Nov 30, 2009
နွေ...
ကောင်းကင်တစ်ခွင်၊ တိမ်ကင်းစင်၍၊
ထင်ထင်လင်းလင်း မြင်ရ၏။
လေပြည်တိုက်လာ၊ ရော်ရွက်ဝါများ၊
မြေမှာခရ ရှာပါ၏။
စိမ့်ထဲမြိုင်ထဲ၊ ရွက်သစ်လဲချိန်၊
ပူကဲချိန်မှာ ငှက်သဘာဝ၊
ခါခါတွန်ကျူး၊ ပုစ်ဖူးပေါ်၊
ပျော်မြူးငေးမော၊ ငှက်သဘောမို့၊
ဥသြတွန်သံ အဖန်ဖန်ကြား၊
ပြင်းထန်ခံစားရပါ၏။
ပိတောက်ဝေဖြာ၊ ရနံ့လာ၍၊
ရင်မှာ အေးစက်၊ နွေခါရက်ကို၊
နှစ်သက်ကြည်နူးမိပါ၏။
ထို့ကြောင့်…ရာသီပွင့်လင်း၊
လေပြည်ညှင်းနှင့်၊ လွမ်းချင်းစုကာ၊
နွေမျက်နှာကို၊ ကဗျာဖွဲ့ဆို၊
အလွမ်းပိုလို့၊ ရှိုက်ငိုမိတယ်…နွေရယ်။
စောနန်းဝေ(၀င်းရော်)
Nov 29, 2009
အီးမေးလ် ပုံများ ပြုလုပ်နည်း
Email- ပုံများ ပြုလုပ်နည်း
Email- icon ပုံများ ပြုလုပ်နည်းလေးပါ..။မသိသေးသူများအတွက်ပါ။ တစ်ခါတစ်လေကျတော့ လွယ်လွယ်လေးနဲ့ ရှာရခက်တတ်ပါတယ်။ အရင်ကဆိုရင် မသိလို့ တော်တော်ရှာယူရပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့ရင် လွယ်ကူအောင်လို့ တင်ပေးလိုက်ပါတယ်။ ကိုယ့်အီးမေးလ် လိပ်စာကို ရိုက်ထည့်ပြီး genarate ထုတ်လိုက်ရုံပါပဲ။ အောက်က လင့်ကို သွားလိုက်ပါ။
ဒီနေရာ မှာ သွားပါ။
animation icon ပုံလေးများ
နောက် Email- icon animation လုပ်ပြီးသားများကို လိုချင်သူများအတွက် အောက်ကလင့်ကိုနှိပ်ပြီး...ဒေါင်းလုတ်ယူနိုင်အောင် ဖော်ပြလိုက်ပါတယ်...။
  • ဒီနေရာ နဲ့ ဒီနေရာမှာ သွားယူနိုင်ပါတယ်...။
    အဆင်ပြေ ပျော်ရွှင်ပါစေ..။
    Nov 27, 2009
    ကရင်ရာဇ၀င်နှင့် ဦးပညာ(ကောက်နှုတ်ချက်)
    သူ့အမြင်သူ့အကြောင်း
    မြန်မာ့သမိုင်းအပေါ်တွင် ရှုမြင်ကြရာ၌ ပညာရှင်များအတွင်းဝယ် အမြင်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အမျိုးသားပညာရှင်အမြင်ဖြစ်၍ တစ်မျိုးမှာ နိုင်ငံခြားပညာရှင်အမြင်ဖြစ်ပါသည်။ အမျိုးသားသမိုင်းအမြင်ဘက်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှ အစပြု၍ ဆရာကြီးများဖြစ်ကြသော ဦးဘိုးလှ၊ ဦးသာမြတ်၊ သူရိယဦးသိန်းမောင်၊ ပါမောက္ခဦးအေးမောင်(တက္ကသိုလ်မောင်သန့်စင်)၊
    ဒဂုန်ဦးလှဖေနှင့် ဦးသိန်းဖေမြင့်တို့ ပါဝင်ကြသည်။နိုင်ငံခြား သမိုင်းအမြင်တွင် ရန်ကုန်တက္ကသိုလ် အရှေ့ဖျားသမိုင်းဌာနမှ ပါမောက္ခ မစ္စတာ လုစ်(ဆရာကြိး လုစ်)နှင့် တပည့်များ ပါဝင်သည်။
    ယင်းအမျိုးသားသမိုင်းအမြင်နှင့် နိုင်ငံခြားသမိုင်းအမြင်၌ အဓိက ကွဲလွှဲသည့်အချက်မှာ `မြန်မာအစ တကောင်းက`နှင့်` မြန်မာအစ ကျောက်ဆည်က` အယူအငင် အမြင်ခြားနားမှုပင် ဖြစ်ပါသည်။
    ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို ရေးသားရာတွင် အထက်ဖော်ပြပါ အမျိုးသားသမိုင်းအမြင်ပေါ်တွင် ခြေစိုက်၍ ရေးသားထားသည်။သို့ဖြစ်၍ ကရင်ရာဇ၀င် ဦးပညာသည် `မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာဝင်` နှင့်လည်း ဆက်စပ်နေပြန်သည်။
    ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် သထုံဇာတိသား ကရင်လူမျိုးတစ်ဦးလည်း ဖြစ်သည်။ အထူးသဖြင့် ပိုးကရင် လူမျိုးဖြစ်သည်။ ဦးပညာသည် သူ၏ ကရင်ရာဇ၀င်စာအုပ်၌ ပိုးကရင်ကို (တလိုင်းကရင်-မွန်ကရင်)ဟူ၍၄င်း၊ စကောကရင်ကို (ဗမာကရင်)ဟူ၍၄င်း၊ ကွေကရင်နှင့် ရှမ်းကရင်ကို( ကြက်ဖိုးကြီး) ရာဇ၀င်နှင့် ဆက်စပ်နေသောကြောင့် ကရင်နီ(ကယား)ကို ဆိုလိုဟန်ရှိပေသည်။
    ဆက်ဖတ်ရန်...
    ကရင်ရာဇ၀င်ရေးသားသူ ဦးပညာသည် မူလက ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ရဟန်းဘ၀တွင် ကရင်ရာဇ၀င်ကို လေ့လာလိုက်စားခဲ့သည်။ လူဝတ်ကြောင်ဘ၀၌
    ယင်း ကရင်ရာဇ၀င်စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ထို့ကြောင့် ဦးပညာသည် ကရင်ရာဇ၀င်ဆရာကြီး ဖြစ်လာလေသည်။
    ကရင်ရာဇ၀င်အစ
    ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်ကို ရေးသားပြုစုရာတွင် အမျိုးသားသမိုင်းပညာရှင်များ အကိုးအကားပြုသည့်အတိုင်း `ရှမ်းမျိုး၊ တိံသာ၊ မြန်မာသတ္တ၊ မွန်သုံးဝနှင့်၊ ဧကစွန်းကယ်။ ခြောက်ဆယ်ကုလား၊ ရာ့တစ်ပါး´ဟု လူမျိုးတစ်ရာ့တစ်ပါးကို၎င်း၊ `သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ`ဟု မှန်နန်းရာဇ၀င်ကြီးကို ကိုးကား၍ ရေးသားပြုစုခဲ့သည်။`ကရင်သဒ္ဒါ ဖြစ်ပေါ်လာပုံ၊ ကရင်မျိုးနွယ်စုများအကြောင်း၊ ကရင်လူမျိုးများ၏ ဒေသနှင့် ၀ံသ` စသည်တို့ကို `ဇာတ်ပန္နက်` ရိုက်နှက်ပြထားပေသည်။ထို့ပြင် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ယင်းရာဇ၀င်စာအုပ်ကို မည်သို့မည်ပုံ ကြိုးပမ်းအားထုတ်၍ ရှာဖွေဖော်ထုတ်ခဲ့ရပုံများကိုပါ သူ၏ ကရင်ရာဇ၀င်နိဂုံးပိုင်းတွင် စိတ်ဝင်စားဖွယ် ရိုးသားစွာပင် ရေးသားထားလေသည်။
    မြန်မာသက္ကရာဇ်(၁၂၇၀)ပြည့်နှစ် နတ်တော်လအတွင်း မော်လမြိုင်(ကျိုက္ခမီ ဒီစကြိတ်) ကော့ကရိတ်မြို့သို့ ကျွန်ုပ်တို့ ရောက်ခဲ့တဲ့အခါ ငယ်စဉ်က မိတ်ဆွေဟောင်းများ ဖြစ်ဖူးသော ၄င်းကော့ကရိတ်မြို့ အရှေ့တောင်(၃) မိုင်ခန့်ဝေးသော အရဒ်မြို့ဟောင်းရွာကျောင်း၌ နေသော ရဟန်းသိက္ခာ(၂၅) ၀ါရ ဦးနန္ဒမာလာ အမည်ရှိသော ကျောင်းထိုင်ဘုန်းတော်ကြီးက ဖိတ်ခေါ်သဖြင့် အပေါင်းအဖော်တို့နှင့်တကွ မြို့ဟောင်းရွာကျောင်းသို့ ရောက်ကြလေသည်။ဘုန်းတော်ကြီးသည် ပဲခူးမြို့ ဇိုင်းဂနိုင်းအရပ်တွင် ရှမ်းလူမျိုးအမိတို့မှ မွေးဖွါး၍ ကြည့်မြင်တိုင်စမ်းချေင်းအရပ်၌ ကြီးပြင်းလျက် အရွယ်သို့ရောက်သောအခါ `ဒွါရ၀ါဒီဂိုဏ်း` တွင်
    သာမဏေပြု၍ စာပေပရိယတ်ကို သင်ကြားခြင်း၊ အသက်ပြည့်သောအခါ ရဟန်းပြု၍ မန္တလေးသို့ တက်ရောက်လျက် ဘုရားဟော ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ပြီးနောက် အောက်ပြည်သို့ ပြန်ကြွခဲ့သည်။ ဇာတိဖြစ်သော ရှမ်းဒါယကာများ ပင့်ဖိတ်သဖြင့် ၄င်းမြို့ဟောင်းသို့ရောက်ရှိ၍ ကျောင်းထိုင်အဖြစ် သီတင်းသုံးလေသည်။
    ထိုမြို့ဟောင်းရွာကျောင်း၌ ကျွန်ုပ်တို့ရောက်ကြ၍ နောက်နေ့၌ပင်လျှင် ဒေါနတောင်တန်းကြီးနှင့် ဆက်စပ်လျက်ရှိသော တောင်ငယ်တစ်ခုပေါ်သို့ အလိုရှိသော ပစ္စည်းဝတ္ထများကို ရှာဖွေရန်၊ ဒေသန္တရဗဟုသုတဖြစ်စေရန် တက်ကြလေရာ တောင်ပေါ်သို့ရောက်သောအခါ မြို့ရိုးကျူံးဟောင်းများနှင့်ပြည့်စုံသော မြို့ဟောင်း၊မြို့ပျက်ကြီးတစ်ခုကို တွေ့မြင်ရ၍ ထိုမြို့ဟောင်း၏ အကြောင်းအရာတို့ကို မေးမြန်းသောအခါ ထိုရွာမှ လိုက်ပို့ကြသူများကနှင့် ကျောင်းထိုင်ဘုန်းတောကြီးတို့က ပြောပြသည်မှာ ဤမြို့ဟောင်းကြီးကြောင့် ဤရွာကိုလည်း ´မြို့ဟောင်းရွာ`ဟု မြန်မာလိုခေါ်ကြောင်း၊
    ရှေးအခါက ကရင်လူမျိုးနန်းစံနေထိုင်ဖူးသော ကရင်မင်း၏အကြောင်းအရာ ရာဇ၀င်များ အထောက်အထားရှိပါသလားဟု မေးမြန်းသောအခါ ကျောင်းဒါယကာကြီး `ဦးဣန္ဒ` ၏ အထံ၌ ပအူ(ပအို့) တောင်သူဘာသာဖြင့် ဤမြို့ဟောင်း၏ ရာဇ၀င်ရှိကြောင်းကို ပြောပြသဖြင့် တောင်ပေါ်မြို့ဟောင်းမှ ဆင်းကြ၍ကျောင်းဒါယကာကြီး ဦးဣန္ဒထံ သို့ သွားရောက်မေးမြန်းလေရာ ရှမ်းပြည် `မိုင်းခိုင်း` မြို့မှလုပ်သော စက္ကူအဖြူပေါ်တွင် မှင်နက်ဖြင့် ပအူ(ပအို့)တောင်သူဘာသာ အက္ခရာစာဖြင့် ရေးသားထားသော အလျားအရှည်ပေ တစ်တောင်ခန့်၊ အနံ(၁၄) လက်မခန့်၊ စာရွက်ရေ (၁၉)ရွက်ကို ဖျင်ထည်ဖြင့် မျက်နှာဖုံးပြုလျက် လိပ်ထားသောကရင်ရာဇ၀င်ကို ပြသလေသည်။
    ၎င်းကရင်ရာဇ၀င်သည် နှစ်(၂၀)ခန့် အသုံးမပြုဘဲ ရှိခဲ့ရာ (၁၂၈၈)ခုနှစ်လောက်မှ ကရင်လူမျိုးတို့သည် နိုးကြားထကြွ ရှိလာသဖြင့် ကရင်ရာဇ၀င်အလိုရှိကြောင်း သိရှိရ၍ ယခုအခါ မော်လမြိုင်မြို့ ကြံခင်းကျောင်းတွင် ဂဏ၀ါစကပဌမစာချ ဘုန်းတော်ကြီး ကရင်လူမျိုး ဦးဥတ္တမက မေးမြန်းပြန်သဖြင့် (၁၂၇၀)ပြည့်နှစ်က ကူးယူရရှိသော ကရင်ရာဇ၀င်ရှိဖူးကြောင်းပြောပြ၍ ဘုန်းတော်ကြီးက တိုက်တွန်းသဖြင့် ၎င်းဘုန်းတော်ကြီး၏ သမဂ္ဂဖြစ်သော ကရင်လူမျိုးဆရာတော် နောင်တမန်ဘုန်းတော်ကြီး၊ မြပတိုင်ဘုန်းတော်ကြီး၊ ရေပူဘုန်းတော်ကြီး၊ နောင်လုံနယ် မြပေဘုန်းတော်ကြီး၊ ဒုံရင်း မြို့ဟောင်းနေရာ ရွာကျောင်းဘုန်းတော်ကြီး စသော ကရင်လူမျိုးဆရာတော်ကြီးများက လျှောက်ထားတိုင်ပင်၍ ထိုကရင်ရာဇ၀င်ကျမ်းဟောင်းကို ပြုစုလျက် ရေးသားလိုက်ပေသည်။ ယင်းသို့ဖြင့် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို အပြီးသတ် တိုင်ဆိုင်ညှိနှိုင်း ဖြည့်စွက်ကာ အပြီးသတ် ကရင်ရာဇ၀င်စာအုပ်ဖြစ်လေသည်။ ထိုသို့ရေးသားရာ၌ ကိုးကားအထောက်အကူပြုသည့် စာအုပ် အရေအတွက်ပေါင်းမှာ (၂၀)ကျော်မျှ ရှိလေသည်။
    စာရေးဆရာ မောင်စင်ကြယ် ရေးသားထားသော မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ စာအုပ်မှ
    ကောက်နှုတ်ဖော်ပြပါသည်။
    Nov 24, 2009
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
    သုတေသနစာတမ်း
    စောဖော (ရန်ကုန်တက္ကသိုလ်)
    ကမ္ဘာ့လူမျိုးနွယ်များ
    ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
    ၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
    ၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
    ၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
    နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
    ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။
    အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
    မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
    ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
    ဆက်ဖတ်ရန်...
    မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
    အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
    သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
    လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
    ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
    ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။
    အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
    ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
    ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
    ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။
    ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
    အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
    စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
    ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
    လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
    ၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
    ၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
    ၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
    ၄။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
    အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
    ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
    မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, - )
    သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
    အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
    ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
    ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
    သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
    ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
    ဆက်လက်ဖော်ပြပါမည်။
    မူရင်း။ ။ ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။
    Nov 23, 2009
    Pee Bee Yaw
    ကရင်ရိုးရာဓလေ့များကိုလေ့လာသောမိတ်ဆွေများ ပိုမိုသိရှိနားလည်ရင်အလို့ငှါ အဂ်လိပ်လိုလည်းတင်ထားပေးလိုက်ပါသည်။ စာဖတ်သူညီအစ်ကိုမောင်နှမများအတွက်ပါ..။
    There once lived a young pair of orphans, brother and sister, whose parents had left them only four annas in silver. Because they were orphans, they were despised and belittled. Finally they were driven out of the village by their neighbors, lest the misfortune of orphan hood should prove contagious...
    They maintained a precarious existence by the most laborious toil, living in a little hut at some distance from the clan to which they belonged. A famine arose in the land and the clansmen were obliged to go to a neighboring country to replenish their slender stock of grain. When the supply of paddy of Po Khai - the orphan boy, was exhausted, his sister brought out the cherished piece of silver their parents had left them and asked him a despairing mood, he said, ‘What is the use? Four annas…’ worth of rice will prolong our miserable lives but a few hours.
    As starvation is inevitable, let us meet our fate at once. His sister pleaded that, unhappy as their lives were, they had entered the world with great pain, trouble and care to their parents so they should not leave it till every means to prolong existence had been exhausted. To please his sister Po Khai went, following the clan at a distance as he would not be allowed to mix with their party. When the party returned, they saw in the depths of the jungle by the side of the road an old woman, her body up to her neck completely covered with creepers, which had wound themselves firmly around her body.”
    ဆက်ဖတ်ရန်...
    “As the party approached, the old woman screamed, ‘Cut me loose, cut me loose.’ The clansmen declined, as the old woman would want to go home with them, and would eat them out of house and home. After the whole party had passed, Po Khai came along.”
    “The old woman redoubled her cries as there was but one left from whom she could hope for release. Po Khai thought to himself, ‘I must die, and even if the old woman goes home with me, it can make but a few hours’ difference.’ So he cut away the creepers and the old lady slipped dancing out on the road, saying, ‘Hurry up, grandson, for grandmother is perishing with hunger.’ The old woman was really Pee Bee Yaw, which means’ Grandmother with the bound waist.’ When the sister saw her brother returning, she thought, ‘My brother must be mad to invite guests to dinner when four annas’ worth of rice bought at famine prices are all or store.’ Her brother, seeing her frowns, hastily ran up into the house and begged his sister not to refuse the hospitality universally shown by the Karen. He reminded her how their parents never sent anyone hungry away, and begged his sister to keep up the ancestral custom, even though they were in the very jaws of death.
    The old woman at once slipped into the kitchen and called the young girl to cook in haste, as she was very hungry. With a heavy heart the young girl was just pouring into the pot all the rice her brother had brought home when the old woman checked her sharply, ‘What a wasteful child! Seven grains of rice are quite enough.’ ‘Grandmother,’ replied the girl, ‘I know how to cook a pot of rice, but I don’t know how to cook only seven grains of rice.’ The old woman spoke up sharply, ‘Obey orders when your elders command you, and ask no questions.’ Abashed at the sharp tone of the old woman, the girl counted out seven kernels, and the old woman approached the pot with mystic passes and the pot became full. At seven grains to a meal, Po Khai saw that the rice he had purchased was amply sufficient for his wants, and knew that a good power had stepped in to save him.
    When the news of the daily miracle reached the clan, they assembled and claimed Pee Bee Yaw refused to go either it, reminding them that they had forfeited their right as the first finders by their refusal to cut her loose from the creepers. Of course, this refusal laid the foundation of much hatred towards Po Khai and his sister. When the time came to cut the Khu (hill garden) Pee Bee Yaw told Po Khai to clear the jungle from seven hills and prepare them for planting. ‘How can I clear seven hills?’ asked Po Khai. ‘Ask no questions when your elders order you,’ was the old lady’s sharp reply. Just as he was leaving the house, Pee Bee Yaw gave him a machete with orders to try it. When he reached the chosen spot, Po Khai raised his against a huge tree. It fell without even waiting for the blow. ‘Well, that’s the sharpest machete I ever used,’ blurted out Po Khai, as he watched the crash of the huge tree. Of course, the seven hills were all cleared off before breakfast.”
    “Po Khai wondered how this huge field was ever to be planted and reaped and the grain threshed, but he dared ask no questions, as Pee Bee Yaw always rebuked so harshly.
    He went on in blind faith in the old woman’s power. At the sowing season, Pee Bee Yaw danced over the whole field, and a perfect shower of paddy started from her fingers and toes and from every fold of her clothing, and so the field was well filled with grain, the crop prospered splendidly, and soon the bending eats, over a foot in length and filled to the very extremity with golden grain, gave promise of such a bountiful harvest as had never been known before.”
    “Po Khai wondered how this grain could ever be harvested, but still dared not to ask. The clansmen, wild with rage at the boundless wealth which they had just missed, and which had gone to Po Khai, now summoned all the clans within a day’s march to join them in stealing Po Khai’s paddy. Men, women and even children joined the raid. Some reaped, others carried the bundles.
    Some threshed and winnowed, while others carried home the paddy. After a most laborious night’s work of many hundreds, all of Po Khai’s grain was carried off. Fancy the looks of Po Khai when he found nothing but trampled stubble where he had left waving grain!”
    “Following the trial of the thieves, he picked up seven sheaves dropped by the way. On reporting to Pee Bee Yaw that there seven bundles were all that was left of their crop, she coolly told him to build seven huge paddy bins. Po Khai did so with the unquestioning obedience which had become a habit with him. When the bins were completed, but not roofed, a sheaf was put in each, and Pee Bee Yaw commenced dancing among the bins and singing a call to the grain wherever it was to return to its proper owner. At once the paddy came flying through the air, and fell in a perfect shower, till not a single grain was left with the thieves.”
    “A solemn council of all the clans was held, and their indignation knew no bounds. ‘ We thought to ruin Po Khai, and we have been made nothing but his coolies, and even worse! Nothing is left us even for our wages.’ So they arranged to steal the paddy again from the bins this time. They even plotted to kill both Po Khai and Pee Bee Yaw.”
    “Po Khai spent the day, by Pee Bee Yaw’s orders, in cutting a huge pile of clubs and making a large number of cords. When they went home in the evening, Pee Bee Yaw said ‘Ropes tie and sticks beat…’ When the clansmen came to steal the paddy, the ropes bound each to a tree and the clubs began to beat a rat-rat-too on their backs. To entreat the deaf cords and club was, of course, useless. Next morning, Po Khai found his tormentors in his power and half dead with the terrible beating they had received.”
    “They readily took the oath, considered by hill men to be inviolable, never to molest him more. Pee Bee Yaw then said she must return to her abode in the skies, to wash down her house there as the hens had surely filled it with dust. To enable her to do so, she told Po Khai to raise the two shafts by which the native plough or harrow is dragged, into a perpendicular position. She then took the form of a cricket, crept up to the yoke and flew away.”
    (The custom of raising the yoke in the air and placing a cricket on the perpendicular poles that support it, is still followed by the Karens. It is considered a very good omen if the cricket crawls upwards and takes flight from the top.)
    The story of Pee Bee Yaw is the combination of moral instructions to the Karen generations. Even though it sounded like a fairy tale, it disclosed the beauties of simple life and the blessings of obedience that made Karens.
    karen voiceမှတဆင့်မြန်လည်ဖေါ်ပြသည်။
    မူရင်း။ ။ ဇွဲကပင် မှ ပြန်လည်ဖော်ပြပါတယ်..။
    Nov 22, 2009
    လက်ဆင့်ကမ်း
    (၁)ဘ၀ကမ်းရိုးတန်း၊ မြစ်ကမ်းလျှိုမြှောင်၊
    တောတောင်ထွင်းခပ်၊ ခြေရာထပ်၊
    နေထွက်ရာအရပ်၊ မျက်နှာမူ၊
    ကရင်အလံ လွှင့်ထူပြီ…။
    (၂)ကရင်လူမျိုး မပျောက်ဖို့၊
    ရေကြည်နောက်သူကို ပယ်ခွင်း၊
    နံနက်ခင်းကို ကြိုဆိုတယ်…။
    ဆက်ဖတ်ရန်...
    (၃)လေယူရာတိမ်း နွဲ့အယိမ်း၊
    မျိုးဆက်ထိန်းတဲ့ တို့ကရင်၊
    ဇွဲကပင်လို ခိုင်မတ်မယ်၊
    ဇွဲကပင်လို ရှင်သန်မယ်…။
    (၄)သင်လည်း ကရင်၊ ငါလည်း ကရင်၊
    သံလွင်သံယောဇဉ်နဲ့ ၊
    ကမ္ဘာတခွင်ပျံသန်းချိန်…။
    (၅)ဓလေ့ရိုးရာပန်း၊ လက်ဆင့်ကမ်း၍၊
    ဆင်မြန်းတူမျှ၊ သရဖူဖြင့်၊
    ကရင့်မှတ်တိုင် ထူကြလော့…။
    ကရင့်ကြေးမုံမှ
    ဇရာ-မဉ္စူ
    Nov 18, 2009
    ကွာကျသွားသော အတ္တအကြေးခွံမာများ
    ကွာကျသွားသော အတ္တအကြေးခွံမာများ
    -ငါ့ကိုယ်ငါသိ၊ ထိုအသိကား…
    လမ်းမှားနောက်ကျ၊ သံသယဖြင့်
    မာနခွန်အား၊ ပေးသော်လားသို့
    အများမကြိုက်၊ နတ်မကြိုက်။
    -ငါသည်ပြော၏ ၊ထိုသည့်အပြော…
    သဘောခြင်းရာ၊ နှစ်ဗလာကို
    သစ္စာဖွဲ့ထိုက်၊ မဖွဲ့ထိုက်။
    -ငါသည်ရေး၏၊ ထိုသည့်အရေး…
    ငါ့အတွေးသည်၊ ကလေးကလား
ေ၀၀ါးထွေးရိပ်၊ လိပ်ကိုဂျပိုး(ကြမ်းပိုး)
    ဂျပိုးကိုလိပ်၊ အရိပ်မြင်ရာ
    ထင်ရာရေးထား၊ အတွေးပွါး၍
    လေးစားပြုထိုက်၊ မပြုထိုက်။
    ဆက်ဖတ်ရန်...
    -ငါသည်တော်၏၊ ငါ၏အတော်…
    အောင်လံတော်ကို၊ ကချော်ကချွတ်
    မော်နမဲ့နှင့်၊ ကဖျက်ယဖျက်
    ချော်ထွက်သွားလိုက်၊ ပြန်စိုက်လိုက်။
    -တစ်နည်းသော်ကား၊ ငါစဉ်းစားမိ…
    ငါ့အသိနှင့်၊ အပင့်အမြှောက်
    အမှောက်အလှန်၊ ပြောင်းပြန်တပ်ကြည့်
    မည်သည့်သူ့ဟာ၊ ´တော်ဆုံးငါ` ဟု
    ခဏဖွင့်လိုက်၊ ပြန်ပိတ်လိုက်
    အို…မိတ်ဆွေများ ပြန်စဉ်းစားပါ။
    -အတ္တ´ငါ` ကို၊ ´ငါ့` ကိုယ် အတ္တ
    နှစ်ဝပေါင်းဖော်၊ ကြေးညှော်လိမ်းလိမ်း
    ထူပိန်းညစ်ကပ်၊ အဆုံးသတ်၌
    ဆုံမှတ်ရွေ့လျား၊ ကမ်းပါးခုန်တက်
    လမ်းတစ်ဝက်မှာ၊ ပြန်လှည့်ခဲ့ရ
    အတ္တ ကြေးခွံမာသကို…
    အတ္တကျေးကျွန်ပမာလို….။
    ကရင့်ကြေးမုံမှ...
    ကျော်ထက်ခိုင်(ဖားစည်မြေ)
    Nov 17, 2009
    သတိ...
    သတိ
    -မင်းသိရဲ့လား…
    တို့ရဲ့စာပေ၊ တို့ရဲ့စကား…
    တို့ရဲ့ ယဉ်ကျေးမှု ပျောက်ကွယ်လုနီးနေပြီ။
    -ဘယ်လို ခံယူသင့်သလဲ…
    ဟိုလူ ဒီလူ အပြစ်မယူကြနဲ့
    မင်းမှာလည်း တာဝန်ရှိ၊
    ငါ့မှာလည်း တာဝန်ရှိ၊
    တို့တွေ အားလုံးမှာ တာဝန်ရှိတယ်။
    ဆက်ဖတ်ရန်...
    -ဒီတော့…တို့ရဲ့စာပေ၊ တို့ရဲ့စကား၊
    တို့ရဲ့ ယဉ်ကျေးမှု၊ မပျောက်ကွယ်ဖို့၊
    အစဉ်တိုးတက်နေဖို့အတွက်၊
    တို့တစ်ထွေအားလုံး….
    -မှတ်ထား…
    စာပေ၊ စကား၊ ယဉ်ကျေးမှုဆိုတာ
    လူမျိုးတစ်မျိုးရဲ့ အသက်၊
    လူမျိုးတစ်မျိုးရဲ့ သွေး။
    -ဒါကြောင့်…
    အားလုံးသတိရှိကြ၊
    အားလုံးတာဝန်သိကြ…။
    ၂၇၄၈-ခုနှစ်၊ ကရင့်ကြေးမုံ
    မန်းသျှူခလိန်
    Nov 16, 2009
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
    သုတေသနစာတမ်း
    စောဖော (ရန်ကုန်တက္ကသိုလ်)
    နိဒါန်း
    ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။
    ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။
    ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။
    တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။
    ကရင်ဟူသော အမည်
    ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
    ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။
    ဆက်ဖတ်ရန်...
    ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
    ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။
    ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။
    မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
    တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။
    ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
    မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
    ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။
    အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။
    (Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)
    တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။
    (People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)
    Lahu, Akha, and Lisu (page 7, line 13, column 1)
    Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)
    တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
    (Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )
    ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။
    ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။
    ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။
    ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
    ဆက်လက်ဖော်ပြပါမည်။
    မူရင်း။ ။ ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါသည်။
    Nov 15, 2009
    နွမ်းလျ အိမ်အပြန်..ဇာတ်သိမ်းပိုင်း
    နွမ်းလျ အိမ်အပြန်-ဇာတ်သိမ်းပိုင်း
    စာစု(၁၂)
    ဘန်ကောက်မှ တဆင့် မြန်မာ့လေကြောင်းလိုင်းဖြင့် ယနေ့နံနက် ပြန်ရောက်မည်ဆို၍ ရန်ကုန် နိုင်ငံတကာ မင်္ဂလာဒုံလေဆိပ်သို့ ဆရာအစောကြီး အရောက်သွားခဲ့သည်။
    နိုင်ငံခြားပြန် ဆရာ့သားကြီးကို မှန်းဆရင်း သားချောကြီးအတွက် ကရင်အင်္ကျီအလံဆင် ၀င့်ကြွားကြွားနှင့် သားအလွန်ကြိုက်သော နီရဲရဲ ကရင်ပုဆိုးကို ထုပ်ပိုးပြင်ဆင်ကာ ဆရာ့လက်အစုံကား တဆတ်ဆတ် တုန်နေရှာသည်။ နံနက်(၈း၀၀)နာရီ ထိုးသည်နှင့် ဧည့်သည်တော် တော်များများ မင်္ဂလာဒုံ လေယာဉ်ကွင်း ဧည့်ကြို ခန်းမသို့ အသီးသီးရောက်ရှိလာကြသည်။ အရာရှိကြီးများနှင့် ဆရာဝန်၊ ဆရာမလေးများဟု ထင်ရသော သူများလည်း ပါသည်။
    ဆရာ တိုးညှင်းစွာ ကြားရသည့်သတင်းကား…ဒေါက်တာစောချမ်းမြေ့သည် ခွဲစိတ်ပါရဂူအထူး ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည့်အတွက် လာရောက်ကြိုဆို ဂုဏ်ပြုကြကြောင်း သိရသည်။ ထိုအခါမှ ကရင်လုံချည် ချည်ချောအနက်နှင့် ဖွေးဖွေးဖြုနေသော ဆံပင်ပိုင်ရှင် အဘိုးအိုတစ်ယောက်မှာ ..တောက်တောက်ပြောင်ပြောင်တို့အကြား မှေးမှိန် ပျောက်ကွယ်နေကြောင်း သတိထားမိတော့သည်။
    ဆက်ဖတ်ရန်...
    သို့သော်….ဆရာ့သားသည် ဆရာ့သားသာ ဖြစ်သည်မဟုတ်ပါလား..။
    `ဟော´…ဟိုက ဆင်းလာတာ ဒေါက်တာ စောချမ်းမြေ့မဟုတ်လား`
    `ဟာ…ဟုတ်တာပေါ့`..။မေသူ့ ကိုကိုက အနောက်တိုင်း ၀တ်စုံနဲ့ အရမ်းလိုက်တာပဲနော်`..။ မေသူက အရမ်းကံကောင်းတာပဲ` ၊ `မြသီတာ သူ့ကို မနာလိုတော့ဘူး သိလား`..၊
    `အံမယ်…´အစကတော့ ကိုကို့ ကို တောသားဆို´…၊
    `ဟုတ်တယ်…ငါ့သားက တောသားလေး..အဲဒါ ဘာဖြစ်လို့လဲ.. ဟု ဆရာ့စိတ်က သားအတွက် မချံင်စွာ ရေရွတ် ပေါက်ကွဲရင်း…သားကို ကြိုဆိုသူများ၏ အတန်းထိပ်ဆုံးက နေရာယူ ကြိုဆိုလိုက်သည်။
    `ဟုတ်ပါပေ့..သားလေးက ချောလိုက်တာ..၊ ဆရာသည် သားကို အငမ်းမရ ၊ ၀မ်းသာအဲလဲစွာ ကြိုဆိုဟန်ဖြင့် လက်ကို ဆန့်တန်းကြိုဆိုလိုက်သော်လည်း…….။
    သားလေးက ဆရာ့ကို မမြင်တာတော့ မဟုတ်နိုင်..၊ အဘယ့်ကြောင့်မူ… ကြိုဆိုသူများထဲတွင် ဆရာဖေဖေက ထိပ်ဆုံးက ရှိနေတာပဲ မဟုတ်လား..။
    သားလေးက အခြားကြိုဆိုသူများကို ပြုံးရွှင်စွာ ဖက်လှဲတကင်း ပြန်လည်ဂါရ၀ပြုနေရင်း….ဆရာ့ကို တစ်ချက်ပြန်လှည့်ကြည့်ကာ… ၊ စောစောက ဟန်မူပိုပို ပြုံးချိုချို ဆရာဝန်မလေးကို လက်ကမ်း ကြိုဆိုသိုင်းဖက်ရင်း…နောက်ဆုံးပေါ် ကားလေးပေါ်သို့ တက်၍ လိုက်ပါသွားလေပြီ.။
    စာစု(၁၃)
    မင်္ဂလာဒုံ နိုင်ငံတကာ လေယာဉ်ကွင်းကြီးသည် မှုန်ဝါးသေးငယ်စွာ ကွယ်ပျောက်သွားအောင် ဆရာ့မျက်ရည်များက လွှမ်းခြုံ ကွယ်ဖျောက်ပစ်လိုက်ပါ၏။ ကရင်နှစ်သစ်ကူးနေ့ အမီ ကြိုဆို ၀တ်ဆင်တော်ခံ အမျိုးသား ၀တ်စုံလေးမှာလည်း ဆက်သ ခံသူမဲ့ကာ…. ၀မ်းနည်းရှာပေတော့မည်..။
    ဆရာ..အရာအားလုံးကို ခွင့်လွတ်လိုက်သောအခါ…. အားအင်တို့ကုန်ခမ်း နွမ်းရိ ဖြေလျှော့ကာ…လာရာလမ်းသို့ ပြန်ရပေတော့မည် ဟု သတိရမိတော့သည်..။
    စာစု(၁၄)
    သံယောဇဉ်သည်…တောင်ကျရေနှင့် အလားသဏ္ဌာန်တူပါသည်။ တောင်ကျရေသည် သစ်ပင် ကျောက်တုံး အမှိုက်သရိုက်တို့ကို တိုက်စား ဖယ်ရှားကာ စီးဆင်းသွားသကဲ့သို့ပင်တည်း..။တစ်ဖက်သော ..သမုဒယ ရေကာတာသည်လည်း သံယောဇဉ်တောင်ကျရေကြောင့် ကျိုးပေါက်ပြိုကွဲသွားလေပြီ။
    သို့သော်….ရေအစီးတွင် မျောပါသွားသော ပန်းအကြွေတို့သည် မလန်းတော့ဘဲ နွမ်းကြွေသွားခဲ့ပြီကိုး…။သားလေးမှ သိပါလေစ..။
    အကယ်၍သာ…ထိုပန်းကလေးသည် ရေစုန် ရေဆန်တွင် အံတုကာ မျောလျက် မနွမ်းကြွေတတ်သော ပန်းဗေဒါအဖြစ်… ဆရာဖြစ်ချင်လိုက်တာ..ဖိုးခွါးလေးရယ်…လို့ မိုက်မဲစွာ နောင်တရနေမိရင်း…။ သား..ဆရာကို လှောင်ပြုံးနေမှာလား ကလေးရယ်…။
    ဒါပေမယ့်..သားကို ဆရာတောင်းပန်ချင်တာက… ဆရာ့ဆန္ဒ၊ ဆရာ့အထာသဘောကတော့ … မျှော်လင့်ချက် ပန်းတိုင်ကလေးအပေါ်…၊ နေခြည် စို့မြူး ရောင်ခြည်သစ်ဦးလေး..၊ ကွန့်မြူးဖြန့်ကျဲ နွေးထွေးမှုလေး ပေးစွမ်းနိုင်ပါစေ..ကွယ်..။
    ဒါဆိုလျှင်… ဆရာ့အိမ်အပြန်ခရီးကို..`နွမ်းလျ အိမ်အပြန်´..လို့ ခေါင်းစဉ်တပ်ရတော့မှာပေါ့..။
    စာရေးသူ၏ အမှာ…
    (တို့ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စ ပြုရင်း၊ တည်ငြိမ်အေးချမ်းစ ပြုခဲ့ပြီ..။ဒါပေသည့် ကွက်လပ်မြူတစ်မှုန်မျှ မကျန်ရစ်ရလေအောင် မင်းတို့ ငါတို့အားလုံး၌ တာဝန်တစ်ရပ် ရှိနေသေးကြောင်း အစဉ်အမြဲသတိချပ်သင့်ပါသေးသည်..)
    တိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ...
    တက္ကသိုလ် စောနွယ်
    Nov 11, 2009
    ဃှူ့ (အ်ုဏါင်းဏီ့)
    ဃှူ့
    ယခင်ပို့စ်မှ အဆက်...
    စင်္ဘိုဝ် ပ်ုဆိုဒ်ဖေါဟ်လ်ုဖး အှ်လာၟအေဃှူ့အေဃှင် ကိုဝ်ဟှာဍေ၊ ဆ်ုမာအှ် မာလာၟေဖႜးေဖႜး၊ မာလောဟ်ဏေ၀်ၟပညာ့ဏှ်သီး ဍေမူးဍေခွါ့ ဃှူ့ဃှူ့ဃှင်ဃှင် ကိုဝ်ဟှာဍေဟှဟ်။ပ်ုဆိုဒ်ဖေါဟ် အဲဆိုဒ်အေဃှူ့၊ အင်းဃှူ့ပညာ့အေဃှူ့၊ ကေႜစိုဒ် ပ္တံင်ဆ်ုဖါ်ဆ်ုမာ အေဃှူ့စာ်္ဘိုဝ်ဏှ် လ်ုယိက်လ်ုမ၀်ၟ ပ်ုဆိုဒ်ဖေါဟ် မ်ုဍောဟ်ယှာၟထင်းထ၀့် စီကႜ္ဘှာ်ယ၀့်ဏှ် ထီ့ဆာယုဂ်ၟဟှဟ်။ပ်ုဆိုဒ်ဖေါဟ် အှ်လုဃှူ့၊ အင်းလ်ုဃှူ့၊ အဲဆိုဒ်လ်ုဃှူ့္ဘးဏှ် စူးယာ့ခိုဟ် ဆ်ုမုယှူ့ဏေ၀်ၟခွိက်ပ်ုသယ်ဏှ် ထီ့ဆာလှ်။
    သှေ်ယာ့ဖှေ်လာဆာ်။ စှ်သာအေခႜုဂ်၊ ဆံင်းမံင်းစိုဝ်လာၟအေထုက် အှ်လာၟအေဃှူ့ ထံင်အ်ုလုက်စုဂ်ဟှဟ်..။ထၞာ့နူၟ မွဲာပ်ုလ်ုဃှူ့္ဘး ထီ့ခါန်ၟဆ်ုဍုဂ်ဏေ၀်ၟ အှ်ထာင်လ်ုဆုစူးဝင့်ဖိုင် လု္ဘႜင်ယုဂ်…။္ဘိုဝ်ဏါင်းယိုဝ် အှ်ဍေထီ့ခါန်ၟယုဂ်သီး ပ်ုဆိုဒ်အ်ုထာ် လိက်အ်ုခင်းထ်ာသီး အှ်ဍာ်အေး..။ကေႜစိုဒ်ပညာ့သီး အှ်ပုသ်ာဍာ်အေးဆေ၀်ၟလှ်။ စင်္ဘိုဝ် ကေႜစိုဒ်လာၟပညာ့ဏှ် ထံင်အ်ုဍုဂ်ပါင်ဟှံင် တ်ာဍောဟ်ထာင် ပ်ုဖႜုံထီ့ခါန်ၟဍေပညာ့ဟှာင်ၟ္ဘျာဏှ် ကဲလာၟဆာ်။ ထံင်ဏှ်မ ဃှူ့ဃှူ့ဃှင်ဃှင် ပ်ုဆိုဒ်ဖေါဟ်ယိုဝ်
    မ်ုဍောဟ်ယှာၟထင်းထ၀့်ဝေ့ ထိုင့်ကောဝ်ကြင်ဖိုင်ယိုဝ်ဆေ၀်ၟလှ်။
    ဆက်ဖတ်ရန်...
    ပ်ုဆိုဒ်ဖေါဟ် တွါန့် အွ္သိုင့္ယာ႓၊ႜဲ ဟွိဳင္းအွ္သိုင့္ယာ႓ႜဲ မႝီၟအွ္ လ်ုကုဂ်(တစ်သိန်း)္ဘႜဲ လ်ုဏိင်း လ်ုဟှိုင်း လု္ဘါ ထုဂ်ထင်းဆိုင် အှ်ကှေ် စေ၀် ပ္ကုံ(စေ၀်မောဝ်ၟတိုင်)စာ်္ဘိုဝ် လ်ုဏိင်းသိုင့်လာ(သုံးသောင်း)၊ ဏင်ၟဆီ့ဏိင်း သိုင့်ကုဂ်(သုံးသိန်း)၊ ပ္တံင်ထင်းဆ်ုမာ စာ်္ဘိုဝ် မ်ုကဲထင်းဝေ့ ဆ်ုဏင်ၟမိင်ဆေ၀်ၟလှ်။
    ပ္တံင်ထင်းဆ်ုမာ လ်ုဟှာလ်ုဏေ၀်ၟ္ဘး ပ္တံင်ထင်းဆိုင်ဍေတွါန့်၊ ကေႜစိုဒ်ဆိုင်ဍေ ဍုံဌာန့်ဏှ်္ဘေ့သာအှ်သိုဝ် ကဲထင်းဝေ့
    ကိုဝ်မိင်ဍေဆေ၀်ၟလှ်။ ဝြူ့ဆးလ်ုဖႜုံးဏှ် ဟ်ုအင်းဖံင့်အင်းမေ၀် သှေ်အေး..ဋ္ဋ၊ သြိင်းလးလ်ုခေ၀်ဏှ် ဟ်ုသိုဝ်ဟှိင်းခေါဟ်သူ့အေး…ဋ္ဋ၊ ဟှိင်းထုင်းလ်ုထုင်းလှ်ဏှ် ဟ်ုသုင်းဟှိင်း ကဲထင်းသှေ်အေး..ဋ္ဋ လ၀်ဆ်ုခႜါင်ဏှ် ဟု္ဘးမာကုံဆိုင်္ဘးမာ အေဃှူ့အေဃှင် ဟ်ုစာ် အ်ုခ၀့်ပ်ုယ၀့်ဏှ်ဆေ၀်ၟလှ်။
    ကောဝ်ကြင်ဖိုင်ယိုဝ် ခါန်ၟလ်ုခါန်ၟဏှ် ကေႜစိုဒ်ဆ်ုဃှူ့၊ အဲဆိုဒ်ခါန်ၟဃှူ့၊ ပ္တံင်ဆိုင်ဆ်ုဃှူ့အှ်အုခေါဟ်ကျံင် ဍောဟ်ယှာၟထ်ုယ၀်ၟဝေ့ဖႜဲမာ.လှ်။ခါန်ၟလ်ုခါန်ၟဖိုင်ဏှ် မွဲာအ်ုဟှေဝ်၊ ဍုံလ်ုဍုံဏှ် မွဲာအ်ုဟှေဝ် မာဆ်ုဃှူ့၊ ကေႜစိုဒ်ဆ်ုဃှူ့၊ အဲဍုံခ၀့်ဃှူ့စာ်္ဘိုဝ် ဍောဟ်ယှာၟစီကႜာဝေ့ ဖႜဲဆေ၀်ၟလှ်။ ပ်ုဝေ့ဍး ပ်ုဆိုဒ်ဖေါဟ်လ်ုဖး အဲဆိုဒ်လ်ုဃှူ့၊
    ကေႜစိုဒ်လ်ုဃှူ့၊ အှ်ကုထူ့ အင်းက်ုထူ့ ခံင်္ဘိုဝ်ဏါင်းယိုဝ်ဍ်ာလှ်။
    မႝီၟလ်ုဟှာဏှ် ကေႜစိုဒ် အ်ုဆိုဒ်ဖေါဟ်ဟှင်ၟ ကုက်တ်ုယှာၟဆု ကိုဝ်ဏိင်းကိုဝ်လာ- လာဏင့်သီး မ်ုကဲထင်းဆိုဒ်ဟှာင်ၟ ဍောဟ်ဍောဟ် ဟ်ုလ၀်သှေ်အေးဆေ၀်ၟလှ်။ ပၞာ့ဆ်ုခႜါင်…ဟ်ုလုဟှာ ဆံင့်္ဘံင်ထုင်း ဏီ့ဟှုင့် အထ၀့်အဖႜါ လ်ုယာဏှ် ဟ်ုအ္ဘေံင်ထင်း လ်ုဟှာလ၀့်စာ်္ဘိုဝ်္ဘံင်ထင်းဏေ၀်ၟအေးဟှဟ်..။အ္ဘေံင်ထင်းဆိုင် ဍေ
    ထီသိုဝ်ဂမႜိုင်ၟ အေဃှူ့အေဃှင်စာ်္ဘိုဝ်္ဘံင်ထင်းဏေ၀်ၟယ၀့်သိုဝ်ဆေ၀်ၟလှ်။အ်ုဆိုဒ်ဖေါဟ်ဆ်ုမာဏှ် မာလ်ုဟှာ ကေႜစိုဒ်လ်ုဟှာ လ်ုဏေ၀်ၟ္ဘးလာဏင့် ကေႜစိုဒ်ဆိုင် ဍေ ထီသိုဝ်ဂမႜိုင်ၟ ဍေ ဍုံဌာန့်ဏှ် ကဲထင်းဖႜဲ၊ ဍောဟ်ယှာၟထ်ုယ၀်ၟဝေ့ဖႜဲဆေ၀်ၟလှ်။ သ္တ်ာလင်သာ၊ စှ်လင်သာ မံင်းအေထီ့ဆာကိုဝ်ဟှာဍေဆာ်..။
    အေဟှံင်ဍ၀်-ဟ်ုစူးလု္ဘံင်လ၀့်ဏှ် ဟ်ုဖံင်းဆ်ုခိုင့်အေး..၊ ဟ်ုအေဖံင်းယ္ဘဲာံင်လုက်ဆိင့် ဃှူ့ဃှူ့ဃှင်ဃှင်ဏှ်မ ဃှုဦဟ်ုဖံင်းဏေ၀်ၟ
    ဟ်ုဖံင်းခိုင့်ဝေ့ ကိုဝ်မိင်ဍေဆေ၀်ၟလှ်။
    စူးမူၟ၊ စူးနုံၟ၊ စူးဍံင်၊ စူးကံင်၊ စူးဍေ၀် ယ္ဘဲာံင်ဏှ် အေဃှူ့သၞ၀့်္ဘးဟှဝ်ၟမ ကိက်ဆ်ုကဲ၊ ဖံင်းဆ်ုကဲ၊ကျုဂ်ဆ်ုကဲ မွ္ဘဲာိုဝ်လှ်။အေမွဲာ စူးလု္ဘံင်လှ်ဏှ် ကဲထင်းဆ်ုသှေ်အေးဟှဟ်..။ စူးယဲာ`္ဘံင်ဖိုင်ဏှ် ကဲအ်ုဍောဟ်ထုက် အ်ုဟှံင်ထုက် စူးသီးယိုဝ် မွဲာစူးမူၟလှ်။ စူးမူၟလု္ဘံင်လ၀့်သီး ဖံင်းဆု၊ ကိက်ဆု သှေ်ကဲအေးဆေ၀်ၟလှ်။ အ်ုထီသိုဝ် ဟှိုဝ်ၟဖင်းအေပါမ ကိက်ဆု၊ ဖံင်းဆ်ုဟှုင်ၟခိုင့်္ဘေ့သာအှ်သိုဝ် လေ၀်ဆောဟ်၊ ထာင်ဆောဟ် ဏေ၀်ၟယ၀့်ဝေ့လှ်။
    ခါန်ၟလ်ုခါန်ၟသီး ဟ်ုဍောဟ်ဟ်ုမူၟလ်ုမိင်၊ အ္စာသံဃာလ်ုမိင်၊ ဆ်ုမာထီ့ခါန်ၟဆာၟလ်ုမိင်၊ သယ်ဋ္ဌီ့သင့်မင်လ်ုမိင်၊ ဆိ္င္ဆာၟေကႜာ၀္ဆာၟ ယှင်းဖေါဟ်ဂမႜိုင်ၟလ်ုမိင်ဏှ် အေဃှူ့ဃှင် သၞ၀့္ေလာဟ္သာတာၟ ေဍာဟ္ယွာၟစီကႜာ ထု္ယ၀္ၟျပာထာ့ စွးတယ်လှ်။ ဟ်ုဍောဟ်မာဍးလ်ုမိင်၊ အ္စာသံဃာသယ်လေ၀်ဍးလ်ုဖႜံင်၊ ဆ်ုမာထီ့ခါန်ၟဆာၟဏှ် အွးဍးလ်ုခ၀့်၊ သယ်ဋ္ဌီ့သင့်မင်ဏှ် စါင်းဍးလ်ုစံင်း၊ ယှင်းဖေါဟ်ဂမႜိုင်ၟသယ်ခ၀့်ဍ၀် မာဍးလ်ုဖါ စာ်္ဘိုဝ်ဏှ် ကဲထင်းဆု၊
    ဖႜံင့်ဟှးထင်းဆု သှေ်ဏင်ၟမိင်အေး၊ မ်ုလင်ဖိုဒ် လင်ဆင့်ဝေ့ ကိုဝ်မိင်ဍေလှ်။ ထီ့ခါန်ၟက်ုလုဂ်၊ မာအင်းဆ်ုလုခႜုဂ်၊ ဆ်ုဖါ်ဆ်ုမာ လင်သုဂ်ဝေ့တယ်လှေ်။စူးယ္ဘဲာံင် လ်ုထ၀့်ဟှံင်္ဘးလာဏင့်သီး အေဃှူ့ဃှင်သၞ၀့်ဏှ်္ဘးလှ်။
    မႝီၟထီ့ခါန္ၟ --ခါန်ၟဖိုင် အှ်လာဏင့်ယဲာဖႜံင် လင်ၟကႜယ် လ်ုထ၀့်ဟှံင်လောဟ်သ္ဘားလာဏင့် ကုက်ဆိုင်ဖေႜ၀်ၟ၊ ပ္တံင်ဆိုင်ဖေႜ၀်ၟ၊ အ္ဘေးထုင်ၟဆာ့ ထုင်ၟဆာ့ဆိုင်ဖေႜ၀်ၟ အေဃှု့ဃှင်သၞ၀့်ညီသာ့စာ်္ဘိုဝ် ဍောဟ်ယှာထ်ုယ၀်ၟပြာထာ့သီး ကာဍ်ာအေး..။ လ်ုဆောဝ်ဍးအု ထံင်က၀်ၟတူသီး ဆ်ုမာနိုင်ဏေ၀်ၟ ဏင်ၟ္ဘႜင် လ်ုအေးဆေ၀်ၟလှ်။
    ပ်ုအံင်သီးယိုဝ်ဍ၀် ဃှူ့ဃှင်စွးတယ်တယ်၊ အှ်ကုံ အှ်ရံ့ ကုက်ဆိုင်ကါင်ဆိုင် အ်ုဍုံ၊ ထောဝ်ထင်းဖႜုံၟ ကဲထင်းတယ် ဍောဟ်စွးမာဆေ၀်ၟလှ်။ ထံုၟဃွီထံုၟသူးဏွ္သီး မွဲာဃှူ့ဃှင် စွးသ်ုကာဍ၀်၊ ဏေ၀့်သီးဏှ် မွဲာအ်ုဃှူ့ဃှင် ပ္ကုံအ်ုဍုံ၊ အ်ုခါန်ၟ ကဲထင်းဝေ့ စွးသ်ုကာဏှ် ဏ်ုသယ် ပ်ုသယ် လင်ဟု္ဘးယောဝ်ဍံင်ဏေ၀်ၟ ပၞာ့အ်ုဍံင်သယ် ထၞာၟလှ်။
    စင်္ဘိုဝ် ဖႜုံဖေါဟ်၊ ယှင်ဖေါဟ်သီးကိုဝ်ဟှာဍေ-- ဆ်ုဃှူ့ဆ်ုဃှင်သီးယိုဝ် မွဲာဏေ၀်ၟပ်ုဟှာင်ၟ္ဘျာ ဍောဟ်မာလ၀့်ဏှ်
    သှေ်ယာ့ စှ်လင်သာဟှံင်..အှ်္ဘးလာၟ ဃှူ့ဃှူ့ဃှင်ဃှင်၊ တာင်ဍောဟ်္ဘးလာၟ ပ်ုထီ့ခါန်ၟကဲကိုဝ်ဟှာဍေဆာ်…။
    စ၀်အဲဆိုဒ်(္ဘုံးက္တိက်)
    Nov 10, 2009
    (၅၄)ကြိမ်မြောက် ကရင်ပြည်နယ်နေ့..နိုဝင်လာ(၇)ရက်
    ကရင်ပြည်နယ်နေ့
    နိုဝင်ဘာလ(၇)ရက်နေ.သည် ကရင်ပြည်နယ်(ကော်သူးလေ)နေ.ဖြစ်သည်။ ကရင်ပြည်နယ်နေ.ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
    ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကိုကရင်ပြည်နယ်အဖြစ် ပထမအဆင့်သတ်မှတ်ခဲ့သည်။
    ၁၉၅၄ ခုဇွန်လ(၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့်
    ဘားအံ၊သံတောင်၊လှိုင်းဘွဲ့ မြို့မျာနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ(၁)ရက်နေ.တွင်ကြာအင်းဆိပ်ကြီး၊ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။
    ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း(၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း(၄၆၄)ရွာနှင့် လူဦးရေ(၆၀၀၀၀၀)ခြောက်သိန်းခန့်ရှိလေသည်။၁၉၅၆ခုနှစ် ဖေဖော်ဝါ၇ီလ(၂၅)၇က်နေ.တွင် ကျင်းပသော(စုဒ္ဒသမ)
    ၁၄-ကြိမ်မြောက်ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေး အဆိုကိုတင်သွင်းရန်
    သတ်မှတ်ခဲ့လေသည်။
    ကရင်ပြည်နယ်နေ.ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
    (၁)သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက
    အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ(၇)ရက်နေ့။
    (၂)ဘာအံ၊လှိုင်းဘွဲ့၊သံတောင် မြိုနယ်များကို ပထမအကြိမ်
    ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည်။ ဇွန်လ-၁ရက်နေ.။
    (၃)ကြာအင်းဆိပ်ကြီး၊ကော့ကရိတ် မြို.နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ် အတွင်းပေါင်းစည်းခဲ့သည်။
    ဇူလှိုင်လ-၁ရက်နေ.။
    ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
    ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
    ဆက်ဖတ်ရန်...
    (၁)ဇွန်လ-၁ရက်နေ့နှင့် ဇူလှိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသွန်းသော မိုးရာသီရက်များ
    ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
    (၂)နိုဝင်ဘာ-၇ ရက်နေ.သည် ရာသီဥတုသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့်
    အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
    (၃)ထိုနေ့(နိုဝင်ဘာ-၇)ရက်တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
    ဤအကြောင်းများကြောင့် နိုဝင်ဘာလ(၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
    ကျင်းပလာခဲ့ခြင်းဖြစ်သည်။
    ၁၉၆၄ ခုနှစ် ဧပြီလ(၃)ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း(၁၁.၀၉၁)တသောင်းတထောင်ကိုးဆယ်တစ်မိုင်ရှိသည်။
    ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊မြောက်ဘက် လတ္တီကျု့ ဒီဂရီ၁၅.၁၅(ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက်လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက်ရှည်လျားစွာ တည်ရှိနေသည်။ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊အရှေ.မြောက်ဘက်တွင်ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်၊အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏လက်တက်သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊တောင်ဘက်တွင် ကျိက္ခမီခရိုင်တွင် ပါဝင်သော
    ရေးမြို့နယ်၊အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို.နယ်များ၊သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊သထုံနှင့် ပေါင်မြို့နယ်များ၊ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊မုဒုံ၊ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။
    ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊မြို.နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊လှိုင်းဘွဲ(၁၇၆၄)၊ဘားအံ(၁၀၀၇)၊ကော့ကရိတ်(၁၉၆၃)၊ကြာအင်းဆိပ်ကြီး(၁၂၃၈)၊
    သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။ ကရင်ပြည်နယ်၏မြို.တော်သည် ဘားအံ မြို.ဖြစ်သည်။
    ကရင်ပြည်နယ်အလံ
    (၁)အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
    (၂)အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
    တပုံနေရာတွင် ကြယ်ဖြူတလုံး၊ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
    အလယ်တွင် အဖြူရောင်၊အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
    (၃)အလံ ပမာဏ အရွယ်အစား
    အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
    အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
    အနံ (၃)ပေ (၄)လက်မ
    အလံ အငယ်စား ……အလျား(၄)ပေ (၆)လက်မ
    အနံ (၂)ပေ (၆)လက်မ
    ။ ။ ။။ အလျား(၃)ပေ
    အနံ(၁)ပေ(၈)လက်မ
    ။ ။ ။။ အလျား(၃)ပေ
    အနံ(၁)ပေ(၈)လက်မ
    ။ ။ ။။ အလျား(၂)ပေ (၆)လက်မ
    အနံ(၁)ပေ (၄)လက်မခွဲ။
    ။ ။ ။။ အလျား(၂)ပေ
    အနံ(၁)ပေ (၁)လက်မ
    ။ ။ ။။ အလျား(၁)ပေ (၆)လက်မ
    အနံ(၁၀)လက်မ
    ။ ။ ။။ အလျား(၁)ပေ
    အနံ(၇)လက်မခွဲ
    ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုစုံဖြစ်ပေသည်။
    အဓိပ္ပါယ်နှင့်အနှစ်သာရ
    (၁)အလံ၏ လက်ဝဲဘက် သုံးပုံတပံနေရာ တိမ်ထဲမှ ကြယ်ကြီးတလုံးမှာ
    ပြည်ထောင်စုထဲမှ ပြည်နယ်တခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။
    (၂)အပြာရောင်သဘောမှာ တည်ကြည်၊နက်နဲ၊ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။
    (၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။
    (၄)အနီရောင်၏ သဘောမှာမူ ရဲ.ရင့်ခြင်း၊သတိရှိခြင်း၊ဇွဲကောင်းခြင်း၊သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
    ဤသည်တို့ကား ကရင်ပြည်နယ် အလံအကြောင်းဖြစ်သည်။
    ကရင်ပြည်နယ်တံဆိပ်
    (၁)အလယ်တွင် ဘားစည်မျက်နှာပြင်နှင့် သီလ၊သမာဓိ၊သစ္စာ အမှတ်အသား
    စာလုံးများရေးသားထားသည်။
    (၂)လက်ျာဘက်တွင် ဆင်ရုပ်တုတခု၊။
    (၃)လက်ဝဲဘက်တွင် ဆင်ရုပ်တုတခု၊။
    (၄)ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တခု။
    ဤအမှတ်သား၊ဤစာသား၊ဤအခြင်းအရာများပါရှိသော တံဆိပ်သည်။ ကရင်ပြည်နယ် တံဆိပ်ဖြစ်သည်။
    အဓိပ္ပါယ်အနှစ်သာရ
    (၁)တံဆိပ်၏အလယ်မှ ဘားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမှုပစ္စည်းဖြစ်ခြင်း။
    (၂)သီလ၊သမာဓိ၊သစ္စာစာလုံးများ၏အဓိပ္ပါယ်မှာကရင်အမျိုးသားများသည်အကျင့်သီလပြည့်စုံကောင်းမွန်ခြင်း၊
    ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊သစ္စာရှိခြင်းစသောအရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
    (၃)တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကိုဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
    (၄)တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမူ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင်
    ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။
    အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့ စာအုပ်မှဖော်ပြပါသည်။
    မူရင်း။ ။ကရင်အမျိုးသား မိတ်သဟာယ(ကိုးရီးယား)မှ ပြန်လည်ဖော်ပြပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဆိုတာ သိထားသင့်ပါသည်။ အရင်က ဒီကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကို မသိခဲ့ရိုး အမှန်ပါ။ ဘာကြောင့်ဖြစ်ပေါ်လာသည်ကိုလည်း မသိခဲ့ပါ။ ခုမှ ကောင်းကောင်းသိခွင့်ရလိုက်ပြီ ဒါကြောင့် မသိသေးတဲ့ သူများရှိရင် ဗဟုသုတအဖြစ် သိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။ ရှေ့သမိုင်းကို သိမှ နောင်လာမည့် သမိုင်းကို ကောင်းကောင်းရေးနိုင်မည်ဟု ယုံကြည်မိပါသည်။ကျေးဇူးလည်း အများကြီးတင်ပါတယ်နော့်..။
    Nov 9, 2009
    နွမ်းလျ အိမ်အပြန်...
    နွမ်းလျ အိမ်အပြန်- တက္ကသိုလ် စောနွယ်
    ယခင်ပို့စ်မှ အဆက်...
    စာစု(၇)
    ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးမှတော့ နောက်ဆုတ်ရန်မသင့်ဟု ဆရာထူးရယ် ခံယူထားသည်။ သားကလေးပင် ဆေးတက္ကသိုလ် တက်ခဲ့သည်မှာ ပဉ္စမနှစ်ရောက်ခဲ့ပြီ။ သည်ကြားကာလအတွက် တောင့်တောင့်ခံ ကျားကန်ခဲ့ရသည့်ဘ၀ကို တွက်နေလို့မဖြစ်၊ သားကလေး လှေပြေးတုန်း တက်ကျိုးလို့မဖြစ် ဟု ဆရာအံကြိတ်ကာ တွန်းကန်ထားသည်။
    တောကျောင်းဆရာဘ၀က ရရှိခဲ့သော ဆုလဒ်ဖြစ်သည့် အဆုပ်တီဘီရောဂါသည် ယခုလို နှစ်ရှည်လများ အလုပ်ကပမ်း၊ အိပ်ရေးက နေ့စဉ်ရက်ဆက် ပျက်ဖန်များသောအခါ ဆရာ့ကို ခပ်ကြမ်းကြမ်း ထုနှက်လာတော့သည်။.ဒီကြားထဲ….အစားအသောက်က ချွေတာရပြန်ဆိုတော့ ဆရာ့အသားအရေက ကျုံးထဲက ဆင်အိုကြီးပမာ ဖျင်းတွဲ ညစ်ထေးလာသည်.။ သို့သော်….ဆရာ အားမငယ်….၊ ကျန်းမာရေးဌာနက တီဘီဆေးပြားကို အချိန်မှန်၊ ရက်မှန်သောက်ရင်း….သားလေးမသိအောင် ရောဂါကို ကြိုးစားကုသရရှာသည်..။
    သားလေး …ပန်းတိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖို့ဆိုတာ နှစ်အတန်ကြာ လိုသေးသည်။ အထူးသဖြင့် မွေးစားဖခင်.. ဆရာ့ရဲ့ တီဘီရောဂါ အတွက် စက်ဆုပ် ရွံရှာ အားငယ်မှာ အထူးစိုးရိမ်တာလည်း ပါသည်။
    `အပါး`
    `ပြောလေသား`
    `အပါးကို သားတစ်ခု မေးချင်တယ်`…၊
    `အပါး…သားကို မလိမ်ပါနဲ့ အပါးရယ်….`
    တစ်နေ့သော ကျောင်းပိတ်ရက်တွင် သား၏ ထူးဆန်းစွာ မေးလာသော အမေးစကားတစ်ခွန်းကြောင့် ဆရာတွေဝေသွားမိသည်..။
    `အပါး…အလိမ်ပါနဲ့ တဲ့`..။
    `သားကို အပါးလိမ်ရင်လည်း..သားစိတ်မဆိုးပါဘူး.. အပါး၊ သားကြားရတာက အပါး..ညစဉ် အချိန်ပိုဆင်းတာဟာ…..`
    `ဘာများလဲလို့ ဖိုးခွါးရယ်၊ ဟုတ်တယ်လေ ဖိုးခွါးရဲ့..၊ အပါးက ..သူများငွေ၊ သူများဥစ္စာကို အချေင် ခိုးဝှက်ယူတာမှ မဟုတ်တာ..`
    `နောက်ပြီး လုံခြုံတဲ့ အုတ်တံတိုင်း ခြံစည်းရိုးကနေ ညအတွက် လုံခြုံရေး တာဝန်ယူရတာပါ သားရဲ့..။ညစောင့်လုပ်ဆိုတာ အမြင်သာ သိမ်ငယ်တာကွဲ့..၊တာဝန်ဟာ အရမ်းမြင့်မြတ်ပါတယ် ဖိုးခွါးရယ်…`။
    `ဟုတ်တော့ ဟုတ်ပါတယ်..ပါး..၊ သားအတွက် သိပ်ပင်ပန်းနေပြီ အပါးရယ်..`။
    သားကလေး မျက်ရည်လည်စွာ ခြေဆုပ်လက်နယ် ပြုရင်း ပြောလာတော့…..။
    ဆက်ဖတ်ရန်...
    ဆရာ့ရင်မှာ သားအတွက် အမောတွေ ပြေပျောက်သွားပြီး..၊ သားအပေါ် သံယောဇဉ်က ပို၍ ရစ်တွယ်ချည်နှောင်သွားပြန်သည်။
    `အပါး ..မပင်ပန်းလှပါဘူး..သားရယ်…၊ သားက တစ်နေ့ကျရင် အပါး ..ဆန္ဒကိုဖြည့်ဆည်းပေးမယ့် သားလေးပါကွယ်..၊ အပါး…ဆယ်ခါပြန် မောရင်မောပါစေ…။ သားဂုဏ်ယူတတ်ရင် ကျေနပ်ပါပြီ ဖိုးခွါးလေးရယ်..`။
    ဒါပေမယ့် ဖိုးခွါးလေးရဲ့ အရိပ်အခြေကို ကြည့်ရသည်မှာ တစ်မျိုးပဲ ဟု ဆရာထင်မြင်မိသလိုပါပဲ..၊
    အင်းလေ…..၊ သားကလေးက အထက်တန်းကျောင်းသားလေးမှ မဟုတ်တော့တာ..။
    စာစု(၈)
    `ဟုတ်တယ်..အပါး၊ သားက မေသူ အပါးကို မသိဘူး ထင်နေတာ..။ ဟိုနေ့ကမှ ..၊မေသူ ဒဲ့တိုးကြီး မေးလာတာ…`၊
    `အဲဒီတော့…`
    `ဟင်း..`
    သားရဲ့ ရှေ့ဆက် ထွက်လာမည့် စကားသံတွေ အစား ၊ လေပူတစ်ချက်သာ မချိမဆံ့ မှုတ်ထုတ်လိုက်တာကြောင့်…၊ ဆရာ အခြေအနေကို သုံးသပ်မိသွားသည်။
    `ဖိုးခွါး စိတ်ထဲမှာ မထားပါနဲ့တော့ သားရယ်..၊ ဖိုးခွါး မကြိုက်ရင် ..အပါး ဆက်မလုပ်တော့ပါဘူး ကလေးရယ်..`။
    `အပါး တာဝန်ထန်းဆောင် ခဲ့တဲ့ အိမ်က ၊ ကလေးမမှန်း မသိလို့ သူမေးသမျှကို ရိုးရိုးသားသား အပါး ဖြေမိလိုက်တာပါ..`။အဲဒီ အိမ်မှာ ..အပါး..ညစောင့်လုပ်လာတာ ..ဆယ်နှစ်ပြည့်တော့မည်။ အခုဆို သားကတောင် ( အမ်-ဘီ-ဘီ-အက်စ်၊ ) အပိုင်း(က) ရောက်ခဲ့ပြီပဲ။ မကြာခင်သော ကာလမှာ သားကလေး ဆရာဝန်ဖြစ်တော့မည်။ ဆရာလည်း ဒီညစောင့်အလုပ်ကို လုပ်ဖို့မှ မလိုတော့ပဲ၊ ကုမ္ပဏီက အလုပ်တစ်ခုနှင့်ပင် အဆင်ပြေလောက်ပါပြီဟု ရင်ဝယ် တေးထားမိသည်။
    ဘာပဲဖြစ်ဖြစ် သားကို ဦးစားပေး စစ်ပေးရဦးမယ် မဟုတ်ပါလား….။
    စာစု(၉)
    ရာသီစက်ဝန်းသို့ တရွေ့ရွေ့ ကုန်ဆုံးပြောင်းလဲကုန်ပေပြီ။ သားကလေး အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပြီ၊ ရည်မှန်းချက်ပန်းတိုင်ကို ဆွတ်ခူးရရှိတော့မှာမို့ အတိုင်းမသိ၊ ဆရာ့ရင်၌ ၀မ်းသာလုံး ဆို့နင့်နေရှာသည်။ အမိရွာသို့ ပြန်ရန် ဟန်ပြင်စ ပြုနိုင်ခဲ့သည်။
    `အပါး…သားကို တစ်နှစ်တန်သည်၊ နှစ်-နှစ်တန်သည် ၊ ရန်ကုန်မှာ အလုပ်လုပ်ခွင့်ပြုပါ..`၊
    သား၏ မတောင်းတစဖူး အတောင်းထူးတာကြောင့် ဆရာ မျက်မှောင်ကြုတ်မိသွားသည်။`ဒီကလေး ဘာဖြစ်တာပါလိမ့်` ဟု ရင်ထဲ စိုးထိတ်မိပါသည်။
    `ဟုတ်ပါတယ် အပါး၊ သားရခဲ့တဲ့ ပညာကို မတင်းတိမ်နိုင်သေးတာကြောင့် လေ့လာဆည်းပူးရင်း ပညာကို အရောင်တင်ချင်တာပါ`..။ ဆရာ့ရင်၌ အေးသွားသည်။
    ဟုတ်မှာပါ..၊ သားကလေး ဘွဲ့ရတော့ ဂုဏ်ထူးတွေ တသီတတန်းကြီး မဟုတ်ပါလား..။ တောသားလေး တစ်ယောက်ဖြစ်ပေမယ့်.. သူများထက် ထူးချွန်ခဲ့တာပဲလေ..။
    အဲဒီတုန်းက နိုင်ကြာကျောင်းတိုက် ဆရာတော်ဘုရားကြီးနဲ့ ရွာကို စာရေးလျှောက်ထား ကြွားလိုက်ရသေးတာ မှတ်မိတာပဲ မဟုတ်လား။ ရွာက မြို့နဲ့ နီးပေမယ့် ကျန်းမာရေး ဗဟုသုတ နည်းပါးခဲ့တာကြောင့် သူတို့ရွာပေါက် ..၊ ဆရာဝန်လေးတစ်ယောက် မြို့ကပြန်လာမှာ မျှော်နေပါသတဲ့..လေ။
    ဒါပေမယ့် အခုချိန်မှာ ရွာမှာလည်း ဘွဲ့ရ ပညာတတ်တွေ ပေါ်ထွန်းလာတာမို့ အရင်ကလောက် မဆိုးတော့ပါ၊ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမှာ …တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်လည်း ရှိနေပြီ မဟုတ်လား..။ အဲဒါကြောင့် သားကလေးရဲ့ ဆန္ဒအတိုင်း ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အလုပ်ဝင်စေခဲ့ပါတယ်။ သားက တကယ်ကြိုးစားရှာပါတယ်။ အဲးဒါကြောင့်လည်း သားလေး လုပ်သက်(၃) နှစ် မပြည့်မှီမှာပဲ နိုင်ငံခြား ပညာတော်သင် ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ပါတယ်။
    သားလေး ကနေဒါနိုင်ငံမှာ ခွဲစိတ်ပါရဂူဘွဲ့ သွားရောက်ပညာသင်ရတော့မည်ဆိုတော့…ဆရာသိပ်ဝမ်းသာသလို..၊ ၀မ်းနည်းမိပြန်ပါသည်။ ၀မ်းသာတာက… ဆရာပြုစုပျိုးထောင်ခဲ့သော ပန်းကလေးတစ်ပွင့် လန်းဆန်းစွင့်ကားစွာ ရနံ့ဝေလာတာမို့ တစ်ကြောင်း…၊
    စာစု(၁၀)
    လေယာဉ်ပေါ်က သားရဲ့ လက်ပြနှုတ်ဆက်ဟန်ဟာ… အပါးကို တမင်သက်သက် ကြေကွဲစေတာလား သားရယ်…၊ `အော်`…ဆရာချစ်သော သားကို (၂)နှစ်ကြီးများတောင် ခွဲခွါနေရဦးမှာပါလား..၊ ဒါပေမယ့် ခွဲခွါကျန်ရစ်ချင်လို့ ခွဲခွါချန်ရစ်ခဲ့တာမှ မဟုတ်တာ…၊ နိုင်ငံအတွက် ၊ သွေးချင်းများအတွက်၊ မိမိပြည်နယ်နဲ့ လူမျိုးများအတွက် ရည်စူးပြီး၊ လွမ်းအသည်းကို စတေးခဲ့တာပဲ မဟုတ်လား..။
    သားလေး ပညာတော်သင် ထွက်ခွါပြီး မကြာခင်မှာပဲ .. ဆရာတစ်ယောက် ရွာကို မကြာခဏဆိုသလို ရောက်လာခဲ့သည်..၊ ရပ်ရေး ရွာရေး ၀ိုင်းဝန်းကူညီရင်း ပန်းပျိုးသောလက်ကို ဆက်လက်တာဝန်ပေးလျက်ရှိသည်။ ဒါပေသည့်….အစဉ်အလာကောင်းဖြင့် ရပ်တည်ဖွံ့ဖြိုးခဲ့သော ရွာကလေးမှာ ခေါင်းဆောင်ကောင်းတစ်ချို့တို့ တိမ်းပါးခဲ့ကြပြီ။
    နိုင်ကြာကျောင်းဆရာတော်ဘုရာကြီးနှင့် အုန်းတပင်ဆရာတော်ဘုရားကြီးနှစ်ပါး ဘ၀နတ်ထံ ပျံလွန်တော်မူကြ၍ နှလုံးအိမ်အတွင်း ကြိမ်မီးအုံးရသလို ၊ မန်းဘိုးနီ၊ မန်းကျော်အေး၊ မန်းသန်းရင်နှင့် မန်းလှအေးတို့ ကွယ်လွန်အနိစ္စရောက်ခဲ့ကြပေပြီ။
    သို့သော်…တက်ကျိုးသော်လည်း လက်တို့နှင့် အစားထိုး လှော်နိုင်သေးတာမို့ ၊ကျန်ရစ်သူများအား မလျှော့စတမ်း ပန်းတိုင်အရောက်လှမ်းဖို့ .. အင်အားတို့ အသင့်ပြင်ဆင်ထားရပါဦးမည်..။
    စာစု(၁၁)
    ငှက်တို့သည် လေထဲ၌ ပျံသန်းရင်း ဘ၀ နိဂုံးချုပ်ကြရသော်လည်း ….၊ နှစ်ရာသီတို့သည် ရက်မှ လ စားကာ၊
    လမှနှစ်သို့ ပြောင်း၍ ကာလများ တဖြည့်းဖြည်း ကုန်ခန်းရင်း အသစ်အသစ်တို့ ပြောင်းရွှေ့ အစားထိုးဝင်ရောက်လာကြတော့သည်။
    စောချမ်းမြေ့ ခလောက်နို့ ရွာသားတစ်ယောက် ခွဲစိတ်ဆရာဝန်ကြီး ဖြစ်ခဲ့ပြီ၊ မကြာမှီ ကာလအတွင်း အမိမြေသို့ ပြန်လာတော့မည်..။ သားကလေး အမိမြေသို့ ပြန်လာတော့မည် ဟု ကြားသိရသော ဆရာ့မှာ အခုမှ အသက်ကောင်းကောင်း ရှူနိုင်တော့သည်။ သားအတွက် မြတ်ဗုဒ္ဓထံပါး ၀ပ်တွားပူဇော်ရင်း… တောင်းဆုချွေခဲ့သည်မှာ နေ့စဉ်နှင့်အမျှ…။သားကို သားရေပေါ်အိပ်၊ သားရေနားစား ..အဖြစ်မခံနိုင်ပါ..။ သစ္စာမဲ့သူဟုလည်း အပြောမခံရက်..၊ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာရှိသော သားကောင်းရတနာ တစ်ယောက်ကို ရင်ကော့ ပိုင်ဆိုင်ခဲ့ပါပြီ..။
    အဘယ်ကြောင့်ဆိုသော်… ယနေ့ ခေတ်ပညာတတ် လူငယ်များသည် တိုင်းတစ်ပါးအပေါ် …အပေါ်ယံအမြင်ဖြင့် အထင်ကြီးကြပြီး၊ ကိုယ့်မြေ ကိုယ့်ရေပေါ်မှ သြဇာမခံ၊ ရွက်ကျပင် ပေါက်တတ်သောကြောင့်ပင် ဖြစ်ပါသည်။
    သားလေး ကရင်နှစ်သစ်ကူးအမီ နိုင်ငံခြားမှ ပြန်လာမည်တဲ့….။
    ဆက်လက်ဖော်ပြပါဦးမယ်...။
    လ်ုထံင်္ဘးဏှ် ဆူခါင့်အေး
    -ခါ့ထင်းအေဖႜဲ၊္ဘးသာမဲအေး၊
    ဆဲဍူထင်းအု ဏ်ုသုင်းသာ။
    -လ်ုဖႜါ လ်ုခႜါင့်္ဘးဆူခါင့်အေး၊
    လ်ုဝါင့်က္ဋာ လေ၀်တ်ာတာ်။
    -သ္တ်ာအှ်ခိုင့်္ဘေ့တၞိုင့်သိုဝ်၊
    ဏင်ၟဖိုင့်သုင်းသာ က်ုလေင့်အေး။
    -ယါင်ထံင်ယါင်သီး မေံလင်ယီးအေး၊
    မ်ုကႜီးဝေ့ ထံင်ခ၀့်လယ့်ဖ၀့်တိုင်။
    -မ်ုလေ၀်လံင်လံင် ထံင်အ်ုထံင်လ၀့်၊
    လ်ုထံင်္ဘးဏှ် ဆူခါင့်အေး….။
    စ၀်သၞိင့်အိင်သၞိင့်ဗြုမ်ၟ
    Nov 7, 2009
    မှတ်ကရော့...
    ကရင်အမျိုးသား စာပေလောကမှာ နေတဆူ လတဆူပမာ ထင်ရှားကျော်ကြားလှတဲ့ အရှင်ဦးပရမ သူမြတ်က သာသနာ
    ရေးအတွက် သူ့ကျောင်းအနီးကမြေကွက်ကို သာသနာ့လယ်မြေလို့ သတ်မှတ်ပြီး စပါးစိုက်ပျိုးစေတယ်။
    ဒီလိုကျောင်းမြေမှာ စပါးစိုက်တာကို တချို့လူများက " ဘုန်းကြီးလယ်လုပ်တယ် လယ်လုပ်တဲ့ဘုန်းကြီး " လို့ နောက်
    ကွယ်မှာ ဆိုကြပြောကြတယ်။ ဒီစကားကို ဦးပရမကကြားတော့ ဒီပြောတဲ့လူတွေကို ဘာမှပြန်မရှင်းဘဲ သူ့လယ်ထိပ်မှာ
    ဆိုင်းဘုတ်အကြီးကြီးရေးပြီး ထူထားလိုက်တယ်။
    သူ့ဆိုင်းဘုတ်က-
    " ငါလယ်လုပ်တာ ငါ့မယားစားဘို့မဟုတ်၊
    သာသနာကို ချီးမြှင့်ဘို့ဖြစ်တယ် " ရယ်လို့ဖြစ်တယ်။
    ဒီဆိုင်းဘုတ်ထူပြီးကတဲက လူတွေကဘုန်းကြီးလယ်လုပ်တဲ့အကြောင်း မပြောကြတော့ဘူး။ အရှင်ဦးပရမဟာခလောက် နို့ရွာသားဖြစ်တယ်။
    လူထုဦးလှ
    မူရင်း။ ။ kawthulei ဘလော့မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။
    Nov 5, 2009
    ´ဃှူ့`...
    ´ဃှူ့` စ၀်အဲဆိုဒ် (္ဘုံးက္တိက်)
    ဟ်ုစာ်ဆု ´ဃှူ့` ယိုဝ်မွဲာဆ်ုဏှ်လဲစာ်္ဘိုဝ် လေ၀်ဃှူ့၊ထါင်ဃှူ့၊ အှ်ဃှူ့၊အင်းဃှူ့၊ မာဃှူ့၊ ပ္တံင်ဃှူ့၊ ကေႜစိုဒ်ဃှူ့၊ လ၀်ဃှူ့၊ ဍူဃှူ့၊ အဲဆိုဒ်ဃှူ့... မွဲာဝေ့ဍး ဆ်ုဃှူ့သၞ၀့်ညီသာ့(သမဂ္ဂ)ဃှူ့ဏှ်လှ်။ ကဲထင်းမႝီၟဍုံလုက်ဖိုင်ယိုဝ် တ်ုဝါန့်လ်ုဖႜုံးဏှ် အေဃှူ့ကိုဝ်ဟှာဍေ ဍောဟ်ယှာၟထင်းထ၀့်ဖႜဲလှ်။ဍုံလ်ုဖႜုံးဏှ် အေဃှူ့စာ်္ဘိုဝ် ဍောဟ်ယှာၟထင်းထ၀့်ဖႜဲလှ်။ ခါန်ၟလု္ဘိင်းဏှ် အေဃှူ့ ဍောဟ်ယှာၟ္ဘှ်ယ၀့် ထ်ုယ၀်ပြာထာ့ဆေ၀်ၟလှ်။
    ကဲထင်းမႝီၟ ဟ်ုမာအေဃှူ့ ဟ်ုကေႜစိုဒ် အေဃှူ့စာ်္ဘိုဝ် ကဲထင်းလ်ုသှေ်္ဘး အှ်ဏင်မိင်အေး။္ဘေ့သာအှ်သိုဝ် ကဲထင်းလုက်ဆိင့်လှ်။ မႝီၟလ်ုစုဂ်ဏှ် အှ်အေဃှူ့ ဆ်ုဟှယ့် မ္ဘာုဂ်္ဘုင်းဏင်ဟှာအေးလှ်။ မႝီၟဆိုးဒ်လ်ုမိင်ဏှ် အှ်အေဃှူ့၊ အေဃှင်၊ မာအေဃှူ့ အေဃှင် ဆ်ုဟှယ့်ဆင်းလင်္ဘိုင် မ်ုဏေ၀်ၟသီး မွဲာအေးလှ်၊ မာဖေႜ၀်ၟ၊ အင်းဖေႜ၀်ၟ၊ ကေႜစိုဒ်ဖေႜ၀်ၟသီး မွဲာဆ်ုဃှူ့ဆေ၀်ၟလှ်။ ယောဝ်ၟယါင်လ်ုဃှေဝ် ယောဝ်ၟအု ထံင် ဆ်ုထုင်းလီၟအါင်တုံၟဏှ်လှ်။ ဆင့်လင်သာ အ်ုဟှာင်ၟ ထ၀့်္ဘိုဝ်ထ၀့်ထ၀့်၊ မႝီၟအး္ဘိုဝ် အးအး စါင်းထင်းမ၀့်မှ် ခွဲထင်းဖိုင့်ဃှင် ထုင်းလီၟအေသၞ၀့် ဟ်ုယောဝ်ၟဖိုင်မုက် ကိုဝ်ဟှာဍေဆေ၀်ၟလှ်။အ်ုဟှာင်ၟလ်ုလံင်၊ ခွဲထင်းလ်ုဖိုင့်ဃှင် ထုင်းလီၟကြင် ဟှာစံင်းဟှာစံင်းဏှ် ဟ်ုယောဝ်ၟဖိုင် မုက်လိုင်အေး။
    ဆ်ုဏီၟဍိုဝ်္ဘးဟှံင် ကဲထင်း တုံၟစင်ၟကႛယ် ဆ်ုယောဝ်ၟဖိုင်မုက် ဏင်စယ်အေးလှ်။
    ဟ်ုမာဆု ဂမႜိုင်ၟဆ်ုမာသီးယိုဝ် ဟု္ဘးဃှူ့၊္ဘးဃှင် ကိုဝ်္ဘႜင်လှ်။ လ်ုဃှူ့လ်ုဃှင် အှ်လုဏင်၊မီ့လ်ုဏင် စာ်္ဘိုဝ်ဏှ် မွဲာမ်ုကဲထင်းဆု ဏင်မိင်အေးလှ်။ဟ်ုအေဃှူ့ဏှ်ဃှင်ဝေ့ဍးလှ်။ ယှာၟလ၀်ဆောဝ်၀ယ်ဝေ့ဍး ဆ်ုခႜါင် အှ်ဆေ၀်ၟ…..´ဟ်ုဖူ့ လ်ုဃှူ့ ဆိုဒ်လင်သူ့၊ ဆ်ုထူ့ပါကဲခႜဟ်`….တႜာပညာ့ကေ၀်လၜလင်ဝယ် လ်ုလိက်ဖိုင်သီး အှ်ဆေ၀်ၟလှ်။ ´မေ၀် လ်ုဖႜုံး ဟ်ုထာမေ၀်လ်ုဖိုင်နိုင်အေး၊ ဍိင်းလ်ုဖႜုံး ဟ်ုဟှိက်အ်ုသောဟ်ဏေ၀်ၟအေး၊ စူးလု္ဘံင် ဟ်ုဖံင်းဆု ခိုင့်အေး.` ယှာၟလ၀်ဆိုဝ်၀ယ် ဆ်ုခႜါင်အှ် အ်ုမိင်မိင်လ်ုဖးဏှ် မွ္ဘဲားမာ အေဃှူ့အေဃှင် လ၀်ဏဲပျာလင်ဝေ့ ဆ်ုခႜါင်လှ်။
    ဆက်ဖတ်ရန်...
    ဖႜ၀်သးယယ် လ်ုယယ်ဏှ် ဟ်ုစိုင်ထုင်းဆ်ုသှေ်အေး။ ဖႜ၀်သးယယ် အေအးယယ် တ်ုတွယ်ပျဖႜီ ဖႜ၀်သးယယ် အေအး ပ်ုလုဂ် ဖံင်ဏေ၀်ၟဖႜီ အေခိုင့်ဏံင် ဟ်ုစိုင်ထုင်း က်ုဆင့်သီး ကဲဆေ၀်ၟလှ်။ လ၀်ဝေ့္ဘေ့ဏှ်သိုဝ်လှ်။ အှ်အေဃှူ့၊ မာအေဃှူ့ ကေႜစိုဒ်အေဃှူ့ဏှ် ဆ်ုဟှယ့်ဍုဂ်ဟု ဏေ၀်ၟအေး၊ ဆ်ုဟှယ့်မာနိုင်ဟု ဏေ၀်ၟအေး၊္ဘေ့သာအှ်သိုဝ် မာကဲ၊ ပ္တံင်ကဲ လုက်ခႜါလှ်။ ဏးဆ်ုသှေ် မႝီၟပညာ့အှ်ယိုဝ် လ၀်ဍ်ာဃှေဝ်၊ လ်ုတိရိစ္ဆာန်ထောဟ်ဃွှိက်ဖေါဟ်သီး ယူဏေ၀်ၟ လု္လၞဆာၟကဲဍာ္လွ္။ ကႜာသီး ဆ်ုအေခ္ဘါး အ်ုသိုဝ်အေဏေ၀်ၟလု္ဘိင်း အ်ုသီးဝေ့ အင်းကှ်ဆိုင် ဃှူ့ဃှူ့ဃှင်ဃှင် စွးမာလှ်။ ကဲထင်းမႝီၟ ဟ်ုအေဃှူ့ဏှ်္ဘေ့သာအှ်သိုဝ် မာကဲကိုဝ်ုဆိုဝ်ဍေလှ်။
    အ်ုမေရိကံ ´အမေရိကန်` သီး ဍုဂ်ဏေ၀်ၟထါင် အ်ုသီးခါန်ၟ လ်ုအေန်ဂ်ုလာ် စူးဖိုင်ဏှ်သီး မွဲာဆ်ုဃှူ့ဃှင်ဆေ၀်ၟလှ်။ ခါန္ၟလု္ခါန္ၟ မႝီၟဆုိဒ္လု္ဖး ဆ်ုဍုဂ်လ်ုဏေ၀်ၟ ဏင်.္ဘႜင် လု္ဘးအှ် ဆ်ုဃှာၟဃှံင် စူးဝင့်ဖိုင် ဏင်ၟ္ဘႜင်္ဘးသီး မြာဲမႝီၟ ဆိုဒ်ဃှူ့ဃှင် လ၀်လ်ုဟှာဟှံင် ထၞာၟလှ်။ အှ်လုဃှူ့ လ်ုဃှင် လ၀်လောဟ်သာ လ်ုဆံင့်ဏး ထေံဖါဆိင့်ပြာ အီကါင်အိုဝ်ကါင် မႝီၟလ်ုဖးဏှ် ဆ်ုဍုဂ်ဏေ၀်ၟယ၀့်၊ ထံင်ဆ်ုစူးဝင့်ဖိုင် ယ၀့်တယ်လှ်။ သိင်းမူၟအေအှ် ဏင်ၟခါင့်လ၀့်ဏှ် ဏု္ဘိုဝ်ခါၟသူး ကႜ၀္ကႜ၀္လွ္။
    ပၠံဳသိင္းမူၟထူၟ အးခါင့် အေအှ်ဏင်ၟတင် ဟှာင်ၟဆံင်း္ဘိုဝ်ဆံင်းဆံင်း္ဘိုဝ်ခါၟဏေ၀်ၟ ဏင်ၟ္ဘႜင်လိုင်အေးလှ်။ ယောဝ်ၟယာင်လ်ုဃှေဝ် ယောဝ်ၟအ်ုထံင် ဖႜုံစဃွှာ ပါင်တြင့်ဍုံဏှ်လှ်။ကာလာလု ဖႜုံစဃွှာဇွဲယသေန သီ့ထႜိုင့်ဟှံင် မ၀်ခိုဟ် ဍုံမေ၀်ပ္တီဏှ် အှ်ထင်းဃွှာလ်ုခေါဟ်၊ ဍုံလေင်ၟဏှ် အှ်ထင်းဃွှာလ်ုခေါဟ်၊ ပ်ါစံင်ဏှ် အှ်ထင်းဃွှာလ်ုခေါဟ် ထေံဖါဆိင်းပြာ ခါန်ၟအိင်း မႝီၟယှာလင်ဏှ် လ်ုဃှူ့လ်ုဃှင်လိုင်္ဘး အ်ုဟှာင်ၟယှာလင်ဏှ် ယြောဝ်ဋ္ဋစဃွှာ ဍုဂ်ဏေ၀်ၟခွိက်ဖႜုံခါန်ၟ ဏေ၀်ၟခွိက်လုက်ဆိင့်လှ်။ ထၞာ့နူၟ လ်ုဃှူ့ဃှင်္ဘး၊ အှ်ဆုခင်းဖင့်လ္ဘးကဲဆ်ုဖႜ္ဘဲာုံး အ်ုဆိုဝ်ဆိုဝ်လှ်။
    လ်ုခါင့်လ်ုခါင့်ယိုဝ် ´ယောဝ်` သီးလ်ုဃှူ့ဃှင်လိုင်္ဘး ပ်ုသိင့်လ်ုကါင်၊ ပ်ုကိုဝ်ၟလ်ုကါင်၊ မုတ္တမလ်ုကါင် ထေံဖါထင်းဝေ့ ဏှ်လှ်။ ´ပ်ုယင်` ဃွှာ အာန်ဇေယျ ဍုဂ်ဏေ၀်ၟ ´ယောဝ်` ခါန်ၟလုက်ဆိင့်လှ်။ ´ဂျပန့်`သီးယိုဝ် အှ်ဃှူ့အှ်ဃှင်ထ၀ယ် လ်ုပ္တံင်ထင်း ထီ့ခါန်ၟအိုဝ် ခံင်ၟ္ဘိုဝ်ဏါင်းယိုဝ် ဆ်ုဍုဂ်ဏေ၀်ၟ္ဘးအှ်ဆုစူးဝင့်ဖိုင် အှ်ဏင်ၟဆိုဝ်ဍ်ာအေးလှ်။
    ဆောင်းပါးက နည်းနည်းရှည်လို့ နှစ်ပိုင်းခွဲပြီး တင်ပေးလိုက်မယ့်...ဖတ်ရတာ ပျင်းမှာစိုးလို့ပါ....။ကရင်စာလည်း ဖတ်ဖြစ်အောင် ကြိုးစားပြီး အားပေးကြပါနော့်..။ ကျေးဇူးကမ္ဘာပါ...ပျော်ရွှင်ပါစေ...။
    Nov 3, 2009
    အဆိုအမိန့်များ
    ပညာရှိတို့ အဆိုအမိန့်များ
    (၁) ငြိမ်းချမ်းရေးကို အင်အားဖြင့်ထိန်းသိမ်း၍ မရနိုင်ပါ။ နားလည်သဘောပေါက်မှုဖြင့်သာ ပြုလုပ်နိုင်သည်။
    (Albert Einstein)
    (၂) လူတစ်ယောက်ပဲ ဖြစ်ဖြစ်၊ နိုင်ငံတစ်ခုပဲ ဖြစ်ဖြစ် ရောင့်ရဲတင်းတိမ်မှု မရှိခြင်းဟာ တိုးတက်ကြီးပွါးဖို့အတွက် ပထမဆုံးခြေလှမ်းပဲ ဖြစ်တယ်။( Oscar Wilde)
    (၃) သမိုင်းဆိုသည်မှာ ရှေ့ကြောင်းနောက်ကြောင်းတို့ကို သုံးသပ်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သင်ကြားပေးသည့် သမိုင်းဆရာတစ်ဦးဖြစ်သည်။(Edmund Bruke)
    (၄) သမိုင်းကို မသိရင်၊ သမိုင်းကြောင်းကို နားမလည်ရင် သူများ နှပ်တာခံရမယ်။ သမိုင်းဆိုတာ ´မ-အ`ဖို့ အတွက်ဖြစ်တယ်။(Dr. သန်းထွန်း)
    (၅) ကံကောင်းရင်လည်း သိပ်မပျော်နဲ့၊ ကံဆိုးရင်လည်း သိပ်မညည်းတွားနဲ့။ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းပါ။
    ဒင်္ဂါးလို လှန်ပစ်လိုက်ပါ။(Celts လူမျိုးစကားပုံ)
    (၆) ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံသွင်းပါ။ ဘာကြောင့်လဲဆိုတော့ သင်ကမလုပ်ခဲ့ရင် တခြားတစ်ယောက်ယောက်က သေချာပေါက်လုပ်သွားမှာပဲ။( Joel Barker)
    ဆက်ဖတ်ရန်...
    (၇) လူတစ်ဦး၏ ကြီးကျယ်မြင့်မြတ်မှုကို သူ၏ လူသားအကျိုးဆောင်ရွက်မှု အတိုင်းအတာအလျောက်သာ သတ်မှတ်နိုင်သည်။(မဟတ္တမာဂန္ဓီ)
    (၈) ကလေးတွေဟာ လူကြီးတွေရဲ့စကားကို နားထောင်တဲ့နေရာမှာ မတော်ကြပေမယ့် လူကြီးတွေကို အတုခိုးလုပ်ကြတာမှာတော့ ဘယ်တော့မှ မညံ့ကြဘူး။(Juan Enriquiz)
    (၉) စာဖတ်ရုံသာ ဖတ်၍ စဉ်းစားဆင်ခြင်ခြင်းမရှိလျှင် အကျိုးမများပေ။ သို့သော် စဉ်းစားဆင်ခြင်မှုကို စာမဖတ်ဘဲ ပြုလုပ်ခြင်းသည် ကြောက်မက်ဖွယ် ဘေးအန္တရာယ်ဖြစ်ပေသည်။(ကွန်ဖြူးရှပ်)
    (၁၀) ကျွန်ုပ်တို့မှာ ရှိသမျှနှင့် ရောင့်ရဲခြင်းသည် မှန်ကန်ပါ၏၊ ဖြစ်သမျှနှင့်ရောင့်ရဲခြင်းသည် ဘယ်သောအခါမျှ မမှန်ကန်ချေ။(Sir James Mackintosh)
    (၁၁) ဘယ်တော့မှ ဦးမညွတ်ပါနဲ့၊ အမြဲခေါင်းမော့ထားပါ၊ လောကကို တည့်တည့်ကြည့်ပါ။ (Helen Keller)
    (၁၂) ကြောက်ရွံ့ခြင်းဟာ မသိမနားလည်မှုမှ အမြဲပေါက်ဖွားလာတယ်။(ရပ်ဝယ်ဒိ အီမာဆန်)
    (၁၃) ကျွနိုပ်တို့အတွက် ကြောင်စရာအကောင်းဆုံးအရာကားအကြောက်တရားသာဖြစ်ပေသည်။
    (အက်ဖ်ဒီရူးစဗဲ့)
    (၁၄) လူငယ်တွေကို မြှင့်ပေးပါ၊ လိမ့်ကျမှာ မပူနဲ့၊ လိမ့်ကျတာဟာ သူတို့အတွက် လေ့လာစရာသင်ခန်းစာ ဖြစ်လိမ့်မယ်။ (Celts လူမျိုးများ၏ စကားပုံ)
    (၁၅) ကောက်ရိုးမျှင် အများအပြားသည် ဆင်တစ်ကောင်ကို တုပ်နှောင်ထားနိုင်သည်။
    (စုပေါင်းညီညာအောင်ကြောင်းဖြာ)
    ၂၀၀၈-ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲတော် မဟာရန်ကုန်၊ ကရင့်ကြေးမုံ မှ။
    မန်းစောဥက္ကာမင်း
    Bamboo Dance....
    bamboo dance လို့ခေါ်တဲ့ ၀ါးညှပ်အကတွေဟာ ကရင်ရိုးရာယဉ်ကျေးမှုမှာ ပါဝင်သလို တစ်ခြားနိုင်ငံ ယဉ်ကျေးမှုမှာလည်း ရှိပါတယ်။ ဒီyoutube ဗီဒီယိုမှာ တစ်ခြားနိုင်ငံများက ၀ါးညှပ်အကကို ထူးထူးခြားခြား ကပြတာကို တွေ့ရပါတယ်..။ဟိုကြည့်ဒီကြည့်နဲ့ ၀ါးညှပ်အကကို တစ်ခြားနိုင်ငံတွေ ထူးထူးခြားခြား တင်ပြထားတာကို အများကြီးတွေ့ပါတယ်။
    ဒါကြောင့် ဗဟုသုတအဖြစ်လေ့လာချင်ရင် ဒီနေရာ မှာ သွားလေ့လာနိုင်ပါတယ်..။
    ကရင်ရိုးရာ ၀ါးညှပ်အကကိုတော့ ...ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်..။
    ပျော်ရွှင်ပါစေ...။
    Nov 1, 2009
    Mozilla firefox နဲ့ ပတ်သက်တာတွေ..
    mozilla firefox နဲ့ပတ်သက်တဲ့ add on အသစ်တွေ မိတ်ဆက်ချင်ပါတယ်...။ဗဟုသုလေးပါ..ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး..။ add on တွေကတော့ အများကြီးပါပဲ.။ဒါပေမယ့် တစ်ချို့က သုံးလို့အဆင်ပြေသလို တစ်ချို့ကလည်း သုံးရတာ firefox browser အတွက်လေးလံစေပါတယ်..။ အဆင်ပြေတဲ့ဟာ စမ်းကြည့်ဖို့ မျှဝေလိုက်တာပါ..။ add on အသစ်တွေ တော်တော်များများထွက်တာကို တွေ့ရပါတယ်..
    ခုပြောတာက PDF Download add on နဲ့ gmail google redesigned ပုံစံပါ..။ PDF Download ကို add on ကနေ install လုပ်ပြီးရင်
    ဒီလိုပုံစံမျိုး မြင်ရမှာပါ ဒီနေရာ မှာ သွား စမ်းကြည့်ပေါ့ဗျာ..။
    သူက webpage တစ်ခုလုံးကို pdf file နဲ့ သိမ်းထားချင်ရင် ပုံပါ ပြထားတဲ့အတိုင်း နှိပ်လိုက်ရင် webpage တွေကို pdf file အဖြစ် ပြောင်းပေးပါလိမ့်မယ်..။
    ဆက်ဖတ်ရန်...
    နောက်တစ်ခုက gmail homepgageကို ဒီဇိုင်းအသစ် သုံးချင်သူများအတွက်ပါ..
    ကိုယ့်ရဲ့ gmail homepage ကို ဒီလိုမြင်ရမှာပါ...သူလည်း firefox add on တစ်ခုပါပဲ..။
    gmail inbox ထဲဝင်ရင် ဒီလိုပုံစံမြင်ရမှာပါ...။
    စမ်းကြည့်ချင်သူများအတွက် ဒီနေရာ မှာ သွားပြီး စမ်းကြည့်ပါခင်ဗျာ...။
    နောက်တစ်ခုက..firefox homepage စတိုင်အသစ်ပါ...။
    အဲလာ net မှ ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်..။
    လိုချင်ရင်တော့ ဒီနေရာ မှာ နှိပ်ပြီးတော့ စမ်းကြည့်နိုင်ပါတယ်နော်.။ ပုံစံတွေ အမျိုးမျိုး ရှိပါတယ်..။ကြိုက်တဲ့ ပုံစံကို ရွေးယူပြီးတော့ ကိုယ့်ရဲ့ homepage ကို အလှဆင်ပါပြီ...။
    တစ်ခုပြောချင်တာက firefox browser မှာ toolbars တွေ မလိုအပ်ဘဲနဲ့ အများကြီးထည့်ထားလို့ မကောင်းပါဘူး။..လိုအပ်သလောက်ပဲ ထည့်ထားတာကောင်းပါတယ်..။ တစ်ချို့က software ထည့်ကတည်းက ပါလာတတ်ပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ များများထည့်ထားရင် webpage ဖွင့်တဲ့အခါမှာ loading လေးစေပါတယ်..။
    ကိုယ်လုပ်ထားတဲ့ add on တွေကို မလိုအပ်တော့ဘူး ဖြုတ်ချင်တယ်ဆိုရင်....firefox မှာ tool> add on> box ပေါ်လာရင် extensions ကိုရွေး၊ uninstall လုပ်လိုက်ရုံပါပဲခင်ဗျာ..။
    နောက်ပြီး ကိုယ်နေ့တိုင်းဖွင့်တဲ့ webpage တွေကို history အနေနဲ့ အများကြီးကျန်ရှိနေတတ်တယ်...။အဲဒါတွေကို ရှင်းလိုက်ရင် webpage သုံးရတာ ပေါ့ပါးစေပါတယ်..။ ရှင်းလင်းချင်ရင်တော့..ခုနက firefox မှာ tool> clear recent history> box ပေါ်လာရင် clear now ကိုနှိပ်လိုက်ရုံပါပဲ..ဒါမှမဟုတ် tool> option> box ပေါ်လာရင် privacy ကိုရွေး၊ clear recent history ကိုနှိပ်၊ ok ပေးလိုက်ရင် ရပါပြီ..။ကိုယ်နေ့တိုင်း ၀က်ဆိုက်တွေကို ၀င်ထားတဲ့ အကောင့်တွေ၊ နာမည်တွေ၊ password တွေကိုလည်း ကျန်ခဲ့မယ်ဆိုရင် ရှင်းလင်းပြီးသား ဖြစ်ပါတယ်...။
    ပျော်ရွှင်ပါစေ.... မသိသေးသူများအတွက်ပါ....။