Nov 1, 2009

Mozilla firefox နဲ့ ပတ်သက်တာတွေ..

mozilla firefox နဲ့ပတ်သက်တဲ့ add on အသစ်တွေ မိတ်ဆက်ချင်ပါတယ်...။ဗဟုသုလေးပါ..ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး..။ add on တွေကတော့ အများကြီးပါပဲ.။ဒါပေမယ့် တစ်ချို့က သုံးလို့အဆင်ပြေသလို တစ်ချို့ကလည်း သုံးရတာ firefox browser အတွက်လေးလံစေပါတယ်..။ အဆင်ပြေတဲ့ဟာ စမ်းကြည့်ဖို့ မျှဝေလိုက်တာပါ..။ add on အသစ်တွေ တော်တော်များများထွက်တာကို တွေ့ရပါတယ်..
ခုပြောတာက PDF Download add on နဲ့ gmail google redesigned ပုံစံပါ..။ PDF Download ကို add on ကနေ install လုပ်ပြီးရင်



ဒီလိုပုံစံမျိုး မြင်ရမှာပါ ဒီနေရာ မှာ သွား စမ်းကြည့်ပေါ့ဗျာ..။
သူက webpage တစ်ခုလုံးကို pdf file နဲ့ သိမ်းထားချင်ရင် ပုံပါ ပြထားတဲ့အတိုင်း နှိပ်လိုက်ရင် webpage တွေကို pdf file အဖြစ် ပြောင်းပေးပါလိမ့်မယ်..။

ဆက်ဖတ်ရန်...

နောက်တစ်ခုက gmail homepgageကို ဒီဇိုင်းအသစ် သုံးချင်သူများအတွက်ပါ..

ကိုယ့်ရဲ့ gmail homepage ကို ဒီလိုမြင်ရမှာပါ...သူလည်း firefox add on တစ်ခုပါပဲ..။



gmail inbox ထဲဝင်ရင် ဒီလိုပုံစံမြင်ရမှာပါ...။



စမ်းကြည့်ချင်သူများအတွက် ဒီနေရာ မှာ သွားပြီး စမ်းကြည့်ပါခင်ဗျာ...။

နောက်တစ်ခုက..firefox homepage စတိုင်အသစ်ပါ...။



အဲလာ net မှ ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်..။
လိုချင်ရင်တော့ ဒီနေရာ မှာ နှိပ်ပြီးတော့ စမ်းကြည့်နိုင်ပါတယ်နော်.။ ပုံစံတွေ အမျိုးမျိုး ရှိပါတယ်..။ကြိုက်တဲ့ ပုံစံကို ရွေးယူပြီးတော့ ကိုယ့်ရဲ့ homepage ကို အလှဆင်ပါပြီ...။

တစ်ခုပြောချင်တာက firefox browser မှာ toolbars တွေ မလိုအပ်ဘဲနဲ့ အများကြီးထည့်ထားလို့ မကောင်းပါဘူး။..လိုအပ်သလောက်ပဲ ထည့်ထားတာကောင်းပါတယ်..။ တစ်ချို့က software ထည့်ကတည်းက ပါလာတတ်ပါတယ်...။ ဘာဖြစ်လို့လဲဆိုတော့ များများထည့်ထားရင် webpage ဖွင့်တဲ့အခါမှာ loading လေးစေပါတယ်..။
ကိုယ်လုပ်ထားတဲ့ add on တွေကို မလိုအပ်တော့ဘူး ဖြုတ်ချင်တယ်ဆိုရင်....firefox မှာ tool> add on> box ပေါ်လာရင် extensions ကိုရွေး၊ uninstall လုပ်လိုက်ရုံပါပဲခင်ဗျာ..။
နောက်ပြီး ကိုယ်နေ့တိုင်းဖွင့်တဲ့ webpage တွေကို history အနေနဲ့ အများကြီးကျန်ရှိနေတတ်တယ်...။အဲဒါတွေကို ရှင်းလိုက်ရင် webpage သုံးရတာ ပေါ့ပါးစေပါတယ်..။ ရှင်းလင်းချင်ရင်တော့..ခုနက firefox မှာ tool> clear recent history> box ပေါ်လာရင် clear now ကိုနှိပ်လိုက်ရုံပါပဲ..ဒါမှမဟုတ် tool> option> box ပေါ်လာရင် privacy ကိုရွေး၊ clear recent history ကိုနှိပ်၊ ok ပေးလိုက်ရင် ရပါပြီ..။ကိုယ်နေ့တိုင်း ၀က်ဆိုက်တွေကို ၀င်ထားတဲ့ အကောင့်တွေ၊ နာမည်တွေ၊ password တွေကိုလည်း ကျန်ခဲ့မယ်ဆိုရင် ရှင်းလင်းပြီးသား ဖြစ်ပါတယ်...။
ပျော်ရွှင်ပါစေ.... မသိသေးသူများအတွက်ပါ....။

No comments: