၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို နိုင်ငံအသီးသီးတွင် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြသည်။ ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့သည် ကရင်သက္ကရာဇ် ၂၇၄၉-ခုနှစ်တိုင်ခဲ့ပြီ။ တစ်ချို့နိုင်ငံတွင် (၁၆)ရက်တွင် ကရင်နှစ်သစ်ကူး ကျင်းပလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုရက်ထက်စောပြီးကျင်းပကြသလို ရက်နောက်ကျမှ ကျင်းပပြုလုပ်တာလည်း ရှိပါသည်။
ဘာလိုဘဲဖြစ်ဖြစ် ကရင်နှစ်သစ်ကူးနေ့ရက်မြတ်ကို ရောက်လေရာတိုင်းမှာ မိမိတို့ရဲ့ အမျိုးသားရေးဖြစ်တဲ့ နှစ်သစ်မင်္ဂလာကို
ကျင်းပနိုင်ခြင်းဟာ ၀မ်းသာကြည်နူးစရာကောင်းလှပါတယ်။ ဒီဓာတ်ပုံတွေကတော့ ကရင်အမျိုးသားရဟန်းတော်တွေက နှစ်သစ်ကူးအထိန်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံရောက် P.HD ကရင်ကျောင်းသားများက ဗာရာဏသီမှာ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူးဒါန်းခဲ့ပါတယ်။
ဓာတ်ပုံများဆက်ကြည့်ရန်...
- ကရင်အမျိုးသားအဖွဲ့ချူပ်
- ကေအဲန်ယူ(ဂျပန်)
- ဇွဲကပင်ဂျာနယ်
- ကျော်ခရော့စ်(ဇွဲကပင်)
- နိုင်ငံတကာ ကရင်ဝက်ဆိုက်
- Karen U.S.A Communities
- သံလွင်မြစ်စောင့်ကြည့်ရေး
- ကော်သူးလေး
- Karen Org
- ဒရမ်ပုံနှိပ်ထုတ်ဝေးရေးအဖွဲ့
- ဆွိဒင် ကရင်အဖွဲ့
- ကွယ်ကလု Net
- ကနေဒါ ကရင်ဝက်ဆိုက်
- ကရင်နှစ်ခြင်းခရစ်ယာန်များ
- ကရင်သူငယ်ချင်းများ
- ကရင်လူ့အခွင့်အရေးအဖွဲ့
- ကရင်ကျောင်းဆရာ၊ဆရာမ
- ကရင်အမျိုးသားအစည်းအရုံး
- ကရင်မျိုးသားတပ်မတော်
- တောင်ပေါ်ကရင်မျိုးနွယ်စု
- သြစတြေးလျားကရင်လူငယ်
- ကရင်နည်းဗျူဟာလေ့လာရေး
- မင်နီဆိုးတားကရင်အဖွဲ့
- *Blogger Helpdesk
- *New Banners
- *Wowzio
- *Photobucket
- *IP Address
- *Find IP Address
- *Planet Download Center
- *Download Keyboard Installer
- *Blogger Template
- *Three Coloumn
- *Free Blogger Template
- *Robtex IP
- *File Den
- *Scribd.Com
- *Google Page
- *Free Wordpress Themes
- * မြန်မာနိုင်ငံအတွက်
- *မြန်မာနိုင်ငံအတွက်
- *IP2location
- *whatismyipaddress
- *Hide Your IP
- *Future Blogger Temp
- *Color Charts
- *Nibbana
- *Media Fire
- *histats.com
- *Peekboo
- မျိုးချစ်ကရင်
- ပဒိုမန်းရှာ အမှတ်တရ
- ယုန်ကလေး
- သင့်အတွက်မနက်ဖြန်
- စောကျော်ခွိရဲ့ နားခိုရာ
- ကရင်လူငယ်အစည်းအရုံး
- စောကျော်လေး
- စောနေအေး
- ဒေါနပန်း
- ဘာလလူးမူး
- စောဇော်လတ်
- ယံင့်၀၀်
- စောဖိုးဇော်(IT Journal)
- karen United
- အမိကရင်ပြည်
- ထောမဲပါ
- ပထီးပကော်
- မန်းဧရာ
- ဖားစည်သံ
- OkRSO' family
- သောသီခို
- ခေါဟ်လံင်ဖါသိုင့်
- ကိုးရီးယား (K.Y.O)
- ဖူ့တာမိက်
- စ၀်အဲဆိုဒ်(ထ်ုအင်)
- အဲခါန်သင့်
- ဇွဲကပင်(K.D.A)
- အဲလာ
- စောလင်းနက်စ်


-
-
မွဲာပ်ုလိက်ယုဂ်ပ်္ဘုးမာ17 hours ago
-
ကောက်သစ်ပေါ်ဦး ကရင်နှစ်သစ်ကူး18 hours ago
-
-
-
-
Windows 7 Christmas Themes များ (2)1 day ago
-
-
ပြိုင်ကိုက် မလာ?2 days ago
-
နံဢ္ထီဢ္သီ အမူး တဿ္ကတိၯ3 days ago
-
နှစ်သစ်ဆုတောင်း4 days ago
-
-
My Blog List
၂၀၀၉-ဒီဇင်ဘာလတွင် ကျရောက်သော ၂၇၄၉-ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲတော်ကို စင်္ကာပူရောက် ကရင်တိုင်းရင်းသားများက အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းသိရသည်။နိုင်ငံအရပ်ရပ်မှာလည်း ၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကို စည်းလုံးညီညွတ်စွာ ကျင်းပကြသည်။
နှစ်ဟောင်းကို စွန့်၍ နှစ်သစ်မင်္ဂလာမှာ အမျိုးသားရေး တာဝန်အသစ်များ ဆထက်တပိုး ထမ်းဆောင်နိုင်ကြပါစေ..
မိမိတို့ ကရင့်ဘ၀၊ကရင့်ယဉ်ကျေးမှု၊ကရင့်စာပေ၊ကရင့်ရိုးရာဓလေ့တွေကို မမေ့မပျောက်ဘဲ ရောက်လေရာနေရာတိုင်းမှာ ဂုဏ်ယူဝင့်ကြွား ဖော်ထုတ်နိုင်ကြပါစေ.။
ဓာတ်ပုံများဆက်ကြည့်ရန်...
ယနေ့ကမ္ဘာ၏ ရော်ဖက်ရှင်နယ် စီးပွားရေးလုပ်ငန်းများတွင် အိုင်တီလုပ်ငန်းသည် တွင်ကျယ်စွာနေရာယူလျှက်ရှိလေသည်။ ဘလော့ဂ်ဂါလုပ်ငန်းသည်လည်း (အချိန်ပိုင်းဖြစ်စေ အချိန်ပြည့်ဖြစ်စေ) ထို အိုင်တီလုပ်ငန်းထဲတွင်ပါဝင်လျှက်ရှိပေသည်။
အထက်ပါလုပ်ငန်းကိုလုပ်ကိုင်သော ပုဂ္ဂိုလ်များတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာအမြောက်အများရှိလေသည်။ ၄င်းတို့ ကျန်းမာရေးချွတ်ယွင်းရခြင်း၏ အဓိကအကြောင်းအရင်းများမှာ......
-သူတို့၏ကျန်းမာရေးကို သူတို့ ဂရုမစိုက်ခြင်း
-ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် အချိန်မရှိခြင်း
-အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း
-စိတ်ဖိစီးခြင်း တို့ဖြစ်ကြသည်။
ဆက်ဖတ်ရန်...
ရိုးရှင်း၍ အသုံးဝင်သော ဘလော့ဂ်ဂါကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို မျှဝေလိုပါသည်။ သက်ရှည်ကျန်းမာကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ထိုအကြံပြုချက်များက ဘလော့ဂ်ဂါများကို ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
၁။ ကျော၊ လည်ပင်းနှင့် လက် နာကျင်ခြင်းများ
အလုပ်မစခင် သင်၏ ကျော၊ ခါးနှင့် လည်ပင်းတို့ကို အညောင်းဆန့်ပေးခြင်း လက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်း လေ့ကျင့်ခန်းများလုပ်ပေးခြင်းဖြင့် အထက်ပါပြဿနာများကို ဖြေရှင်းနိုင်ပါတယ်။ ကိုယ်နေဟန်ထားကို တရားထိုင်သလို ဖြောင့်ဖြောင့်ထားဖို့ အရေးကြီးပါတယ်။ ပြီးတော့ အချိန်အကြာကြီးအလုပ်လုပ်မယ်ဆိုရင် ကြားထဲမှာ နားချိန်လေးတွေ သတ်မှတ်ထားဖို့လိုပါမယ်။
၂။ မျက်စိပြဿနာ
မျက်စိပြဿနာကတော့ အိုင်တီ ဘလော့ဂ်ဂါသမားတိုင်း ကြုံတွေ့နေကျပြဿနာပါ။ အဲဒီအတွက် ကွန်ပျူတာရှေ့ နာရီများစွာထိုင်ခြင်းကို ရှောင်ရပါလိမ့်မယ်။ မျက်စိဖူးရောင်ခြင်းကနေ ကာကွယ်ဖို့ ရေများများသောက်ပါ။ မျက်စိလေ့ကျင့်ခန်းများလုပ်ပေးပါ။ မျက်လုံးနာကျင်ကိုက်ခဲမှုမဖြစ်စေဖို့ စူးရှတဲ့အလင်းရောင်ကို ကာကွယ်ပေးနိုင်တဲ့ မျက်မှန်ကို အသုံးပြုနိုင်ပါတယ်။
၃။ အ၀လွန်ခြင်းနှင့် ကိုယ်အလေးချိန်တိုးခြင်း
အထိုင်များတဲ့ ဘ၀နေထိုင်မှုပုံစံကြောင့် ဒီပြဿနာတွေဖြစ်ရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်းလုပ်နေဖို့ပါပဲ။ နံနက်ခင်းလေ့ကျင့်ခန်းများကို အနည်းဆုံး မိနစ် (၃၀) လုပ်ပါ။ သင့်တွင် အချိန်မရှိခဲ့လျှင် သင်အလုပ်လုပ်ရာနေရာ သို့မဟုတ် သင်၏ရုံးတွင် အလုပ်မစခင် လေ့ကျင့်ခန်းတစ်ချို့လုပ်ပါ။ အာဟာရမဖြစ်သော အစားအစာများကိုစားခြင်းမှ ရှောင်ကြဉ်ပါ။
၎။ စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်း
ဤပြဿနာများကို ဖြေရှင်းရန် သင့်တွင် အကောင်းမြင်ဝါဒ ရှိရမည်။ အိပ်ရေးဝအောင် အိပ်ပါ။ ယောဂကျင့်ခြင်း တရားထိုင်ခြင်းများဖြင့် သင်၏ မွန်းကျပ်တင်းမာနေသာ စိတ်များကို ဖြေလျော့ပါ။
၅။ မူးယစ်ဆေးစွဲခြင်း (အထူးသဖြင့် အရက်နှင့် ဆေးလိပ်)
ဒီကိစ္စဟာ ကျန်းမာရေးအတွက် အရေးကြီးလှတာကြောင့် သေသေချာချာ ဂရုစိုက်ဖို့လိုပါတယ်။ နည်းပညာကမ္ဘာကြီးထဲမှာနေထိုင်တဲ့လူတွေအဖို့ ကျန်းမာရေးကိုသာမက စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေတဲ့ မူးယစ်ဆေးဝါးများကို ရရှိအသုံးအချဖို့ဆိုတာ အလွန်လွယ်ကူပါတယ်။ မူးယစ်ဆေးဝါးများကိုရှောင်ကြဉ်ရန် သင့်ကို အကူအညီပေးနိုင်မည့် အကြံပြုချက်များကို ရယူပါ။ ဆရာဝန်နှင့် ဆွေးနွေး၍ အကြံပြုချက်များတောင်းခံပါ။
အထက်ပါ အကြံပြုချက်များသည် သင့်ကို ကျန်းမာပျောက်ရွှင်သော ဘ၀ဆီသို့ ဦးတည်တည့်မတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျှက်………….
မူရင်း။ ။မူရင်းလင့် အင်္ဂလိပ်လိုဖတ်ချင်ရင် ဒီနေရာ မှာ သွားဖတ်ရှုနိုင်ပါတယ်။
မှတ်ချက်။ ။ဘာသာပြန်ဆိုသူ ဦးဥတ္တမ မှ ပြန်လည်ဖော်ပြပါတယ်။
နှစ်သစ်ကူးရေးမှ ကရင့်အမျိုးသားရေး အတွေးများဆီသို့
ဖြစ်စဉ်မှန်သမျှ အကြောင်းတရားရှိရသည်။ အကြောင်းတရားရှိနေ၍ အကျိုးတရားဖြစ်ထွန်းလာရသည်။ အကောင်းအဆိုးမှန်သမျှ အကြောင်းတရားရှိနေခဲ့ခြင်း သဘောတွင် အကြောင်းနှင့်အကျိုးနှစ်ခု၏ အပြန်အလှန်ယှဉ်တွဲဖြစ်ထွန်းလာရခြင်း၏ နိယာမပင်ဖြစ်သည်။
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းမှာ ကရင်အမျိုးသား ရှိနေခဲ့၍ ဖြစ်သကဲ့သို့ ကရင်အမျိုးသားဘ၀ အရှည်တည်တံ့ရပ်တည်နိုင်ရေးအတွက် လိုအပ်သော အကြောင်းတရာများအနက် နှစ်သစ်ကူးပွဲတော် ကျင်းပနေကြခြင်းဖြစ်စဉ်သည်လည်း အခြေခံအရေးပါသော အကြောင်းတစ်ရပ် ဖြစ်လာခဲ့ရပါသည်။
လွန်ခဲ့သော နှစ်ရာကျော်ကာလက ဘာသာရေးကို အကြောင်းပြု၍ ခရစ်ဘာသာဝင်ကရင်များအချို့ ခေတ်ပညာတတ်ဖြစ်လာသည်။ နိုင်ငံရပ်ခြားရောက် သွားခဲ့ကြသည်။ နိုင်ငံတကာ အမြင်အတွေး ပတ်ဝန်းကျင်သစ်နှင့် ထိတွေ့ခဲ့ရာမှ အမျိုးသားရေး အတွေးအမြင်ရလာကြသည်။ အမျိုးသားအဖွဲ့ချုပ်`ဒေါကလု` ကိုပင်ဖွဲ့စည်းကြကာ ကရင်အမျိုးသားရေးရာကို ဆောင်ရွက်လာခဲ့ကြသည်။
သို့သော် `ဒေါကလု` အဖွဲ့တွင် စကောကရင်ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်ကြသောကြောင့် ခရစ်ယာန်မဟုတ်သော ကရင်များနှင့် ပိုးကရင်နွယ်စုတို့၏ ယုံကြည် အားကိုးထောက်ခံမှု အားနည်းခဲ့ကြောင်း
နောက်ပိုင်းကာလ ဆန္ဒခံယူပွဲစစ်တမ်းက ဖော်ပြလာသည်။ ထို့ကြောင့် ဘာသာစုံ၊အနွယ်စုံတို့ဖြင့် ပါဝင်ဖွဲ့စည်းရေး သင်ခန်းစာရခဲ့ကြသည်။ ဤသည်မှာ ထိုစဉ်ကတည်းက ဘာသာရေးနှင့် စကားစာပေများ ကွဲပြားမှုရှိနေခြင်းအပေါ် စည်းလုံးညီညွတ်ရေး ဖော်ဆောင်ရာတွင် ခွဲခြားမှုမရှိ၊ ဘက်လိုက်မှုအစွဲများ ကင်းရှင်းရန်လိုအပ်ကြောင်း၊ ကွဲပြားမှုအပေါင်း ပေါင်းစည်းကြရမည့်အသွင်ကို ညွန်းပြခဲ့ခြင်းပင်ဖြစ်ပါသည်။
ကရင်နှစ်သစ်ကူးနေ့
နှောင်းပိုင်းကာလ ဗြိတိသျှပါလီမန်လွှတ်တော် ကရင်အမတ်များက `ကရင်အမျိုးသားနေ့တစ်နေ့` အဖြစ် ပေါ်ထွန်းလာရန် စိုင်းပြင်းခဲ့ကြသည်။ သို့သော် ကရင်နှစ်သစ်ကူးနေ့ရက်အဖြစ်သာ တင်ပြတောင်းဆိုကြရန် နှစ်သိမ့်ခြင်းခံခဲ့ရသည်။ `နှစ်သစ်ကူးနေ့ရက်` တစ်ရက်အဖြစ် ရွေးချယ်အတည်ပြုရန်ပင် အလွန်ညှိနှိုင်းခဲ့ရသေးသည်။ အဘယ့်ကြောင့်ဆိုသော် ကွဲပြားပြန့်ကျဲနေသော ကရင်အမျိုးသားလူမှုအဖွဲ့အစည်းတွင် ဘာသာရေး၊ စကား၊ စာပေနှင့် နယ်မြေဒေသ ရိုးရာဓလေ့များအရ နှစ်သစ်ကူးခြင်းဓလေ့များ၊ နေ့ရက်များ ကွဲပြားလျက်ရှိနေသဖြင့် ကရင့်ဘ၀ဓလေ့နှင့် အကိုက်ညီဆုံးဖြစ်သော ကရင် နှစ် ဦးအစ သလေ ထိုင်ခုတ်ဖို ကို မြန်မာ ပြာသိုလနှင့် ကိုက်ညီကာ အများသဘောတူ အတည်ပြုခဲ့ကြသည်။
ဤသည်မှာ `မတူညီမှုများထဲမှ ညီညွတ်ခြင်းကို တည်ဆောက်ခြင်း` ပင်ဖြစ်သည်။ `Unity in Diversity` ဟုဆိုရမည်။ထို့ကြောင့်လည်း ၁၉၃၇-ခုနှစ်ကစခဲ့သော ကရင်နှစ်သစ်ကူးနေ့အား တစ်မိသားစုချင်း၊ တစ်စုတစ်ဖွဲ့ခြင်းမှ တစ်ရွာချင်း၊ တစ်မြို့နယ်ချင်း အတိုင်းအတာအထိ ပေါင်းစုဆင်နွှဲလာခဲ့ကြသည်တွင်
တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ပိုမိုပေါ်လွင်လာခဲ့သည်မှာ အထင်အရှားပင်။
ဆက်ဖတ်ရန်...
ပြာသို-တပို့တွဲ
၁၉၃၇-၃၈-ခုနှစ်မှ တရားဝင်ကျင်းပလာခဲ့သော ကရင်နှစ်သစ်ကူးပွဲတော်မှာ ၂၀၀၈-ခုနှစ်ထိဆိုလျှင် နှစ်ပေါင်း (၇၀)မျှပင် ရှည်ကြာလာပြီ ဖြစ်ပါ၏။ သို့သော် နှစ်သစ်ကူး အစီအစဉ်မှာ အစဉ်သာယာဖြောင့်ဖြူးခဲ့သည်ဟု မဆိုနိုင်ခဲ့ပေ။ ကိုလိုနီခေတ်နှောင်းပိုင်းမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းနှစ်များ (တော်လှန်ရေးကောင်စီ ခေတ်မတိုင်မီ) ၁၀၆၃-ခုနှစ်အထိ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားများကို အာဏာပိုင်အဖွဲ့အစည်းများ၊ ကရင်ပုဂ္ဂိုလ်လူကြီးများ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများက ဦးဆောင်၍လည်းကောင်း၊ မိသားစု၊ ကျေးရွာစုအလိုက်စုပေါင်း၍လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ၁၉၆၂-ခုနှစ်နှစ်ဦးပိုင်းတွင် တော်လှန်ရေးကောင်စီက ရယူခဲ့ပြီး ၁၉၆၃-ခုနှစ် အတွင်းပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ခဲ့သည်။ တောတွင်းရောက် တော်လှန်းရေးအဖွဲ့(၈)ဖွဲ့မျှ လာရောက်ခဲ့ကြသည်။ ကရင့်တော်လှန်ရေး အင်အားစုများဖြစ်ကြသော မန်းဘဇံခေါင်းဆောင်သည့် KNU အဖွဲ့နှင့် မုဆိုးကော်ကဆာ စောဟန်တာသာမွှေး ခေါင်းဆောင်သော KRC (ကရင်တော်လှန်ရေးကောင်စီ) တို့ လာရောက်ဆွေးနွေးခဲ့ကြသည်။ KRC အဖွဲ့မှတပါး အခြားသော တော်လှန်ရေးအင်အားစုတို့နှင့် ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ဘဲ ပျက်ပြယ်သွားခဲ့သည်။
KRC အဖွဲ့မှ ညှိနှိုင်းတောင်းဆိုချက်များအနက် အချက်တစ်ရပ်မှာ `ကရင်ပြည်နယ်` ဟူသော စကားရပ်အစား `ကော်သူးလေပြည်နယ်` ဟု ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးရန်ဖြစ်သည်။ တော်လှန်ရေးကောင်စီက သဘောတူလက်ခံ၍ `ကရင်ပြည်နယ်` အစား `ကော်သူးလေပြည်နယ်` ဟု ခေါ်ဝေါ်သုံးနှုန်းရန် တရားဝင်ထုတ်ပြန် ကြေငြာပေးခဲ့သည်။
မှတ်ချက်။ ။ ၁၉၇၄-ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲအတည်ပြုရန် ပြည်သူများထံ ချပြဆန္ဒရယူသည့်အခါ `ကော်သူးလေ` ဟူသော စကားရပ်ဝေါဟာရမှာ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသော စကားရပ်မဟုတ်ခဲ့၍ `ကရင်ပြည်နယ်` အဖြစ်သာသုံးစွဲရန်ပြန်လည်ပြင်ဆင်ပေးခဲ့ရပြန်သည်။
ဤသည်မှာ ကရင်တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုထည့်စဉ်းစားပေးရာ မရာက်ခဲ့ဘဲ တစ်စုတစ်ဖွဲ့ကိုသာ ကိုယ်စားပြုအလေးပေးခဲ့သည့်အသွင် ဖြစ်ခဲ့ခြင်းပင်။ ဆန္ဒစွဲမကင်းသော လုပ်ငန်းရပ် ရလဒ်ဟုပင် ဆိုရပါမည်။ သင်ခန်းစာယူစရာဖြစ်ခဲ့သည်။
နှစ်သစ်နေ့ရက်နှင့်ဗဟို
တော်လှန်ရေးကောင်စီနှင့်ဆွေးနွေးညှိနှိုင်းမှုပြေလည်ပြီး မကြာမီမှာပင် KRC က ယခင်ကိုလိုနီခေတ်က အတည်ပြုရယူလာခဲ့သော ကရင်နှစ်သစ်ကူးနေ့ရက် (သလေး-ထိုင်ခုတ်ဖို)ကို မြန်မာပြာသိုလနေ့ရက်နှင့် ညှိနှိုင်းယူထားခြင်းမှာ မှားယွင်းကြောင်း၊ ကရင်ပြက္ခဒိန်အရ (၁၃)လ ရှိကြောင်းနှင့် တပို့တွဲလသာလျှင် အမှန်ဖြစ်သင့်ကြောင်း၊ ပြောင်းလဲသတ်မှတ်ရန်လည်း ကြိုးပမ်းလာကြသည်။ ရှင်းလင်းဟောပြောပွဲများ ပြုလုပ်လာကြသည်။ သတင်းစာ၊ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားတင်ပြလာကြသည်။ တစ်ဖက်ကလည်း ပြာသိုလကိုသာ သမိုင်းဝင်နေ့ရက် တစ်ရက်အဖြစ် ကာကွယ်ထိန်းသိမ်းရန်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးမည့် အခြေခံကောင်းဖြစ်ကြောင်း၊ ပြန်လည်ဆွေးနွေးတင်ပြလာကြသည်။ ဤသို့ဖြင့်ကရင်နှစ်သစ်ကူးအရေးနှင့်ပတ်သက်၍ ပြာသို-တပို့တွဲ ပြဿနာဖြစ်လာသည်။ ထိုစဉ်ကာလကျရောက်လာမည့် ၂၇၀၄-ခုနှစ် ကရင်နှစ်သစ်ကူးနေ့ရက်အားအများပြည်သူတို့၏အလုပ်ပိတ်အားလပ်ရက်အဖြစ်
တရားဝင်ထုတ်ပြန်ကြေငြာခြင်း မပြုနိုင်ခဲ့ပေ။
ထိုအခြေအနေတွင် `သလေးထိုင်ခုတ်ဖို´ ပြာသိုလဆန်း(၁)ရက်နေ့သည်
တောင်ပေါ်မြေပြန့်ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်လာခဲ့သော သမိုင်းဝင်နေ့ရက်ဖြစ်၍ အပျက်မခံ၊ ထိန်းသိမ်းကာကွယ်ရန် တာဝန်ရှိကြသည်ဟု ရန်ကုန်မြို့နယ်စုံ ကရင်အမျိုးသားထု၏ ဘရေတန်ကျောင်းဝင်း၌ ကျင်းပသည့် လူထုအစည်းအဝေးမှ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ `ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)´ ကိုဖွဲ့စည်းကာ အစဉ်အလာမပျက် နှစ်သစ်ပွဲတော်ကို ကျင်းပလာခဲ့သည်။ ထိုမှစ၍ သမိုင်းဝင် ကရင်နှစ်သစ်ကူးနေ့ရက်မှာ မပြောင်းမလဲ တည်ငြိမ် မြဲနေပါ၏။
အခြေခံမူ ချမှတ်ခြင်း
အတိတ်ဖြစ်စဉ် သင်ခန်းစာများရယူပြီး ကရင်နှစ်သစ်ကူးကျင်းပရာတွင် အခြေခံမူ(၅) ရပ်ကို ချမှတ်လာခဲ့သည်။ ထိုမူ(၅)ရပ်မှ မသွေဖည်ဘဲ လမ်းညွန်မှုအဖြစ် ခံယူကျင့်သုံးရန် ဖြစ်ပါသည်။ ထိုအခြေခံလမ်းညွန်မှုတွင် အဓိကကျသည်မှာ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးစုံ စည်းလုံးညီညွတ်ရေးသို့ ရှေးရှူကျင်းပရန်ဖြစ်ပြီး တစ်မျိုးသားလုံးနှင့်ဆိုင်သော ဤနေ့ရက်အား ပုဂ္ဂိုလ်ရေး၊ စီးပွါးရေး၊ ဘာသာရေး၊ စကားစာပေအရေး၊ ၀ါဒသဘောတရား နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချခြင်း လုံးဝမပြုကြဘဲ အစွဲကင်းသည့် တူညီသော ကရင်အမျိုးသားစိတ်ဓာတ်တို့ဖြင့် ကျင်းပရန် ဖြစ်ပါသည်။
နှစ်သစ်ကူးရေးမှ ကရင်အမျိုးသားရေး
နှစ်သစ်ကူးပွဲတော်ကို တစ်နေ့တစ်ရက်တည်း မြန်မာနိုင်ငံတစ်ဝှမ်း ကျင်းပလာခဲ့သည်မှာ ၁၉၃၈ -ခုနှစ် မှအစပြုခဲ့သည်ဖြစ်ရာ နှစ်(၇၀) ကျော်ရောက်လာခဲ့ပါပြီ။ ကရင်အမျိုးသားတို့ နေထိုင်ရာနယ်မြေ ရောက်ရှိရာဒေသများတို့၌ တစ်မိသားစုချင်း၊ တစ်စုတစ်ဖွဲ့ချင်း၊ တစ်ရပ်ချင်း၊ တစ်မြို့နယ်ချင်း အစရှိသည်ဖြင့်
အတိုင်းအတာတစ်ခုစီတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြရာတွင် …
-နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ကို ကြိုဆိုသည့် အထိန်းအမှတ် အလှူပွဲအဖြစ်သော်လည်းကောင်း၊
-ကောက်ဦးပေါ်သည့်ကာလ ကောက်သစ်စားပွဲအဖြစ်သော်လည်းကောင်း၊
-ယဉ်ကျေးမှုဖော်ထုတ်သည့် ယဉ်ကျေးမှုပွဲတော် အဖြစ်သော်လည်းကောင်း ကျင်းပလာခဲ့ကြသည်။
အမျိုးသားရေးပွဲတော်နေ့ တစ်နေ့အဖြစ်သို့ ကျယ်ပြန့်သော အမျိုးသားထုအတွင်း ကွဲပြားမှု၊ ခြားနားမှုအပေါင်းတို့ ပေါင်းစုလက်တွဲကာ အနာဂတ်အမျိုးသားဘ၀အတွက် လျှောက်လှမ်းကြရမည့် ခရီးစဉ်နှင့်
လုပ်ငန်းအစီအစဉ်များဖော်ထုတ်ချမှတ်သွားရမည့် အချိန်အခါ ဆိုက်ရောက်လာခဲ့သလို လက်တွေ့အကောင်အထည် ဖော်ဆောင်ရမည့်အချိန်ကာလလည်း ဖြစ်နေပါပြီ။
နှစ်သစ်ကူးစိတ်ဓာတ်ဖြင့်
-တစ်မိသားစုချင်းမှ တစ်မျိုးသားလုံးပါဝင်ဆင်နွှဲလာသည့် နှစ်ကူးပွဲတော်၊
-ကွဲပြားနေခဲ့သော နေ့ရက်များမှ တစ်နေ့တစ်ရက်တည်းကို အများဆန္ဒနှင့်အညီ ညီညွတ်ရေးဖော်ဆောင်လာခဲ့သည့် နှစ်ကူးပွဲတော်၊
-မတူညီသည့် ဘာသာစကား၊ ကွဲပြားနေခဲ့သည့် ဘာသာတရား၊ ကွာလှမ်းကြသည့် နယ်မြေဒေသနှင့် ၀ါဒအမြင်
သဘောတရား ကွဲပြားမှုအပေါင်းတို့ ပေါင်းစုမိကြသည့် နှစ်ကူးပွဲတော်၊
-ထိုထိုသောကွဲပြားမှု၊ ခြားနားမှုအပေါင်းတို့ ဤနေ့ ဤရက်တွင် ကိုယ်ရောစိတ်ပါ ပေါင်းစုညီညွတ်ကြခြင်း၊ ချစ်ကြည် စည်းလုံးကြခြင်းမှာ တူညီသော နှစ်သစ်ကူးစိတ်ဓာတ် မွေးမြူကြ၍ ဖြစ်ပါသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဤနေ့ဤရက်တွင် ခံယူကြ၊ မွေးမြူကြ၊ ကျင့်သုံးကြသော စိတ်ဓာတ်မျိုးသည် `တကယ့်စစ်မှန်သော ကရင့်မျိုးချစ်စိတ်ဓာတ်` ပင်ဖြစ်ပါသည်။ နှစ်သစ်ကူးစိတ်ဓာတ်(၀ါ) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်မျိုးနေ့စဉ်မွေးမြူခံယူကျင့်သုံးကြမည်ဆိုပါလျှင်ယနေ့ကျွန်ုပ်တို့မျှော်လင့်ဖော်ဆောင်နေကြသော
စည်းလုံးညီညွတ်ရေး၊ ထိုမှတဆင့် ကရင့်အမျိုးသားဘ၀တိုးတက်ဖွံ့ဖြိုးရေးဆိုသည်မှာ လက်တစ်ကမ်းအကွာတွင်စောင့်စားကြိုဆိုနေလျက်ရှိပါကြောင်း ယုံကြည်ကြစေချင်ပါသည်။
နိဂုံးအားဖြင့် ဖော်ပြအသိပေးလိုသည်မှာ ကရင့်နှစ်သစ်ကူးနေ့ရက်ပွဲတော်အား သာမန်ပွဲငယ်တစ်ပွဲအဖြစ်မျှသာ ခံယူရှုမြင်ခြင်းမဟုတ်ပါဘဲ အထက်ဖော်ပြခဲ့ပါ အကြောင်းအရာများအရ ကရင်အမျိုးသားရေးပွဲတော် တစ်ရပ်အနေဖြင့် ရှူမြင်နိုင်ပါစေ၊ အတွေးများ ဆန့်ထုတ်နိုင်ပါစေ၊ အလုပ်များဖန်တီး ချမှတ်သွားနိုင်ပါစေ၊ အလုပ်များဖြင့်လည်း တိုးမြှင့်ဖော်ဆောင်သွားနိုင်ကြပါစေ ဟု ဆန္ဒပြုပါသည်။
၂၇၄၈-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် (မဟာရန်ကုန်) ကရင့်ကြေးမုံမှ
ကရင်လူမျိုးတို့၏ တရားဝင်နှစ်သစ်ကူးနေ့သည် ၁၉၃၈ ခုနှစ်တွင် အစပြုလာပြီး ၁၉၃၉ ခုနှစ်မှစ၍ နှစ်စဉ်ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပလာခဲ့ကြသည်။ ကရင်အမျိုးသားခေါင်းဆောင်များက တရားဝင်သော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို သတ်မှတ်ပေးရန် တောင်းဆိုချက်အရ အင်္ဂလိပ်အစိုးရက ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့တွင် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေငြာပေးခဲ့သည်။
ပြာသိုလဆန်း ၁ ရက်နေ့တွင် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကရင်အမျိုးသား လွတ်တော်အမတ်များက ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှအစိုးရထံ တောင်းဆိုကြသည်။သို့သော် အလွယ်တကူကား မရရှိချေ။ ထိုအချိန်မတိုင်မီက ၁၉၃၅ ခုနှစ်တွင် ကရင်အမျိုးသားခေါင်းဆောင် ဆရာဦးစံဘော် (သာယာဝတီ) က ကရင်အမျိုးသား တစ်ရပ်လုံးနှင့်ဆိုင်သော ''ကရင်အမျိုးသားနေ့'' တစ်နေ့ကို အသိအမှတ်ပြုပေးရန် ပါလီမန်တွင် တောင်းဆိုခဲ့ဘူးသေးသည်။ ယင်းသည် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ချေ။
''ကရင်အမျိုးသားနေ့'' အစား ''ကရင်နှစ်သစ်ကူးနေ့'' ကို တောင်းဆိုရန် ဗြိတိသျှအစိုးရက အဆိုပြုလာသည်။ ထို့နောက်တွင် ဒေါကလူ (ခေါ်) ကရင်အမျိုးသားအဖွဲ့ချုပ်သည် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ တောင်းဆိုရေးကို အပတ်တကုတ် ဆောင်ရွက်လေသည်။ တောင်းဆိုချက်နှင့် ပတ်သက်၍ တရားဝင်ဖြစ်စေရန် ဥပဒေ အောက်လွှတ်တော်တွင် စတင်တင်သွင်းရမည်ဖြစ်ရာ ထိုစဉ်က လွှတ်တော်အမတ် တောင်ငူနယ်သား စောဂျွန်ဆင်ဒီဖိုးမင်းကို တာဝန်ပေးအပ်ကြလေသည်။
ဆက်ဖတ်ရန်...
ကရင်နှစ်သစ်ကူးနေ့အတွက် ကြိုးပမ်းခဲ့သောကရင်ခေါင်းဆောင်များ
စောဂျွန်ဆင်ဒီဖိုးမင်းသည် ယင်းအား ပေးအပ်ထားသော တာဝန်များဖြစ်သည့် ကရင်လူမျိုးတို့၏ ခုနှစ်သက္ကရာဇ်နှစ်ပေါင်း မည်မျှရှိနေသည် မည်သည့် နေ့ ရက် လ တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သတ်မှတ်သင့်သည်ဟူသော တာဝန်ကို ပေးအပ်လိုက်ကြသည်။ စောဂျွန်ဆင်ဒီဖိုးမင်းသည် မိမိဒေသ တောင်ငူနယ်သို့ပြန်၍ ကရင်ခေါင်းဆောင်များနှင့် ညှိနှိုင်းတိုင်ပင်ကြသည်။ ထိုသို့ ညှိနှိုင်းတိုင်ပင်ရာတွင် ကရင်လူမျိုးတို့၏ ကောက်ဦးစားပွဲ တောင်ယာစတင်ခုတ်ခြင်းပြုသော အရှေ့ပိုးကရင်တို့၏ ''ထါင့်ခုက်ဖေါဟ်'' လကိုရွေးချယ်လိုက်ကြသည်။ စောဂျွန်ဆင်ဒီဖိုးမင်းသည် ၁၉၃ရ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဥပဒေပြု အောက်လွှတ်တော်သို့ အဆိုကိုတင်သွင်းလေသည်။ ထိုအဆိုကို ကရင်အမတ်အချို့က ထောက်ခံသော်လည်း ကရင်အမတ်အချို့က မထောက်ခံဘဲ ရှိနေကြရာ နောက်ဆုံးတွင် လွှတ်တော်က လက်ခံလိုက်သော်လည်း အတည်ပြု ပြဌာန်းခြင်းမရှိချေ။ ထိုစဉ်က စောဂျွန်ဆင်ဒီဖိုးမင်းသည် ဦးပုအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး၏ အတွင်းဝန်အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။ အဆိုကို တင်သွင်းချိန်တွင် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရတက်လာရာ ကရင်ဝန်ကြီးအချို့က ပါတီစွဲရှိနေ၍ စောဂျွန်ဆင်ဒီဖိုးမင်း တင်သွင်းသော အဆိုကို မထောက်ခံဘဲ လွှတ်တော်တွင် သောင်တင်နေတော့သည်။
ဥပဒေအောက်လွှတ်တော်တွင် သောင်တင်နေခြင်းကို အထက်လွှတ်တော် အမတ်များဖြစ်သည့် ဆရာစံဘော်၊ ဆရာဆာစံစီဖိုးနှင့် ဆရာမန်းရွှေဘတို့က ဦးဆောင်ပြီး ထက်မံညှိနှိုင်းရပြန်သည်။ ထိုသို့ ညှိနှိုင်းပြီးနောက် အချို့သော ကရင်ဝန်ကြီးများ၏ အကူအညီဖြင့် ဒေါက်တာဘမော် အစိုးရအဖွဲ့သို့ တင်သွင်းကြလေသည်။ ဒေါက်တာဘမော် အစိုးရအဖွဲ့၏ လက်ခံသဘောတူညီချက်အရ (Cabinet Executive Power) ဖြင့် အတည်ပြု ပြဌာန်းပေးရန် ဘုရင်ခံသို့ တင်သွင်းလေသည်။ နောက်ဆုံးတွင် ၁၇၃၇ ခုနှစ်ကုန်ခါနီး ဘုရင်ခံက (Negotiable Instrument Act) အရ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာပေးလိုက်သည်။ ထိုမှစ၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် တရားဝင်ရုံးပိတ်ရက်အဖြစ် တည်ရှိလာခဲ့လေသည်။
ကရင့်ခုနှစ်ရေတွက်ခြင်း
ကရင်လူမျိုးတို့ ခုနှစ်ကို ရေတွက်ရာတွင် ကရင်လူမျိုးနွယ်စု များမြန်မာနိုင်ငံသို့ အုပ်စုအလိုက် ထွက်ခွာလာရာမှ အုပ်စုအားလုံး ရောက်ရှိသောနှစ်ကို စတင်ရေတွက်ယူကြသည်။
သမိုင်းအရ ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ မြေပြန့်ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ်၊ သံလွင်မြစ်၊ ယန်စီမြစ်ကြားတို့တွင် တရွေ့ရွေ့ ရေကြည်ရာ မြက်နုရာကို ရှာဖွေ၍ ဆင်းသက်လာကြရာတွင် အုပ်စုတစ်ဖွဲ့မှာ မြန်မာနိုင်ငံ ရမည်းသင်းနှင့် တောင်ငူဒေသတို့တွင် စတင်နေထိုင်ကြသည်ဟုဆိုကြသည်။ ကျန်အုပ်စုတစ်ဖွဲ့မှာ တရုတ်ပြည် ယူနန်နယ်တွင် ရောက်ရှိသွားသည်ဟုဆိုကြသည်။ တရုတ်ပြည် ယူနန်နယ်တွင် နေထိုင်သူတို့သည် အုပ်စု ၂ စုခွဲ၍ ထွက်လာကြရာ ပထမအုပ်စုသည် တရုတ်ပြည် ယူနန်နယ်မှ ဘီစီ ၁၁၂၈ ခုနှစ်တွင် စတင်ထွက်ခွာလာပြီး မြန်မာနိုင်ငံသို့ ဘီစီ ၁၁၂၅ ခုနှစ်တွင် ရောက်ရှိကြသည်။ တဖန် ဒုတိယအုပ်စုသည် ဘီစီ ၇၄၉ ခုနှစ်တွင် ယူနန်နယ်မှထွက်ခွာလာပြီး မြန်မာနိုင်ငံသို့ ဘီစီ ၇၃၉ ခုနှစ်တွင် ရောက်ရှိကြသည်။သို့ကြောင့် ကရင်လူမျိုးစုများအားလုံး ဘီစီ၇၃၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိကြ၍ ထိုအချိန်ကို ကရင်ခုနှစ်အဖြစ် စတင်ရေတွက်ယူကြသည်။ သို့ဖြစ်ရာ ဘီစီ ၇၃၉ နှင့် ခရစ်ခုနှစ်ကိုပေါင်းသော် ကရင်အမျိုးသားခုနှစ် ဖြစ်လာသည်ဟု သတ်မှတ်ကြသည်။
နှစ်သစ်ကူးနေ့ရွေးချယ်ခြင်း
ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ရွေးချယ်ရာတွင် ကရင်အမျိုးသား ခေါင်းဆောင်တို့က အယူအဆနှင့် သဘောထားများ သုံးမျိုးသုံးစားရှိခဲ့သည်။
(၁) ကမ္ဘာ့လဆန်း ၁ ရက်နေ့ (ဇန်န၀ါရီလ ၁ ရက်နေ့) ကို ကရင်နှစ်သစ်ကူးနေ့ သတ်မှတ်ရန် ဆန္ဒရှိသူများ။
(၂) ဆရာယုဒသန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသောနေ့ကို သတ်မှတ်ရန် ဆန္ဒရှိသူများ။
(၃) ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်လိုသူများ။
ထိုသဘောထား အယူအဆသုံးရပ်ကို နောက်ဆုံး ညှိနှိုင်းသုံးသပ်အဖြေရှာကြရာ ပထမအချက်ဖြစ်သော ကမ္ဘာ့နှစ်ဆန်း ၁ ရက်နေ့သည် ကမ္ဘာသူ ကမ္ဘာသား တစ်ရပ်လုံးနှင့် သက်ဆိုင်၍ ကရင်အမျိုးသား နှစ်သစ်ကူးနေ့သည် သီးခြားရှိသင့်သည်ဟု သဘောရရှိသည်။ ဒုတိယအချက်ဖြစ်သော ဆရာယုဒသန် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့ကို သတ်မှတ်ရန်မှာ ဆရာယုဒသန်သည် ခရစ်ယာန် သာသနာပြုတစ်ဦးဖြစ်၍ ခရစ်ယာန်ဘာသာဝင်တို့အဖို့ သင့်လျော်သည်ရှိသော်လည်း အခြားဘာသာဝင် ကရင်အမျိုးသားတို့အဖို့မှာ သင့်လျော်နိုင်မည်မဟုတ်ချေ။ ထို.ကြောင့် ပထမအချက်နှင့် ဒုတိယအချက်ကို လက်ခံစဉ်းစားရန် အကြောင်းမရှိတော့ချေ။ နောက်ဆုံးတွင် တတိယအချက်ဖြစ်သော ပြာသိုလဆန်း ၁ ရက်နေ့ကိုသာ ရွေးချယ် သတ်မှတ်လိုက်ကြသည်။
ပြာသိုလ၏ထူးခြားချက်
ပြာသိုလသည် ကရင်လူမျိုးတို့၏ ဘ၀ဓလေ့ လုပ်ငန်းသဘာဝနှင့် အမျိုးသားချင်းစည်းလုံးမှုကို ဖော်ဆောင်နိုင်ခြင်းဖြင့် အောက်ပါထူးခြားချက်များ ရှိနေပေသည်။
(၁) ပြာသိုလသည် စကောကရင်လူမျိုးတို့၏ လ ရေတွက်သတ်မှတ်သော သလေလ နှင့် ပိုးကရင်တို့၏ ထါင့်ခုက်ဖေါဟ် လနှင့်ကိုက်၍ ညီညွတ်နေခြင့်း။
(၂) ပြာသိုလဆန်း ၁ ရက်နေ့သည် စကောကရင်တို့၏ သလေလ၊ ပိုးကရင်တို့၏ ထါင့်ခုက်ဖေါဟ်လနှင့် ကိုက်ညီနေ၍ အချင်းချင်း စည်းလုံးညီညွတ်မူကို ဖော်ဆောင်နိုင်ခြင်း။
(၃) ပြာသိုလသည် ကောက်ဦး ကောက်သစ် သီးနှံများထွက်ပေါ်၍ ကရင်လူမျိုးတို့၏ ရှေးအစဉ်အလာအရ ကရင်လူမျိုးတို့ ကောက်ဦးစားပွဲကျင်းပခြင်း၊ တောင်ယာများစတင်ခုတ်ထွင်ရန် ရက်သတ်မှတ်ခြင်း၊ အိုးသစ်အိမ်သစ်များဆောက်လုပ်၍ အိမ်သစ်တက်မင်္ဂလာ ပြုလုပ်ခြင်း စသည့် ၀ိသေသထူးခြားချက်ရှိခြင်း။
(၄) သို့ကြောင့် ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်လူမျိုးတို့၏ ဘာသာမရွေး အားလုံးက လက်ခံနိုင်ခြင်း။
အထက်ပါ ထူးခြားလှသောပြာသိုလ၏ ကြန်အင်လက္ခဏာများကို အခြေပြု၍ ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်အမျိုးသား နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်လိုက်ကြသည်။
မန်းသင့်နောင် (ကော့ကရိတ်)
တရားဝင်နှစ်သစ်ကူးနေ.အကြောင်းပေးပို.လာသော နန်း အားကျေးဇူးအထူးတင်ရှိပါသည်
မူရင်း။ ။ကိုးရီးယားမိတ်သဟာယအဖွဲ့ မှ ပြန်လည်ဖော်ပြပါတယ်။
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)
ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။
ဆက်ဖတ်ရန်...
ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက် အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။
ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။
ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။
မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့် ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟု ယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။
ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers – Vol VIII, part 1, Oct, 1975, p 59)။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
မူရင်း။ ။ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။
ကောင်းကင်တစ်ခွင်၊ တိမ်ကင်းစင်၍၊
ထင်ထင်လင်းလင်း မြင်ရ၏။
လေပြည်တိုက်လာ၊ ရော်ရွက်ဝါများ၊
မြေမှာခရ ရှာပါ၏။
စိမ့်ထဲမြိုင်ထဲ၊ ရွက်သစ်လဲချိန်၊
ပူကဲချိန်မှာ ငှက်သဘာဝ၊
ခါခါတွန်ကျူး၊ ပုစ်ဖူးပေါ်၊
ပျော်မြူးငေးမော၊ ငှက်သဘောမို့၊
ဥသြတွန်သံ အဖန်ဖန်ကြား၊
ပြင်းထန်ခံစားရပါ၏။
ပိတောက်ဝေဖြာ၊ ရနံ့လာ၍၊
ရင်မှာ အေးစက်၊ နွေခါရက်ကို၊
နှစ်သက်ကြည်နူးမိပါ၏။
ထို့ကြောင့်…ရာသီပွင့်လင်း၊
လေပြည်ညှင်းနှင့်၊ လွမ်းချင်းစုကာ၊
နွေမျက်နှာကို၊ ကဗျာဖွဲ့ဆို၊
အလွမ်းပိုလို့၊ ရှိုက်ငိုမိတယ်…နွေရယ်။










