Nov 30, 2011

ဖႜံဳထာေခါဟ္ယူၟလု္ဖး

အှ်ဆံင်းလာဆာ် ထိုင့်ဖူၟ၀ဲါသီးကိုဝ်ဟှာဍေ...

ဒီတခါတော့ ပြန်ရောက်တာနဲ့ အရင်က ကရင်သီးချင်းဟောင်းတွေပါလာပါတယ်၊ သီချင်းဟောင်းဆိုတာ...ကရင်လူမျိုးတို့ ယဉ်ကေးမှုမှာ သီချင်းပွဲ(သြပွဲ)ဆိုတာ ရှိပါတယ်။ယောင်္ကျားနဲ့မိန်းမ တစ်ယောက်နဲ့တစ်ယောက် ချစ်ရေးဆိုတာပဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုတာပဲဖြစ်ဖြစ် သီချင်းစာသားဖွဲ့ပြီး သီချင်းဆိုခြင်းဖြင့် တစ်ဖက်သားကို သိစေခြင်းဖြစ်ပါတယ်။ဖြႜုံထာခေါဟ်ယူၟဋ္ဋ လို့ခေါ်ပါတယ်။ မှန်သလားတော့ မပြောတတ်ပါ။ ဒီသီချင်းနဲ့ပတ်သက်ပြီး မှားတာရှိရင် ထောက်ပြပေးပါ.။ကျနော်လည်း နှုတ်တိုက် ပြန်ကူးရေးထားမို့လို့ပါ။နောက်ပြီးတော့ ဒီသီချင်းတွေက မိန်းကလေးကတစ်လှည့်၊ ယောင်္ကျားလေးဘက်က တစ်လှည့် ဆိုရလေ့ရှိပါတယ်။

ဒါပေမယ့် ခုခေတ်မှာတော့ ဒီယဉ်ကျေးမှုဓလေ့ ပျောက်ကွယ်လုနီးပါးဖြစ်သွားပါပြီ။တစ်ချို့နေရာမှာ ကြားဖူးနားဝရုံပဲ ရှိပါတော့တယ်။
ဒါကြောင့် မသိတဲ့ ကရင်ညီအစ်များအတွက်...အဘိုးအဘွားထံမှ နှုတ်တိုက်အာရုံကို မှတ်တမ်းတင်လိုက်ပါတယ်။တကယ်တမ်းလည်း ငါတို့ကရင်တွေဟာ အမှတ်သညာအားနည်းခဲ့တာကြောင့် တစ်ချို့နေရာတွေမှာ ခိုင်လုံတဲ့အထောက်အထား မပြနိုင်တဲ့အထိ ဖြစ်ခဲ့ရပါပြီ။

ဒါကြောင့် ဒီလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ နောင်သမိုင်းအထောက်အထားအတွက်ပဲဖြစ်ဖြစ်၊ စာပေ၊ယဉ်ကျေးမှု အထောက်အထားအတွက်ပဲဖြစ်ဖြစ် သမိုင်းကျန်ရစ်အောင် ကရင်လူငယ်တိုင်းမှာ အမှတ်သညာ၊ လုံ့လ၀ီရိယ၊ သတိရှိရှိနဲ့ ကြိုးစားသွားဖို့ တာဝန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်မကျ၊ အားမလျှော့ဘဲ ကိုယ်စီ တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်းကြိုးစားသွားမယ်ဆိုရင် ပန်းတိုင်က ဒို့လက်ထဲမှာပါ။ ဒါပေမယ့် မြင်းလုပ်တတ်၊ လုပ်နိုင်ရင် မင်းပဲ လုပ်ပါလားဋ္ဋ ဆိုတဲ့ စိတ်ဓာတ်မျိုးတော့ အချင်းချင်း မကိုင်ပေါက်ကြဖို့ တောင်းဆိုပါရစေ.။..။ဒီစကားမျိုးဟာ တော်တော်များများမှာ ကြားရပေါင်းများလို့ပါ...။

အမျိုးသားရေးကို ကိုယ့်ဘ၀အရေး၊ကိုယ့်မိသားစုအရေးစတဲ့ အရေးပုံစံမျိုးနဲ့ထားနိုင်မယ်ဆိုရင် အကောင်းတကာ့အကောင်းဆုံးပါ။ ဒါပေမယ့်...အဲ့လို မထားနိုင်သည့်တိုင်အောင်...စိတ်ဝင်စားပေးတယ်၊ ဦးစားပေးတယ်၊ ၀ိုင်းဝန်းအားပေးတယ်ဆိုရင်..လုပ်ရတဲ့သူတွေအတွက်တော့ တကယ့်အားဆေးပါပဲ...။ဘယ်လိုပဲ ဖြစ်ဖြစ် နြှမ်းတစ်စေ့နဲ့ ဆီမထွက်နိုင်ဋ္ဋ ဆိုတဲ့စကားအတိုင်း တစ်ဦးတစ်ယောက်လုပ်တာထက်..အများနဲ့လုပ်လိုက်ရင် ဘယ်လောက်ကွာခြားတယ်ဆိုတာ ညီအစ်ကိုအားလုံးသိကြမှာပါ...။တစ်ဦးနဲ့တစ်ဦး နားလည်ပေးခြင်း၊ ခွင့်လွတ်ပေးခြင်း၊ချစ်ချစ်ခင်ခင်နေနိုင်ကြမယ်ဆိုရင်..ငါတို့အတွက် လှပတဲ့ပန်းခင်းလမ်းပါ...။

ဖႜံဳထာေခါဟ္ယူၟ...

၁။အှ်လုမုက်ဆံင့်မံင်းဆ်ုယိုဝ်၊
ပါမုက်လင်သာဍေယ်ုနိုဝ်၊
ဖိုဝ်ဖင့်မူၟသင့်၀၀်ဖေါဟ်ကိုဝ်၊
စွးမာလယ့် ဆ်ုလုထီးယိုဝ်။

၂။ယောဝ်ၟထင်းလ်ုမုက် ဆ်ုအုင်းသိုင့်၊
လီဟှယ့်လင့်ဖႜါ ဆ်ုဟှယ့်ဆိုင်၊
ခႜိုဝ်လင်ဏ်ုသာဏှ်အေခိုင့်၊
ယံင့်ဝယ်ဏ်ုသာ မ်ုထႜိုင့်။

၃။မ်ုလေ၀်ဖ၀်ၟ ယ်ုလေ၀်လ်ုထံင်၊
လ်ုလေ၀်္ဘး ယ်ုအှ်လ်ုတံင်၊
ဏ်ုလေ၀်အှ်တယ် လ်ုဆုယါင်၊
ယံင့်ဝယ် ဖိုင်သာဏင်းခယ့်္ဘါ်။

၎။ခေါဟ်လံင်ဍောဟ်္ဘႜါ ထီ့ပ်ုယိုင့်၊
ပႜယ်ဍ်ာအေးလ၀်ဆ်ုဍေဏု၊
ဖႜုံလ၀်လာဏင့်ဆ်ုဍေယု၊
ဆံင့်လင်ခေါဟ် ယ်ုဏင်းထင်းဏု။

၅။ဍာလင်ခႜဟ်ယှာ့တ်ုက၀်ယယ်၊
ယောဝ်ၟလင်ဏု္ဘးဍးဏ်ုလယ့်၊
က်ုလိုဝ်ထင်းကျာ် မေံထီ့ဟှယ့်၊
မ်ုဍး္ဘးသာ့ ဏ်ုခ၀့်လယ့်…။

လ်ုခါင့်ခိုဝ်း...အှ်ဍာ်...(ဆက်လက်ဖေါ်ပြပါဦးမယ်)