Oct 17, 2009

ကရင်စာပေရေစီးကြောင်း(၅) နိဂုံးပိုင်း

ကရင်စာပေ ရေစီးကြောင်း

“တာကပေါ်” ခေါ် အလင်းရောင်မဂ္ဂဇင်း၊ “လယ်ဆူးညာ” ခေါ် ရှေ့သို့ မဂ္ဂဇင်း၊ “ဆာတူဝေါ” ခေါ် မိုးသောက်ကြယ် လစဉ်မဂ္ဂဇင် ၊ “ဖိုးသာအဘို” ခေါ် ကလေးသူငယ်များ၏ မိတ်ဆွေ လစဉ်မဂ္ဂဇင်း၊ “ပဟီပဃော” အိမ်ထောင်ရေး (The Home) သုံးလပတ် မဂ္ဂဇင်း၊ “ပွါ့ကွာသိုး” ခေါ် သိုးထိန်း မဂ္ဂဇင်း (The Shepherd) ၊ “ခရဲင်းမဂ္ဂဇင်း” ခေါ် ကရင်မဂ္ဂဇင်း၊ “ဆာတူဟား” မဂ္ဂဇင်း၊ “ဒေါကလုထော့မဲပါ”၊ “ဖဲယားဖလေး”၊ ”ပွါခေါ့တာဖိုး”၊ “ကလဲ့စက်”၊ “တာကပေါ်” ခေါ် လင်းရောင်ခြည် မဂ္ဂဇင်းနှင့် “ဆပ္ပရန်” စတည်တို့ ဖြစ်ကြပါသည်။

အထက်ဖေါ်ပြခဲ့သော ကရင်စာပေရေစီးကြောင်း တလျှောက်လုံးကို ပြန်လည် ဆန်းစစ်မည်ဆိုလျှင် ဒုတိယခေတ် ကရင်စာပေ၏ အောက်တွင် ထွန်းကားလာသော စာပေမှာ ဘာသာရေးအယူဝါဒကြောင့် စာပေထွန်းကားလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၉၆၂ ခုနှစ်၊ မတ်လနောက်ပိုင်းမှ စပြီး ကရင်စာပေ တတိယ ခေတ်ကာလဟု ခေါ်ဆိုရပေမည်။ ထိုအချိန်မှစပြီး ခေတ်ပြောင်းကောင်စီသည် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား အသီးသီးတို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုလုပ်ငန်းများကို ဖော်ထုတ်ရန်အတွက် အထူးဦးစားပေး ဆောင်ရွက်ခဲ့ပေသည်။

ကရင်စာပေ၏ တတိယခေတ်တွင် လူတိုင်း စာပေတတ်မြောက်ရေး၊ စာပေ အစွမ်းသတ္တိဖြင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အသုံးပြုရန်နှင့် စာပေ ညီညွတ်ရး တည်ဆောက်ရန် ကြိုးပမ်းလာကြသည်။ ထိုခေတ်ကို ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ခေါ်ဆိုရမည် ဖြစ်ပေသည်။ တတိယခေတ် ကရင်စာပေ လောကတွင် ကရင်ရိုးရာယဉ်ကျေးမှု အပေါ် အခြေခံသော သတင်းစား၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွက်လာပြီး ကရင်လူမျိုး စာရေးဆရာများနှင့် ဆောင်းပါးရှင် အများအပြား ပေါ်ထွန်းနေပြီ ဖြစ်သည်။

မန်းလင်းမြတ်ကျော် ၏ ကရင်ရိုးရာ သုတပဒေသာ စာအုပ်မှ ကူးယူဖေါ်ပြသည်။
မူရင်း။ ။http://www.smilemay.blogspot.com

No comments: