Mar 21, 2009

ပထမဆုံး ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း သြစတေးလျားနိုင်ငံတွင် ဖွင့်လှစ်

သစတြေးလျားနိုင်ငံရောက် ဗုဒ္ဓဘာသာကရင်အမျိုးသားများ၏ ပထမဦးဆုံး ဗုဒ္ဓဘာသာကရင်ကျောင်းကို မတ်လ ၁၄ရက်နေ့(စနေနေ့)က ဗီတိုးရီးယား ပြည်နယ်၊ မဲဘုန်းမြို့တွင် စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။
မဲဘုန်းမြို့ရောက် ကရင်ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာကရင်အမျိုးသားများက ဦးစီးတည်ထောင်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယခင်က သီးသန့်ဘုန်းတော်ကြီးကျောင်းများ မရှိသည့်အတွက် ကရင်ဘုန်းတော် ကြီးများသည် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ရပြီး ယခုကဲ့သို့ ဘုန်းတော်ကြီး ကျောင်း ဖွင့်လှစ်လာနိုင်သည့်အပေါ် အဆိုပါဘုန်းတော်ကြီးများအတွက် အဆင် ပြေလာစေမည်ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင်ကရင်အမျိုးသားအတွက်လည်း အလှူအတန်း၊ သာရေး နာရေးကိစ္စများကို အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်နိုင်တော့မည်ဖြစ် သည်။

သတင်း-အဲခေါင်သောင့်

No comments: