Showing posts with label ဖႜုံဏိင်းထင်းသင့်. Show all posts
Showing posts with label ဖႜုံဏိင်းထင်းသင့်. Show all posts

Dec 27, 2011

ကမ္ဘာ့တလွှား ကရင်နှစ်သစ်ကူးပွဲ ပုံရိပ်များ


စကာင်္ပူ ကရင်နှစ်သစ်ကူး ပွဲတော်၊ ဓါတ်ပုံ-ဇွဲကပင် မျိုးချစ်လူငယ်


သြစတြေးလျား၊ ဆစ်ဒနီ ကရင်နှစ်သစ်ကူးပွဲတော်- ဓါတ်ပုံ-KIC


ထိုင်းနိုင်ငံ မဲဆောက် CDCကျောင်း ကရင်နှစ်သစ်ကူး ပွဲတော်-ဓါတ်ပုံ-ဧရာဝတီ


အိန္ဒိယနိုင်ငံ၊ နယူးဒေလီ ကရင်နှစ်သစ်ကူး ပွဲတော်။ ဓါတ်ပုံ-ဧရာဝတီ


မလေးရှားနိုင်ငံ ကရင့်နှစ်သစ်ကူးပွဲတော်- ဓါတ်ပုံ- ကိုးဒီသွေး

source from= http://ehkhaungthaunt.blogspot.com/2011/12/blog-post_8403.html

Dec 24, 2009

သီရိလင်္ကာနိုင်ငံ ကရင်နှစ်သစ်ကူး ဆွမ်းကပ်

နှစ်ကူးခြင်းကို လူမျိုးတိုင်း၊နိုင်ငံတိုင်းတွင် တစ်နှစ်တစ်ကြိမ် နှစ်သစ်နှစ်မြတ်နေဖြင့် သတ်မှတ်ပြီး နှစ်ကူးကြရသည်။ခုနှစ်သက္ကရာဇ်ကို ထိုလူမျိုးများ၏ ဖြစ်ပေါ်ရာ ခုနှစ်ကို စပြီးရေတွက်ခဲ့ခြင်းဖြစ်ပါတယ်။ခုနှစ်သက္ကရာဇ်ကို ကြည့်ခြင်းအားဖြင့်လည်း ထိုလူမျိုး၏ သက်တမ်းကို ခန့်မှန်းနိုင်ပါတယ်။ထို့ကြောင့် လူမျိုးတစ်မျိုး၏ ခုနှစ်သက္ကရာဇ်ာဟာ အသက်သွေးကြောသဖွယ်ဖြစ်ခြင်းကြောင့် နှစ်ကူးခြင်းကို နေ့ထူးနေ့မြတ်အဖြစ် အမြတ်တနိုးတန်ဖိုးထားပြီး နှစ်သစ်မင်္ဂလာယူကြခြင်းလည်း ဖြစ်ပါတယ်။



ကရင်လူမျိုးများမှာလည်း မိမိတို့ရဲ့ခုနှစ်သက္ကရာဇ်ာကို တန်ဖိုးထားပြီး ရောက်လေရာ နေရာတိုင်းမှာ နှစ်သစ်မင်္ဂလာယူပြီး နှစ်ကူးကြသည်။ကရင်လို့ ပြောလိုက်ရင် ကရင်အမျိုးသားအားလုံးကို သိမ်းကျုံးပြီးခေါ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ကရင်နှစ်သစ်ကူးသမိုင်းကို အရင်ပို့စ်များမှာ တင်ခဲ့ပြီး ဖြစ်ပါတယ်။ဒါကြောင့် ကရင်နှစ်သစ်ကူးခြင်းကို ဘာသာတရားမခွဲခြားဘဲ ကရင်လူမျိုးတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ကျင်းပကြပါတယ်။၂၇၄၉-ခုနှစ်၊ ကျရောက်သော ကရင်နှစ်သစ်ကူးနှစ်ကို အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေသော ကရင်သံဃာတော်များက ဒီနေ့(၂၃-၁၂-၂၀၀၉)နေ့တွင်နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရှိ မကုဋာရာမ မြန်မာကျောင်းတိုက်တွင် သံဃာတော် အပါး(၁၀၀)ကျော်ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ကရင်နှစ်သစ်ကူးကို လွန်ခဲ့တဲ့ (၁၆-၁၂-၂၀၀၉) နေ့မှာ နှစ်ကူးခဲ့ပြီးဖြစ်သော်လည်း သီရိလင်္ကာနိုင်ငံတွင် သံဃာတော်တွေက စာမေးပွဲနဲ့ တိုက်ဆိုင်လို့ အဲဒီနေ့မှာ မကျင်းပနိုင်ဘဲ နောက်ကျမှ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲခြင်းဖြစ်ပါတယ်။ သံဃာတော်များ ဆွမ်းဆက်ကပ်လှုးဒါန်းပုံများကို အောက်မှာ ကြည့်ရှူနိုင်ပါတယ်.




ဆက်ဖတ်ရန်...










Dec 21, 2009

တောင်ကိုးရီးယားနိုင်ငံ ကရင်နှစ်သစ်ကူးကျင်းပပုံ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဂါဆန် KM အလုပ်သမားစင်တာ ခန်းမ၌ ကရင် အမျိုးသားမိတ်သဟာယအဖွဲ့နှင့် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကြီးမှူး၍ ၂၇၄၉ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ. ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနား တခုကို ၂၀၀၉ ခုနှစ်၊ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် ၁၁နာရီမှ နေ့လည် ၂ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော ကရင်အမျိုးသားများ မြန်မာနိုင်ငံမှ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် မြန်မာအရေး လှုပ်ရှားမူ.အဖွဲ.အစည်းများနှင့်အတူ တောင်ကိုရီးယားလူမျိုးများ အပါအ၀င်တက်ရောက်ခဲ့ပါသည်။



အခမ်းအနားမှူးအဖြစ် ဦးဇော်မိုးအောင်ကဆောင်ရွက်ခဲ.ပါသည်။ အခမ်းအနား အစီစဉ်ကို ကရင်အမျိုးသားအလံတော်အားသယ်ဆောင်ခြင်း၊ကရင်အမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးသွားတဲ့ ကရင်အာဇာနည်ဆောင်ဆောင်များအား အလေးပြုခြင်းဖြင့် အခမ်းအနားမှူး ဦးဇော်မိုးအောင်က စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ ကရင်အမျိုးသားမိတ်သဟာယအဖွဲ. ဥက္ကဌ ဒေါ်နော်အက်စတာဖောမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။



အဖွင့်အမှာစကား ပြောကြားရာ၌ ဒေါ်နော်အက်စတာဖောက ကရင်လူမျိုးများ၏ မြန်မာနိုင်တွင် ပြန့်နှံ့နေထိုင်ပုံနှင့် မိမိတို့ ကရင်အမျိုးသားများ အနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊မပပျောက်စေရန် ရောက်ရာအရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများနှင့် သမိုင်းပေးတာဝန်ကို ထိန်းသိမ်းစောက်ရှောက်သွားရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ. တရားဝင်ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးစောလှိုင်မျိုးသိမ်းက ပြောကြားရှင်းပြခဲ့ပါသည်။
ဆက်ဖတ်ရန်...

ဖိတ်ကြားထားသော ဗုဒ္မသာသနာပြုကျောင်းတော်(ကိုရီးယား) ဆရာတော်ဦးသုဝဏ္ဏမှ ဂုဏ်ပြုအမှာ စကားပြော ကြားပြီး ၊အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်လွတ်မြောက်နယ်မြေ(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးအောင်မြင့်ဆွေ၊မြန်မာအရေးလှုပ်ရှားမူ.(ကိုရီးယား)ဥက္ကဌ ဦးသူရ၊ အမျိုးသားမြင့်တင်ရေးလှုပ်ရှားမူ.ကော်မတီ ဦးဘိုဘို၊မြန်မာအသင်း(ကိုးရီးယား) ဦးစောထွန်းထွန်း၊
ချင်းလူမူ.ရေးအသင်း ဥက္ကဌ ဦးစလိုင်းကျော်ကျော်၊ရှမ်းလူမူ.ရေးအသင်းဥက္ကဌ ဦးစိုင်းမောင်ဝိုင်း၊ရခိုင်လူမူ.ရေးအသင်း ဦးကျော်စွာ စသည့် အဖွဲ.၊အသင်းအသီးသီးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ.အား ဂုဏ်ပြုသ၀ဏ်လွှာဖတ်ကြား ပေးအပ်ခဲ့ကြပါသည်။

ထိုနောက် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော ကရင်အမျိုးသားအဖွဲချုပ်(ဂျပန်)
ဒုဥက္ကဌ (U Saw ANDREW MYO AUNG)မှဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
ကရင်လူငယ်အစည်းအရုံး(ဗဟို)မှ ပေးပို.လာသော ကရင်နှစ်သစ်ကူးနေ.ဂုဏ်ပြုသ၀ဏ်လွှာကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)စည်းရုံးရေးမှုး မန်းတင်ယဉ်ဖတ်ကြားပြီး ကိုရီးယားကဗျာဆရာ မွန်းချန်းဂီလ်မှသူ၏ ကဗျာဖြင့်ကရင်နှစ်သစ်ကူးနေ. အားဂုဏ်ပြုလက် ဆောင်ရွက်ဆိုပေးခဲ့ပါသည်။

အခမ်းအနားတွင်တက်ရောက်လာသော ပရိတ်သတ်များအား မငြီးငွေ့စေရန်အတွက် ကရင် ရိုးရာယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးယိမ်းအက ကပြခြင်း ကရင်ရိုးရာ သီချင်းများကို အုပ်စုအလိုက်နှင့် တယောက်ချင်း သီဆိုဖြေဖျော်ခြင်း၊ ကရင်ရိုးရာ အ၀တ်အစားများဖြင့် လူငယ်များမှ သရုပ်ပြခြင်း စသည်တို့ကို ကြားအစီစဉ်များတွင် ထည့်သွင်း ဧည့်ခံဖြေဖျော်ခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် အစီစဉ်ကို စတင်ခဲ့ရာ ဖိတ်ကြားတက်ရောက်လာကြသော ဧည့်သည်တော် ပရိတ်သတ်များထဲမှ စတော့ခရက်ဒေါင်း တေးဂီတအဖွဲ.မှ ကိုစိုးမိုးသူကလဲ တေးသီချင်းနှစ်ပုဒ်ဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

အခမ်းအနားနောက်ဆုံးပိုင်းတွင် ကရင်အမျိုးသား မိတ်သဟာယ အဖွဲ. အတွင်းရေးမှူး ကိုစကျော်ကျော်ဝင်းက တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကားနှင့် အပိတ်အမှာစကား ပြောကြားပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။ပြီးနောက် တက်ရောက်လာသော ပရိတ်သတ်များအား ကံစမ်းမဲများဖောက်ပေးခြင်း အမှတ်တရလက်ဆောင် အဖြစ် ကရင်မျိုးသားနှစ်သစ်ကူးပွဲတော် မဟာရန်ကုနှ်ဗဟိုမှထုတ်သော ကရင်ပြက္ခဒိန့် များလက်ဆောင်ပေးခြင်း၊အေးမြသောလ ဖြစ်သောဆောင်းရာသီဖြစ်၍ အသားကပ်အင်္ကျီနှင့်မျက်နှာသုပ်ပ၀ါများကို တက်ရောက်လာသောဧည့်ပရိတ်သတ် တဦးခြင်းစီကို ကရင်အမျိုးသားနှစ်သစ်ကူးနေ လက်ဆောင်အဖြစ် ပေးဝေခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကရင်ညီအကို၊မောင်နှမများက ချစ်ခင်ရင်နှီးစွာ ကရင်လူမျိုးများ၏ အသဲစွဲဟင်းဖြစ်သော တာလပေါဟင်းများနှင့်အတူ အရသာရှိသော တခြားဟင်းလျှာများနှင့် ပျော်ရွှင်စွာစားသောက်သုံးဆောင်ပြီး ၂၇၄၉ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားစွာကျင်းပခဲ့ပါသည်။










မှတ်ချက်။ ။သတင်းဓာတ်ပုံ ပို့ပေးသူ ဆုတောင်းအား ကျေးဇူးအထူးတင်ပါတယ်။ဓာပုံများ ကြည့်ရှုလိုပါက အောက်မှာ ကိုးရီးယားမိတ်သဟာယ ဘလော့ကို သွားရောက်ကြည့်နိုင်ပါတယ်။
မူရင်း။ ။ ကိုးရီးယားမိတ်သဟာယအဖွဲ့ မှ ပြန်လည်ဖော်ပြပါတယ်။

Dec 17, 2009

အိန္ဒိယနိုင်ငံတွင် ကရင်နှစ်သစ်ကူးဆွမ်းကပ်လှူဒါန်း

၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို နိုင်ငံအသီးသီးတွင် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြသည်။ ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့သည် ကရင်သက္ကရာဇ် ၂၇၄၉-ခုနှစ်တိုင်ခဲ့ပြီ။ တစ်ချို့နိုင်ငံတွင် (၁၆)ရက်တွင် ကရင်နှစ်သစ်ကူး ကျင်းပလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုရက်ထက်စောပြီးကျင်းပကြသလို ရက်နောက်ကျမှ ကျင်းပပြုလုပ်တာလည်း ရှိပါသည်။



ဘာလိုဘဲဖြစ်ဖြစ် ကရင်နှစ်သစ်ကူးနေ့ရက်မြတ်ကို ရောက်လေရာတိုင်းမှာ မိမိတို့ရဲ့ အမျိုးသားရေးဖြစ်တဲ့ နှစ်သစ်မင်္ဂလာကို
ကျင်းပနိုင်ခြင်းဟာ ၀မ်းသာကြည်နူးစရာကောင်းလှပါတယ်။ ဒီဓာတ်ပုံတွေကတော့ ကရင်အမျိုးသားရဟန်းတော်တွေက နှစ်သစ်ကူးအထိန်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံရောက် P.HD ကရင်ကျောင်းသားများက ဗာရာဏသီမှာ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူးဒါန်းခဲ့ပါတယ်။

ဓာတ်ပုံများဆက်ကြည့်ရန်...













သတင်းဓာတ်ပုံပို့ပေးသူ အရှင်ပဏ္ဏ၀ အား ကျေးဇူးတင်ပါတယ်။

Dec 14, 2009

စင်္ကာပူနိုင်ငံ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး

၂၀၀၉-ဒီဇင်ဘာလတွင် ကျရောက်သော ၂၇၄၉-ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲတော်ကို စင်္ကာပူရောက် ကရင်တိုင်းရင်းသားများက အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းသိရသည်။နိုင်ငံအရပ်ရပ်မှာလည်း ၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကို စည်းလုံးညီညွတ်စွာ ကျင်းပကြသည်။


နှစ်ဟောင်းကို စွန့်၍ နှစ်သစ်မင်္ဂလာမှာ အမျိုးသားရေး တာဝန်အသစ်များ ဆထက်တပိုး ထမ်းဆောင်နိုင်ကြပါစေ..
မိမိတို့ ကရင့်ဘ၀၊ကရင့်ယဉ်ကျေးမှု၊ကရင့်စာပေ၊ကရင့်ရိုးရာဓလေ့တွေကို မမေ့မပျောက်ဘဲ ရောက်လေရာနေရာတိုင်းမှာ ဂုဏ်ယူဝင့်ကြွား ဖော်ထုတ်နိုင်ကြပါစေ.။

ဓာတ်ပုံများဆက်ကြည့်ရန်...










သတင်းဓာတ်ပုံ ပို့ပေးသူ နန်းမူမူအေး အား အထူးပင်ကျေးဇူးတင်ပါတယ်။

Feb 27, 2009

၂၇၄၈ -ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို မလေးရှားနိုင်ငံတွင် ကျင်းပကြစဉ်.

တစ်နှစ်တစ်ကြိမ် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပြည်တွင်းတွင် ကျင်းပကြသလို အဝေးရောက် ကရင်အမျိုးသားများက မိမိတို့ စွမ်းနိုင်သလောက် ကျင်းပကြပါသည်။ ဘယ်လိုပင် အခက်အခဲရှိစေကာမူ မိမိတို့ရဲ့ မျိုးချစ်စိတ်နဲ့ တာဝန်သိသိ ကျင်းပနိုင်ခဲ့တာကို ဂုဏ်ယူရမည် ဖြစ်ပါသည်။

ထိုအထဲတွင် မလေးရှားရောက် ကရင်လူငယ်မောင်မယ်များကလည်း ၂၇၄၈-ခုနှစ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၊ အမျိုးသားအားကစားရုံကွင်းကြီးထဲမှာ ကျင်းပခွင့် ရကြပါတယ်။ ဒီကရင်နှစ်သစ်ကူး အကြောင်းကို ဘလော့ပို့စ်မှာ တင်ဖို့ရည်ရွယ်ထားတာ ကြာပါပြီ။ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတင်နိုင်ခဲ့ပါဘူး။ နှစ်သစ်ကူးအကြောင်းတွေကို အမျိုးမျိုးတင်ပြီးဖြစ်ပေမယ့် အဝေးရောက်နိုင်ငံတွေ နှစ်သစ်ကူး ဘယ်လိုကျင်းပခဲ့ကြသည်ကို ပြည့်ပြည့်စုံစုံသိစေချင်တဲ့ဆန္ဒကြောင့် အခုလိုတင်ပြလိုက်ခြင်းပါ။ မလေးရှားနိုင်ငံတွင် M.K.O လို့ခေါ်တဲ့ ကရင်အမျိုးသားအဖွဲ့က နှစ်သစ်ကူးကို ဦးဆောင်ကျင်းပခဲ့တာ အခုဆိုရင် (၇)ကြိမ်တိုင်ပြီလို့ သိရပါတယ်။ စင်္ကာပူနိုင်ငံမှာ ကရင်နှစ်သစ်ကူးကျင်းပကြပါတယ်လို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို တို့ကရင်လူမျိုးတို့ရဲ့ ရိုးရာအမွှေအနှစ်တွေကို ထိမ်းသိမ်းတဲ့ အနေနဲ့ ဘယ်နိုင်ငံတွင် ရောက်ရှိနေပါစေ..ကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှု၊ ကိုယ်စာပေတွေကို မမေ့ဘဲ မျိုးချစ်စိတ်ဓာတ်ရှိတာကို သိရတဲ့အတွက် အမှန်တကယ်ဝမ်းသာမိပါကြောင်း၊ နောက်နောင်လည်း..ကရင်အမျိုးသား ဆိုတဲ့စကားလုံးကို အပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်ကြပါစေ..ကိုယ့်ကရင်အချင်းချင်း ဥမပျက် သိုက်မကွဲဘဲ စည်းလုံးညီညွတ်နိုင်ပါစေ…အကြောင်းအမျိုးမျိုးကြောင့် တို့လူမျိုးများ သွေးစည်းနိုင်ငံကြပါစေလို့ ဆန္ဒပြုရင်း…….





Dec 30, 2008

၂၇၄၈ -ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ကိုးရီးယားနိုင်ငံတွင် ကျင်းပကြပုံ..

နိုင်ငံအသီးသီးတွင် အဝေးရောက် ကရင်အမျိုးသားများ၊ လူငယ်မောင်မယ်များတို့သည် မိမိတို့ အမျိုးသားနှစ်သစ်ကူးနေ့ကို မိမိတို့ တတ်နိုင်သလောက် စည်းကားသိုက်မြိုက်စွာ ကျင်းပကြသည်။
မိမိတို့၏ ဘိုးဘွားအမွေအနှစ်များ၊ အမျိုးသားလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းသည့်အနေဖြင့်
တစ်နှစ်တစ်ခါ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကိုးရီးယားနိုင်ငံရောက် ကရင်အမျိုးသားများက နှစ်သစ်ကူးနေ့ ကျင်းပကြပုံ အချို့ဖြစ်ပါသည်။ ဤကဲ့သို့ မိမိတို့ အမျိုးသားတာဝန်ကို
အမေ့အလျော့ဘဲ ကျင်းပနိုင်ခဲ့ခြင်းကြောင့် ကရင်တစ်ဦးအနေဖြင့် ၀မ်းသာမဆုံး ဂုဏ်ယူမိပါသည်။..
ဤဓာတ်ပုံကို မျိုးချစ်ကရင် ဘလော့မှ ကူးယူဖေါ်ပြပါသည်..။