Oct 28, 2009

ကြိုးကြာအို

-အလှတရားဟာ ထူးခြားတယ်၊
နူးညံ့တယ် ၊ သိမ်မွေ့တယ်။
-နှလုံးသားဟာ ခံစားမှုနဲ့ယှဉ်တယ်။
-အချစ်ဆုံးဟာ အမုန်းဆုံး၊
အပြင်းထန်ဆုံး၊ ဝေဒနာပြယုဂ်ပါပဲ။
-အမုန်းတရားဟာ နှလုံးသားကို၊
ကြေပြုန်းစေတယ်၊
ဝမ်းနည်းကြေကွဲ မဆုံးပါပဲ။
-ထို့ကြောင့်…..
အကျဉ်းတန်သူရဲ့ အမှီအတွယ်ဟာ၊
အရှိန်ကုန်သွားတဲ့ မြားပမာ၊
အတောင်ကျွတ်တဲ့ ကြိုးကြာငှက်အိုလိုပါပဲ…။
စောသူ

No comments: