Aug 15, 2010

စင်္ကာပူနိုင်ငံ ချည်ဖြူဖွဲ့မင်္ဂလာ အောင်မြင်စွာ ကျင်းပပြီးစီး


ကရင့်သက္ကရာဇ်၂၇၄၉-ခုနှစ်၊၂၀၁၀၊သြဂုတ်လ၊(၉)ရက်၊တနင်္လာနေ့တွင်.စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော ကရင်လူငယ်မောင်မယ်များက တစ်နှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်တဲ့ ၀ါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို အောင်မြင်စွာ ပြီးဆုံးသွားကြောင်းသိရပါတယ်။

ချည်ဖြူဖွဲ့မင်္ဂလာအကြောင်းကို တင်ထားခဲ့ပြီးဖြစ်ပါတယ်။ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာဟာ ကရင်အမျိုးသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ဒီနှစ် စင်္ကာပူနိုင်ငံမှာ ခါတိုင်းနှစ်ထက် ကြီးကျယ်ခမ်းနားစွာကျင်းပနိုင်ခဲ့ပါတယ်။
စင်္ကာပူနိုင်ငံရောက် ဇွဲကပင်မျိုးချစ်လူငယ်အဖွဲ့(စင်္ကာပူ)က ပျော်ရွှင်ကြည်နူးစရာ ကရင်ချည်ဖြူဖွဲ့မင်္ဂလာ
ကျင်းပပုံ..ဓာတ်ပုံများ၊ဗီဒီယိုဖိုင်များကို အောက်မှာ ကြည့်ရှူနိုင်ပါတယ်။









စင်္ကာပူနိုင်ငံ လာခုဂ်ခါင်စူးကျင်းပပြီးစီးသွားတဲ့ ဗီဒီယိုဖိုင် ပုံရိပ်တစ်ချို့ကို အောက်မှာ လင့်များမှ သွားရောက်ကြည့်ရှူနိုင်ပါတယ်။
ဒီအထဲမှာ ခုခေတ် ကရင်စာပေ၊စကားနဲ့ပတ်သက်ပြီး ဟောပြောသွားတာတွေကို လာလည်သူ ညီအစ်ကို မောင်နှမများ ကြည့်ရှူစေချင်ပါတယ်။ကရင်စာပေ၊ စကား တိုးတက်တည်တံ့နိုင်ပါစေလို့ မျှော်လင့်ဆုတောင်းလျက်....။

ကရင်စာပေ၊စကားအကြောင်း ရှင်းပြပုံ


လာခုဂ်ခါင်စူးအကြောင်း ဖတ်ကြားသွားပုံ


လာခုဂ်ခါင်စူးသီချင်း


သတင်း+ဓာတ်ပုံ=ဇွဲကပင်မျိုးချစ်လူငယ်အဖွဲ့(စင်္ကာပူ)

No comments: