Apr 6, 2010

ကရင်များသို့ သိစေညွန်း…

-သူငယ်ချင်း..
ကွေ့ကောက်သမိုင်း၊ ကျောက်ရိုင်းတစ်စ၊
ကောက်ယူကြ၍၊ ဘ၀တစ်ခု၊
ယိုင်နဲ့လုနေ၊ တွေဝေမြူခိုး၊
ကောင်းဆိုးနှစ်တန်၊ မှန် မမှန်ကို၊
ဝေဖန်ပိုင်းဖြတ် အကဲခတ်ရင်း…။

-လူမျိုးတစ်စု ၊ကြီးပွါးထုထည်၊
ဖြစ်ခဲ့သည်ထား၊ ရေများရေနိုင်၊
မီးများ မီးနိုင်၊ ယိုင်နဲ့သွေလှန်၊
ဖိနှိပ်ခံရာ ၊ မသက်သာပဲ၊
မျက်နှာချင်းဆိုင်၊ သူငါနိုင်ဟု၊
ရင်ဆိုင်တိုက်ပွဲ၊ ဆင်နွှဲတိုးလိုက်၊
အမှိုက်ကမ္ဘာ၊ မမြင်သာပြီ၊
ရှောင်ခွါမရ၊ နိယာမဖြင့်၊
ဘ၀နိဂုံး မဆုံးသေး…။

+ Read more

-အို…သူငယ်ချင်း…
ပြန်စဉ်းစားရင်၊ သမင်လှည်ပြန်၊
နောက်ခံသမိုင်း၊ စိတ်ရိုင်းမွှေနှောက်၊
ရိုးဖြောင့်မညီ၊ မပီပြင်ခဲ့…။
-တို့ရဲ့ သမိုင်း၊ ကွေ့ကောက်ကိုင်းညွတ်၊
အမှတ်မထင်၊ မျောချင်ရာမျော၊
မြစ်ယဉ်ကြောမှာ၊ ဖွါရ ရာကြဲ၊
မတည်မြဲခဲ့၊ ၀မ်းကွဲစိတ်ဓာတ်၊
မြစ်မပြတ်ကြောင့်…။

-ရိုးဖြောင့်အသိ၊ သတ္တိကိုမွေး၊
ကရင့်သွေးဟု၊ လေးလေးမှန်မှန်၊
သန္နိဌာန်မှတ်၊ စိတ်ပိုင်းဖြတ်၍၊
ကရင်အားလုံး သိစေဖို့..၊
တို့တွေ အားလုံး စည်းလုံးစို့…။

ကျော်ထက်ခိုင်(ဖားစည်မြေ)
၃၁.၅.၂၀၀၉

1 comment:

စောဒုံလွေ့ said...

ကရင်များသို့ သိစေညွန်း…
ကဗျာကို ယူလိုက်တယ်နော်။ကြိုက်တယ်နော် ...ပြန်လည်ဖေါ်ပြမလို့ပါ ခွင့်တောင်းပါတယ်.ဖြစ်နိုင်ရင်
ဒီလိုကဗျာလိုမျိုး အများကြီးရေးစေချင်တယ်။အမျိုးသားရေးက
ှဗျာဆိုရင် အရမ်းကြိုက်တယ်..