Jun 30, 2010

မိမိဘလော့ပေါ်မှာ စာတန်းပြေးပုံစံများထည့်ချင်ရင်...

အှ်ဆံင်းလာဆာ် ကိုဝ်ဟှာဍေ…

ဘလော့နဲ့ ပတ်သက်တာတွေ မရေးဖြစ်တာကြာပါပြီ။တစ်ချို့ညီအစ်ကိုတွေက တောင်းဆိုလာလို့ ဒီပို့စ်ကို ရေးဖြစ်ရခြင်း ဖြစ်ပါတယ်။ဒီကုဒ်တွေက ဘလော့ရေးတဲ့လူတိုင်းနီးပါး သိပြီးသားတွေဖြစ်မှာပါ။ဒါပေမယ့် ဘလော့ကို စတင်ရေးတဲ့လူများအတွက်သာ ရည်ရွယ်ပါတယ်။နောက်ပြီး လိုက်ရှာရတာ အချိန်ကုန်သက်သာအောင် သိသမျှ စုစည်းပေးလိုက်တာပါ။

တစ်ချို့က မိမိဘလော့ရဲ့ အပေါ်ဆုံးမှာပဲဖြစ်ဖြစ်၊ဆိုက်ဘားပေါ်မှာပဲဖြစ်ဖြစ်၊ ဘလော့ပို့စ်ရဲ့ အောက်ခြေမှာပဲဖြစ်ဖြစ် ကျေးဇူးတင်စကားတွေ၊ အမှတ်တရစကားတွေ အမြဲတမ်း ကြည့်လို့ရအောင် ဒီကုဒ်ဒင်းတွေနဲ့ အသုံးပြုပြီး စာသားတွေ လှလှပပ ထည့်လို့ရပါပြီ။လင့်ချိန်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။

ဒီလို လုပ်သောအားဖြင့် လာလည်သူတွေကို အမြင်ဆန်းစေပါတယ်။ ကြည့်ရတာလည်း ခန့်ညားစေပါတယ်။
ဒီကုဒ်ထည့်ပုံကတော့ ဘလော့ထဲကို sign in ၀င်ပါ။ page element ကို သွားပါ။ အရင်က ပုံစံဆိုရင် layout ပေါ့။ နောက်မှ ဒီဇိုင်းနည်းနည်းပြောင်းထားလို့ အဲ့ဒီနေရာမှာ Design လို့ နာမည်ပြောင်းထားပါတယ်။ အဲ့ဒါကို နှိပ်ပါ။ page element ပေါ်လာမယ်။ ဒီစာမျက်နှာမှာ add a gadget ကို နှိပ်ပါ။ ဘောက်စ် တစ်ခု ပေါ်လာရင် HTML/javascrit ကိုရွေးပါ။

အောက်မှာ ဖော်ပြထားတဲ့ မိမိစိတ်ကြိုက် ကုဒ်တစ်ခုကို အဲ့ဒီ HTML/javascrit အကွက်မှာ ထည့်ရပါတယ်။
ပြီးရင် save လိုက်ရုံပါပဲ။ အဲ့ဒီလို save ပြီးလို့ နေရာထားတာ မကြိုက်ဘူး၊ ဒီနေရာမဟုတ်ဘူးဆိုရင် မိမိထားချင်တဲ့ရောမှာ mouse နဲ့ထောက်၊ ဖိနှိပ်ပြီး ပြောင်းရွှေ့လို့ ရပါတယ်။

+ Read more


အောက်မှာ ပေးထားတဲ့ ကုဒ်တွေကို ဘယ်လို အလုပ်လုပ်တယ်ဆိုတာ.. နည်းနည်း ရှင်းပြပါ့မယ်။

(၁)အောက်မှာ ပြထားတဲ့ စာတစ်ပိုဒ်ဟာ marquee လို့ခေါ်တဲ့ ဘေးကို ပြေးတဲ့ စာတန်းထိုးနည်းလေးပါ။ ပြေးချင်တဲ့စာကို ဘယ်မှာ ရိုက်ထည့်ရမလဲဆိုရင်…

<marquee>
</marquee> ဒီနှစ်ခုရဲ့ ကြားမှာ ထည့်ရမှာဖြစ်ပါတယ်။

ဥပမာ…
<center><marquee>အဲလာဏ်ုလိက် ဍေဏ်ုဆိုဒ်</marquee> </center>

ဒီလိုကရင်စာနဲ့ ပြထားတဲ့ စာသားကို ထည့်ရမှာဖြစ်ပါတယ်။
<center>ကတော့ စာသားကို အလည်တည့်တည့်မှာ ပေါ်စေချင်လို့ ထည့်ထားတာဖြစ်ပါတယ်။
ဒါက ပုံမှန်ပြေးခိုင်းတဲ့နည်းပါ။

အောက်က အနှေးပုံစံထည့်မယ်ဆိုရင် ..
<marquee align=”center”direction=”left”scrollamount=”3”>အဲလာဏ်ုလိက် ဍေဏ်ုဆိုဒ်
</marquee>
ဒီလို ထည့်ရမှာဖြစ်ပါတယ်။scrollamount=”3” ဒီနေရာမှာ “3”ကို မိမိကြိုက်တဲ့ အနှေး/အမြန် (1.2.3.4.5)စသည့်ဖြင့် ပြောင်းထည့်ပေးပါ။

(၂)ဒီနည်းကလည်း marquee ပါပဲ။ ဒါပေမယ့် သူက ဘေးပြေးတာကို ပျောက်သွားတာ မဟုတ်ဘဲ ဟိုဘက်ဒီဘက် ဘောင်ခတ်ပြီး ပြန်လာတဲ့ စတိုင်ဖြစ်ပါတယ်။
<marquee behavior="alternate">အင်းဟှးလင်ဖ၀်...</marquee>

သူလည်းပဲ အနှေးပုံစံ လုပ်ချင်ရင် …
<marquee behavior=”alternate”scrollamount=”3”>အင်းဟှးလင်ဖ၀်</marquee>

လို့ ထည့်ပေးရမှာဖြစ်ပါတယ်။

(၃)ဒီအောက်မှာ ကုဒ်ကတော့ စာသားတွေ အများကြီး ထည့်ပြီးတော့ box ပုံစံနဲ့ အပေါ်နဲ့ အောက် ပြေးခိုင်းတဲ့ ကုဒ်တွေဖြစ်ပါတယ်။
<marquee onmouseover="this.stop()" onmouseout="this.start()
"scrollamount="2" direction="up" width="100%" height="200"
align="center">
</marquee>

စာသားကတော့ </marquee>
စာလုံးအရှေ့မှာ မိမိထည့်ချင်တဲ့ စာသားကို ရိုက်ထည့်ပါ။

(၄)အောက်မှာ ကုဒ်ကတော့ စာလုံးကို ဟိုဘက် ဒီဘက်ပြေးတာ မဟုတ်ဘဲ တစ်နေရာတည်းမှာပဲ မှိန်တုတ်မှိန်တုတ် ပြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
<center><blink></blink> </center>

စာသား ထည့်ပုံကတော့ ခုနကအတိုင်းမှာပါပဲ…ဒီကုဒ်တွေ အလုပ်လုပ်ပုံကို ကြည့်ချင်ရင် ဒီမှာ Demo သွားကြည့်ပါ။ တကယ်လို့ အဆင်မပြေတာရှိရင် ပြောကြားနိုင်ပါတယ်…။ယှူးမုက်လာဆ်ာကိုဝ်ဟှာဍေ….။

Jun 25, 2010

မျိုးဆက်သစ်သို့ မှာတမ်း...

ကြားရချက်က မသက်သာ
ရင်ထဲမှာ နာပါရဲ့
မျိုးမတူ သူတစ်ဦးရယ်နှင့်မှ
ယူရက်ပေ သူ့ဖူးစာ
ပျောက်ပါပေါ့ လူမျိုး
မျိုးဆက်တွေ ကပ်ပြားဖြစ်အောင်
သူ့လုပ်ရပ်ဆိုး။

တို့ဘိုးစဉ် ဘောင်ဆက်က
ထိန်းသိမ်းခဲ့ အစဉ်အလာ
နှစ်(၂၀၀၀) ကျော်ခဲ့ပြီပဲ
သတိမူကြပါ
မျိုးမတူ သူတွေနှင့်မှ
ယူကြတာ ဂုဏ်ယူစရာလား။

တံလျှပ်ကို ရေထင်
ရွှေသမင် အလိုက်မမှားစေနှင့်
မြေမျိုလို့ လူမျိုးမပျောက်ပါဘူး
လူမျိုမှ လူမျိုးပျောက်မယ်ကွဲ့
(မှာချင်တယ်) မျိုးဆက်သစ်များ။

(အှ်ဍေသ္တာ်....ဟှင်းခေါဟ်အင်းယူၟ ဆိုဒ်လ်ုလုက်၊ မီႝၟအင္းယူၟ ဆိုဒ်လုက်ထုက်)

မှတ်ချက်။ ။ မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြပါတယ်။

Jun 24, 2010

ဆ်ုကေႜစိုဒ်ဟှာင်ၟ္ဘျာ

ဏင်းလ်ုဃှေဝ်ဆ်ုထုလိုင့်၊
ကင်ကာလ်ုဃှေဝ် အင်းဟှံင်သိုင့်။
ကေခါင့်ဟှင်ၟ ဆံင်းမံင်းတယ်၊
စူးယာ့ခ၀့်္ဘးကုံးဝယ်။
ထံင်လုက်ဆိင့် ဆ်ုမာဏှ်၊
္ဘိုဝ်ဏါင်းယိုဝ် ကုက်တယ်လှ်။
ဍးခံင်ဏင့် ကးအးဆိုဝ်၊
ကေႜစိုဒ်မာ လ်ုခွိက်ယှိုဝ်။
ဆ်ုကဲထင်းလင်တ်ုမျင့်၊
မွဲာနိုင်ထိုင့် ပညာ့ညဏ်။
ဆ်ုလေ၀်ထင်း ထံင်လ်ုလာ၊
ဆ်ုကေႜစိုဒ် အ်ုဟှာင်ၟ္ဘျာ။

စ၀်အဲဆိုဒ်

Jun 22, 2010

ပညာခေတ် လူ့အဖွဲ့အစည်း

နိဒါန်း…

ကရင်လူမျိုးတို့ ပထမဆုံးတည်ထောင်သော `ဒေါကလု`ခေါ် ကရင်အမျိုးသားအစည်းအရုံးမှ ကရင်ခေါင်းဆောင်များ၏ကျေးဇူးကြောင့် ကရင်အမျိုးသားရေး အသိအမြင်များ နိုးကြားလာခဲ့သည်။
ခေတ်ပညာတတ်များ ပေါ်ပေါက်လာသဖြင့် ထိုခေတ်ထိုအခါက မိမိတို့ ကရင်လူမျိုး၏ အကျိုးစီးပွါးကို တစ်တပ်တစ်အား ဆောင်ရွက်နိုင်ခဲ့သည်။

ကရင်အမျိုးသားခေါင်းဆောင် ပညာရှိများ၏ ထိုသို့ အကျင့်လည်းမှန်၊ အကြံလည်းကောင်း၊ အနာဂတ်ကို မြော်မြင်တတ်သောကြောင့် ကရင်အမျိုးသားရေး ယနေ့တိုင် ရှင်သန်စီးဆင်းနိုင်နေခြင်းဖြစ်ပါသည်။ ကရင်မျိုးဆက်သစ်တို့အနေနှင့် ယနေ့ ပညာခေတ်ရေစီးကြောင်းတွင် လှေကြုံစီး ခရီးသည်အဖြစ် လိုက်ပါမည်လား။ လှေထိုးသားအဖြစ် လှော်ခတ်မည်လား၊ ပဲ့နင်းမှူးအဖြစ် ရှေ့ဆောင်မည်လား…စဉ်းစားသုံးသပ် ဆုံးဖြတ်နိုင်ရန် ပညာ၏ ၀ိသေသလက္ခဏာကို လေ့လာဆန်းစစ်ရမည် ဖြစ်ပါသည်။

အခန်း(၁)

ပညာ (အဓိပ္ပါယ်ဖွင့်ဆိုချက်)

1.Education is the apprenticeship of life.
ပညာသင်ယူခြင်းသည် လူ့ဘ၀ကို အစမ်းနေကြည့်ခြင်းပင် ဖြစ်သည်။
(Robert Aris Willmott…1863)
2.A human being is not, in any proper sense, a human being till he is educated.

တကယ်အစစ်အမှန်သဘော ပြောကြမည်ဆိုလျှင် လူတစ်ယောက်သည် ပညာတတ်ပြီးမှသာ တကယ်အရည်မှီသောသူ/လူ ဟူ၍ ထိုက်ထိုက်တန်တန် ခေါ်ဆိုထိုက်သူဖြစ်သည်။
(အမေရိကန် ပညာရေးသမား ဟော်ရေ့စ်မန်း Mann 1769-1859)

3.What sculpture is to a block of marble, education is to the human soul.
The philosopher, the saint, the hero, the wise and the good, or the great, very often lied hid and concealed in a plebeian, with a proper education might have disinterred and brought to light.

ပန်းပုပညာက ကျောက်တုံးတစ်တုံးကို ထွင်းရာ ပုံဖော်သကဲ့သို့ ပညာရေးကလည်း လူ့နှလုံးဝိညာဉ်ကို ပုံဖော်ဖန်တီးသည်။(ပန်းပုဆရာသည် ကျောက်တုံး၏ အပြင်ခွံအကာကို ခွါကာ သူ့စက္ခုအာရုံတွင် မြင်ယောင်တည်ရှိနေသည့် ပန်းပုရုပ်ကို ဖော်ထုတ်၍ ယူသကဲ့သို့) သင့်တင့်လျောက်ပတ်သော ပညာရေးသည်လည်း သာမန်အညတြ၏ကိုယ်ထဲတွင် ပုန်းခို ကိန်းအောင်းနေသည့် တွေးခေါ်ရှင်၊ သူတော်စင်၊ လူစွမ်းကောင်း၊ ပညာရှိ၊ လူကောင်း၊ လူမှန်၊ ဧရာမပုဂ္ဂိုလ်ကျော် စသည်များကို မြုပ်နေရာမှ ဖော်ယူကာ အလင်းရောင်အောက်သို့ ပို့ဆောင်ပေးပေသည်။(လူသားအရိုင်းသည် ပညာနှင့်ပေါင်းစပ်မှ အရည်အသွေးရှိ၊ တန်ဖိုးရှိသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။)
(အင်္ဂလိပ် အက်ဆေးဆရာ ဂျိုးဇက်အက်ဒီဆင် Joseph Addison 1672-1719)

+ Read more


4.Education is a social process,…Education is growth, …Education is not preparation for life, Education is life itself.

ပညာရေးဟူသည် ကြီးထွားဖွံ့ဖြိုးခြင်းဖြစ်သည်။ ပညာရေးဟူသည် ဘ၀အတွက် ကြိုတင်ပြင်ဆင်ခြင်းမဟုတ်၊ ယင်းသည်ပင်လျှင် ဘ၀ဖြစ်သည်ဟု ဆိုသည်။ (သူက ပညာရေးကို ဘ၀ရှေ့ပိုင်းလေး၊ သို့မဟုတ် အကြိုကာလလေးမှာ မထား၊ ဘ၀တစ်လျှောက်လုံးနှင့် ပူးတွဲထားသည်။ ပညာရေးဟူသည် ပြီးဆုံးသည်မရှိ ဟု ဆိုလိုသော သဘောပင်။)
(John Dewey သည်ဘက်ခေတ် အမေရိကန် ပညာရေးတွေးခေါ်ရှင် 1859-1952)

5.Intructions end in the classroom but education ends only with life. A child is given the universe to be educated.

သင်ကြားပို့ချမှုက စာသင်ခန်းတွင် ပြီးဆုံးသော်လည်း ပညာရေးကမူ လူ့သက်တမ်း ကုန်ဆုံးမှပင် ဆုံးခန်းတိုင်သည်။ ကလေးတစ်ယောက်အား လူ့လောကရွာသို့ ပို့ပေးလိုက်ခြင်းသည် ပညာသင်ရန် အတွက်ပင်ဖြစ်သည်။
(အင်္ဂလိပ်လူမျိုး အက်(ဖ်)ဒဗလျူ ရောဘတ်ဆင် F.W Robertson 1816-1853)

အခန်း(၂)

ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်(ဦးတည်ချက်)

1.The great end of education is, to discipline rather than to furnish the mind, to train it to be
The use of its own powers, rather than fill it with the accumulations of the others.

ပညာသင်ကြားရေး၏ ပဓာနရည်မှန်းချက်သည် ပညာသင်ယူသူ၏စိတ်(ဦးနှောက်) ထဲသို့ အချက်အလက်များ ဖြည့်တင်းပေးရန်ထက် သူ့အား စည်းစနစ်များ ချပေးလေ့ကျင့်ပြုပြင်ရန်အတွက်သာ ဖြစ်သည်။(တစ်နည်းဆိုသော်) သူတစ်ပါးတို့ စုဆောင်းထားခဲ့သည်များကို သူ့ခေါင်းထဲသို့ စုပြုံထည့်သွင်းရန်ထက် သူ့ဦးနှောက်၏ စွမ်းအားများကို သူ့ဘာသာသူ အသုံးချတတ်လာအောင် လေ့ကျင့်သင်ကြားပေးဖို့သာ ဖြစ်သည်။
(အမေရိကန် စာပေပညာရှင် ထရိုင်ယွန်အက်ဒ၀ပ်(စ်) Tryon Edwards 1809-1894)

2.The aim of education should be to teach us rather how to think, than what to think rather to improve our minds, so as to enable us to think for ourselves, than to load the memory with the thoughts of other men.

ပညာရေး၏ရည်ရွယ်ချက်က ကျွန်တော်တို့ ဘာတွေ စဉ်းစားဖို့ထက် ဘယ်လိုစဉ်းစားရတယ်ဆိုတာ တတ်လာအောင် သင်ပေးဖို့၊ တခြားသူတွေရဲ့ အတွေးအခေါ်အယူအဆတွေကို ကျွန်တော်တို့ ခေါင်းထဲ ပြွတ်သိပ်ထည့်သွင်းဖို့ထက် ကျွန်တော်တို့ဘာသာ စဉ်းစားတွေးတော တတ်လာအောင် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေကို ပြုပြင်ပေးဖို့သာ ဖြစ်သင့်တယ်။
(စကော့ ကဗျာဆရာ ဂျိမ်း(စ်) ဘီတီ James Beathic 1735-1803)

3.The whole object of education is, or should be, to develop mind.
The mind should be a thing that works. It should be able to pass judgement on events as they arise, make decisions.

ပညာရေး၏ အလုံးစုံသောရည်မှန်းချက်သည် စိတ်(ဦးနှောက်) ဖွံ့ဖြိုးရေး ရည်မှန်းချက်ဖြစ်သည်။ ဦးနှောက်သည် အမှန်တကယ်အလုပ်လုပ်သော ဦးနှောက်မျိုးဖြစ်ရလိမ့်မည်။ အကြောင်းကိစ္စများပေါ်ပေါက်လာလျှင် ပိုင်းခြားဝေဖန်နိုင်စွမ်းရှိရမည်။ ထို့နောက် ယင်းတို့နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် ချနိုင်စွမ်းရှိရမည်။
(အမေရိကန် စာရေးဆရာ ရှားဝိဒ် အင်ဒီဆင် Sherwood Anderson 1876-1941)

အခန်း(၃)

လူတိုင်း ဘာကြောင့် ပညာသင်သင့်ကြောင်း ပြောကြားချက်များ

1.He is to be educated not because he is to make shoes, nails and pins, but because he is a men.

လူတစ်ယောက်ဟာ ဖိနပ်ချုပ်ရမယ့်လူမို့လို့၊ သံချေင်းလုပ်ရမယ့်လူ၊ ပင်အပ်လုပ်ရမယ့် လူမို့လို့ရယ် မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကို ပညာသင်ရလိမ့်မယ်။
အမေရိကန်ဘုန်းတော်ကြီး ၀ီလျံ ချင်းနင်း William Ellery Channing 1780-1842)

2.Education makes a people easy to lead, nut difficult to drive,easy to govern, but impossible to enslave.

ပညာရေးက လူထုအား ဦးဆောင်လမ်းညွန်ရ လွယ်ကူစေသည်။ သို့သော် တွန်းထိုးမောင်းနှင်ရန်ကား ခက်ခဲစေသည်။ အလားတူ အုပ်ချုပ်ရာ၌ လွယ်ကူသလောက် ကျွန်ပြုခိုင်းစေဖို့ကား လုံးဝမဖြစ်နိုင်သော သဘောရှိသည်။
(လော့ဒ်ဘရူးအမ်း Lord Brougham 1778-1868)

3.Only educated are free.
ပညာတတ်သူများသာ လွတ်လပ်သည်။
(အက်ပစ်တီးတပ်(စ်) AD 60ခန့် 120)

4.Educated men are as much superior to uneducated men as the living are to the dead.

သေသူနှင့် ရှင်သူ ကွားခြားသည့်ပမာ ပညာမတတ်သူထက် ပညာတတ်သူက မြင့်မားသာလွန်လှသည်။
(ဂရိပညာရှိကြီး အရစ္စတိုတယ်)

အခန်း(၄)

တစ်တိုင်းပြည်လုံး၊ အစိုးရ၊ ပညာရေးတွေးခေါ်ရှင်များ၊ တိုင်းသူပြည်သားအားလုံး၏ ပညာရေး အရေးကြီးပုံ

1.Upon the education of the people of this country the fate of this country depends.

ဒီတိုင်းပြည်ရဲ့ ကံကြမ္မာဟာ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေရဲ့ ပညာရေးပေါ်မှာ မူတည်နေတယ်။
(ဗြိတိသျှ နိုင်ငံရေးခေါင်းဆောင် ဘင်ဂျမင်းဒစ္စရေးလီ Benjamin Disraeli 1804-1881)

2.A prince who is about to assume control of the state must be advised at once that the main hope of a state lines in the proper education of it youth.

တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်တော့မယ် မင်းသား(ရှင်ဘုရင်)တစ်ပါးကို မဆိုင်းမတွ အကြံပေးသင့်တာက တိုင်းပြည်တစ်ပြည်ရဲ့ အဓိကရည်မှန်းချက်ဟာ သူ့တိုင်းပြည်က လူငယ်တွေကို သင့်တော်မှန်ကန်တဲ့ ပညာပေးနိုင်မှုပေါ်မှာ မူတည်တယ်ဆိုတာဖြစ်တယ်။
(ဒတ်ခ်ျပညာရှိ အီရေ့ဇမတ်စ် Desiderids Erasmus 1466 ခန့် 1536)

3.Next in importance to freedom and justice is popular education, without which neither freedom nor justice can be permanently maintained.

လွတ်လပ်မှုနှင့် တရားမျှတမှုပြီးရင် အရေးအကြီးဆုံးအရာမှာ ပြည်သူ့ပညာရေးပဲ။ အဲ့ဒါမှမရှိရင် လွတ်လပ်မှုရော တရားမျှတမှုကိုပါ တည်တံ့အောင် ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။
(အမေရိကန်သမ္မတ ဂျိမ်း(စ်)ဂါးဖီးလ် James Garfiled 1831-1881)

4.The prosperity of a country depends, not on the abundance of its revenues, nor on the strength of its fortification, not on the beauty of its public-buildings; but it consists in the number of its cultivated citizen, in its men of education, enlightment and character.

တိုင်းပြည်တစ်ပြည်ရဲ့ ဖွံဖြိုးတိုးတက်မှုဟာ အခွန်ဘဏ္ဍာပေးပြီး ကြွယ်ဝမှုပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။
ရဲတပ်ကြီး၊ ခံတပ်ကြီးတွေ တောင့်တင်းခိုင်မာမှုပေါ်မှာလည်း မတည်ပါဘူး။ မြို့ပြတိုက်တာ အဆောက်အဦတွေရဲ့ လှပခမ်းနားမှုပေါ်မှာလည်း မတည်ပါဘူး။အဲ့ဒီတိုင်းပြည်မှာ ယဉ်ကျေးတတ်ကျွမ်းတဲ့ နိုင်ငံသားတွေ ဘယ်လောက်ရှိသလဲ၊ ပညာတတ်သော၊ ဥာဏ်အမြင်လင်းသော၊ ဖြောင့်မတ်တည်ကြည်သောပုဂ္ဂိုလ်တွေ ဘယ်လောက်များများ ရှိသလဲ ဆိုတဲ့အချက်ပေါ်မှာ မူတည်တယ်။
(ဂျာမန်လူမျိုး ပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာ Martin luther 1483-1546)

5.On the diffusion of education among the people rest the preservation and perpetuation of our institution.

ကျွန်တော်တို့မှာရှိတဲ့ လွတ်လပ်သော လူမှုအဆောက်အဦများ တည်တံ့မှု၊ အဓွန့်ရှည်မှုဟာ ပြည်သူလူထုအကြား ပညာ ဘယ်လောက်ထွန်းကားပြန့်ပွါးမှုရှိသလဲ ဆိုတဲ့အချက်ပေါ်မှာ မူတည်တယ်။
(ဒင်နီရယ် ၀က်(ဘ်)စတား Daniel Webster 1782-1852)

6.Education is the leading of human souls to what is best, and making what is best out of them; and these two objects are always attainable together, and by the same means. The training which makes man happiest in themselves also makes them most serviceable to other.

ပညာသင်ကြားခြင်းဟူသည် လူ့နှလုံးသားကို အကြောင်းအရာများဆီသို့ လမ်းပြခေါ်ဆောင်သွားခြင်း၊ ထို့နောက် ထိုနှလုံးသားများအား အကောင်းဆုံး အနေအထားဖြစ်လာအောင် ဖန်တီးပေးခြင်းဖြစ်သည်။ အဆိုပါ ဦးတည်ချက်နှစ်ရပ်လုံးသည် တစ်ခုတည်းသောနည်းလမ်းဖြင့်ပင် တစ်ပြိုင်နက်ရရှိနိုင်သောအရာများ ဖြစ်သည်။
လူတို့အား မိမိကိုယ်တိုင်အတွက် စိတ်ချမ်းသာပျော်ရွှင်မှုအများဆုံး ရရှိစေသည့် ထိုလေ့ကျင့်သင်ကြားမှုသည် ၎င်းတို့အား အခြားလူများအတွက်ပါ အများဆုံး အသုံးဝင် အကျိုးပြုနိုင်သူများ ဖြစ်လာစေသည်။
(အင်္ဂလိပ်လူမျိုး လူမှုပြုပြင်ရေးသမားကြီး ဂျွန်ရပ်(စ်)ကင်း John Ruskin 1819-1900)

ဆက်လက်ဖော်ပြပါဦးမယ်....။

Jun 19, 2010

ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကရင့်သက္ကရာဇ်

ယခင်ပို့စ်မှ အဆက်...

ကမ်းယံသက္ကရာဇ်

၁။ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။
၂။သက္ကရာဇ် (၁၀၁) ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။
၃။ကမ်းယံတို့ မဖြို၊ ဆက်လက်ရေတွက်၏။
၎။ကမ်းယံတို့ မဖြို၊ ဆက်လက်ရေတွက်၏။
၅။ ယခု ကမ်းယံသက္ကရာဇ်….
၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂။

ကောဇာသက္ကရာဇ်

၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် (၁၀၁)ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။
၃။ သက္ကရာဇ် (၆၂၄) ခုတွင် သုမုန္ဒရီမင်း၊ (၆၂၂) ခု ဖြို၏။ (၂) ခုကြွင်းထား၏။
၎။ ဖြိုသက္ကရာဇ် (၅၆၄) တွင် ပုဂံ ပုပ္ပါးစောရဟန်း ( ၆၅၂ ) ကို ဖြို၏။ (၂) ခု အကြွင်းထား၏။
၅။ ယခု ကောဇာသက္ကရာဇ် ဖြိုသက္ကရာဇ် ၁၃၄၂ -ခု ဖြစ်၏။

ထူးကြီး ဝေဠုဝန်ဆရာတော် ဦးထေရိန္ဒာမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင် တတ်တဲ့ ကရင်ဆရာတော်ကြီးဖြစ်၏။´ကမ်းယံဟာ ကရင်ပဲကွ၊ ကရင်အစ အင်းမက ´တဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က ပြည်မြို့တောင်ဘက်မှာရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင် သက္ကရာဇ်ပဲ မှတ်ထားပါ´ ဟု မိန့်ကြား၏။ ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား….`ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုးသုံးမျိုးအနက် ကမ်းယံ ဟုခေါ်သော လူမျိုးအမည်မှာ ကရင် ဟူသောအမည်သို့ ပြောင်းလဲခေါ်ဝေါ်လာသော အမည်ဖြစ်သည်`ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။(စာမျက်နှာ-၁၀) ပြည်ထောင်စုမြန်မာနိုင်ငံရိုးရာယဉ်ကျေးမှု၊ကရင်၊ (Sir Arthur Phayer Translations of Ehnological Society Vo1.V).

၁၉၆၁-ခုနှစ်၊ မြန်မာနိုင်ငံရှေးဟောင်းကမ္ပည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်း၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း၊ ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း မျိုးနွယ်ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။(စာမျက်နှာ-၁၆) ပြည်ထောင်စုမြန်မာနိုင်ငံရိုးရာဓလေ့ထုံးစံများ၊ ကရင်)၊
၁၉၃၇-ခုနှစ်၊ ကရင်သက္ကရာဇ်အကြောင်း ဆွေးနွေးသောအခါ စာမျက်နှာ ၁၀-၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးထေရိန္ဒအား ထင်မြင်မှု ပေါ့ခဲ့သည်။ ထို့အတွက် လက်ဆယ်ဖြာ ဦးထိပ်၍ ကန်တော့ပါ၏။
ထိုစဉ်က အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေ အမတ်(၁၂) ယောက်တို့ ကမ်းယံသက္ကရာဇ် ဟု ဆုံးဖြတ်မည်ကို သံသယရှိစရာ မလိုပါ။ဤကား ရှေးသက္ကရာဇ်ရှိခဲ့ကြောင်းပါ။

+ Read more

တရုတ်ပြည်အနောက်ပိုင်းရှိ ကြီးမားသော တောင်တန်းကြီးများ ၀န်းရံလျက်ရှိသည့် ကုန်းပြင်မြင့် ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ကြ၏။´ ထီ့ဆဲမဲ့ယွာ`ဟု ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ၏။ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ် အချို့ကရင်များ ယူနန်ပြည်မှ BC ခမ (၁၁၂၈)တွင် ရွှေ့ပြောင်းလာ၏။ တပန်၊ မြစ်ငယ်၊ ဧရာဝတီအတိုင်း စုန်ဆင်း၏။ အချို့ သံလွင်မြစ်အတိုင်း စုန်ဆင်း၏။ ဗမာပြည်သို့ BC ခမ (၁၁၂၅) တွင် ရောက်၏။ ဒုတိယအသုတ် BC ခမ (၇၄၁) တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ BC ခမ (၇၃၉) တွင် ဗမာပြည်သို့ ဆိုက်ရောက်၏။( သုတေသီ ဆရာဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ(ကသာ)၊ ဦးဖိုးတုတ်(ပညာအုပ်)၊

ပထမအသုတ် ကရင်များ ဗမာပြည်သို့ ရောက်သောအခါ လယ်ယာစိုက်ပျိုးကြ၏။ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေအနေ ကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရဖြင့် ကောက်ဦးစားပွဲကို ကျင်းပကြ၏။ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် စသည့်ဖြင့်ရေတွက်ရာမှ ကောက်ဦးစားပွဲသက္ကရာဇ်ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံသွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ်မတူကြ၊ နှစ်မျိုးဖြစ်နေ၏။

ငယ်စဉ်က ပဲခူးနယ်တောင်ပိုင်း လယ်သမားများက ပြာသို လဆန်း(၁) ရက်နေ့တွင် ကောက်ဦးစားပွဲ ပြုလုပ်ကြ၏။ နံနက်စောစောတွင် အဘိုးတို့၊ ဘကြီးတို့၊ သူတို့၏ မိတ်ဆွေရွှေင်ကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ(ထူးဖောပေါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ်အကြောင်းလည်း ပါလာ၏။ ပဲခူးတောင်ပိုင်း သက္ကရာဇ်မှာ ရွှေကျင်မှ ပါလာသော သက္ကရာဇ်ထက် (၃၁၀) ကြီးတယ်လို့ ကြားဖူးသည်။၁၉၃၇-ခုနှစ် ကရင်ပြဿနာပေါ်ပေါက်လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ ၂၇၉၉-ခု ရှိနေ၏။ (၂၈၀၀) ပြည့်ရန် တစ်နှစ်လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ်က (၃၁၀) နှစ် ငယ်နေ၏။ ၎င်းကို စောဂျွန်တင်ဒီဖိုးမင်းအားပြောပြရာ `ဟုတ်တယ်`၊ တို့ တောင်ငူ သက္ကရာဇ်နဲ့ တူတယ်´ ဟုဆို၏။

သက္ကရာဇ်အတွက် ကရင်အမတ် (၁၂) ယောက် စည်းဝေးပွဲလုပ်ရာ ဘယ်လိုလုပ်ကြမလဲ၊ နှစ်မျိုးဖြစ်နေတယ်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။သာဓက မှာ Pictured Encyclopedia၊ ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက်မှာ ဒီဇင်ဘာ (၂၅) ရက်အတွင်း ကျင်းပ၏။အများသဘောတူညီချက်အရ ဒီဇင်ဘာလ(၂၅) ရက်နေ့ကို ယခုတိုင် ဆက်လက်ကျင်းပကြ၏။ စွယ်စုံကျမ်းက ခရစ်တော်မွေးနေ့သည် ဒီဇင်ဘာလ (၂၅) ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။သို့သော် အကြီးအကဲများက သဘောတူဆုံးဖြတ်၍ အားလုံးရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။
(Pictured Encyclopedia: We know that this could hardly have happened in December because it rains almost continuously at the time of the year in Palestine and shepherds would not keep their flock out on the hills at night in such weather.)
ခရစ်မမတ် ကမ္ဘာ့သာဓကကို ယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်း ကရင်သက္ကရာဇ်ကို ဖြေရှင်း၏။တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ (၇၃၉) နောက်မှစ၏။ ဘက်မလိုက်ဘဲ ကြားခံပြီး ဘီစီ (၇၃၉) မှစ၍ ကရင်သက္ကရာဇ်ကို ရေတွက်ဖို့စဉ်းစား၏။ အမတ်တစ်ဦးက `တို့သက္ကရာဇ်ကို ပြင်နိုင်မလား `ဟု ဆို၏။သုမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ၊ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။

တို့ အမတ် (၁၂) ဦးကလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ် နှစ်ခုကို ကြားချေနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး VETO အာဏာသုံးမှုကြောင့် ယခု ကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉) မှစ၍ ရေတွက်ကြသည်။ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတ ရှိသူများက ဘီစီ (၇၃၉) ကို ကရင်သမိုင်းမှတ်တိုင် တစ်ခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ် ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်ဂုဏ်သိက္ခာလည်း မရှိ။ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ်(၂၅၂၂)၊ ကောက်ဦးပွဲစား ကရင်သက္ကရာဇ် (၂၇၂၀) ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ် လက်ခံနိုင်ရန် တင်ပြအပ်ပါသည်။

ကရင်သက္ကရာဇ် ရောင်ဝါနေသို့ ထွန်းစေသော်…

`ယုတ္တာ ယုတ္တိ ဆင်ခြင်ညှိသော်၊ ၀ီစိကိစ္စာ၊ မရှိရာတည့်။(ရှိဖွယ်ရာတည့်) ထုံးရာဇ၀င် သက်သေတင်၍ ဆင်ခြင်နှောင့်နှေးကာလဝေးခဲ့….။နှစ်ပေါင်း (၃၀၀၀) မျှ ကိစ္စ။
(ဆရာကြီး စောမြတ်သိန်း၏ စာမူမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။)
၂၇၄၉-ခုနှစ်၊ သထုံမြိနယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်စာစောင်မှ ပြန်လည်ရိုက်နှိပ် ဖော်ပြပါသည်။

မှတ်ချက်။ ။ဒီဆောင်းပါးမှာတော့ စာတင်သူအနေနဲ့ ကရင်သက္ကရာဇ်အကြောင်းကို သိစေချင်တာပါ။ကရင်သက္ကရာဇ်က စာတင်သူအနေနဲ့လည်း အရင်က ရှာဖွေဖတ်ရှုခဲ့ပါတယ်။သို့သော် အကြောင်းအရာကောင်းတွေ ရှာရခက်ပါတယ်။ဒီဆောင်းပါးမှာလည်း ကရင်သက္ကရာဇ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဗဟုသုတတိုးလိမ့်မယ်လို့ မျော်လင့်ပါတယ်။

Jun 16, 2010

ဆင့်ဖေါဟ်လ်ုဍုံ ဃှဲုလောဟ်သာ

ဖႜုံဆိုဒ်ဖေါဟ် အ်ုဝီၟသင့်ခါ့၊
အှ်လုဖူ့လ၀့် လ်ုကါင်ဖါ။

အှ်ထင်းဝေ့ ယိက်မူၟထ၀့်လာ၊
မာဏေ၀်ၟသိုဝ် ဍေဖႜုံဟှူ့ဟှာ။

ဆိုဒ်အ်ုဃှာၟဃှံင် ဖှေ်စေ၀်ယှ၊
မာနိုင်ထာင်ဝေ့ အ်ုဆိုဒ်ဆ။

ပ်ုဖႜုံဖေါဟ်ပညာ့အှ်ယှာ၊
္ဘေ့ဖႜုံလ၀် ဏယ်စွးသ်ုကါ။

သဲုးက်ုဍယ်သဲုး္ဘးလင်ယွာ၊
လအိုင်ဏေ၀်ၟ မေင်ၟစိင်ၟလုက်ခႜာ။

ယိက်လ်ုမ၀်ၟ ကောဝ်ကြင်ခေါဟ်ဍာ၊
ဖႜုံဆိုဒ်ဖေါဟ်ယိုဝ် မ်ုလင်မာၟ။

စ၀်ကျ္ဘာီ(ထဲုးမင်ထောဝ်)
... K.D.Aမှ ပြန်လည်ဖော်ပြပါတယ်။

Jun 9, 2010

စာပေစိတ်ဓာတ်ကို သုံးသပ်မိခြင်း

ကရင်လူမျိုးသည် စာပေယဉ်ကျေးမှု ပြည့်စုံစွာရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား
လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ သို့သော် စာပေယဉ်ကျေးမှုကတော့ ရှိသည်။ တိုးတက်မှုကား မရှိ၊ တိုးတက်အောင်လည်း စိတ်မကူးကြ၊ စာပေစိတ်ဓာတ်ပြည့်ဝသူ အလွန်ရှားသည်။ ဒါကြောင့် ကရင်သည် လူဦးရေနဲ့ ကြည့်လျှင် စာပေစိတ်ဓာတ် နည်းသေးသည်ဟု ဆိုလျှင် မှားမည်မထင်။

စာရှုသူအနေဖြင့် ကရင်သည် စာပေစိတ်ဓာတ်နည်းသည်ကို လက်မခံနိုင်လျှင် လက်ရှိ ကရင်စာပေအဆင့်အတန်းနှင့် ကရင်လူမျိုးတို့ နေ့စဉ်သွားလာလှုပ်ရှားနေသည် ဆန်းစစ်ကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။
သို့အတွက် စာပေစိတ်ဓာတ် ရှိမရှိ သိချင်လျှင် ကရင်တစ်ယောက်ကို ကရင်စာရေးခိုင်းကြည့်ပါ။ ဒါမှမဟုတ် ဖတ်ခိုင်းကြည့်ပါ။ အဖြေမည်သို့ ထွက်လာမည်နည်း။ ထို့ထက်ပို၍ သိသာသည်က ကရင်တွေ နေထိုင်ကြသည့်
မြို့၊ရွာတွေမှာ ကရင်စာပေ ဖွင့်လှစ်သင်ကြားခြင်း၊ အလွန်နည်းလို့ပါပဲ။ ဒါ ဘယ်သူမှ ငြင်းလို့မရသည့် သာဓကတစ်ခုပါ။ ကရင်ဖြစ်ပြီး ကရင်စာကို ပြန်လေ့လာသင်ယူရန် ၀န်လေးနေလျှင် စာပေစိတ်ဓာတ် မရှိသူပင်ဖြစ်သည်။

´စာပေစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံဖြစ်၍ စာပေစိတ်ဓာတ်မရှိလျှင် မျိုးချစ်စိတ်ဓာတ်မရှိခြင်းနှင့် အတူတူပင်ဖြစ်သည်´။ဒါကြောင့်လည်း အမျိုးချစ်သူတိုင်း မိမိစာပေကို မြှင့်တင်ကြသည် ဟု စာပေပုဂ္ဂိုလ်ကြီးများက ဆိုစမှတ်ပြုကြသည်။ ကရင်လူမျိုးသည် မိမိ၏စာပေကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်သေးလျှင် ဘယ်သောအခါမှ အောင်မြင်မှုမရှိနိုင်ပေ။ ကိုယ့်ခြေထောက်ကို ပြန်ရိုက်လျှင် ကိုယ်ပဲ အသားနာမည်။ ကိုယ့်မိသားစုကို ကိုယ်မချစ်လျှင် အဘယ်သူ လာချစ်မည်နည်း။ ကိုယ့်မိသားစု အခက်အခဲကို ကိုယ်မကူညီလျှင် ကိုယ်ပဲ ဒုက္ခရောက်နိုင်သည်။ ကိုယ့်စာပေ
ကို အထင်သေးလျှင် ကိုယ့်ကိုယ်ကို အထင်သေးသည်နှင့် အတူတူပင်။

ကရင်လူမျိုးသည် ပညာတတ်ကြီး၊ ပညာရှင်ကြီး မဟုတ်သည့်တိုင် ပညာတတ်တော့ ရှိပါသည်။ ပညာတတ်ဟု ဆိုရာမှာ ယနေ့ ကရင်လူမျိုးထဲမှ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘွဲ့ရပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်ဆောင်များ စသူတို့ကို ဆိုလိုပါသည်။
၎င်းပုဂ္ဂိုလ်တို့သည် အမျိုးသား စာပေအတွက် ဘာတွေ လုပ်ဆောင်နေသနည်း။ ရှင်းပါသည်။ ဘာမှ လုပ်ဆောင်ခြင်း မတွေ့ရသေးပေ။ နောင်လည်း တွေ့ရမည့်ပုံမပေါ်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်ပညာ
ဆည်းပူးနေသော ကရင်လူငယ် မောင်မယ်များသည် မိမိစာပေကို လုံးဝစိတ်မ၀င်စားလို့ပါပဲ။
သို့သော် အနည်းစုတော့ ရှိကောင်းရှိမည်။ တစ်ဦးတစ်ယောက်သာ စာပေကို စိတ်ဝင်စားမည်ဆိုလျှင် အများကို
လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ တစ်နည်းပြောရလျှင် စာပေတိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကရင်လူမျိုးသည် စာပေစိတ်ဓာတ် မရှင်နိုင်သေးဟု ကောက်ချက်ချရပါလိမ့်မည်။

+ Read more


စာပေစိတ်ဓာတ်နှင့်ပတ်သက်လို့ စာရေးသူတွေ့ရသလောက် ခေတ်ပညာတတ် လူငယ်တွေကို တီးခေါက်ကြည့်သောအခါ စာပေစိတ်ဓာတ် မရှိမှန်းသိရသည်။ဘာကြောင့်လဲဆိုတော့ သူတို့နှုတ်ဖျားမှ စာပေအကြောင်း ထွက်မလာလို့ပါပဲ။ စာရေးသူသည် ကရင့်ဓလေ့မပျောက်ပျက်ရန် ရည်သန်ပြီး တတ်နိုင်သလောက် ကရင်ရေးရာ စာအုပ်တွေကို မကြာမကြာ ပုံနှိပ်ထုတ်ဝေဖြစ်သည်။
တစ်နေ့တွင် စာရေးသူ ထုတ်ဝေထားသော စာအုပ်တွေကို ကရင်လူမျိုးအများ လေ့လာဖတ်ရှုနိုင်ရန် အများမြင်နိုင်သည့် နေရာတစ်ခုမှာ ချထားပါသည်။အဲသည်အချိန်မှာ ဥပဒေကျောင်းသားတစ်ဦးက စာအုပ်ချထားသည်ကိုတွေ့တော့ တရှိန်ထိုးပြေးလာကြည့်ကာ အနားရောက်မှ ကရင်စာအုပ်မှန်းသိတော့ ကြည့်တောင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။
နောက်တစ်ယောက်က ဆေးကျောင်းသားတစ်ဦးပါ။

သူနဲ့စာရေးသူ စကားစပ်မိရာ စာပေအကြောင်းဘက်သို့
ရောက်သွားသည်။ သူက `ကရင်စာဟာ ဘယ်နေရာမှ အသုံးမ၀င်ပါဘူးကွာ၊ကရင်စာ မတတ်တော့လည်း ဘာဖြစ်လဲ၊ ကရင်စာတတ်တော့လည်း စီးပွါးရေး အထောက်အကူပြုတာ မဟုတ်ဘူး၊ ခေတ်မမှီတဲ့ ပညာရေးတစ်ခုကို ကြိုးစားပမ်းစား သင်ယူနေလျှင် အချိန်းဖြုန်းတာနဲ့ အတူတူပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချစမ်းပါ`…လို့ပြောသွားပါတယ်။ သူ့အမြင်မျိုး ကရင်လူငယ်မောင်မယ်များထဲမှာ ဘယ်လောက်ရှိနေပြီလဲ ဟု မပြောတတ်တော့ပေ။ များများသာ ရှိလျှင်တော့ ကရင်လူမျိုး မြန်မြန်ပျောက်ကွယ်သွားမည်မှာ သေချာသည်။

ခေတ်ပညာ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ်၊ အမျိုးသားဘာသာစကားနှင့် စာပေကို
စိတ်ဝင်စားမှု မရှိသရွေ့ စာပေစိတ်ဓာတ်ရှိသူဟု မဆိုထိုက်ပေ။ ပညာတတ်တစ်ယောက်အဖြစ်တော့ အသိအမှတ်ပြု ခံရကောင်းခံရပါလိမ့်မည်။ သို့သော် တန်ဖိုးရှိသော သူတစ်ယောက်အဖြစ်တော့ သမိုင်းတွင်ရစ်မည် မဟုတ်။
စာရေးသူ သူငယ်ချင်းတစ်ယောက်ရှိလေသည်။ သူက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ကရင်စာပေနည်းပြလုပ်ခဲ့သလို လုပ်အားပေးဆရာလည်း လုပ်ခဲ့ဖူးသည်။ ရုတ်တရက်ကြည့်လျှင်တော့ စာပေစိတ်ဓာတ် အတော်ရှိပုံ ထင်ရသည်။ ဘယ်မှာဟုတ်မှာတုန်း။ နောက်မှ သူ့မှာ စာပေစိတ်ဓာတ် လေးလေးနက်နက် မရှိမှန်း သိလိုက်ရသည်။ ဖြစ်ပုံက ဒီလိုပါ။သူနဲ့ စာရေးသူသည် ပြောမနာ ဆိုမနာ တစ်ယောက်အကြောင်းတစ်ယောက်သိသူတွေ ဖြစ်သည်။ ကိစ္စတစ်ခုပေါ်တိုင်း ဆက်သွယ်ကြသည်။

တိုင်ပင်ကြသည်။ သူက စာရေးသူကို ဆက်သွယ်ရန် အမြဲလိုလို စာရေးအကြောင်းကြားလေ့ ရှိသည်။
သူ့စာက ကရင်လို တစ်ခါမှ မတွေ့ရပါ။ တကယ်လို့ စာပေစိတ်ဓာတ်ရှိလျှင် ပိုးကရင်အချင်းချင်း ပိုးကရင်လိုသာ ရေးသင့်သည်။
ထိုနည်းတူ ကရင်အများစုသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာမှာ ကိုယ့်ဘာသာစကားစာပေရေးထုံးနှင့် ဆက်သွယ်သည့်အလေ့အထ အလွန်နည်းသေးသည်။ ဒါတွေကို ကြည့်လျှင် ကိုယ့်စာပေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။ ကိုယ့်စကား၊ ကိုယ့်စာပေ ပြောတတ်၊ ရေးတတ်လျက်သားနဲ့ မပြော၊ မရးဘူးဆိုလျှင် ကိုယ့်လူမျိုးတုံးအောင်လုပ်ခြင်းနှင့် ဘာခြားဦးမည်နည်း…။

ဒါကြောင့် `ငါ စာပေစိတ်ဓာတ်ရှိသည် `ဟု အော်ရုံနှင့်မပြီး၊ အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်သင့်ပါသည်။ နောက်ဖြစ်ရပ်တစ်ခုကား နွေရာသီ ကျောင်းပိတ်သည့်အတောအတွင်း စာပေစိတ်ဓာတ်ရှိသော ရွာတွေက ကရင်စာပေသင်တန်း ဖွင့်လှစ်ကြသည်။ သင်တန်းဖွင့်တော့ ပြဿနာနှင့် တိုးပြန်သည်။ အကြောင်းကား ပညာတတ် သမီးတစ်ယောက်က ကရင်စာ လာသင်သည်။ သူမ စာလာသင်သည်ကို မိဘတွေက မကြိုက်ကြ၊ မသင်ရန် တားမြစ်သည်။ နောက်တော့ သူမ၏ အမေက `ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ သမီး၊ ကရင်စာပေနည်းပြတွေလို လေလွင့်မနေနဲ့၊ သူတို့တွေက အမြင်ကျဉ်း၊ အယူသီး၊ အစွန်းရောက်တွေ၊ ကရင်စာသင်နေမယ့်အစား ဂျူရှင်ကြိုတက်ထားနိုင်ရင် သမီးအတွက် ပိုကောင်းသေးတယ်။ သမီးက ကရင်စာကို ကြိုးစားပမ်းစား သင်ယူနေတာ ဘ၀ရှေးရေးအတွက် ဘာအထောက်အကူပြုမှာမို့လို့လဲ` စသည်ဖြင့် သူ့သမီးလေးကို တရဟော ပြောချသွားသည်။

ပြီးတော့ သူမအဖေကလည်း စာပေနည်းပြတွေဆီသွားကာ `နင်တို့သင်တန်းဖွင့်တာ ဘယ်သူဖွင့်ခိုင်းလို့လဲ၊ သင်တန်းကြောင့် ကလေးတွေ ပျက်စီးကုန်ပြီ၊ နင်တို့သင်တန်းက ဘယ်မှာ တက္ကသိုလ် ရှိလို့လဲ၊ ကရင်စာပေသင်တန်းအောင်မြင်ရင်ရော အလုပ်ခန့်စရာ ရှိလို့လား၊ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေ လျှောက်မလုပ်ပါနဲ့၊ နင်တို့လုပ်ရပ်ကို ရပ်တန်းက ရပ်ပါတော့` စသည်ဖြင့် ပြောသွားသည်။
သူတို့စကားကြောင့် အားလုံးက ဇဝေဇ၀ါ ကမောက်ကမ ဖြစ်ကုန်သည်။ တရွာလုံးက သူတို့ကို ဘယ်သူမှ မလွန်ဆန်ရဲပေ။ နောက်တော့ သင်တန်းရက်မစေ့ဘဲ တစ်ဝက်တစ်ပြက်နှင့်သာ အဆုံးသတ်လိုက်ရသည်။
ထို့ပြင် စာပေစိတ်ဓာတ် မရှိသည်ထက် မသိတာက ပို၍ပင် ခက်သေးသည်။ ကျေးလက်ဒေသ တစ်ချို့ ရွာတွေဆိုလျှင် အေးဆေးလွန်းလှသည်။ ပညာရေးအသိ၊ ကျန်းမာရေးအသိ၊ နိုင်ငံရေးအသိ၊ အမျိုးသားရေးအသိ၊ စာပေအသိစသည့် အသိဟူသမျှ မရှိသေးချေ။ ရိုးရာဓလေ့တောင်မှ လုပ်သာလုပ်ပြီး ဦးတည်ချက် မသိကြချေ။

အချိန်တန်လျှင် လယ်လုပ်သူက လယ်ထဲဆင်း၊ ခြံသမားက ခြံထဲဝင်၊ အရောင်းအ၀ယ်သမားက အရောင်းအ၀ယ်ရှာ သည်လိုနှင့်ပဲ လည်ပတ်ကြသည်။ စာပေသင်ရကောင်းမှန်း မသိကြချေ။ စာပေအသိ မရှိတော့ စာပေစိတ်ဓာတ်ကား အဘယ်မှာ ရှိမည်နည်း။ အများစုက ကရင်စာပေကို မတတ်ကြပေ။ အဲလိုရွားလည်း ရှိသေးသည်။ တစ်ချို့က ရေးထုံးကွဲ၍ မသင်ယူနိုင်ဟု ဆင်ခြေလက်ခြေပေးတတ်သေးသည်။ စာပေရေးထုံး ဘယ်လိုပဲ ကွဲပြားကွဲပြား၊ စာပေစိတ်ဓာတ် ရှိလျှင်တော့ ကိုယ့်ဘာသာစကားနှင့် သင့်တော်သည့် ရေးထုံးတစ်ခုတော့ တတ်ထားရန် လိုအပ်ပါသည်။ ဥပမာ -စကောကရင်ဆိုလျှင် စကောကရင်စာ တတ်ရမည်။ အလားတူ ပိုးကရင်လည်း ပိုးကရင်စာ တတ်ရမည်ဖြစ်သည်။
စာပေရေးထုံး အမျိုးမျိုးထဲမှ အရှေ့ပိုးကရင် ရေးထုံး(ရှေးဟောင်း၊ကရင်စာ)နှင့် ယနေ့ ကရင်သံဃာတော်များ အခန်းကဏ္ဍကို အလျဉ်းသင့်လို့ အကျဉ်းမျှ ပြောလိုပါသည်။(ပုတ်ခတ်ဝေဖန်ခြင်း မဟုတ်ပါ)

မြို့ကြီးပြကြီးမှာ ကရင်သံဃာတော်များ ဦးစီးဦးဆောင်သည့် ပရိယတ္တိစာသင်တိုက်တွေ ရှိပါသည်။ ကရင်ဘုန်းကြီးတွေ ထိုင်သည့်ကျောင်းဆိုလျှင် စာသင်သား အများစုကတော့ ကရင်တွေချည်းသာ ဖြစ်သည်။
သို့သော် သူတို့လေးတွေ ကရင်စာ မတတ်ရှာပေ။ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ကရင်စာ ရေးနိုင်၊ဖတ်နိုင်မှု အားနည်းလေတော့ အမျိုးသားအကျိုး၊ စာပေအကျိုး ဘယ်လိုထမ်းဆောင်မည်နည်း။
(ပရိယတ္တိ ထူထောင်ခြင်း၊ စာပေသင်ကြား ပို့ချခြင်းသည် စာပေမျိုးဆက်သစ် မွေးထုတ်ခြင်း မဟုတ်ဟု မဆိုလိုပါ) စာပေ တသီတတန်းတတ်ပြီး ကရင်စာပေ စိတ်ဓာတ် မရှိသည်ကို ဆိုချင်ပါသည်။ မြို့၌ ကရင်ကျောင်း ဆိုင်းဘုတ်တွေကိုကြည့်ပါ။ ကရင်ဘာသာနှင့် ဆိုင်ဘုတ်တင်တာ သိပ်မတွေ့ရပေ။

တစ်ကျောင်းတစ်လေတော့ ရှိကောင်းရှိနိုင်ပါသည်။ များများစားစား မရှိသေး။ ကရင်ကျောင်းသည် ကရင်ဘာသာလို ဆိုင်းဘုတ်တင်ထားခြင်းအားဖြင့် အခြားလူမျိုး၊အခြားဘာသာစကားကို ထိခိုက်စရာအကြောင်းမရှိပေ။ ကိုယ့်ဘာသာစကားကိုလည်း မြှင့်တင်ရာ ရောက်သည်။ ကိုယ့်မှာ စာပေရေးထုံးရှိကြောင်း၊ တခြားတိုင်းရင်းသားညီနောင်တွေကို သိခွင့်ပေးသလို တိုင်းရင်းသားအချင်းချင်း နားလည်မှုလည်း ရရှိလာမှာဖြစ်ပါသည်။
တောမှာ ကရင်ရွာ၊ ကရင်ကျောင်း၊ ကရင်ဘုန်းကြီးတွေကို ပြန်ကြည့်တော့လည်း ကရင်စာပေစိတ်ဓာတ်နှင့်ပတ်သက်လျှင် ရင်လေးစရာပင်။ အများစုက အလှူခံခြင်း၊ ကျောင်းဆောက်ခြင်း၊ဘုရားတည်ခြင်း၊ ကျောင့်စောင့်ခြင်း၊ ဇာတ်ပွဲသဘင်ငှါးခြင်း စသည့်ဖြင့် လုပ်ကြသည်။

စာပေသင်တန်းဖွင့်ခြင်းကား ရှိသော်လည်း တနယ်မှာ တစ်ကျောင်း၊ တစ်ပါးတစ်လေသာ ရှိတတ်သည်။
အမှန်မှာတော့ ဘုန်းကြီးတွေက သြဇာအာဏာသက်ရောက်မှုရှိပါသည်။ အမှုအခင်းကလွဲပြီး ဘုန်းကြီးပြောလျှင် အားလုံးပြီးသည်။သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးတွေက စာပေစိတ်ဓာတ်သာ ရှိလျှင် ကရင်စာပေသင်ကြမည်လို့ တစ်ခွန်းပြောလိုက်သည်နှင့် တစ်ရွာလုံးလိုလို စာလာသင်ကြမည်မှာဖြစ်သည်။
အဲသည်လို နှိုးဆော်ရန်နေနေသာသာ တစ်ဦးတစ်ယောက်က စာပေသင်တန်းဖွင့်ချင်လို့ သွားတင်လျှောက်တာတောင်မှ မလိုလား၊ ခွင့်မပြုသည့် ဘုန်းကြီးကလည်း ရှိသေးသည်။

စာရေးသူအတွေ့အကြုံအရ တချို့ဘုန်းကြီးဆိုလျှင် ဇာတ်ပွဲငှါးဖို့ အချိန်ပေးနိုင်သည်။ ကရင်စာပေသင်တန်းဖွင်ဖို့ကျတော့ အချိန်မပေးနိုင်။ ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပိုက်ဆံသန်းနှင့်ချီပြီး မတည်နိုင်သည်။ စာပေသင်တန်းအတွက်ကျတော့ သောင်းဂဏန်းလောက်တောင်မှ အကုန်အကျမခံနိုင်။ အခြေအနေက အဲသည်လိုရှိသည်။ အလွန်အုံသြဖို့ ကောင်းလှသည်။ စာရေးသူ ဝေဖန်ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ပါ။ စာပေစိတ်ဓာတ်နှင့် ပတ်သက်ပြီး တင်ပြခြင်းသာဖြစ်ပါသည်။

တကယ်တော့ ကရင်သည် ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်၊ ပညာတတ်အလွှာဖြစ်ဖြစ်၊ သာမန်လူတန်းစားအလွှာဖြစ်ဖြစ် စာပေစိတ်ဓာတ်ရှိသူ အနည်းစုသာ ဖြစ်သည်။ စာပေစိတ်ဓာတ်သာ ရှိခဲ့ပါမူ ယခုလိုမျိုး စာပေ အောက်ကျနောက်ကျ ရှိနေမည်မဟုတ်ပါ။ တိုးတက်အောင် မလုပ်နိုင်သည့်တိုင် တတ်အောင်တော့ သင်ယူကြရမည်ဖြစ်သည်။ ယခုကျတော့ ဆယ်ပုံတစ်ပုံသာ မိမိစာပေကို ရေးနိုင်ဖတ်နိုင်သူရှိ၍ ကရင်လူမျိုး စာပေစိတ်ဓာတ် ရှိသည်၊ မရှိဘူးဆိုတာ သုံးသပ်ရင်း လိုအပ်နေသော ကရင်စာပေစိတ်ဓာတ်တစ်ခုကို ၀ိုင်းဝန်းဖြည့်စွက်ကြစေလိုကြောင်း……။

ပိုးဖလံ(ယမ်းငွေ့မြေ)
2749-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်၊ သထုံမြို့နယ်၊ အထိန်းအမှတ်စာစောင်မှ။

Jun 8, 2010

ကရင်အငြိမ့်-နာန်ဏ်ုဒီဖ၀့်အွာ


ဒါကတော့ ကရင်အငြိမ့်တွေဖြစ်ပါတယ်...။အွန်လိုင်းမှာတွေ့တာတော့ ကြာပါပြီ။ ခုတော့ တင်ပေးလိုက်ပါတယ်။။။။ပျော်ရွှင်ပါစေ...

Jun 1, 2010

ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကရင့်သက္ကရာဇ်

ကရင်နှစ်သစ်ကူးနေ့ သလေး၊ထိုင်ခုတ်ဖို၊ ပြာသိုလ်လဆန်း(၁) ရက်သည် ၁၉၃၈-ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ၊ ပိတ်ကြရသည်။ ပြည်သူအားလုံး အားရ၀မ်းသာဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူးပွဲတော်နေ့သည် နှစ်စဉ်လာဦးမည်ဖြစ်သောကြောင့် မင်္ဂလာရှိသော နိုင်ငံတော်ရက်အား တစ်ရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူ၊ ကျောင်းသူကျောင်းသားတို့ ၀မ်းသာမဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့က မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ်တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှါ မစွမ်းနိုင်ပေ။

ကရင်နှစ်သစ်ကူးနေ့နှင့်တကွ ကရင်သက္ကရာဇ်ပါလာ၏။၎င်းသက္ကရာဇ်မှာ အံ့သြဖွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာ့သုံးသက္ကရာဇ် ၁၉၈၀-ထက် ၇၃၉ နှစ် ကြီးရကား ကရင်လူမျိုးတို့သည် ကမ္ဘာ့အံ့ဖွယ်တစ်ခုကို တီထွင်လိုက်ခြင်းဖြစ်နေသည် ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။

အကြောင်းစုံဆိုရသော်…..

ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင်ရီးနှီးသူများ ရောက်လာကြသည်။ လာရသည့်အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို `ဘယ်လိုလဲ အံ့သြစရာပဲ` တယ်ဆန်းကြယ်ပါလား၊ ရှင်းပြပါဦး` ဆို၍ အသီးသီး မေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေ မျှသာ ရှိခဲ့သည်။ ကျေနပ်မှု မရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာမပေါ်ခဲ့ပေ။ကရင်လူငယ်တစ်သိုက်လည်း
အားရ၀မ်းသာရှိကြသည်။

+ Read more

နှစ်သစ်ကူးနေ့ စည်ကားရန်နှင့် နှစ်စဉ်ပိုမို စည်ကားရန် ကြိုးပမ်းကြသည်ကို မြင်ရသည်မှာ ၀မ်းမသာဘဲ မရှိနိုင်ပေ။ သို့သော် ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကား၍ ပိုမိုထွန်းတောက်လာရမည့်အစား မှေးမှိန်စေသော အကြောင်းအရာတစ်ချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်တချို့လည်း ကရင်စာအုပ်၊စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။

ကရင်သက္ကရာဇ်နှစ်ဟာ ယုံမှားစရာ၊ ၀ီစိကိစ္စာ ရှိစရာပဲလို့ မြည်လာပေသည်။
ထိုသို့မြည်သံကား မကျယ်သေး၊ ပို၍မကျယ်မီ ယုံမှားသံသယကင်းစင်အောင်၊ ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။ ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းကဏ္ဍမှာ ဇန်န၀ါရီ (၁) ရက်နေ့ ရွေးမလား၊ ဆရာယုဒသန် မြန်မာပြည်ရောက်လာသည့်ရက်ကို ရွေးမလား၊ ပြာသိုလ်လဆန်း(၁) ရက်နေ့ကို ရွေးမလား ပြဿနာပေါ်ပေါက်ခဲ့သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်ပေါက်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတပညာရှင်တို့ ယူဆကြသည်။ ဤကဲ့သို့ တွေးထင်သူများအား အပြစ်ပြောစရာ မရှိပေ။ ဤပြဿနာရှိနေသမျှကာလပတ်လုံး ကရင်နှစ်သစ်ကူးနေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း ထောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဘက်သို့သာ ယိုင်အံ့။ ကျေနပ်လောက်အောင် သံသယမရှိအောင် ရှင်းလင်းဖို့ လိုပေသည်။

(၁)ပဲခူးနယ်၊ ဟင်္သာတနယ်၊တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလ်လဆန်း (၁) ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏။ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးလှသည်။ သို့သော် မကွယ်ပျောက်သေး။
(၂) ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခုနှစ်၊ ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေး၊ ထိုင်ခုတ်ဖို၊ လဆန်း(၁) ရက်နေ့နှင့် (၂) ရက်နေ့သည် ပြာသိုလ်လဆန်း (၁) ရက်နှင့် (၂) ရက်တွင် ကျရောက်သည်ဟု ဆိုထားပေသည်။(The Karen’s New year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟု ပါရှိသဖြင့် Bill ဥပဒေကြမ်းကိုဖတ်မိလျှင် မည်သည့်နေ့တွင် ရွေးချယ်ရမည့် ပြဿနာ မပေါ်နိုင်ပေ။

သတိ။ ။ ကရင်နှစ်သစ်ကူးနေ့ (၂) ရက်တောင်း၏။
သို့သော် (၁) ရက်သာရ၏။

(က)မြေပြန့်ကရင် ပြာသိုလ်လဆန်း(၁) ရက်၊ သလေးထိုင်ခုတ်ဖို (၁) ရက်နေ့တွင် ကျင်းပ၏။
(ခ)ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲလဆန်း (၁) ရက်နေ့တွင် ကျင်းပ၏။
(ဂ)ဘားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင်များ နယုန်လအတွင်း စနေနေ့ ကျရောက်သော နေ့တစ်နေ့တွင် ကျင်းပ၏။
(ဃ)ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်းလဆန်း ပထမစနေနေ့မှာ ကျင်းပ၏။
ကိုးကားချက်။ ။ တိုင်းရင်းသားရိုးရာဓလေ့ထုံးစံများ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ်(၁-၂က၊ ခ၊ ဂ၊ ဃ) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးကရှိခဲ့ဖူးကြောင်းထင်ရှားလှ၏။
သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ လင်းစေသော်။

ကရင်သက္ကရာဇ် (၃) မျိုး

ရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ရှင်တော် ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။
နောင်သက္ကရာဇ် (၁၀၁) သို့ရောက်သော် ဒွတ္တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာနေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းပေးခဲ့၏။ အစဉ်အတိုင်း သက္ကရာဇ်တို့ ရေတွက်လာရာ ၆၂၄-ခုနှစ်သို့ ရောက်လာသောအခါ သုနုမုန္ဒရီမင်း ဒေါဒေါသရကိန်းအရ ၆၂၂ ကိုဖြို၍ အကြွင်း(၂) ခုထားပြီး ရေတွက်စေ၏။

နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတစ်ချပ် လေကြမ်းတိုက်ပြီး လွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြားဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စု သုံးစုကွဲသွားလေတော့သည်။
ပျူတို့မှာ အထက်အညာသို့ပြောင်းရွှေ့၍ ယုန်လွတ်၊ပုဂံပြည်စသည်တို့ကို တည်ထောင်ကြသည်။ ဖြိုသက္ကရာဇ်ကို ပျူတို့ ယူဆောင်သွားကြသည်။သက်တို့မှာ အရှေ့အရပ်သို့ ပြောင်းရွှေးသွားကြ၏။
ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏၊ မရွှေ့မပြောင်းကြချေ။

ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄ သို့ရောက်သောအခါ ပုပ္ပါးစော ရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂ နှစ်ကိုဖြို၏။ အကြွင်း(၂) ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်ပြန်၏။ ယခုအခါ ကောဇာသက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော
သက္ကရာဇ် ၁၃၂၄-ခုနှစ် ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ်မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံတော်မူသည့်နှစ်မှစ၍ ရေတွက်သောကြောင့် မူရင်းမှာ မခြား အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမကြိမ် (၆၂၂) နှစ်၊ ဒုတိယကြိမ် (၅၆၂) နှစ်၊ နှစ်ပေါင်း (၁၁၈၄) နှစ် ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းစေရန် ဇယားဖြင့် အောက်တွင် ဖော်ပြထားသည်။
ဆက်လက်ဖော်ပြပါဦးမယ်….။