Showing posts with label ဆ်ုထံင်ဏါင်း. Show all posts
Showing posts with label ဆ်ုထံင်ဏါင်း. Show all posts

Feb 4, 2012

ပြန့်ကြဲနေတဲ့ မိသားစုဝင်များ...

ကရင်လူမျိုးတို့သည် ကမ္ဘာပေါ်မှာ နေရာတော်တော်များများ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။သမိုင်းအထောက်ထားအရ...
ကရင်လူမျိုးတို့သည် ထြီ့ဆေမေံယွာဋ္ဋ ဟုခေါ်တဲ့ အရပ်မှ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ထိုအထဲတွင် ကရင်လူမျိုးတို့ရဲ့ ပြောင်းရွှေ့ရာနေရာဒေသကို ထိုင်း(ယိုးဒယား)နိုင်ငံလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ဇင်းမယ် ခေါ် ချင်းမိုင်ဒေသတစ်လျှောက်မှာ ကရင်လူမျိုးအများအပြားနေထိုင်တာကို တွေ့ရပါတယ်။အောက်ကဓာတ်ပုံတွေကတော့ ချင်းမိုင်မြို့နဲ့ ကီလိုမိတာ ၂၀၀ ၀န်းကျင်လောက်ဝေးတဲ့ တောင်ခြေနားလေး တစ်ဝိုက်မှာ နေထိုင်တဲ့ ကရင်လူမျိုးများဖြစ်ပါတယ်။ရွာနာမည်ကတော့ ဖါ့ဘာခို့ လို့ ခေါ်ကြပါတယ်။ထိုင်းတွေကတော့ ကရင်လူမျိုးကို ကရီယမ် လို့ ခေါ်ကြပါတယ်။

ဘိုးစဉ်ဘောင်ဆက်က နေထိုင်လာတဲ့ ကရင်တွေ နေရာတော်တော်များများမှာ တွေ့ရပါတယ်။စကားပြောတာကတော့ စကောကရင်ဘာသာနဲ့ဖြစ်ပါတယ်။ နည်းနည်းပါးပါး ၀ဲတာကလွဲလို့ ပြည်မ စကောသံအတိုင်းပါပဲ။ကလေးတွေကလည်း ထိုင်းဘာသာ၊ စကောကရင်ဘာသာ ကောင်းကောင်းတတ်မြောက်ကြပါတယ်။ထူးခြားတာတစ်ခုက အိမ်ခြေ ၂၀၀၀ကျော်လောက် ရှိတဲ့ရွာထဲမှာ နေထိုင်တဲ့ ကရင်အားလုံးလိုလို ကရင်အ၀တ်အစားကို အမြတ်တနိုး ၀တ်ဆင်ကြတာကို တွေ့ရပါတယ်။အရမ်းဂုဏ်ယူစရာ ကောင်းပါတယ်။

ဒါပေမယ့် ကရင်တို့ရဲ့ အရိုးခံ စိတ်ဓာတ်အတိုင်း အေးအေးလူလူနဲ့ နေထိုင်ကြပါတယ်။ အသိပညာ အတတ်ပညာတွေကတော့ ထင်သလောက် ခရီးမပေါက်ခဲ့ဘူးထင်ပါတယ်။သူတို့က အဓိကအသက်မွေးဝမ်းကျောင်းပညာကတော့ ရိုးရာယက်ကန်း ယက်လုပ်ခြင်းနဲ့ စိုက်ပျိုးရေးတွေပဲ ဖြစ်ပါတယ်။ဒီဒေသမှာ သမိုင်းကြောင်းကို မေးခဲ့ပေမယ့်..သူတို့လည်း သေသေချာချာ သိပုံမရပါဘူး။ ရခဲ့သလောက် သူတို့ပြောတာနဲ့ပဲ ကျေနပ်ရပါတယ်။ဒါကြောင့် ဒီပို့စ်ကို နောက်တစ်ခေါက် အပြည့်အစုံပြန်တင်ပေးဖို့ စိတ်ကူးထားပါတယ်။လေ့လာသမျှ ကရင်အကြောင်းတွေကို တင်ချင်ဇောနဲ့ တင်လိုက်ရတာပါ။ဒီကြားထဲမှာ မအားတာလည်းပါ ပါတယ်။
အှ်ဆံင်းလာဆာ်...။


ဒါကတော့ စာသင်ကျောင်းက ပြန်လာတဲ့ ကရင်မျိုးဆက်သစ်တွေကို မုန်းဖိုးဝေပေးနေတာပါ။








Sep 18, 2011

အားလုံးကို သတိရကြောင်း လာပြောပြတာပါ..

အှ်ဆံင်းလာဆာ် ထိုင့်ဖူၟ၀ဲါသီးကိုဝ်ဟှာဍေ...

ကျနော်က ပို့စ်တွေ ပုံမှန်မတင်တော့ ညီအစ်ကိုမောင်နှမအားလုံးကို အားနာမိပါတယ်။ဒါကြောင့် ကျနော်ပို့စ်တွေ ပုံမှန်မတင်နိုင်တဲ့ အတူတူ ဘလော့ရေးခြင်းမှ ခေတ္တခဏ ရပ်နားပါ့မယ်....။ ကျနော်ပို့စ်တင်တဲ့ ရည်ရွယ်ချက်က ကရင်စာပေ၊ သမိုင်းကြောင်းတွေ၊ ကရင်ရိုးရာယဉ်ကျေးမှုဓလေ့တွေကို စုစည်းချင်တဲ့ ဆန္ဒနဲ့ပါ။ ကျနော်က ဘလော့ရဲ့အပေါ်ပိုင်းတွေမှာ ကရင်စာ၊ စကား၊ ယဉ်ကျေးမှုတွေကို လေ့လာသင်ယူဖို့ ဆိုတဲ့ စာတန်းဖြစ်ဖြစ်၊ flash နဲ့ဖြစ်ဖြစ် တင်ထားလေ့ရှိပါတယ်။ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ကရင်ဖြစ်ပါတယ် ဆိုတဲ့ အတွေး ခေါင်းထဲမှာ ၀င်နိုင်ဖို့ပါ။

လူတိုင်းလူတိုင်းမှာ ကိုယ့်အမျိုး၊စာပေ၊ ယဉ်ကျေးမှု ချစ်တတ်တာ သဘာဝပါ။ အဲ့လိုမှ မဟုတ်ရင် အဲ့ဒီလူမျိုးဟာလည်းပဲ ကမ္ဘာပေါ်မှာ မရပ်တည်နိုင်တော့ပါဘူး။မြန်မြန် ပျောက်ကွယ်သွားမှာပါ။ကိုယ့်ကိုယ်ကိုယ် ဒီစာပေ၊ ဒီစကား၊ ဒီယဉ်ကျေးမှု မသုံးရင်၊ မပြသနိုင်တော့ရင် ဒါက ကရင်လူမျိုးပါလို့ သွားပြောရင် ဘယ်သူကယုံတော့မှာလဲ။ဒါကြောင့် လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောဟာ စာပေ၊ စကားပဲ လို့ ပညာရှင်တွေက ဆိုထားပါတယ်။

အရင်ပို့စ်မှာလည်း ဆောင်းပါးတစ်ပုဒ်တင်ခဲ့ပြီးပါပြီ။ ကမ္ဘာပေါ်မှာ နှစ်တိုင်းနှစ်တိုင်း လူမျိုးဘယ်နှစ်မျိုး ပျောက်ကွယ်သွားတာလဲ ဆိုတာ တင်ခဲ့ပါတယ်။ အဝေးရောက်အစ်ကိုမောင်နှမတွေအတွက်လည်း ကရင်အကြောင်းနဲ့ပတ်သက်တဲ့ စာပေတွေကို ဖတ်နိုင်၊ သိရှိနိုင်ဖို့ပါ..။ဘလော့တင်ရင်းနဲ့ ဘလော့အကြောင်းနည်းနည်းပါးပါးကိုလည်း လေ့လာဖြစ်ပါတယ်...။ဒါကြောင့် ညီအစ်ကိုမောင်နှမတွေ အနေနဲ့ သိချင်တာလေးရှိရင် ကျနော့်အီးမေလ်မှာ တတ်နိုင်တဲ့ဘက်က ကူညီချင်ပါတယ်..။ကျနော့်ရဲ့ အကြောင်းကြောင်းကြောင့် ဘလော့ရေးခြင်းမှ ရပ်နားတာပါ...။ နောင်တစ်ချိန် အဆင်သင့်ရင် ကရင်စာပေတွေ၊ သမိုင်းကြောင်းတွေ စတာတွေကို ဒီထက်ကောင်းအောင် ကြိုးစားချင်ပါတယ်...။ဒီဘလော့ကိုလည်း ဒီတိုင်းပဲ ရှိနေမှာပါ...။စာပေ၊ သမိုင်းကြောင်းတွေကို တတ်နိုင်သမျှ တင်ခဲ့ပြီးပါပြီ။ လိုအပ်ရင် ပို့စ်အဟောင်းတွေမှာ ဖတ်နိုင်ပါတယ်ခင်ဗျာ..။

ငါတို့တစ်ထွေဟာ အသိပညာ၊အတတ်ပညာ၊ နည်းပညာတွေ၊ စီးပွါးရေး၊ နိုင်ငံရေးစတာတွေကို အများကြီး လိုအပ်ချက်တွေ ရှိမယ်ထင်ပါတယ်။
ဒါကြောင့် ဒီလိုအပ်ချက်တွေကို သူသူငါငါ၊ နောင်တက်လာမယ့် မျိုးဆက်သစ်အားလုံး တတ်နိုင်တဲ့ဘက်က ပါဝင် ဖြည့်ဆည်းပေးဖို့ တောင်းဆိုချင်ပါတယ်။ဒါကတော့ ကျနော့်ရဲ့ တောင်းဆိုချက် သက်သက်ပါ။ ဖြစ်လာဖို့
မဖြစ်လာဖို့ကတော့ လုပ်ဆောင်ချက်အပေါ်မှာပဲ တည်ရှိနေမှာပါ။
အားလုံးကိုလည်း အမြဲတမ်း သတိရနေမှာပါ...။

ကျာ်သြီ့ထင်းထ၀့် အှ်ဆံင်းအှ်ခႜါင့်္ဘေ့္ဘးသာသိုဝ်..ဏေ၀်္ဘးလာၟကိုဝ့်ဟှာဍေဆာ်...။
မူၟယံင့်ဖါန်

Jan 16, 2011

(၁၂)္ဘႜင်ထင်း္ဘါ ခွဲါက႟င်ပညာ့ဆု္ဘုံးကုံလွဲာ ဆ်ုအှ်ကံင်း ဍုဂ်ပါင်ဟှံင်ခွိက် ဆ်ုထံင်ဏါင်း

(၁၂)္ဘႜင်ထင်း္ဘါ ခွဲါက႟င်ပညာ့ဆု္ဘုံးကုံၟလွဲာယိုဝ် အှ်ဝေ့အ်ုမူၟထာ် လ်ုဍုံ္ဘင်ကုဂ် နောဝ့်ထးဘူရီဘာၟဏှ် ဖႜုံယှင်ဖေါဟ် ဂၞီ့သင့်ဍေဒကာသယ် ဟှူ့ဟှင်သၞ၀့် မ္ဘာုံးယှံင်ဝေ့ ဟှံင်ခွိက်ဃှီ့ဃှီ့လာလာ လု္ဘႜင်ဍ၀်ယုဂ်ဆေ၀်ၟလှ်။
္ဘးဆါင့် ဍေဆု္ဘုံးပညာ့ကုံၟလွဲာအ်ုဟှာင်ၟအ်ုစံင်းလ်ုဖးသီး ဖႜုံယှင်ဖေါဟ် အ်ုအးဍေအ်ုယှာ သှေ်ယာ့ပျုက်္ဘးအှ်ဝေ့ယုဂ်ဆေ၀်ၟ။
ဖႜုံယှင်ဖေါဟ်သင့်ဂၞီ့သယ်မာလောဟ်ပညာ့လ်ုခါန်ၟအ်ုဟှင်ၟသီးမွဲာဆေ၀်ၟ၊လ်ုဍုံထ်ုအင်ခွဲါံက႟င်ပညာ့ဖ၀့်ကေႜာဝ်ဘာၟအ်ုဟှင်ၟ
ပ္တံင်ထင်းအ်ုဟှင်ၟသီးမွဲာဆေ၀်၊ကုက်ကေႜစိုဒ်ပ္တံင်ထင်းယိုဝ်ဏေ၀်ၟဝေ့ဍးအ်ုဏိင်းခ၀့်ဃှူ့ဏိင်းပါင်ထင်း္ဘါယုဂ်ဆေ၀်ၟလှ်။
လ်ုခါန်.အ်ုဟှူ့ဟှာခ၀့်သီး မ္ဘာိုဝ်မာဆိုင် အှ်ထင်းဝေ့လ်ုဏင်ယုဂ်ဆေ၀်ၟ၊စင်္ဘိုဝ် လ်ုခါင့်လ်ုယာ့သီး ခွဲါက႟င်ပညာ့ဆု္ဘုံးကုံၟလွဲာ မ်ုခိုင့်ဏံင်၊မ်ုဖါန်သ်ုလာ ယိက်ယိက်ထင်းသိုဝ် မ္ဘာိုဝ်မာဆိုင် ဖႜုံယှင်ဖေါဟ် ဂမိႜုင်ၟသယ်လ်ုဖး စ်ာဂုဏ်စ်ာတ္ဘားကိုဝ်ဟှာဍေဆေ၀်ၟလှ်။
လ်ုဏိင်းယိုဝ် ခွဲါက႟င်ပညာ့ဆု္ဘုံးကုံၟလွဲာ ဆ်ုအှ်ကံင်း ဆ်ုထံင်ဏါင်းယိုဝ် လ်ုခါန်ၟဒွယ်ဖိုင်ခ၀့်…ဖႜုံဆိုဒ်ဃှီ့လာ တ်ာခေါဟ်လ်ုယာ့ အ်ုမိင်ဍောဟ် ဖႜုံဆိုဒ်မာထာခေါဟ် ဆြာ့ကျဝ်လိက်သိင့်၊နာန်ၟသိင်းလး္ဘင်ဍေ မူးဓံင့်အွာလ်ုဖးဏှ်သီး ဟှယ့်ဖှေ်ဟှာင်ၟဖှေ်္ဘျာ ဝေ့ဍးဆေ၀်ၟလှ်။ မ်ုယောဝ်ၟ္ဘးသာ ဆ်ုဟှင်သယ်စာ်္ဘိုဝ်…
လ်ုဖင့်လးခ၀့်…ပုဂ်ထင်းလာဆာ်…။
















Jul 4, 2010

(၁၁)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအောင်မြင်ပြီးဆုံး

(၁၁) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးကို (၄-၇-၂၀၁၀) တနင်္ဂနွေနေ့ ဘန်ကောက်
မြို့၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတိုက်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ၎င်းအစည်းအဝေးပွဲကို
သံဃာတော် (၂၈)ပါးဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းပြီး တစ်ဆက်တည်းမှာပဲ အခမ်းအနားကို ဆက်လက်
ကျင်းပကာ ကြွရောက်လာသော သံဃာတော်များအား လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်း၍
အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါသည်။





Mar 24, 2010

ပြည်ပရောက် ပညာသင် ကရင်ရဟန်းတော်များ

ပြည်ပရောက် ပညာတော်သင် ကရင်ရဟန်းတော်များရဲ့ ဓာတ်ပုံနှင့် နေရပ်လိပ်စာတွေကို အလွယ်တကူ
သိရှိနိုင်ရန်ရည်ရွယ်၍ဇွဲကပင်ဘလော့မှာ စုစည်းတင်ထားခြင်းဖြစ်သည်။ တစ်ချို့ရဟန်းတော်များရဲ့ ဓာတ်
ပုံနှင့် နေရပ်လိပ်စာတွေကို ဆက်သွယ်ရန်ခက်ခဲမှုကြောင့် အခုမတင်ပေးနုင်သေးတာကို နားလည်ပေးစေ
ချင်သည်။ အားလုံးပျော်ရွှင်ကြပါစေ....

အရင်ဣန္ဒာစာရ
ဇာတိ = သိုက်တောရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = အိန္ဒိယ


အရှင်ကုဝေရ (ထိုင်းနိုင်ငံ)၊ ဇွဲကပင်ဘဏ္ဍာရေးမှူး
ဇာတိ = အံဖကျေးရွာ၊ ကော့ကရိတ်မြို့နယ်
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်းငံ


+ Read more

အရှင်နိမလ
ဇာတိ = လွမ်းမပြေကြိမ်ကုန်းကျေးရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ


အရှင်ဂုဏသာမိ
ဇာတိ = ထွီးမောင်ထိုရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ပညာအရည်အချင်း = သာသနဓဇမ္မာစရိယ၊ M.A {Buddhist and Pali University and Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ


အရှင်မေတ္တာနန္ဒ
ဇာတိ = ထီဖိုးစံရွာ၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇမ္မာစရိယ၊ M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ


အရှင်နာဂ၀ံသ
ဇာတိ = ကစိုရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = မြန်မာနိုင်ငံ


အရှင်သုနန္ဒ
ဇာတိ = နောင်ကမြိုင်ရွာ၊ ဘားအံ
ပညာအရည်အချငင်း = B.A {Buddhist and Pali University of Sri Lanka} M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ


အရှင်ဣန္ဒာစာရ
ဇာတိ = ကျုံပကိုရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Buddhist and Pali University of Sri Lanka}
Ph.D {Thesis - India}
လက်ရှိသီတင်းသုံးရာ = ပုနေး၊ အိန္ဒိယ


အရှင်မေဓာနန္ဒ
ဇာတိ = ထီဖိုးစံရွာ၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ B.A M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ


အရှင်ခေမိန္ဒ
ဇာတိ = ရသေ့ပျံရွာ၊ ဘားအံ
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka} M.A {Hayai Uninversity of Thailand}
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်ငံ


အရှင်ဉာဏသာမိ
ဇာတိ = ကော့လှိုင်းရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka} M.A{ Still study - Chulalaungkun University of Thailand}
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်ငံ


အရှင်မင်္ဂလာဒီပ
ဇာတိ = နောင်ကမြိုင်ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ


အရှင်သုဇန
ဇာတိ = နောင်မြလွဲရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A (First Class) {Buddhist and Pali University of Sri Lanka}. M.A {Kelaniya University of Sri Lanka}
Ph.D (thesis-India) Punai University of India}
လက်ရှိသီတင်းသုံးရာ = အိန္ဒိယနိုင်ငံ


အရှင်ပညောဘာသ
ဇာတိ = အင်းနို့သိပ္ပံရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်ဣန္ဒောဘာသ
ဇာတိ = တလာညားကျေးရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်ဉာဏောဒယ
ဇာတိ = ခလောက်နို့ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ


အရှင်အရိယ၀ံသ
ဇာတိ = ကော့ကူးရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်ကုဏ္ဍလ
ဇာတိ = ကော့ရင်းရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်က၀ိဓဇ
ဇာတိ = ဘီလင်းမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်ဣန္ဒာစရိယ
ဇာတိ = ထွီးမံထို၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်အာလောက
ဇာတိ = လောင်းကိုင်၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်ဝိလာသ
ဇာတိ = တ၀န်ဖန်ရရွာ၊ လှိုင်းဘွဲမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်ထေရိန္ဒ
ဇာတိ = ကျုံခ၀န်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်စန္ဒောဘာသ
ဇာတိ = ပတ်ကျောရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်သီဟဗလ
ဇာတိ = ပေါ့ထော်ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်သုနန္ဒ
ဇာတိ = နန်းထိုက်စံရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ


အရှင်စန္ဒာဝရ
ဇာတိ = ကော့မြတ်ကြီးရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A (တက်ရောက်ဆဲ Kelaniya)
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ



Mar 8, 2010

ပိုးကရင် အဘိဓာန်နဲ့ ပတ်သက်ပြီး ကြိုတင်တောင်းပန်ခြင်း

ကျနော်က ကရင်အဘိဓာန်ကို နိုင်ငံရပ်ခြားမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲဖြစ်ဖြစ် အသုံးလိုတဲ့ ညီအစ်ကို မောင်နှမများအတွက် မျှဝေပေးချင်တဲ့ဆန္ဒနဲ့ အင်တာနက်စာမျက်နှာမှာ တင်ဖို့ အချိန်တော်တော်ကြာ ကြိုးစားခဲ့ပါတယ်။ခုတော့ အားလုံးပြီးသွားဆုံးသွားပါပြီ။ အင်တာနက်မှာ တင်ဖို့ပဲ ကျန်တော့တယ်။ခုဆိုရင် ဒေါင်းလုတ်နိုင်အောင် တင်နိုင်ပါပြီ။ဒါပေမယ့်ကြိုတင်
ခွင့်မတောင်းမိလို့ ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ဒေါင်းလုတ်နိုင်ပါပြီ။

ခက်တာက ဒီစာအုပ် ပုံနှိပ်ထုတ်ဝေတဲ့ ခုနှစ်သက္ကရာဇ် များ မတွေ့ရခြင်းပါပဲ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး ဆြုခႜါင်လ်ုယာ့ဋ္ဋ ထဲမှာ ပါဝင် ဦးဆောင်သူဆရာများနာမည်စာရင်းကို ဖော်ပြပါ့မယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ တင်ခွင့်ပေးဖို့ ဒီစာအုပ်ဖြစ်မြောက်လာအောင် ပုံနှိပ်ထုတ်ဝေသူအားလုံး၊ သက်ဆိုင်သူအားလုံးကို ခွင့်တောင်း တောင်းပန်လိုပါတယ်။ အရင်ပို့စ်မှာကရင်အဘိဓာန်ကို မိတ်ဆက်အနေနဲ့ တင်ဖြစ်တာကိုလည်း လုပ်ချင်ဇောနဲ့ တင်ထားတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ ကျနော်က ကရင်စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေကို လက်လှမ်းမီသမျှ
ကရင်အမျိုးသားစာပေ တိုးတက်ရေးအတွက် ကြိုးစားပြီး တင်ခဲ့ပါတယ်။

တစ်ချို့ကလည်း မိမိ မသိတဲ့ သမိုင်းကြောင်းဆိုင်ရာ၊ စာပေရေးဆိုင်ရာစတဲ့ အကြောင်းအရာများကို ညီအစ်ကို မောင်နှမဆီက ကူးယူပြီးပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကျနော်က ကျနော် ၀ါသနာပါရာ၊ လုပ်နိုင်ရာဖြစ်တဲ့ ကရင်စာပေ၊ ယဉ်ကျေးမှုတွေကို ကျနော့်ဘလော့မှာ စုစည်းတင်ပြခြင်းသာဖြစ်ပါတယ်။ ကျနော်က စာရေးဆရာလည်း မဟုတ်ပါဘူး၊ ပညာရှင်လည်း မဟုတ်ပါဘူး၊မိမိအမျိုးသားစာပေတွေကို ချစ်မြတ်နိုးပြီး ၀ါသနာအလျှောက် လုပ်နိုင်သလောက် တင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

+ Read more

ဒါကြောင့် ဒီ ပိုးကရင်အဘိဓာန် စာအုပ်ဟာလည်းပဲ ကျနော် သိသလောက် ဒီလို ပုံနှိပ်ထုတ်ဝေတာ မရှိသလောက်ပါပဲ။ ဒီစာအုပ်ရှိတာလည်းကရင်လူထုများအတွက် အင်မတန်မှ ဂုဏ်ယူစရာ၊ တန်ဖိုးထားစရာဖြစ်ပါတယ်။ အင်တာနက် စာမျက်နှာမှာလည်း တင်ထားတာ မတွေ့မိတဲ့အတွက် ကရင်လူမျိုးတွေရဲ့ ဂုဏ်ယူစရာ စာအုပ်ကို တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ကျနော်က ဘာကိုမှ မမျော်လင့်ဘဲ ကရင်အမျိုးသားစာပေ တိုးတက်ရေးအတွက် ဆန္ဒရှိလို့ တင်ချင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ ပတ်သက်တဲ့ ပုံနှိပ်ထုတ်ဝေသူ (Karen(pwo) Dictionary Compiling Committee) အား၎င်း၊ စာအုပ်ကို ဦးဆောင်တင်ပြသော ဆရာများကို၎င်း ကြိုတင်ခွင့်တောင်းအပ်ပါတယ်။

အင်တာနက် စာမျက်နှာမှာ တင်ဖို့ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်က ဒီစာအုပ်နဲ့ ပတ်သက်တဲ့ ဆရာများကို ရင်းနှီးတာ တစ်ယောက်မှ မရှိပါဘူး။ စာအုပ်လည်း သူငယ်ချင်းလက်ဆောင်ပေးလို့ ရလာတာပါ။ ဒါကြောင့် ဒီကနေ သက်ဆိုင်သူများ တစ်စုံတစ်ယောက်က တွေ့မိရင် ကျနော်နဲ့ ဆက်သွယ်ပြီး အကြံပေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။တကယ်လို့
ကျနော်လုပ်တာ မညီမျှမှု၊ အဆင်မပြေမှု၊ တစ်စုံတစ်ရာရှိရင် ပြန်လည်ပြီးတော့ အင်္ကြပေးနိုင်ပါတယ်ခင်ဗျာ။ အကြံပေးမယ့် ညီအစ်ကို မောင်နှမများ အမြဲတမ်း မျှော်လင့်နေပါတယ်။

ဒီစာအုပ်ဖြစ်မြောက်အောင် သင်ဃာ့ဖူ့ကျာ် ဇာဂရ စုစည်းထားတဲ့ စကားစုများကို မှီငြမ်းပြီး ပြုစုခဲ့တာလို့ ပါ ပါတယ်။
ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဦးဆောင်ဆရာများမှာ…..
သံင့်ဆၞိုင်ကုံလွဲါ ဃှူ့ဟှာ
၁။စါ့သေန်းမျေန့်(ကျဝ်ထောဟ်တွါ်)
၂။ကျဝ်လာပုင်းအွာ
၃။ကျဝ်မိက်ဖ၀့်ဃှီ့
၎။ကျဝ်ဆိုဒ်သဲုး
၅။နာန်အဲဆိင့်အွာ
၆။နာန်ဆင်ဖ၀့်ခႜိင်း။
အင်္ဂလိပ် သာသာပြန် ပေးတဲ့ ဆရာကတော့ ဒေါက်တာ မာန်ဍေမျးကျဝ်(MBBS) ဖြစ်ပါတယ်။
ကုံလွဲါ ဆ်ုဖါ်သိုဝ် သိုင့်ဟှာ----
1.Mahn Don Yong
2.Nann Esther
3. Mahn Michael Naung.
နောက်ဆုံးတည်းဖြတ်တာကတော့
၁။ဆရာ မာန်မ္ဘာါကျဝ်(B.A,Bed,MA)
၂။ဆရာမနာန်ဓံင့်ထီ့(B.A,History,MA)
စောကရင်

Feb 10, 2010

ကရင်သီချင်းစုစည်းတင်ဆက်မှု karensongs.net

အားလံုးမဂၤလာပါၟၟၟ လာလည္သူ ညီအစ္ကို မောင်နှမများကို ကရင်သီချင်းဆိုက်အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့
အဲလာက အကောင်အထည်ဖော်ပြီး စုစည်းတင်ဆက်မယ့် karensongs.net ပဲဖြစ်ပါတယ်။ကရင်သီချင်းများ အလွယ်တကူ ရယူနိုင်ရန်၊ မျှဝေခံစားနိုင်ရန် ရည်ရွယ်ပြီး တင်ဆက်မယ်လို့ပြောပါတယ်။ တကယ်ဆိုရင် တို့ကရင်တွေလည်း ဒီလို သီချင်းဆိုက်တွေ အင်တာနက်စာမျက်နှာမှာ ရှိသင့်ပါတယ်။ တကယ်ဝမ်းသာစရာပါ။ youtube ပေါ်မှာပဲဖြစ်ဖြစ်၊ တစ်ခြားဆိုက်မှာတွေလည်းဖြစ်ဖြစ် ကရင်သီချင်းတွေ အများကြီး ရှိပေမယ့် မိမိတို့ ဆိုက်သီးသန့်နဲ့ စုစုစည်စည်း မရှိခဲ့ပါဘူး။ တင်ထားကြတာတော့အများကြီးပါ။ ဒါကြောင့် တို့ကရင်လူမျိုးမှာလည်း အနုပညာကဏ္ဍမှာ ရုပ်ရှင်တွေ သီချင်းတွေ အများကြီးရှိပေမယ့်လည်း ဆိုက်သီးသန့် စုစုစည်းစည်းရှိခဲ့တာ တော်တော်နည်းလိမ့်မယ်ထင်ပါတယ်။ ရှိချင်လည်း ရှိမှာပေါ့နော့်။ဒါပေမယ့် သီးသန့်အနေနဲ့ မတွေ့ဖူးသေးပါ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတို့ဆီမှာ သီချင်းအသစ်တွေပဲဖြစ်ဖြစ်၊ အဟောင်းတွေပဲဖြစ်ဖြစ် ပို့ပေးကူညီပေးပို့နိုင်ပါတယ်။



Karensongs.net



ဒီkarensongs.net ကတော့ ခုမှ စပြီးလုပ်တာပါ။ ခြေလှမ်းသစ်လို့ ဆိုရမှာပေါ့။ နောက်နောင်လည်း ဒီထက်ကောင်းအောင်
ဆက်ပြီး စုစည်းတက်ဆက်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။ဒါကြောင့် သီချင်းများပို့ပေးလိုလျှင် ehlar@karensongs.net သို့ ဆက်သွယ်ပို့ပေးနိုင်ပါနော့်။ အွ္ဆံင္လာဆာ္ၟၟကို၀္ဟွာေဍၟၟၟ။

Feb 3, 2010

ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု စောညွန့်ဝင်းရရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၀၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ဒေသခံများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်နေသည့် ကျန်းမာရေး လုပ်သား စောညွန့်ဝင်းကို ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်လိုက်သည်။

ကရင် အမျိုးသား အစည်းအရုံး KNU ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့သူ ပဒိုမန်းရှာလားဖန်း (ကွယ်လွန်) ကို ဂုဏ်ပြုသည့်အနေဖြင့် ကရင်လူထုအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လူငယ်များကို ဒုတိယမြောက် ချီးမြှင့်သော ထိုဆုကို ၃၂ နှစ်အရွယ် စောညွန့်ဝင်း ရရှိခြင်း ဖြစ်သည်။

“ဆုပေးဖို့ရွေးတဲ့အခါ အဆိုတင်သွင်းထားတဲ့လူ ၇ ယောက်လုံးက သူ့နယ်ပယ်တွေမှာ တော်နေကြတော့ တော်တော်လေး ခက်ခက်ခဲခဲ ရွေးခဲ့ရတယ်။ ကိုစောညွန့်ဝင်းက တကယ်ကြိုးစားတယ်၊ လူထုအကျိုးအတွက် လုပ်တယ်။ လူငယ်တွေရဲ့ စံပြဖြစ်တယ်။ လူငယ်တွေ အတုသူသင့်တဲ့သူဖြစ်လို့ ရွေးချယ်ရေး အဖွဲ့ဝင်တွေက ရွေးလိုက်ကြတာ” ဟု ဖန်းဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သော ပဒိုမန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်းက မဇ္ဈိမကို ပြောသည်။

ယခုဆုကို စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း KNU ကျင်းပသည့် ၆၁ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင် ထုတ်ဖော် ကြေညာခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းရှာသည် လူငယ်များကို အားပေးကူညီလေ့ရှိပြီး အမျိုးသားရေး ဖွံ့ဖြိုးတိုးတက်စေချင်သူ ဖြစ်သောကြောင့် ဖခင်၏ ဆန္ဒများ ဆက်လက် အကောင်အထည် ဖော်လိုသဖြင့် ယခုကဲ့သို့ ဖောင်ဒေးရှင်း တည်ထောင်၍ အမျိုးသားရေးအလုပ် လုပ်ကိုင်သည့် ကရင်လူငယ်များကို ယခုဆုနှင့်အတူ အမေရိကန် ဒေါ်လာ ၂၀၀၀ ချီးမြှင့်ကြောင်း သမီးဖြစ်သူ ဇိုယာဖန်းက ပြောသည်။

စောညွန့်ဝင်းအတွက် ဖန်းဖောင်ဒေးရှင်းသို့ ကရင်သတင်းစဉ်မှ အယ်ဒီတာ မနန်းဖောဂေးက အဆိုပြုလွှာ တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

နန်းဖောဂေးက “စောညွန့်ဝင်းက အသက် ၁၂ နှစ်အရွယ်လောက်ကတည်းက လူမှုရေး လုပ်ငန်းတွေမှာ လုပ်ကိုင်လာတာ။ ဖာပွန်နဲ့ အရမ်းဝေးတဲ့ နေရာမှာ ဆေးခန်းလေးဆောက်ပြီး ဒေသခံတွေကို စေတနာ့ ဝန်ထမ်းအဖြစ် ကူညီပေးနေတာ။ ပညာရေး နယ်ပယ်တွေမှာ လစာနည်းနည်း ဒါမှမဟုတ် မရဘဲနဲ့ လုပ်နေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ သူက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ လူထုအကျိုးကို တကယ် လုပ်နေတာကြောင့် အဆိုတင်သွင်းပေးဖြစ်သွားတာ” ဟု ပြောသည်။

+ Read more



စောညွန့်ဝင်းသည် KNU ထိန်းချုပ်နယ်မြေတခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် KNU ၏ ကျန်းမာရေး လုပ်သားအဖြစ် လွန်ခဲ့သည့် ၉ နှစ်ခန့်ကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်ကြောင်း ဖာပွန်ခရိုင်မှ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့မှ ဒေသတာဝန်ခံ စောကျော်ဝင်းက ပြောဆိုသည်။

“စောညွန့်ဝင်းရဲ့ ဆေးခန်း (တာအိုဒဲ့) က ဒေသခံ ၂၀၀၀ ကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်။ သူက လူနာတွေအပ်ါမှာ တကယ် စေတနာထားပြီး လုပ်ပေးတယ်။ သူက ပြောတယ်၊ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုတွေအတွက် လုပ်စရာ အများကြီးရှိသေးတယ်တဲ့” ဟု သူက ဆိုသည်။

တာအိုဒဲ့ ဆေးခန်းသည် ဖာပွန်မြို့မှ ကုန်းကြောင်း ရေကြောင်းခရီးဖြင့် သွားရောက်လျှင် ၂ ရက်ခရီး ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည်။

ထိုနေရာဒေသတွင် နေထိုင်သူများသည် တောင်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြပြီး ၎င်းတို့၏ ဝင်ငွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် မပြည့်စုံကြောင်း သိရသည်။

“ဒီဒေသမှာ ကျန်းမာရေးမကောင်းဘူးဆိုရင် ဖာပွန်မြို့ပေါ်ကိုပဲ သွားပြရတယ်။ သွားပြရင်လည်း မြို့ပေါ်မှာ နေစရိတ်၊ စားစရိတ်တွေ၊ ဆေးရုံစရိတ်တွေကို မတတ်နိုင်ကြဘူး။ နေမကောင်းလို့ သွားပြရင် တနေ့ကို အနည်းဆုံး ၆၀၀၀ လောက် ကုန်တယ်လို့ ပြောတယ်။ ဒီတော့ ဒေသခံတွေက ကျနော်တို့လို ဒေသခံ ကျန်းမာရေး လုပ်သားတွေကိုပဲ အားကိုးရတယ်” ဟု စောကျော်ဝင်းက ပြောသည်။

သူက ဆက်ပြီး ''တရွာနဲ့တရွာ သွားမယ်ဆိုရင် တတောင်တက်၊ တတောင်ဆင်း သွားရတာ ရှိသလို၊ ဗမာစစ်တပ်တွေနားကလည်း သွားရတာမျိုး ရှိတယ်။ အဲဒီအခါ အန္တရာယ် အရမ်းများတဲ့အတွက် မလိုအပ်ဘဲ အချိန်တွေ ကုန်သွားတယ်။ ကျနော်တို့က အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပဲ ပေးနိုင်တယ်။ အဆင့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်မပေးနိုင်ဘူးလေ။ ကလေးမမွေးနိုင်တဲ့ မိခင်တွေဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု မရလို့ သေသွားတာတွေ အများကြီး ရှိတယ်” ပြောသည်။

၂၀၀၈ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၉ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်မှ လူမှုရေးလုပ်ငန်းများ ကူညီဆောင်ရွက်သူ နော်ဖောကဘလာထူးကို ချီးမြှင့်ခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့ နေအိမ်တွင် လုပ်ကြံ သတ်ဖြတ်ခံရသည့် ပဒိုမန်းရှာလားဖန်းကို ဂုဏ်ပြုသောအားဖြင့် ကျန်ရစ်သူ သားသမီး ၄ ဦးက ဖန်းဖောင်းဒေးရှင်းကို တည်ထောင်၍ ထူးချွန်ထက်မြက်ပြီး အမျိုးသားရေးအတွက် အစဉ်တစိုက် လုပ်ကိုင်သော ကရင် လူငယ်များကို ဆုအဖြစ် ပေးအပ်ချီးမြှင့်လာခြင်း ဖြစ်သည်။

“အဖေက သဘောကောင်းတယ်။ ခေါင်းဆောင်ဖြစ်တဲ့အတွက်လည်း အလုပ်လုပ်တဲ့နေရာမှာ ပြတ်သားတယ်။ ဆုံးဖြတ်ချက်လည်း ခိုင်မာတယ်။ လူငယ်တွေကို အားပေးတယ်။ မိသားစုအပေါ်မှာလည်း ကောင်းတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုလည်း အရမ်းချစ်တဲ့သူ ဖြစ်တယ်။ အဖေပြောတဲ့အထဲမှာ ကျမ မမေ့နိုင်တာက လွတ်လပ်ရေးကို ကိုယ်ကိုယ်တိုင် ကြိုးစားတိုက်ယူမှ ရမှာ၊ ထိုင်နေလို့ လွတ်လပ်ရေးက ရှေ့ကို ရောက်လာမှာ မဟုတ်ဘူးဆိုတာ လုံးဝ အမှတ်ရနေတယ်” ဟု နမ့်ဇိုယာဖန်းက ပြောသည်။

မဇ္ဈိမ သတင်းဝက်ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။

Jan 28, 2010

တောင်းပန်အပ်ပါသည်ၟၟၟ

အားလံုးမဂၤလာပါၟၟၟ
ဘလော့ကို ပြုပြုင်ပြောင်းလဲတာကြောင့် အဆင်မပြေတာရှိရင် လာလည်သူ ညီအစ်ကို မောင်နှမအားလုံး သည်းခံခွင့်လွတ်ပေးပါလို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ဘလော့က အရင်ကနာမည်ရှည်တာကြောင့် domain ပြောင်းတဲ့အခါမှာ နာမည်ပါပြောင်းလိုက်ပါတယ်။
မှတ်သားလွယ်အောင်လို့ပါ။ နာမည်ပြောင်းပေမယ့် အရင်က လိပ်စာအတိုင်း ၀င်ရောက်အားပေးနိုင်ပါတယ်ခင်ဗျာ။ တစ်ချို့ အရင်ကလိပ်စာ ဖွင့်လို့မရဘူးလို့ ပြောပါတယ်။ အဲလို မရဘူးဆိုရင် http://www.sawkaren.com နာမည်နဲ့ ၀င်လို့ရပါတယ်။
ဒါက လိပ်စာအသစ်ပါ။ တင်းပလိတ်ပြောင်းတာ အဆင်မပြေသေးတာကြောင့် သည်းခံပေးကြပါနော့်။ မိမိစိတ်ကြိုက် တင်းပလိတ်ရဖို့
မလွယ်တော့ အမျိုးမျိုး စမ်းကြည့်ရပါတယ်။ ကိုယ်တိုင် web designer မဟုတ်တော့ အသင့်လုပ်ပြီးသားကိုပဲ အားကိုးရှာရပါတယ်ခင်ဗျာ။ ဒါကြောင့် တင်းပလိတ် တစ်ခါတစ်ခါ ပြောင်းရင် တော်တော်ဒုက္ခရောက်ပါတယ်ခင်ဗျာ။ တကယ်လို့ လာလည်တဲ့ ညီအစ်မောင်နှမများ လိုအပ်တာရှိ အကြံပေးနိုင်ပါတယ်နော့်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
လာလည္သူမ်ားကို အစဥ္ေလးစားလ်က္ၟၟၟ
အရင္က မူၟယံင့္ဖါန္ၟ အခုေတာ့ ေစာကရင္ေပါ့ခင္ဗ်ာၟၟၟၟ
ေပ်ာ္ရႊင္ပါေစၟၟၟ

Jan 27, 2010

ဇွဲကပင်ပညာဒါန၏ (၅)နှစ်မြောက် အထိန်းအမှတ်စာစောင်ထုတ်ဝေ

ဒါက စာစောင်ရဲ့ မျက်နှာဖုံးဖြစ်ပါတယ်။



ပြီးခဲ့တဲ့ (၁၀)ကြိမ်မြောက် ဇွဲကပင်ပညာဒါန အသင်းရဲ့ အစည်းအဝေးမှာ ဇွဲကပင်ပညာဒါနအသင်း တည်ထောင်ခဲ့တာ (၅) ပြည့်မြောက်ခဲ့ပါပြီ။ ဒါကြောင့် ဒီ(၅)ပြည့်မြောက်သက်တမ်းကို အထိန်းအမှတ်အနေနဲ့ ကရင်ဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာများဖြင့် စာစောင်ထုတ်ဝေဖြန့်ချီလိုက်ပါပြီ။
+ Read more


စာစောင် ထုတ်ဝေဖို့ အရင်က ပို့စ်ထဲမှာ စာမူဖိတ်ခေါ်ခြင်း ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ခုအဲဒီအစီအစဉ်ကို အောင်မြင်စွာ ထုတ်ဝေလိုက်ပြီးဖြစ်ပါတယ်။ စာစောင်ရဲ့ နမူနာ ပုံစံကို အောက်မှာ ကြည့်နိုင်ပါတယ်။
ဒါကတော့ စာစောင်ရဲ့ နောက်ကျောဖုံးဖြစ်ပါတယ်။


Jan 5, 2010

(10)္ဘႜင်ထင်း္ဘါ ခွဲါက႟င်ပညာ့ဆု္ဘုံးကုံရွဲာ ဆ်ုအှ်ကံင်း

(၁၀)္ဘႜင်ထင်း္ဘါ ခွဲါက႟င်ပညာ့ဆု္ဘုံးကုံၟရွဲာ ဆ်ုအှ်ကံင်းဏှ် လ်ုဍုံ္ဘင်ကုဂ် နံင်းထပူရီဘာၟ အ်ုလင်ၟ ကႜယ်အိုဝ်ဃှူ့ဃှင်သၞ၀့် မ္ဘာုံးအှ်ကံင်းဝေ့ ဟှံင်ယုဂ်ဆေ၀်ၟလှ်။ ခွဲါက႟င်ဆု္ဘုံးကုံၟရွဲာယိုဝ် လာဃှူ့္ဘိင်းလု္ဘႜင် အှ်ကံင်းဝေ့ဟှံင်္ဘေ့သိုဝ်ဖႜုံယှင်ဖေါဟ် ဖေါဟ်ဍီပြီးသယ် လ်ုခါင့်လ်ုယာ့ ပညာ့မ်ုထင်းထ၀့်အ်ုဟှင်ၟ အှ်ကုံဝေ့ ပညာ့ဆု္ဘုံး မွ္ဘဲာိုဝ်လှ်။ ဍေဒကာ ဂမႜိုင်ၟသယ် ဃှူ့ဃှူ့ဃှင်ဃှင်အင်းတာင်ပ္တံင်ထင်းသာ ဖႜုံယှင်ဖေါဟ် သင့်ဂၞီ့လေ၀်မာ လောဟ်လိက် လ်ုခါန်ၟမ်ုညာသယ်ဏှ် ပ်ုခိင်ၟထာင်ဝေ့ ဍေ ၀တ္ထုစေ၀်သီးဏှ် မႝီၟဒကာဂမႜိုင်သယ်သှေ်ယာ့ဏးသှေ် ကိုဝ်ဟှာဍေယုဂ်ဏှ်သီး ဟ်ုလ၀်သှေ်ဆေ၀်ၟလှ်။


စင်္ဘိုဝ် လ်ုဏိင်းယိုဝ်သီး အှ်ကံင်းထာင် ဆ်ုဃှူ့ဃှင်အ်ုဟှင်ၟ်ယိုဝ်သီး ထင်း္ဘါဝေ့ အ်ုဏါင်း (၁၀)္ဘႜင်ယုဂ်။္ဘးဆာင့်ဍေဆု္ဘုံးအ်ုဟှင်ၟ် ဆ်ုသုက်ဆ်ုကႜယ်ဏှ်အိုဝ်္ဘေ့သိုဝ် အ်ုဖင့်လးသိုဝ် ဏဲပျာလင်အှ်ကံင်းထ႟ါယှံင်ဓာတ်ဟှင်သယ်ဏှ် ဍး္ဘးဟှံင် သုင်းမုက်သာလိုင် သာဓု ကိုဝ်ဏေ၀်ၟ္ဘးကဲလာ ကိုဝ်ဟှာဍေဆာ်ၟၟၟ။
ဖႜုံဏိင်းသာထာ် ၂၇၄၉-ဏိင်း၊ သာက်ုလာဏိင်းသာထာ် ၁၃၇၁-ဏိင်း လာထိုင့်ခုဂ်ဖေါဟ် ဃှဦုလင်(၄)သင့်
မူၟအ်ုတုက်၊(၃-၁-၂၀၁၀) ဍုံ္ဘင်ကုက်၊ ခွဲါက႟င် ပညာ့ဆု္ဘုံးကုံရွဲာ ဆ်ုအှ်ကံင်း
အင်းတာင်ပ္တံင်လင်သာ ဆု္သုဂ္ဆု္ကႜယလု္ဖးဏွ္ဟွး္ၟၟၟ

အ်ုဏါင်း(၁)ပုက်ထင်း ဆ်ုသုဂ်ဆ်ုကႜယ်ဍေ နမော တဿ သိုင့်္ဘႜင်၊
အ်ုဏါင်း(၂) ဒကာဂမႜိဳငၟ္သယ္လု္ဖး မ်ုတုင်ထင်းဏေ၀်ၟသီ့လာ ယဲာမိင် ဍေ ဆံင့်ဏးယှံင်ထာင် ပရိတ်ဓ၀်ၟ၊
အ်ုဏါင်း(၃) နာယကအ်ုခေါဟ်စံင်း ဖူ့ကျာ်ဖါဍောဟ် ကုမာရ အှ်အိုဝ် ဒကာဂမႜိုင်ၟသယ်လ်ုဖး မ်ုတုင်ၟဏေ၀်ၟထာင်ဆ်ုအင်းသံင်း၊
အ်ုဏါင်း(၄) မာန်နဲာ ညာဏောဒယ(သီရိလင်္ကာ) ဏှ် လ၀်ဟှိုင့်ဖှေ်လင့်ထာင် သုင်းမုက်သာလိုင် ဆ်ုခႜါင်၊
အ်ုဏါင်း(၅) မာန်နဲာမင်္ဂလာဒီပ(သီရိလင်္ကာ) ဏှ် ဒကာဂမႜိုင်ၟသယ်အ်ုဟှင်ၟ လ၀်ဟှိုင့် ဖှေ်လင့်ထာင်ဝေ့ြ ဃှူ့ဃှင်သၞ၀့်ဋ္ဋဋ္ဋဆ်ုခႜါင်အင်းသံင်း၊
အ်ုဏါင်း(၆) မာန်နဲာကုဝေရ( နံင်းထပူရီဘာၟ) လ၀်ဟှိုင့်ဖှေ်သှေ်ယာ့ထာင် ဒကာဂမႜိုင်ၟသယ် ဏေ၀်ၟ/လုက် စေ၀်စု်ရေင့်၊
အ်ုဏါင်း(၇) မာန်နဲာနာဂ၀ံသ(က်ုစိုဝ်) လ၀်ပျုာလင်ဝေ့ ခြါဲက႟င္ပညာ့ဖ၀့္ေကႜာ၀္ဘာၟ အ်ုဟှာင်ၟအ်ုစံင်း၊
အ်ုဏါင်း(၈) ဆ်ုအင်းစာ ဍေ ဆ်ုလ၀်ပျာဆ်ုခႜာင်(အ်ုဍိုဝ်/အ်ုတင်)၊
အ်ုဏါင်း(၉)ပ်ုခိင်ၟဆု္ဘုံး ဍေ ခယ့်လင်ထီ့၊
အ်ုဏါင်း(၁၀) (မိဂဒါယ-ဖ၀့္မူၟယွာ့)ကံုၟရြာဲေ၀့ ဆောတ်ဖးထင်း ဖႜံင့်ဟှး လ်ုဝါ်၊
အ်ုဏါင်း(၁၁) ဟှးသးထာင် ဆ်ုသုက်ဆ်ုကႜယ် ဍေ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သိုင့်္ဘႜင်။
္ဘးဆာင့် ဍေဆု္ဘုံးဆ်ုသုက်ဆ်ုကႜယ်သယ်ဏှ် လ်ုအုဖင့်လးအိုဝ် ယောဝ်ဖိုင်ယှံင် ဓာတ်ဟှင် အှ်ဝေ့ဆေ၀်ၟလှ်။
သုဂ်သတ္တ၀ါသယ် ကို၀္ဟွာၟၟၟၟကို၀္ဟွာ ယှူးခႜါင်း္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့် ဍဳဂ္ပါင္လာဆာ္ၟၟၟ။

ဓာတ်ပုံများဆက်ကြည့်ရန်...