့ မသိပါဘူး.။ ကရင့်ဖေါင့်ပေါ်အောင် ကြံဖန်ပြီး
    သုံးရပါတယ်။ KP font က ကရင်စာကို ကွန်ပျူတာအတွက်သာ ဖြစ်ပါတယ်။ လက်ကွက်လည်း
    ခု ဇွဲကပင်ဖေါင့်နဲ့ မတူပါဘူး။ keyboad layout လည်း မရှိတော့ တော်တော်ဒုက္ခ ရောက်ရပါတယ်။

    ဆက်ဖတ်ရန်...

    ဒီဖေါင့်က အင်တာနက်စာမျက်နှာမှာ သုံးလို့ အဆင်မပြေပါဘူး။ဒါကြောင့် ဒီလိုအပ်ချက်ကို သိပ်မကြာသေးတဲ့ နှစ်မှာ ကျော်ခရော့စ်( Zwekabin org) က ဖန်တီးလိုက်လို့ အားလုံးအတွက် အဆင်ပြေသွားပါတယ်။ ဇွဲကပင်ဖေါင့်က ပိုးကရင်၊ စကောကရင်၊ အနောက်ပိုးကရင်စတဲ့ ကရင်အားလုံးအတွက် အသုံးပြုလို့ ရသွားပါတယ်။ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတော့ တစ်ချို့က ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိသေးတဲ့ မောင်နှမများ ရှိကောင်း ရှိပါလိမ့်မယ်။ တကယ်လို့ ရှိခဲ့ရင် ဒီပို့စ်က အကျိုးပြုလိမ့်မယ်လို့ မျော်လင့်ရပါတယ်။ ဒီဇွဲကပင်ဖေါင့်ကို
    Blog တော်တော်များများမှာ ဒေါင်းလုတ်ယူရန် ဆိုပြီး တင်ထားကြပါတယ်။ အဲဒါကို ဒေါင်းလုတ်ယူပြီး သုံးဖို့ပါ။

    ဒေါင်းလုတ်တဲ့အခါ zip ဖိုင်ဖြစ်တဲ့အတွက် ဖိုင်ကို အရင်ဖြေရပါတယ်။ ဖိုင်ဖြေဖို့ ဆော့ဝဲရ် မရှိသေးဘူးဆိုရင် ဒီမှာ ဒေါင်လုတ်ပြီး မိမိ ကွန်ပျူတာထဲမှာ install လုပ်ပါ။ ပြီးရင် ဖိုင်ကို right clik ထောက်၊ extra file here ဆိုတာ နှိပ်၊ ok ပေးလိုက်ရင် ရပါပြီ။ အဲဒီနောက် ရလာတဲ့ဖိုင်ကို ဖွင့်လိုက်ရင် Zwekabin ဖေါင့်ကို နှစ်မျိုးနှစ်စားတွေ့ပါလိမ့်မယ်။ အဲဒီနောက် Zwekabin ဖေါင့်ထဲမှာ Zwekabin (normal) နဲ့ Zwekabin (tide)ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီထဲမှာ Zwekabin (tide)ကိုပဲ install လုပ်ပါ။ ပိုပြီး အဆင်ပြေပါတယ်။ install မလုပ်ခင် အရင်လုပ်ရမှာက အဲဒီဖိုင်တွေထဲမှာ T တံဆိပ်ပါတဲ့ ဖေါင့်သက်သက်တစ်ခုကို copy ယူပြီး control penel ထဲမှာ Font ဆိုတဲ့ program ကို ဖွင့်ပြီး past ထည့်လိုက်ရင် တစ်ဆင့်ပြီးသွားပါပြီ။


    တစ်ခုသတိထားရမှာက ဒီဇွဲကပင်ဖေါင့်ဟာ Alpha Zawgyi version 3 နဲ့မှ ကောင်းကောင်းအလုပ်လုပ်ပါတယ်။
    အခု နောက်ဆုံး version ဖြစ်တဲ့ alpha Zawgyi 2008 နဲ့ဆိုရင် (္ဘ) ဆိုတဲ့စာလုံးကို မပေါ်ပါဘူး။
    ဒါကြောင့် မိမိကွန်ပျူတာမှာ ဘယ်လို ဇော်ဂျီ ဖေါင့်တွေနဲ့ ထည့်ထားတာလဲဆိုတာ သိထားရပါမယ်။ ဒါမှ လည်း ကရင်စာကောင်းကောင်းပေါ်နိုင်မယ်လေ။ဒီအဆင့်တွေ အားလုံးပြီးသွားပြီ ဆိုရင် မိမိကွန်ပျူတာရဲ့ tab bar ပေါ်မှာ ကြည့်နိုင်ပါတယ်။ tab bar အပေါ်မှာ language bar ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီ language bar က မိမိကွန်ပျူတာကို alpha Zawgyi font install လုပ်ပြီး restart လုပ်ပြီးရင် ပေါ်လာပါတယ်။ အဲဒီမှာ us, alpha zawgyi, Zwekabin ဆိုပြီး တွေ့ပါလိမ့်မယ်။ တကယ်လို့ zwekabin language bar မတွေ့သေးဘူးဆိုရင် ခုနက install exe ကို install ထပ်လုပ်ပါ။ ပေါ်လာပါလိမ့်မယ်။

    တစ်ခါတစ်ကျတော့ ကွန်ပျူတာရဲ့ အနည်းငယ် problem ကြောင့် language bar မပေါ်ဘဲ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဒီလို ဖြေရှင်းလိုက်ပါ။ control penal>မှ regional and language option>ကိုသွား၊ double click>နှိပ် choose>- keyboard and language>ကိုရွေး၊ choose >-change keyboard>ကို ထပ်ရွေး၊ and choose- language bar>ကိုရွေး၊ and select docked in the taskbar>ကို select ပေးလိုက်ပါ၊ apply>နှိပ်၊ ok ထပ်နှိပ၊် ဒီဆင့်ဆင့်တွေကို လုပ်ပြီးရင် taskbar မှာ language bar ပေါ်ပါပြီ။ ဒါက window vista အတွက်ချိန်းနည်းပါ။ window xp အတွက်ဆိုရင် အနည်းငယ် ကွဲပြားနိုင်ပါတယ်။ စမ်းကြည့်လိုက်ပါ။
    မိမိက စာရိုက်စမ်းတော့မယ်ဆိုရင် microsoft word နဲ့ အဆင်ပြေဆုံးပါ။ notepad , wordpadတို့ကျတော့ language ပြောင်းရသေးလို့ပါ။ ဥပမာ စာရိုက်မယ်ဆိုရင် language bar မှာ သုံးမျိုးထဲက Zwekabin ရွေးမယ်ဆိုရင် ကရင်စာပေါ်ပြီးပေါ့။ အဲလိုမှ မဟုတ်လည်း control +shift နဲ့လည်း ပြောင်းနိုင်ပါတယ်။အဆင်ပြေသလို စမ်းကြည့်ပါ။

    အခုပို့စ်မှာ zwekabin font နဲ့ KP ကိုတွဲပြီး တင်ပေးလိုက်ပါတယ်။ ဒီမှာ ဒေါင်းလုတ်ယူနိုင်ပါတယ်။
    KP ဖေါင့်ကတော့ အရင်ပို့စ်မှာ ပြောတဲ့အတိုင်း photoshop, video, edit တာတို့ဆိုရင် အဆင်ပြေဆုံးပါ။ ကွန်ပျူတာမှာတော့ စာစီစာရိုက်တာ ကောင်းကောင်းသုံးနိုင်ပါတယ်။ ဒါပေမယ့် လက်ကွက်မတူတာတော့ သိထားရမယ်။ မြန်မာဇော်ဂျီဖေါင့်၊ ဇွဲကပင်ဖေါင့်တွေကို သုံးနေကြဆိုရင် ဒီဖေါင့်ကို သုံးရတာ နည်းနည်းအခက်တွေ့တတ်ပါတယ်။ ဇွဲကပင်ဖေါင့်နဲ့ တွဲသုံးဖို့ ဇော်ဂျီဖေါင့်ကို version နှစ်မျိုးနဲ့ ဘလော့ဆိုက်ဘားမှာ တင်ထားပါတယ်။ အဆင်ပြေတဲ့ဟာကို ဒေါင်းလုတ်ယူပြီး သုံးနိုအောင်ပါ။
    ဒီပို့စ်ကို တင်ရတာ တစ်ချို့လည်း မေးလာတတ်လို့ပါ။
    အားလုံးအဆင်ပြေအောင် အသေးစိတ်ရေးပြီး တင်လိုက်ပါတယ်။တကယ်လို့ မရှင်းတာရှိရင်
    cbox မှာ ရေးပြီး မေးမြန်းနိုင်ပါတယ်။ သိသလောက်ရှင်းပြပါမယ့်..။ မှတ်သလောက်ပြောပြချင်ပါတယ်။ အားလုံးအဆင်ပြေပါစေ…။ ကျေးဇူးတင်လျက်ပါ…။

    ကရင်အားလုံးအတွက် ဇွဲကပင်ဖေါင့်ကို ဖန်တီးပေးတဲ့ (Zwekabin.org) ကျော်ခရော့စ် အား အထူးပင်ကျေးဇူးတင်ပါတယ်။
    မူယံင့်ဖါန်


    Sep 5, 2009

    ကရင်စာကောင်းကောင်း ဖတ်နိုင်ဖို့..အတွက်..

    အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ…။

    ဒီပို့စ်ကို ရေးဖို့စိတ်ကူးထားတာကြာပါပြီ..။ဒါပေမယ့် မရေးဖြစ်ပါဘူး..။ခုမှ ကရင်ညီအစ်ကိုမောင်နှမတွေအတွက် လိုအပ်မယ်ထင်လို့ ရေးဖြစ်လိုက်တာပါ..။ စာရးသူက ကျွမ်းကျင်မှုမရှိတော့ အမှားပါရင်လည်းခွင့်လွတ်ပါနော့်..။
    ကရင်ဖေါင့်ကို အင်တာနက်စာမျာနှာမှာ ကောင်းကောင်းဖတ်လို့၊ ကြည့်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးပါ..။သိပြီးသားသူတွေအတွက် မရည်ရွယ်ပါ..။မသိသေးသူများရှိရင် အဆင်ပြေအောင်လို့ ဒီပို့စ်ကို တင်ဖြစ်လိုက်တာပါ..။ ကရင်ဖေါင့်(သို့) zwekabin font (သို့)စောကျောင်ခရောစ်ရဲ့ ဖေါင့်ကို အက်တာနက်စာမျက်နှာပေါ်မှာ ကရင်စာကောင်းကောင်းဖတ်လို့ရအောင် အထူးသဖြင့် (္ဘ) ဆိုတဲ့ကရင်စာလုံးဟာ ဖတ်လို့ အဆင်မပြေတတ်ပါဘူး..။ဒါကြောင့် ကရင်စာနဲ့တင်ထားတဲ့ ဆိုက်တွေကို ကြည့်ရတာတစ်မျိုးဖြစ်နေတယ်လေ…။အဲဒီစာလုံးကို ကောင်းကောင်းဖတ်လို့ အဆင်ပြေအောင် မြန်မာဇော်ဂျီ ယူနီကုဒ် ထုတ်ထားတဲ့ Alphazawgyi version 3 exe နဲ့တွဲသုံးမှ ကောင်းကောင်းမြင်ရမှာဖြစ်ပါတယ်..။ခုနောက်ဆုံးပေါ်တဲ့ 2008 zawgyi version နဲ့ဆိုရင် (္ဘ) ဆိုတဲ့စာလုံးကို ကောင်းကောင်းမမြင်ရပါဘူး..။ကျန်တဲ့ စာလုံးတွေတော့ ပြဿနာမရှိပါ..။

    ဒါက စာရေးသူကိုယ်တိုင် သုံးဖူးတဲ့ အမြင်နဲ့ ပြောပြတာပါ..။တကယ်လို့ တစ်ခြားအဆင်ပြေတဲ့နည်းလမ်းကောင်းများရှိရင် ပြောပေးပါဦးလို့ မေတ္တာရပ်ခံပါရစေ…။
    အားလုံးအဆင်ပြေဖို့အတွက်ပါ…။Alphazawgyi version 3 exe မရှိသေးဘူးဆိုရင် …….
    ဒီနေရာမှာ..
    ဒေါင်းလုတ်ယူနိုင်ပါတယ်ဗျာ…။Zwekabin ဖေါင့်နဲ့ KB ကိုတော့ ဆိုက်ဘားမှာ ယူနိုင်ပါတယ်…။
    နောက်တစ်ခုက KB ဖေါင့်ကတော့ video edit တာတို့ ၊ Photoshop သုံးတာတို့ဆိုရင် ကရင်စာ ကောင်းကောင်း Creat နိုင်ပါတယ်နော့်…။
    အားလုံးအဆင်ပြေကြပါစေဗျာ…။