Dec 24, 2009
သီရိလင်္ကာနိုင်ငံ ကရင်နှစ်သစ်ကူး ဆွမ်းကပ်
နှစ်ကူးခြင်းကို လူမျိုးတိုင်း၊နိုင်ငံတိုင်းတွင် တစ်နှစ်တစ်ကြိမ် နှစ်သစ်နှစ်မြတ်နေဖြင့် သတ်မှတ်ပြီး နှစ်ကူးကြရသည်။ခုနှစ်သက္ကရာဇ်ကို ထိုလူမျိုးများ၏ ဖြစ်ပေါ်ရာ ခုနှစ်ကို စပြီးရေတွက်ခဲ့ခြင်းဖြစ်ပါတယ်။ခုနှစ်သက္ကရာဇ်ကို ကြည့်ခြင်းအားဖြင့်လည်း ထိုလူမျိုး၏ သက်တမ်းကို ခန့်မှန်းနိုင်ပါတယ်။ထို့ကြောင့် လူမျိုးတစ်မျိုး၏ ခုနှစ်သက္ကရာဇ်ာဟာ အသက်သွေးကြောသဖွယ်ဖြစ်ခြင်းကြောင့် နှစ်ကူးခြင်းကို နေ့ထူးနေ့မြတ်အဖြစ် အမြတ်တနိုးတန်ဖိုးထားပြီး နှစ်သစ်မင်္ဂလာယူကြခြင်းလည်း ဖြစ်ပါတယ်။
ကရင်လူမျိုးများမှာလည်း မိမိတို့ရဲ့ခုနှစ်သက္ကရာဇ်ာကို တန်ဖိုးထားပြီး ရောက်လေရာ နေရာတိုင်းမှာ နှစ်သစ်မင်္ဂလာယူပြီး နှစ်ကူးကြသည်။ကရင်လို့ ပြောလိုက်ရင် ကရင်အမျိုးသားအားလုံးကို သိမ်းကျုံးပြီးခေါ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ကရင်နှစ်သစ်ကူးသမိုင်းကို အရင်ပို့စ်များမှာ တင်ခဲ့ပြီး ဖြစ်ပါတယ်။ဒါကြောင့် ကရင်နှစ်သစ်ကူးခြင်းကို ဘာသာတရားမခွဲခြားဘဲ ကရင်လူမျိုးတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ကျင်းပကြပါတယ်။၂၇၄၉-ခုနှစ်၊ ကျရောက်သော ကရင်နှစ်သစ်ကူးနှစ်ကို အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေသော ကရင်သံဃာတော်များက ဒီနေ့(၂၃-၁၂-၂၀၀၉)နေ့တွင်နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရှိ မကုဋာရာမ မြန်မာကျောင်းတိုက်တွင် သံဃာတော် အပါး(၁၀၀)ကျော်ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ကရင်နှစ်သစ်ကူးကို လွန်ခဲ့တဲ့ (၁၆-၁၂-၂၀၀၉) နေ့မှာ နှစ်ကူးခဲ့ပြီးဖြစ်သော်လည်း သီရိလင်္ကာနိုင်ငံတွင် သံဃာတော်တွေက စာမေးပွဲနဲ့ တိုက်ဆိုင်လို့ အဲဒီနေ့မှာ မကျင်းပနိုင်ဘဲ နောက်ကျမှ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲခြင်းဖြစ်ပါတယ်။ သံဃာတော်များ ဆွမ်းဆက်ကပ်လှုးဒါန်းပုံများကို အောက်မှာ ကြည့်ရှူနိုင်ပါတယ်.
ဆက်ဖတ်ရန်...
Dec 21, 2009
တောင်ကိုးရီးယားနိုင်ငံ ကရင်နှစ်သစ်ကူးကျင်းပပုံ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဂါဆန် KM အလုပ်သမားစင်တာ ခန်းမ၌ ကရင် အမျိုးသားမိတ်သဟာယအဖွဲ့နှင့် ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)မှ ကြီးမှူး၍ ၂၇၄၉ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ. ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနား တခုကို ၂၀၀၉ ခုနှစ်၊ဒီဇင်ဘာလ (၂၀) ရက်နေ့၊ နံနက် ၁၁နာရီမှ နေ့လည် ၂ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော ကရင်အမျိုးသားများ မြန်မာနိုင်ငံမှ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် မြန်မာအရေး လှုပ်ရှားမူ.အဖွဲ.အစည်းများနှင့်အတူ တောင်ကိုရီးယားလူမျိုးများ အပါအ၀င်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ် ဦးဇော်မိုးအောင်ကဆောင်ရွက်ခဲ.ပါသည်။ အခမ်းအနား အစီစဉ်ကို ကရင်အမျိုးသားအလံတော်အားသယ်ဆောင်ခြင်း၊ကရင်အမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးသွားတဲ့ ကရင်အာဇာနည်ဆောင်ဆောင်များအား အလေးပြုခြင်းဖြင့် အခမ်းအနားမှူး ဦးဇော်မိုးအောင်က စတင်ဖွင့်လှစ်ပြီး ပထမဦးစွာ ကရင်အမျိုးသားမိတ်သဟာယအဖွဲ. ဥက္ကဌ ဒေါ်နော်အက်စတာဖောမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဖွင့်အမှာစကား ပြောကြားရာ၌ ဒေါ်နော်အက်စတာဖောက ကရင်လူမျိုးများ၏ မြန်မာနိုင်တွင် ပြန့်နှံ့နေထိုင်ပုံနှင့် မိမိတို့ ကရင်အမျိုးသားများ အနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော၊မပပျောက်စေရန် ရောက်ရာအရပ်၌ မိမိလူမျိုးများ၏ ထိန်းသိမ်းသင့်သော ယဉ်ကျေးမှုများနှင့် သမိုင်းပေးတာဝန်ကို ထိန်းသိမ်းစောက်ရှောက်သွားရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ. တရားဝင်ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးစောလှိုင်မျိုးသိမ်းက ပြောကြားရှင်းပြခဲ့ပါသည်။
ဆက်ဖတ်ရန်...
ဖိတ်ကြားထားသော ဗုဒ္မသာသနာပြုကျောင်းတော်(ကိုရီးယား) ဆရာတော်ဦးသုဝဏ္ဏမှ ဂုဏ်ပြုအမှာ စကားပြော ကြားပြီး ၊အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်လွတ်မြောက်နယ်မြေ(ကိုရီးယားဌာနခွဲ) ဥက္ကဌ ဦးအောင်မြင့်ဆွေ၊မြန်မာအရေးလှုပ်ရှားမူ.(ကိုရီးယား)ဥက္ကဌ ဦးသူရ၊ အမျိုးသားမြင့်တင်ရေးလှုပ်ရှားမူ.ကော်မတီ ဦးဘိုဘို၊မြန်မာအသင်း(ကိုးရီးယား) ဦးစောထွန်းထွန်း၊
ချင်းလူမူ.ရေးအသင်း ဥက္ကဌ ဦးစလိုင်းကျော်ကျော်၊ရှမ်းလူမူ.ရေးအသင်းဥက္ကဌ ဦးစိုင်းမောင်ဝိုင်း၊ရခိုင်လူမူ.ရေးအသင်း ဦးကျော်စွာ စသည့် အဖွဲ.၊အသင်းအသီးသီးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ.အား ဂုဏ်ပြုသ၀ဏ်လွှာဖတ်ကြား ပေးအပ်ခဲ့ကြပါသည်။
ထိုနောက် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော ကရင်အမျိုးသားအဖွဲချုပ်(ဂျပန်)
ဒုဥက္ကဌ (U Saw ANDREW MYO AUNG)မှဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
ကရင်လူငယ်အစည်းအရုံး(ဗဟို)မှ ပေးပို.လာသော ကရင်နှစ်သစ်ကူးနေ.ဂုဏ်ပြုသ၀ဏ်လွှာကို ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)စည်းရုံးရေးမှုး မန်းတင်ယဉ်ဖတ်ကြားပြီး ကိုရီးယားကဗျာဆရာ မွန်းချန်းဂီလ်မှသူ၏ ကဗျာဖြင့်ကရင်နှစ်သစ်ကူးနေ. အားဂုဏ်ပြုလက် ဆောင်ရွက်ဆိုပေးခဲ့ပါသည်။
အခမ်းအနားတွင်တက်ရောက်လာသော ပရိတ်သတ်များအား မငြီးငွေ့စေရန်အတွက် ကရင် ရိုးရာယဉ်ကျေးမှု အကများ ဖြစ်သည့် ကရင်ဒုံးယိမ်းအက ကပြခြင်း ကရင်ရိုးရာ သီချင်းများကို အုပ်စုအလိုက်နှင့် တယောက်ချင်း သီဆိုဖြေဖျော်ခြင်း၊ ကရင်ရိုးရာ အ၀တ်အစားများဖြင့် လူငယ်များမှ သရုပ်ပြခြင်း စသည်တို့ကို ကြားအစီစဉ်များတွင် ထည့်သွင်း ဧည့်ခံဖြေဖျော်ခဲ့ပါသည်။ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော် အစီစဉ်ကို စတင်ခဲ့ရာ ဖိတ်ကြားတက်ရောက်လာကြသော ဧည့်သည်တော် ပရိတ်သတ်များထဲမှ စတော့ခရက်ဒေါင်း တေးဂီတအဖွဲ.မှ ကိုစိုးမိုးသူကလဲ တေးသီချင်းနှစ်ပုဒ်ဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
အခမ်းအနားနောက်ဆုံးပိုင်းတွင် ကရင်အမျိုးသား မိတ်သဟာယ အဖွဲ. အတွင်းရေးမှူး ကိုစကျော်ကျော်ဝင်းက တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကားနှင့် အပိတ်အမှာစကား ပြောကြားပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။ပြီးနောက် တက်ရောက်လာသော ပရိတ်သတ်များအား ကံစမ်းမဲများဖောက်ပေးခြင်း အမှတ်တရလက်ဆောင် အဖြစ် ကရင်မျိုးသားနှစ်သစ်ကူးပွဲတော် မဟာရန်ကုနှ်ဗဟိုမှထုတ်သော ကရင်ပြက္ခဒိန့် များလက်ဆောင်ပေးခြင်း၊အေးမြသောလ ဖြစ်သောဆောင်းရာသီဖြစ်၍ အသားကပ်အင်္ကျီနှင့်မျက်နှာသုပ်ပ၀ါများကို တက်ရောက်လာသောဧည့်ပရိတ်သတ် တဦးခြင်းစီကို ကရင်အမျိုးသားနှစ်သစ်ကူးနေ လက်ဆောင်အဖြစ် ပေးဝေခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကရင်ညီအကို၊မောင်နှမများက ချစ်ခင်ရင်နှီးစွာ ကရင်လူမျိုးများ၏ အသဲစွဲဟင်းဖြစ်သော တာလပေါဟင်းများနှင့်အတူ အရသာရှိသော တခြားဟင်းလျှာများနှင့် ပျော်ရွှင်စွာစားသောက်သုံးဆောင်ပြီး ၂၇၄၉ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားစွာကျင်းပခဲ့ပါသည်။
မှတ်ချက်။ ။သတင်းဓာတ်ပုံ ပို့ပေးသူ ဆုတောင်းအား ကျေးဇူးအထူးတင်ပါတယ်။ဓာပုံများ ကြည့်ရှုလိုပါက အောက်မှာ ကိုးရီးယားမိတ်သဟာယ ဘလော့ကို သွားရောက်ကြည့်နိုင်ပါတယ်။
မူရင်း။ ။ ကိုးရီးယားမိတ်သဟာယအဖွဲ့ မှ ပြန်လည်ဖော်ပြပါတယ်။
Dec 17, 2009
အိန္ဒိယနိုင်ငံတွင် ကရင်နှစ်သစ်ကူးဆွမ်းကပ်လှူဒါန်း
၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို နိုင်ငံအသီးသီးတွင် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြသည်။ ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့သည် ကရင်သက္ကရာဇ် ၂၇၄၉-ခုနှစ်တိုင်ခဲ့ပြီ။ တစ်ချို့နိုင်ငံတွင် (၁၆)ရက်တွင် ကရင်နှစ်သစ်ကူး ကျင်းပလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုရက်ထက်စောပြီးကျင်းပကြသလို ရက်နောက်ကျမှ ကျင်းပပြုလုပ်တာလည်း ရှိပါသည်။
ဘာလိုဘဲဖြစ်ဖြစ် ကရင်နှစ်သစ်ကူးနေ့ရက်မြတ်ကို ရောက်လေရာတိုင်းမှာ မိမိတို့ရဲ့ အမျိုးသားရေးဖြစ်တဲ့ နှစ်သစ်မင်္ဂလာကို
ကျင်းပနိုင်ခြင်းဟာ ၀မ်းသာကြည်နူးစရာကောင်းလှပါတယ်။ ဒီဓာတ်ပုံတွေကတော့ ကရင်အမျိုးသားရဟန်းတော်တွေက နှစ်သစ်ကူးအထိန်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံရောက် P.HD ကရင်ကျောင်းသားများက ဗာရာဏသီမှာ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူးဒါန်းခဲ့ပါတယ်။
ဓာတ်ပုံများဆက်ကြည့်ရန်...
သတင်းဓာတ်ပုံပို့ပေးသူ အရှင်ပဏ္ဏ၀ အား ကျေးဇူးတင်ပါတယ်။
Dec 14, 2009
စင်္ကာပူနိုင်ငံ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး
၂၀၀၉-ဒီဇင်ဘာလတွင် ကျရောက်သော ၂၇၄၉-ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲတော်ကို စင်္ကာပူရောက် ကရင်တိုင်းရင်းသားများက အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းသိရသည်။နိုင်ငံအရပ်ရပ်မှာလည်း ၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကို စည်းလုံးညီညွတ်စွာ ကျင်းပကြသည်။
နှစ်ဟောင်းကို စွန့်၍ နှစ်သစ်မင်္ဂလာမှာ အမျိုးသားရေး တာဝန်အသစ်များ ဆထက်တပိုး ထမ်းဆောင်နိုင်ကြပါစေ..
မိမိတို့ ကရင့်ဘ၀၊ကရင့်ယဉ်ကျေးမှု၊ကရင့်စာပေ၊ကရင့်ရိုးရာဓလေ့တွေကို မမေ့မပျောက်ဘဲ ရောက်လေရာနေရာတိုင်းမှာ ဂုဏ်ယူဝင့်ကြွား ဖော်ထုတ်နိုင်ကြပါစေ.။
ဓာတ်ပုံများဆက်ကြည့်ရန်...
သတင်းဓာတ်ပုံ ပို့ပေးသူ နန်းမူမူအေး အား အထူးပင်ကျေးဇူးတင်ပါတယ်။
Dec 13, 2009
ဘလောဂါများအတွက် ကျန်းမာရေးအကြံပြုချက်
ယနေ့ကမ္ဘာ၏ ရော်ဖက်ရှင်နယ် စီးပွားရေးလုပ်ငန်းများတွင် အိုင်တီလုပ်ငန်းသည် တွင်ကျယ်စွာနေရာယူလျှက်ရှိလေသည်။ ဘလော့ဂ်ဂါလုပ်ငန်းသည်လည်း (အချိန်ပိုင်းဖြစ်စေ အချိန်ပြည့်ဖြစ်စေ) ထို အိုင်တီလုပ်ငန်းထဲတွင်ပါဝင်လျှက်ရှိပေသည်။
အထက်ပါလုပ်ငန်းကိုလုပ်ကိုင်သော ပုဂ္ဂိုလ်များတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာအမြောက်အများရှိလေသည်။ ၄င်းတို့ ကျန်းမာရေးချွတ်ယွင်းရခြင်း၏ အဓိကအကြောင်းအရင်းများမှာ......
-သူတို့၏ကျန်းမာရေးကို သူတို့ ဂရုမစိုက်ခြင်း
-ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် အချိန်မရှိခြင်း
-အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း
-စိတ်ဖိစီးခြင်း တို့ဖြစ်ကြသည်။
ဆက်ဖတ်ရန်...
ရိုးရှင်း၍ အသုံးဝင်သော ဘလော့ဂ်ဂါကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို မျှဝေလိုပါသည်။ သက်ရှည်ကျန်းမာကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ထိုအကြံပြုချက်များက ဘလော့ဂ်ဂါများကို ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
၁။ ကျော၊ လည်ပင်းနှင့် လက် နာကျင်ခြင်းများ
အလုပ်မစခင် သင်၏ ကျော၊ ခါးနှင့် လည်ပင်းတို့ကို အညောင်းဆန့်ပေးခြင်း လက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်း လေ့ကျင့်ခန်းများလုပ်ပေးခြင်းဖြင့် အထက်ပါပြဿနာများကို ဖြေရှင်းနိုင်ပါတယ်။ ကိုယ်နေဟန်ထားကို တရားထိုင်သလို ဖြောင့်ဖြောင့်ထားဖို့ အရေးကြီးပါတယ်။ ပြီးတော့ အချိန်အကြာကြီးအလုပ်လုပ်မယ်ဆိုရင် ကြားထဲမှာ နားချိန်လေးတွေ သတ်မှတ်ထားဖို့လိုပါမယ်။
၂။ မျက်စိပြဿနာ
မျက်စိပြဿနာကတော့ အိုင်တီ ဘလော့ဂ်ဂါသမားတိုင်း ကြုံတွေ့နေကျပြဿနာပါ။ အဲဒီအတွက် ကွန်ပျူတာရှေ့ နာရီများစွာထိုင်ခြင်းကို ရှောင်ရပါလိမ့်မယ်။ မျက်စိဖူးရောင်ခြင်းကနေ ကာကွယ်ဖို့ ရေများများသောက်ပါ။ မျက်စိလေ့ကျင့်ခန်းများလုပ်ပေးပါ။ မျက်လုံးနာကျင်ကိုက်ခဲမှုမဖြစ်စေဖို့ စူးရှတဲ့အလင်းရောင်ကို ကာကွယ်ပေးနိုင်တဲ့ မျက်မှန်ကို အသုံးပြုနိုင်ပါတယ်။
၃။ အ၀လွန်ခြင်းနှင့် ကိုယ်အလေးချိန်တိုးခြင်း
အထိုင်များတဲ့ ဘ၀နေထိုင်မှုပုံစံကြောင့် ဒီပြဿနာတွေဖြစ်ရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်းလုပ်နေဖို့ပါပဲ။ နံနက်ခင်းလေ့ကျင့်ခန်းများကို အနည်းဆုံး မိနစ် (၃၀) လုပ်ပါ။ သင့်တွင် အချိန်မရှိခဲ့လျှင် သင်အလုပ်လုပ်ရာနေရာ သို့မဟုတ် သင်၏ရုံးတွင် အလုပ်မစခင် လေ့ကျင့်ခန်းတစ်ချို့လုပ်ပါ။ အာဟာရမဖြစ်သော အစားအစာများကိုစားခြင်းမှ ရှောင်ကြဉ်ပါ။
၎။ စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်း
ဤပြဿနာများကို ဖြေရှင်းရန် သင့်တွင် အကောင်းမြင်ဝါဒ ရှိရမည်။ အိပ်ရေးဝအောင် အိပ်ပါ။ ယောဂကျင့်ခြင်း တရားထိုင်ခြင်းများဖြင့် သင်၏ မွန်းကျပ်တင်းမာနေသာ စိတ်များကို ဖြေလျော့ပါ။
၅။ မူးယစ်ဆေးစွဲခြင်း (အထူးသဖြင့် အရက်နှင့် ဆေးလိပ်)
ဒီကိစ္စဟာ ကျန်းမာရေးအတွက် အရေးကြီးလှတာကြောင့် သေသေချာချာ ဂရုစိုက်ဖို့လိုပါတယ်။ နည်းပညာကမ္ဘာကြီးထဲမှာနေထိုင်တဲ့လူတွေအဖို့ ကျန်းမာရေးကိုသာမက စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေတဲ့ မူးယစ်ဆေးဝါးများကို ရရှိအသုံးအချဖို့ဆိုတာ အလွန်လွယ်ကူပါတယ်။ မူးယစ်ဆေးဝါးများကိုရှောင်ကြဉ်ရန် သင့်ကို အကူအညီပေးနိုင်မည့် အကြံပြုချက်များကို ရယူပါ။ ဆရာဝန်နှင့် ဆွေးနွေး၍ အကြံပြုချက်များတောင်းခံပါ။
အထက်ပါ အကြံပြုချက်များသည် သင့်ကို ကျန်းမာပျောက်ရွှင်သော ဘ၀ဆီသို့ ဦးတည်တည့်မတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျှက်………….
မူရင်း။ ။မူရင်းလင့် အင်္ဂလိပ်လိုဖတ်ချင်ရင် ဒီနေရာ မှာ သွားဖတ်ရှုနိုင်ပါတယ်။
မှတ်ချက်။ ။ဘာသာပြန်ဆိုသူ ဦးဥတ္တမ မှ ပြန်လည်ဖော်ပြပါတယ်။
Dec 11, 2009
နှစ်သစ်ကူးရေးမှ ကရင့်အမျိုးသားရေး အတွေးများဆီသို့
နှစ်သစ်ကူးရေးမှ ကရင့်အမျိုးသားရေး အတွေးများဆီသို့
ဖြစ်စဉ်မှန်သမျှ အကြောင်းတရားရှိရသည်။ အကြောင်းတရားရှိနေ၍ အကျိုးတရားဖြစ်ထွန်းလာရသည်။ အကောင်းအဆိုးမှန်သမျှ အကြောင်းတရားရှိနေခဲ့ခြင်း သဘောတွင် အကြောင်းနှင့်အကျိုးနှစ်ခု၏ အပြန်အလှန်ယှဉ်တွဲဖြစ်ထွန်းလာရခြင်း၏ နိယာမပင်ဖြစ်သည်။
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းမှာ ကရင်အမျိုးသား ရှိနေခဲ့၍ ဖြစ်သကဲ့သို့ ကရင်အမျိုးသားဘ၀ အရှည်တည်တံ့ရပ်တည်နိုင်ရေးအတွက် လိုအပ်သော အကြောင်းတရာများအနက် နှစ်သစ်ကူးပွဲတော် ကျင်းပနေကြခြင်းဖြစ်စဉ်သည်လည်း အခြေခံအရေးပါသော အကြောင်းတစ်ရပ် ဖြစ်လာခဲ့ရပါသည်။
လွန်ခဲ့သော နှစ်ရာကျော်ကာလက ဘာသာရေးကို အကြောင်းပြု၍ ခရစ်ဘာသာဝင်ကရင်များအချို့ ခေတ်ပညာတတ်ဖြစ်လာသည်။ နိုင်ငံရပ်ခြားရောက် သွားခဲ့ကြသည်။ နိုင်ငံတကာ အမြင်အတွေး ပတ်ဝန်းကျင်သစ်နှင့် ထိတွေ့ခဲ့ရာမှ အမျိုးသားရေး အတွေးအမြင်ရလာကြသည်။ အမျိုးသားအဖွဲ့ချုပ်`ဒေါကလု` ကိုပင်ဖွဲ့စည်းကြကာ ကရင်အမျိုးသားရေးရာကို ဆောင်ရွက်လာခဲ့ကြသည်။
သို့သော် `ဒေါကလု` အဖွဲ့တွင် စကောကရင်ခရစ်ယာန်ဘာသာဝင်ချည်းဖြစ်ကြသောကြောင့် ခရစ်ယာန်မဟုတ်သော ကရင်များနှင့် ပိုးကရင်နွယ်စုတို့၏ ယုံကြည် အားကိုးထောက်ခံမှု အားနည်းခဲ့ကြောင်း
နောက်ပိုင်းကာလ ဆန္ဒခံယူပွဲစစ်တမ်းက ဖော်ပြလာသည်။ ထို့ကြောင့် ဘာသာစုံ၊အနွယ်စုံတို့ဖြင့် ပါဝင်ဖွဲ့စည်းရေး သင်ခန်းစာရခဲ့ကြသည်။ ဤသည်မှာ ထိုစဉ်ကတည်းက ဘာသာရေးနှင့် စကားစာပေများ ကွဲပြားမှုရှိနေခြင်းအပေါ် စည်းလုံးညီညွတ်ရေး ဖော်ဆောင်ရာတွင် ခွဲခြားမှုမရှိ၊ ဘက်လိုက်မှုအစွဲများ ကင်းရှင်းရန်လိုအပ်ကြောင်း၊ ကွဲပြားမှုအပေါင်း ပေါင်းစည်းကြရမည့်အသွင်ကို ညွန်းပြခဲ့ခြင်းပင်ဖြစ်ပါသည်။
ကရင်နှစ်သစ်ကူးနေ့
နှောင်းပိုင်းကာလ ဗြိတိသျှပါလီမန်လွှတ်တော် ကရင်အမတ်များက `ကရင်အမျိုးသားနေ့တစ်နေ့` အဖြစ် ပေါ်ထွန်းလာရန် စိုင်းပြင်းခဲ့ကြသည်။ သို့သော် ကရင်နှစ်သစ်ကူးနေ့ရက်အဖြစ်သာ တင်ပြတောင်းဆိုကြရန် နှစ်သိမ့်ခြင်းခံခဲ့ရသည်။ `နှစ်သစ်ကူးနေ့ရက်` တစ်ရက်အဖြစ် ရွေးချယ်အတည်ပြုရန်ပင် အလွန်ညှိနှိုင်းခဲ့ရသေးသည်။ အဘယ့်ကြောင့်ဆိုသော် ကွဲပြားပြန့်ကျဲနေသော ကရင်အမျိုးသားလူမှုအဖွဲ့အစည်းတွင် ဘာသာရေး၊ စကား၊ စာပေနှင့် နယ်မြေဒေသ ရိုးရာဓလေ့များအရ နှစ်သစ်ကူးခြင်းဓလေ့များ၊ နေ့ရက်များ ကွဲပြားလျက်ရှိနေသဖြင့် ကရင့်ဘ၀ဓလေ့နှင့် အကိုက်ညီဆုံးဖြစ်သော ကရင် နှစ် ဦးအစ သလေ ထိုင်ခုတ်ဖို ကို မြန်မာ ပြာသိုလနှင့် ကိုက်ညီကာ အများသဘောတူ အတည်ပြုခဲ့ကြသည်။
ဤသည်မှာ `မတူညီမှုများထဲမှ ညီညွတ်ခြင်းကို တည်ဆောက်ခြင်း` ပင်ဖြစ်သည်။ `Unity in Diversity` ဟုဆိုရမည်။ထို့ကြောင့်လည်း ၁၉၃၇-ခုနှစ်ကစခဲ့သော ကရင်နှစ်သစ်ကူးနေ့အား တစ်မိသားစုချင်း၊ တစ်စုတစ်ဖွဲ့ခြင်းမှ တစ်ရွာချင်း၊ တစ်မြို့နယ်ချင်း အတိုင်းအတာအထိ ပေါင်းစုဆင်နွှဲလာခဲ့ကြသည်တွင်
တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို ပိုမိုပေါ်လွင်လာခဲ့သည်မှာ အထင်အရှားပင်။
ဆက်ဖတ်ရန်...
ပြာသို-တပို့တွဲ
၁၉၃၇-၃၈-ခုနှစ်မှ တရားဝင်ကျင်းပလာခဲ့သော ကရင်နှစ်သစ်ကူးပွဲတော်မှာ ၂၀၀၈-ခုနှစ်ထိဆိုလျှင် နှစ်ပေါင်း (၇၀)မျှပင် ရှည်ကြာလာပြီ ဖြစ်ပါ၏။ သို့သော် နှစ်သစ်ကူး အစီအစဉ်မှာ အစဉ်သာယာဖြောင့်ဖြူးခဲ့သည်ဟု မဆိုနိုင်ခဲ့ပေ။ ကိုလိုနီခေတ်နှောင်းပိုင်းမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းနှစ်များ (တော်လှန်ရေးကောင်စီ ခေတ်မတိုင်မီ) ၁၀၆၃-ခုနှစ်အထိ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားများကို အာဏာပိုင်အဖွဲ့အစည်းများ၊ ကရင်ပုဂ္ဂိုလ်လူကြီးများ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများက ဦးဆောင်၍လည်းကောင်း၊ မိသားစု၊ ကျေးရွာစုအလိုက်စုပေါင်း၍လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ၁၉၆၂-ခုနှစ်နှစ်ဦးပိုင်းတွင် တော်လှန်ရေးကောင်စီက ရယူခဲ့ပြီး ၁၉၆၃-ခုနှစ် အတွင်းပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးကြရန် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ခဲ့သည်။ တောတွင်းရောက် တော်လှန်းရေးအဖွဲ့(၈)ဖွဲ့မျှ လာရောက်ခဲ့ကြသည်။ ကရင့်တော်လှန်ရေး အင်အားစုများဖြစ်ကြသော မန်းဘဇံခေါင်းဆောင်သည့် KNU အဖွဲ့နှင့် မုဆိုးကော်ကဆာ စောဟန်တာသာမွှေး ခေါင်းဆောင်သော KRC (ကရင်တော်လှန်ရေးကောင်စီ) တို့ လာရောက်ဆွေးနွေးခဲ့ကြသည်။ KRC အဖွဲ့မှတပါး အခြားသော တော်လှန်ရေးအင်အားစုတို့နှင့် ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ဘဲ ပျက်ပြယ်သွားခဲ့သည်။
KRC အဖွဲ့မှ ညှိနှိုင်းတောင်းဆိုချက်များအနက် အချက်တစ်ရပ်မှာ `ကရင်ပြည်နယ်` ဟူသော စကားရပ်အစား `ကော်သူးလေပြည်နယ်` ဟု ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးရန်ဖြစ်သည်။ တော်လှန်ရေးကောင်စီက သဘောတူလက်ခံ၍ `ကရင်ပြည်နယ်` အစား `ကော်သူးလေပြည်နယ်` ဟု ခေါ်ဝေါ်သုံးနှုန်းရန် တရားဝင်ထုတ်ပြန် ကြေငြာပေးခဲ့သည်။
မှတ်ချက်။ ။ ၁၉၇၄-ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲအတည်ပြုရန် ပြည်သူများထံ ချပြဆန္ဒရယူသည့်အခါ `ကော်သူးလေ` ဟူသော စကားရပ်ဝေါဟာရမှာ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသော စကားရပ်မဟုတ်ခဲ့၍ `ကရင်ပြည်နယ်` အဖြစ်သာသုံးစွဲရန်ပြန်လည်ပြင်ဆင်ပေးခဲ့ရပြန်သည်။
ဤသည်မှာ ကရင်တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုထည့်စဉ်းစားပေးရာ မရာက်ခဲ့ဘဲ တစ်စုတစ်ဖွဲ့ကိုသာ ကိုယ်စားပြုအလေးပေးခဲ့သည့်အသွင် ဖြစ်ခဲ့ခြင်းပင်။ ဆန္ဒစွဲမကင်းသော လုပ်ငန်းရပ် ရလဒ်ဟုပင် ဆိုရပါမည်။ သင်ခန်းစာယူစရာဖြစ်ခဲ့သည်။
နှစ်သစ်နေ့ရက်နှင့်ဗဟို
တော်လှန်ရေးကောင်စီနှင့်ဆွေးနွေးညှိနှိုင်းမှုပြေလည်ပြီး မကြာမီမှာပင် KRC က ယခင်ကိုလိုနီခေတ်က အတည်ပြုရယူလာခဲ့သော ကရင်နှစ်သစ်ကူးနေ့ရက် (သလေး-ထိုင်ခုတ်ဖို)ကို မြန်မာပြာသိုလနေ့ရက်နှင့် ညှိနှိုင်းယူထားခြင်းမှာ မှားယွင်းကြောင်း၊ ကရင်ပြက္ခဒိန်အရ (၁၃)လ ရှိကြောင်းနှင့် တပို့တွဲလသာလျှင် အမှန်ဖြစ်သင့်ကြောင်း၊ ပြောင်းလဲသတ်မှတ်ရန်လည်း ကြိုးပမ်းလာကြသည်။ ရှင်းလင်းဟောပြောပွဲများ ပြုလုပ်လာကြသည်။ သတင်းစာ၊ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားတင်ပြလာကြသည်။ တစ်ဖက်ကလည်း ပြာသိုလကိုသာ သမိုင်းဝင်နေ့ရက် တစ်ရက်အဖြစ် ကာကွယ်ထိန်းသိမ်းရန်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးမည့် အခြေခံကောင်းဖြစ်ကြောင်း၊ ပြန်လည်ဆွေးနွေးတင်ပြလာကြသည်။ ဤသို့ဖြင့်ကရင်နှစ်သစ်ကူးအရေးနှင့်ပတ်သက်၍ ပြာသို-တပို့တွဲ ပြဿနာဖြစ်လာသည်။ ထိုစဉ်ကာလကျရောက်လာမည့် ၂၇၀၄-ခုနှစ် ကရင်နှစ်သစ်ကူးနေ့ရက်အားအများပြည်သူတို့၏အလုပ်ပိတ်အားလပ်ရက်အဖြစ်
တရားဝင်ထုတ်ပြန်ကြေငြာခြင်း မပြုနိုင်ခဲ့ပေ။
ထိုအခြေအနေတွင် `သလေးထိုင်ခုတ်ဖို´ ပြာသိုလဆန်း(၁)ရက်နေ့သည်
တောင်ပေါ်မြေပြန့်ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်လာခဲ့သော သမိုင်းဝင်နေ့ရက်ဖြစ်၍ အပျက်မခံ၊ ထိန်းသိမ်းကာကွယ်ရန် တာဝန်ရှိကြသည်ဟု ရန်ကုန်မြို့နယ်စုံ ကရင်အမျိုးသားထု၏ ဘရေတန်ကျောင်းဝင်း၌ ကျင်းပသည့် လူထုအစည်းအဝေးမှ တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ `ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်)´ ကိုဖွဲ့စည်းကာ အစဉ်အလာမပျက် နှစ်သစ်ပွဲတော်ကို ကျင်းပလာခဲ့သည်။ ထိုမှစ၍ သမိုင်းဝင် ကရင်နှစ်သစ်ကူးနေ့ရက်မှာ မပြောင်းမလဲ တည်ငြိမ် မြဲနေပါ၏။
အခြေခံမူ ချမှတ်ခြင်း
အတိတ်ဖြစ်စဉ် သင်ခန်းစာများရယူပြီး ကရင်နှစ်သစ်ကူးကျင်းပရာတွင် အခြေခံမူ(၅) ရပ်ကို ချမှတ်လာခဲ့သည်။ ထိုမူ(၅)ရပ်မှ မသွေဖည်ဘဲ လမ်းညွန်မှုအဖြစ် ခံယူကျင့်သုံးရန် ဖြစ်ပါသည်။ ထိုအခြေခံလမ်းညွန်မှုတွင် အဓိကကျသည်မှာ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးစုံ စည်းလုံးညီညွတ်ရေးသို့ ရှေးရှူကျင်းပရန်ဖြစ်ပြီး တစ်မျိုးသားလုံးနှင့်ဆိုင်သော ဤနေ့ရက်အား ပုဂ္ဂိုလ်ရေး၊ စီးပွါးရေး၊ ဘာသာရေး၊ စကားစာပေအရေး၊ ၀ါဒသဘောတရား နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချခြင်း လုံးဝမပြုကြဘဲ အစွဲကင်းသည့် တူညီသော ကရင်အမျိုးသားစိတ်ဓာတ်တို့ဖြင့် ကျင်းပရန် ဖြစ်ပါသည်။
နှစ်သစ်ကူးရေးမှ ကရင်အမျိုးသားရေး
နှစ်သစ်ကူးပွဲတော်ကို တစ်နေ့တစ်ရက်တည်း မြန်မာနိုင်ငံတစ်ဝှမ်း ကျင်းပလာခဲ့သည်မှာ ၁၉၃၈ -ခုနှစ် မှအစပြုခဲ့သည်ဖြစ်ရာ နှစ်(၇၀) ကျော်ရောက်လာခဲ့ပါပြီ။ ကရင်အမျိုးသားတို့ နေထိုင်ရာနယ်မြေ ရောက်ရှိရာဒေသများတို့၌ တစ်မိသားစုချင်း၊ တစ်စုတစ်ဖွဲ့ချင်း၊ တစ်ရပ်ချင်း၊ တစ်မြို့နယ်ချင်း အစရှိသည်ဖြင့်
အတိုင်းအတာတစ်ခုစီတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြရာတွင် …
-နှစ်ဟောင်းကို နှုတ်ဆက်၊ နှစ်သစ်ကို ကြိုဆိုသည့် အထိန်းအမှတ် အလှူပွဲအဖြစ်သော်လည်းကောင်း၊
-ကောက်ဦးပေါ်သည့်ကာလ ကောက်သစ်စားပွဲအဖြစ်သော်လည်းကောင်း၊
-ယဉ်ကျေးမှုဖော်ထုတ်သည့် ယဉ်ကျေးမှုပွဲတော် အဖြစ်သော်လည်းကောင်း ကျင်းပလာခဲ့ကြသည်။
အမျိုးသားရေးပွဲတော်နေ့ တစ်နေ့အဖြစ်သို့ ကျယ်ပြန့်သော အမျိုးသားထုအတွင်း ကွဲပြားမှု၊ ခြားနားမှုအပေါင်းတို့ ပေါင်းစုလက်တွဲကာ အနာဂတ်အမျိုးသားဘ၀အတွက် လျှောက်လှမ်းကြရမည့် ခရီးစဉ်နှင့်
လုပ်ငန်းအစီအစဉ်များဖော်ထုတ်ချမှတ်သွားရမည့် အချိန်အခါ ဆိုက်ရောက်လာခဲ့သလို လက်တွေ့အကောင်အထည် ဖော်ဆောင်ရမည့်အချိန်ကာလလည်း ဖြစ်နေပါပြီ။
နှစ်သစ်ကူးစိတ်ဓာတ်ဖြင့်
-တစ်မိသားစုချင်းမှ တစ်မျိုးသားလုံးပါဝင်ဆင်နွှဲလာသည့် နှစ်ကူးပွဲတော်၊
-ကွဲပြားနေခဲ့သော နေ့ရက်များမှ တစ်နေ့တစ်ရက်တည်းကို အများဆန္ဒနှင့်အညီ ညီညွတ်ရေးဖော်ဆောင်လာခဲ့သည့် နှစ်ကူးပွဲတော်၊
-မတူညီသည့် ဘာသာစကား၊ ကွဲပြားနေခဲ့သည့် ဘာသာတရား၊ ကွာလှမ်းကြသည့် နယ်မြေဒေသနှင့် ၀ါဒအမြင်
သဘောတရား ကွဲပြားမှုအပေါင်းတို့ ပေါင်းစုမိကြသည့် နှစ်ကူးပွဲတော်၊
-ထိုထိုသောကွဲပြားမှု၊ ခြားနားမှုအပေါင်းတို့ ဤနေ့ ဤရက်တွင် ကိုယ်ရောစိတ်ပါ ပေါင်းစုညီညွတ်ကြခြင်း၊ ချစ်ကြည် စည်းလုံးကြခြင်းမှာ တူညီသော နှစ်သစ်ကူးစိတ်ဓာတ် မွေးမြူကြ၍ ဖြစ်ပါသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဤနေ့ဤရက်တွင် ခံယူကြ၊ မွေးမြူကြ၊ ကျင့်သုံးကြသော စိတ်ဓာတ်မျိုးသည် `တကယ့်စစ်မှန်သော ကရင့်မျိုးချစ်စိတ်ဓာတ်` ပင်ဖြစ်ပါသည်။ နှစ်သစ်ကူးစိတ်ဓာတ်(၀ါ) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်မျိုးနေ့စဉ်မွေးမြူခံယူကျင့်သုံးကြမည်ဆိုပါလျှင်ယနေ့ကျွန်ုပ်တို့မျှော်လင့်ဖော်ဆောင်နေကြသော
စည်းလုံးညီညွတ်ရေး၊ ထိုမှတဆင့် ကရင့်အမျိုးသားဘ၀တိုးတက်ဖွံ့ဖြိုးရေးဆိုသည်မှာ လက်တစ်ကမ်းအကွာတွင်စောင့်စားကြိုဆိုနေလျက်ရှိပါကြောင်း ယုံကြည်ကြစေချင်ပါသည်။
နိဂုံးအားဖြင့် ဖော်ပြအသိပေးလိုသည်မှာ ကရင့်နှစ်သစ်ကူးနေ့ရက်ပွဲတော်အား သာမန်ပွဲငယ်တစ်ပွဲအဖြစ်မျှသာ ခံယူရှုမြင်ခြင်းမဟုတ်ပါဘဲ အထက်ဖော်ပြခဲ့ပါ အကြောင်းအရာများအရ ကရင်အမျိုးသားရေးပွဲတော် တစ်ရပ်အနေဖြင့် ရှူမြင်နိုင်ပါစေ၊ အတွေးများ ဆန့်ထုတ်နိုင်ပါစေ၊ အလုပ်များဖန်တီး ချမှတ်သွားနိုင်ပါစေ၊ အလုပ်များဖြင့်လည်း တိုးမြှင့်ဖော်ဆောင်သွားနိုင်ကြပါစေ ဟု ဆန္ဒပြုပါသည်။
မန်းဌေးရှိန်
၂၇၄၈-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် (မဟာရန်ကုန်) ကရင့်ကြေးမုံမှ
Dec 9, 2009
တရားဝင် ကရင်နှစ်သစ်ကူးနေ့
ကရင်လူမျိုးတို့၏ တရားဝင်နှစ်သစ်ကူးနေ့သည် ၁၉၃၈ ခုနှစ်တွင် အစပြုလာပြီး ၁၉၃၉ ခုနှစ်မှစ၍ နှစ်စဉ်ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပလာခဲ့ကြသည်။ ကရင်အမျိုးသားခေါင်းဆောင်များက တရားဝင်သော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို သတ်မှတ်ပေးရန် တောင်းဆိုချက်အရ အင်္ဂလိပ်အစိုးရက ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့တွင် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေငြာပေးခဲ့သည်။
ပြာသိုလဆန်း ၁ ရက်နေ့တွင် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကရင်အမျိုးသား လွတ်တော်အမတ်များက ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှအစိုးရထံ တောင်းဆိုကြသည်။သို့သော် အလွယ်တကူကား မရရှိချေ။ ထိုအချိန်မတိုင်မီက ၁၉၃၅ ခုနှစ်တွင် ကရင်အမျိုးသားခေါင်းဆောင် ဆရာဦးစံဘော် (သာယာဝတီ) က ကရင်အမျိုးသား တစ်ရပ်လုံးနှင့်ဆိုင်သော ''ကရင်အမျိုးသားနေ့'' တစ်နေ့ကို အသိအမှတ်ပြုပေးရန် ပါလီမန်တွင် တောင်းဆိုခဲ့ဘူးသေးသည်။ ယင်းသည် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ချေ။
''ကရင်အမျိုးသားနေ့'' အစား ''ကရင်နှစ်သစ်ကူးနေ့'' ကို တောင်းဆိုရန် ဗြိတိသျှအစိုးရက အဆိုပြုလာသည်။ ထို့နောက်တွင် ဒေါကလူ (ခေါ်) ကရင်အမျိုးသားအဖွဲ့ချုပ်သည် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ တောင်းဆိုရေးကို အပတ်တကုတ် ဆောင်ရွက်လေသည်။ တောင်းဆိုချက်နှင့် ပတ်သက်၍ တရားဝင်ဖြစ်စေရန် ဥပဒေ အောက်လွှတ်တော်တွင် စတင်တင်သွင်းရမည်ဖြစ်ရာ ထိုစဉ်က လွှတ်တော်အမတ် တောင်ငူနယ်သား စောဂျွန်ဆင်ဒီဖိုးမင်းကို တာဝန်ပေးအပ်ကြလေသည်။
ဆက်ဖတ်ရန်...
ကရင်နှစ်သစ်ကူးနေ့အတွက် ကြိုးပမ်းခဲ့သောကရင်ခေါင်းဆောင်များ
စောဂျွန်ဆင်ဒီဖိုးမင်းသည် ယင်းအား ပေးအပ်ထားသော တာဝန်များဖြစ်သည့် ကရင်လူမျိုးတို့၏ ခုနှစ်သက္ကရာဇ်နှစ်ပေါင်း မည်မျှရှိနေသည် မည်သည့် နေ့ ရက် လ တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သတ်မှတ်သင့်သည်ဟူသော တာဝန်ကို ပေးအပ်လိုက်ကြသည်။ စောဂျွန်ဆင်ဒီဖိုးမင်းသည် မိမိဒေသ တောင်ငူနယ်သို့ပြန်၍ ကရင်ခေါင်းဆောင်များနှင့် ညှိနှိုင်းတိုင်ပင်ကြသည်။ ထိုသို့ ညှိနှိုင်းတိုင်ပင်ရာတွင် ကရင်လူမျိုးတို့၏ ကောက်ဦးစားပွဲ တောင်ယာစတင်ခုတ်ခြင်းပြုသော အရှေ့ပိုးကရင်တို့၏ ''ထါင့်ခုက်ဖေါဟ်'' လကိုရွေးချယ်လိုက်ကြသည်။ စောဂျွန်ဆင်ဒီဖိုးမင်းသည် ၁၉၃ရ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဥပဒေပြု အောက်လွှတ်တော်သို့ အဆိုကိုတင်သွင်းလေသည်။ ထိုအဆိုကို ကရင်အမတ်အချို့က ထောက်ခံသော်လည်း ကရင်အမတ်အချို့က မထောက်ခံဘဲ ရှိနေကြရာ နောက်ဆုံးတွင် လွှတ်တော်က လက်ခံလိုက်သော်လည်း အတည်ပြု ပြဌာန်းခြင်းမရှိချေ။ ထိုစဉ်က စောဂျွန်ဆင်ဒီဖိုးမင်းသည် ဦးပုအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး၏ အတွင်းဝန်အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။ အဆိုကို တင်သွင်းချိန်တွင် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရတက်လာရာ ကရင်ဝန်ကြီးအချို့က ပါတီစွဲရှိနေ၍ စောဂျွန်ဆင်ဒီဖိုးမင်း တင်သွင်းသော အဆိုကို မထောက်ခံဘဲ လွှတ်တော်တွင် သောင်တင်နေတော့သည်။
ဥပဒေအောက်လွှတ်တော်တွင် သောင်တင်နေခြင်းကို အထက်လွှတ်တော် အမတ်များဖြစ်သည့် ဆရာစံဘော်၊ ဆရာဆာစံစီဖိုးနှင့် ဆရာမန်းရွှေဘတို့က ဦးဆောင်ပြီး ထက်မံညှိနှိုင်းရပြန်သည်။ ထိုသို့ ညှိနှိုင်းပြီးနောက် အချို့သော ကရင်ဝန်ကြီးများ၏ အကူအညီဖြင့် ဒေါက်တာဘမော် အစိုးရအဖွဲ့သို့ တင်သွင်းကြလေသည်။ ဒေါက်တာဘမော် အစိုးရအဖွဲ့၏ လက်ခံသဘောတူညီချက်အရ (Cabinet Executive Power) ဖြင့် အတည်ပြု ပြဌာန်းပေးရန် ဘုရင်ခံသို့ တင်သွင်းလေသည်။ နောက်ဆုံးတွင် ၁၇၃၇ ခုနှစ်ကုန်ခါနီး ဘုရင်ခံက (Negotiable Instrument Act) အရ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ ၁၂၉၉ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာပေးလိုက်သည်။ ထိုမှစ၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် တရားဝင်ရုံးပိတ်ရက်အဖြစ် တည်ရှိလာခဲ့လေသည်။
ကရင့်ခုနှစ်ရေတွက်ခြင်း
ကရင်လူမျိုးတို့ ခုနှစ်ကို ရေတွက်ရာတွင် ကရင်လူမျိုးနွယ်စု များမြန်မာနိုင်ငံသို့ အုပ်စုအလိုက် ထွက်ခွာလာရာမှ အုပ်စုအားလုံး ရောက်ရှိသောနှစ်ကို စတင်ရေတွက်ယူကြသည်။
သမိုင်းအရ ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ မြေပြန့်ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ်၊ သံလွင်မြစ်၊ ယန်စီမြစ်ကြားတို့တွင် တရွေ့ရွေ့ ရေကြည်ရာ မြက်နုရာကို ရှာဖွေ၍ ဆင်းသက်လာကြရာတွင် အုပ်စုတစ်ဖွဲ့မှာ မြန်မာနိုင်ငံ ရမည်းသင်းနှင့် တောင်ငူဒေသတို့တွင် စတင်နေထိုင်ကြသည်ဟုဆိုကြသည်။ ကျန်အုပ်စုတစ်ဖွဲ့မှာ တရုတ်ပြည် ယူနန်နယ်တွင် ရောက်ရှိသွားသည်ဟုဆိုကြသည်။ တရုတ်ပြည် ယူနန်နယ်တွင် နေထိုင်သူတို့သည် အုပ်စု ၂ စုခွဲ၍ ထွက်လာကြရာ ပထမအုပ်စုသည် တရုတ်ပြည် ယူနန်နယ်မှ ဘီစီ ၁၁၂၈ ခုနှစ်တွင် စတင်ထွက်ခွာလာပြီး မြန်မာနိုင်ငံသို့ ဘီစီ ၁၁၂၅ ခုနှစ်တွင် ရောက်ရှိကြသည်။ တဖန် ဒုတိယအုပ်စုသည် ဘီစီ ၇၄၉ ခုနှစ်တွင် ယူနန်နယ်မှထွက်ခွာလာပြီး မြန်မာနိုင်ငံသို့ ဘီစီ ၇၃၉ ခုနှစ်တွင် ရောက်ရှိကြသည်။သို့ကြောင့် ကရင်လူမျိုးစုများအားလုံး ဘီစီ၇၃၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိကြ၍ ထိုအချိန်ကို ကရင်ခုနှစ်အဖြစ် စတင်ရေတွက်ယူကြသည်။ သို့ဖြစ်ရာ ဘီစီ ၇၃၉ နှင့် ခရစ်ခုနှစ်ကိုပေါင်းသော် ကရင်အမျိုးသားခုနှစ် ဖြစ်လာသည်ဟု သတ်မှတ်ကြသည်။
နှစ်သစ်ကူးနေ့ရွေးချယ်ခြင်း
ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ရွေးချယ်ရာတွင် ကရင်အမျိုးသား ခေါင်းဆောင်တို့က အယူအဆနှင့် သဘောထားများ သုံးမျိုးသုံးစားရှိခဲ့သည်။
(၁) ကမ္ဘာ့လဆန်း ၁ ရက်နေ့ (ဇန်န၀ါရီလ ၁ ရက်နေ့) ကို ကရင်နှစ်သစ်ကူးနေ့ သတ်မှတ်ရန် ဆန္ဒရှိသူများ။
(၂) ဆရာယုဒသန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသောနေ့ကို သတ်မှတ်ရန် ဆန္ဒရှိသူများ။
(၃) ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်လိုသူများ။
ထိုသဘောထား အယူအဆသုံးရပ်ကို နောက်ဆုံး ညှိနှိုင်းသုံးသပ်အဖြေရှာကြရာ ပထမအချက်ဖြစ်သော ကမ္ဘာ့နှစ်ဆန်း ၁ ရက်နေ့သည် ကမ္ဘာသူ ကမ္ဘာသား တစ်ရပ်လုံးနှင့် သက်ဆိုင်၍ ကရင်အမျိုးသား နှစ်သစ်ကူးနေ့သည် သီးခြားရှိသင့်သည်ဟု သဘောရရှိသည်။ ဒုတိယအချက်ဖြစ်သော ဆရာယုဒသန် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့ကို သတ်မှတ်ရန်မှာ ဆရာယုဒသန်သည် ခရစ်ယာန် သာသနာပြုတစ်ဦးဖြစ်၍ ခရစ်ယာန်ဘာသာဝင်တို့အဖို့ သင့်လျော်သည်ရှိသော်လည်း အခြားဘာသာဝင် ကရင်အမျိုးသားတို့အဖို့မှာ သင့်လျော်နိုင်မည်မဟုတ်ချေ။ ထို.ကြောင့် ပထမအချက်နှင့် ဒုတိယအချက်ကို လက်ခံစဉ်းစားရန် အကြောင်းမရှိတော့ချေ။ နောက်ဆုံးတွင် တတိယအချက်ဖြစ်သော ပြာသိုလဆန်း ၁ ရက်နေ့ကိုသာ ရွေးချယ် သတ်မှတ်လိုက်ကြသည်။
ပြာသိုလ၏ထူးခြားချက်
ပြာသိုလသည် ကရင်လူမျိုးတို့၏ ဘ၀ဓလေ့ လုပ်ငန်းသဘာဝနှင့် အမျိုးသားချင်းစည်းလုံးမှုကို ဖော်ဆောင်နိုင်ခြင်းဖြင့် အောက်ပါထူးခြားချက်များ ရှိနေပေသည်။
(၁) ပြာသိုလသည် စကောကရင်လူမျိုးတို့၏ လ ရေတွက်သတ်မှတ်သော သလေလ နှင့် ပိုးကရင်တို့၏ ထါင့်ခုက်ဖေါဟ် လနှင့်ကိုက်၍ ညီညွတ်နေခြင့်း။
(၂) ပြာသိုလဆန်း ၁ ရက်နေ့သည် စကောကရင်တို့၏ သလေလ၊ ပိုးကရင်တို့၏ ထါင့်ခုက်ဖေါဟ်လနှင့် ကိုက်ညီနေ၍ အချင်းချင်း စည်းလုံးညီညွတ်မူကို ဖော်ဆောင်နိုင်ခြင်း။
(၃) ပြာသိုလသည် ကောက်ဦး ကောက်သစ် သီးနှံများထွက်ပေါ်၍ ကရင်လူမျိုးတို့၏ ရှေးအစဉ်အလာအရ ကရင်လူမျိုးတို့ ကောက်ဦးစားပွဲကျင်းပခြင်း၊ တောင်ယာများစတင်ခုတ်ထွင်ရန် ရက်သတ်မှတ်ခြင်း၊ အိုးသစ်အိမ်သစ်များဆောက်လုပ်၍ အိမ်သစ်တက်မင်္ဂလာ ပြုလုပ်ခြင်း စသည့် ၀ိသေသထူးခြားချက်ရှိခြင်း။
(၄) သို့ကြောင့် ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်လူမျိုးတို့၏ ဘာသာမရွေး အားလုံးက လက်ခံနိုင်ခြင်း။
အထက်ပါ ထူးခြားလှသောပြာသိုလ၏ ကြန်အင်လက္ခဏာများကို အခြေပြု၍ ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်အမျိုးသား နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်လိုက်ကြသည်။
မန်းသင့်နောင် (ကော့ကရိတ်)
တရားဝင်နှစ်သစ်ကူးနေ.အကြောင်းပေးပို.လာသော နန်း အားကျေးဇူးအထူးတင်ရှိပါသည်
မူရင်း။ ။ကိုးရီးယားမိတ်သဟာယအဖွဲ့ မှ ပြန်လည်ဖော်ပြပါတယ်။
Dec 3, 2009
ကရင်၏ မူလဇာစ်မြစ် (၃)
ကရင်လူမျိုး၏ မူလဇာစ်မြစ် (၃)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)
မစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)
ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)
ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။
ဆက်ဖတ်ရန်...
ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက် အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။
ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။
ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။
မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့် ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟု ယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။
ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers – Vol VIII, part 1, Oct, 1975, p 59)။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
မူရင်း။ ။ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။
Nov 30, 2009
နွေ...
ကောင်းကင်တစ်ခွင်၊ တိမ်ကင်းစင်၍၊
ထင်ထင်လင်းလင်း မြင်ရ၏။
လေပြည်တိုက်လာ၊ ရော်ရွက်ဝါများ၊
မြေမှာခရ ရှာပါ၏။
စိမ့်ထဲမြိုင်ထဲ၊ ရွက်သစ်လဲချိန်၊
ပူကဲချိန်မှာ ငှက်သဘာဝ၊
ခါခါတွန်ကျူး၊ ပုစ်ဖူးပေါ်၊
ပျော်မြူးငေးမော၊ ငှက်သဘောမို့၊
ဥသြတွန်သံ အဖန်ဖန်ကြား၊
ပြင်းထန်ခံစားရပါ၏။
ပိတောက်ဝေဖြာ၊ ရနံ့လာ၍၊
ရင်မှာ အေးစက်၊ နွေခါရက်ကို၊
နှစ်သက်ကြည်နူးမိပါ၏။
ထို့ကြောင့်…ရာသီပွင့်လင်း၊
လေပြည်ညှင်းနှင့်၊ လွမ်းချင်းစုကာ၊
နွေမျက်နှာကို၊ ကဗျာဖွဲ့ဆို၊
အလွမ်းပိုလို့၊ ရှိုက်ငိုမိတယ်…နွေရယ်။
စောနန်းဝေ(၀င်းရော်)
Nov 29, 2009
အီးမေးလ် ပုံများ ပြုလုပ်နည်း
Email- ပုံများ ပြုလုပ်နည်း
Email- icon ပုံများ ပြုလုပ်နည်းလေးပါ..။မသိသေးသူများအတွက်ပါ။ တစ်ခါတစ်လေကျတော့ လွယ်လွယ်လေးနဲ့ ရှာရခက်တတ်ပါတယ်။ အရင်ကဆိုရင် မသိလို့ တော်တော်ရှာယူရပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့ရင် လွယ်ကူအောင်လို့ တင်ပေးလိုက်ပါတယ်။ ကိုယ့်အီးမေးလ် လိပ်စာကို ရိုက်ထည့်ပြီး genarate ထုတ်လိုက်ရုံပါပဲ။ အောက်က လင့်ကို သွားလိုက်ပါ။
ဒီနေရာ မှာ သွားပါ။
animation icon ပုံလေးများ
နောက် Email- icon animation လုပ်ပြီးသားများကို လိုချင်သူများအတွက် အောက်ကလင့်ကိုနှိပ်ပြီး...ဒေါင်းလုတ်ယူနိုင်အောင် ဖော်ပြလိုက်ပါတယ်...။
  • ဒီနေရာ နဲ့ ဒီနေရာမှာ သွားယူနိုင်ပါတယ်...။
    အဆင်ပြေ ပျော်ရွှင်ပါစေ..။
    Nov 27, 2009
    ကရင်ရာဇ၀င်နှင့် ဦးပညာ(ကောက်နှုတ်ချက်)
    သူ့အမြင်သူ့အကြောင်း
    မြန်မာ့သမိုင်းအပေါ်တွင် ရှုမြင်ကြရာ၌ ပညာရှင်များအတွင်းဝယ် အမြင်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အမျိုးသားပညာရှင်အမြင်ဖြစ်၍ တစ်မျိုးမှာ နိုင်ငံခြားပညာရှင်အမြင်ဖြစ်ပါသည်။ အမျိုးသားသမိုင်းအမြင်ဘက်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှ အစပြု၍ ဆရာကြီးများဖြစ်ကြသော ဦးဘိုးလှ၊ ဦးသာမြတ်၊ သူရိယဦးသိန်းမောင်၊ ပါမောက္ခဦးအေးမောင်(တက္ကသိုလ်မောင်သန့်စင်)၊
    ဒဂုန်ဦးလှဖေနှင့် ဦးသိန်းဖေမြင့်တို့ ပါဝင်ကြသည်။နိုင်ငံခြား သမိုင်းအမြင်တွင် ရန်ကုန်တက္ကသိုလ် အရှေ့ဖျားသမိုင်းဌာနမှ ပါမောက္ခ မစ္စတာ လုစ်(ဆရာကြိး လုစ်)နှင့် တပည့်များ ပါဝင်သည်။
    ယင်းအမျိုးသားသမိုင်းအမြင်နှင့် နိုင်ငံခြားသမိုင်းအမြင်၌ အဓိက ကွဲလွှဲသည့်အချက်မှာ `မြန်မာအစ တကောင်းက`နှင့်` မြန်မာအစ ကျောက်ဆည်က` အယူအငင် အမြင်ခြားနားမှုပင် ဖြစ်ပါသည်။
    ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို ရေးသားရာတွင် အထက်ဖော်ပြပါ အမျိုးသားသမိုင်းအမြင်ပေါ်တွင် ခြေစိုက်၍ ရေးသားထားသည်။သို့ဖြစ်၍ ကရင်ရာဇ၀င် ဦးပညာသည် `မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာဝင်` နှင့်လည်း ဆက်စပ်နေပြန်သည်။
    ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် သထုံဇာတိသား ကရင်လူမျိုးတစ်ဦးလည်း ဖြစ်သည်။ အထူးသဖြင့် ပိုးကရင် လူမျိုးဖြစ်သည်။ ဦးပညာသည် သူ၏ ကရင်ရာဇ၀င်စာအုပ်၌ ပိုးကရင်ကို (တလိုင်းကရင်-မွန်ကရင်)ဟူ၍၄င်း၊ စကောကရင်ကို (ဗမာကရင်)ဟူ၍၄င်း၊ ကွေကရင်နှင့် ရှမ်းကရင်ကို( ကြက်ဖိုးကြီး) ရာဇ၀င်နှင့် ဆက်စပ်နေသောကြောင့် ကရင်နီ(ကယား)ကို ဆိုလိုဟန်ရှိပေသည်။
    ဆက်ဖတ်ရန်...
    ကရင်ရာဇ၀င်ရေးသားသူ ဦးပညာသည် မူလက ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါသည်။ ရဟန်းဘ၀တွင် ကရင်ရာဇ၀င်ကို လေ့လာလိုက်စားခဲ့သည်။ လူဝတ်ကြောင်ဘ၀၌
    ယင်း ကရင်ရာဇ၀င်စာအုပ်ကို ပုံနှိပ်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ထို့ကြောင့် ဦးပညာသည် ကရင်ရာဇ၀င်ဆရာကြီး ဖြစ်လာလေသည်။
    ကရင်ရာဇ၀င်အစ
    ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်ကို ရေးသားပြုစုရာတွင် အမျိုးသားသမိုင်းပညာရှင်များ အကိုးအကားပြုသည့်အတိုင်း `ရှမ်းမျိုး၊ တိံသာ၊ မြန်မာသတ္တ၊ မွန်သုံးဝနှင့်၊ ဧကစွန်းကယ်။ ခြောက်ဆယ်ကုလား၊ ရာ့တစ်ပါး´ဟု လူမျိုးတစ်ရာ့တစ်ပါးကို၎င်း၊ `သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ`ဟု မှန်နန်းရာဇ၀င်ကြီးကို ကိုးကား၍ ရေးသားပြုစုခဲ့သည်။`ကရင်သဒ္ဒါ ဖြစ်ပေါ်လာပုံ၊ ကရင်မျိုးနွယ်စုများအကြောင်း၊ ကရင်လူမျိုးများ၏ ဒေသနှင့် ၀ံသ` စသည်တို့ကို `ဇာတ်ပန္နက်` ရိုက်နှက်ပြထားပေသည်။ထို့ပြင် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ယင်းရာဇ၀င်စာအုပ်ကို မည်သို့မည်ပုံ ကြိုးပမ်းအားထုတ်၍ ရှာဖွေဖော်ထုတ်ခဲ့ရပုံများကိုပါ သူ၏ ကရင်ရာဇ၀င်နိဂုံးပိုင်းတွင် စိတ်ဝင်စားဖွယ် ရိုးသားစွာပင် ရေးသားထားလေသည်။
    မြန်မာသက္ကရာဇ်(၁၂၇၀)ပြည့်နှစ် နတ်တော်လအတွင်း မော်လမြိုင်(ကျိုက္ခမီ ဒီစကြိတ်) ကော့ကရိတ်မြို့သို့ ကျွန်ုပ်တို့ ရောက်ခဲ့တဲ့အခါ ငယ်စဉ်က မိတ်ဆွေဟောင်းများ ဖြစ်ဖူးသော ၄င်းကော့ကရိတ်မြို့ အရှေ့တောင်(၃) မိုင်ခန့်ဝေးသော အရဒ်မြို့ဟောင်းရွာကျောင်း၌ နေသော ရဟန်းသိက္ခာ(၂၅) ၀ါရ ဦးနန္ဒမာလာ အမည်ရှိသော ကျောင်းထိုင်ဘုန်းတော်ကြီးက ဖိတ်ခေါ်သဖြင့် အပေါင်းအဖော်တို့နှင့်တကွ မြို့ဟောင်းရွာကျောင်းသို့ ရောက်ကြလေသည်။ဘုန်းတော်ကြီးသည် ပဲခူးမြို့ ဇိုင်းဂနိုင်းအရပ်တွင် ရှမ်းလူမျိုးအမိတို့မှ မွေးဖွါး၍ ကြည့်မြင်တိုင်စမ်းချေင်းအရပ်၌ ကြီးပြင်းလျက် အရွယ်သို့ရောက်သောအခါ `ဒွါရ၀ါဒီဂိုဏ်း` တွင်
    သာမဏေပြု၍ စာပေပရိယတ်ကို သင်ကြားခြင်း၊ အသက်ပြည့်သောအခါ ရဟန်းပြု၍ မန္တလေးသို့ တက်ရောက်လျက် ဘုရားဟော ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ပြီးနောက် အောက်ပြည်သို့ ပြန်ကြွခဲ့သည်။ ဇာတိဖြစ်သော ရှမ်းဒါယကာများ ပင့်ဖိတ်သဖြင့် ၄င်းမြို့ဟောင်းသို့ရောက်ရှိ၍ ကျောင်းထိုင်အဖြစ် သီတင်းသုံးလေသည်။
    ထိုမြို့ဟောင်းရွာကျောင်း၌ ကျွန်ုပ်တို့ရောက်ကြ၍ နောက်နေ့၌ပင်လျှင် ဒေါနတောင်တန်းကြီးနှင့် ဆက်စပ်လျက်ရှိသော တောင်ငယ်တစ်ခုပေါ်သို့ အလိုရှိသော ပစ္စည်းဝတ္ထများကို ရှာဖွေရန်၊ ဒေသန္တရဗဟုသုတဖြစ်စေရန် တက်ကြလေရာ တောင်ပေါ်သို့ရောက်သောအခါ မြို့ရိုးကျူံးဟောင်းများနှင့်ပြည့်စုံသော မြို့ဟောင်း၊မြို့ပျက်ကြီးတစ်ခုကို တွေ့မြင်ရ၍ ထိုမြို့ဟောင်း၏ အကြောင်းအရာတို့ကို မေးမြန်းသောအခါ ထိုရွာမှ လိုက်ပို့ကြသူများကနှင့် ကျောင်းထိုင်ဘုန်းတောကြီးတို့က ပြောပြသည်မှာ ဤမြို့ဟောင်းကြီးကြောင့် ဤရွာကိုလည်း ´မြို့ဟောင်းရွာ`ဟု မြန်မာလိုခေါ်ကြောင်း၊
    ရှေးအခါက ကရင်လူမျိုးနန်းစံနေထိုင်ဖူးသော ကရင်မင်း၏အကြောင်းအရာ ရာဇ၀င်များ အထောက်အထားရှိပါသလားဟု မေးမြန်းသောအခါ ကျောင်းဒါယကာကြီး `ဦးဣန္ဒ` ၏ အထံ၌ ပအူ(ပအို့) တောင်သူဘာသာဖြင့် ဤမြို့ဟောင်း၏ ရာဇ၀င်ရှိကြောင်းကို ပြောပြသဖြင့် တောင်ပေါ်မြို့ဟောင်းမှ ဆင်းကြ၍ကျောင်းဒါယကာကြီး ဦးဣန္ဒထံ သို့ သွားရောက်မေးမြန်းလေရာ ရှမ်းပြည် `မိုင်းခိုင်း` မြို့မှလုပ်သော စက္ကူအဖြူပေါ်တွင် မှင်နက်ဖြင့် ပအူ(ပအို့)တောင်သူဘာသာ အက္ခရာစာဖြင့် ရေးသားထားသော အလျားအရှည်ပေ တစ်တောင်ခန့်၊ အနံ(၁၄) လက်မခန့်၊ စာရွက်ရေ (၁၉)ရွက်ကို ဖျင်ထည်ဖြင့် မျက်နှာဖုံးပြုလျက် လိပ်ထားသောကရင်ရာဇ၀င်ကို ပြသလေသည်။
    ၎င်းကရင်ရာဇ၀င်သည် နှစ်(၂၀)ခန့် အသုံးမပြုဘဲ ရှိခဲ့ရာ (၁၂၈၈)ခုနှစ်လောက်မှ ကရင်လူမျိုးတို့သည် နိုးကြားထကြွ ရှိလာသဖြင့် ကရင်ရာဇ၀င်အလိုရှိကြောင်း သိရှိရ၍ ယခုအခါ မော်လမြိုင်မြို့ ကြံခင်းကျောင်းတွင် ဂဏ၀ါစကပဌမစာချ ဘုန်းတော်ကြီး ကရင်လူမျိုး ဦးဥတ္တမက မေးမြန်းပြန်သဖြင့် (၁၂၇၀)ပြည့်နှစ်က ကူးယူရရှိသော ကရင်ရာဇ၀င်ရှိဖူးကြောင်းပြောပြ၍ ဘုန်းတော်ကြီးက တိုက်တွန်းသဖြင့် ၎င်းဘုန်းတော်ကြီး၏ သမဂ္ဂဖြစ်သော ကရင်လူမျိုးဆရာတော် နောင်တမန်ဘုန်းတော်ကြီး၊ မြပတိုင်ဘုန်းတော်ကြီး၊ ရေပူဘုန်းတော်ကြီး၊ နောင်လုံနယ် မြပေဘုန်းတော်ကြီး၊ ဒုံရင်း မြို့ဟောင်းနေရာ ရွာကျောင်းဘုန်းတော်ကြီး စသော ကရင်လူမျိုးဆရာတော်ကြီးများက လျှောက်ထားတိုင်ပင်၍ ထိုကရင်ရာဇ၀င်ကျမ်းဟောင်းကို ပြုစုလျက် ရေးသားလိုက်ပေသည်။ ယင်းသို့ဖြင့် ကရင်ရာဇ၀င်ဆရာကြီး ဦးပညာသည် ကရင်ရာဇ၀င်စာအုပ်ကို အပြီးသတ် တိုင်ဆိုင်ညှိနှိုင်း ဖြည့်စွက်ကာ အပြီးသတ် ကရင်ရာဇ၀င်စာအုပ်ဖြစ်လေသည်။ ထိုသို့ရေးသားရာ၌ ကိုးကားအထောက်အကူပြုသည့် စာအုပ် အရေအတွက်ပေါင်းမှာ (၂၀)ကျော်မျှ ရှိလေသည်။
    စာရေးဆရာ မောင်စင်ကြယ် ရေးသားထားသော မြန်မာပြည်ချစ် ကရင်အမျိုးသားခေါင်းဆောင်များ စာအုပ်မှ
    ကောက်နှုတ်ဖော်ပြပါသည်။
    Nov 24, 2009
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
    သုတေသနစာတမ်း
    စောဖော (ရန်ကုန်တက္ကသိုလ်)
    ကမ္ဘာ့လူမျိုးနွယ်များ
    ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
    ၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
    ၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
    ၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
    နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
    ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။
    အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
    မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
    ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။
    ဆက်ဖတ်ရန်...
    မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
    အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
    သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
    လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
    ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
    ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။
    အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
    ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
    ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
    ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။
    ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
    အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
    စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
    ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။
    လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
    ၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
    ၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
    ၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
    ၄။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)
    အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။
    ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
    မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, - )
    သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
    အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
    ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
    ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
    သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
    ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
    ဆက်လက်ဖော်ပြပါမည်။
    မူရင်း။ ။ ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။
    Nov 23, 2009
    Pee Bee Yaw
    ကရင်ရိုးရာဓလေ့များကိုလေ့လာသောမိတ်ဆွေများ ပိုမိုသိရှိနားလည်ရင်အလို့ငှါ အဂ်လိပ်လိုလည်းတင်ထားပေးလိုက်ပါသည်။ စာဖတ်သူညီအစ်ကိုမောင်နှမများအတွက်ပါ..။
    There once lived a young pair of orphans, brother and sister, whose parents had left them only four annas in silver. Because they were orphans, they were despised and belittled. Finally they were driven out of the village by their neighbors, lest the misfortune of orphan hood should prove contagious...
    They maintained a precarious existence by the most laborious toil, living in a little hut at some distance from the clan to which they belonged. A famine arose in the land and the clansmen were obliged to go to a neighboring country to replenish their slender stock of grain. When the supply of paddy of Po Khai - the orphan boy, was exhausted, his sister brought out the cherished piece of silver their parents had left them and asked him a despairing mood, he said, ‘What is the use? Four annas…’ worth of rice will prolong our miserable lives but a few hours.
    As starvation is inevitable, let us meet our fate at once. His sister pleaded that, unhappy as their lives were, they had entered the world with great pain, trouble and care to their parents so they should not leave it till every means to prolong existence had been exhausted. To please his sister Po Khai went, following the clan at a distance as he would not be allowed to mix with their party. When the party returned, they saw in the depths of the jungle by the side of the road an old woman, her body up to her neck completely covered with creepers, which had wound themselves firmly around her body.”
    ဆက်ဖတ်ရန်...
    “As the party approached, the old woman screamed, ‘Cut me loose, cut me loose.’ The clansmen declined, as the old woman would want to go home with them, and would eat them out of house and home. After the whole party had passed, Po Khai came along.”
    “The old woman redoubled her cries as there was but one left from whom she could hope for release. Po Khai thought to himself, ‘I must die, and even if the old woman goes home with me, it can make but a few hours’ difference.’ So he cut away the creepers and the old lady slipped dancing out on the road, saying, ‘Hurry up, grandson, for grandmother is perishing with hunger.’ The old woman was really Pee Bee Yaw, which means’ Grandmother with the bound waist.’ When the sister saw her brother returning, she thought, ‘My brother must be mad to invite guests to dinner when four annas’ worth of rice bought at famine prices are all or store.’ Her brother, seeing her frowns, hastily ran up into the house and begged his sister not to refuse the hospitality universally shown by the Karen. He reminded her how their parents never sent anyone hungry away, and begged his sister to keep up the ancestral custom, even though they were in the very jaws of death.
    The old woman at once slipped into the kitchen and called the young girl to cook in haste, as she was very hungry. With a heavy heart the young girl was just pouring into the pot all the rice her brother had brought home when the old woman checked her sharply, ‘What a wasteful child! Seven grains of rice are quite enough.’ ‘Grandmother,’ replied the girl, ‘I know how to cook a pot of rice, but I don’t know how to cook only seven grains of rice.’ The old woman spoke up sharply, ‘Obey orders when your elders command you, and ask no questions.’ Abashed at the sharp tone of the old woman, the girl counted out seven kernels, and the old woman approached the pot with mystic passes and the pot became full. At seven grains to a meal, Po Khai saw that the rice he had purchased was amply sufficient for his wants, and knew that a good power had stepped in to save him.
    When the news of the daily miracle reached the clan, they assembled and claimed Pee Bee Yaw refused to go either it, reminding them that they had forfeited their right as the first finders by their refusal to cut her loose from the creepers. Of course, this refusal laid the foundation of much hatred towards Po Khai and his sister. When the time came to cut the Khu (hill garden) Pee Bee Yaw told Po Khai to clear the jungle from seven hills and prepare them for planting. ‘How can I clear seven hills?’ asked Po Khai. ‘Ask no questions when your elders order you,’ was the old lady’s sharp reply. Just as he was leaving the house, Pee Bee Yaw gave him a machete with orders to try it. When he reached the chosen spot, Po Khai raised his against a huge tree. It fell without even waiting for the blow. ‘Well, that’s the sharpest machete I ever used,’ blurted out Po Khai, as he watched the crash of the huge tree. Of course, the seven hills were all cleared off before breakfast.”
    “Po Khai wondered how this huge field was ever to be planted and reaped and the grain threshed, but he dared ask no questions, as Pee Bee Yaw always rebuked so harshly.
    He went on in blind faith in the old woman’s power. At the sowing season, Pee Bee Yaw danced over the whole field, and a perfect shower of paddy started from her fingers and toes and from every fold of her clothing, and so the field was well filled with grain, the crop prospered splendidly, and soon the bending eats, over a foot in length and filled to the very extremity with golden grain, gave promise of such a bountiful harvest as had never been known before.”
    “Po Khai wondered how this grain could ever be harvested, but still dared not to ask. The clansmen, wild with rage at the boundless wealth which they had just missed, and which had gone to Po Khai, now summoned all the clans within a day’s march to join them in stealing Po Khai’s paddy. Men, women and even children joined the raid. Some reaped, others carried the bundles.
    Some threshed and winnowed, while others carried home the paddy. After a most laborious night’s work of many hundreds, all of Po Khai’s grain was carried off. Fancy the looks of Po Khai when he found nothing but trampled stubble where he had left waving grain!”
    “Following the trial of the thieves, he picked up seven sheaves dropped by the way. On reporting to Pee Bee Yaw that there seven bundles were all that was left of their crop, she coolly told him to build seven huge paddy bins. Po Khai did so with the unquestioning obedience which had become a habit with him. When the bins were completed, but not roofed, a sheaf was put in each, and Pee Bee Yaw commenced dancing among the bins and singing a call to the grain wherever it was to return to its proper owner. At once the paddy came flying through the air, and fell in a perfect shower, till not a single grain was left with the thieves.”
    “A solemn council of all the clans was held, and their indignation knew no bounds. ‘ We thought to ruin Po Khai, and we have been made nothing but his coolies, and even worse! Nothing is left us even for our wages.’ So they arranged to steal the paddy again from the bins this time. They even plotted to kill both Po Khai and Pee Bee Yaw.”
    “Po Khai spent the day, by Pee Bee Yaw’s orders, in cutting a huge pile of clubs and making a large number of cords. When they went home in the evening, Pee Bee Yaw said ‘Ropes tie and sticks beat…’ When the clansmen came to steal the paddy, the ropes bound each to a tree and the clubs began to beat a rat-rat-too on their backs. To entreat the deaf cords and club was, of course, useless. Next morning, Po Khai found his tormentors in his power and half dead with the terrible beating they had received.”
    “They readily took the oath, considered by hill men to be inviolable, never to molest him more. Pee Bee Yaw then said she must return to her abode in the skies, to wash down her house there as the hens had surely filled it with dust. To enable her to do so, she told Po Khai to raise the two shafts by which the native plough or harrow is dragged, into a perpendicular position. She then took the form of a cricket, crept up to the yoke and flew away.”
    (The custom of raising the yoke in the air and placing a cricket on the perpendicular poles that support it, is still followed by the Karens. It is considered a very good omen if the cricket crawls upwards and takes flight from the top.)
    The story of Pee Bee Yaw is the combination of moral instructions to the Karen generations. Even though it sounded like a fairy tale, it disclosed the beauties of simple life and the blessings of obedience that made Karens.
    karen voiceမှတဆင့်မြန်လည်ဖေါ်ပြသည်။
    မူရင်း။ ။ ဇွဲကပင် မှ ပြန်လည်ဖော်ပြပါတယ်..။
    Nov 22, 2009
    လက်ဆင့်ကမ်း
    (၁)ဘ၀ကမ်းရိုးတန်း၊ မြစ်ကမ်းလျှိုမြှောင်၊
    တောတောင်ထွင်းခပ်၊ ခြေရာထပ်၊
    နေထွက်ရာအရပ်၊ မျက်နှာမူ၊
    ကရင်အလံ လွှင့်ထူပြီ…။
    (၂)ကရင်လူမျိုး မပျောက်ဖို့၊
    ရေကြည်နောက်သူကို ပယ်ခွင်း၊
    နံနက်ခင်းကို ကြိုဆိုတယ်…။
    ဆက်ဖတ်ရန်...
    (၃)လေယူရာတိမ်း နွဲ့အယိမ်း၊
    မျိုးဆက်ထိန်းတဲ့ တို့ကရင်၊
    ဇွဲကပင်လို ခိုင်မတ်မယ်၊
    ဇွဲကပင်လို ရှင်သန်မယ်…။
    (၄)သင်လည်း ကရင်၊ ငါလည်း ကရင်၊
    သံလွင်သံယောဇဉ်နဲ့ ၊
    ကမ္ဘာတခွင်ပျံသန်းချိန်…။
    (၅)ဓလေ့ရိုးရာပန်း၊ လက်ဆင့်ကမ်း၍၊
    ဆင်မြန်းတူမျှ၊ သရဖူဖြင့်၊
    ကရင့်မှတ်တိုင် ထူကြလော့…။
    ကရင့်ကြေးမုံမှ
    ဇရာ-မဉ္စူ
    Nov 18, 2009
    ကွာကျသွားသော အတ္တအကြေးခွံမာများ
    ကွာကျသွားသော အတ္တအကြေးခွံမာများ
    -ငါ့ကိုယ်ငါသိ၊ ထိုအသိကား…
    လမ်းမှားနောက်ကျ၊ သံသယဖြင့်
    မာနခွန်အား၊ ပေးသော်လားသို့
    အများမကြိုက်၊ နတ်မကြိုက်။
    -ငါသည်ပြော၏ ၊ထိုသည့်အပြော…
    သဘောခြင်းရာ၊ နှစ်ဗလာကို
    သစ္စာဖွဲ့ထိုက်၊ မဖွဲ့ထိုက်။
    -ငါသည်ရေး၏၊ ထိုသည့်အရေး…
    ငါ့အတွေးသည်၊ ကလေးကလား
ေ၀၀ါးထွေးရိပ်၊ လိပ်ကိုဂျပိုး(ကြမ်းပိုး)
    ဂျပိုးကိုလိပ်၊ အရိပ်မြင်ရာ
    ထင်ရာရေးထား၊ အတွေးပွါး၍
    လေးစားပြုထိုက်၊ မပြုထိုက်။
    ဆက်ဖတ်ရန်...
    -ငါသည်တော်၏၊ ငါ၏အတော်…
    အောင်လံတော်ကို၊ ကချော်ကချွတ်
    မော်နမဲ့နှင့်၊ ကဖျက်ယဖျက်
    ချော်ထွက်သွားလိုက်၊ ပြန်စိုက်လိုက်။
    -တစ်နည်းသော်ကား၊ ငါစဉ်းစားမိ…
    ငါ့အသိနှင့်၊ အပင့်အမြှောက်
    အမှောက်အလှန်၊ ပြောင်းပြန်တပ်ကြည့်
    မည်သည့်သူ့ဟာ၊ ´တော်ဆုံးငါ` ဟု
    ခဏဖွင့်လိုက်၊ ပြန်ပိတ်လိုက်
    အို…မိတ်ဆွေများ ပြန်စဉ်းစားပါ။
    -အတ္တ´ငါ` ကို၊ ´ငါ့` ကိုယ် အတ္တ
    နှစ်ဝပေါင်းဖော်၊ ကြေးညှော်လိမ်းလိမ်း
    ထူပိန်းညစ်ကပ်၊ အဆုံးသတ်၌
    ဆုံမှတ်ရွေ့လျား၊ ကမ်းပါးခုန်တက်
    လမ်းတစ်ဝက်မှာ၊ ပြန်လှည့်ခဲ့ရ
    အတ္တ ကြေးခွံမာသကို…
    အတ္တကျေးကျွန်ပမာလို….။
    ကရင့်ကြေးမုံမှ...
    ကျော်ထက်ခိုင်(ဖားစည်မြေ)
    Nov 17, 2009
    သတိ...
    သတိ
    -မင်းသိရဲ့လား…
    တို့ရဲ့စာပေ၊ တို့ရဲ့စကား…
    တို့ရဲ့ ယဉ်ကျေးမှု ပျောက်ကွယ်လုနီးနေပြီ။
    -ဘယ်လို ခံယူသင့်သလဲ…
    ဟိုလူ ဒီလူ အပြစ်မယူကြနဲ့
    မင်းမှာလည်း တာဝန်ရှိ၊
    ငါ့မှာလည်း တာဝန်ရှိ၊
    တို့တွေ အားလုံးမှာ တာဝန်ရှိတယ်။
    ဆက်ဖတ်ရန်...
    -ဒီတော့…တို့ရဲ့စာပေ၊ တို့ရဲ့စကား၊
    တို့ရဲ့ ယဉ်ကျေးမှု၊ မပျောက်ကွယ်ဖို့၊
    အစဉ်တိုးတက်နေဖို့အတွက်၊
    တို့တစ်ထွေအားလုံး….
    -မှတ်ထား…
    စာပေ၊ စကား၊ ယဉ်ကျေးမှုဆိုတာ
    လူမျိုးတစ်မျိုးရဲ့ အသက်၊
    လူမျိုးတစ်မျိုးရဲ့ သွေး။
    -ဒါကြောင့်…
    အားလုံးသတိရှိကြ၊
    အားလုံးတာဝန်သိကြ…။
    ၂၇၄၈-ခုနှစ်၊ ကရင့်ကြေးမုံ
    မန်းသျှူခလိန်
    Nov 16, 2009
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
    ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
    သုတေသနစာတမ်း
    စောဖော (ရန်ကုန်တက္ကသိုလ်)
    နိဒါန်း
    ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။
    ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။
    ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။
    တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။
    ကရင်ဟူသော အမည်
    ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
    ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။
    ဆက်ဖတ်ရန်...
    ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
    ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။
    ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။
    မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
    တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။
    ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
    မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
    ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။
    အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။
    (Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)
    တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။
    (People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)
    Lahu, Akha, and Lisu (page 7, line 13, column 1)
    Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)
    တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
    (Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )
    ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။
    ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။
    ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။
    ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
    ဆက်လက်ဖော်ပြပါမည်။
    မူရင်း။ ။ ဇွဲကပင် ၀က်ဆိုက်မှ ပြန်လည်ဖော်ပြပါသည်။
    Nov 15, 2009
    နွမ်းလျ အိမ်အပြန်..ဇာတ်သိမ်းပိုင်း
    နွမ်းလျ အိမ်အပြန်-ဇာတ်သိမ်းပိုင်း
    စာစု(၁၂)
    ဘန်ကောက်မှ တဆင့် မြန်မာ့လေကြောင်းလိုင်းဖြင့် ယနေ့နံနက် ပြန်ရောက်မည်ဆို၍ ရန်ကုန် နိုင်ငံတကာ မင်္ဂလာဒုံလေဆိပ်သို့ ဆရာအစောကြီး အရောက်သွားခဲ့သည်။
    နိုင်ငံခြားပြန် ဆရာ့သားကြီးကို မှန်းဆရင်း သားချောကြီးအတွက် ကရင်အင်္ကျီအလံဆင် ၀င့်ကြွားကြွားနှင့် သားအလွန်ကြိုက်သော နီရဲရဲ ကရင်ပုဆိုးကို ထုပ်ပိုးပြင်ဆင်ကာ ဆရာ့လက်အစုံကား တဆတ်ဆတ် တုန်နေရှာသည်။ နံနက်(၈း၀၀)နာရီ ထိုးသည်နှင့် ဧည့်သည်တော် တော်များများ မင်္ဂလာဒုံ လေယာဉ်ကွင်း ဧည့်ကြို ခန်းမသို့ အသီးသီးရောက်ရှိလာကြသည်။ အရာရှိကြီးများနှင့် ဆရာဝန်၊ ဆရာမလေးများဟု ထင်ရသော သူများလည်း ပါသည်။
    ဆရာ တိုးညှင်းစွာ ကြားရသည့်သတင်းကား…ဒေါက်တာစောချမ်းမြေ့သည် ခွဲစိတ်ပါရဂူအထူး ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သည့်အတွက် လာရောက်ကြိုဆို ဂုဏ်ပြုကြကြောင်း သိရသည်။ ထိုအခါမှ ကရင်လုံချည် ချည်ချောအနက်နှင့် ဖွေးဖွေးဖြုနေသော ဆံပင်ပိုင်ရှင် အဘိုးအိုတစ်ယောက်မှာ ..တောက်တောက်ပြောင်ပြောင်တို့အကြား မှေးမှိန် ပျောက်ကွယ်နေကြောင်း သတိထားမိတော့သည်။
    ဆက်ဖတ်ရန်...
    သို့သော်….ဆရာ့သားသည် ဆရာ့သားသာ ဖြစ်သည်မဟုတ်ပါလား..။
    `ဟော´…ဟိုက ဆင်းလာတာ ဒေါက်တာ စောချမ်းမြေ့မဟုတ်လား`
    `ဟာ…ဟုတ်တာပေါ့`..။မေသူ့ ကိုကိုက အနောက်တိုင်း ၀တ်စုံနဲ့ အရမ်းလိုက်တာပဲနော်`..။ မေသူက အရမ်းကံကောင်းတာပဲ` ၊ `မြသီတာ သူ့ကို မနာလိုတော့ဘူး သိလား`..၊
    `အံမယ်…´အစကတော့ ကိုကို့ ကို တောသားဆို´…၊
    `ဟုတ်တယ်…ငါ့သားက တောသားလေး..အဲဒါ ဘာဖြစ်လို့လဲ.. ဟု ဆရာ့စိတ်က သားအတွက် မချံင်စွာ ရေရွတ် ပေါက်ကွဲရင်း…သားကို ကြိုဆိုသူများ၏ အတန်းထိပ်ဆုံးက နေရာယူ ကြိုဆိုလိုက်သည်။
    `ဟုတ်ပါပေ့..သားလေးက ချောလိုက်တာ..၊ ဆရာသည် သားကို အငမ်းမရ ၊ ၀မ်းသာအဲလဲစွာ ကြိုဆိုဟန်ဖြင့် လက်ကို ဆန့်တန်းကြိုဆိုလိုက်သော်လည်း…….။
    သားလေးက ဆရာ့ကို မမြင်တာတော့ မဟုတ်နိုင်..၊ အဘယ့်ကြောင့်မူ… ကြိုဆိုသူများထဲတွင် ဆရာဖေဖေက ထိပ်ဆုံးက ရှိနေတာပဲ မဟုတ်လား..။
    သားလေးက အခြားကြိုဆိုသူများကို ပြုံးရွှင်စွာ ဖက်လှဲတကင်း ပြန်လည်ဂါရ၀ပြုနေရင်း….ဆရာ့ကို တစ်ချက်ပြန်လှည့်ကြည့်ကာ… ၊ စောစောက ဟန်မူပိုပို ပြုံးချိုချို ဆရာဝန်မလေးကို လက်ကမ်း ကြိုဆိုသိုင်းဖက်ရင်း…နောက်ဆုံးပေါ် ကားလေးပေါ်သို့ တက်၍ လိုက်ပါသွားလေပြီ.။
    စာစု(၁၃)
    မင်္ဂလာဒုံ နိုင်ငံတကာ လေယာဉ်ကွင်းကြီးသည် မှုန်ဝါးသေးငယ်စွာ ကွယ်ပျောက်သွားအောင် ဆရာ့မျက်ရည်များက လွှမ်းခြုံ ကွယ်ဖျောက်ပစ်လိုက်ပါ၏။ ကရင်နှစ်သစ်ကူးနေ့ အမီ ကြိုဆို ၀တ်ဆင်တော်ခံ အမျိုးသား ၀တ်စုံလေးမှာလည်း ဆက်သ ခံသူမဲ့ကာ…. ၀မ်းနည်းရှာပေတော့မည်..။
    ဆရာ..အရာအားလုံးကို ခွင့်လွတ်လိုက်သောအခါ…. အားအင်တို့ကုန်ခမ်း နွမ်းရိ ဖြေလျှော့ကာ…လာရာလမ်းသို့ ပြန်ရပေတော့မည် ဟု သတိရမိတော့သည်..။
    စာစု(၁၄)
    သံယောဇဉ်သည်…တောင်ကျရေနှင့် အလားသဏ္ဌာန်တူပါသည်။ တောင်ကျရေသည် သစ်ပင် ကျောက်တုံး အမှိုက်သရိုက်တို့ကို တိုက်စား ဖယ်ရှားကာ စီးဆင်းသွားသကဲ့သို့ပင်တည်း..။တစ်ဖက်သော ..သမုဒယ ရေကာတာသည်လည်း သံယောဇဉ်တောင်ကျရေကြောင့် ကျိုးပေါက်ပြိုကွဲသွားလေပြီ။
    သို့သော်….ရေအစီးတွင် မျောပါသွားသော ပန်းအကြွေတို့သည် မလန်းတော့ဘဲ နွမ်းကြွေသွားခဲ့ပြီကိုး…။သားလေးမှ သိပါလေစ..။
    အကယ်၍သာ…ထိုပန်းကလေးသည် ရေစုန် ရေဆန်တွင် အံတုကာ မျောလျက် မနွမ်းကြွေတတ်သော ပန်းဗေဒါအဖြစ်… ဆရာဖြစ်ချင်လိုက်တာ..ဖိုးခွါးလေးရယ်…လို့ မိုက်မဲစွာ နောင်တရနေမိရင်း…။ သား..ဆရာကို လှောင်ပြုံးနေမှာလား ကလေးရယ်…။
    ဒါပေမယ့်..သားကို ဆရာတောင်းပန်ချင်တာက… ဆရာ့ဆန္ဒ၊ ဆရာ့အထာသဘောကတော့ … မျှော်လင့်ချက် ပန်းတိုင်ကလေးအပေါ်…၊ နေခြည် စို့မြူး ရောင်ခြည်သစ်ဦးလေး..၊ ကွန့်မြူးဖြန့်ကျဲ နွေးထွေးမှုလေး ပေးစွမ်းနိုင်ပါစေ..ကွယ်..။
    ဒါဆိုလျှင်… ဆရာ့အိမ်အပြန်ခရီးကို..`နွမ်းလျ အိမ်အပြန်´..လို့ ခေါင်းစဉ်တပ်ရတော့မှာပေါ့..။
    စာရေးသူ၏ အမှာ…
    (တို့ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စ ပြုရင်း၊ တည်ငြိမ်အေးချမ်းစ ပြုခဲ့ပြီ..။ဒါပေသည့် ကွက်လပ်မြူတစ်မှုန်မျှ မကျန်ရစ်ရလေအောင် မင်းတို့ ငါတို့အားလုံး၌ တာဝန်တစ်ရပ် ရှိနေသေးကြောင်း အစဉ်အမြဲသတိချပ်သင့်ပါသေးသည်..)
    တိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ...
    တက္ကသိုလ် စောနွယ်