Dec 16, 2008

စကားပုံလေးများ....

၁။ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှတွေဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ မိမိ လုပ်သမျှရဲ့ ရောင်ပြန်ဟပ်မှု ပဲ့တင်သံတွေပါပဲ။
၂။ မနာလိုစိတ်ဟာ ယင်ကောင်တစ်ကောင်လိုပါပဲ။ ကိုယ်ခန္ဓာရဲ့ ကောင်းတဲ့ အစိတ်အပိုင်း မှန်သမျှတွေကို ကျော်ခွသွားပြီးတော့ အနာကိုတွေ့မှ ရပ်တော့တယ်။
၃။မိတ်ဆွေ အစစ်အမှန်ဆိုတာ ညနေခင်း ဆည်းဆာ အရောင်လိုပါပဲ။ ပတ်ဝန်းကျင်မှောင်လာမှ သိသိသာသာ အရောင်တောက်ပလာတယ်။
၎။ အလှအပဆိုတာ တစ်ခါတစ်ရံ အရက်ထက်ပိုဆိုးပါတယ်။ မြင်သူကိုရော ပိုင်သူကိုပါ မူးယစ်စေတတ်တယ်။
၅။ ပျော်ရွှင်မှုဆိုတာ လိပ်ပြာလိုပါပဲ။ လိုက်ဖမ်းလျှင် လက်လှမ်းမမီ ငြိမ်ငြိမ်ထိုင်နေတာ့မှ လူပေါ်လာနားတတ်တယ်။
၆။ မိမိ မလုပ်သင့်တာကို လုပ်မိလျှင်တော့ မိမိမကြိုက်တာကို ခံယူရလိမ့်မယ်။

၇။ သင့်မှာ မိတ်ဆွေ ငါးဆယ်ရှိပါသလား၊ မလုံလောက်သေးပါ၊ သင့်မှာရော ရန်သူတစ်ယောက်ရှိပါသလား၊ များလွန်းနေပြီ။
၈။ စာရိတ္တဆိုတာ စက္ကူဖြူ တစ်ရွက်လိုပါပဲ၊ တစ်ကြိမ်စွန်းထင်းမိလျှင်တော့ ပကတိဖြူစင်အောင် ပြန်မလုပ်နိုင်တော့ပါဘူး။
၉။ အလွမ်းကြောင့် ကျတဲ့မျက်ရည်ဟာ မှန်ပြောင်းထက် ဝေးဝေး မြင်နိုင်စွမ်းရှိပါတယ်။
၁၀။ဘယ်တော့မှ မကျခြင်းဟာ ဂုဏ်မဟုတ်ပါ၊ ကျပြီး ပြန်တက်နိုင်ခြင်းသည်သာ ဂုဏ်ဖြစ်တယ်။
၁၁။တစ်သက်တစ်ခါ ကောင်းကြမ္မာ လာ၍တံခါးခေါက်စမြဲ၊ သို့သော် လမ်းထိပ်က ဘုံဆိုင်ရောက်နေသောကြောင့် မကြားလိုက်မိကြချေ။
၁၂။ကံကောင်းခြင်းဟာ နှစ်ခါ လာရိုးထုံးစံမရှိပါ၊ ကံဆိုးခြင်းကတော့ အဖော်ခေါ်လာတတ်တယ်။
၁၃။အချစ်ဆိုတာ သူရဲကောင်းတစ်ယောက် စုတ်ချာ ပျက်စီးသွားအောင် လုပ်နိုင်သလို၊ နုံချာတဲ့သူကိုလည်း သူရဲကောင်းတစ်ယောက်ဖြစ်အောင် လုပ်နိုင်စွမ်းရှိပါတယ်။
၁၄။မေတ္တာတရားဟာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိပါတယ်။
၁၅။ဒေါသဖြစ်လျှင် ၁.ကနေ ၁၀ အထိ ရေပါ၊ ဒေါသစိတ် တအားပြင်းထန်လျှင်တော့ ၁.ကနေ ၁၀၀ အထိ ရေတွက်ပါ။

ဗဟုသုတဖြစ်စေရန် မိမိမှတ်မိသောအပိုင်းအစများကိုသာ စုစည်းတင်ပြခြင်းဖြစ်ပါသည်။စာရေးဆရာအမည်ကိုတော့ မမှတ်မိတော့ပါ..။
မူ.ယံင့်ဖါန်.

No comments: