Oct 26, 2009

အတိတ်နိမိတ်နှင့် ယုံကြည်ယူဆချက်များ…

ကရင်ရိုးရာ အတိတ်နိမိတ်နှင့် ယုံကြည်ယူဆချက်များ

ကရင်ရိုးရာ သုတပဒေသာ စာအုပ်မှ…..

- ခရီးသွားမည့်ဆဲဆဲ သားငယ်၊ သမီးငယ် ငိုယိုသည်ဖြစ်စေ၊ အိမ်သားတစ်ဦးဦးက ချေသည်ဖြစ်စေ နိမိတ်မကောင်းဟုဆိုကာ ခရီးမသွားပဲ နေလေ့ရှိသည်။

- ခရီးလမ်းတွင် မြွေဖြတ်ကူးတာတွေ့လျှင် ခရီးလမ်းရှည်တတ်သည်။

- ချေငယ် ဆိုင် ဆတ် တမျိုးမျိုး လမ်းဖြစ်ကူတာတွေ့လျှင် နမိတ်မကောင်းဟုဆိုကာ နောက်သို့သာ လှည့်ပြန်လေရှိသည်။

- ကလေးငယ်များကို နားဖောက်ပေးထားလေ့ရှိသည်။ နားမဖေါက်ပေးထားလျှင် နောင်ဘ၀တွင် မျောက်ဖြစ်တတ်သည် (သို့) အချို့ဒေသ တွင် ပြောစကားနားမထောင် စသည့်ဖြင့် ယုံကြည်ကြသည်။

- ငလျင်လှုပ်သောအခါ ခေါင်းလျှော်ပြီး ဆီမထည့်ထားလျှင် ရူးတတ်သည်။ ငလျှင်လှုပ်လျှင် ကောင်းသော အတိတ်နမိတ် ယူတာလည်းရှိသလို မကောင်းသော နမိတ်ယူတာလည်းရှိသည်။

- အချိန်အခါ မဟုတ်ပဲ ပန်းများဖူးပွင့်လျင် နိမိတ်မကောင်းဟု ယူစကြသည်။

- ကောင်းကင်တွင် တိမ်တွေ ကွက်ကျား ကွက်ကျားပေါ်လျှင် ကျားရဲ တိရစ္ဆာ သောင်းကျန်းတတ်သည်။

- နဂါးငွေ့တန်းရာတွင် နဂါးငွေဖြစ်သန်းသွားသော အရပ်ဒေသမှာ သီးနှံပျက်စီးခြင်းနှင့် လူတို့ ဒုက္ခကြုံရမည့် အတိတ်နမိတ်ဖြစ်သည် ဟု ယူစကြသည်။

- မိုးကြိုးပစ်ခံရပါက အပြစ်ဒုစရိုက်များသောကြောင့်ဖြစ်သည်။

ဆက်ဖတ်ရန်...

- မိုးခေါင်ခြင်း ၊ လေမုန်တိုင်းကျခြင်း၊ ရေကြီးခြင်း၊ သီးနှံများရှာပါးခြင်း၊ ပိုးဖျက်ဆီးခြင်း၊ ၀မ်းရောဂါ၊ ကျောက်ရောဂါ အစရှိသည်တို့ ကျရောက်လျှင် အုပ်ချုပ်သူတို့ အကျုင့်သီလ ပျက်ခြင်းကြောင့်ဟု ယူဆကြ၏။

- ဥပါပျံခြင်းသည် ဥစ္စာစောင့်နတ်များ တနေရာမှ တနေရာသို့ ပြောင်းရွေ့သည် ၊တော်လဲခြင်းသည် မိုးကောင်းကင်မှရှိသော နတ်နဂါတို့ တရပ်မှတရပ်သို့ ပြောင်းရွေ့မြည်ဟည်းသံများ ဖြစ်သည် စသည်ဖြင့် ယူဆကြပြီး လက်ထပ် ထိမ်းမြားသူများနှင့် ကလေးမွေးဖွား သူများအတွက် နိမိတ်မကောင်းဟု ယူဆကြသည်။

- မိုးချုန်းခြင်း၊ လျှပ်လက်ခြင်း၊ သက်တန့်ပေါ်ခြင်း၊ နေကြတ်ခြင်း၊ လငပုတ်ဖမ်းခြင်း စသည့်အဖြစ်အပျက်များနှင့် ပတ်သက်ပြီ အတိတ်နမိတ်များ အမျိုးမျိုးဖတ်ကြပါတယ်။

- လငပုပ်ဖမ်းသည်ကို မကြည့်ရ၊ ကြည့်ပြီး လန့်ဖျပ်ခြင်း ဖြစ်လျှင် မုဆိုးမ ခုနစ်ယောက်အား ခေါ်ပြီး လိပ်ပြာခေါ်ပေးစေရသည်။

- ကိုယ်ဝန်ဆောင်မိန်းမသည် အော်ခြင်း၊ ငေါက်ခြင်း၊ စိတ်ဆိုးခြင်းများမရှိစေရ၊ ရှိခဲ့သော် ရရှိလာမည့်ကလေး စိတ်သဘောထား မကောင်းသော ကလေးဖြစ်တတ်သည်။

- ကိုယ်ဝန်ဆောင်မိန်းမသည် မျောက်သားမစားရ၊ စားလျှင် ရလာသောကလေးသည် မျောက်ကဲ့သို့ဆော့တတ်သည်။

- ကိုယ်ဝန်ဆောင်မိန်းမသည် ဒေါင်းသားစားလျှင် မွေးလာသောကလေးသည် ချောမောလှပမည်ဟု ယုံကြည့်ကြသည်။

- ကိုယ်ဝန်ရှိစဉ် ငှက်ပျော်သီးစားလျှင် ကလေး အမွှာပူး မွေးတတ်သည်။

- ကိုယ်ဝန်ရှိစဉ်တွင် မျက်စိစွေသောကလေး၊ ကိုယ်လက်အင်္ဂါ မစုံသောကလေးများကို မကဲ့ရဲရ ကဲ့ရဲ့လျှင် မွေးလာသော ကလေးမှာ ၀ဋ်လည်တတ်သည်။

- ကိုယ်ဝန်ရှိစဉ်တွင် သစ်သီးဝလံမခူးရ၊ အသက်ကိုမသတ်ရ၊ မိုးချုပ်နေ၀င်ရေမချိုးရ၊ ခြံဝင်ပေါက် ထွက်ပေါက်မှာ ပိတ်မဆို့ရ ကိုယ်ဝန်အတွက် အန္တရယ် ရောက်တတ်သည်။

- မီးဖွားပြီးသောအခါ ကလေးအချင်းကို ကောင်းမွန်စွာမြှုပ်နှံ၇မည်။ သို့မဟုတ်လျှင် ကလေးတွင်ရောဂါထူမည်။ ရေထဲမျှောမပြစ်ရ ကလေးရေနစ်သေဆုံးတတ်သည်။

- သက်တန့်ကို လက်ညှိုးမထိုးရ သက်တန့်တွင် အဖိုအမ နှစ်မျိုးရှိသည်ဟုယူစကြသည်။ သက်တန့်အပိုင်းပိုင်းပေါ်လျှင် အပူအအေး ညီမျှပြီး တစ်တန်းတည်းပေါ်လျှင် ပူပြင်မည်ဟု ယူဆကြသည်။

- ကြယ်ကြွေခြင်းကို မြင်ရသူသည် နမိတ်မကောင်းဟု ယူဆကြသည်။ ကြယ်ကြွေတာကိုတွေ့တဲ့သူသည် ဘယ်သူ့ကိုမှ မပြောရ ပြောလျှင် အသက်တိုသည်။

- ခြေသည်လက်သည်များနှင့် ဆံချည်ပင်များကို အိမ်အောက်သို့မချရ၊ ဇနီးသည်တွင် ကိုယ်ဝန်ရှိက ခင်ပွန်းဖြစ်သူသည် ဓါးရိုးတပ်ခြင်း၊ မသာအလောင်း ထမ်းခြင်းမပြုလုပ်ရ။

- မင်္ဂလာအိပ်ခမ်းကို လင်စုံမယားစုံရှိသောသူမှ ပြင်ပေးရမည်။ သို့မှသာ သေးဆုံးခြင်းနှင့်ကင်းဝေးပြီး သားသမီးများနှင့် စုံစုံညီညီ နေရလိမ့်မည်ဟု ယူဆကြသည်။

- ရွာအနီး ရွာပေါ်တွင် ငှက်ဆိုးထိုးလျှင် ရွာတွင် လူသေတတ်သည်။ သို့မဟုတ် ၇ွာတွင် မကောင်းမှု ကြရောက်တတ်သည်။

- မိုးခေါင်ခြင်း၊ မိုးရွာသွန်း ၍ ရေကြီးခြင်း တို့သည် မကောင်းမှုကြောင့် ကပ်ဆိုက်သည်ဟု ယုံကြသည်။

- မိုးခေါင်လျှင် ဓါးသွေးကျောက်ကို ရေစိမ်ခြင်ဖြင့် မိုးရွာသွန်းစေသည်။

- မိုးများလျှင် ဓါးသွေးကျောက်ကို ကျပ်ခိုးစင် တင်ခြင်းအားဖြင့် မိုးနည်းစေသည်ဟု ယုံကြည်ကြသည်။

- ရွာထဲသို့ ချေ(ဂျီ) ဖြတ်ပြေးသွားလျှင် ရွာပျက်မည့်နမိတ်ဟု ယုံကြည်ကြသည်။

- လိပ်ပြာအိမ်ထဲဝင် ၍ နေရာအနှံအပြားသို့ ပျံသန်းသွားပြီး တနေရာမှာ အတန်ကြာနားသော် ဧည့်သည်ရောက်မိ နမိတ်ဟု ယူဆကြသည်။

- နေ၀င်ဆည်းဆာတွင် ကြက်ဖသွန်လျှင်၊ ကြက်မသည် အုတော့မည်ကဲ့သို့အော်လျှင် နမိတ်မကောင်းဟု ယူဆကြသည်။ ကျရောက်မည့် ဥပဒ်ကိုရှောင်းရှားနိုင်ရန် ထိုကြက်ကိုသတ်စားရသည်။ မစားမိပါက အိမ်သားအပေါ် ဥပဒ် ရောက်တတ်သည်ဟု ယုံကြည်ကြသည်။

- ကြက်၊ ဘဲများ ကြက်ခြင်းဘဲခြင်းထဲသို့ ၀င်မိလျှင်လည်ကောင်း ခြင်းတောင်း၊ ပလိုင်း၊ အုပ်ဆောင်းဖြင့် ကြက် ဘဲများကို အလိုအလျောက်အုပ်မိရဲ့သားဖြစ်လျှင်လည်ကောင်း ယင်းကြက် ၊ ဘဲကို သတ်စားရသည် မစားမိလိုက်ပါက အိမ်တွင် ဥပဒ်ဖြစ်တတ် သည်ဟု ယုံကြည်ကြသည်။

- အိမ်တွင် ပျားအုံဆွဲလျှင် နမိတ်ကောင်းသည် လာတ်လာဘကောင်းသည်ဟု ယုံကြည်ကြသည်။

- အိမ်ပေါ်သို့ ဖွတ်တက်လျှင် နမိတ်မကောင်း အိမ်သားတစ်ဦးဦး သေကြေပျက်စီးတတ်သည်ဟု ယုံကြည်ကြသည်။

- တောထဲတွင် ခရီးသွားနေစဉ် တစ်ဦးအမည်ကို တစ်ဦးမခေါ်ရ ။ နာမည်ခေါ်လျှင် သင်းခွေချပ်ကြားသောအခါ ယင်းနာမည်ကိုလိုက်ခေါ် ၍ ထူးမိသူသည် ဘေးဥဒ် ကျရောက်နိုင်သည်ဟု ယုံကြည်ကြသည်။

- တောင်ယာထဲသို့သွားသောအခါ တောင်ယာတွင် စပါးကြီးမြွေတွေ့မည်ဆိုပါက နမိတ်မကောင်းဟု ယူဆကြပြီး ယာခင်းကို ပစ်ပယ် လေ့ရှိကြသည်။

- အောက်ချင်းငှက်နှင့် အောက်ဇာ ငှက်တို့ကို မသတ်စားကောင်း၊ အဖိုနှင့် အမ သစ္စာရှိကြသည်။ အဖိုကိုသတ်လျှင် အမပါသေတတ်သည်။ သတ်မိပါက သားသမီးများကို ခိုက်တတ်သည်ဟု ယူဆထားကြပါသည်။

မူရင်း။ ။ စိတ်ကူးယဉ်ပုံရိပ်စများ

No comments: