သူတို့က ၀ိသာခနက္ခတ်နှင့်ယှဉ်သောကြောင့် ဒီနေ့ထူးနေ့မြတ်ကို မိမိတို့လိုရာများ ပြီးပြည့်စုံသည်။ဘုရားရှင်လည်း ဒီနေ့ထူးနေ့မြတ်မှာ ဗုဒ္ဓ၀င်တွင် မြတ်စွာဘုရား ဘုရားအဖြစ်ကို ရရှိတော်မူသောနေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူသောနေ့ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားပါသည်။ဒါကြောင့်လည်း ဗုဒ္ဓကို ပုံစံအမျိုးမျိုး၊ tradition အမျိုးမျိုးဖြင့် ပူဇော်ကြသည်။
သီရိလင်္ကာနိုင်ငံတွင် ဒီဗုဒ္ဓနေ့ကို အောက်ပါပုံအတိုင်း ပူဇော်ကြသည်။
သီရိလင်္ကာနိုင်ငံသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်ပါသည်။ နေ့ထူးနေ့မြတ်အများကြီးရှိရာတွင် ဒီ (Vassa Day)နေ့တွင်သာ အကြီးကျယ်ဆုံးကျင်းပကြသည်ဟု ဆိုနိုင်ပါသည်။သူတို့နိုင်ငံတွင် တမီးလ်ကျားသူပုန်တို့နှင့် စစ်တိုက်ရတာကြောင့် ဒီနောက်ပိုင်းတွင် စည်းကားမှု နည်းပါးသွားရပါသည်။
သူတို့ရဲ့ ဗုဒ္ဓနေ့ပူဇော်ကြပုံမှာ မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲနှင့် အလားသဏ္ဌန်တူပါသည်။ လမ်းတိုင်း နေရာတိုင်းမှာ မီးသီး၊ မီးလုံးများချိတ်ပြီး လမ်းပေါ်ထွက်လျှောက်ကြသည်။လမ်းဘေးတစ်ဘက်တစ်ချက်တွင် ဗုဒ္ဓရုပ်တုတွေ၊ ဗုဒ္ဓ၀င်ပြခန်းတွေကို စနစ်တကျ ပူဇော်ပြသထားပါသည်။
နောက်ပြီး လမ်းဘေးတွင် လာရောက်လည်ပတ်သူတွေကို အအေးဖြင့်တစ်ဖုံ၊ ရေခဲမုန့်ဖြင့်တစ်မျိုး ဧည့်ခံကျွေးမွေးကြပါသည်။ဒီနေ့ထူးတွင် ပျော်ရွှင်စွာပါဝင်ဆင်နွဲကြသည်။
ဒါကြောင့် သီရိလင်္ကာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ကဆုန်လပြည့် ဗုဒ္ဓနေ့ ပူဇော်ကြပုံကို ဗဟုသုများ ဖြစ်စေရန် တင်ပြလိုက်ခြင်းဖြစ်ပါသည်။ အသိဥာဏ်ဗဟုသုများ တိုးပွါးနိုင်ကြပါစေ…။
No comments:
Post a Comment