Mar 29, 2010
ကရင် ယစ်ထုတ်ကြီးများသို့...
-ကရင်လူမျိုး အရက်အိုးဟု၊
ဆိုရိုးခါးခါး ကြားဖူးငြားလည်း၊
-သေရည်အရက် လူကိုဖျက်ဟု၊
မိန့်မြွက်စကား ရှိနေငြားလည်း၊
-သေရည်သောက်စား ကျိုးစီးပွါးဆုတ်၊
မြင်ကြားကိုယ်တွေ့ ဖြစ်ပါ၍လည်း၊
-လူသားယစ်ထုတ် သရေယုတ်ဟု၊
သမုတ်ဆိုထား သိသော်ငြားလည်း၊
+ Read more
Mar 28, 2010
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှု အဖြာဖြာ အပိုင်း(၃)
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅) မျိုးရှိသည့်အနက် ကရင်မျိုးနွယ်စု (၁၁) မျိုးပါဝင်သည်။
၁၉၃၁-ခုနှစ်၊ မြန်မာနိုင်ငံ သန်းခေါင် စာရင်းအရ ကရင်မျိုးနွယ်စု (၁၇) မျိုးကို အောက်ပါအတိုင်း အစီရင်ခံတင်ပြသည်။
၁၉၃၁-ခုနှစ်၌ သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…
သီးခြားမဖော်ပြထားသော ကရင်မျိုးနွယ်စု၊
-စကောကရင်၊
-ပကူးကရင်၊
-ဝေေ၀ါ်ကရင်၊
-မိုးဝေပ္ပါကရင်၊
-ဘွဲကရင်၊
-ပရင်းဘော်ကရင်၊
-မိုပ္ပါကရင်၊
-ပအို့ဝ်ကရင်၊
-ပဒေါက်ကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ဂဲခိုဂဲဘားကရင်၊
-ဇယိမ်းကရင်(ပဒေါင်ခေါင်းတို)
-တလိုင်းတလစီကရင် ဟူ၍ ခွဲခြား သတ်မှတ်ထားသည်။
ယနေ့သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…
-ပိုးကရင် (မွန်ကရင်)၊
-စကောကရင်၊
-ဘွဲကရင်၊
-ပကူးကရင်၊
-တလပ္ပါကရင်၊
-မော်နေပ္ပကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ပလေကြီး(ခလေချီ)၊
-ပိုးကရင် (အနောက်)၊
-ဖိုးပ္ပါ (မိုပ္ပါ)။
သီးခြား ဖော်ပြမထားသော ကရင်…
ယနေ့တွင် ကရင်မျိုးနွယ်စုကို (၁၁) မျိုး သတ်မှတ်ထားသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေထိုင်ကြသော အခြားကရင်မျိုးနွယ်စုများ မပါဝင်သေးပါ။ ကရင်လူမျိုးတို့တွင် ဘာသာစကားအနေဖြင့် တချို့မှာ နီးစပ်မှုရှိပြီး ကွဲပြားခြားနားမှုလည်း ရှိပါသည်။
+ Read more
ရိုးရာဓလေ့ထုံးစံများ
ကရင်လူမျိုးတို့သည် ဘာသာစကားနှင့် တော်ပေါ်မြေပြန့်နေထိုင်မှု ကွာခြားခြင်းကြောင့် ရိုးရာဓလေ့ထုံးစံများ အနည်းငယ် ကွဲပြားမှုရှိသော်လည်း အများစုမှာ တူညီကြပါသည်။
ရိုးရာဓလေ့ အနည်းငယ်ဖော်ပြရလျှင်…
(၁)အုပ်ချုပ်ရေးဆိုင်ရာနှင့်ပတ်သက်သော ရိုးရာဓလေ့များ၊
(၂)ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဓလေ့များ၊
(၃)လူမျိုးရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၄)ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၅)ရိုးရာနတ်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၆)ပွဲလမ်းသဘင်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၇)ကျေးရွာနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၈)မျိုးနွယ်စုနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၉)အရှောင်/အဆောင်နှင့် ပတ်သက်သော ရိုးရာဓလေ့များ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။
ကရင်လူမျိုးတို့သည် အစွဲအလမ်းကြီးသည်။ ယုံကြည်လွယ်သည်။ မကောင်းမှုပြုရမည်ကို လွန်စွာဝန်လေးသူများဖြစ်ပါသည်။ ထို့ကြောင့် ရိုးရာဓလေ့ထုံးစံအချို့သည် ခေတ်ကာလနှင့် မဆီမလျော်ဖြစ်သည်။ ရှေးရိုးကိုလည်း မပယ်ဖျက်နှင့်၊ ဆိုသောစကားအရ အရိုးကို အရွက်မဖုံးစေရန်နှင့် လက်ခံသင့်သည်ကိုသာ လက်ခံ၍ ခေတ်နောက်ကျပြီး ဆွေးမြေ့နေသော အယူအဆများကို ပစ်ပယ်သင့်က ပစ်ပယ်ရမည်ဖြစ်သည်။
ကရင်လူမျိုးတို့၏ ၀တ်စားဆင်ယင်မှု
ကရင်လူမျိုးတို့သည် မျိုးနွယ်စုများသလို ၀တ်စားဆင်ယင်မှုလည်း အရောင်အဆင်း စုံလင်သည်။ လူမျိုးနွယ်စုအလိုက် ၀တ်ဆင်သည့် အရောင်အဆင်းကို မူတည်ပြီး ကရင်လူမျိုးစုများကို ခွဲခြားသိသာနိုင်ပါသည်။ ထို့ကြောင့် ရှေးက ကရင်နီ၊ ကရင်ဖြူ၊ ကရင်နက်၊ လိပ်ပြာကြီး၊ လိပ်ပြာငယ်၊ တောပြာကြီး အစရှိသည့်နာမည်များဖြင့် ကရင်လူမျိုးစုများကို ကွဲပြားခေါ်ဝေါ်သတ်မှတ်လေသည်။
ကရင်လူမျိုးများတွင် ထွင်းသင်တိုင်းသည် အဓိကဖြစ်သည်။သင်တိုင်းအတိုအရှည်ရှိသည်။ သင်တိုင်းနှင့် ဘောင်းဘီဝတ်သောအမျိုးနှင့် သင်တိုင်းနှင့် လုံချည်ဝတ်သောအမျိုး ဟူ၍ ခွဲခြားနိုင်သည်။သံတောင်နယ် မြောက်ပိုင်းမှစ၍ အရှေ့ဘက် ကယားပြည်နယ် မြောက်ဘက်ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် ပျည်းမနာ၊ ရမည်းသင်း၊ အရှေ့ဘက်တွင် နေထိုင်ကြသော မျိုးနွယ်စု အမျိုးသားများသည် ဘောင်ဘီတို၊ ဘောင်းဘီရှည်များ ၀တ်ဆင်ကြပြီး သင်တိုင်း(သို့) ကိုယ်ထည် ကြုတ်ကျယ်ပေါ် အတိုများကို ၀တ်ဆင်ကြသည်။အမျိုးသမီးများသည် သင်တိုင်းခါးပြတ်နှင့် အနီ၊ အနက်နှင့်အဖြူရောင် အဆင်းရှိ ထမီတို့ကို ၀တ်ဆင်ကြသည်။
လက်ဝတ်ရတနာအဖြစ် ကြေးနှင့်ငွေတို့ကို အသုံးပြုကြသည်။ ကျောက်ရောင်စုံပုတီးများ သုံးကြသည်။ နားထောင်း၊ လည်ဆွဲ၊ လက်ကောက်ဝတ်များနှင့် ငွေခေါင်းပတ်များ ငွေသားများ ဖြစ်ကြသည်။ ကရင်လူမျိုးများမှာ ပဲခူးရိုးမ ရှိ စကောကရင်နှင့် ပိုးကရင်တို့ ဖြစ်ကြသည်။ ကရင်အမျိုးသားများသည် သင်တိုင်းအနီ ခေါင်းပေါင်းနှင့် ပုဆိုးများ ၀တ်ဆင်နေဆဲဖြစ်သည်။ အမျိုးသမီးများမှာလည်း သင်တိုင်းတို၊ သင်တိုင်းရှည် ခေါင်းပေါင်းထမီများကို ၀တ်ဆင်နှစ်သက်ဆဲဖြစ်သည်။
အမျိုးသမီးထမီများကို အောက်ပါအတိုင်း ခွဲခြားထားသည်။
(၁)ရိုးရာထမီ( ထူရူ့နီး)
(၂)လူငယ်ဝတ်ထမီ(နီးဂူထူ)
(၃)အပျိုဘော်ဝင်စထမီ (နီးသိုင်းဆက်)
(၄)မပျိုဝတ်ထမီ(နီးလောင်းဝေါ်) ဟူ၍ (၄) မျိုးခွဲခြားထားသည်။
ရှမ်းပြည်နယ်နှင့် နီးစပ်သောဒေသရှိ ကရင်လူမျိုးနွယ်စုသည် ရှမ်းဆန်ဆန်ဝတ်လာပြီး မြန်မာလူမျိုးတို့နှင့် နီးစပ်ရောနှော နေထိုင်သူတို့မှာ မြန်မာဆန်ဆန်ဝတ်လာကြသည်။ ရွှေကျင်ကျောက်ကြီး အရှေ့ဖာပွန်၊ လှိုင်းဘွဲ့ ဒေါနတောင်ခြေတစ်လျှောက်ရှိ အမျိုးသမီးတို့သည် သင်တိုင်းရှည်အဖြူကိုသာ ၀တ်ဆင်ကြသည်။အိမထောင်ကျမှသာ သင်တိုင်းတိုနှင့် အခြားအရောင်အဆင်းရှိသော သင်တိုင်းများကို ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။
ယခင် ကရင်အမျိုးသမီးများသည် မိမိမင်္ဂလာဆောင်ရာတွင် ၀တ်ဆင်မည့် သင်တိုင်နှင့် ထမီအား မိမိကိုယ်တိုင် အလှပဆုံးသော ဆန်းသစ်သော ဒီဇိုင်းများ ကိုယ်တိုင်ရက်လုပ်သည်။ တစ်သက်လုံး သိမ်းဆည်းထားသည်။ အမျိုးသမီးခြုံမည့်ဆောင်၊ အမျိုးသားခြုံမည့်ဆောင်ကိုလည်း ကိုယ်တိုင်ရက်လုပ်သည်။ ထို သင်တိုင်းထမီများ၊ မြေး၊မြစ်အထိ အမြတ်တနိုး ကိုင်တွယ်၍ လွန်စွာ တန်ဖိုးထားကြသည်။
ဆက်လက်ဖော်ပြပါဦးမည်...။
Mar 24, 2010
မှန်
စစ်ခင်းပမာ၊ သူသာ အမှား၊
ငါကား အမှန်၊ ဝေဖန်ရှုတ်ချ၊
မာနမလျှော့၊ ရင်ကော့ပြိုင်ကာ၊
နိဂုံးပြာဖြစ်၊ သေချာကြည့် ဘယ်သူပြစ်ရှိ…။
အညတြလုလင်
မှတ်ချက်။ ။သထုံမြို့နယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်စာစောင်မှ။
ပြည်ပရောက် ပညာသင် ကရင်ရဟန်းတော်များ
သိရှိနိုင်ရန်ရည်ရွယ်၍ဇွဲကပင်ဘလော့မှာ စုစည်းတင်ထားခြင်းဖြစ်သည်။ တစ်ချို့ရဟန်းတော်များရဲ့ ဓာတ်
ပုံနှင့် နေရပ်လိပ်စာတွေကို ဆက်သွယ်ရန်ခက်ခဲမှုကြောင့် အခုမတင်ပေးနုင်သေးတာကို နားလည်ပေးစေ
ချင်သည်။ အားလုံးပျော်ရွှင်ကြပါစေ....
ဇာတိ = သိုက်တောရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = အိန္ဒိယ
အရှင်ကုဝေရ (ထိုင်းနိုင်ငံ)၊ ဇွဲကပင်ဘဏ္ဍာရေးမှူး
ဇာတိ = အံဖကျေးရွာ၊ ကော့ကရိတ်မြို့နယ်
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်းငံ
+ Read more
အရှင်နိမလ
ဇာတိ = လွမ်းမပြေကြိမ်ကုန်းကျေးရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ
အရှင်ဂုဏသာမိ
ဇာတိ = ထွီးမောင်ထိုရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ပညာအရည်အချင်း = သာသနဓဇမ္မာစရိယ၊ M.A {Buddhist and Pali University and Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ
အရှင်မေတ္တာနန္ဒ
ဇာတိ = ထီဖိုးစံရွာ၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇမ္မာစရိယ၊ M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ
အရှင်နာဂ၀ံသ
ဇာတိ = ကစိုရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = မြန်မာနိုင်ငံ
အရှင်သုနန္ဒ
ဇာတိ = နောင်ကမြိုင်ရွာ၊ ဘားအံ
ပညာအရည်အချငင်း = B.A {Buddhist and Pali University of Sri Lanka} M.A {Kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ
အရှင်ဣန္ဒာစာရ
ဇာတိ = ကျုံပကိုရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Buddhist and Pali University of Sri Lanka}
Ph.D {Thesis - India}
လက်ရှိသီတင်းသုံးရာ = ပုနေး၊ အိန္ဒိယ
အရှင်မေဓာနန္ဒ
ဇာတိ = ထီဖိုးစံရွာ၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ B.A M.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ
အရှင်ခေမိန္ဒ
ဇာတိ = ရသေ့ပျံရွာ၊ ဘားအံ
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka} M.A {Hayai Uninversity of Thailand}
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်ငံ
အရှင်ဉာဏသာမိ
ဇာတိ = ကော့လှိုင်းရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {Kelaniya University of Sri Lanka} M.A{ Still study - Chulalaungkun University of Thailand}
လက်ရှိသီတင်းသုံးရာ = ထိုင်းနိုင်ငံ
အရှင်မင်္ဂလာဒီပ
ဇာတိ = နောင်ကမြိုင်ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ
အရှင်သုဇန
ဇာတိ = နောင်မြလွဲရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A (First Class) {Buddhist and Pali University of Sri Lanka}. M.A {Kelaniya University of Sri Lanka}
Ph.D (thesis-India) Punai University of India}
လက်ရှိသီတင်းသုံးရာ = အိန္ဒိယနိုင်ငံ
အရှင်ပညောဘာသ
ဇာတိ = အင်းနို့သိပ္ပံရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်ဣန္ဒောဘာသ
ဇာတိ = တလာညားကျေးရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်ဉာဏောဒယ
ဇာတိ = ခလောက်နို့ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = ဓမ္မာစရိယ၊ B.A {Buddhist and Pali University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာနိုင်ငံ
အရှင်အရိယ၀ံသ
ဇာတိ = ကော့ကူးရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်ကုဏ္ဍလ
ဇာတိ = ကော့ရင်းရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်က၀ိဓဇ
ဇာတိ = ဘီလင်းမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်ဣန္ဒာစရိယ
ဇာတိ = ထွီးမံထို၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်အာလောက
ဇာတိ = လောင်းကိုင်၊ ကော့ကရိတ်မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {kelaniya University of Sri Lanka}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်ဝိလာသ
ဇာတိ = တ၀န်ဖန်ရရွာ၊ လှိုင်းဘွဲမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်ထေရိန္ဒ
ဇာတိ = ကျုံခ၀န်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်စန္ဒောဘာသ
ဇာတိ = ပတ်ကျောရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်သီဟဗလ
ဇာတိ = ပေါ့ထော်ရွာ၊ ဘားအံမြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်သုနန္ဒ
ဇာတိ = နန်းထိုက်စံရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနတက္ကသီလဓမ္မာစရိယ၊ M.A {တက်ရောက်ဆဲ B.P.U}
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
အရှင်စန္ဒာဝရ
ဇာတိ = ကော့မြတ်ကြီးရွာ၊ လှိုင်းဘွဲ့မြို့နယ်
ပညာအရည်အချင်း = သာသနဓဇဓမ္မာစရိယ၊ M.A (တက်ရောက်ဆဲ Kelaniya)
လက်ရှိသီတင်းသုံးရာ = သီရိလင်္ကာ
Mar 23, 2010
သဲုးလ၀်ဆ်ုခႜါင်
ထုံၟက်ုဆုဂ် အေသှေ်ဍာ် “ထုံၟ”
ထုံၟကု်ဆုဂ် အေဏေ၀်ၟဍာ်“အှ်”
ထုံၟက်ုဆုဂ်္ဘးလ်ုအေးစာ်္ဘိုဝ်…
တႜာ်ပွယ်သာ့ အေယာင်။
ထင်းလ်ုကျး သီ့လု္ဘႜင်၊
အှ်ကောဝ်ကြင်လံင်မ၀့်မှ်၊
စူးလာၟခ၀့်အေ၀ါဍာ်၊
သာအိုင်ခါ် မ်ုထုဂ်ယှး။
သဲုးဍေယး မွဲာဟ်ုဆိုဒ်ဟှင်ၟ
မ်ုအင်းလယ်ဍေအ်ုကျး၊
ယှးမုဂ်ခေါဟ် က္ဘာါ်လာၟဏင့်၊
ဆ်ုအုင်းဍီအေပႜီပႜာခိုတ်၊
အ်ုသဲုးသာ် ယး္ဘေႜ၀်ဍးဝေ့၊
အ်ုဖါ်ဏံင် ဃှံင်ထံင့်အှ်ဍာ်၊
မ်ုတိုဒ်ဆိုင် ထံင်ၟအေဏေ၀်ၟလှ်။
ဆ်ုယ၀့်ကးကါ် လ်ုအှ်္ဘးယိုဝ်၊
တိုဒ်မ၀့်မှ် ကုက်မ၀့်မှ်လှ်။
ထောဟ်ယှးဓံင့်( နံင်းမျလွဲာ)
Mar 22, 2010
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှု အဖြာဖြာ အပိုင်း(၂)
ဘိုးဘိုးနတ်ကို ကရင်ဘာသာဖြင့် `ဖူ့ပါဒိုး´ ဟုခေါ်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်၊ စကောကရင်များ ကိုးကွယ်ပသကြသည်။ ရုက္ခစိုးနတ် ဟုလည်း ခေါ်ကြသည်။ တစ်နှစ်လျှင်(၃) ကြိမ် ပူဇော်ပသကြသည်။တချို့မှာ သက်သတ်လွတ် အစားအစာဖြင့် ကန်တော့၍ ကြက်၊ ဘဲ၊ ၀က်၊ ဆိတ်၊ အရက်များဖြင့် ပူဇော်ကန်တော့ကြသည်။ ၀က်သားဖြူဖြင့် ကန်တော့၍ မရပါ။ နတ်ကိုးကွယ်မှုများတွင်
စည်းကမ်းလွန်စွာကြီးသည်။ ရိုသေမှု၊ ကိုင်းရှိုင်းမှုရှိရသည်။ တွေ့ရာစကားပြော၍ မရပါ။ ကရင်ပြည်နယ် အနှံ့အပြားတွင် ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။နတ်စားခြင်းသည် လူတိရိစ္ဆာန်တို့ ရောဂါကင်းဝေး၍ ဆန်ရေစပါးဖြစ်ထွန်းသည်။ စီးပွါးတိုးတက်၍ အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။
(ခ)ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု
ကရင်လူမျိုးများသည် ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ပိုးကရင်နှင့် စကောကရင်အချို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသကဲ့သို့ ဧရာဝတီတိုင်းရှိ ပိုးကရင်နှင့် စကောကရင်အချို့တို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။
ကော့ကရိတ်မြို့နယ်၊ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဗုဒ္ဓဘာသာသည် ဦးစွာဝင်ရောက်လာသည်ဟု ယူဆလျှင် မမှားနိုင်ပေ။
ဘိုးတော် အဉ္စနမင်း ဖြိုခွင်းသက္ကရာဇ် ၈၈-ခုနှစ်တွင် ဇယျမြို့ကို တည်ထောင်ခဲ့သည်။ ထိုမြို့ကို တည်ထောင်ခဲ့သည်မှာ မွန်လူမျိုး တိဿသက္ကမင်းဖြစ်သည်။ ထိုမင်းသည် ကရင်အမျိုးသား ဗျညားအိန္ဒာ ဆိုသူကို အိန္ဒာသေနရာဇာဘွဲ့ပေး၍ မင်းမြှောက်ခဲ့သည်။ ဗျညားအိန္ဒာလက်ထက်တွင် ဇယျမြို့ကို ပိုင်သရောင်ဒုံ ´တခါးမြို့` ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေကြပြီး ဖြစ်သည်။
+ Read more
ကရင်နှင့် မွန်တို့သည် တစ်သွေးတစ်သားတည်း ဖြစ်နေသောအချိန်ဖြစ်၍ ဗုဒ္ဓဘာသာသည် ထိုအချိန်ကပင် အမြစ်တွယ်နေပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ သို့ရာတွင် ဦးနန္ဒမာလာ ဘွဲ့ခံ ဘုန်းတော်ကြီးသည် ခရစ်နှစ် ၁၇၃၈-ခုတွင် အင်းဝသို့ သွားရောက်၍ ပါဋ္ဌိ ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ခဲ့ပြီး အင်းဝရှိ သာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ဗုဒ္ဓဘာသာစာပေများကိုလည်း ကရင်ဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဆရာတော်အား ကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်စွယ်(စွယ်စုံ) သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယနေ့တိုင် တည်ရှိခဲ့သည်။
(ဂ)ကလကုရသေ့ဂိုဏ်း
ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်
အများဆုံးနေထိုင်ကြပြီး တရားတော်နှင့် အကျင့်သိက္ခာကိုအခြေခံ၍ စောင့်ထိန်းကြသည်။ ငါးပါးသီလကို အလေးထားကာ ယနေ့တိုင် ရိုးရာဝတ်စုံများကို ၀တ်ဆင်နေကြဆဲဖြစ်သည်။ ကော့ကရိတ်မြို့နယ် ရှိ ထင်ရှားလှသော ပွဲတော်များတွင် မီးပုံပွဲသည် တစ်ခုအပါအ၀င်ဖြစ်သည်။ တပို့တွဲလပြည့်နေ့တွင် ကျင်းပကြသည်။ ၄င်းပွဲတော်ကို ဦးဆောင်ကျင်းပသည်မှာ ရသေ့ဂိုဏ်းကို ကိုးကွယ်သော ဂိုဏ်းသားများဖြစ်ကြသည်။ ၄င်းရသေ့သည် ငယ်စဉ်ကာလမှစ၍ သက်ဆုံးတိုင် သီလသမာဓိပြည့်စုံအောင် ကျင့်ကြံပြီး ဖန်ရည်စွန်းသောသင်္ကန်းကို သက်ဆုံးတိုင် ၀တ်ဆင်ခဲ့သည်။
(ဃ) ခရစ်ယာန်ဘာသာ
ကရင်လူမျိုးများအနက် ဒေါက်တာဂျက်ဆင်၏ တပည့်ဖြစ်သူ ဦးသာဖြူသည် ၁၈၂၈-ခုနှစ် မေလ(၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ ပထမဆုံး နှစ်ခြင်းခံခဲ့ရသော ကရင်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၁၈၂၈-ခုနှစ်မှ ၁၈၇၈-ခုနှစ်အတွင်း မော်လမြိုင်၊ ပုသိမ်ခရိုင်၊ တောင်ငူနယ်များသို့ သွား၍ သာသနာပြုခဲ့သည်။ ကရင်လူမျိုးများအတွင်း ခရစ်ယာန်သာသနာပြု ဂိုဏ်းပေါင်းစုံ ရှိပါသည်။ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ဘားအံမြို့နယ်၊ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စကောကရင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် နတ်စားခြင်းစသော ကိစ္စရပ်များကို ယုံကြည်ကိုးကွယ်မှုမရှိပါ။
(င)လဲကယ်ဘာသာ
လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။
(စ)ဗြဟ္မစိုရ်ဂိုဏ်း
ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓဘာသာအယူဝါဒနှင့် ကရင့်ရိုးရာဓလေ့များ ပေါင်းစပ်ထားသော အယူဝါဒဂိုဏ်းဖြစ်သည်။ရွှေကျင်နယ်၊ အရှေ့ဖာပွန်ဒေသတွင် ဖိုးပိုက်ဆံမှ စတင်တည်ထောင်ခဲ့ပြီး စောဒါမေဖိုးမင်းက ၎င်း၏သား ဂျွန်ဆင်ဒီဖိုးမင်းနှင့် သောင်ဇင်၏အစ်ကို ဂျွန်ဆင်ဖိုးမင်းက ဆက်လက်ဦးဆောင်သည်။ တောင်ပေါ်ဒေသရှိ ဂဲဘားနှင့် ပဒေါင်လူမျိုး၊ အောက်မြန်မာပြည် စကောကရင်အချို့ ယုံကြည်ကြသည်။မှောဘီတွင် ဂိုဏ်းဌာနချုပ်ရှိသည်။ ဗုဒ္ဓဘာသာတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ကို မိရိုးဖလာဓလေ့အပေါ် အရောင်တင်ပြီး တီထွင်ထားသော ဒေသအလိုက် အဖွဲ့ငယ် ဂိုဏ်းဂဏများလည်း မကြာခဏ ပေါ်လာတတ်သည်။
စာပေနှင့် စကားအုပ်စုများ
ကရင်စာပေသည် ယဉ်ကျေးမှုတွင် ကျမ်းတစ်ဆူအနေဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ပေ။ ကရင်စာပေကို ပထမခေတ်အနေဖြင့် ရှေးပဝေသဏီမှ ၁၈၃၇-ခုနှစ်အထိကာလကို သတ်မှတ်ခဲ့သည်။ ထိုခေတ်သည် ဘာသာစကားနှင့်စာပေကို နှုတ်အားဖြင့်မှတ်တမ်းတင်ခဲ့တာကြောင့် လင်္ကာခေတ်ဟု ခေါ်ဆိုနိုင်သည်။
ဒုတိယခေတ်ကို ၁၈၄၇-ခုနှစ်မှ ၁၉၆၄-ခုနှစ်ကာလကို သတ်မှတ်ရပေမည်။ စက်တင်ပုံနှိပ်သောခေတ်ဖြစ်ပြီး လင်္ကာဖွဲ့ဆို သီကုံးခြင်းထက် စကားပြေအရေးအသားများတွင် လွှမ်းမိုးသောခေတ်ဖြစ်သည်။ တတိယခေတ်ကို ၁၉၆၄-ခုနှစ် စတင်သည်ဟု သတ်မှတ်ရမည်။ အင်းဝနေပြည်တော်၌ ရဟန်းခံ၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျောင်း၌ သီတင်းသုံးခဲ့သော ဆရာတော် ဖူ့တာမိုက်(ဦးနန္ဒမာလာ)သည် ၁၇၅၀-ခုနှစ်တွင် မွန်အက္ခရာကိုအခြေခံ၍ ဗျည်းသရ အက္ခရာများကို လိုတိုးပိုလျှော့ဖြင့် တီထွင်ခဲ့ပြီး ဗိန္ဒုတော်ကျမ်းကို ပေပေါ်၌ ရေးသားခဲ့သည်။ပထမခေတ်တွင် စကောကရင်၏ ခရီဖိုး အမည်ရှိ စာပေနည်းစနစ်ရှိသည်ဟု ဆိုသည်။ စာပေ အရေးအသားမရှိဘဲ ရာစုများစွာကို ကျော်ဖြတ်လာသော စာပေနည်းပညာတစ်ရပ်ရှိသည်ကို တိကျခိုင်လုံစွာ ပြောဆိုနိုင်ပေသည်။
ကရင်လူမျိုးတို့၏ ဒဏ္ဍရီတစ်ခုတွင် ဖော်ပြသည်မှာ ရှေးယခင်က ကရင်စာပေ ရှိခဲ့ဖူးသည်။သားရေပေါ်တွင် ရေးသားထားသော စာ ဖြစ်သည်။ စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသဖြင့် ပျောက်ကွယ်သွားသည်ဟု ဆို၏။ ယနေ့ ကရင်လူမျိုးတို့၏ စာရေးနည်း (၉) မျိုးထက်မနည်း ရှိသည်။ ၎င်းတို့အနက် မွန်-မြန်မာအက္ခရာကို
မှီး၍ တီထွင်ထားသော ကရင်စာရေးနည်း (၄) မျိုးနှင့် ရောမအက္ခရာဖြင့် တီထွင်ထားသော ဒူးဂဏန်းစာရေးနည်း အပါအ၀င် (၄) မျိုးကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်သည်။
(၁) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် စကောကရင်စာပေ၊
(၄) မြိုင်သာယာဆရာတော်ပြုစုသော စကောကရင်စာပေ၊
(၅) ဖာပွန်မြို့နယ် စကောကရင်စာပေ၊
(၆) ဦးဘထွန်း တင်ပြပြုစုသော စကောကရင်စာပေ၊
(၇) ဒူးဂဏန်းနှင့် ပိုးကရင် (လိုက်ဆောင့်ဝှေ့) ကြက်ယက်စာပေ၊
(ဂ) ဗရင်ဂျီဘာသာ သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး၊
(၉) ပအိုဝ့်အမျိုးသားများ၏ သင်ပုန်းကြီး (ယခုအခါ ပအိုဝ့်လူမျိုးများအား ကရင်အမျိုးအနွယ်တွင် ထည့်သွင်းထားခြင်းမရှိပါ။)
ယခုလက်ရှိ သုံးစွဲနေသော ကရင်စာပေများမှာ….
(၁) မွန်အက္ခရာကို အခြေခံသော ပိုး(အရှေ့) ကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသော စကောကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် ပိုး(အနောက်) ကရင်စာပေ ဟူ၍ ဖြစ်သည်။
(က) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေကို အေဒီ ၁၀၅၇ -ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက် လိုက်သည်နှင့် နှစ်ပေါင်း ကိုးရာခန့်က စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။(သုတေသနပြုဆဲ)။
အချို့မှာ ၁၇၅၀-ခုနှစ်တွင် ဖူ့တာမိုက် ပြုစုမှုမှ ဖြစ်ပေါ်လာသည်ဟု ကွဲလွဲမှုရှိသည်။
(ခ) စကောကရင်စာပေမှာ ၁၈၃၂-ခုနှစ် ဒေါက်တာ ဂျိုနသန်ဝိတ်၏ ခရစ်ယာန်သာသနာ ပြန့်ပွါးဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သည်။
(ဂ) မြန်မာ အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေမှာ ၁၈၅၂-ခုနှစ် ဒေါက်တာ အယ်လ်ဘရေတန်မှ မြန်မာအက္ခရာကို မှီး၍ ရေးသားခဲ့သည်။
ဆက်လက်ဖော်ပြပါဦးမယ်…။
Mar 21, 2010
ဘလော့တစ်ခုကို စတင်ပြုလုပ်ခြင်း
ဒီတစ်ခါတော့ လာလည်တဲ့ ညီအစ်ကိုမောင်နှမများ ဘလော့ကို စိတ်ဝင်စားလို့ ဘလော့ လုပ်ချင်တယ်ဆိုရင် အထောက်အကူပြုရအောင် အောက်မှာ ပေးထားတဲ့လင့်များကို ဒေါင်းလုတ်ယူပြီး လေ့လာမယ်ဆိုရင် ဘလော့ကို လွယ်လွယ်ကူကူနဲ့ ရနိုင်ပါတယ်။ လုပ်ပုံလုပ်နည်းလည်း အားလုံးရှင်းပြထားပါတယ်။ ကျနော်က မိတ်ဆက်အနေနဲ့ နည်းနည်း ရှင်းပြပါ့မယ်။ ဘလော့တစ်ခုကို လုပ်မယ်ဆိုရင် အရင်ဆုံး အီးမေးလ် အကောင့်ဝင်သလို blog start page မှာ အကောင့်ဝင်ရပါတယ်။ အကောင့်ဝင်လို့ ရပြီးဆိုရင် ဘလော့နာမည်ပေးတဲ့နေရာမှာ မိမိစိတ်ကြိုက် နာမည်တစ်ခုကို ပေးလိုက်ပါ။ နောက်ပြီး ပေးထားတဲ့ အဆင့်ဆင့်ထဲမှာStep by step အနေနဲ့ ပြုလုပ်ရပါမယ့်။
ဒေါင်းလုတ်ယူမယ့် ဖိုင်ထဲမှာ ပုံနှင့်တကွ ရှင်းပြထားပါတယ်။
အဲဒီအဆင့်တွေ ကျော်သွားပြီရင် ဘလော့တစ်ခု ရလာမယ်။ blog ကပေထားတဲ့ template တွေကို မိမိက မကြိုက်ဘူးဆိုရင် အခြား templat site မှာ မိမိစိတ်ကြိုက် ရွေးယူလို့ရပါတယ်။ ဘလော့တစ်ခု ရလာပြီးဆိုရင်
Sing in ၀င်ထားတဲ့ အကောင့်ထဲမှာ dashboard ကို တွေ့ရပါမယ်။ အဲဒီအောက်က မိမိ ပြုလုပ်ထားတဲ့ ဘလော့နာမည်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအောက်မှာ မှ newpost /setting / layout / monetize ပုံစံတွေကို တွေ့ရပါ့မယ်။
(၁)newpost ကို နှိပ်ပြီး box တစ်ခု ပေါ်လာမယ်။ အဲဒီ box ထဲမှာ မိမိတင်ချင်တဲ့ အကြောင်းအရာ(သို့) တစ်ခြားမှာ ကူးထည့်ပြီး pulish post ကို နှိပ်ပြီး ပို့စ်တင်ဖို့ပါ။
(၂) setting ဆိုတာ မိမိဘလော့ကို basic / pulish/ format/ စတာတွေကို manage လုပ်ဖို့ပါ။
(၃)layout ဆိုတာက မိမိဘလော့ကို စိတ်ကြိုက် edit ဖို့ပါ။ အဲဒီမှာ အများဆုံး edit လုပ်ဖို့က page element နဲ့
HTML နေရာတွေပါပဲ။ page element နေရာက add a gadge အတွက် edit ဖို့ပါ။ html နေရာက ဘလော့တစ်ခုလုံးရဲ့ ကုဒ်တွေကို edit ဖို့ပါ။
+ Read more
မိမိဘလော့ကို မြန်မာစာ ကောင်းကောင်းပေါ်ဖို့အတွက်ဆိုရင် html code ထဲမှာ font format ချရပါမယ်။ အဓိကကတော့
Font family တွေရဲ့နောက်မှာ မြန်မာဖေါင့်၊ ကရင်ဖေါင့် တွေကို ထည့်ဖို့ပါပဲ။ template တွေက မတူနိုင်တဲ့အတွက် တစ်ချို့က IE နဲ့ ဖွင့်တာ အဆင်ပြေသလို တစ်ချို့ကျတော့လည်း Firefox နဲ့မှ ဖွင့်လို့ အဆင်ပြေတတ်ပါတယ်။ ဒါကြောင့် မြန်မာစာတွေ ကောင်းကောင်းပေါ်အောင် font download ဆိုတာ ဘလော့တိုင်းမှာလိုလို ထည့်ပေးထားပါတယ်။ အဲဒီဖေါင့်တွေကိုဒေါင်းလုတ်ပြီးမိမိကွန်ပျူတာထဲမှာInstallလုပ်ပြီးမှစာတွေကိုကောင်းကောင်းဖတ်နိုင်မှာဖြစ်ပါတယ်။
ကျန်တဲ့အပိုင်းတွေကို မိမိက စိတ်ဝင်စားလို့ လေ့လာလိုက်စားမယ်ဆိုရင် တဖြည်းဖြည်း လုပ်တတ်သွားမှာဖြစ်ပါတယ်။ ခုရှင်းပြတာက နမူနာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ အများကြီးရှိမှာပါ။ တကယ်လို့ ရှင်းပြတာ မပြည့်စုံရင်လည်း ကျနော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါတယ်။ လိုအပ်တာရှိရင် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ PDF file နဲ့တင်ပေးထားတဲအတွက် အခက်အခဲ မရှိလောက်ဘူးထင်ပါတယ်။
ဒီပို့စ်က ဘလော့ကို စိတ်ဝင်စားလို့ စတင်ပြုလုပ်ချင်တဲ့ ညီအစ်ကို မောင်နှမအတွက်သာ ဖြစ်ပါတယ်ခင်ဗျာ။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ။
ဘလော့ရေးနည်း(၁)
မှတ်ချက်။ ။ဒီစာအုပ်တွေကို နည်းပညာစာအုပ်စင် မှ ယူထားတာဖြစ်ပါတယ်။
Mar 17, 2010
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၅)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
ကရင်လူမျိုးများ မက်ဆိုပိုတေးမီးယား ဒေသမှ ထွက်ခွာလာကြခြင်းနှင့် ပတ်သက်၍ မည်သည့် အချိန်က ထွက်ခွာလာသည်ကို အတိအကျ ပြောရန် ခဲယဉ်းပေသည်။ သို့သော် ဆာဂွန်ဘုရင်သည် ဘီစီ ၂၇၅၀ ခန့်တွင် မက်ဆိုပိုတေးမီးယားတွင် အုပ်ချုပ်မင်းလုပ်နေပြီ ဖြစ်၍ ဆာဂွန်ဘုရင် လက်ထက်အထိ ကရင်များ ရှိခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စကော ဟူသော အကြီးအကဲ ခေါင်းဆောင် အခေါ်အဝေါ်ကို ဆာဂွန် အမည်မှတဆင့် ကရင်များ ရခဲ့ပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ဘီစီ ၂၅၀၀ ခန့်လောက်တွင် ထွက်ခွာလာကြသည်ဟု ခန့်မှန်းယူဆလျှင် သင့်တော်ပေလိမ့်မည်။
တဖန် မည်သည့်လမ်းကလာ၍ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသသို့ မည်သည့်အချိန်က ၀င်ရောက်လာကြသနည်းဟူသော အမေးကို စဉ်းစားကြပါစို့။ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ အာရှအလယ်ပိုင်း တပြင်တခွင်တွင် ကရင်အမည်နှင့် မှည့်ခေါ်ခဲ့သော အင်းအိုင်များကို ကြည့်ခြင်းဖြင့် ကရင်လူမျိုးများသည် မြစ်နှစ်မွှာ ဒေသမှ အရှေ့ဘက်သို့ ထွက်ခွာလာကြသည်ဟု ယူဆရသည်။
အများအားဖြင့် ရှေးလူမျိုးများ ရွေ့ရှားပုံကို လေ့လာပါက သွားလာရေး လွယ်ကူသော မြစ်ကြောင်းဖြင့်သာ စုန်လိုက် ဆန်လိုက် ပြောင်းရွှေ့ကြသည်ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် ရှိနလွင်ပြင် အောက်ပိုင်းမှ ယူဖရေးတီး၊ တိုက်ဂရစ် မြစ်ကို ဆန်ပြီး ကော့ကေးဆပ် (Caucasus) တောင်တန်းဘက်သို့ ရွေ့သွားပုံရသည်။ ကရင်လူမျိုးများ ကော့ကေးဆပ် တောင်တန်းတွင် နေထိုင်ခဲ့ကြောင်းနှင့် ကော့ကေးဆပ် တောင်တန်းသားဟု အဆိုပြုမှု ရှိခဲ့ပါသည်။ (The loyal Karen of Burma by D.M. Smeton. M.A. 1920, p77, The Karen are small in Nature … and the features of those of pure blood are caucasian intype.) ၎င်းပြင် မြစ်ကြောင်းသည်လည်း ကော့ကေးဆပ် တောင်တန်းမှ မြစ်ဖျားခံသောကြောင့် ဖြစ်သည်။ သတိပြုရမည်မှာ ကရင်လူမျိုးများ ပြောင်းရွှေ့သွားခြင်းသည် တရွေ့ရွေ့နှင့် ပြောင်းရွှေ့သွားခြင်းမျိုး ဖြစ်မည်။ မြစ်ဖျားခံရာ ကော့ကေးဆပ် တောင်တန်းသို့ ရောက်သောအခါ ၎င်းတောင်တန်း၌ ရေခဲမြစ်များ၊ ကျောက်နံရံများ စသည့် အခက်အခဲများ ရှိသဖြင့် ရှေ့သို့ ဆက်မသွားနိုင်တော့ပုံရသည်။
+ Read more
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁၊ စာ ၂၄၈) ၌ ကော့ကေးရှားနယ်ရှိ တောင်တန်းများသည် အချို့နေရာ၌ မိုင်ဝက်ခန့်သာ မြင့်သည်။ ကျောက်နံရံကြီးသဖွယ် ဖြစ်နေပြီးသော် အချို့တောင်ထိပ်များမှာ ပေ ၁၆၀၀၀ ကျော်မြင့်သည်။ အမြင့်ဆုံး တောင်ထိပ်မှာ ပေ ၁၈၄၈၁ မြင့်သော အဲလ်ဗရူး တောင်ထိပ်ဖြစ်သည်။ ယင်းမှာ ဥရောပ တောင်များအနက် အမြင့်ဆုံးဖြစ်သည်။ တောင်ကြားများတွင် ရေခဲမြစ်ပေါင်း ၉၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းအခက်အခဲများကြောင့် ကရင်များသည် ကော့ကေးဆပ်တောင်တန်းကို မကျော်နိုင်တော့ဘဲ အရှေ့ဘက်သို့ ထွက်ခွာလာသည်ဟု ယူဆရသည်။
ထိုမှတဆင့် ထီးဆဲ့မဲ့ယွာ ရှိသည်ဟု ယူဆရသော တာကစ္စတန်နယ်ကို ဖြတ်ပြီး ကမ္ဘာ့အမိုး “ပါမီယာ” (Pamirs) တောင်၏ မြောက်ဘက်ဝန်းကျင်မှ ဖြတ်ကာ တရုတ်ပြည် အနောက်ဘက်နှင့် တောင်ဘက်သို့ ရောက်ရှိပြီး တိဘက်ဒေသမှ မဲခေါင်၊ သံလွင်၊ ယန်စီကျန် မြစ်ကြောင်းများအတိုင်း အရှေ့တောင် အာရှသို့ ပြောင်းရွှေ့လာကြသည်ဟု ယူဆရသည်။ ပြောင်းရွှေ့လာပုံမှာ တရွေ့ရွေ့နှင့် တသုတ်ပြီး တသုတ် လူရေစီးကြောင်းသဖွယ် ပြောင်းလာသည်ဟု ယူဆရပေမည်။
အင်းများ အိုင်များ ပတ်ဝန်းကျင် ရောက်သောအခါ နှစ်အတန်ကြာ နေကြပုံရသည်။ ထိုသို့ နေခဲံ၍သာ အင်းအိုင်များသည် ၎င်းတို့ခေါ်သော အမည်နှင့် တွင်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
စိုက်ပျိုးမွေးမြူရေး ကောင်းသောနေရာ ဒေသများ၌ နှစ်အတန်ကြာ နေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှသို့ ရောက်သောအခါ ဤဒေသ၌ ကြေးခတ် ထွန်းကားသော အချိန်နှင့် တိုက်ဆိုင်မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော ကရင်လူမျိုးများ အမြတ်တနိုး တန်ဘိုးထားသော ဖားသည် (Frog drum) မှာ ကြေး၊ သတ္တုနှင့် ပြုလုပ်ထားသဖြင့် ဖားစည်သုံးသော ခေတ်သည် အရှေ့တောင် အာရှ၌ ကြေးခေတ် ထွန်းကားနေပြီဟု ယူဆရသည် (ဗိုလ်မှူး ဘရှင် ရေးသည့် အနော်ရထာဘုရင်နှင့် မြန်မာနိုင်ငံ၊ ပထမနှိပ်ခြင်း၊ စာ ၆၇၊ စာကြောင်း ၉)။ ထို့ပြင် တိဘက် မြန်မာ ရှေ့ပြေးလူများ မ၀င်ရောက်မီ ကတည်းကပင် အရှေ့တောင်အာရှ၌ ကြေးသွန်းအတတ် ရှိနေပြီဟုလည်း ဆိုနိုင်ပါသည်။
အရှေ့တောင်အာရှသို့ ၀င်ရောက်လာပုံ
အထက်ဖော်ပြပါအတိုင်း မွန်ဂိုအနွယ်ဝင် ကရင်များသည် အာရှအရှေ့တောင်သို့ ကျောက်ခေတ်နှောင်း ကုန်ဆုံးပြီး ကြေးခေတ် ထွန်းကာချိန်၌ ၀င်ရောက်လာခဲ့သည်ဟု ယူဆရသည်။ ကြေးလက်နက် ပစ္စည်းများကို မြောက်ဗီယက်နမ် မြစ်နီမြစ်ဝှမ်းရှိ “ဒုံးစောင်း ယဉ်ကျေးမှု” (Donsonnian culture) ၌ တွေ့ရှိသည့်အပြင် မြန်မာပြည်နှင့် ကမ်ပူးခြား (ကမ္ဘောဒီးယား) ၌လည်း တွေ့ရသည်။
မာကိုပိုလိုသည် မွန်ဂိုတာတာ စစ်တပ်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ယူနန်ရှိ ကရင်များ နေထိုင်ရာ ပြည်နယ်ကြီးကို ဖြတ်ခဲ့ပြီး နယ်က ကျယ်လွန်းသဖြင့် (၇) ပိုင်းခွဲကာ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချီ (Yachi) ဖြစ်ပြီး တာလီဖူ ဟုလည်း ခေါ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
မူရင်း။ ။ Zwekabin.org(ကျော်ခရော့စ်မှ ပြန်လည်ဖော်ပြပါတယ်။
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း(၁)
´ယဉ်ကျေးမှု` ဟူသည် ကိုယ်နှုတ်၊နှလုံး သုံးပါးဖြင့် ယဉ်ကျေးသိမ်မွေ့စွာ သွားလာနေထိုင် ပြောဆိုဆက်ဆံခြင်း ဟူ၍လည်းကောင်း၊ ယဉ်းကျေးမှု ဟူသည် အတိတ်ကာလအမွေအနှစ်များ၏ အထိန်းအကွပ်၊ အနာဂတ်အင်အားသစ်တစ်ရပ်အတွက် အခြေခံခြင်း၊ ယဉ်ကျေးမှု ဟူသည် ပြုစုပျိုးထောင် စောင့်ရှောက်ရမည့်လုပ်ငန်း၊ ယဉ်ကျေးမှု ဟူသည် ရုပ်နှင့်နာမ် ပူးပေါင်းဆက်နွယ်ပြီး တစ်ဦးကို တစ်ဦး မှီတွယ်ပြုနေကြသည်။ မိမိ၏ ရှုထောင့် အသီးသီးမှနေ၍ ခေတ်အဆက်ဆက် တင်ပြဆွေးနွေးခဲ့ကြသည်။
`ဘာသာစာပေအနုပညာသည် ယဉ်ကျေးမှု၏ အဓိကရေသောက်မြစ်´ ဟူ၍လည်းကောင်း၊ ယဉ်ကျေးမှုဟူသည် ရှုသာမြင်သာသော ဓလေ့ထုံးစံ အပြုအမူများ ဖြစ်ပေါ်လာအောင် တွန်းအားပေးသော အခြေအနေ အလေ့အထဖြစ်ပြီး ၄င်းအပြုအမူကို ဖြစ်ပေါ်လာအောင် တွန်းအားပေးခြင်းသည် ယဉ်းကျေးမှုဖြစ်သည်။ ယဉ်ကျေးမှုသည် လူ့ဘောင်လောက၏ အဓိကချည်တိုင်ကြီး ဖြစ်သည်ဟု ခံယူသူလည်း ခံယူကြသည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုသည် လူတို့အတွက် အထူးလိုအပ်ကြောင်း သိသာထင်ရှားပါသည်။
+ Read more
လူမျိုးစု (၁၃၅) မျိုးနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အသီးသီးရှိကြသည်။ မည်သည့်ဘာသာမဆို ကောင်းသောပြုမူနေထိုင်ပြောဆိုခြင်းကိုပင် အားပေးကြသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကိုကြည့်လျှင် ယုံကြည်ကိုးကွယ်မှုအစဉ်ဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်စားသော အယူဝါဒကို ယုံကြည်ကိုးကွယ်သူ စသည်ဖြင့် ကွဲပြားခြားနားမှု ရှိကြောင်းတွေ့ရသည်။
ထို့ကြောင့် ယဉ်ကျေးမှု ကဏ္ဍကို ခွဲခြားကြည့်လျှင်….
(၁)ယုံကြည်ကိုးကွယ်မှု၊
(၂)စာပေနှင့် စကားအုပ်စုများ၊
(၃)ရိုးရာဓလေ့ထုံးစံများ၊
(၄)ထင်ရှားသော ရိုးရာပွဲတော်များ၊
(၅)မျိုးနွယ်စုအလိုက် ၀တ်စားဆင်ယင်မှု၊
(၆)လင်္ကာသီချင်းများ၊
(၇)တူရိယာများ၊
(၈)ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းခြင်း၊
(၉)ရိုးရာယဉ်ကျေးမှုအကများ ဖော်ထုတ်ခြင်း ဟူ၍ ခွဲခြားနိုင်ပါသည်။
တိုင်းရင်းသား လူမျိုးများသည် မိမိလူမျိုးအမည်ဖော်ပြချက်(၉) ချက် သိရှိနားလည်ရုံမက လက်ခံကျင့်သုံးပြီး တိုးတက်အောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ တခြားယဉ်ကျေးမှုဓလေ့များကိုလည်း စူးစမ်းလေ့လာသိရှိနားလည်ပြီး ကောင်းနိုးရာရာ လက်ခံအတုယူရမည်ဖြစ်သည်။
သိမှတ်ဖွယ်များအနေဖြင့် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကဏ္ဍကို အပိုင်းခွဲ၍ တင်ပြလိုပါသည်။
(၁) ယုံကြည်ကိုးကွယ်မှု၊
(၂) ၀ိညာဉ်လိပ်ပြာနှင့် တောစောင့်တောင်စောင့်နတ်များအား ယုံကြည်ခြင်း၊
ဝိညာဉ်လိပ်ပြာကို ပိုးကရင်ဘာသာဖြင့် ´အ၀ီးအလာ`၊ စကောကရင်ဘာသာဖြင့် ´ကလာ`၊
ဘွဲကရင်ဘာသာဖြင့် `ကလယ်´ ဟုခေါ်ပါသည်။ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာနှင်ခြင်းတို့ကို ကရင်လူမျိုးအများစုမှာ ယနေ့တိုင် ယုံကြည်နေဆဲ ဖြစ်သည်။စကောကရင်အချို့ စကြာဝဠာအားလုံးကို ဖန်ဆင်းသော `ယွာ` အား ကိုးကွယ်ကြသည်။ နတ်ကို အချို့က တန်ခိုးရှင်အနေဖြင့် ယုံကြည်ကြသည်။ ယုံကြည်မှုအရ (တန်ခိုးရှင်) ကို ပထမတန်းစားနတ်အဖြစ် ကိုးကွယ်ကြသည်။
ပထမတန်းစားနတ်များမှာ…
(၁) မူဟား၊ (၂) ထီးကဆာကော်ကဆာ၊ (၃) မူကော်လီ(မာန်နတ်)၊ (၄) ဖီးဘီးယော်၊ (၅) ခူးသေ (၆) ကာကွယ်
ဟူ၍ ယုံကြည်ရာကိုလိုက်ပြီး ပသမှုပြုကြသည်။
ဒုတိယနတ်သရဲများမှာ…..
(၁) တရဲ့တခါ၊
(၂) တာမူဟား၊
(၃) တာကယာ ဖြစ်ပြီး ၀ဋ်မကျွတ်သော နတ်များဖြစ်သည်။
တတိယနတ်များမှာ…..
(၁) မော်ယာ၊
(၂) ပသို၊
(၃) လော်၊
(၄) ဘားနား၊
(၅) ဒေါ်တကား နတ်များဖြစ်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပေးတတ်သောနတ်များဖြစ်သည်။
ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ ဂဲခိုနှင့် ပဒေါင် (ကယန်း) များတွင်လည်း အောက်ပါနတ်များ ပူဇော်ပသမှုပြုကြသည်။
(၁) က၊
(၂) လူ၊
(၃) ကန်၊
(၄) မော်ခီး၊
(၅) တရာနာ၊
(၆) တကာဒေး၊
(၇) တဒွန်ဟိန်ခေါင်၊
(၈) တနဲနောခု၊
(၉) တာ နတ်များတို့ဖြစ်ကြသည်။စပါး ရိတ်သိမ်းချိန်တွင် ပူဇော်ပသခြင်းကို ပြုကြသည်း။စပါး အထွက်တိုးခြင်း၊ လာဘ်လာဘရွှင်သည်ဟု ယုံကြည်ကြသည်။
ဒူဝေရိုးရာနတ်
ဒူဝေကို ရိုးရာနတ်အဖြစ် ယခင်က သတ်မှတ်ပူဇော်ကြသည်။ ဇွဲကပင်တောင်ခြေရှိ ကရင်လူမျိုးများ ရှင်ပြုသည့်အခါ၊ ခရီးဝေးထွက်သည့်အခါ၊ မင်္ဂလာဆောင်သည့်အခါ ဒူဝေစေတီသို့ သွားရောက်၍ ကန်တော့ကြသည်။ဒူဝေစေတီတွင် နတ်ဆရာကြီးသည် ရိုးရာဓလေ့နှင့်အညီ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ပေးကြသည်။
အမှန်စင်စစ်အားဖြင့် `ဒူဝေ´ နတ်သည် နတ်မဟုတ်ပါ။ဗုဒ္ဓဘာသာဝင် ပိုးကရင်အချို့က ယုံကြည်ကိုးကွယ်မှုတစ်ရပ်သာ ဖြစ်သည်။ ဒူဝေစေတီသည် မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီးများ၏ သစ္စာပြုရာ၊ တိုင်တည်ရာသစ္စာတိုင် ဒူဝေစေတီတော်သာဖြစ်သည်။ နတ်ဆရာကြီးဆိုသည်မှာလည်း တစ်နည်းအားဖြင့် ဘိသိက်ဆရာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။
မင်္ဂလာမောင်နှံအား ဆုံးမသြ၀ါဒစကား၊ ချီးမြင့်ပေးပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းအထွေထွေ တိုးတက်ကောင်းမွန်အောင် နည်းလမ်းညွန်ပြပေးခြင်းသာ ဖြစ်သည်။ အချို့မှာ ရိုးရာနတ်အဖြစ် သတ်မှတ်ယုံကြည်ဆဲ ဖြစ်သည်။တချို့ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် ပန်းနတ်ကို ကိုးကွယ်ကြသည်။ တန်ခူးလနှင့် သီတင်းကျွတ်လတွင် ပန်းနတ် ကန်တော့ခြင်း၊ နတ်စားခြင်းများ ပြုလုပ်ကြသည်။ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအချို့တွင် ပန်းနတ်ကို ကိုးကွယ်ကြသည်။ ဥဒေါင်းကျေးရွာ၊ ၀ဲကရင်ကျေးရွာ၊ ဒွန်သရောင်ရွာများတွင် အများဆုံး ကိုးကွယ်ကြသည်။
ဆက်လက်ဖော်ပြပါဦးမယ်…။
Mar 13, 2010
ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်
(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေ
ထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။
(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေ
ထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။
(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေ
ထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်မနှစ်သက်ခြင်းရှိရာ နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။
(၄)- ရောမအက္ခရာ စကောကရင်စာပေ
ထိုစာပေသည် ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် ရေးသားတီထွင်ခဲ့သော စကောကရင်စာပေကိုမှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေးအရာရှိချုပ် စောဘထွန်းတင်က စိစစ်ပြင်ဆင်သော ရေးသားနည်းဖြစ်သည်။ ယင်းစာပေသည် ဗျည်းအက္ခရာ (၂၆) လုံးနှင့်
သရ (၉) လုံးပါဝင်သည်။
(၅)- မြန်မာအက္ခရာကိုအခြေခံသော ပိုးကရင်စာပေ
ထိုစာပေသည် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ရေးသားခဲ့သော ပိုးကရင်စာကို ခရစ်သက္ကရာဇ် ၁၈၅၂-ခုနှစ်တွင် ဒေါကတာ အယ်လ် ဘရေတန်က မြန်မာဗျည်းအက္ခရာများကို မှီးယူ၍ တီထွင်ရေးသော စာပေဖြစ်သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။
(၆)- ဗုဒ္ဓဘာသာ ကရင်စာပေ
ထိုစာပေကို ကော့ကရိတ်မြို့၊ မင်္ဂလာဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာက သက္ကရာဇ် ၁၂၉၁-ခုနှစ်၊ ခရစ်နှစ် ၁၉၃၀-ခုနှစ်တွင် ကျုံဒိုး ဇမ္မသုခကျောင်း၌ တီထွင်းရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသောစာသည် ပိုးကရင်၊ စကောကရင် ၊ ကရင်နှစ်မျိုးလုံးဖတ်ရှုနိုင်ပြီး မြန်မာ၊ မွန်၊ ရောမအက္ခရာကိုမှီး၍ ရေးသားခဲ့သည်။ ဗျည်း (၃၈) လုံးနှင့် သရ (၂)လုံး ပါဝင်သည်။
(၇)- ဗုဒ္ဓဘာသာ စကောကရင်စာပေ
ထိုစာပေသည် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးရွာ၊ မြိုင်သာယာဆရာတော် ဦးသာဂရ တီထွင်ရေးသားသော စာရေးနည်းဖြစ်သည်။ ပထမတန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသုံးစာအုပ်များပြုစု၍
ယနေ့တိုင် သင်ကြားပို့ချလျက်ရှိသည်။
(၈)- ဗရင်ဂျီဘာသာ စကောကရင်စာပေ
ထိုစာပေသည် ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်းနှင့် ဗရင်ဂျီဘာသာဝင် စကောကရင်အမျိုးသား ဆရာကျော်စိန်တို့က ရောမအက္ခရာကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်၊ စက်တင်ဘာလတွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ပုံနှိပိထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံးနှင့်
သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ်တို့တွင် သင်ကြားကြပြီး
ယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။
(၉) လဲကယ်ဘာသာ `လိုက်ဆန်ဝှေ့´
လဲကယ်ဘာသာကိုးကွယ်သော ပိုးကရင်တို့၏ `လိက်ဆန်ဝှေ့´ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၆-ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျာ်သောင်လျှက်ကလည်းကောင်း၊ ဘားအံမြို့နယ်၊ နှစ်ခြားရွာ ဦးမောင်ထိုင်ကလည်းကောင်း၊ တီထွင်ရေးသားခဲ့ကြောင်း အဆိုနှစ်ရပ်ရှိလေသည်။ ထိုစာရေးနည်းအား သက္ကရာဇ် ၁၂၂၂-ခုနှစ်၊ ခရစ်နှစ် ၁၈၆၁-ခုနှစ်တွင် နှစ်ခြားရွာ လဲကယ်ဘာသာဝင်ခေါင်းဆောင် `ဖိမိုက်ကာလီ´ က ပုရပိုက်ပေါ်တွင် ပထမဆုံးအကြိမ် စတင်ရေးသားခဲ့ပြီး ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရအက္ခရာ (၁၂) လုံးပါဝင်သည်။
+ Read more
အထက်ဖော်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများအနက် ရှေးကျသော စာရေးနည်းနှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ (၃) မျိုးမှာ မျက်မှောက်တွင် ရေးသား ပုံနှိပ်ထုတ်ဝေသော `လိက်ထူ့လီ´ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကောကရင်စာပေနှင့် အနောက်ပိုးကရင်စာတို့ဖြစ်သည်။ ကျန်သော စာပေအချို့တွင် သူ့ဒေသအလျောက် ကိုးကွယ်ရာ ဘာသာအလိုက် သင်ကြားခြင်းလည်း ရှိလေသည်။ ရှေးကျ၍ လူအများ သုံးစွဲထွန်းကားနေသော စာရေးနည်းများအနက် မူလက `ဖူ့ဒိုက်ကော်´ တီထွင်ရေးသားခဲ့သော ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေသည် ကျယ်ပြန့်စွာ လွမ်းမိုးလျက်ရှိနေသည်။ ဖူ့ဒိုက်ကော်မှ အစပြုသော စာရေးနည်းဖြစ်သည့်အလျှောက် ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်တို့က `လိက်ထူ့လီအစ ဖူ့ဒိုက်ကော်က´ ဟူ၍လည်းကောင်း၊ `ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်´ဟူ၍လည်းကောင်း ဂုဏ်ပြုကြသည်။
ဖူ့ဒိုက်ကော်တီထွင်ခဲ့သော စာရေးနည်းသည် ဖူ့ဒိုက်ကော်၏ ဘ၀ဖြစ်စဉ်နှင့် ကရင်စာပေသမိုင်းတို့တွင် ထင်ဟပ်
ဆက်စပ်လျက် ရှိလေသည်။ ဖူ့ဒိုက်ကော်၏ ကြိုးပမ်းအားထုတ်မှုကြီးမားခြင်းကိုလည်း မျက်မှောက် အရှေ့ပိုးကရင်ဘာသာ ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားတွင် ကိန်းဝပ်လျက်ရှိလေသည်။
စာပေကျမ်းဂန်ထွန်းကားခဲ့သော ကရဏ္ဏကတိုင်း၊ သုဓုမ်ပြည်နယ်၊ အုပ်စိုးသော မင်းအဆက်ဆက်၌ ခစားသော ကရင်အမျိုးသား ပညာရှိများလည်း အမြောက်အများရှိလေသည်။ အေဒီ (၅) ရာစုလောက်တွင် အုပ်စိုးသော မွန်မင်းလက်ထက်၌ အိန္ဒိယပြည်တောင်ပိုင်း ကဒမ္ဗအက္ခရာနှင့်ပလ္လ၀အက္ခရာများမှတဆင့် မွန်အက္ခရာစာပေကို
တီထွင်လာကြောင်း သုတေသီများက မှတ်ယူထားလေသည်။သုဓုမ်ပြည့်ရှင် မင်းသီဟရာဇာမင်းမှစ၍ (၅၇) ဆက်မြောက် မနူဟာမင်း ခေါ် သီရိတြိဘ၀နာဒိတျာပ၀ရ ဓမ္မရာဇာဘွဲ့ခံ မကုဋမနူဟာမင်းလက်ထက်တွင် ပညာရှိအမတ်ကြီးများရှိသည့်အနက် ကရဏ္ဏကတိုင်းသားပညာရှိ ကရင်အမျိုးသားအမတ်ကြီးတစ်ဦးလည်း ရှိလေသည်။
ထိုပညာရှိအမတ်ကြီးမှာ ဗညားဣန္ဒဘွဲ့ခံ မွန်အခေါ်အားဖြင့် `မွန်ဒိင်´ ဖြစ်သော ကရင်အမျိုးသား`ဖူ့ဒိုက်ကော်´ ပင်ဖြစ်သည်။
မနူဟာမင်းလက်ထက်တွင် ဆင်ဖြူတော် (၃၂) စီး၊ ပိဋကတ်အစုံ (၃၀) ရှိလေသည်။ သုဓုမ်ပြည်ရှိ မွန်ပညာရှိ ရဟန်းတော်များက မွန်စာပေကိုအဓိကထား၍ တစ်ပြည်လုံးတွင်
တိုးတက်ထွန်းကားအောင် သင်ကြားကြလေသည်။ ကရင်အမျိုးသားပညာရှိအမတ်သည် မွန်စာပေကို သင်ကြားတတ်မြောက်ပြီးနောက် ကရင်အမျိုးသားများ ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ကြားနိုင်ရန် အကြံတော်ရပြီး ကရင်အက္ခရာစာလုံးများကို တီထွင်ရေးသားလေသည်။ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သော စာရေးနည်းသည် ဗြဟ္မီအက္ခရာ၊ ကဒမ္ဗအက္ခရာကိုအခြေခံပြီး ကရင်စကား၊ ကရင်အသံထွက်နိုင်အောင် ဗျည်းအက္ခရာများဖြည့်စွက်၍ ပြုစုခဲ့လေသည်။
အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် ကရင်သင်ပုန်းကြီးနှင့် အခြေခံသဒ္ဒါ သင်္ဂဟများကို မွန်စာပေနည်းတူ ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားပြီး ပေရွက်ပေါ်တွင် အက္ခရာတင်ထားလေသည်။ကရဏ္ဏကတိုင်းရှိ ကရင်အမျိုးသားများကိုလည်း တစ်ဆင့်ဖြန့်၍ သင်ကြားလေသည်။အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် အချိန်အားလပ်တိုင်း ပိဋကတ်စာပေများကို ကရင်ဘာသာသို့ ကြိုးစားပြန်ဆိုရေးသားခဲ့လေသည်။ ပြန်ဆိုပြီးသမျှ ပိဋကတ်အစုံများကိုလည်း ပေရွက်ပေါ်တွင် အက္ခရာတင်၍ ရေးသားထားလေသည်။
မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ (ခရစ်-ခုနှစ် ၁၆၅၇-ခု)တွင် ပုဂံပြည့်ရှင် အနိရုဒ္ဓဒေ၀ရာဇာဘွဲ့ခံ အနော်ရထာမင်းသည် ပိဋကတ်သုံးပုံစာပေကို အလိုရှိတော်မူ၍ မနူဟာမင်းထံ တောင်းဆိုလေရာ မနူဟာမင်းက ငြင်းဆန်တော်မူသဖြင့် ကိုယ်တော်တိုင် ဦးစီး၍ သုဓုမ်ပြည်ကြီးကို လာရောက်တိုက်ခိုက်လေသည်။ အနော်ရထာမင်း တိုက်ခိုက်၍ မနူဟာမင်း စစ်ရှုံးလေသည်။
အနော်ရထာမင်းသည် ဆင်ဖြူတော် (၃၂) စီးနှင့် ပိဋကတ်တော် အစုံသုံးဆယ်ကို ယူဆောင်သွားလေသည်။ စာပေကျမ်းဂန်တတ်မြောက်သော ရဟန်းသံဃာ (၁၀၀၀) ကျော်နှင့် မနူဟာမင်း၏ မှူးမတ်ဗိုလ်ပါများ၊ လက်မှု ပညာသည်များ လူပေါင်း (၁၀၀၀) ကျော်ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။
အနော်ရထာမင်း သုဓုမ်ပြည်ကို လာရောက်တိုက်ခိုက်ရာတွင် ကြိုတင်တွက်ဆထားသော ပညာရှိအမတ်ကြီး ဖူ့ဒိုက်ကော်က တပည့်များကို စည်းရုံးစေပြီး သူရေးသားထားသောစာပေများကို ထုပ်စည်းလျက် မြို့ကျလျှင် ထွက်ပြေးယူဆောင်ရန် ပြင်ဆင်ထားလေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော် တွက်ဆထားသည့်အတိုင်းပင် မနူဟာမင်းစစ်သည်တော်တို့မှာ စစ်ရေးရှုံးနိမ့်မည့်အခြေအနေဆိုက်လေသည်။ ထို့ကြောင့် အနော်ရထာများစစ်သည်တော်များကို တိုက်ခိုက်၍ မြို့တံခါးပေါက်သည်နှင့် အမတ်ကြီးဖူ့ဒိုက်ကော်သည် တပည့်(၄၀) နှင့်အတူ ညအချိန်တွင် တိတ်တဆိတ်ထွက်သွားပြီး ဘင်လိုင်ချောင်းရိုးအတိုင်း အရှေ့ဘက်သို့ ထွက်ပြေးလေသည်။ (အချို့သော သမိုင်းအဆိုအရ အနော်ရထာမင်း စစ်အောင်၍ ပိဋကတ်ကျမ်းဂန် အတတ်ပညာရှိများ ခေါ်ဆောင်သွားလေရာ မွန်အမျိုးသား မဟုတ်သော ဖူ့ဒိုက်ကော်အား ခွင့်လွတ်ခဲ့သည် ဟု ဆိုလေသည်။ဤအဆိုသည် ယုတ္တိ မရှိနိုင်ချေ။ ဖူ့ဒိုက်ကော်နှင့် တပည့်များ ထွက်ပြေးလွန်မြောက်သွားခြင်းက ပို၍ဖြစ်နိုင်လေသည်။)
သုဓုမ်ပြည်က ထွက်ပြေးလွတ်မြောက်လာသော ဖူ့ဒိုက်ကော်သည် မိမိအပင်ပန်းခံ ပြုစုရေးသားထားသော စာပေများကို တပည့်(၄၀) နှင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ရာ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဒိုဟနတောင်တန်း ခေါ် ဒေါနတောင်တန်းခြေသို့ ရောက်ရှိသွားလေသည်။ထိုနေရာသည်လည်း လုံခြုံစိတ်ချရခြင်းမရှိ၍ နောက်ဆုံး ရှမ်းတို့နယ်(ယိုးဒယားနယ်) ကမ္ဗုရီ ခေါ် ဌာန်ဝကျောက်ခေါင်းအရပ်သို့ ရောက်ရှိသွားလေသည်။
ကရင်လူမျိုးတို့ သမိုင်းအရ ဌာန်ဝကျောက်ခေါင်းအရပ်သည် အဆက်ဆက်ကပင် ကရင်လူမျိုးများ နေထိုင်ခဲ့သည်။ ထိုဒေသတွင် ယိုးဒယားလက်အောက်ခံ စော်ဘွားအဆင့် ´ဖရသုဝဏ်´ ဘွဲ့အမည်ခံ၍ အုပ်ချုပ်ကြောင်း ဆိုသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် ဇွဲကပင်တောင်ခြေရှိ ကရင်များ စစ်မက်ဘေးဒဏ်ကြောင့် ထိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ဖူ့ဒိုက်ကော်နှင့် တပည့်(၄၀) တို့ ရောက်ရှိသွားခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု ကရင်ရာဇ၀င်၌ ဆိုထားလေသည်။ ကျောက်ခေါင်းနယ်သို့ ရောက်ရှိသွားသော ဖူ့ဒိုက်ကော်သည် ထိုနယ်ရှိ ကရင်အမျိုးသားများအား စာပေသင်ကြားပို့ချလေသည်။
ကျောက်ခေါင်းဒေသရှိ ကရင်အမျိုးသားများသည် ဖူ့ဒိုက်ကော် သင်ကြားပို့ချသော စာပေကို သင်ယူကြပြီး အဆက်မပြတ် တတ်မြောက်ခဲ့ရာ ယနေ့တိုင် ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သောစာပေကို တတ်မြောက်သူများ ရှိသောကြောင့် လေ့လာတွေ့ရှိရပေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော်သည် ကျောက်ခေါင်းဒေသတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယင်းမရှိသည့်နောက်ပိုင်းတွင် ယင်းပြုစုသောစာပေများကို အစဉ်အဆက် ဆက်လက်၍ သင်ကြားကြလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော် ကွယ်လွန်သော် စာပေအား စနစ်တကျ ထိန်းသိမ်းသူများ နည်းပါးလာသည်။ ထို့အပြင် ယိုးဒယားနိုင်ငံတွင် စစ်မက် မကြာမကြာဖြစ်ပွါး၍ ဌာန်ဝကျောက်ခေါင်းနယ်ရှိ ကရင်အမျိုးသားတို့သည် စစ်မက်ရှောင်တိမ်းရင်း ပြေးလွှားနေကြလျက်ရှိရာ စာပေများကိုလည်း မထိန်းသိမ်းနိုင်ဘဲ ရှိလေသည်။ ဖူ့ဒိုက်ကော်သည် သူတီထွင် ရေးသားခဲ့သော စာပေများကို နောင်အရှည်သဖြင့် တည်တံ့စေရန် ၀ါးခြမ်းပြားကို စနစ်တကျ သပ်ပြီး ကျောဘက်တွင် ရေးသားလေသည်။
ထိုသို့ရေးသား၍ ကျမ်းတစ်စောင်ပြီးတိုင်း ၀ါးခြမ်းပြား မြောက်များစွာကို သီ၍ ထားရလေသည်။ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့လျှင် ဆင်နှင့်တင်ပြီး ယူဆောင်ရလေသည်။ ထိုသို့ ဆင်နှင့်တင်၍ ယူဆောင်သဖြင့် စစ်မက်ဖြစ်ပွါး၍ ရှောင်တိမ်းပြေးရာတွင် အကုန်အစင် ယူဆောင်ခြင်း မဟုတ်ဘဲ ဖူ့ဒိုက်ကော်စာပေသည် ပျောက်ပျက်၍ ပျက်စီးရလေသည်။
သို့ရာတွင် ဖူ့ဒိုက်ကော်၏ ကျေးဇူးသည် ကြီးမားစွာ ကျန်ရစ်ခဲ့လေသည်။ ဖူ့ဒိုက်ကော် ရေးသားထားသော ကရင်ဘာသာစာပေသည် ယခုလက်ရှိ ပိုးကရင်စာပေကိုလည်း `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် ဂုဏ်ယူခေါ်ဝေါ်ကြလေသည်။ မျက်မှောက်ခေတ်တွင် ကရင်စာပေ ဖော်ထုတ်ရေး ကော်မတီ (သံဃာ့ကော်မတီ) က စာပေတိုးတက်မြင့်မားရေးကို ဆောင်ရွက်လျက်ရှိရာ ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်၏ ဂုဏ်ကျေးဇူးသည် ကြီးမားလှပေကြောင်း ဂုဏ်ပြုအပ်ပေသည်။
မူရင်း။ ။ သထုံမြို့မယ်၊ ကရင်နှစ်သစ်ကူးပွဲတော် အထိန်းအမှတ် စာစောင်မှ
Mar 10, 2010
Poe Karen Dictionary ဒေါင်းလုတ် နိုင်ပါပြီ
ရနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ မသိသေးသူတွေ အတွက် ပြောပြတာပါခင်ဗျာ။ တကယ်လို့ ဖိုင်ဖြေဖို့ လိုအပ်တဲ့ ဆော့ဝဲရ် မရှိသေးဘူးဆိုရင် 7 Zip Download နဲ့ Winrar ဒေါင်းလုတ်ယူလိုက်ပါခင်ဗျာ။
စာအုပ်ဒေါင်းလုတ် လင့်ကတော့ အောက်မှာပါခင်ဗျာ။ တကယ်လို့ လင့်တွေ သေသွားမယ်ဆိုရင် ပြန်လည်အကြောင်းကြားပေးပါ။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ….။
စာအုပ်Download links...
Karen Dictionary part1
Karen Dictionary part2
Karen Dictionary part3
No need password
Mar 8, 2010
မိဘအချို့
တစ်ခုသောနွေရာသီကာလ၌ စာရေးသူသည် ကျေးရွာတစ်ရွာသို့ ကရင်စာပေယဉ်ကျေးမှုသင်တန်း သွားရောက်ဖွင့်လှစ်ပေးသည်။ ထိုသင်တန်းမှ အသက်(၆)နှစ်မှ အသက်(၂၀)ကျော်အထိ သင်တန်းသားဦးရေ (၁၀၀)ကျော်ရှိသည်။ သူတို့တစ်ထွေ အားတက်သရော ကရင်စာလာသင်နေကြသည်ကို တွေ့ရတော့ စာရေးသူ ပီတိဖြစ်မိသည်။ စာရေးသူအဖို့ ရယူခြင်းမပါပဲ ပေးဆပ်ခြင်းသက်သက်ဖြင့် သင်ကြားပေးခဲ့သည်။ ကရင်အမျိုးသား စာပေ၀န်ထမ်းသည် လစာ(ထောက်ပံ့ကြေး) နှင့် အလုပ်လုပ်သူတွေ မဟုတ်လေတော့ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ပါ၏။ သို့ပေမယ့် အခက်အခဲတွေကို အပထားပြီး တစ်နှစ်တစ်ကြိမ် ကရင်စာပေသင်တန်း ဖွင့်လှစ်ဖြစ်မြောက်အောင်မြင်နိုင်ရေးကို ဦးတည်ကာ ပြဿနာအမျိုးမျိုးကို သည်းခံခြင်းဖြင့် အနိုင်ယူခဲ့ပါသည်။
တစ်ခါတစ်လေ သည်းမခံနိုင်လောက်အောင် သင်တန်းသားများ၏ မိဘစကားတွေကို ခံရတတ်သေးသည်။ အကြောင်းကား စာရေးသူ ပို့ချပေးလိုက်သော သင်ခန်းစာတွေကို သူတို့အိမ်ပြန်ရောက်တော့ လေ့ကျင့်ရွတ်ဖတ်ကြသည်။ အဲသလိုရွတ်ဖတ်ကြတော့ မိဘဖြစ်သူတွေက နားငြီးသည်ဆိုပြီး စာမဖတ်ရန် ကလေးတွေကို ဟောက်ကြ ဆူကြသည်။ `မင်းတို့ ကရင်စာသင်တာ ဘယ်မှာ သွားသုံးမလဲ´…၊ ကရင်စာတတ်တော့ကော ဘာရာထူးရမှာလဲ`… စသည်ဖြင့် ပြောကြသည်။
+ Read more
ကြားထဲမှာ စာရေးသူ၏ စေတနာကိုပါ စော်ကားလိုက်သေးသည်။ သူတို့စော်ကားပုံကား… `ကရင်စာပေနည်းပြဟာ လစာဘယ်လောက်ရလို့လဲ၊ လစာမရှိဘဲနဲ့ လုပ်နေရင် အရူး အမှိုက်ကောက်တာနဲ့ အတူတူပဲ`…တဲ့။ ကဲ စဉ်းစားကြည့်ပါ။ မိဘဖြစ်သူတွေက အဲသလို အယူအဆ အမြင်ကျဉ်းလေတော့ စာရေးသူတို့ အမျိုးသားစာပေသမားအားလုံး ဘယ်လောက်ခံရမည်နည်း။ သူတို့ပြောသည့်အတိုင်းဆိုလျှင် စာရေးသူတို့ စာပေသမားများသည် အရူးသာဖြစ်ကြ၏။ ဟုတ်တော့ ဟုတ်ပါသည်။
လူဆိုသည်မှာလည်း တစ်ယောက်တစ်မျိုးစီ ရူးကြသည့်သူတွေ ချည်းပါ။ သို့ပေမယ့် တစ်ခြားအရူးနှင့်စာလျှင် အမျိုးသားစာပေ ရူးခြင်းသည် သဘာဝကျလှသည်။သဘာဝ မကျသူကား မိဘဖြစ်ပြီး ဘိုးဘွားအမွေ အစစ်အမှန်ဖြစ်သည့် စကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းမပေးနိုင်သူသာ ဖြစ်သည်။ ထိုမိဘမျိုးသည် တာဝန်မဲ့၊ ၀တ္တရားပျက်သော မိဘဆိုလျှင် မှားမည်မထင်။
မြို့ပေါ်နေ ကရင်အချို့လည်း ထိုနည်းအတိုင်းပင်။ စီးပွါးရေးတစ်ခုတည်းကိုသာ လုံးပန်းပြီး သားသမီးတွေကို ကရင်စကားသင်ပေးရမှန်းတောင် သတိမရကြချေ။ သို့ဖြစ်ပါ၍ အိမ်ထောင်ရှိ လူငယ်တစ်ယောက်အကြောင်းကို ပြောပြလိုပါသည်။ ၎င်းလူငယ်သည် စီးပွါးရေး အတန်အသင့် အောင်မြင်သူတစ်ယောက်ဖြစ်ပါသည်။ သူတို့ မိသားစုလေးယောက်ရှိသည်။ နယ်က ပြောင်းလာသူလည်းဖြစ်သည်။ သူ့သမီးလေးက ငါးနှစ်အရွယ်ရှိပြီး သားက နှစ်နှစ်ကျော် သုံးနှစ်ရှိမည်ထင်ပါသည်။ သူတို့ကို ကြည့်ပြီး စာရေးသူ အတော်စိတ်ထိခိုက်မိပါသည်။
အဘယ့်ကြောင့်နည်း။ အသက်ရှင်လျက်သေနေသောသူနှင့် တူနေသည့်အဖြစ်ကို တွေ့မြင်ရခြင်းကြောင့်ဖြစ်ပါသည်။ နယ်က ပြောင်းလာတာ မကြာသေးဘဲ သားသမီးငယ်နှစ်ယောက်က ကရင်စကားမတတ်တော့ပေ။ မိဘနှစ်ပါးစလုံး ကရင်အစစ်ဖြစ်ပါလျက်နှင့် ကိုယ့်သားသမီးကို ဘာသာစကားအမွေ ဘာကြောင့်မပေးနိုင်သနည်း။ ဘာသာစကားအမွေမပေးဘဲ ပေါ့ပေါ့တန်တန်နေခြင်းသည်အင်မတန် အဆင့်အတန်းနိမ့်သည့် မိဘတွေပဲ ဟု ကောက်ချက်ချရပါမည်။ သူက ပြောပါသေးသည်။ `ငါတို့ လင်မယားနှစ်ယောက် ဗမာစကားမပီခဲ့ဘူး၊ အခု သားသမီးတွေကိုတော့ ဗမာစကားပီအောင် ကရင်စကားကို လုံးဝ မသင်ပေးတော့ဘူး၊ ဒါမှ သူတို့ လူရာဝင်မယ်…တဲ့။ သူ့စကားနှင့် ပတ်သက်လို့ မှန်သည်၊ မှားသည် ဟု
စာရေးသူ မဝေဖန်လိုပါ။ စာဖတ်သူသာ ဆုံးဖြတ်ပါ။ သို့နှင့် သည်နေရာမှာ ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ပြချင်ပါသည်။
မြန်မာတိုင်းရင်းသားတစ်ယောက်သည် မြန်မာစကားမတတ်ဘဲ အင်္ဂလိပ်စကားသာ တတ်မည်ဆိုလျှင် ဂုဏ်ရှိပါမည်လော။ လူရာဝင်သောသူ၊ အဆင့်အတန်းရှိသောသူလို့ သတ်မှတ်နိုင်ပါမည်လော။ ထိုနည်းတူ ကရင်သည်လည်း ဗမာစကားသာ တတ်ပြီး ကရင်စကားမတတ်လျှင်……။
ထို့နောက် စာရေးသူတွေ့ကြုံခဲ့ရသော မိတ်ဆွေတစ်ယောက် အကြောင်းကို ပြောပြချင်သေးသည်။ ၎င်းမိတ်ဆွေသည် ကရင်စကား မတတ်ရှာပါ။ သို့သော် ကရင်စိတ်ဓာတ် အပြည့်အ၀ရှိသူဖြစ်ပါသည်။
ကရင့်ရေးရာနှင့် ပတ်သက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တို့၊ ၀ါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်တို့၊ ကရင်စာပေယဉ်ကျေးမှုကိစ္စတို့နှင့် အခြားခြားသော လူမှုရေးကိစ္စအ၀၀ကို တစ်ခုမကျန်အကုန်ပါဝင်ဆောင်ရွက်သည်။ သူသည် ခေတ်ပညာတတ်တစ်ယောက်လည်း ဖြစ်သည်။
သူ၏ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြနေပုံကိုတွေ့ရတော့ စာရေးသူ အံ့သြမိသည်။ စပ်စုချင်သော သဘောဖြင့်
သူ့ကို မေးကြည့်သောအခါမှာ သူက `မိဘဘိုးဘွား အဆက်ဆက်က ကရင်အစစ်တွေပါ။ ဒါပေမယ့် အဖေအမေက ကရင်စကားတစ်ခါမှ မသင်ပေးတော့ ကရင်စကားမတတ်ဘူး၊ ရိုးရာဓလေ့တွေကိုလည်း နားမလည်ခဲ့ပါဘူး…. စသည်ဖြင့် ပြောပါသည်။
သူ့ရဲ့ ရင်ဖွင့်သံအရ မိဘကြောင့် မျိုးဆက်တုန်းရသည်ဟု ဆိုလျှင် လက်ခံနိုင်လောက်ပေသည်။ မိဘတွေအဖို့ ပညာရေး၊ စီးပွါးရေးတွေကိုသာ ရှေ့တန်းတင်ပြီး အမျိုးသားနိုင်ငံရေးကို လျစ်လျူရှုခဲ့သည်။တစ်ချို့ဆိုလျှင် သားသမီးတွေကို ပညာတတ်ကြီးဖြစ်အောင် တိုးတက်ကြီးပွါးအောင် ပြောဆိုဆုံးမပါရဲ့။ သို့သော် သားသမီးတွေ မျိုးချစ်စိတ်ဓာတ်ရှိလာအောင် ဆိုဆုံးမရန် မေ့နေကြသည်။ တစ်ချို့ကျတော့လည်း ကိုယ်တိုင်က မျိုးချစ်စိတ်ဓာတ်အပြည့် မရှိပေ။ထိုမိဘမျိုးသည် တာဝန်မကျေသော မိဘဟု ဆိုရပါမည်။
အထက်ပါ ဆိုခဲ့သမျှ ပြန်လည်သုံးသပ်ကြည့်လျှင် လူမျိုးပျောက်ကွယ်ရခြင်း အကြောင်းရင်းက ခေတ်ကြောင့်မဟုတ်ပါ။ လူငယ်ကြောင့်လည်း မဖြစ်နိုင်ပါ။ မိဘကြောင့်ဟုဆိုလျှင် အသင်စာဖတ်သူ မည်သို့ဆိုပါမည်နည်း။ ဘာကြောင့် သည်လိုပြောရသလဲဆိုလျှင် မိဘဖြစ်သူတွေက သားသမီးတွေကို ဘာသာစကား မသင်ပေးသည်ကတစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းအောင် မရိုက်သွင်းတတ်သည်ကတစ်ကြောင်း၊ သွေးနှောခြင်းစနစ်ကို သတိမထားမိသည်ကတစ်ကြောင်း၊ အမျိုးသားရေးနှင့် နှလုံးသားရေးကို ကွဲပြားအောင်အကျိုးအကြောင်းရှင်းပြခြင်း၊ကြိုတင်ကာကွယ်တာမြစ်ခြင်းမရှိသည်ကတစ်ကြောင်း၊ မိဘကိုယ်တိုင်ကိုက ဘ၀မေ့ပြီး မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသည်ကတစ်ကြောင်း…စသည် စသည်အကြောင်းအမျိုးမျိုးကြောင့် ကရင်လူမျိုးများပျောက်ကွယ်လာရခြင်းဖြစ်ကြောင်း ဟုဆိုလျှင် လက်ခံနိုင်လောက်သည့် အနေအထားမှာ ရှိပါသည်။ သို့သော်
မိဘတိုင်းကိုတော့ မဆိုလိုပါ။ မိဘအချို့ကိုသာ ပြောခြင်းဖြစ်ပါသည်။
မှီငြမ်း။ ။ သထုံမြို့နယ်၊၂၇၄၉-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် စာစောင်မှ
ပိုးကရင် အဘိဓာန်နဲ့ ပတ်သက်ပြီး ကြိုတင်တောင်းပန်ခြင်း
ခွင့်မတောင်းမိလို့ ဆိုင်းငံ့ထားတာဖြစ်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ဒေါင်းလုတ်နိုင်ပါပြီ။
ခက်တာက ဒီစာအုပ် ပုံနှိပ်ထုတ်ဝေတဲ့ ခုနှစ်သက္ကရာဇ် များ မတွေ့ရခြင်းပါပဲ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး ဆြုခႜါင်လ်ုယာ့ဋ္ဋ ထဲမှာ ပါဝင် ဦးဆောင်သူဆရာများနာမည်စာရင်းကို ဖော်ပြပါ့မယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ တင်ခွင့်ပေးဖို့ ဒီစာအုပ်ဖြစ်မြောက်လာအောင် ပုံနှိပ်ထုတ်ဝေသူအားလုံး၊ သက်ဆိုင်သူအားလုံးကို ခွင့်တောင်း တောင်းပန်လိုပါတယ်။ အရင်ပို့စ်မှာကရင်အဘိဓာန်ကို မိတ်ဆက်အနေနဲ့ တင်ဖြစ်တာကိုလည်း လုပ်ချင်ဇောနဲ့ တင်ထားတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ ကျနော်က ကရင်စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေကို လက်လှမ်းမီသမျှ
ကရင်အမျိုးသားစာပေ တိုးတက်ရေးအတွက် ကြိုးစားပြီး တင်ခဲ့ပါတယ်။
တစ်ချို့ကလည်း မိမိ မသိတဲ့ သမိုင်းကြောင်းဆိုင်ရာ၊ စာပေရေးဆိုင်ရာစတဲ့ အကြောင်းအရာများကို ညီအစ်ကို မောင်နှမဆီက ကူးယူပြီးပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကျနော်က ကျနော် ၀ါသနာပါရာ၊ လုပ်နိုင်ရာဖြစ်တဲ့ ကရင်စာပေ၊ ယဉ်ကျေးမှုတွေကို ကျနော့်ဘလော့မှာ စုစည်းတင်ပြခြင်းသာဖြစ်ပါတယ်။ ကျနော်က စာရေးဆရာလည်း မဟုတ်ပါဘူး၊ ပညာရှင်လည်း မဟုတ်ပါဘူး၊မိမိအမျိုးသားစာပေတွေကို ချစ်မြတ်နိုးပြီး ၀ါသနာအလျှောက် လုပ်နိုင်သလောက် တင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
+ Read more
ဒါကြောင့် ဒီ ပိုးကရင်အဘိဓာန် စာအုပ်ဟာလည်းပဲ ကျနော် သိသလောက် ဒီလို ပုံနှိပ်ထုတ်ဝေတာ မရှိသလောက်ပါပဲ။ ဒီစာအုပ်ရှိတာလည်းကရင်လူထုများအတွက် အင်မတန်မှ ဂုဏ်ယူစရာ၊ တန်ဖိုးထားစရာဖြစ်ပါတယ်။ အင်တာနက် စာမျက်နှာမှာလည်း တင်ထားတာ မတွေ့မိတဲ့အတွက် ကရင်လူမျိုးတွေရဲ့ ဂုဏ်ယူစရာ စာအုပ်ကို တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ကျနော်က ဘာကိုမှ မမျော်လင့်ဘဲ ကရင်အမျိုးသားစာပေ တိုးတက်ရေးအတွက် ဆန္ဒရှိလို့ တင်ချင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်နဲ့ ပတ်သက်တဲ့ ပုံနှိပ်ထုတ်ဝေသူ (Karen(pwo) Dictionary Compiling Committee) အား၎င်း၊ စာအုပ်ကို ဦးဆောင်တင်ပြသော ဆရာများကို၎င်း ကြိုတင်ခွင့်တောင်းအပ်ပါတယ်။
အင်တာနက် စာမျက်နှာမှာ တင်ဖို့ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်က ဒီစာအုပ်နဲ့ ပတ်သက်တဲ့ ဆရာများကို ရင်းနှီးတာ တစ်ယောက်မှ မရှိပါဘူး။ စာအုပ်လည်း သူငယ်ချင်းလက်ဆောင်ပေးလို့ ရလာတာပါ။ ဒါကြောင့် ဒီကနေ သက်ဆိုင်သူများ တစ်စုံတစ်ယောက်က တွေ့မိရင် ကျနော်နဲ့ ဆက်သွယ်ပြီး အကြံပေးဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။တကယ်လို့
ကျနော်လုပ်တာ မညီမျှမှု၊ အဆင်မပြေမှု၊ တစ်စုံတစ်ရာရှိရင် ပြန်လည်ပြီးတော့ အင်္ကြပေးနိုင်ပါတယ်ခင်ဗျာ။ အကြံပေးမယ့် ညီအစ်ကို မောင်နှမများ အမြဲတမ်း မျှော်လင့်နေပါတယ်။
ဒီစာအုပ်ဖြစ်မြောက်အောင် သင်ဃာ့ဖူ့ကျာ် ဇာဂရ စုစည်းထားတဲ့ စကားစုများကို မှီငြမ်းပြီး ပြုစုခဲ့တာလို့ ပါ ပါတယ်။
ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဦးဆောင်ဆရာများမှာ…..
သံင့်ဆၞိုင်ကုံလွဲါ ဃှူ့ဟှာ
၁။စါ့သေန်းမျေန့်(ကျဝ်ထောဟ်တွါ်)
၂။ကျဝ်လာပုင်းအွာ
၃။ကျဝ်မိက်ဖ၀့်ဃှီ့
၎။ကျဝ်ဆိုဒ်သဲုး
၅။နာန်အဲဆိင့်အွာ
၆။နာန်ဆင်ဖ၀့်ခႜိင်း။
အင်္ဂလိပ် သာသာပြန် ပေးတဲ့ ဆရာကတော့ ဒေါက်တာ မာန်ဍေမျးကျဝ်(MBBS) ဖြစ်ပါတယ်။
ကုံလွဲါ ဆ်ုဖါ်သိုဝ် သိုင့်ဟှာ----
1.Mahn Don Yong
2.Nann Esther
3. Mahn Michael Naung.
နောက်ဆုံးတည်းဖြတ်တာကတော့
၁။ဆရာ မာန်မ္ဘာါကျဝ်(B.A,Bed,MA)
၂။ဆရာမနာန်ဓံင့်ထီ့(B.A,History,MA)
Mar 7, 2010
စာအုပ်ကို PDF ဖြစ်အောင် လုပ်ပုံလုပ်နည်း
တင်ချင်ရင် အနည်းအကျဉ်း အထောက်အကူပြုလိမ့်မယ်လို့ မျော်လင့်ပါတယ်။ဒါပေမယ့် ဒီလုပ်နည်းကလည်း
နည်းနည်းတော့ စိတ်ရှည်ရပါမယ်။ ကျနော်လုပ်တာ တော်တော်အချိန်ယူလိုက်ရပါတယ်။ပထမဆုံး ကိုယ်လုပ်မယ့် စာအုပ်ကို scan ဖတ်ရပါ့မယ်။ ကျနော့်ကတော့ စာအုပ်ကို တစ်ရွက်ချင်းမဖြုတ်ပဲ ခေါက်ချိုးပြီးးတော့ ဖတ်ပါတယ်။ စာအုပ်တော့ နည်းနည်းနာမှာပေါ့။ နောက်ပြီး scanner စက်ကောင်းရင် ကောင်းသလို အရည်အသွေး ကောင်းကောင်းရတာပေါ့။ မိမိတို့ scanner စက်ဟာလည်း စာအုပ်များရင် များသလို စက်နာတတ်ပါတယ်။ စာအုပ်တစ်ခုလုံး ဆက်တိုက် scanner မဖတ်သင့်ပါ။ scan ဖတ်တဲ့အခါ စာရွက်၊ စာမျက်နှာ မညီဘူးဆိုရင် Photoshop အကူနဲ့ ညီမျှအောင် ပြန်ပြီး ဖြတ်တောက်ရပါတယ်။ စာမျက်နှာ နံပါတ်စဉ်အလိုက်ဖြစ်အောင်လည်း
Folder တစ်ခု သီးသန့် ထားရပါမယ်။ဒါမှ ကိုယ် convert လုပ်တဲ့အခါမှာ နံပါတ်အစဉ်အတိုင်းဖြစ်မှာလေ။
+ Read more
စာရွက်ဆိုက် မညီဘူးဆိုရင် convert လုပ်တဲ့အခါမှာလည်း မညီမညာပဲ ထွက်ရှိပါလိမ့်မယ်။ဒါကြောင့် photoshop နဲ့ စာရွက်ဆိုက်ကို အညီဖြစ်အောင် အရင် လုပ်ပြီးမှ စာမျက်နှာ အစဉ်အတိုင်း ကိုယ်ပေး ချင်တဲ့နာမည်တစ်ခုနဲ့ အလွယ်ပေးလို့ရပါတယ်။ scan ဖတ်ထားတဲ့ စာအုပ်ကို အင်တာနက်ပေါ်မှာ ဒီတိုင်း တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဖတ်ထားတဲ့ စာရွက်တွေဟာ ဓာတ်ပုံ ပုံစံမျိုးနဲ့ ရှိနေလို့ပါပဲ။
ဒါကြောင့် ဆော့ဝဲရ်အကူနဲ့ PDF ဖိုင်ဖြစ်အောင် convert လုပ်ပြီးမှ တင်လို့ရပါတယ်။ အင်တာနက်ပေါ်မှာ တင်တဲ့အခါမှာလည်း ဖိုင်ဆိုက်ကြီးနေရင် တင်ရတာ အဆင်မပြေသလို ဒေါင်းလုတ်ယူတဲ့အခါမှာလည်း အဆင်မပြေပါဘူး။ ခုကျနော်လုပ်တာကတော့ စာအုပ်ဖိုင်ဆိုက် 106 MB ရှိတဲ့အတွက် ဖိုင်ဆိုက်သေးအောင်
၃ ဖိုင်ခွဲပြီးတော့ တင်ပါတယ်။ ဒါမှ ဒေါင်းလုတ်ယူတဲ့အခါ အဆင်ပြေမယ်။ PDF ဖြစ်အောင် convert တဲ့ ဆော့ဝဲရ်ကို ဒီမှာ ဒေါင်းလုတ်ယူပါခင်ဗျာ။ လုပ်ပုံလုပ်နည်းကတော့ ပုံနဲ့ ရှင်းပြထားပါတယ်။တစ်ခု ပြောချင်တာက စာအုပ်ကို convert မယ်ဆိုရင် converter ရဲ့ ပုံစံထဲမှာ setting ကို နှိပ်လိုက်ရင် အောက်မှာ
လုပ်ဆောင်ရမယ့် ပုံစံတွေ့ပါလိမ့်မယ်။ အဲဒီမှာ width နဲ့ heigth အကွက်မှာ မိမိတို့ စာအုပ်ဆိုက်ကို photoshop မှာတုန်းက လုပ်ထားတဲ့ ဆိုက်အတိုင်း ရိုက်ထည့်ရပါ့မယ်။ presets နေရာမှာ A4 ရွေးပြီး ခေါင်းစဉ်( title ) နေရာမှာ စာအုပ်နာမည် ရိုက်ထည့်ပြီးတော့ convert လိုက်ရုံပါပဲ။ ဒါမှ ညီညီညာညာ PDF ဖိုင် စာအုပ်တစ်ခု ထွက်လာမှာ ဖြစ်ပါတယ်။
ကျနော်လုပ်တဲ့ ပိုးကရင် အဘိဓာန်ကိုတော့ ပြီးဆုံးသွားပါပြီ။ လိုချင်တဲ့ ညီအစ်ကိုမောင်နှမများ ဒေါင်းလုတ်ယူလို့ ရပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။တကယ်လို့ ခုကျနော် ပို့စ်မှာ မရှင်းတာရှိရင် cbox မှာပဲဖြစ်ဖြစ်၊ comment ရေးတာပဲဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ကျနော်သိသလောက် ရှင်းပြပါ့မယ်။
အားလုံးပျော်ရွှင် အဆင်ပြေပါစေ…..။
တွေ့ရကြုံရ စိတ်ဓာတ်ကျ
ရေးထုံးကွဲတော့ လက်တွဲရခက်သည် ဟုဆိုနိုင်သလို ရေးထုံးမတူ ၀ိုင်းမကူ ဟုလည်း ပြောကြပါသည်။ သို့နှင့်ပတ်သက်ပြီး သည်ကနေ့ ရေးထုံးတစ်ခု ထပ်ပေါ်လာပြန်သည်။ ကရင်အမျိုးသားများ အတွက်နောက်ထပ်အက်ကြောင်းနိမိတ်တစ်ခုလို့ ဆိုရလေမလားပဲ။ နဂိုကမှ ရေးထုံးကြောင့် စုစည်းရခက်၍ ယခုတော့ တစ်ပူပေါ် နှစ်ပူဆင့်မကဘဲ နှစ်ပူပေါ် လေးပူဆင့်အဖြစ်သို့ ဆိုက်ရောက်ပေပြီ။
အဘယ့်ကြောင့်ဆိုသော် မူရင်းရေးထုံးနှင့်ပဲ လူတွေက အကျင့်ပါလေတော့ ယခုမှ ရေးထုံးအသစ်တစ်ခုကို မသင်မနေရ အမိန့်ဆိုပြီး သင်နေရသည်။ ပညာသင်တာ မမှားဘူး ဆိုလို့နိုင်သော်လည်း အချို့က ခေတ်နောက်ပြန်ဆွဲသည်ဟု ဆိုသည်။ အပိုအလုပ်ဆိုပြီး လုံးဝလက်မခံကြပေ။ အချို့ကမူ စာပေဗဟုတုတနည်းပြီး အယူသီးလွန်းကာ လက်ခံကြသည်လည်း ရှိသည်။ ပုဂ္ဂိုလ်စွဲလို့ပဲ ဆိုဆို၊ အယူသီးလို့ပဲ ပြောပြော ဒါတွေက အဓိက မဟုတ်ပါ။ အရေးကြီးသည်က နားလည်မှုပင်ဖြစ်သည်။
ယခု လက်ရှိအနေအထားမှာ နားလည်မှု နည်းနည်းလွဲသည်နှင့် တူပါသည်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရေးထုံးမှ သူ့ရေးထုံး၊ ကိုယ့်ရေးထုံးမှ ကိုယ့်ရေးထုံး… အဲသည်လို အချင်းချင်း ပြိုင်တူကြွေးကြော်ကြသည်။ နောက်ဆုံးတော့ ဘယ်ဟာမှ ပန်းတိုင်မရောက်ပါ။ ဒီပုပ်ထဲက ဒီပဲသာဖြစ်သည်။ ဖြစ်သင့်သည်က အများ၏ဆန္ဒကို မေးပြီးမှ လူထုက လက်ခံလျှင် အတည်ပြု ဖော်ထုတ်သင်ကြား၊ လက်မခံလျှင် ရပ်တန်းက ရပ်သင့်သည်။ ကရင်လူမျိုးကို ချစ်သည်ဆိုလျှင် ဘာမကျေနပ်စရာ အကြောင်းရှိသနည်း။
+ Read more
သည်လိုမှ မလုပ်လျှင် အခြားနည်းလမ်းမရှိပေ။ သည်လိုမဟုတ်ဘဲ သူ့ပရိသတ်၊ ကိုယ့်ပရိသတ်ဆိုပြီး အတ္တကို ရှေ့တန်းတင်လျှင်တော့ထပ်ပြိုကွဲရန်သာရှိသည်။ စစ်မှန်သော ကရင်အမျိုးသားစာပေ(၀ါ) ဘုံစာပေ ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်ပါ။ ဘာကြောင့် သည်လိုပြောရသလဲဆိုလျှင် နယ်တစ်နယ်က ကရင်နှစ်သစ်နေ့ မင်္ဂလာအခမ်းအနားတစ်ခုမှာ ဟောပြောစင်မြင့် နောက်ခံစာလုံးကို မူရင်းရေးထုံးစာလုံးနှင့် မရေးသည့်အတွက် တချို့က သဘောမတူဘဲ စကားများကြသည်။
ပုဂ္ဂိုလ်စွဲသမားများကလည်း ယခုပေါ်သည့် ရေးထုံးနှင့်ရေးမှ နှစ်သစ်ကူးပွဲ ပါဝင်ဆင်နွဲမည်ဟု ဆိုပြန်သည်။ အဲသလို ရေးထုံးအစွဲကြီးနေလျှင် စည်းလုံးညီညွတ်ရေးကို ဘယ်လိုတည်ဆောက်မည်နည်း။ သည်နေရာမှာ ရေးထုံးနှင့် ကရင်နှစ်သစ်ကူးကျင်းပနေတာလား၊ အမျိုးသားရေးအတွက် ကျင်းပနေတာလား…. စသည်ဖြင့် မေးစရာရှိပါသည်။ အသင်စာဖတ်သူ မည်သို့ဖြေမည်နည်း….။
ဖြစ်ရပ်တစ်ခု ရှိသေးသည်။ ရွာတစ်ရွာက ဖြစ်ပျက်တဲ့ ကရင်စာပေသင်တန်း ကိစ္စပါ။ ထိုရွာသည် တစ်နှစ်တစ်ကြိမ် ကရင်စာပေသင်တန်းကို မပျက်မကွက် ဖွင့်လှစ်လေ့ရှိသည်။ အဲသည်ကြားမှာပင် ယခုပေါ်နေသည့် ရေးထုံးအဖွဲ့ကလည်း မသင်မနေရ ဆိုပြီး ဖိအားလာပေးသည်။ ရှိရင်း အဖွဲ့ကလည်း လက်မခံချင်။ သည်တော့ အချင်းချင်း အစာမကြေမှုတွေ ဖြစ်လာသည်။ ဘာမှ မဟုတ်သည့် ကိစ္စတစ်ခုကြောင့် တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အယုံအကြည်နည်းလာသည်။ သဘေထား ကွဲလွဲလာသည်။ သူစိမ်းလို ဆက်ဆံလာကြသည်။ တရားခံကား ….စာပေရေးထုံး အစွဲကြောင့် ဟု ဆိုရလေမလား…။
နောက်တစ်ရွာကတော့ ရေးထုံးနှစ်မျိုးစလုံး တွဲသင်ကြသည်။ သို့သော် တွဲသင်တိုင်း စုစည်းမှု ဖြစ်မလာပေ။ အကြောင်းကား သင်တန်းရက်စေ့လို့ သင်တန်းဆင်းပွဲဆုချီးမြှင့်သည့်အချိန်မှာ ဆုကြေးမတူလို့ နည်းပြအချင်းချင်း၊ ဆုရသူအချင်းချင်း စကားများကြခြင်းဖြစ်ပါသည်။ အဲသလို ပြဿနာဖြစ်ပြီးနောက်ပိုင်း ကရင်စာပေသင်တန်းဖွင့်လှစ်ခြင်း မတွေ့ရတော့ပေ။ ဒါလည်းပဲ ရေးထုံးကြောင့်လား။
ရေးထုံးနှင့်ပတ်သက်လို့ ကောင်းမကောင်း၊ အကျိုးရှိမရှိ စာရေးသူ မဝေဖန်လိုပါ။ ကရင်လူထု သို့မဟုတ် စာပေပညာရှင်များက ဝေဖန်ပါလိမ့်မည်။ လူထုဆန္ဒအရ စာရေးသူသိရသလောက် အချို့ဒေသတွေမှာ ယခင့်ယခင်က ကရင်စာပေကို အားတက်သရော သင်ယူပါလျက်နှင့် ယခုတော့ မသင်ယူကြပဲ နေနေကြသည်။သို့အတွက်ကြောင့် သိချင်ဇောနှင့် တီးခေါက်ကြည့်သောအခါ ဒေသခံတွေက အခုလို ပြောကြသည်။
မူရင်း(မူလ) ရေးထုံးနှင့်ပဲ လူတွေက စိတ်ဝင်စားကြသည်။မူလရေးထုံးကိုပဲ ဆက်သင်ကြလျှင် ပုဂ္ဂိုလ်စွဲလူကြီးတချို့က လက်မခံကြပေ။ သူတို့ရေးထုံးကိုသာ သင်ယူရမည်တဲ့။ သူတို့ရေးထုံးကို မသင်လျှင်သင်နေကျရေးထုံးကိုလည်း သင်ခွင့်မပေးချင်သလိုလိုရှိသည်။ဒါကြောင့် ဟိုရေးထုံးလည်း လူထုမကြိုက်၊ သည်ရေးထုံးလည်း မသင်ဖြစ်၊ ဟိုကမ်းမရောက် သည်ကမ်းမရောက် မြစ်လည်ကြောမှာ တ၀ဲလည်လည် သောင်တင်နေရတော့မည်။ ကြာလျှင် အသက်ထွက်ရန်သာ ရှိတော့သည်ဟု ရင်ဖွင့်လာသည်။ အဲသလိုမျိုးတွေ့နေကြားနေရတော့ စာရေးသူတို့ စာပေရေးသမားအဖို့ စိတ်ဓာတ်ကျမိသည်က အမှန်ပင်။ တစ်ခါတစ်လေစာပေပညာရှင်ကြီးတွေ ဘာကြောင့်ရေးထုံးအမျိုးမျိုး ထွင်ကြသနည်း ဟု မေးလိုက်ချင်သည်။ ရေးထုံးအသစ် တစ်ခုထွင်တိုင်း လူထုလက်ခံလျှင် အကြောင်းမဟုတ်။ လူထုလက်မခံဘဲနှင့် ကိုယ့်ယုံကြည်ချက်တစ်ခုတည်းကို
ရှေ့တန်းတင်ပြီး အမိန့်အာဏာနှင့်ဆက်သွားလျှင် အောင်မြင်လိမ့်မယ်လို့ မထင်နှင့်။ ´အမိန့်´ ၏နောက်မှာ ´အမုန်း´ ဆိုတာ လိုက်လာစမြဲပါ။ သို့ကြောင့် အမိန့်သမားများ သတိထားဆင်ခြင်သင့်ပေသည်။
´အမိန့်` ဟူသည်မှာလည်း သုံးသင့်သည့်နေရာတွင် သုံးရပါလိမ့်မည်။ ဥပမာ ပိုးကရင်လူမျိုးများ နေထိုင်ရာရွာ၌
ပိုးကရင်စာပေကို မသင်မနေရ အမိန့်ထုတ်လျှင် ပိုတောင်ကောင်းသေးသည်။ ထိုနည်းတူ စကောကရင်များ နေထိုင်ရာရွာများမှာလည်း စာပေသင်ကြားရေး အမိန့်ထုတ်လျှင် သဘာဝကျလှပါသည်။ အဲသလို သူ့ရေးထုံးနှင့်သူ လေ့လာသင်ယူ ဖော်ထုတ် ထိန်းသိမ်းပြီးသားရွာတွေကို နောက်ရေးထုံးအသစ်တစ်ခုနှင့် အမိန့်ထုတ်လျှင်ကော နည်းလမ်းကျပါမည်လော။စည်းရုံးရေး အသွင်ဆောင်ပါမည်လော။ရေရှည်ခရီးဖြစ်နိုင်ပါမည်လော။ စဉ်းစားစရာပင်၊ အမျိုးသားရေး အမြင်ရှိသူတိုင်း စဉ်းစားမိလိမ့်မည် ထင်ပါသည်။ထို့ကြောင့် ကရင်အမျိုးသားဘ၀ရှေ့ရေးအတွက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဒေသစွဲ စသောအဖွဲ့များဖြင့် ဆက်သွားမည်လော။ကရင်အမျိုးသားထု၏ ရွေးချယ်မှုကို ဦးစားပေးမည်လော။ဘယ်လမ်း ရွေးမည်နည်း။ အမှန်ရွေးရန် လိုအပ်ပေသည်။
စာပေလမ်းစဉ် ဟူသည် ပညာရှိတို့၏ လမ်းစဉ်ဖြစ်ပေသည်။သည်ထက် ပိုနားလည်အောင်၊စာပေရေးထုံးအက္ခရာတစ်ခုဖြစ်လာအောင် ပညာရှင်များကသာ ထွင်ယူရပါသည်။အက္ခရာတစ်ခု ထွင်သည့်နေရာမှာ အထောက်အထားခိုင်လုံရန် လိုအပ်ပါသည်။လူထုကို ရှင်းပြနိုင်ရမည်။ထိုသို့မဟုတ်ဘဲ ငါ့ဟာ မှန်တယ်ဆိုပြီး စစ်မြေပြင်မှာ စစ်တိုက်သလို တစ်ချက်လွတ်အမိန့် လုပ်သွားလို့ကတော့ ကြေကွဲစရာပင်။ထို့ကြောင့် စာပေနှင့်ပတ်သက်လို့ စိတ်ဓာတ်ကျစရာတစ်ခု ဖြစ်လာပါသည်။သို့အတွက် ပုဂ္ဂိုလ်စွဲ စာပေသမားများအဖို့ ရှေ့ဆက် လုပ်သင့် မလုပ်သင့် အမြဲတမ်း မျက်စိဖွင့် နားစွင့်နေရမည်။
မျက်မှောက်ကာလခေတ်၏စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်လက်တွေ့ကျသည့်အလုပ်ကိုသာယုံကြည်လက်ခံသင့်ပေသည်။
ဒဏ္ဍာရီပုံပြင်လိုလို၊ တဘောင်လိုလို စသည့် အဆိုအမိန့်များကိုတော့ ချိန်ထိုးကြည့်နူိုင်ရမည်။တဇွတ်ထိုး တဇောက်ကန်းမလုပ်သင့်၊ မျက်ကန်းမျိုးချစ်လည်း မဖြစ်သင့်ပေ။ကိုယ့်လူမျိုး အနာဂတ်လှပရေးကို ရည်သန်ပြီး လုပ်သင့်သည်ကိုသာ လုပ်ဆောင်စေချင်သည်။
ပြိုကွဲမှုသမိုင်းတရားခံ မဖြစ်စေချင်ပါ။ဘုံစာပေ(၀ါ)တစ်ခုတည်းသော ကရင်အမျိုးသားစာပေဖြစ်ချင်လျှင်
လက်ရှိအောင်မြင်ပြီးသား ကရင်စာပေသုံးမျိုးကို ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးပြီးတော့ တစ်ခုခုကို အတည်ပြု၊ သို့မဟုတ် သုံးမျိုးထဲမှ တစ်ခုတည်းဖြစ်အောင် ပညာရှင်များ ဖန်တီးယူမှသာ ဖြစ်လာနိုင်ခြေရှိသည်ဟု ယူဆမိပါသည်။
သို့မဟုတ်လျှင် ဘုံစာပေကို ရည်ရွယ်ပြီး သူတစ်မျိုး၊ ကိုယ်တစ်မျိုး ရေးထုံးထွင်ကြမည်ဆိုလျှင်တော့ အရေအတွက်သာရှိပြီး အရည်အချင်းမရှိသော စာပေအက္ခရာသာ ဖြစ်လိမ့်မည်။ စာရေးသူသည် အမျိုးသားစာပေတာဝန်ထမ်းဆောင်သည့် ကာလတစ်လျှောက်မှာ ပိုတောင်စိတ်ဓာတ်ကျရသေးသည်။ဘာကြောင့်လဲဆိုလျှင် ရေးထုံးအသစ်တစ်ခု ထပ်တိုးလု့ပါပဲ။ဘယ်ရေးထုံးကို အတည်ယူရမှန်းတောင် မသိတော့ပေ။သို့ပေမယ့် ရေးထုံးကို အဓိကမထားတော့ဘဲ ကရင်စာပေ ဟူသောခံယူချက်ဖြင့် ကျနေသည့်စိတ်ဓာတ်ကို အားမာန်သွင်းကာ ကရင်စာပေအတွက် ဆက်လှမ်းလျက်ရှိသည်။ဆက်လှမ်းရင်း၊
ပြဿနာတိုးရင်း၊စိတ်ဓာတ်ကျရင်း၊ တစ်ခုတည်းသော ကရင်အမျိုးသားစာပေကို အိပ်မက်ရင်း……။
-သေရည်ကျေးကျွန် သေရည်နွံနစ်၊
သေရည်ဝဲဆွဲ သေရည်ထဲပျော်၊
သေရည်ခေါ်လိုက် သေရည်ကြိုက်သူ၊
ကရင်လူမျိုး သေရည်ဂျိုးတို့၊
-သေရည်ကြောင့်ကျ မျက်ရည်စများ၊
သေရည်ကြောင့်ပျက် အိပ်မက်လှများ၊
သေရည်ကြောင့်သေ ဘ၀တွေကို၊
မြင်နေပါလျက် သေရည်ဖက်ပြီး၊
ခြေပျက်နေပျက် နေခဲ့ကြသည်။
သေရည်သည်သာ ကိုးကွယ်ရာလား၊
သေရည်သည်ကား ဘ၀လား…။