Mar 29, 2010

ကရင် ယစ်ထုတ်ကြီးများသို့...

ကရင် ယစ်ထုတ်ကြီးများသို့…

-ကရင်လူမျိုး အရက်အိုးဟု၊
ဆိုရိုးခါးခါး ကြားဖူးငြားလည်း၊

-သေရည်အရက် လူကိုဖျက်ဟု၊
မိန့်မြွက်စကား ရှိနေငြားလည်း၊

-သေရည်သောက်စား ကျိုးစီးပွါးဆုတ်၊
မြင်ကြားကိုယ်တွေ့ ဖြစ်ပါ၍လည်း၊

-လူသားယစ်ထုတ် သရေယုတ်ဟု၊
သမုတ်ဆိုထား သိသော်ငြားလည်း၊

+ Read more

-သေရည်ကျေးကျွန် သေရည်နွံနစ်၊
သေရည်ဝဲဆွဲ သေရည်ထဲပျော်၊
သေရည်ခေါ်လိုက် သေရည်ကြိုက်သူ၊
ကရင်လူမျိုး သေရည်ဂျိုးတို့၊

-သေရည်ကြောင့်ကျ မျက်ရည်စများ၊
သေရည်ကြောင့်ပျက် အိပ်မက်လှများ၊
သေရည်ကြောင့်သေ ဘ၀တွေကို၊
မြင်နေပါလျက် သေရည်ဖက်ပြီး၊
ခြေပျက်နေပျက် နေခဲ့ကြသည်။
သေရည်သည်သာ ကိုးကွယ်ရာလား၊
သေရည်သည်ကား ဘ၀လား…။

စစံစိုး (မဉ္စူ)
၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော် ကရင့်ကြေးမုံမှ….။

No comments: