Dec 24, 2008

ဇွဲကပင်ပန်း.....

*သင်ဟာ ကရင်ပြည်နယ်ထက်၊
ထွန်းလင်းတောက်ပ ကြယ်စင်တစ်လက်ဖြစ်တယ်၊
သင့်ရဲ့ အလင်းရောင်နဲ့ ရှေ့ဆောင်လမ်းပြ၊
ပညာတတ်လူငယ်တွေ ပေါကြွယ်ဝနိုင်ခဲ့တယ်။
*သင်ဟာ ဇွဲကပင်တောင်ထိပ်က၊
ဆိတ်ငြိမ်အေးချမ်းတဲ့ တောပန်းကလေးတစ်ပွင့်ဖြစ်တယ်။
သင့်ရဲ့အဆင်းအနံ့နဲ့ သင်းပျံ့တဲ့ဝတ်မှုန်၊
လွှမ်းခြုံမျိုးဖြန့် ပြည်နယ်တစ်ခုလုံး နှံ့ခဲ့ပါတယ်။
*သင်ဟာ တိမ်မည်းညစ်ထိုး အမှောင်စိုးချင်စိုးမယ်၊
ပိုးမှက်ကိုက်ထိုး အပွင့်ညှိုးချင်ညှိုးမယ်၊
သင့်ကိုယ်စား ကြယ်တာရာထောင်ပေါင်း၊
ပန်းတောင်အထပ်ထပ် ထွန်းကြ ပွင့်ကြ လင်းလက်ကြတာကို၊
သင် ဂုဏ်ယူသွားပါ….။
စလှမောင်……ကရင့်ကြေးမုံမှ… ဖေါ်ပြပါသည်။

No comments: