Oct 30, 2009

နွမ်းလျ အိမ်အပြန်…

ဝတ္ထု-တက္ကသိုလ် စောနွယ်

ယခင်ပို့စ်မှ အဆက်...

စာစု(၃)

ဆရာကြီး၏ မျှော်လင့်ချက်များကို ဆရာ့သားက ရောင်ခြည်ထွန်းသစ်စေသည်။ ပညာထူးချွန်အောင် ကြိုးစား၍ တစ်နှစ်တစ်တန်း မှန်မှန်တက်ပြီး သူငယ်တန်းမှ ဆယ်တန်းအထိ တစ်ကြိမ်မှ စာမေးပွဲကျခြင်းမရှိ။ လိမ္မာရေးခြားရှိ၍ အားလုံးက ချစ်ခင်လေးစားသည်ကို ဆရာကြီး သိမြင်ရလျှင် ဘ၀အတွက် အမောပြေခဲ့ရသည်။
ဆရာကြီးသည် သားကို မျက်စိအောက်က အပျောက်မခံနိုင်အောင် သံယောဇဉ်ကြီးလှသလို
သားကလည်း ဆရာကြီးကို ဆရာလိုတစ်သွယ် ကျေးဇူးရှင်ဖခင်လို တစ်ဖုံ၊ ခံယူထားကြသူများမို့…။အားလုံးက ဆရာတို့သားအဖ နှစ်ယောက်၏ မေတ္တာအကြင်နာကို မက်မော အားကျမဆုံးရှိကြလေသည်။
သားချမ်းမြေ့ ဆယ်တန်းအောင်တော့ ငါးဘာသာ ဂုဏ်ထူးပါသည်။ ဆရာ့မှာ မျက်ရည်လည်ရွဲနှင့် ၀မ်းသာကြည်နူးမှု မျက်ရည်များ တာကျိုးခဲ့သည်အထိ ဂုဏ်ယူမဆုံးဖြစ်ခဲ့သည်.။ သားဟူသော..နှုတ်မြည်သံက ပါးစပ်ဖျားမှာ မချ..။

ဆရာ့ရည်မှန်းချက် အကောင်မထည် ဖော်နိုင်ခဲ့သလောက် ဖော်နိုင်ခဲ့ပြီမို့…. နိုင်ကြာရွာကလေးသာမက ခလောက်နို့ တစ်ခွင်လုံးအတွက် ကျန်းမာရေး လုပ်သားကောင်းတစ်ဦး ပေါ်ထွန်းလာတော့မည်ကို အားရ၀မ်းသာ ကြိုဆိုနေမိသည်..။သားကလေးကိုလည်း တတ်အားသမျှ ဆုံးမရ၏။သားကလေးသာ ဆရာ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့မည်ဆိုလျှင် သူဘယ်တော့မှ အိမ်ထောင်မပြုဟု ကတိပေးခဲ့၏။(တကယ်လည်း ဆရာ့ဘ၀တွင် ကြင်ဖော်မရှာခဲ့ပါ)
သားကလေးကို ဆေးတက္ကသိုလ် တက်ခိုင်းမည်…။ ကျန်းမာရေး ၀န်ထမ်း ဆရာဝန်းကောင်းတစ်ယောက်ဖြစ်အောင် သွန်သင်ပေးပြီး၊ ကျေးရွာပြည်သူ့အကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး ထမ်းဆောင်စေမည်။
သို့သော်…..။

ဆက်ဖတ်ရန်...

စာစု(၄)

ဆရာ သေချာစွာ ဆန်းစစ်မိသည်..။ ဆရာအရွယ်ကောင်းတာ မှန်သည်။ တောကျောင်းဆရာ လစာဖြင့် သားဆရာဝန်ဖြစ်အောင် လုပ်ပေးဖို့မလွယ်..။ကျောင်းနေရမယ့်ုခုနစ်နှစ်အတွင်း ကုန်ကျစရိတ် နည်းနည်းနှောနှော မဟုတ်..။ ဆရာဝင်ငွေကလည်း တောကျောင်းဆရာလစာမှ လွဲ၍ အခြားဝင်ငွေမရှိ..။
သို့သော် သားလေး ဒီကိစ္စ မသိစေချင်..။ ကြည်လင်လန်းဆန်းနေသော သားဦးနှောက်ထဲ စိတ်ညစ်ညူးမှု အရိပ်မထင်စေချင်သေး…။ ဆရာ့ဖာသာ ဆရာ ပေသီးတွက်နေရသည်။

စာစု(၅)

ဆရာကျောင်းအလုပ်မှ ထွက်ပြီး၊ သားကိုခေါ်၍ ရန်ကုန်တက်မည်ဆိုတော့… အပေါင်းအသင်း အသိမိတ်ဆွေများက ဖျက်ကြသည်။ ရွာနှင့် ကလေးတို့၏ ပညာရေးအဆင်ပြေနေသော ဆရာ့ကို လက်လွှတ် အရှုံးဆုံး မခံလိုကြ…။ဆရာ့အနေဖြင့် ရွာကိုစွန့်ခွါ တောကျောင်းဆရာအလုပ်ကိုလည်း ကျောမခိုင်းရက်သော်လည်း…သားအရေးက ဆရာ့အရေးမို့… နောက်ဆုံး ဆုံးဖြတ်ချက် ပိုင်နိုင်စွာချကာ ဆရာမြို့ကို ပြောင်းရန်ယတိပြတ် ဆုံးဖြတ်လိုက်ရတော့သည်..။
သို့သော် သားလေးအတွက် ရတက်မအေးနိုင်သော အခြေအနေက ဖန်လာပြန်သည်။ ၁၉၈၈-ခုနှစ်၊ အရေးအခင်းသည် ဆရာ့ဆန္ဒကို ရိုက်ချိုး ခြေမွ ဖျက်ဆီးမှု ဆုံးခန်းတိုင် မတွန်းပို့လိုက်ရသော်လည်း ….သားအတွက် ဆရာဝန်ဖြစ်ရန် နောက်ကျခဲ့ပြီ..။ရွာအတွက်လည်း ထိခိုက်ရပြန်သည်။


လောလောဆယ် တည်ငြိမ်စပြု၍ အခြေအနေကောင်းလာပြီး ဆရာလည်း ဆရာ့သူငယ်ချင်းတစ်ယောက် ကောင်းမှုဖြင့် ကုမ္မဏီတစ်ခုတွင် ထိုက်ထိုက်တန်တန် အလုပ်တစ်ခု ရခဲ့သည်။ သားအတွက် အားတက်ရသလို…၊ ကျောင်းတက်လျှင် ပိုမိုအဆင်ပြေစွာ ရှိနိုင်ရေးအတွက် အိမ်အနီးရှိ အလုပ်ရုံတစ်ခုတွင် ၀င်လုပ်ပြန်သည်။ ဆရာသည် သားအတွက်ဆိုလျှင် ရှိသမျှ အလုပ်ကို သူပဲ လုပ်လိုက်ချင်ပါသည်။
အော်….မိဘတို့၏ သားသမီးကောင်းစားရေး လောဘကား မငြိမ်းသတ်နိုင်သော သောကမီးများ ထွန်းညှိတောက်လောင် ခံရမှုကို မိဘတို့ မသိချေ…။

စာစု(၆)

´သားရေ…`
´ဖေဖေ…`
`သားလေး…ဆေးတက္ကသိုလ်(၁)မှာ တက်ခွင့်ရတယ်သားရဲ့..။အခုမှပဲ ဖေဖေသားအတွက် အပူလုံးကြီး ကျသွားတော့တယ် သားရယ်…။
`သားလည်း ဖေဖေ့ ကျေးဇူးကို အမြဲတမ်း လေးစားတန်ဖိုးထားမှာပါ ဖေဖေ`…။
ဆရာစောထူးရယ်ဟာ..သားရဲ့ ချိုသာတဲ့ အာဟာရစကားကို ကြားရတော့ `မစားရ ၀ခမန်း` ဆိုသလိုပဲ …ရင်မှာ ကြည်နူးခြင်းနှင့်အတူ မျှော်လင့်ချက် ဆီမီးအလင်းရောင်လေး တစ်ပိုင်းတစ်စ ထွန်းလင်းလာသလို မြင်လိုက်ရသည့်အတွက် ကျေနပ်ပီတိ ဖြစ်နေမိသည်..။


အော်´သား` ဒါနဲ့…ပါး သားကို စကားတစ်ခွန်း ဆုံးမချင်တယ် ဖိုးခွါး`…
´ဟာ..ပါးကလည်း သားက၊ ပါးစကားကို ဘယ်တုန်းကများ ပစ်ပယ်ခဲ့ဖူးတာ ရှိခဲ့လို့လဲ ပါးရယ်´..။
´တစ်ခွန်းမဟုတ်ဘူး ပါး..၊ အခွန်းတစ်ရာ..၊ အခွန်းတစ်ထောင်လည်း သားက လိုက်နာမှာပါ ပါးရဲ့´..။
ဆရာထူးရယ် သားကို ရင်ခွင်သွင်းကာ ရှုမ၀သော ကြည့်ခြင်းဖြင့် ကြည့်လိုက်မိသည်။

´ပါး..ပြောချင်တာ တစ်ခြားမဟုတ်ဘူး သားရဲ့´..။သားဘ၀မှာ အရေးကြီးဆုံးက ဘာလဲ…။ နောက်ပြီး ပါးတို့ မကျေပြွန်သေးတဲ့ ရပ်ရေး၊ရွာရေး၊ ကျန်းမာရေးကိစ္စတွေကို တာဝန်ကျေပြွန်အောင် ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်ဆိုတာ…သားရင်ထဲမှာ အမြဲတမ်း စွဲထင်နေဖို့ပဲ သား….။
´ဒါလား…ပါး…၊ သားက ကျေးဇူးကို ဘယ်တော့မှ မမေ့သလို၊ အပါးဆန္ဒကို သားဘာကြောင့် မဖြည့်ဆည်းနိုင်ရမှာလဲ အပါးရယ်´…။


ဒီလိုစကားမျိုးကြားရတော့ ဆရာထူးရယ်မှာ ဘ၀ကို နစ်မြုပ်အရင်းထုတ်ရတာ …ထိုက်တန်လိုက်တာ ဟု တွေးတောရင်း.. ရောင်ခြည်သစ်နှင့်အတူ လျှောက်လှမ်းချီတက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရပေဦးမည်..ဟု သန္ဒိဌာန်ချမိတော့သည်..။

ဆက်လက်ဖော်ပြပါဦးမယ်...။

Oct 29, 2009

သွေးသမိုင်း...

ဧရာရေကြည် သွေးချောင်းတည်၊

မျိုးဆက်သွေးနီ စတေးမည်၊

သံလွင်စီးတိုင်း မျက်ရည်ဝိုင်း၊

ကြွေးကျော်မဆိုင်း သွေးသမိုင်း၊

ကိုးမြစ်နဒီ သွေးစက်နီ

တုနှိုင်းမမည် သစ္စာတည်၊

သမိုင်းဆက်များ ဓိဌာန်ထား၊

သွေးကလောင်သွား ရေးမှတ်သား

နေ၀န်းနီ ဒေါနမြေ

မူရင်း။ ။ ဖားစည်သံ

Oct 28, 2009

ကြိုးကြာအို

-အလှတရားဟာ ထူးခြားတယ်၊
နူးညံ့တယ် ၊ သိမ်မွေ့တယ်။
-နှလုံးသားဟာ ခံစားမှုနဲ့ယှဉ်တယ်။
-အချစ်ဆုံးဟာ အမုန်းဆုံး၊
အပြင်းထန်ဆုံး၊ ဝေဒနာပြယုဂ်ပါပဲ။
-အမုန်းတရားဟာ နှလုံးသားကို၊
ကြေပြုန်းစေတယ်၊
ဝမ်းနည်းကြေကွဲ မဆုံးပါပဲ။
-ထို့ကြောင့်…..
အကျဉ်းတန်သူရဲ့ အမှီအတွယ်ဟာ၊
အရှိန်ကုန်သွားတဲ့ မြားပမာ၊
အတောင်ကျွတ်တဲ့ ကြိုးကြာငှက်အိုလိုပါပဲ…။
စောသူ

Oct 26, 2009

အတိတ်နိမိတ်နှင့် ယုံကြည်ယူဆချက်များ…

ကရင်ရိုးရာ အတိတ်နိမိတ်နှင့် ယုံကြည်ယူဆချက်များ

ကရင်ရိုးရာ သုတပဒေသာ စာအုပ်မှ…..

- ခရီးသွားမည့်ဆဲဆဲ သားငယ်၊ သမီးငယ် ငိုယိုသည်ဖြစ်စေ၊ အိမ်သားတစ်ဦးဦးက ချေသည်ဖြစ်စေ နိမိတ်မကောင်းဟုဆိုကာ ခရီးမသွားပဲ နေလေ့ရှိသည်။

- ခရီးလမ်းတွင် မြွေဖြတ်ကူးတာတွေ့လျှင် ခရီးလမ်းရှည်တတ်သည်။

- ချေငယ် ဆိုင် ဆတ် တမျိုးမျိုး လမ်းဖြစ်ကူတာတွေ့လျှင် နမိတ်မကောင်းဟုဆိုကာ နောက်သို့သာ လှည့်ပြန်လေရှိသည်။

- ကလေးငယ်များကို နားဖောက်ပေးထားလေ့ရှိသည်။ နားမဖေါက်ပေးထားလျှင် နောင်ဘ၀တွင် မျောက်ဖြစ်တတ်သည် (သို့) အချို့ဒေသ တွင် ပြောစကားနားမထောင် စသည့်ဖြင့် ယုံကြည်ကြသည်။

- ငလျင်လှုပ်သောအခါ ခေါင်းလျှော်ပြီး ဆီမထည့်ထားလျှင် ရူးတတ်သည်။ ငလျှင်လှုပ်လျှင် ကောင်းသော အတိတ်နမိတ် ယူတာလည်းရှိသလို မကောင်းသော နမိတ်ယူတာလည်းရှိသည်။

- အချိန်အခါ မဟုတ်ပဲ ပန်းများဖူးပွင့်လျင် နိမိတ်မကောင်းဟု ယူစကြသည်။

- ကောင်းကင်တွင် တိမ်တွေ ကွက်ကျား ကွက်ကျားပေါ်လျှင် ကျားရဲ တိရစ္ဆာ သောင်းကျန်းတတ်သည်။

- နဂါးငွေ့တန်းရာတွင် နဂါးငွေဖြစ်သန်းသွားသော အရပ်ဒေသမှာ သီးနှံပျက်စီးခြင်းနှင့် လူတို့ ဒုက္ခကြုံရမည့် အတိတ်နမိတ်ဖြစ်သည် ဟု ယူစကြသည်။

- မိုးကြိုးပစ်ခံရပါက အပြစ်ဒုစရိုက်များသောကြောင့်ဖြစ်သည်။

ဆက်ဖတ်ရန်...

- မိုးခေါင်ခြင်း ၊ လေမုန်တိုင်းကျခြင်း၊ ရေကြီးခြင်း၊ သီးနှံများရှာပါးခြင်း၊ ပိုးဖျက်ဆီးခြင်း၊ ၀မ်းရောဂါ၊ ကျောက်ရောဂါ အစရှိသည်တို့ ကျရောက်လျှင် အုပ်ချုပ်သူတို့ အကျုင့်သီလ ပျက်ခြင်းကြောင့်ဟု ယူဆကြ၏။

- ဥပါပျံခြင်းသည် ဥစ္စာစောင့်နတ်များ တနေရာမှ တနေရာသို့ ပြောင်းရွေ့သည် ၊တော်လဲခြင်းသည် မိုးကောင်းကင်မှရှိသော နတ်နဂါတို့ တရပ်မှတရပ်သို့ ပြောင်းရွေ့မြည်ဟည်းသံများ ဖြစ်သည် စသည်ဖြင့် ယူဆကြပြီး လက်ထပ် ထိမ်းမြားသူများနှင့် ကလေးမွေးဖွား သူများအတွက် နိမိတ်မကောင်းဟု ယူဆကြသည်။

- မိုးချုန်းခြင်း၊ လျှပ်လက်ခြင်း၊ သက်တန့်ပေါ်ခြင်း၊ နေကြတ်ခြင်း၊ လငပုတ်ဖမ်းခြင်း စသည့်အဖြစ်အပျက်များနှင့် ပတ်သက်ပြီ အတိတ်နမိတ်များ အမျိုးမျိုးဖတ်ကြပါတယ်။

- လငပုပ်ဖမ်းသည်ကို မကြည့်ရ၊ ကြည့်ပြီး လန့်ဖျပ်ခြင်း ဖြစ်လျှင် မုဆိုးမ ခုနစ်ယောက်အား ခေါ်ပြီး လိပ်ပြာခေါ်ပေးစေရသည်။

- ကိုယ်ဝန်ဆောင်မိန်းမသည် အော်ခြင်း၊ ငေါက်ခြင်း၊ စိတ်ဆိုးခြင်းများမရှိစေရ၊ ရှိခဲ့သော် ရရှိလာမည့်ကလေး စိတ်သဘောထား မကောင်းသော ကလေးဖြစ်တတ်သည်။

- ကိုယ်ဝန်ဆောင်မိန်းမသည် မျောက်သားမစားရ၊ စားလျှင် ရလာသောကလေးသည် မျောက်ကဲ့သို့ဆော့တတ်သည်။

- ကိုယ်ဝန်ဆောင်မိန်းမသည် ဒေါင်းသားစားလျှင် မွေးလာသောကလေးသည် ချောမောလှပမည်ဟု ယုံကြည့်ကြသည်။

- ကိုယ်ဝန်ရှိစဉ် ငှက်ပျော်သီးစားလျှင် ကလေး အမွှာပူး မွေးတတ်သည်။

- ကိုယ်ဝန်ရှိစဉ်တွင် မျက်စိစွေသောကလေး၊ ကိုယ်လက်အင်္ဂါ မစုံသောကလေးများကို မကဲ့ရဲရ ကဲ့ရဲ့လျှင် မွေးလာသော ကလေးမှာ ၀ဋ်လည်တတ်သည်။

- ကိုယ်ဝန်ရှိစဉ်တွင် သစ်သီးဝလံမခူးရ၊ အသက်ကိုမသတ်ရ၊ မိုးချုပ်နေ၀င်ရေမချိုးရ၊ ခြံဝင်ပေါက် ထွက်ပေါက်မှာ ပိတ်မဆို့ရ ကိုယ်ဝန်အတွက် အန္တရယ် ရောက်တတ်သည်။

- မီးဖွားပြီးသောအခါ ကလေးအချင်းကို ကောင်းမွန်စွာမြှုပ်နှံ၇မည်။ သို့မဟုတ်လျှင် ကလေးတွင်ရောဂါထူမည်။ ရေထဲမျှောမပြစ်ရ ကလေးရေနစ်သေဆုံးတတ်သည်။

- သက်တန့်ကို လက်ညှိုးမထိုးရ သက်တန့်တွင် အဖိုအမ နှစ်မျိုးရှိသည်ဟုယူစကြသည်။ သက်တန့်အပိုင်းပိုင်းပေါ်လျှင် အပူအအေး ညီမျှပြီး တစ်တန်းတည်းပေါ်လျှင် ပူပြင်မည်ဟု ယူဆကြသည်။

- ကြယ်ကြွေခြင်းကို မြင်ရသူသည် နမိတ်မကောင်းဟု ယူဆကြသည်။ ကြယ်ကြွေတာကိုတွေ့တဲ့သူသည် ဘယ်သူ့ကိုမှ မပြောရ ပြောလျှင် အသက်တိုသည်။

- ခြေသည်လက်သည်များနှင့် ဆံချည်ပင်များကို အိမ်အောက်သို့မချရ၊ ဇနီးသည်တွင် ကိုယ်ဝန်ရှိက ခင်ပွန်းဖြစ်သူသည် ဓါးရိုးတပ်ခြင်း၊ မသာအလောင်း ထမ်းခြင်းမပြုလုပ်ရ။

- မင်္ဂလာအိပ်ခမ်းကို လင်စုံမယားစုံရှိသောသူမှ ပြင်ပေးရမည်။ သို့မှသာ သေးဆုံးခြင်းနှင့်ကင်းဝေးပြီး သားသမီးများနှင့် စုံစုံညီညီ နေရလိမ့်မည်ဟု ယူဆကြသည်။

- ရွာအနီး ရွာပေါ်တွင် ငှက်ဆိုးထိုးလျှင် ရွာတွင် လူသေတတ်သည်။ သို့မဟုတ် ၇ွာတွင် မကောင်းမှု ကြရောက်တတ်သည်။

- မိုးခေါင်ခြင်း၊ မိုးရွာသွန်း ၍ ရေကြီးခြင်း တို့သည် မကောင်းမှုကြောင့် ကပ်ဆိုက်သည်ဟု ယုံကြသည်။

- မိုးခေါင်လျှင် ဓါးသွေးကျောက်ကို ရေစိမ်ခြင်ဖြင့် မိုးရွာသွန်းစေသည်။

- မိုးများလျှင် ဓါးသွေးကျောက်ကို ကျပ်ခိုးစင် တင်ခြင်းအားဖြင့် မိုးနည်းစေသည်ဟု ယုံကြည်ကြသည်။

- ရွာထဲသို့ ချေ(ဂျီ) ဖြတ်ပြေးသွားလျှင် ရွာပျက်မည့်နမိတ်ဟု ယုံကြည်ကြသည်။

- လိပ်ပြာအိမ်ထဲဝင် ၍ နေရာအနှံအပြားသို့ ပျံသန်းသွားပြီး တနေရာမှာ အတန်ကြာနားသော် ဧည့်သည်ရောက်မိ နမိတ်ဟု ယူဆကြသည်။

- နေ၀င်ဆည်းဆာတွင် ကြက်ဖသွန်လျှင်၊ ကြက်မသည် အုတော့မည်ကဲ့သို့အော်လျှင် နမိတ်မကောင်းဟု ယူဆကြသည်။ ကျရောက်မည့် ဥပဒ်ကိုရှောင်းရှားနိုင်ရန် ထိုကြက်ကိုသတ်စားရသည်။ မစားမိပါက အိမ်သားအပေါ် ဥပဒ် ရောက်တတ်သည်ဟု ယုံကြည်ကြသည်။

- ကြက်၊ ဘဲများ ကြက်ခြင်းဘဲခြင်းထဲသို့ ၀င်မိလျှင်လည်ကောင်း ခြင်းတောင်း၊ ပလိုင်း၊ အုပ်ဆောင်းဖြင့် ကြက် ဘဲများကို အလိုအလျောက်အုပ်မိရဲ့သားဖြစ်လျှင်လည်ကောင်း ယင်းကြက် ၊ ဘဲကို သတ်စားရသည် မစားမိလိုက်ပါက အိမ်တွင် ဥပဒ်ဖြစ်တတ် သည်ဟု ယုံကြည်ကြသည်။

- အိမ်တွင် ပျားအုံဆွဲလျှင် နမိတ်ကောင်းသည် လာတ်လာဘကောင်းသည်ဟု ယုံကြည်ကြသည်။

- အိမ်ပေါ်သို့ ဖွတ်တက်လျှင် နမိတ်မကောင်း အိမ်သားတစ်ဦးဦး သေကြေပျက်စီးတတ်သည်ဟု ယုံကြည်ကြသည်။

- တောထဲတွင် ခရီးသွားနေစဉ် တစ်ဦးအမည်ကို တစ်ဦးမခေါ်ရ ။ နာမည်ခေါ်လျှင် သင်းခွေချပ်ကြားသောအခါ ယင်းနာမည်ကိုလိုက်ခေါ် ၍ ထူးမိသူသည် ဘေးဥဒ် ကျရောက်နိုင်သည်ဟု ယုံကြည်ကြသည်။

- တောင်ယာထဲသို့သွားသောအခါ တောင်ယာတွင် စပါးကြီးမြွေတွေ့မည်ဆိုပါက နမိတ်မကောင်းဟု ယူဆကြပြီး ယာခင်းကို ပစ်ပယ် လေ့ရှိကြသည်။

- အောက်ချင်းငှက်နှင့် အောက်ဇာ ငှက်တို့ကို မသတ်စားကောင်း၊ အဖိုနှင့် အမ သစ္စာရှိကြသည်။ အဖိုကိုသတ်လျှင် အမပါသေတတ်သည်။ သတ်မိပါက သားသမီးများကို ခိုက်တတ်သည်ဟု ယူဆထားကြပါသည်။

မူရင်း။ ။ စိတ်ကူးယဉ်ပုံရိပ်စများ

Oct 25, 2009

၀့ဿ္ဖဢ္အဢ္ (အဲဢ္၀ါ)....

၀့ဿ္ဖဢ္အဢ္...


ဒီသီချင်းကတော့ စကောကရင်ဘာသာလိုဖြစ်ပါတယ်..။ ကျနော်က စကောကရင်ကို မတတ်ပါဘူး..။အနည်းအကျဉ်းတော့ နာလည်ပါတယ်..။ငယ်ငယ်တုန်းကတော့ စကောကရင်စာ သင်ဖူးပေမယ့် ကောင်းကောင်းမတတ်မြောက်ပါဘူး..။ခုပြန်လေ့လာတုန်းပါပဲ..။လာလည်တဲ့ စကောကရင်ညီအစ်ကိုမောင်နှစ်မများအတွက် အပျင်းပြေ သီချင်းလေး တင်ပေးလိုက်ပါတယ်..။ ပျော်ရွှင်ပါစေ..။
စကောကရင်သီချင်းများကို youtube ပေါ်မှာတင်ထားတာ အများကြီးရှိပါတယ်။ဒါပေမယ့် ရှာရတို့ အချိန်ပေးနေရမယ်ဆိုရင်... ဒီမှာ နှိပ်ပြီးတော့..သွားရောက်ခံစားနိုင်ပါတယ်..။

Oct 22, 2009

နွမ်းလျ အိမ်အပြန်…

ဝတ္ထုလဲာ-တက္ကသိုလ် စောနွယ်

နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ် ဆိုတဲ့ကာလဟာ သာမန်အတွေးနဲ့ တွေးကြည့်ရင်..ဟောင်းမြေ့ အိုရင့်နေသယောင် ရှိပေမယ့် ဦးထူးရယ်..အသိမှာတော့ မနေ့ကမှ ဖြစ်ပျက် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် တည်နေဆဲပါ…။

ရွှေဖားစည်ကားဂိတ်ဆိုတာက မူလလက်ဟောင်းရှိနေခဲ့တဲ့ ဘားအံ-ရန်ကုန်သွား ခရီးသည်တွေရဲ့ အကျိုးတော်ဆောင် မိတ်ဆွေကောင်းအဖြစ် ဦးထူးရယ် မှတ်သား စွဲရှိနေဆဲပင် မဟုတ်လား။ အခုလည်း ဒီကားဂိတ်ကို ရောက်ခဲ့ပြန်ပြီကော..။ ဒါပေမယ့် ဟိုးအရင်က ရွှေဖားစည်ကားဂိတ်နဲ့ သားလေး စောချမ်းမြေ့ကို ခေါက်တုန့်ခေါက်ပြန်ပို့ရင်း ဆက်နွယ်ခဲ့ရတဲ့ အချိန်တွေဟာ မမေ့နိုင်လောက်အောင် အလွန်ပျော်စရာကောင်းလှပေမယ့်… ဒီတစ်ခေါက် ရွှေဖားစည်ကားဂိတ်ကို ရောက်ခဲ့တာကတော့ နောက်ဆုံး ဖြစ်ချင်ဖြစ်နေမှာ…။

ဘာဖြစ်လို့လဲဆိုတော့ အဘစောထူးရယ် ရန်ကုန်ကနေ ဘားအံမှတစ်ဆင့် သူနေထိုင်ရာ ရွာကလေးတစ်ရွာကို ပြန်ခဲ့တာကိုး…။အပြီးအပိုင်ပြန်လာခဲ့တာပါလို့ သူ့စိတ်ထဲက အလိုလိုသိနှင့်နေတယ်လေ..။ ည(၈း၀၀)နာရီ ထိုးတော့မည်မို့ … အောင်မင်္ဂလာအဝေးပြေးကနေ ကားစထွက်ပေတော့မည်။ သူ့စိတ်က မထင်ပါပဲ.. သူ့သားလေး အလာကို မျှော်လင့်နေဆဲပါ..။
ကားသည် အချိန်စေ့သည်နှင့် ခရီးသည်များ မကျန်ရှိရလေအောင် နှိုးဆော်အသံပြုရင်း လိုရာခရီးကို မောင်းနှင်ထွက်ခွါ့ခဲ့လေပြီ။ ရုတ်တရက် မိုးက သဲကြီးမဲကြီး ရွာချလိုက်ပါ၏..။ယိုစိုးထွက်ကျလာရန် တာစူနေသော အဘစောထူးရယ်၏ မျက်လုံးအစုံမှ အလွမ်းမျက်ရည်များလည်း တာကျိုးသလို ဒရဟော ပြိုဆင်းလာကုန်တော့သည်။ မျှော်လင့်ချက် ရောင်ခြည်သစ်တို့….တကယ်ပဲ ကွယ်ပျောက်သွားတော့မှာလား…
တစ်ထစ်ချ ယုံကြည်ရတော့မှာလား…လို့ အဘစောထူးရယ်၏ စိတ်ထဲတွင် ရေရွတ်မိတော့သည်။

ဆက်ဖတ်ရန်...

စာစု(၁)
စောထူးရယ် အသက်နှစ်ဆယ်မှာ တောကျောင်းဆရာလေး စလုပ်သည်။ သူ…ကလေးတွေကို စာသင်ကြားရတာက မြို့မှ သုံးမိုင်လောက်ဝေးသည့် ခလောက်နို့၊ နိုင်းကြာရွာကလေးတစ်ရွာတွင် ဖြစ်သည်။
ကရင်တိုင်းရင်းသားချည်းနေသော ရွာကလေးဖြစ်တဲ့အတွက် အိမ်ခြေ တစ်ရာကျော်လောက်ပဲ ရှိသည်။ထိုရွာ နံဘေးရှိ၊ လှိုင်ဝါး၊လှိုင်ပုံ၊ မင်္ဂလာရွာသစ်၊ တောင်နား စတဲ့ရွာတွေကို အိမ်ခြေ စုစုပေါင်း ရေတွက်လိုက်လျှင် အိမ်ခြေ လေးငါးရာနီးပါး ရှိလေသည်။သို့တိုင် ထိုစဉ်က နိုင်ကြာမူလတန်းကျောင်း တစ်ကျောင်းသာ ရှိသေးသည်။ ရွာသူ၊ ရွာသားတို့မှာ အေးဆေးရိုးသားကြပြီး လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းတို့ဖြင့် နှီးဖြာ၊ တောင်းယက်၊ ၀ါးခုတ်ရောင်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ မြို့နားနီးကြသော်လည်း ဗမာစကားကိုကျွမ်းကျင်စွာ မပြောတတ်ကြချေ။ ပညာတတ်ဟူ၍ ထိုစဉ်က လက်ချိုးရေတွက်၍ပင် ရလောက်သည်။

နိုင်ကြာဘုန်းကြီးကျောင်း ဆရာတော် ဦးဝေပုလ္လဓမ္မ၏ အမြော်အမြင် ဆိုဆုံးမမှုဖြင့်သာ ..။ထိုစဉ်က လှာကဒေါင်းအုပ်စုတွင်း ကျေးရွာငါးရွာ ကိုယ်စားပြု နိုင်ကြာဘုန်းကြီးကျောင်းအတွင်း၌သာ အစိုးရမူလတန်းကျောင်း တစ်ကျောင်းတည်းသာ ရှိခဲ့လေသည်။ ထိုအချိန်အခါကား ၁၉၇၆-ခုနှစ် ကာလဖြစ်ပါသည်။ ထိုကာလသည် အလင်းမပီ၊ အမှောင်မမည်းသော ကာလဖြစ်သည့်အလျောက် စီးပွါးရေး အမြင်မကြည်လင်သောကာလဖြစ်သလို … လူမှုကျန်းမာရေးပညာကအစ မလန်းဆန်းမကြည်လင်သေးသော ကာလဖြစ်ပါသည်။ ထို့ကြောင့် ရွာရှိလူကုန်ပညာရေးကို အားပေးသော်လည်း ၀မ်းရေးမစိုပြေသဖြင့် သားသမီးများ လူတန်းစေ့ကျောင်းထား ပညာသင်ကြားနိုင်ရေးကို အတော်လေး လုံးပန်းကြိုးစားရသော ကာလလည်းဖြစ်ပါသည်။

စာစု(၂)

ဝေ့….ဆရာလေး…
တစ်နေ့သော မိုးရာသီ ကျောင်းဖွင့်စ ကာလဖြစ်ပါသည်။ မျှစ်ပလိုင်းကို အပြည့်လွယ်မရင်း.. ကလေးတစ်ယောက်ကို လက်စွဲကာ စာသင်ကျောင်းသို့ ရောက်လာသော အမျိုးသမီးတစ်ယောက်၏ ခေါ်သံကြောင့် … ဆရာထူးရယ် မျက်လုံးများ ပြူးကျယ်သွားလေသည်..။အော်…အနော ပါလား..။ဘာလိုလို့လဲဝေ့….၊ ဆရာထူးရယ်က စောစောက အသံပြုလာသော ကလေးအမေကို ကြိုဆိုလိုက်လေသည်။

ငါ့သားလေးက ကျောင်းနေချင်တယ်..၊ ငါကလည်း သူ့ကို စာတွေအများကြီး တတ်စေချင်တယ်…၊ ငါတို့က ဆင်းရဲတယ်လေ။ သူ့အဖေက လေဖြတ်ခံထားရတယ်..။ ငါ့သားလေးအတွက် အားကြီးစိတ်မကောင်းဖြစ်ရတယ်..ဝေ့..။ တကယ်လည်း သူတို့ဘ၀က ခါးစည်း ၀တ်လဲ ချုပ်စပ်ပြဲနှင့်ဖြစ်၏။ သို့သော် လူကဆင်းရဲသော်လည်း သားသမီးက ရေတွက်မနိုင်အောင် စီးပွါးလှသည်။ ဆံထုံးတော်ကြီး တမာသီးနှင့်ဖြစ်သည်..။ထိုအချိန်က ဆရာစောထူးရယ်မှာ မူလတန်းပြတာဝန်ယူ၍ ပညာ့ဝန်ကို ထမ်းဆောင်နေပြီး ဖြစ်သည်။ ဆရာထူးရယ်…. ထိုကလေး လေးကို နိုင်ကြာဆရာတော်၏ခွင့်ပြုချက်ဖြင့် မွေးစားလိုက်သည်။ထိုအချိန်မှစ၍ လူပျိုကြီး ကလေးအဖေရာထူးကို တိုးမြင့်ရက်သား ဖြစ်သွားသည်။

မိဘများနှင့် အတူနေစဉ်က ကလေးမှာ ကျောင်းတက်မပျင်း၊ ပညာသင်လိုစိတ်ပြင်းပြသော်လည်း ကျောက်သင်ပုန်းမ၀ယ်နိုင်…။ဗလာစာအုပ်ဆိုတာ ကိုင်ဖူးတယ်မရှိဟု မဆိုရက်သော အခြေအနေတွင် ရှိသည်။
ကျောင်းစိမ်းလုံချည်နှင့် အင်္ကျီဖြူသည် ကျောင်းသား ၊ကျောင်းသူများ ၀တ်ဆင်ရမည်ဟု သတ်မှတ်ချက်ထားရှိသော်လည်း ကျောင်းဝတ်စုံသည် ထိုကလေး၏ ကိုယ်ပေါ်သို့ မကပ်နိုင်..။ လုံခြုံ၍ လူမြင်ကောင်းရုံ၊ ဆိုလောက်ရုံသာ ဘောင်းဘီတို ၀တ်စုံပေါ် လက်ချုပ်အိမ်အဖြစ် စွပ်ကျယ်အင်္ကျီ တစ်ထည်သည နှစ်လုံးပေါက် စိုးမိုးထားသည်ကို မှတ်မိနေသည်..။ဖတ်သီ ဖတ်သီ မိသားစု ဘ၀အခြေအနေကို ဆရာကြီးက သတိထားမိသည်။သည်အခါ ထိုမျက်နှာမွဲ ကလေးအပေါ်၌ ဆရာကြီးသည် အကြင်နာပိုခဲ့ရသည်။ မနေထိ မထိုင်သာ ဆရာကြီး စိတ်ထိခိုက်ခဲ့ရသည်ဖြစ်ရာ….။ကလေး၏ ဘ၀တစ်ခုလုံးကို တာဝန်ယူရန် ဆရာတော်အား အသိပေး၍ ကလေးမိဘနှစ်ပါးထံ မွေးစားခွင့်ပြုရန် ခွင့်ပန်ခဲ့လေသည်။

တကယ့်ဆရာစေတနာက အရိုးပေါ် အရွက်မဖုံးစေချင်သည့် ကျောက်ရိုင်းတစ်ပွင့်ကို အရည်သွေးလိုသော စိတ်ရင်းကောင်းဖြင့် စေတနာကို မတည်လိုက်ခြင်းဖြစ်လေသည်..။ဆရာ့ဆန္ဒက… အနာဂတ်အတွက် လူမွန်လူချွန်တစ်ယောက် ပေါ်ထွန်းလာရေး၊ ပညာတတ်လူငယ်တစ်ယောက်အဖြစ်၊ ရပ်ရွာအတွက် အားကိုးအားထားပြုလောက်သော အမျိုးကောင်းသားတစ်ယောက် ပေါ်ထွန်းလာရေး..ဟူသော မျှော်လင့်ချက်တို့ဖြင့် အုဌ်မြစ်ချ ဆန္ဒအရင်း တည်ခဲ့ခြင်းသာ ဖြစ်ပါသည်…။

ဆက်လက်ဖော်ပြပါဦးမည်...။

Oct 19, 2009

ကရင်ရိုးရာ ဗေဒင်များ (၂)

မဂဏန်း စုံဂဏန်း ဗေဒင်

၃ - အကောင်းဆုံး
၂ ၁ သင့်ရုံကောင်း
- ၃ အဆိုးဆုံး၊ အညံ့ဆုံး
သရင်ဟော ဗေဒင်
အရက်ဟောဗေဒင်ကို စီးပွားရေးနဲ့ ပါတ်သက်သည့်ဟောကိန်းများမှာ အသုံးပြုပါတယ်။ ဗေဒင်းတွက်ချင်တဲ့သူက အရက်တပုလင်းကို သွားဝယ်ယူရပါမယ်။ ဗေဒင်ဆရာက အရက်ကို ပုဂံလုံးငယ်တစ်ခုထဲကို အပြည့် လောင်းထည့် လိုက်ပြီး ပုဂံလုံးရဲ့မျက်နှာပြင် ညီညီညာညာ ရှိစေရပါ့မယ်။

ခွက်ထဲမှရှိတဲ့ အရက်ရဲ့ မျက်နှာပြင်ပေါ်မျာ အဆီလုံးလေးများအနည်းငယ်ရှိနေပါက စီးပွားရေး အသင့်အသင့်ကောင်းမည်။ အဆီလုံးများ မျက်နှာပြင် တစ်ခုလုံရှိနေပါက စီးပွားရေးမကောင်းဖြစ်မည်။ အရက်ကို သောက်သုံးပြီး ကျန်ရှိနေတဲ့အရက် တစ်ခွက်စာကို ပုဂံလုံးထဲ အားလုံး လောင်းချလိုက်ရပါမယ်။ ပန်းကန်လုံးထဲမှာ အမှိုက်များစွာရှိလည် စီးပွားရေးအောင်မည်။ ငွေကြေးများစွာရမည်။ အမှိုက်ကလေး အနည်းငယ်သာရှိလျှင် စီးပွားရေး အတော်အသင့်သာဖြစ်မည်။ အမှိုက်လုံးဝမရှိလျှင် စီးပွားရေး လုံးဝ မဖြစ်နိုင်ဆိုပြီး ဟောကိန်းထုတ်နိုင်ပါတယ်။

ဆက်ဖတ်ရန်...

လက်ချေင်းဟောဗေဒင်

လက်ချောင်းဗေဒင်တွက်တဲ့သူတွေဟာ ကတိသစ္စာ ခံဝန်ချက်များထားရှိရပါတယ်။ ဗေဒင်လာတွက်တဲ့သူ တွေရှိမှ ကွမ်းတယာနဲ့ ဆေးတငုံပဲ ယူခွင့်ရှိပါတယ်။ ဒီထက်ပိုယူခွင့်မရှိပါဘူး။ ယူခဲ့မိရင်လည်း နောင်တွင် ကိုယ့်ရဲ့ ဗေဒင်တွက်ကိန်းမမှန်တော့ဘူးဆိုပြီး ယုံကြည့်ကြပါတယ်။ ဗေဒင်တွက်ပြီးနောက်ပိုင်း ဗေဒင်မှန်ကန်တယ်ဆိုပြီး ကျေးဇူးဆပ်ပေးကမ်းခြင်းကိုတော့ ယူခွင့်ရှိပါတယ်။

လက်ချောင်းဗေဒင်တွက်နည်းကို ပစ္စည်းပျောက်ဆုံး၊ ခရီးသွားခြင်း ကူးသန်းရောင်းဝယ်ခြင်းများတွင် တွက်ချက် ကြလေ့ရှိပါတယ်။ လက်ချောင်းငါးချောင်းကို သက်ဆိုင်ရာ လက်ချောင်းတချောင်းစီတွင် ဟောကိန်းအသီးသီး မှတ်ထားရပါတယ်။ ဗေဒင်တွက်တော့မယ်ဆိုလျှင် သက်ဆိုင်ရာ ဂါထာကိုရွတ်ဆိုးပြီး ဂါထာဆုံးသည့်တိုင်အောင် လက်သန်းမှသည် လက်ညှိုး၊လက်ညှိုးမှသည် လက်သန်းလှည်ပတ်ပြီး တချောင်းစီ ရေတွက်သွားရပါတယ်။ ဂါထာဆုံးသော် လက်ချောင်းကလေးငါးချောင်းအနက် တချောင်းချောင်းတွင်ဆုံးတော် ထိုလက်ချောင်းမှာ မှတ်ထားသော ဟောကိန်းကို ဟောကိန်းထုတ်မည် ဖြစ်ပါတယ်။
လက်ချောင်းငါးချောင်းနဲ့ သတ်မှတ်တဲ့ဟောကိန်းတွေကတော့-

ပစ္စည်းပျောက်ဟောဗေဒင်

-လက်မ-ပြန်တွေ့/ရမည်
-လက်ညှိုး-ကြား/ပြန်ရမည်
-လက်ခလယ်-မကြား/ပြန်မရ
-လက်သူကြွယ်-သတင်းကြား/ပြန်ရ
-လက်သန်း-အနီးအနားမှသာရှိ

ခရီးသွားဟောဗေဒင်

-လက်မ-မြန်မြန်ပြန်ရောက်မည်
-လက်ညှိုး-ယာယီကြန့်ကြာမည်
လက်ခလယ်-ဒုက္ခနှင့်ကြုံကြိုက်၊ကြန့်ကြာ
-လက်သူကြွယ်-ပူစရာမလို
-လက်သန်း-ကောင်းမွန်စွာပြန်ရောက်မည်။

ရောင်းဝယ်ရေးဟောဗေဒင်

-လက်မ-အကျိုးရှိမည်
-လက်ညှိုး-အလိမ်ခံရမည်
-လက်ခလယ်-ရှုံးမည်
-လက်သူကြွယ်-အကျိုးအနည်းငယ်ရှိ
-လက်သန်း-အကျိုးမရှိ

ဂါထာရွတ်ဆိုသောအခါ ပစ္စည်းပျောက်ဗေဒင်အတွက် ရွက်ရသော ဂါထာမှာ ကရင်လို အောက်ပါအတိုင်းဖြစ်ပါတယ်။
“ကိုင်း-ဖိုး-ဒို-ခွား-တ-ဂါ-မ-နာ-ကယ်-အ-ကလော်-ဖား-တ-ဒူး-လော်-မာ-၀ဲ-လော်။ မေ-ဘာ-က-ထီ-နေ-ကေ-ဟား။
မေး-ထီ-ကေ-ဒေါ့-မော-အ-လော်-ဘာ-လဲ-ယ-စူး-လဲ-ယ-ယူ-ထော်-အ-လို-တ-ဘိုး-ဘိုး-အီ-တ-ကေ”

ဆိုလိုတာက-“ဥုံဖွ-ညကတူလေးနွားတစ်ကောင်းပျောက်သွားသည်။ပြန်တွေ့နိုင် ပါမည်လား။ပြန်တွေ့မည်ဆိုပါက လက်ချောင်းကလေး ငါးချောင်းအနက် တချောင်းချောင်းတွင် ကျရောက်ပါစေ” ဟူပြီး ဖြစ်ပါသည်။ ကျန်လက်ချောင်းဟောဗေဒင်နှစ်မျိုးတွင်းလည်း အလာတူ ဂါထာမျိုးကို ရွတ်ဆို တွက်ချက်ရ မည်ဖြစ်ပါတယ။်

မူရင်း။ ။ စိတ်ကူးယဉ် ပုံရိပ်စများ

Oct 18, 2009

သူပုန်လေး တစ်ယောက်အကြောင်း

မြူတွေဆိုင်းပြီး
လှချင်တိုင်းလှနေတဲ့
ဒေါနတောင်ခြေ ရွာငယ်လေးက
အသက်အငယ်ငယ်နဲ့ သူပုန်ဖြစ်ခဲ့ရတဲ့ ကျနော်
ဘ၀ပေးအသိနဲ့
တော်လှန်သူတွေကို ချစ်တယ်
တော်လှန်ရေးကြီးကို ချစ်ခဲ့တယ်။

မသိစိတ်မှာ ကြောက်စိတ်တွေသာ ကြီးစိုးပေမယ့်
သိစိတ်မှာ တစစီကြေမွသွားအောင် … ။

မိုးတည
တောင်ယာတဲဝမှာ
အရိပ်မဲတွေ ထိုးကျခဲ့တယ်
အပါးကို သွေးစိမ်းရှင်ရှင်ကျ အသားတွေ အထပ်ထပ်မွန်း
အမိုးကို ဘက်နက်ပြ အလှည့်ကျ စနစ်နဲ့ …
ကျနော်ကျတော့ ရှင်လျှက်နဲ့ သေခဲ့ရပေါ့။

ဆက်ဖတ်ရန်...

တကောင်ကြွက်
အဖော်မဲ့ဘ၀ ဖြစ်အောင်
အိပ်မက်နဲ့ အတွေးတွေကြား
တုန်လှုပ်ခြောက်ခြားနေရအောင်
ဝတ်စုံတွေမြင်တိုင်း
ပုန်းအောင်းနေတတ်အောင်
သေနတ်နဲ့ ဘက်နက်မြင်တိုင်း
သွေးပျက်ထိတ်လန့်နေရအောင်
ရူးသွပ်သူ တစုက
ကျနော့်ငယ်ဘ၀ကို
မညှာမတာ ချေမွခဲ့ကြတယ်။

တသသ
အမှတ်တရ ပန်းချီကား
အမိုးနဲ့အပါး အချစ်ဆုံးသား ကျနော်
အဖော်က မိုးမခ
ဒေါနတောင်တန်းကြီးနဲ့
မြူတလှည့် မိုးတလှည့်
စိုလက်နေတဲ့ တောင်ယာတွေ
တံပိုးသံနဲ့ ရိုးရာတေး
ကျောက်ဆောင်ကြားက ငါးလေးတွေ

သစ်သီးတွေစား လှည့်စားတတ်တဲ့ ရှဥ့်ငယ်တွေ
တတောလုံးမွေး တတောင်လုံးသင်း
ပွင့်ချင်တိုင်းပွင့်နေတဲ့ ပန်းရိုင်းတွေ
တခါတခါ ပြည့်ပြည့်၀၀
တခါတခါလည်း မပြည့်မဝ
ဒါပေမယ့်
အမြဲတမ်းရှင်းသန့်နေတဲ့ လရောင်တွေ
ကျနော် …
သူတို့နဲ့ဘဲ ပျော်ခဲ့ရတယ်။

တောင်ယာတွေကို သိပ်ချစ်လို့
သူပုန်ဖြစ်ခဲ့ရသူဆိုရင်
သင်တိုင်းဖြူမက လွဲလို့ …

ကျနော်ကတော့
တော်လှန်သူဘ၀ကို
နောက်ဆုံးထွက်သက်ထိ ချစ်နေပါဦးမယ်။ ။

ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော၏ ပလိုင်းအိမ်နှင့်လူ့အခွင့်အရေးကဗျာမှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ အဲခါန်သင့် မှတစ်ဆင့် ပြန်လည်ဖော်ပြပါတယ်။

Oct 17, 2009

ဇွဲကပင်ပညာဒါနအသင်း စာမူဖိတ်ခေါ်ခြင်း...

ဇွဲကပင်ပညာဒါနအသင်း (၁၀)ကြိမ်မြောက်အစည်းအဝေးအတွက် အထိန်းအမှတ်မဂ္ဂဇင်းစာစောင် စာမူဖိတ်ခေါ်ခြင်း

လေးစာစွာ ဖိတ်ခေါ်အပ်ပါသည်….

ဇွဲကပင်ပညာဒါနအသင်း၏ (၁၀)ကြိမ်မြောက်အစည်းအဝေးအတွက် အထိန်းအမှတ်မဂ္ဂဇင်းတစ်စောင် ထုတ်ဝေမည်ဖြစ်ပါ၍ စာပေ၀ါသနာရှင်များ၊ မိမိတို့ကြိုက်နှစ်သက်ရာအကြောင်းအရာများကို ရေးသားပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

အသင်းတည်ထောင်သည့်နှစ်= (၂၃၊၁၊၂၀၀၅)ခုနှစ်တွင် စတင်တည်ထောင်သည်။
အသင်း၏တည်နေရာ=ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ။

အသင်း၏ဦးတည်ချက်=

(၁)ပညာတတ်ကရင်အမျိုးသားရဟန်းတော်များနှင့်မျိုးဆက်သစ်လူငယ်များ
ပေါ်ထွန်းလာစေရန်၊
(၂)အမျိုးဘာသာ သာသနာနှင့်ရိုးရာယဉ်ကျေးမှု အမွှေအနှစ်များ ချစ်မြတ်နိုးတတ်၍ ၄င်းတို့ကို ထိန်းသိမ်းစောင့်ရှောက် မြင့်တင်လိုသော စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန်၊
(၃)ကရင်အမျိုးသားတို့၏ ဘာသာရေး၊လူမှုရေး၊စီးပွါးရေးဆိုင်ရာ အသိဥာဏ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်။

ပေးပို့နိုင်သည့် စာမူအမျိုးအစား…….

၁။ကဗျာ ၂။ဆောင်းပါး ၃။ဝတ္ထုတို ၄။ဆုံးမစကား။

စာမူများသည်

၁။ပညာရေး ၂။ဘာသာရေး ၃။အမျိုးသားရေးတို့နှင့်သက်ဆိုင်ရမည်။

ဘာသာ(စာပေ)ကို

၁။အရှေ့ပိုးကရင်စာ ၂။မြန်မာစာ ၃။အင်္ဂလိပ်(English)တစ်မျိုးမျိုးဖြင့် ရေးသားနိုင်သည်။
30.9.2009 နေ့ကို နောက်ဆုံးထား၍ ပေးပို့ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

မှတ်ချက်။ စာရေးသူ၏ နာမည်နှင့်လိပ်စာကို တိတိကျကျ ဖေါ်ပြပေးစေလိုပါသည်။

စာမူပေးပို့ရန်နေရာ=

Email…..(1)Sawkukasen@gmail.com
(2)Konaga2006@gmail.com

စာတိုက်မှတစ်ဆင့် ပေးပို့လိုလျှင်=

PRA MAHAKASEN
WAT NATKORN-IN
T. SUNYAI
A. MOUNG
G. NOTHABURI
THAILAND 11000

(အောက်တိုဘာလ နောက်ဆုံးထား၍ စာမူများပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်)

ဆက်ဖတ်ရန်...


အင်းယာ့လၞံင်္ဘး လိက်ဖေါဟ်ဆာၟသယ် ကိုဝ်ဟှာဆေ၀်ၟလ၀့်ဆာ်...

ခွဲါက႟င်ပညာ့ဆု္ဘုံးကုံလွဲာဝေ့ အု္ဘႜင်(၁၀)ထင်း္ဘါဆ်ုအှ်ကံင်းအ်ုဏါင်းအ်ုဟှင် မ်ုထုက်ထင်း္ဘးသာလိက်္ဘိင်း အ်ုခေါဟ်စံင် အဲဆိုဒ်ဆတႜာပညာ့ဆာ.၊လိက်ဖေါဟ်ဆာသယ်လ်ုဖး ကေ၀်သုင့်ဖှေ်လာ. လ်ုသာအှ်လိက်ဏှ် လၞံင်အင်းယာ့္ဘးဆေ၀်လ၀့်ဆာ်။

ကုံလွဲာပ္တံင်ထင်းဏိင်း= ၂၃.၁.၂၀၀၅ ဏှ် ပ္တံင်ထင်းဝယ်၊
ကုံလွဲာအှ်လင်ကႜယ်=္ဘင်ကုဂ်ဍုံ၊ သာင့်ခါန်.

ကုံလွဲာဆ်ုပုယောဟ်=

(၁)ပညာ့သှေ်.အှ် ပ်ုဖႜုံယှင်ဖေါဟ်သင့်ဂၞီ့ ဍေဆိုဒ်္ဘံင်သင့်ဖေါဟ်ဍီပႜီးသယ်္ဘေ့မ်ုဖႜဟ်ထင်းသိုဝ်၊
(၂)ဆိုဒ်၊ဘာ.သာ့သာသႝာ့ဍေထူရူ့မုင်.္ဘျာ ခံင်အယ်ဟှေဝ်သယ်လ်ုဖး အဲဍိုဝ်ပါပြေဟှံင် မ်ုယောဝ်ဟှေဝ်အှ်ကှေ်ထ႟ါဍေမ်ုဆိုတ်ထင်းထ၀့်္ဘးသာ သာ သယ်အှ်္ဘေ့မ်ုဖႜဟ်ထင်းသိုဝ်၊
(၃)ဖႜုံယှင်ဖေါဟ်သယ်္ဘးဆာင့်ဍေဘာ.သာ့ဟှာင်၊လိုဒ်ကာမႝီ.ဟှာင်၊ဆ်ုထင်းအဲုးထင်းဖးထင်းဟှာင်သယ်ဝေ့ ဆ်ုသှေ်ယာ့ဏးသှေ်လ်ုဖး္ဘေ့မ်ုသှေ်ယာ့လဲာထင်း မ်ုအးထင်းသိုဝ်၊

မေံထ်ာခါ့(မူၟဆာ့ခါ့)ကုံလွဲာဆ်ုမာ= လ်ုခါန်မ်ုညာ.အိုဝ် မာလောဟ်လိက်ဖႜုံယှင်ဖေါဟ်သင့်ဂၞီ့သယ်လ်ုဖး လ်ုဏိင်းလု္ဘႜင် ထ႟ါပ်ုခိင်ပညာ့ထႜာ်ဍေအ်ုမေရီကင်ဍ၀်လာ၊

သုင့်ဏေ၀်လိက်အးမိင်အးစိင်..

၁။လ်ုဝါ် ၂။လိက်သာထိင်. ၃။ဝတ္ထုအိင်း ၄။ဆ်ုခႜါင်အင်းသံင်း(လ်ုမိင်မိင်)

လိက်ဏှ်္ဘးထိုဝ်္ဘုဂ်္ဘး္ဘးဆာင့်သာဍေ..

၁။ပညာ့အ်ုဟှာင်. ၂။ဘာ.သာ့အ်ုဟှာင် ၃။ဆိုဒ်ဟှာင်.သယ် လ်ုမိင်မိင်ဆေ၀်လှ်။

အေဟှံင်….

၁။လိက်ဖႜုံ(လိက်ထူ့လီ) ၂။လိက်ပ်ုယင် ၃။လိက်ခေါဝ်လာအွာ(English) သိုင့်ဘာသာဏှ် လ်ုမိင်မိင်ဟှေဝ် ကေ၀်ဏေ၀်ဍးသာလ၀့်။(အဲလင်ဆိုဒ်လ်ုဖႜုံလ်ုခ၀့်ဏှ် အင်းဟှးလင်္ဘး ဍောဟ်မာလ၀့်။)
30.9.2009 မူ.ဏီဏှ် အ်ုလင်ခါင့်ထုက် သုင့်လာအေထံင်ဆာ်။
ဏါင်း။
ကေ၀်လိက်ဆာ.ဝေ့ မိင်ဍေလိက်ဒၞံင်(လိပ်စာ) ကေ၀်ဖႜဟ်လာအေထီ့ဆာ.ဏှ် အင်းယာ့္ဘးဆေ၀်လ၀့်ဆာ်။

္ဘးသုင့်လိက်လင်ကႜယ်=

Email…..(1)Sawkukasen@gmail.com
(2)Konaga2006@gmail.com


သုင့်ဍေလိက်(စာတိုက်)ဏှ်=

PRA MAHAKASEN
WAT NATKORN-IN
T.SUNYAI
A.MOUNG
G.NOTHABURI
THAILAND 11000

မှတ်ချက်။ ။အရင်ပို့စ်တုန်းက တစ်ခါတင်ပြီးပါပြီ။ ဇွဲကပင်ပညာဒါနအသင်းရဲ့(၁၀)ကြိမ်မြောက်အထိန်းအမှတ်အနေနဲ့ ကရင်ညီအစ်ကိုမောင်နှမများ ပါဝင်ရေးသားပေးဖို့ အထူးပဲတိုက်တွန်းလိုပါတယ်။ခုမဂ္ဂဇင်းထုတ်ဝေဖို့ အရမ်းနီးကပ်လာအတွက် ဘလော့ပေါ်မှာ ထပ်ပြီးတင်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။

ကရင်စာပေရေစီးကြောင်း(၅) နိဂုံးပိုင်း

ကရင်စာပေ ရေစီးကြောင်း

“တာကပေါ်” ခေါ် အလင်းရောင်မဂ္ဂဇင်း၊ “လယ်ဆူးညာ” ခေါ် ရှေ့သို့ မဂ္ဂဇင်း၊ “ဆာတူဝေါ” ခေါ် မိုးသောက်ကြယ် လစဉ်မဂ္ဂဇင် ၊ “ဖိုးသာအဘို” ခေါ် ကလေးသူငယ်များ၏ မိတ်ဆွေ လစဉ်မဂ္ဂဇင်း၊ “ပဟီပဃော” အိမ်ထောင်ရေး (The Home) သုံးလပတ် မဂ္ဂဇင်း၊ “ပွါ့ကွာသိုး” ခေါ် သိုးထိန်း မဂ္ဂဇင်း (The Shepherd) ၊ “ခရဲင်းမဂ္ဂဇင်း” ခေါ် ကရင်မဂ္ဂဇင်း၊ “ဆာတူဟား” မဂ္ဂဇင်း၊ “ဒေါကလုထော့မဲပါ”၊ “ဖဲယားဖလေး”၊ ”ပွါခေါ့တာဖိုး”၊ “ကလဲ့စက်”၊ “တာကပေါ်” ခေါ် လင်းရောင်ခြည် မဂ္ဂဇင်းနှင့် “ဆပ္ပရန်” စတည်တို့ ဖြစ်ကြပါသည်။

အထက်ဖေါ်ပြခဲ့သော ကရင်စာပေရေစီးကြောင်း တလျှောက်လုံးကို ပြန်လည် ဆန်းစစ်မည်ဆိုလျှင် ဒုတိယခေတ် ကရင်စာပေ၏ အောက်တွင် ထွန်းကားလာသော စာပေမှာ ဘာသာရေးအယူဝါဒကြောင့် စာပေထွန်းကားလာရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၁၉၆၂ ခုနှစ်၊ မတ်လနောက်ပိုင်းမှ စပြီး ကရင်စာပေ တတိယ ခေတ်ကာလဟု ခေါ်ဆိုရပေမည်။ ထိုအချိန်မှစပြီး ခေတ်ပြောင်းကောင်စီသည် ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား အသီးသီးတို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုလုပ်ငန်းများကို ဖော်ထုတ်ရန်အတွက် အထူးဦးစားပေး ဆောင်ရွက်ခဲ့ပေသည်။

ကရင်စာပေ၏ တတိယခေတ်တွင် လူတိုင်း စာပေတတ်မြောက်ရေး၊ စာပေ အစွမ်းသတ္တိဖြင့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အသုံးပြုရန်နှင့် စာပေ ညီညွတ်ရး တည်ဆောက်ရန် ကြိုးပမ်းလာကြသည်။ ထိုခေတ်ကို ဆိုရှယ်လစ်စာပေ ခေတ်ဦးပိုင်းဟု ခေါ်ဆိုရမည် ဖြစ်ပေသည်။ တတိယခေတ် ကရင်စာပေ လောကတွင် ကရင်ရိုးရာယဉ်ကျေးမှု အပေါ် အခြေခံသော သတင်းစား၊ ဂျာနယ်၊ မဂ္ဂဇင်းများ ပေါ်ထွက်လာပြီး ကရင်လူမျိုး စာရေးဆရာများနှင့် ဆောင်းပါးရှင် အများအပြား ပေါ်ထွန်းနေပြီ ဖြစ်သည်။

မန်းလင်းမြတ်ကျော် ၏ ကရင်ရိုးရာ သုတပဒေသာ စာအုပ်မှ ကူးယူဖေါ်ပြသည်။
မူရင်း။ ။http://www.smilemay.blogspot.com

Oct 16, 2009

gmail message translation

ဒီတစ်ခါတော့ လာလည်သူညီအစ်ကိုမောင်နှမများ..အပျင်းပြေ ဗဟုသုလေးတစ်ခုမျှဝေချင်ပါတယ်။ ဘာမှတော့မဟုတ်ပါဘူး gmail နဲ့ပတ်သက်တဲ့ ဗဟုသုတလေးပါ။ သိပြီးသူများကတော့ မသိချင်ဟန်ဆောင် နေလိုက်ပေါ့နော့်..။ ဘာလဲဆိုတော့ translate message new feature လို့ဆိုရမှာပေါ့။ ဘာသာစကားတွေကို automaticaly ဘာသာပြန်ပေးတဲ့ အကြောင်းလေးပါ။ဒီဘာသာပြန်ကဏ္ဍမှာ ဘာသာစကား ၃၀ ကျော် ၄၀ လောက် ပြန်လို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာဘာသာတော့ မပါဘူးပေါ့ဗျာ။ တစ်ချို့ ကိုးရီးယားလို၊ ထိုင်းလိုစတဲ့ ဘာသာစကားတွေကို ကိုယ့် အီးမေးလ်မှာ လာရင် အင်္ဂလိပ်လို ဘာသာပြန်ပြီးတော့ ဖတ်လို့ရတာပေါ့။ ဒီလိုပါပဲ အင်္ဂလိပ်ကနေ တစ်ခြားဘာသာသို့ ပြန်နိုင်ပါတယ်။ webpage တွေ၊ document တွေအတွက်ဆိုရင် ဒီမှာသွားကြည့်နိင်ပါတယ်ဗျာ။

အခုပြောတာက ကိုယ် gmail message inbox ထဲမှာ လာတဲ့ စာတွေကို ဘာသာပြန်တာပါ။ ဘယ်လိုလုပ်ရမလဲဆိုတာ… လွယ်လွယ်လေးပါ။ message in box ကို ဖွင့်လိုက်ပါ။ ပြီးရင် setting > labs>ကို နှိပ်။ အဲဒီမှာ message translation ကိုတွေ့ပါလိမ့်မယ်။ enable, disable မှာ enable ကိုရွေး၊ save change ကို နှိပ်ပြီးပါပြီ။ နောက် ကိုယ့် gmail in box ထဲမှာ အောက်မှာ ပြထားတဲ့အတိုင်း စမ်းကြည့်လိုက်ပါနော်။



ဆက်ဖတ်ရန်...



ဒီကနေတစ်ဆင့် အောက်ကလို ဘာသာပြန်ချင်တဲ့ ဘာသာစကားတွေကို ရွေးယူရုံပါပဲနော့်။

ဒါဆိုရင် ဘာသာတော်တော်များများ ပြန်လို့ရပါပြီဗျာ။
အားလုံးပျော်ရွှင်ပါစေ…။

Oct 15, 2009

ဇွဲကပင်ဖေါင့် အသုံးပြုပုံ အသုံးပြုနည်း

အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ…

ဒီပို့စ်ကိုတော့ ကရင်စာတွေ အင်တာနက်ပေါ်မှာ အသုံးပြုဖို့ အဆင်ပြေအောင်ဆိုပြီးရေးဖြစ်ပြန်ပါတယ်။ အရင်ပို့စ်တုန်း တစ်ခါရေးပြီးပါပြီ။ ဒါပေမယ့် အသေးစိတ်ရှင်းပြတာ မရှိသေးတဲ့အတွက် ဒီပို့စ်ကို ထပ်ရေးလိုက်ပါတယ်။ ကရင်စာတွေကို ကောင်းကောင်းအသုံးပြုတတ်သူများအတွက်မဟုတ်ပါ။

သုံးခါစ၊ ဘယ်လို install လုပ်ရမလဲ? ဘယ်လိုဒေါင်းလုတ်ယူရမလဲ ဆိုတဲ့ မသိသေးသူ ကရင်ညီအစ်ကို မောင်နှမများအတွက်သာ ရည်ရွယ်ပါတယ်။ တစ်ခါတလေကျတော့လည်း လွယ်လွယ်လေးနဲ့ သတိမထားမိလို့ မသိတာလည်း ရှိတတ်ပါတယ်။ သိပြီးသူများ၊ သုံးတတ်သူများကိုတော့ အားနာပါတယ်။ နားလည်ခွတ်ခွတ်ပေးလိမ့်မယ်လို့ မျော်လင့်ပါတယ်။ဒီပို့ရေးရတာ ခပ်ရှက်ရှက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးကစားစရာဖြစ်နေမှာ စိုးလို့ပါ။ဒါပေမယ့် တစ်စုံတစ်ရာ အကျိုးဖြစ်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ။

ကရင်ဖေါင့်ကို အရင်က အင်တာနက်စာမျက်မှာမှာ ဘယ်လိုပေါ်အောင် လုပ်ရမလဲဆိုတာ မိမိကိုယ်တိုင် အမြင်မကျယ်လို့လား..တကယ်မရှိသေးလို့လားတော့ မသိပါဘူး.။ ကရင့်ဖေါင့်ပေါ်အောင် ကြံဖန်ပြီး
သုံးရပါတယ်။ KP font က ကရင်စာကို ကွန်ပျူတာအတွက်သာ ဖြစ်ပါတယ်။ လက်ကွက်လည်း
ခု ဇွဲကပင်ဖေါင့်နဲ့ မတူပါဘူး။ keyboad layout လည်း မရှိတော့ တော်တော်ဒုက္ခ ရောက်ရပါတယ်။

ဆက်ဖတ်ရန်...

ဒီဖေါင့်က အင်တာနက်စာမျက်နှာမှာ သုံးလို့ အဆင်မပြေပါဘူး။ဒါကြောင့် ဒီလိုအပ်ချက်ကို သိပ်မကြာသေးတဲ့ နှစ်မှာ ကျော်ခရော့စ်( Zwekabin org) က ဖန်တီးလိုက်လို့ အားလုံးအတွက် အဆင်ပြေသွားပါတယ်။ ဇွဲကပင်ဖေါင့်က ပိုးကရင်၊ စကောကရင်၊ အနောက်ပိုးကရင်စတဲ့ ကရင်အားလုံးအတွက် အသုံးပြုလို့ ရသွားပါတယ်။ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတော့ တစ်ချို့က ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိသေးတဲ့ မောင်နှမများ ရှိကောင်း ရှိပါလိမ့်မယ်။ တကယ်လို့ ရှိခဲ့ရင် ဒီပို့စ်က အကျိုးပြုလိမ့်မယ်လို့ မျော်လင့်ရပါတယ်။ ဒီဇွဲကပင်ဖေါင့်ကို
Blog တော်တော်များများမှာ ဒေါင်းလုတ်ယူရန် ဆိုပြီး တင်ထားကြပါတယ်။ အဲဒါကို ဒေါင်းလုတ်ယူပြီး သုံးဖို့ပါ။

ဒေါင်းလုတ်တဲ့အခါ zip ဖိုင်ဖြစ်တဲ့အတွက် ဖိုင်ကို အရင်ဖြေရပါတယ်။ ဖိုင်ဖြေဖို့ ဆော့ဝဲရ် မရှိသေးဘူးဆိုရင် ဒီမှာ ဒေါင်လုတ်ပြီး မိမိ ကွန်ပျူတာထဲမှာ install လုပ်ပါ။ ပြီးရင် ဖိုင်ကို right clik ထောက်၊ extra file here ဆိုတာ နှိပ်၊ ok ပေးလိုက်ရင် ရပါပြီ။ အဲဒီနောက် ရလာတဲ့ဖိုင်ကို ဖွင့်လိုက်ရင် Zwekabin ဖေါင့်ကို နှစ်မျိုးနှစ်စားတွေ့ပါလိမ့်မယ်။ အဲဒီနောက် Zwekabin ဖေါင့်ထဲမှာ Zwekabin (normal) နဲ့ Zwekabin (tide)ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီထဲမှာ Zwekabin (tide)ကိုပဲ install လုပ်ပါ။ ပိုပြီး အဆင်ပြေပါတယ်။ install မလုပ်ခင် အရင်လုပ်ရမှာက အဲဒီဖိုင်တွေထဲမှာ T တံဆိပ်ပါတဲ့ ဖေါင့်သက်သက်တစ်ခုကို copy ယူပြီး control penel ထဲမှာ Font ဆိုတဲ့ program ကို ဖွင့်ပြီး past ထည့်လိုက်ရင် တစ်ဆင့်ပြီးသွားပါပြီ။


တစ်ခုသတိထားရမှာက ဒီဇွဲကပင်ဖေါင့်ဟာ Alpha Zawgyi version 3 နဲ့မှ ကောင်းကောင်းအလုပ်လုပ်ပါတယ်။
အခု နောက်ဆုံး version ဖြစ်တဲ့ alpha Zawgyi 2008 နဲ့ဆိုရင် (္ဘ) ဆိုတဲ့စာလုံးကို မပေါ်ပါဘူး။
ဒါကြောင့် မိမိကွန်ပျူတာမှာ ဘယ်လို ဇော်ဂျီ ဖေါင့်တွေနဲ့ ထည့်ထားတာလဲဆိုတာ သိထားရပါမယ်။ ဒါမှ လည်း ကရင်စာကောင်းကောင်းပေါ်နိုင်မယ်လေ။ဒီအဆင့်တွေ အားလုံးပြီးသွားပြီ ဆိုရင် မိမိကွန်ပျူတာရဲ့ tab bar ပေါ်မှာ ကြည့်နိုင်ပါတယ်။ tab bar အပေါ်မှာ language bar ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီ language bar က မိမိကွန်ပျူတာကို alpha Zawgyi font install လုပ်ပြီး restart လုပ်ပြီးရင် ပေါ်လာပါတယ်။ အဲဒီမှာ us, alpha zawgyi, Zwekabin ဆိုပြီး တွေ့ပါလိမ့်မယ်။ တကယ်လို့ zwekabin language bar မတွေ့သေးဘူးဆိုရင် ခုနက install exe ကို install ထပ်လုပ်ပါ။ ပေါ်လာပါလိမ့်မယ်။

တစ်ခါတစ်ကျတော့ ကွန်ပျူတာရဲ့ အနည်းငယ် problem ကြောင့် language bar မပေါ်ဘဲ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဒီလို ဖြေရှင်းလိုက်ပါ။ control penal>မှ regional and language option>ကိုသွား၊ double click>နှိပ် choose>- keyboard and language>ကိုရွေး၊ choose >-change keyboard>ကို ထပ်ရွေး၊ and choose- language bar>ကိုရွေး၊ and select docked in the taskbar>ကို select ပေးလိုက်ပါ၊ apply>နှိပ်၊ ok ထပ်နှိပ၊် ဒီဆင့်ဆင့်တွေကို လုပ်ပြီးရင် taskbar မှာ language bar ပေါ်ပါပြီ။ ဒါက window vista အတွက်ချိန်းနည်းပါ။ window xp အတွက်ဆိုရင် အနည်းငယ် ကွဲပြားနိုင်ပါတယ်။ စမ်းကြည့်လိုက်ပါ။
မိမိက စာရိုက်စမ်းတော့မယ်ဆိုရင် microsoft word နဲ့ အဆင်ပြေဆုံးပါ။ notepad , wordpadတို့ကျတော့ language ပြောင်းရသေးလို့ပါ။ ဥပမာ စာရိုက်မယ်ဆိုရင် language bar မှာ သုံးမျိုးထဲက Zwekabin ရွေးမယ်ဆိုရင် ကရင်စာပေါ်ပြီးပေါ့။ အဲလိုမှ မဟုတ်လည်း control +shift နဲ့လည်း ပြောင်းနိုင်ပါတယ်။အဆင်ပြေသလို စမ်းကြည့်ပါ။

အခုပို့စ်မှာ zwekabin font နဲ့ KP ကိုတွဲပြီး တင်ပေးလိုက်ပါတယ်။ ဒီမှာ ဒေါင်းလုတ်ယူနိုင်ပါတယ်။
KP ဖေါင့်ကတော့ အရင်ပို့စ်မှာ ပြောတဲ့အတိုင်း photoshop, video, edit တာတို့ဆိုရင် အဆင်ပြေဆုံးပါ။ ကွန်ပျူတာမှာတော့ စာစီစာရိုက်တာ ကောင်းကောင်းသုံးနိုင်ပါတယ်။ ဒါပေမယ့် လက်ကွက်မတူတာတော့ သိထားရမယ်။ မြန်မာဇော်ဂျီဖေါင့်၊ ဇွဲကပင်ဖေါင့်တွေကို သုံးနေကြဆိုရင် ဒီဖေါင့်ကို သုံးရတာ နည်းနည်းအခက်တွေ့တတ်ပါတယ်။ ဇွဲကပင်ဖေါင့်နဲ့ တွဲသုံးဖို့ ဇော်ဂျီဖေါင့်ကို version နှစ်မျိုးနဲ့ ဘလော့ဆိုက်ဘားမှာ တင်ထားပါတယ်။ အဆင်ပြေတဲ့ဟာကို ဒေါင်းလုတ်ယူပြီး သုံးနိုအောင်ပါ။
ဒီပို့စ်ကို တင်ရတာ တစ်ချို့လည်း မေးလာတတ်လို့ပါ။
အားလုံးအဆင်ပြေအောင် အသေးစိတ်ရေးပြီး တင်လိုက်ပါတယ်။တကယ်လို့ မရှင်းတာရှိရင်
cbox မှာ ရေးပြီး မေးမြန်းနိုင်ပါတယ်။ သိသလောက်ရှင်းပြပါမယ့်..။ မှတ်သလောက်ပြောပြချင်ပါတယ်။ အားလုံးအဆင်ပြေပါစေ…။ ကျေးဇူးတင်လျက်ပါ…။

ကရင်အားလုံးအတွက် ဇွဲကပင်ဖေါင့်ကို ဖန်တီးပေးတဲ့ (Zwekabin.org) ကျော်ခရော့စ် အား အထူးပင်ကျေးဇူးတင်ပါတယ်။
မူယံင့်ဖါန်


Oct 14, 2009

ကရင် နှင့် မြန်မာ လက်တွဲတိုက်ပွဲဝင်ခြင်း

အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲများ

၁၈၂၅ – ခုနှစ် မေလ (၇)ရက်နေ့ မှာ ဗြိတိသျှတပ်နှင့်မြန်မာတပ်တို့ စတင် တိုက်ခိုက်တယ်။ ဗြိတိသျှတို့ ဖက်မှ ကပ္ပတိန်ရို့  ကပ္ပတိန်ကင်နွန် တပ်သာအများအပြား ကျဆုံးသွားကြတယ်။ စစ်ဦးစီးမှူး ဂျင်နရယ်ကော့တန်က တပ်များကို ပြန်ဆုတ်စေပြီး နောက်ပိုင်းတန်းပျက်ပြီး စစ်အကူတောင်းရသည်။

ဓနုဖြူခံတပ်တိုက်ပွဲမှာ မြန်မာတပ်တွေနဲ့ အတူ ဓနုဖြူအရှေ့ နှင့် အနောက်ဖက်မှာရှိတဲ့ တလမျိုးချောင်းဖျား သဘောသဗြုကျေးရွာတွေက ကရင်အမျိုးသားများဟာ ရွတ်ရွတ်ချွန်ချွန် ပါဝင်တိုက်ခိုက်ကြတယ်။ မဟာဗန္ဒုလနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကရင်ခေါင်းဆောင်ကတော့ ဗိုလ်ဟန် ဖြစ်တယ်။

အင်အားမမျှလို့ စစ်သူကြီးမဟာဗန္ဒုလ ကျဆုံးသွားတဲ့အတွက် ၁၈၂၅- ခုနှစ် ဧပြီလ(၂)ရက်နေ့ မှာ ဓနုဖြူခံတပ် ကျဆုံးသွားခဲ့ရတယ်။ ဓနုဖြူခံတပ်က ဆုတ်ခွါခဲ့ရတဲ့ ကရင်၊ဗမာအင်အားစုကို ရွှေလဲဗိုလ်နှင့် ကရင်အမျိုးသား မန်းကျားတို့  က ဦးဆောင်ပြီး ဓနုဖြူခံတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ကြတယ်။ ဗြိတိသျှတပ် အင်အားကြီးမားလို့ တိုက်မရဘဲ ဆုတ်ခွါခဲ့ရတယ်။ ဗြိတိသျှတပ်ကလည်း ဆုတ်ခွါလာတဲ့ ကရင်ဗမာအင်အားစုနောက်ကို လိုက်လံတိုက်ခိုက်တဲ့အတွက် ရွှေလန်ဘို ကျုံပျော်မြောက်ပိုင်းဆောက်တန်းတောမှာ ကျဆုံးသွားတယ်။ ကျန်ရစ်တဲ့ ကရင်၊ဗမာ အင်အားစုကို မန်းကျားကြီးက ဦးဆောင်ပြီးဗြိတိသျှတို့ ကို ဆက်လက်ခုခံတိုက်ခိုက်ရင်း ထောင်သောင်ကြီးတွင် မန်းကျားကြီး ကျဆုံးပြန်တယ်။ မန်းကျားကြီး ကျဆုံးတဲ့အတွက် ကရင်၊ဗမာ အင်အားစုတွေဟာ ခိုရာကျေးရွာတွေမှာ ၀င်ပြီး ကိုယ်ရောင်ဖျောက်လိုက်ကြတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ဗြိတိသျှဆန့် ကျင်ရေးတိုက်ပွဲတွေ ပျောက်ကျားတိုက်ခိုက်ကြတယ်။

သမိုင်းသစ်ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
မှတ်ချက်။ ။http://parsethan.wordpress.com/ ဖာစည်သံမှပြန်လည်ဖော်ပြပါတယ်။

Oct 13, 2009

ကရင်ရိုးရာ ဗေဒင်များ

မီးသွေးဗေဒင်

ဟိုးရှေးရှေးတုန်းက ဘုရားပေးခဲ့တဲ့ အတတ်ပညာဆိုင်ရာ စာအုပ်ကို သစ်ငုတ်တိုပေါ်မှာ တင်ပစ်ခဲ့ပြီး တောင်ယာလုပ်ငန်းကို သာ ကြိုးစားလုပ်ကိုင်ယင်း စာအုပ်ကို မေ့နေခဲ့ကြတယ်။ တောင်ယာလုပ်ချိန်ကုန်ဆုံးပြီး သော်လည်း အခြားအလုပ်တွေများနေတဲ့အတွက် စာအုပ်ကို မေ့နေကြတယ်လေ။

တောင်ယာမီးရှို့ချိန်မှာ သစ်ငုတ်တိုနဲ့ စာအုပ်ပါ မီးလောင်ကျွမ်းသွာိးလို့ စာအုပ်ကို သတိရချိန်မှာ ပြန်ရှာကြည့်တော့ သစ်ငုတ်က မီးလောင်းသွားတော့ မီးသွေးတုန်းကလေးတွေပဲ တွေ့ရတော့တယ်။ အတတ်ပညာဆိုင်ရာ စာအုပ်မီးလောင်သွားသဖြင့် မီးသွေးကို အဓိကထားပြီး မီးသွေးဗေဒင်ဟောခြင်းကို စတင်ခဲ့ပါတယ်။

မီးသွေးဗေဒင်ကို မှန်သင့်သလောက်မှန်တယ်ဆိုပြီးယုံကြည်ကြပါတယ်။ ဒါကြောင့် ယခုထိအောင် မီးသွေးဗေဒင်ကို အသုံးပြုခဲ့ကြပါတယ်။ ပစ္စည်းပျောက်၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ သွားလာရေးတို့မှာ အောင်မြင်/မအောင်မြင်နဲ့ ကောင်းမကောင်းတို့ကို မီးသွေးဗေဒင်ကို အသုံးပြုပြီး တွက်ချက်ခဲ့ကြပါတယ်။

ဗေဒင်တွက်လိုသူကလည်း ဗေဒင်ဆရာထံသွားပြီ ကွမ်းတယာ (သို့) ဆေးတငုံစာ ကိုပေးပြီး ဘာအတွက်လာကြည့်တယ်ဆိုတာကိုပြောပြရပါတယ်။ အဲ့ဒီအခါ ဗေဒင်ဆရာက မီးဖိုမှာရှိတဲ့ မီးသွေးသန့်သန့် သုံးတုံးကို သွားယူစေတယ်။ ထိုမီးသွေးသည် ထမင်းအို၊ ဟင်းအိုးချတဲ့ဘက်ကနေမယူရပါဘူး။ ဗေဒင်ဆရာ က မီးသွေးသုံးတုံးကို ရပြီးတဲ့အခါမှာ ၀ါးတပိုင်းယူပြီ ၇ွတ်ဖတ်ရပါတယ်။ အဲ့ဒီနောက်မှာ ၀ါးပေါ်တွင် မီးသွေးဖြင့် အစဉ်လိုက် ကန့်လန့်ခြစ်သွားရတယ်။

မီးသွေးနဲ့ခြစ်သော အမှတ်အသား တုတ်ချောင်းကလေးများ ၀ါးအဆုံးသို့ရောက်တဲ့အခါမှာ ခြစ်ထားတဲ့ အမှတ် အသားများကို နှစ်ချောင်းတစ်ခါ ဖျက်ပစ်ရပါတယ်။ ဒီလို အလားတူ သုံးကြိမ်တိတိ လုပ်ရပါတယ်။ ထိုသို့ဖျက်ပစ်ရာ၌ ကျန်အစွန်းဆုံး မီးသွေးခြစ်ရာသည် စုံ၊ မ၊ မရှိ ဆိုပြီ အသီးသီးတွေ့ရမှာဖြစ်ပါတယ်။

သုံးကြိမ်အနက် မီးသွေးခြစ်ရာ တချောင်း “မ” သုံးကြိမ် တိတိဝါးအစွန်းဆုံးနေရာတွင် ကျန်လျှင် အကောင်းဆုံး ဆိုပြီး ဟောကိန်းထုတ်ပါတယ်။
“မ” နှစ်ကြိမ် “စုံ” တကြိမ်ကျန်လျှင် သင့်ရုံကောင်း၊ “မ” တကြိမ် “စုံ” နှစ်ကြိမ်ကျန်လျှင် မကောင်း၊ “စုံ” သုံကြိမ် တိတိ ကျန်လျှင် အဆိုးဆုံးဆိုပြီး ဟောကိန်းထုတ်ပါတယ်။

မူရင်း။ ။http://www.smilemay.blogspot.com

Oct 10, 2009

ကရင်စာပေရေစီးကြောင်း(၄)

ကရင်စာပေ ရေစီးကြောင်း

အမေရိကန် ကျမ်းပြု ဆရာများ၏ နောက်ပိုင်းတွင် ကရင် လူမျိုးစာရေးဆရာများပေါ်ထွက်လာခဲ့သည်။ ကရင်သမိုင်းကို ရေးသားပြုစုသူ ဆရာကြီး ဦးအောင်လှ၊ ကရင်ဖားစည်ကို ရေးသားပြုစုသူ ဆရာဘူးမူးခေါ် ဖူးတောအူး၊ ကရင်နှစ်သစ်ကူပွဲတော် အကြောင်း ရေးသားသူ ဆရာကြီး ဦးလွန်းရွှေ၊ ကရင် လူမျိုးတို့၏ ရိုးရာဓလေ့များအကြောင်းကို ရေးသားသူ ဒေါက်တာ တီသံပြာ၊ ကျောင်းသုံး စာအုပ်အမျိုးမျိုးကို ရေးသားသူ ဆရာကြီး ဖိုးလင်းတေးနှင့် ဆရာကြီး ဦးမိုးလို၊ စောတောက်၊ ဦးဘထွန်းတင် စသော ပုဂ္ဂိုလ်များ၊ ဆရာသာနေအေး၊ ဆရာအာရ်မောင်ချစ်၊ ထိုလွီထူး၊ ဆရာသာထို စသော ပုဂ္ဂိုလ်များသည် ထင်ရှားသော ကရင် စာရေးဆရာများဖြစ်ကြသည်။


ထို့ပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများလည်း ပေါ်ထွက်လာပြီး ကရင်လူမျိုး အယ်ဒီတာနှင့် ဆောင်းပါးရှင်များ အများအပြားလည်း ပေါ်ထွန်းလာခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် ထားဝယ်မြို့တွင် ပထမဦးဆုံး ကရင်စာပုံနှိပ်တိုက် စတင်တည်ထောင်ခဲ့သည်။ “ဆာတူဝေါ”ခေါ် မိုးသောက်ကြယ် (The Morning Star) အမည်ဖြင့် ကရင်လစဉ် မဂ္ဂဇင်းကို ၁၈၄၂ ခုနှစ်တွင် ထာဝယ်မြို့မှာပင် စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤမဂ္ဂဇင်းသည် အာရှရှိ ရှေးအကျဆုံး မဂ္ဂဇင်းများစာရင်းတွင် တခုအပါအ၀င်ဖြစ်သည့်ပြင် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ထုတ်ဝေသော မဂ္ဂဇင်းလည်းဖြစ်သည်။

ဆက်ဖတ်ရန်...

“ဆာတူဝေါ”မဂ္ဂဇင်း၏ အယ်ဒီတာမှာ ဒေါက်တာ မေဆင်ဖြစ်သည်။ ထားဝယ်မှသည် မော်လမြိုင်မြို့သို့ ၁၈၄၇ ခုနှစ်တွင် ဒေါက်တာမေဆင် ပြောင်းရွှေ့နေထိုင်းခဲ့သဖြင့် “ဆာတူဝေါ” မဂ္ဂဇင်းကို ၁၈၄၇ ခုနှစ်မှာပင် မော်လမြိုင်မြို့တွင် ဆက်လက်ပုံနှိပ်ထုတ်ဝေသွားပါသည်။ “ဆာတူဝေါ” မဂ္ဂဇင်းသည် ဂျပန်များ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက် တိုက်ခိုက်သည့် အချိန်အထိ နှစ်ပေါင်း တရာခန့်သက်တမ်းရှိခဲ့ပါသည်။ “ဆာတဝေါ” မဂ္ဂဇင်းနှင့် အရှေးအနှောင်းအချိန်တွင် ဒေါက်တာ အယ်လ်ဘရေတန်က “ဆပ္ပရန်”ခေါ် ပိုးကရင် သတင်းစာတစောင်ကို ထုတ်ဝေနိုင်ခဲ့သည်။

ယနေ့စကောကရင်နှင့် ပိုးကရင်စာပေဖြင့် ယခင်ပုံနှိပ်ထုတ်ဝေခဲ့သည့် မဂ္ဂဇင်း၊ သတင်းစာ၊ ဂျာနယ်များအချို့သည် ယနေ့တွေ့ရှိရန် မလွယ်ကူတော့ပေ။ လက်လှမ်းမီသရွှေ့အောက်ဖော်ပြပါ မဂ္ဂဇင်း၊ သတင်းစား၊ ဂျာနယ်များ အနက် အချို့မှာ ယနေ့တိုင် ဆက်လက်ထုတ်ဝေနေသေးကြောင်း တွေ့ရှိရမည်ဖြစ်သည်။

မှတ်ချက်။ ။ဒီပို့စ်ကို အဲလာ မှ ပြန်လည်ဖော်ပြပါတယ်။
မူရင်း။ ။ ။ http://smilemay.blogspot.com

Oct 9, 2009

ကရင်လူမျိုးပေါ်ပေါက်ဆင်းသက်လာပုံ

karen history

မှတ်ချက်။ ။ဒီDocumentကတော့ အဲလာဆီမှာယူပြီ upload ပြန်တင်ပြီး မျှဝေလိုက်ပါတယ်။ တစ်ချို့ကရင်သမိုင်းကြောင်းတွေ၊
မသေချာတဲ့အကြောင်းပြောတတ်ကြပါတယ်။ စာတင်သူကိုယ်တိုင် အမေးခံရဖူးပါတယ်။လူမျိုးတစ်မျိုးမှာ သမိုင်းကြောင်းမရှိဘဲ ဖြစ်လာစရာအကြောင်းမရှိပါဘူး။သူ့သမိုင်းကြောင်းနဲ့သူရှိကြစမြဲပါ။တစ်ချို့ကတော့ အကြာင်းအမျိုးမျိုးကြောင့် တိမ်မြုပ်ပျောက်ကွယ်သွားတာဘဲ ရှိကောင်းရှိပါလိမ့်မယ်။တစ်ချို့ကျတော့လည်း စာပေအမှတ်အသားအားနည်းမှုကြောင့် မခိုင်လုံတဲ့အဖြစ်သို့ ရောက်သွားတတ်ပါတယ်။ဒါကြောင့် ကရင်လူမျိုးများသမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးတတ်များအတွက်သိသလောက် မျှဝေပေးလိုက်ပါတယ်။ ဗဟုသုတများတိုးပွါးပါစေ...။

Oct 8, 2009

ပညာ့ဃှေယိုဝ် ကႜာင်ထင်းသာ့

လိုဒ်ကာခေါဟ် ဖႜုံဆိုဒ်ကိုဝ်ဟှာ.
လိက်လဲာဆ်ုဃှီ့ ပ်္ဘုးမာ၊
လိက်လဲာဆ်ုဃှီ့ လ်ုအ်္ဘှး
ကဲဏင့်မႝီ.ဟှုင့်ဟှံင်ကျး။

စင်း္ဘိုဝ်ဏှ် ဖႜုံဆိုဒ်ကိုဝ်ဟှာ
မာလောဟ်ဏေ၀်ထာင်.လိက်ဆ်ုမာ
္ဘေ့သိုဝ်ဆိုဒ်ယိုဝ် လ်ုပီႜ.ပႜာ
မု္ဘးကေႜဆိုဒ် ပ်ုအ်ုတာ.။

လိက်လဲာဆ်ုဃှီ့္ဘေ့မ်ုထ၀့်
ကိုဝ်ဟှာဖႜုံဆိုဒ် ကုက်သၞ၀့်
အေမာလောဟ်လိက် ဖႜုံကိုဝ်ဟှာ.
လ်ုဏီ.မူ.ထံင်ဆ်ုဖါန်ကႜာ.။

လိက်ပညာ့ မွဲာပ်ုမေံသး
မာလောဟ်ဏေ၀်ဝယ်ထံင်အ္ဘေး
လိက်လဲာအှ်ယုဂ် ပ်ုလ်ုမာ
ဖောဟ်ဍီပီႜးမ်ုထံင်နုင့်ဏာ.
္ဘေ့သိုဝ်မ်ုဖံင်ဆ်ု့်ထႝာ့
ပညာ့ဃှေံယိုဝ် ကႜင်ထင်းသာ့။
နန်းကဗျာ
မှတ်ချက်။ ။ စောကျော်ခွိရဲ့နားခိုရာ ဘလော့မှ ကူးယူဖော်ပြပါတယ်။

ယောဝ်ၟဟှေဝ်္ဘးမာ ဆိုဒ်ဂုဏ်တာ

ပ်ုဝေံအ်ုကျး ဍးခံင်ခါ့ယိုဝ်၊
သုဂ်ကျာမိတ်တာ အဲလောဟ်သာဏှ်၊
အွ္လာၟကို၀္ဟွာ ဖႜံဳေဖါဟ္သီး။
မႝီၟဆုိဒ္ဆ ဟှယ့်ဒှ်ဖါထင်း၊
လိုဒ်ၟကာခေါဟ်ဍ္ဘားယှာၟဆာ့သီ့၊
ဏင်ၟဟှာ ဖံင်အေးလှ်။
ယှာၟဆာ့ အးဖႜံင် သီ့သ္ဘာံင်ဏှ်၊
လု္ထံင္ဍာ္ခါ့ ဏု္ဘာၟသာ့ဟွင္ၟ၊
ဆိုဒ်ဆဟှင်ၟဏှ် အ်ုတာအှ်တယ်၊
မာဝယ် အေဍုဂ်ပါင်လာဆာ်။
အိုဝ်…ဖႜံဳေဖါဟ္သီး…
ဆုိဒ္ဆဘာၟသာ့ လိက်ပညာ့သယ်၊
အ်ုတာအှ်သိုဝ် အှ်သူး္ဘိုဝ်အေး၊
္ဘေ့သိုဝ်သှေ်ယာ့ ဟှေဝ်အွာသာပြေ၊
ကုက်မာစွးစွး ဂုဏ်တာအးဏှ်၊
ဆိုဒ်ဆမေင်ၟစိင် လိက်အုဂ်္ဘိင်းဖိုင်၊
ကိုဝ်မိင်အ်ုဟှေဝ် အှ်ထ၀်ၟလာဆာ်…။
စ၀်အဲဃှီ့(ခ်ုဍာတွါန့်)

Oct 5, 2009

ကရင်စာပေရေစီးကြောင်း(၃)...

ကရင်စာပေရေစီးကြောင်း
(မန်းလင်းမြတ်ကျော် ရေးသားပြုစုသော သုတပဒေသာစာအုပ်မှ)

၁၈၃၇ ခုနှစ်တွင် ထားဝယ်နှင့် မြိတ်မြို့များတွင် ခရစ်ယာန်ဘာသာဝင် ကရင်ဦးရေများပြားလာသဖြင့် ခရစ်ယာန် ဘာသာရေး သင်တန်းများတွင် ကရင်ဘာသာဖြင့် လိုသလောက် ပုံနှိပ်ထုတ်ဝေနိုင်ရန် အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့က ထားဝယ်မြို့တွင် ပုံနှိပ်စက်တလုံး တည်ဆောက်ခဲ့၏။ ထိုပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သော ကရင် ဘာသာကျမ်းစာအုပ်များမှာ ခရစ်ယာန်ဘာသာရေးကျမ်းစာသက်သက်ဖြစ်ပြီး ဦးစွာ ပထမ ကျမ်းပြုသူများမှာ အမေရိကန် နှစ်ခြင်းသာသနာပြု အဖွဲ့ဝင် ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ သာသနာပြု ဆရာ အက်(ဖ်)၊ ဘီ၊ ခရ်(စ်) (Rev.F.B. Cress) နှင့် သာသနာပြုဆရာ စီ၊ ဘန်းနက် (Rev. C. Bennett) ပုံနှိပ်တိုက် အုပ်ချုပ်သူတို့ ဖြစ်ကြသည်။ မော်လမြိုင်မြို့တွင် လည်း စာပုံနှိပ်စက် တလုံးတည်ထောင်ကာ ခရစ်ယာန်ကျမ်းစာများကို မစ္စတာ အက်(စ်) ရမ်နီ (Mr. S. Renney) က ပိုးကရင်ဘာသာဖြင့် တာဝန်ခံ ထုတ်ဝေသည်။

ပိုးကရင်ဘာသာဖြင့် ခရစ်ယာန်ဘာသာရေး စာပေများကို ဦးဆာင် ပြုစူသူများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာမေဆင်၊ ဒေါက်တာ အယ်လ်ဘရေတန်နှင့် အီး၊ အက်စ် ဘူးလဒ်တို့ ဖြစ်ကြသည်။ ၁၈၄၉ ခုနှစ် ၊ မေလရက်စွဲဖြင့် ဘန်းနက်အမှာစာ ရေးပြီး ဒေါက်တာဝိတ်၏ အမည်ဖြင့် စကောကရင် အင်္ဂလိပ်အဘိဓါန်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

၁၈၅၀ ခုနှစ်တွင် ဒေါက်တာ မေဆင်က ပိုးကရင် သဒ္ဒါကျမ်းကို ပြုစုခဲ့သည်။ ဒေါက်တာဝိတ်သည် အသိပညာကဏ္ဍများ (Thesaurus of Karen Knoledge) အမည်ရှိစာအုပ်ကို စကောကရင်နှင့် အင်္ဂလိပ် နှစ်ဘာသာတွဲကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ အထိ လေးတွဲပြုစု ကာ အထမတွဲကို ၁၉၁၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ (အခြား ခရစ်ယာန် ဘာသာရေးဆိုင်ရာ ကရင်စာအုပ်များစွာ ပုံနှိပ်ထုတ်ဝေခဲ့သော်လည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြခြင်း မပြုတော့ပါ)။

မှတ်ချက်။ ။ဒီပို့စ်ကို အဲလာ မှ ပြန်လည်ဖော်ပြပါတယ်။
မူရင်း။ ။ http://smilemay.blogspot.com/

Oct 4, 2009

ထူးချွန်တဲ့ ကရင်အမျိုးသမီးငယ်(conservative Conference)



ဒီ ဗီဒီယိုမှာတော့ အများသိတဲ့ ထူးချွန်တဲ့ ကရင်အမျိုးသမီး Zoya Phan က Conference တစ်ခုမှာ မိန့်ခွန်းပြောနေတာကို တင်ပြထားတာဖြစ်ပါတယ်...။ဒီလိုကရင်အမျိုးသမီးငယ်ရှိနေတာကို သိရလို့ ၀မ်းသာစရာကောင်းပါတယ်..။



ဆက်ဖတ်ရန်...


အတုယူစရာလည်းကောင်းပါတယ်။ ထူးချွန်တဲ့ ကရင်မျိုးသား၊ အမျိုးသမီးများ များများပေါ်ပေါက်နိုင်ပါစေ..
ဒီလိုထူးချွန်ဖို့အတွက်လည်း ကြိုးစားနိုင်ကြပါစေ...။


Oct 3, 2009

အ်ုဍာ်အှ်ယုဂ် ယ္ဘူးကး...

ဖႜုံဆိုဒ်ဖေါဟ် လိက်အ်ုထာ်၊
ထာခေါဟ်ဍေ လ်ုဝါ်၊
မာလောဟ်လာဆာ်၊ ဖူၟစ၀်ပါ်။(လ်ုဝါ်ထာ်္ဘံင်)

လ်ုဝါ်လ်ုယံင်ယိုဝ် အ်ုခ၀့်ပ်ုယ၀့်ယောတ်၊ အင်းအ်ုလင်သီးလဲာဝေ့ တ်ုယှာၟမာၟလှ်။ ဖႜုံဆိုဒ်ဖေါဟ် လိက်လဲာဆ်ုဃှီ့လာ
္ဘေ့မ်ုဟှုင်ၟခိုင့်သိုဝ် အ်ုဟှင်ၟ၊ ထာခေါဟ်ဖိုင် ဍေလ်ုဝါ်သယ်ဏှ် မွဲာဝေ့ဍး အ်ုဝီၟခႝါလှ်။
ဆ်ုလုထာခေါဟ်သီးယိုဝ် လ်ုရဲုၟဝေ့ ဟု္ဘင်းဟ်ုယှာၟဏင်ဟှာ အေဟှိုင့်ယှံင်္ဘး ထာခေါဟ် လ်ုအုလူၟယိုင်ထင်းယိုင်လင်္ဘးဟှဝ်သၞ၀့်စာ်္ဘိုဝ် မုက်ဍေဏာၟ လင်္ဘးဍေသာ၊ မ္ဘာႜးခွိက်ဖှေ်ဝေ့ မႝီၟဍုံလိုဒ်ၟကာဖေါဟ်သီး ဆ်ုပွါ်သာ ကဲဏှ်လုမိင်၊ ထာခေါဟ်္ဘးဆာင့်ဝေ့ လ်ုဆုဃှီ့လာ ထူ့ရူ့မုင်ၟ္ဘျာ အ်ုဟှာင်ၟကျံင်းခ၀့်ဍ၀် ဟှိုင့်္ဘးထာင်ဏှ်တာၟ ခႜိင်းလင်ဍာ သဲုးထီ့သယ်လ်ုဖး ဟှယ့်ဖႜီၟထင်းထာင်၊ သာဏင်းအ်ုကျး မီ့ကျုဂ်စွးဖႜုံလ်ုဖးသီး ဏင်းဖုံၟထင်းသာ သှေ်ကဲဝေ့ဍ်ာဆေ၀်ၟလှ်။

လိက်လ်ုမိင်ဟှေဝ်၊ လ်ုမိင်ဟှေဝ် ဖံင့်ခိုင့်ထဝေ့ လိက်လဲာအ်ုရၜသာ့ဏှ် မွဲာလ်ုဝါ်လင်္ကာဏှ်လှ်။္ဘးလဲစာ်္ဘိုဝ် ဆ်ုလုဟ်ုအင်းဖံင့်အင်း သိုင့်လ်ုဖိုင်သီးယိုဝ် ဆ်ုဖါ်ဆ်ုယး ဟှေဝ်ဍးဝေ့ ထံင်မ်ုဟှေဝ်သှေ် ထီ့လး၊ ယးအူးအေလ်ုပ္ဘါးစာ်္ဘိုဝ် အ်ုရၜ္ဘႜါဆေ၀်၊ ဃှဲု့ဝေ့ဍးတယ်လှ်။
္ဘေ့ဏှ်သိုဝ်ဆေ၀်ၟ…လိက်လဲာလ်ုမိင်ဏှ် ဆ်ုခႜါင်အးဍးဝေ့ ထံင်မ်ုအးသှေ် ဆ်ုခႜါင် အ်ုထောဟ်အ်ုထေံ၊ လကၤာအု္ဖႜံင္အု္ဖႜ အေလ်ုအှ်္ဘးစာ်္ဘိုဝ် အ်ုရၜပ်ုလ၀့် ဃှဲု့ဝေ့ဍးသှေ်တယ်လှ်။

ထြာခေါဟ်ဏှ် ဆံင့်ဏး လူၟထာ့၊ လ်ုဝါ်ဏှ်္ဘးယောဝ်ၟလင်္ကာဋ္ဋ အ္စာလ်ုဝါ်ဆာၟသယ် လ၀်ထ၀ယ် ဆ်ုခႜါင်ဏှ် မွဲာဝေ့ဍး ထီ့ဆာလှ်။ထာခေါဟ်လု္ဘံင်ဏှ်္ဘးဆါင့်လ်ုခႜါင်ခ၀့် အ်ုသောဟ်အ်ုယး ဍုဂ်ပါင်ယုဂ်သီး ယိုင်ထင်းယိုင်လင် ထုဂ်အ်ုလူၟလု္ဘးဟှဝ်သၞ၀်္ဘးစာ်္ဘိုဝ် ဆံင့်ဏးဆု သောတဂမႜိုင်ဆာၟလ်ုဖး သာကဲုဝေ့ ကဲအေးတ်ုယှာၟလှ်။ ကေ၀်လင်ထ လ်ုဝါ်လ်ုယံင်သီးဍ၀် ဆ်ုခႜါင်အ်ုခ၀့် ဍုဂ်ပါင် အ်ုသောဟ်အ်ုယး နုက်ထိုင့်သာ အှ်အးလာဏင့်သီး အေလု္ဘးဟှဝ် လင်ဖႜိုဝ်း ဍေလင်္က္ဘားစာ်္ဘိုဝ် တႜာပညာ့ဆာၟသယ် မ်ုအဲဍိုဝ် သာကဲုဝေ့ ယှာခိုဝ်းလှ်။

ဆက်ဖတ်ရန်...


စင်္ဘိုဝ်ဏှ် ပ်ုလိက်လဲာ အ်ုဝီၟခႝါထာ်္ဘံင် မွဲာဝေ့ထာခေါဟ် ဍေလ်ုဝါ်ဏှ် ဟ်ုအေသှေ်ယာ့လု္ဘႜင်္ဘးပါလ်ုဝီၟ ယောဝ်ၟဟှေဝ် မာလောဟ်မာဍံင် ဏေ၀်ၟထာင်ယုဂ်၊ ဖႜုံဆိုဒ်ဖေါဟ် က်ုဏင်ဏင်ဏှ် မာလောဟ်ဏေ၀်ဝေ့ဍး ဆေ၀်ၟအေး။ လ၀်ပျုက်သီးဝေ့ လြိက်ဖႜုံအ်ုခါ့ယိုဝ် စိုင်ဍ်ာအေး၊ မွဲာမာဏေ၀်ၟဝေ့ အ်ုဝီၟ ထိုဝ်္ဘုဂ်သာ လ်ုယောဝ်လိက်၊ ပ်ုယင်လိက်ဖိုင်အိုဝ်လှ်ဋ္ဋ၊
ဆ်ုခႜါင်္ဘေ့ဏှ်သိုဝ်သီး ဟ်ုဟှိုင့်္ဘး အှ်လုဏင်ဏင်ဆေ၀်ၟယုဂ်။
ဟှေဝ်ယုဂ်….မႝီၟလ၀်ဆု္ဘေ့ဏှ်သိုဝ်လ်ုဖး မ်ုအင်းစာယောဝ်္ဘးသာ ဏင်ၟထီး။ ယောဝ်လိက်၊ ပ်ုယင်လိက်သယ်ဏှ်သီး မွဲာလေ၀်မာဏေ၀်ၟဝေ့ ထံင်ခ၀့်လဲဋ္ဋ။

ကာလာလု ထေရ် အြရဟံဋ္ဋ လေ၀်က်ုညာလင် သြုဝဏဘူမိဋ္ဋ ဍုံသ်ုထုံ့အ်ုခါ့ဍးအိုဝ် ဖှေ်လင့်ထ၀ယ်ဝေ့ သတ်ဂမႜိုင်
လုက်ခႜါအ်ုဟှင်ၟ ဍေပ်ုဠာ်(မာဂဓ(ပါဠိ) ဘာသာ) လိက်ဏှ်လှ် မွဲာအေးဟှး..။ ယောဝ်အင်းမာဏေ၀်ၟ ပ်ုဠာ်လိက်ဏှ်
ခႜယ့်ထင်းဍ၀် ကဲထင်းယောဝ်လိက်၊ ပ်ုယင်သီးခႜယ့်ထင်းဏေ၀်ၟ ကဲထင်းပ်ုယင်လိက်ဏှ် ဆေ၀်ၟလှ်။
ဖႜံဳယွာၟ တႜာပညာ့ဆာၟသယ္လု္ဖးဏွ္သီး ဖံင်းဟှုင်ၟဍံင်ထိုဝ် ဏေ၀်ၟဝေ့ လိက်ပ်ုဠာ်ဏှ်အိုဝ် ခႜယ့်ထင်းသာ့ဝေ့
လိက်ဖႜုံယိုဝ်ဆေ၀်ၟလှ်။္ဘေ့မ်ုကဲထင်း ဆိုဒ်ဖေါဟ်လိက် လ်ုမိင်သိုဝ်ဏှ် အ္စာလ်ုဝါ်ဍောဟ်ထ၀့်သယ်လ်ုဖး ထုဂ်ထင်းဥာဏ်၊
္ဘးထုင်ၟယှင်းသာ အ်ုဆင့်ဆင့်မ၊ ဟှယ့်ကဲထင်းဝေ့ဍး မွ္ဘဲာိုဝ်လှ်။

စင်္ဘိုဝ်… မႝီၟလ၀်တုင်ၟအင်းကှ် ဆ်ုသယ်လ်ုဖးဏှ် လ်ုညာစုဂ်လိုင် အ္စာလ်ုဝါ်ဆာၟသယ်သီး အုဥာဏ်ဏင်ၟစယ်္ဘးဏှ် လင်ဟ်ုယင့်သ္ဘား ဍောဟ်တယ်လှ်။ လြိက်လ်ုအှ် မွဲာမႝီၟမိင်၊ ဆ်ုဃှီ့ဆ်ုလာ အှ်ယူၟယိင်ဋ္ဋ၊ လိက်လဲာ ဟှုင်ၟခိုင့်လ်ုအှ်္ဘး ဆိုဒ်လ်ုဆိုဒ်ဏှ် ဆိုဒ်ဂမႜိုင်ၟအ်ုဟှူ့ဟှာ မ်ုလ၀်ဝေ့ လ်ုမႝီၟမိင်ဏှ်ဆေ၀်ၟ၊ လိက်လဲာလ်ုအှ်္ဘးဍ၀် ဆ်ုဃှီ့ဆ်ုလာ ထူ့ရူ့မုင်ၟ္ဘျာလ်ုဖး ကေ၀်ထံင်ဏါင်းထ ဍေလိက်ဖိုင်လ်ုအှ်္ဘးဏှ်တာၟ လင်ဆိုဝ်ဖေါဟ်လင်ဆိုဝ်လီ အ်ုစူးဖိုင်လု္ဘႜင် မာဍံင်ထာင် လု္ဘးဝေ့လိုင် အ်ုခေါဟ်ကျံင် ဆ်ုဃှီ့ဆ်ုလာထူ့ရူ့မုင်ၟ္ဘျာ လင်မာၟခွိက် အှ်ဝေ့ဍးယူၟယိင်ကျိုင်းကျံင်ဆေ၀်ၟလှ်။ဆိုဒ်ဖေါဟ်လ်ုဆိုဒ်ဏှ်သီး္ဘးဍံင်ဝေ့္ဘေ့သိင်းအှ် ထီ့ခေႜါဟ်ဏါင် တ်ုမႜင့်(မ်ုလင့်)ပးလံင်လ်ုထုင်းသိုဝ် ထီ့ဆေ၀် မ်ုဟှာခိုဒ်ၟခွိက်ဝေ့ဍး ယ၀့်တယ်လှ်။

ဟ်ုလိက်ဍေဟု အှ်ယုဂ်၊ မာလောဟ်္ဘးသာအေး၊ မႝီၟလ်ုဟှာအ်ုကျးဏှ်္ဘးဍံင်ဝေ့္ဘေ့ဆ်ုနိုင့်အှေ်ဃှာၟ အ်ုကျးယိုဝ်လ၀့်သီး ဟ်ုလ၀်္ဘးကဲုဝေ့ယုဂ်။္ဘးလဲ့စာ်္ဘိုဝ် ဆ်ုလု ဆ်ုနိုင့်အှေ်ဟှာသီးယိုဝ် အ်ုဍာ်အှ်ဝေ့ဍး ဍုဂ်ပါင်ယိုင်ကျး ကိုဝ်မိင်ဍေလှ်။ လာၟဏင့်သီး ယူထင်းလာၟ လ်ုဆုဖိုဝ်ဖင့်္ဘှ်၊ ယူဝေ့ဍးအေး၊ သုင်းဃှဲု့သာယွာ မိင့်သုင်းမိင့်သာ ပါမုက် ကျိုင်ကျိုဝ် မုက်္ဘးအ်ုသာ ထံင်ဆ်ုနိုင့် အှေ်ပုံလံင်ဏှ်တာၟ ကႜိက်တ်ုလာင်ဝေ့ဍး ထံင်အ်ုကျးထုက် ယုက်အုဂ်လ်ုဆင့်ဏှ်လှ်။

လိက်လဲာအှ်ယုဂ် လ်ုမာလောဟ်ဏေ၀်ၟထာင်္ဘး ဖႜုံလ်ုဟှာအ်ုကျးဏှ် မွဲာနုက်လင်သာ စ်ုရေင့်ထံင်ခ၀့်လယ့်ယုဂ်သီး ဟ်ုအင်းဏင်ခိင့်ဖါယောဝ်ၟ အေထီ့ဆာစာ်္ဘိုဝ် သှေ်ယာ့္ဘး ကဲဝေ့ဍးဆေ၀်ၟလှ်။ လ်ုမိင်ဍ၀် အ္ဘေးလ၀်ဏှ် ယောဝ်၊ပ်ုယင်သယ်သီးလ်ုဖး ခႜယ့်ထင်းဏေ၀်ၟသီးဝေ့ လ်ုယောဝ်၊ပ်ုယင်ခ၀့်ဏှ်တာၟ ကဲထင်းဝေ့ဍးဆု အ်ုသီးလိက်ထၞာၟယုဂ်၊ဖႜုံခႜယ့်ထင်းဏေ၀်ၟထါင်လု္ဘႜင် လ်ုမွဲာဍာ် ဖႜုံလိက်၊ မာလောဟ်ဏေ၀်ၟကဲဍ်ာအေး၊ လ၀်ပႜ၀်ဍေနိုဝ် မႝီၟလ်ုဟှာဏှ် နိုဝ်ဆ်ုလ၀် ထႜိုင့်ဏေ၀်ၟဆ်ုဍယ်္ဘါသီးမလ်ုကာ အ်ုကျးလင်ဖိုဒ်မိင်လ်ုပေ၀့်ယုဂ်ဆေ၀်ၟဏှ် ဟ်ုလ၀်ကဲဝေ့လှ်။
စင်္ဘိုဝ်… အ်ုဝေ့ဍးအ်ုကျးဏှ် အ်ုဍာ်အှ်ယုဂ်သီး ယ္ဘူးကးတယ်ဝေ့ဆေ၀်ၟလှ်။

ဏြုဍ်ာအှ်ယုဂ် ဏ်ုလုယူ၊
ဆ်ုခါ်ခႜုဂ်္ဘါ် ဏ်ုကုထူ့၊
လင်အူး္ဘးဍာ ဏ်ုအုကျး၊
ယိက်ယိက်ဆ်ုကး ဏ်ုမုဍး။

စ၀်သါင်းယှံင်(ထဲုးမင်ထိုဝ်)